ဂျပန်ရဲ့တန်ပြန်တိုက်ကွက်!
Vol. 78 Ch. 1159
ဂျပန်_
အထီးကျန်သောမျက်နှာနှင့်သက်လတ်ပိုင်းလူတစ်ယောက် လျိုရှန်းမွေးမြူရေးခြံထဲလမ်းလျှောက်လာသည်။
Yagyama သ*တ်သေပြီးနောက် သူ့ဝဂ်ယူခြံကနည်းနည်းခြောက်ကပ်နေသည်။ ခြံထဲကဝဂ်ယူနွားများမှာ သွေးခဲပလိပ်ရောဂါနှင့်သေကုန်သည်။
နောက်ပြီး Yagyama က သူ့ပိုင်ဆိုင်မှုအကုန်သုံးပြီး လက်ဖြောင့်သမားငှားခဲ့သည်။ မွေးမြူရေးခြံကဒေဝါလီခံရပြီး ဝန်ထမ်းအားလုံးပြေးကုန်သည်။ Yagyama ကွယ်လွန်ပြီးကိစ္စဝိစ္စများဖြေရှင်းရန် အရင်လက်ထောက်သာကျန်ခဲ့သည်။
ဒီနေ့က Yagyama ခြံပိတ်သောနေ့လည်းဖြစ်သည်။
လက်ထောက်က သက်လတ်ပိုင်းလူကိုမြင်ပြီး_
"မစ္စတာ Haiga.. ရောက်လာပြီလား''
Haiga မှာ သူတို့ဂျပန်နိုင်ငံတွင်နာမည်အကြီးဆုံးအစားအစာအကဲဖြတ်သူတစ်ဦးဖြစ်ပြီး ဂျပန်နိုင်ငံတွင်အစားအသောက်လုပ်ငန်းကြီးရှိသည်။
နောက်ပြီး ဂျပန်ဝဂ်ယူနွားကြော်ငြာအပေါ်လွှမ်းမိုးမှုရှိသည်။ ကွယ်လွန်သူ Yagyama နှင့် မိတ်ဆွေကောင်းလည်းဖြစ်သည်။
Haiga ကခေါင်းညိမ့်ပြီးသက်ပြင်းချကာ_
"ငါ့မိတ်ဆွေရဲ့ခြံကပိတ်တော့မယ်... လာကြည့်ရမှာပေါ့... တကယ်စိတ်မကောင်းဘူး''
လက်ထောက်က နာကျည်းသံနှင့်_
"အဲဒါ ဟိုအရှေ့တိုင်းနိုင်ငံကြောင့်... ကျွန်တော်တို့ကိုဆေးမပေးဘူး... သူတို့သာပေးရင် ကျွန်တော်တို့နွားလုပ်ငန်းက ဒီလိုဖြစ်မှာမဟုတ်ဘူး''
"ပြီးတော့ ကျွန်တော်တို့ရဲ့နောက်ဆုံးဝဂ်ယူနွားအသုတ် သွေးခဲပလိပ်ရောဂါကူးစက်ခံရတော့ သူတို့ကဆေးထုတ်လုပ်မှုတောင်လျှော့ချလိုက်သေးတယ်... အခု တခြားနိုင်ငံကဆေးတောင် ဝယ်လို့မရတော့ဘူး''
Haiga က နားထောင်ရင်း မုန်းတီးသောမျက်နှာထားနှင့်_
"သူတို့သေသင့်တယ်... လူမဆန်တဲ့တိရစ္ဆာန်တွေ''
ဝဂ်ယူနွားလုပ်ငန်းမှာ သူလည်းအများကြီးအားစိုက်ထုတ်ထားသည်။
သူငယ်ငယ်ကတည်းက နိုင်ငံတကာအစားအသောက်ပွဲတိုင်း သူ့နိုင်ငံမှဝဂ်ယူနွားကိုကြော်ငြာခဲ့သည်။
နှစ် ၃၀ ကျော်ကြော်ငြာပြီးနောက် အမဲသားက သူတို့နိုင်ငံမှဂုဏ်ယူစရာအစားအစာဖြစ်လာသည်။
နိုင်ငံတကာအဆင့်မြင့်စားသောက်ပွဲတွင် အစားအစာအကြောင်းပြောတိုင်း စိတ်ဝင်စားခံရသည်။
ဒါတွေအားလုံးက အတိတ်ဖြစ်တော့မည်ထင်သည်။
