← Chapters

ဂျပန်ရဲ့တန်ပြန်တိုက်ကွက်! ၂

Vol. 78 Ch. 1160

ဂျပန်ရဲ့တန်ပြန်တိုက်ကွက်! ၂

Vol. 78 Ch. 1160

အတွင်းရေးမှူးက ချက်ချင်းခေါင်းညိမ့်လိုက်သည်။

Haiga က စိတ်ဆုံးဖြတ်ထားပုံရသည်။ သူ့လုပ်ငန်းတချို့တဝက်လွှဲပေးရရင်တောင် ဝဂ်ယူစပ်နွားကိုရအောင်ယူမည်။

အကြောင်းမှာ ဝဂ်ယူနွားလုပ်ငန်းက သူ့ဘဝအတွက်ထူးထူးခြားခြားအဓိပ္ပါယ်ရှိသောကြောင့်ပင်။

တချိန်တည်းမှာ တခြားအကဲဖြတ်သူများလည်း ဖိတ်ကြားချက်ရသည်။

ဝဂ်ယူအမဲသားမှာ အကဲဖြတ်ရာတွင် အရေးကြီးပါဝင်ပစ္စည်းဖြစ်သောကြောင့် အကဲဖြတ်သူများက အသေးစိတ်လေ့လာရန်စိတ်ဝင်စားကြသည်။

ချင်းလင်စံအိမ်မှချင်းလင်နွားက ဝဂ်ယူထက်ပိုကောင်းမကောင်းလည်းသိချင်နေကြသည်။

သူတို့အားလုံး ဝဂ်ယူအမဲသားစားဖူးသောကြောင့် ချင်းလင်အမဲသားစားကြည့်ရင် တန်းသိနိုင်သည်။

သူတို့မနိုင်ရင် အပြင်ကိုသေချာပေါက်ဖွင့်ချမည်။ အစားအသောက်နှင့်ပတ်သက်လျှင် တင်းကြပ်ထားပြီး လှည့်စားခြင်းမျိုးခွင့်မပြု။

……

ချင်းလင်စံအိမ်တွင် ချင်လင်ကဒါတွေမသိ။ ၄ ရက်ကြာပြီးနောက် စားသောက်ပွဲညရောက်တော့မည်ဖြစ်၍ ချင်းလင်မွေးမြူရေးခြံသွားလိုက်သည်။

အခု ချင်းလင်စံအိမ်နှင့်ရုံချန်းကိုယ်စားလှယ်များက စားသောက်ပွဲတက်မည့်စားဖိုမှူးများ၊ခရီးသည်များကိုရေတွက်နေကြပြီ။

မနက်ဖြန်စားသောက်ပွဲပြီးရင် စီစဉ်နိုင်ပြီဖြစ်၍ စားသောက်ပွဲအတွက်စောင့်ရုံသာ။

ချင်လင် ချင်းလင်မွေးမြူရေးခြံရောက်သောအခါ ဝဂ်ယူနွားသ*တ်ပြီးဖြစ်သည်။

ဝဂ်ယူနွားတစ်ကောင်လုံးဗိုက်ခွဲပြီး ကလီစာများထုတ်ထား၏။

သားသတ်သမားက အတော်ကျွမ်းကျင်သည်ဟုဆိုရမည်။

ဝဂ်ယူနွားတစ်ကောင်လုံးကိုသေသေသပ်သပ်ကိုင်ထားသည်။

ဘာပဲဖြစ်ဖြစ် သူပထမဆုံးသ*တ်သောဝဂ်ယူနွားဖြစ်ပြီး သားသတ်သမားကလည်း ရုံချန်းမှအကောင်းဆုံးဆရာကိုခေါ်ထားခြင်းဖြစ်သည်။ ဒီအပိုင်းကိုသူအာရုံစိုက်ရဦးမည်။

ဒီဝဂ်ယူနွားမှာ ဂိမ်းထဲမှထုတ်ထားသောအကောင်ဖြစ်၍ တချို့အပိုင်းမှာ အရည်အသွေး ၂ ဆီးနှင်းအမဲသားဖြစ်သည်။

