Chapters

ဂျပန်ရဲ့တန်ပြန်တိုက်ကွက်! ၃

Vol. 78 Ch. 1161

ဂျပန်ရဲ့တန်ပြန်တိုက်ကွက်! ၃

Vol. 78 Ch. 1161

နောက်တစ်ခါ ချင်းလင်စံအိမ်စားသောက်ပွဲလာရင် ကောင်မလေးအရင်ရအောင်လုပ်ရမည်မှန်းသိလိုက်သည်။ တကိုယ်တည်းသမားတွေအတွက်လွန်လွန်းသည်။

ဒီမစ်ရှင်တွေမှာ ကောင်မလေးလိုလို့သာမဟုတ်ရင် စားသောက်ပွဲတက်ခွင့်ရတာကြာပေါ့!

စားသောက်ပွဲနေရာအားလုံးပြည့်သွားသောကြောင့် စားသောက်ပွဲပြီးသည့်သဘောဖြစ်သည်။

နောက်တစ်နေ့ အထူးလမ်းပိုင်းလည်းရှင်းလိုက်သည်။ နိုင်ငံခြားစားဖိုမှူးများ ဆိုင်ထောင်ခွင့်မရှိတော့။

ဘာပဲဖြစ်ဖြစ် လမ်းကိုယာဉ်ကြောဖွင့်ပေးရမည်။

ချင်းလင်စံအိမ်နှင့်ရုံချန်းကိုယ်စားလှယ်များက စားသောက်ပွဲတက်နိုင်သောစားဖိုမှူးများ၊ခရီးသည်များကိုရေတွက်ပြီးနောက် အစီအစဉ်စလုပ်ကြသည်။

ချင်းလင်စံအိမ်_

လင်းလန်ဇီက အားလုံးစီစဉ်ထားသည်။ သက်ဆိုင်ရာအချက်အလက်များကိုလည်း စာဖိုင်အလိုက်ခွဲပြီး ချင်လင်ရုံးခန်းထဲပို့သည်_

"သူဌေး... ဒါစားသောက်ပွဲရဲ့အထူးအခင်းအကျင်းပါ... အကဲဖြတ်သူတွေဖိတ်ထားတဲ့အတွက် ဒိုင်လူကြီးပလက်ဖောင်းလုပ်ထားပါတယ်''

"ဒိုင်လူကြီးပလက်ဖောင်းက စားဖိုမှူးတွေ ခရီးသည်တွေထိုင်တဲ့နေရာနဲ့ကွာပါမယ်... သီးခြားခွဲထားပါတယ်... ခရီးသည်တွေမြည်းပြီးမှတ်ချက်ပေးဖို့အပြင် အကဲဖြတ်သူတွေမြည်းပြီးအမှတ်ပေးဖို့ပါ စားဖိုမှူးတွေကချက်ရပါမယ်!''

"အကဲဖြတ်တွေနဲ့ခရီးသည်တွေဆီက အမှတ်အများဆုံးရသူက ပထမ စသဖြင့်ရှိပါမယ်''

“အင်း!”

ချင်လင် ခေါင်းညိမ့်လိုက်သည်။

ဂျပန်တွင်နွားမျိုးတုံးတော့မည့်သတင်းကြောင့် အကဲဖြတ်သူများရောက်လာခြင်းပင်။ သို့ရာတွင် စားသောက်ပွဲညထိပ်တန်းသုံးယောက်မှာ အတိုင်းအတာတစ်ခုအထိ တန်ဖိုးတက်လာမည်။

ချင်လင်ကဖတ်ပြီးနောက် လက်မှတ်တန်းထိုးကာ အစီအစဉ်အတိုင်းလုပ်စေသည်။

ချင်းလင်စံအိမ်က စားသောက်ပွဲကိုအစီအစဉ်အတိုင်းလုပ်နေစဉ် ဖိတ်ကြားထားသောအကဲဖြတ်သူများလည်း ရုံချန်းရောက်လာသည်။

ဖိတ်ကြားထားခြင်းဖြစ်၍ အကဲဖြတ်သူများကို ချင်းလင်စံအိမ်သတို့သမီးခန်းတွင်စီစဉ်ပေးထားသည်။

သို့ဖြစ်၍ ချန်ထားသောအခန်း ၁ မှ ၁၀ ကိုအသုံးချရသည်။

တခြားသတို့သမီးခန်းများကိုလည်း ချန်ထားရသည်။

Haiga လည်း ဖိတ်ကြားခံရသည်။ သူမင်မြို့တော်ရောက်သောအခါ ဂျပန်မှ Tairo ဆိုသောအကဲဖြတ်သူနှင့်အတူထွက်လာ၏။

ဂျပန်မှတခြားအကဲဖြတ်သူကိုလည်းဖိတ်ထားကြောင်းသိပြီး Haiga မျက်နှာမဲမှောင်နေသည်။

တဖက်ကရည်ရွယ်ချက်က ရွံစရာ။

"မစ္စတာ Haiga.. သူတို့ရည်ရွယ်ချက်က ရှင်းနေပြီ''

Tairo က သက်ပြင်းချပြီး_

"သူတို့အမဲသားအရည်အသွေးကိုအတည်ပြုဖို့သာမဟုတ်ရင် ငါတကယ်မလာချင်ဘူး... ခံရခက်တယ်''

သူ့အတွေးကို ချင်းလင်စံအိမ်ကလူတိုင်းအသိ။

မသိဘဲနေမလား?

Haiga က သူ့ခြေထောက်နားမှအအေးခံသေတ္တာကိုကြည့်ပြီး အေးစက်စက်နှင့်_

"သူတို့ရည်ရွယ်ချက်ကို ဘယ်သူမဆိုသိတယ်... ဒါပေမဲ့ ငါတို့ကသေဖို့ထိုင်စောင့်နေတယ်ထင်ရင်တော့ သူတို့မှားပြီ''

ဒီတစ်ခါ တန်ပြန်တိုက်ကွက်ဆိုတာဘာလဲသိစေမည်။ သူတို့ထင်ထားမှာမဟုတ်။ အံ့ဩလွန်းပြီး ပါးစပ်အဟောင်းသားဖြစ်သွားလိမ့်မည်။

သူတို့နိုင်ငံကဝဂ်ယူမျိုးတုံးသွားလည်းကိစ္စမရှိ။ ဝဂ်ယူဂုဏ်ရှိနေသရွေ့ ဩစတြေးလျကတင်သွင်းပြီး ပြန်မွေးနိုင်သည်။ ဝဂ်ယူဂုဏ်ပြန်ထူထောင်ဖို့အခွင့်အရေးကရှိစမြဲ။

သို့ရာတွင် ဒီတစ်ခါဝဂ်ယူနာမည်နှင့်ဂုဏ်ပါသွားပါက အားလုံးပုံပြင်ဖြစ်သွားမည်။

သေတ္တာထဲကအမဲသားရဖို့ ဩစတြေးလျကိုအတော်ပေးလိုက်ရသည်။

ဒီလောက်ကြီးကြီးမားမားပေးဆပ်ပြီးမှ တဖက်ကိုအောင်မြင်ခွင့်မပေးနိုင်။

ဒီတန်ပြန်တိုက်ကွက်ကို တဖက်ကအံ့အားသင့်ရလိမ့်မည်။