ထိုအချိန်တွင် ကိုယ်လုံးကိုယ်ပေါက်ကောင်းကောင်းနှင့်အမျိုးသမီးတစ်ဦးပြေးဝင်လာသည်။ သူမရင်သားအစုံက လှုပ်ခါရမ်းနေ၏။ Haiga ရှေ့ရောက်သောအခါ_
"မစ္စတာ Haiga.. သတင်းဆိုးပဲ... ရှင့်ကိုစားသောက်ပွဲဖိတ်ထားတယ်''
Haiga က မျက်မှောင်ကြုတ်ပြီး_
"စားသောက်ပွဲဖိတ်တာ ဘာဖြစ်လဲ? ငါလက်ခံတာတွေများနေပြီထင်လို့လား?''
ကိုယ်လုံးကိုယ်ပေါက်ကောင်းကောင်းနှင့်အမျိုးသမီးက_
"မစ္စတာ Haiga.. ဒီဖိတ်ကြားချက်က အရှေ့တိုင်းနိုင်ငံ ချင်းလင်မွေးမြူရေးခြံက... သူတို့ကဝဂ်ယူနွားကို ချင်းလင်နွားလို့နာမည်ပြောင်းချင်တာ... ချင်းလင်အမဲသားက ဝဂ်ယူနွားထက်ပိုကောင်းတယ်ဆိုပဲ... ရှင့်ကိုရော တခြားနိုင်ငံကအကဲဖြတ်သူတွေကိုပါဖိတ်တာ''
"ဘာ?''
Haiga ဒေါသထွက်သွားသည်။
အရှေ့တိုင်းက သူတို့ကိုဆေးဝါးထောက်ပံ့မှုမပေး။ သူတို့နွားပလိပ်ရောဂါကူးစက်ခံရမှ ချင်းလင်စံအိမ်က ဒီလိုလုပ်ပြန်သည်။
ဒါသူတို့ကိုပစ်မှတ်ထားတာမဟုတ်ရင် ဘာလဲ?
နောက်ပြီး နိုင်ငံတကာအမဲသားမှာ သူတို့ဂျပန်ရဲ့နေရာကိုအစားထိုးယူချင်နေသည်။
ဂျပန်က လက်ရှိနေရာရအောင် နှစ် ၃၀ ကျော်ကြိုးစားခဲ့ရသည်။
တဖက်က ဝဂ်ယူနွားကိုနင်းပြီး နေရာရချင်နေသည်။
"သူတို့မအောင်မြင်စေရဘူး... သူတို့က စားသောက်ပွဲမှာ သူတို့အမဲသားအရည်အသွေးကိုသက်သေပြချင်တာ''
Haiga က ဒေါသသံနှင့်ပြောသည်_
"ငါကပိုကောင်းတာထုတ်ပေးမယ်... သူတို့ရှူးသူတို့ပတ်ပါစေ... ဒါမှ သူတို့အရှက်ကွဲမှာ''
Yagyama လက်ထောက်ကလည်း ချက်ချင်းသဘောပေါက်ပြီး_
"မစ္စတာ Haiga... ချင်းလင်စံအိမ်ရဲ့အမဲသားက ကျွန်တော်တို့အမဲသားထက်ပိုကောင်းတယ်... ပြီးတော့ အခုကျွန်တော်တို့မှာဆီးနှင်းအမဲသားမရှိဘူး''
"သူတို့မှာ ငါတို့ထက်ကောင်းတဲ့အမဲသားမရှိနိုင်ပါဘူး''
Haiga က အေးစက်စက်နှင့်_
"သူတို့ဒီလိုလုပ်တာ ငါတို့မှာအမဲသားမရှိမှန်းသိလို့... သူတို့ကိုမေးခွန်းမထုတ်နိုင်လို့ပဲ''
"ဒါပေမဲ့ ငါတို့တစ်နိုင်ငံပဲဝဂ်ယူအမဲသားရှိတာမဟုတ်ဘူးဆိုတာ သူတို့မေ့နေတဲ့ပုံပဲ... ဩစတြေးလျမှာလည်းရှိတယ်... သူတို့ဝဂ်ယူအမဲသားက ငါတို့နဲ့အတူတူလောက်ပဲ... ဒါပေမဲ့ သူတို့ကဝဂ်ယူစပ်နွားတွေ''
"ဩစတြေးလျကဝဂ်ယူ?''