ထိုအသားကို စားသောက်ပွဲညအတွက်လည်းသုံးနိုင်သည်။

"ဥက္ကဌချင်ရောက်လာတယ်''

ရန်သုံ့က ချင်လင်ကိုမြင်ပြီးချက်ချင်းရောက်လာသည်။

နွားမွေးမြူရေးသမားများကလည်း ချင်လင်ကိုတပြိုင်တည်းနှုတ်ဆက်ကြသည်။

ဂိမ်းထုတ်ကုန်အမဲသားအရည်အသွေးကိုချင်လင်သိသော်လည်း မေးလိုက်သေး၏_

"ဆရာတို့... ဒီအမဲသားအရည်အသွေးက ဘယ်လိုလဲ?''

တစ်ဦးကချက်ချင်းဖြေသည်_

"ဥက္ကဌချင်... ဘယ်အသားက အရည်အသွေးပိုကောင်းတယ်ဆိုတာ ပြောထားပါပြီ... ဥပမာ ဒီဘက်ကဆီးနှင်းအမဲသားက တခြားဟာတွေထက်အရည်အသွေးပိုကောင်းပါတယ်''

သူကပြောရင်းဆိုရင်း ချင်လင်ကိုအသားပုံများလက်ညိုးထိုးပြသည်။

ချင်လင် ခေါင်းညိမ့်လိုက်သည်။ သူအမဲသားချက်တတ်သောကြောင့် အမဲသားကောင်းကောင်းခွဲတတ်သည်။ ထိ၊ဖိ၊ကြည့်ရုံနှင့် ဘယ်ဟာက အရည်အသွေး ၁၊ ဘယ်ဟာက အရည်အသွေး ၂ မှန်းသိသည်။

ထိုကိစ္စပြီးသည်နှင့် ချင်လင်က ချင်းလင်အပန်းဖြေစံအိမ်ပြန်လာသည်။

နောက်တစ်နေ့တွင် စားသောက်ပွဲအဝင်နောက်ဆုံးနေ့ရောက်လာသည်။

ထိုနေ့တွင် စားသောက်ပွဲဝင်ခွင့်လက်မှတ်အနည်းငယ်သာကျန်တော့သည်။

ပထမရက်များတွင် မဲလက်မှတ်အားလုံးကုန်သွားပြီး ကျန်ရက်များတွင်ဗလာဖြစ်နေမည်စိုး၍ ချင်းလင်စံအိမ်ကတမင်သက်သက်ထိန်းချုပ်ထားသည်။

ထို့ကြောင့် နောက်ဆုံးနေ့မှာတောင် မဲလက်မှတ်ကျန်သေးသည်။

နောက်ကွယ်မှာ ဒီလိုလုပ်နေကျပင်။ ကိုယ်ပိုင်၊အစိုးရ၊ ဘယ်လိုပွဲမျိုးဖြစ်ဖြစ် ဒီလိုစီမံခြင်းမျိုးရှိတတ်သည်။

ဒီလိုစီမံခြင်းမှာ တရားမျှတမှုကိုချိုးဖောက်ခြင်းမဟုတ်။ ဖြစ်စဉ်ကိုပမာဏတစ်ခုအထိ ထိန်းချုပ်ခြင်းသာဖြစ်သည်။

ရုံချန်း၊ကိတ်မုန့်ဆိုင်တစ်ဆိုင်ရှေ့တွင် ချန်သုံ့မှာကိတ်မုန့်ကိုက်ပြီး ချွေးဒီးဒီးကျအောင်ဒိုက်ထိုးနေသည်။

ထိုကိတ်မုန့်မှာ ရုံချန်းသရေစာတစ်မျိုးဖြစ်ပြီး အရသာနှင့်အထိအတွေ့က မဆိုး။

ဆိုင်ရှင်ကဘာကြောင့် ကိတ်မုန့်ကိုက်ပြီးဒိုက်ထိုးခိုင်းမှန်းသူမသိချေ။

အမှန်အတိုင်းပြောရရင် ဒိုက်ထိုးရတာမခက်သော်လည်း ကိတ်မုန့်ကိုက်ထားရင် နည်းနည်းခက်သည်။

