← Chapters

ထူးဆန်းသောမီလီယံနာ!

Vol. 78 Ch. 1162

ထူးဆန်းသောမီလီယံနာ!

Vol. 78 Ch. 1162

စားသောက်ပွဲအဝင်ပြီးနောက်_

စားသောက်ပွဲည စတော့မည်။

လိုင်းပေါ်တွင် ပိုစိတ်ဝင်စားလာကြသည်။

စားဖိုမှူးနှင့်ခရီးသည်များ စားသောက်ပွဲညအတွက်ရောက်နေကြပြီ။

နောက်ပြီး ဒီအပတ် စားဖိုမှူးနှင့်ခရီးသည်အများစုက ဆယ်လ်ဖီရိုက်ပြီးလိုင်းပေါ်တင်ကြသည်။ တချို့က တခြားခရီးသည်များကိုတောင်ဓာတ်ပုံရိုက်ခိုင်းပြီး လိုင်းပေါ်တင်ကြသောကြောင့်လိုင်းပေါ်တွင်ရေပန်းစားလာသည်။

အတော်များများက 'ထိပ်တန်းစားဖိုမှူးသုံးယောက်ဘယ်သူဖြစ်မလဲ၊ ဘယ်ကံကောင်းတဲ့ခရီးသည်က ဆုရမလဲ' ဆွေးနွေးနေကြသည်။

နောက်ပြီး ချင်းလင်စံအိမ်၏ဝဂ်ယူနွားသ*တ်ပွဲနှင့် စားသောက်ပွဲအတွက်နိုင်ငံတကာအကဲဖြတ်သူများဖိတ်ကြားချက်မှာ ထူးထူးခြားခြားအဓိပ္ပါယ်ရှိ၍ စားသောက်ပွဲညကိုအရောင်စုံစေသည်။

ချင်းလင်အပန်းဖြေစံအိမ်_

ချင်လင်ထံ လင်းလန်ဇီဖုန်းဆက်လာသည်။ သူ့အမဲသားကိုယွမ်တစ်သန်းနှင့်ဝယ်ယူလိုသောသူဌေးက စံအိမ်လာချင်ကြောင်းပြောပြသည်။

တဖက်လူ ချင်းလင်စံအိမ်ကိုလာတာမထူးဆန်း။

တခြားနေရာမှာ ဒီလိုယွမ်တစ်သန်းသုံးချင်တဲ့သူဌေးတစ်ယောက်ရှိလာရင် ထိုသူဌေးကိုနတ်ဘုရားလိုယဉ်ယဉ်ကျေးကျေးဆက်ဆံကြလိမ့်မည်။

သို့သော် ဒီတစ်ခါ ချင်းလင်စံအိမ်က ပွဲစီစဉ်သူဖြစ်သည်။

ထို့ကြောင့် ဘယ်လိုသူဌေးမျိုးလာလာ ယဉ်ယဉ်ကျေးကျေးဆက်ဆံရမည်။

ချင်းလင်စံအိမ်က ဒီအပေးအယူကိုသဘောမတူရင်လည်း သူတို့ဘယ်လောက်ချမ်းသာချမ်းသာ၊ ထွက်သွားရပေမည်။

အခုသဘောတူသည်ဆိုသော်လည်း တဖက်လူက ချင်းလင်စံအိမ်၏အစီအစဉ်အတိုင်းသာပူးပေါင်းပေးရမည်။

သို့ရာတွင် လင်းလန်ဇီအသံက တစ်ခုခုလျှို့ဝှက်ထားသလိုနည်းနည်းထူးဆန်းနေ၏။

လင်းလန်ဇီက ထိုလူကိုအပန်းဖြေစံအိမ်ခေါ်လာမှ ဘာဖြစ်နေလဲ သူသိတော့သည်။

လင်းလန်ဇီနောက်တွင်ပါလာသူက လျိုယီပင်။

လျိုယီနောက်တွင်မူ အိမ်ပြန်ပြီးမိသားစုအမွေဆက်ခံသော Lasda ပါလာသည်။

ဒီအခွင့်အရေးကိုယွမ်တစ်သန်းပေးဝယ်တာ ဒီလူနှစ်ယောက်ဖြစ်နေသည်။

"သူဌေးချင်.. ဆုံပြန်ပြီနော်''