Yagyama လက်ထောက်က အံ့ဩသံနှင့်ပြောသည်။
အမဲသားသမိုင်းမှာ ဘယ်နိုင်ငံကအရသာအရှိဆုံးဆီးနှင်းအမဲသားကိုအရင်ထုတ်ခဲ့လဲမေးရင် သူတို့ဂျပန်က နံပါတ်တစ်နေရာမယူနိုင်။
ဩစတြေးလျဆီးနှင်းအမဲသားက သူတို့ထက်မညံ့သောကြောင့်ပင်။ ဩစတြေးလျက ဝဂ်ယူအမဲသားကို အချိန်တိုအတွင်းသာတင်ပို့ခဲ့ပြီး ထုတ်လုပ်မှုကသူတို့နှင့်မယှဉ်နိုင်၍ သူတို့၏ဝဂ်ယူအမဲသားနေရာကိုမလှုပ်နိုင်ခဲ့ခြင်းသာ။
သို့သော် ဩစတြေးလျတွင် ဝဂ်ယူနွားစပ်မျိုးနှစ်မျိုးရှိသေးသည်။
အကြောင်းအရင်းမသိရဘဲ ထိုဝဂ်ယူနွားနှစ်မျိုးကမျိုးကွဲနေသည်။ တစ်ခါက သူတစ်ကောင်သ*တ်ဖူးပြီး အသားအရည်အသွေးက အကောင်းဆုံးဆီးနှင်းအမဲသားထက်တောင်ပိုကောင်းနေသည်။
သို့ရာတွင် မျိုးပြောင်းဝဂ်ယူနွားကိုသားစပ်ဖို့မဖြစ်နိုင်။ သားစပ်ရင်တောင် သာမန်ဝဂ်ယူနွားဖြစ်သွားမည်။
မဟုတ်ရင် ဩစတြေးလျဝဂ်ယူက အစားထိုးနိုင်တာကြာပြီ။
"ဟုတ်တယ်... အဲဒီဝဂ်ယူနွားပဲ''
Haiga ခေါင်းညိမ့်လိုက်သည်။ ဩစတြေးလျကအမဲသားယူနိုင်ရင် ချင်းလင်စံအိမ်ကိုဆွံ့အသွားအောင်လုပ်နိုင်ပြီ။
"မစ္စတာ Haiga''
Yagyama လက်ထောက်က မျက်မှောင်ကြုတ်ပြီးမေးသည်_
"ဒါပေမဲ့ ဩစတြေးလျကပေးချင်ပါ့မလား?''
"ပေးချင်တာ မပေးချင်တာတွေမရှိဘူး... ပေးနိုင်တာ မပေးနိုင်တာအပေါ်ပဲမူတည်တယ်''
Haiga က အေးစက်စက်ပြောလိုက်သည်။ ထို့နောက် ကိုယ်လုံးကိုယ်ပေါက်ကောင်းကောင်းနှင့်အတွင်းရေးမှူးအား_
"ဩစတြေးလျလေယာဉ်လက်မှတ်ဖြတ်ပေး''