ပါးစပ်နှင့်အသက်ရှူမရဘဲ နှာခေါင်းနှင့်သာရှူရ၏။

လူတွေကမောပန်းလာရင် ပါးစပ်နှင့်အသက်ရှူတတ်သည်။ ဒါအမှတ်တမဲ့လုပ်တတ်သောအပြုအမူပင်။

ထို့ကြောင့် မစ်ရှင်ပြီးအောင်လုပ်ရင်း ကိတ်မုန့်ကိုအမှတ်တမဲ့မြိုချမိရင်လည်း မစ်ရှင်ကျရှုံးသည်။

သို့သော်လည်း ထိုမစ်ရှင်က ချန်သုံ့အဖို့မခက်။ ကောင်မလေးနှင့်နမ်းရသောမစ်ရှင်၊ မင်းသမီးချီချီရသောမစ်ရှင်၊ ကျောပိုးရသောမစ်ရှင်တွေထက်ပိုကောင်းသေးသည်။

ထိုမစ်ရှင်များမှာ သူ့အတွက်ငရဲလိုဖြစ်နေသည်။ သူလုံးဝမယှဉ်နိုင်။

နောက်ဆုံး ချန်သုံ့ကဒိုက်ထိုးပြီးမစ်ရှင်ကိုအဆုံးသတ်လိုက်သည်။

ချက်ချင်းသူ့ဖုန်းထုတ်၍စကင်န်ဖတ်ပြီး ကျပန်းလက်မှတ်နှိုက်သည်။

နောက်ခဏတွင် အသိပေးစာတက်လာ၏:

(ဂုဏ်ယူပါတယ်... စားသောက်ပွဲညလက်မှတ်တတိယအပိုင်းရပါတယ်)

အသိပေးစာဖတ်ပြီး ချန်သုံ့မျက်လုံးကျယ်သွားသည်။ ဒီအပတ်အတွင်း သူနေ့တိုင်းမစ်ရှင်ပေါင်းများစွာလုပ်ပြီး သုံးလေးထောင်ဖြုန်းပြီးပြီ။

သူလိုနေတာ တတိယပိုင်းလက်မှတ်ပင်။ ကျန်တာတွေ သူအထပ်ထပ်ရပြီးပြီ။

အဓိကက ကိုယ့်မှာမရှိသောအပိုင်းနှင့်လဲချင်သူများရှိသော်လည်း အကောင့်ချင်းလဲမရပေ။

ဒီတော့ ထပ်ခါထပ်ခါရလည်း အသုံးမဝင်။

ငန်းစက်ရုံနှင့်တူသည်။

အခု QR ကုဒ်အသစ်ရဖို့ သူ့ဖုန်းထဲမှအပိုင်း ၅ ပိုင်းကိုဆက်ရန်သာလိုတော့သည်။ ထို QR ကုဒ်အသစ်က စားသောက်ပွဲညလက်မှတ်ဖြစ်သည်။

အဲဒီကျရင် စားသောက်ပွဲညဝင်ပေါက်ကဝန်ထမ်းကို QR စကင်န်ဖတ်ခိုင်းလိုက်ရုံသာ။

ချန်သုံ့ကစိတ်လှုပ်ရှားစွာနှင့်ပေါင်းစပ်လိုက်သည်။

နောက်ခဏတွင် နောက်ထပ်အသိပေးစာတက်လာသည်:

(စိတ်မကောင်းပါ။ စားသောက်ပွဲဝင်ခွင့်ရသူပြည့်သွားပါပြီ။)

“???”

စိတ်လှုပ်ရှားနေသောချန်သုံ့မှာ ချက်ချင်းစိတ်ဓာတ်ကျသွားသည်။

သူကအမြန်စစ်ကြည့်ရာ နောက်ဆုံးလက်မှတ်ကိုလွန်ခဲ့သော ၂ စက္ကန့်ကယူသွားသည်ကိုတွေ့ရသည်။

၂ စက္ကန့်နောက်ကျသွားတာပေါ့။

"သော*က်! သော*က်! သော*က်!''

ချန်သုံ့ကစိတ်ပျက်လက်ပျက်နှင့်ခေါင်းကုပ်ပစ်လိုက်သည်။

ဒီသော*က်...

All Chapters