ချင်လင်ကိုမြင်မြင်ချင်း လျိုယီကယဉ်ယဉ်ကျေးကျေးနှုတ်ဆက်သည်။ ချင်လင်၏ဂုဏ်ကိုဘက်ပေါင်းစုံမှသူအလေးထားသည်။

ထို့နောက် တောင်းပန်စကားဆို၏_

"ဒီနည်းသုံးတာ သူဌေးချင်စိတ်မရှိပါနဲ့''

"ဘာကိုစိတ်ရှိရမလဲ? ဥက္ကဌလျို နောက်နေပြန်ပြီ''

ချင်လင်က ဒါတွေလုံးဝဂရုမစိုက်။

သူဒီလိုလုပ်လိုက်တာ စားသောက်ပွဲကိုအုတ်တိုင်ထောင်ပေးလိုက်သလိုဖြစ်သည်ဟုပြောရမည်။

"လူကြီးမင်း ထပ်ဆုံပြန်ပြီ''

Lasda ကလည်း ချင်လင်ကိုနှုတ်ဆက်သည်။

Lasda က အရင်ထက်နည်းနည်းထူးခြားနေသည်။

သူစားဖိုမှူးဘဝတုန်းက အထူးသဖြင့် ချင်းလင်စံအိမ်တွင်စားဖိုမှူးလုပ်စဉ်က ဖြစ်သလိုသာဝတ်စားခဲ့သည်။ ဆရာလင်းနှင့်တခြားစားဖိုမှူးများလို အားလပ်ချိန်တွင် စွပ်ကျယ်ချိုင်းပြတ်နှင့်၊ကွင်းထိုးဖိနပ်နှင့်သာနေ၏။

အခု ပုံစံတကျဝတ်စားပြီး ဆံပင်ကိုသပ်သပ်ရပ်ရပ်ဖြီးထား၍ အောင်မြင်သောလုပ်ငန်းရှင်နှင့်တူနေသည်။

"Lasda.. ခင်ဗျားကြည့်ရတာ မိသားစုအမွေဆက်ခံပြီး အလုပ်ဖြစ်နေပုံပဲ''

ချင်လင်ကပြုံးပြီး Lasda နှင့်လက်ဆွဲနှုတ်ဆက်လိုက်သည်။

အစပိုင်း Lasda ကိုသဘောမကျသော်လည်း သူ့သဘောထားပြောင်းလဲပြီးနောက်ပိုင်း လူကောင်းတစ်ယောက်ဟုထင်ခဲ့သည်။ အထူးသဖြင့် ချင်းလင်စံအိမ်တွင်စားဖိုမှူးခေါင်းဆောင်လုပ်သောအချိန်များပင်။

စားဖိုမှူးများကိုလေ့ကျင့်ပေးရန် သူ့ကိုတောင်းဆိုခဲ့ရာ နောက်တွန့်ခြင်းမရှိဘဲအကောင်းဆုံးလုပ်ပေးခဲ့သည်။

"သူဌေးချင်''

လျိုယီကပြောသည်_

"တကယ်တော့ ခင်ဗျားအမဲသားကိုယွမ်တစ်သန်းပေးဝယ်ချင်တာ Lasda ပါ... သူကနိုင်ငံခြားသားဖြစ်နေလို့ ကျွန်တော်နာမည်ခံပေးတာ''

ချင်လင်က ဇဝေဇဝါနှင့် Lasda ကိုကြည့်ပြီး_

"Lasda.. အမဲသားစားချင်ရုံသက်သက်တော့ မဟုတ်ဘူးမလား?''

Lasda ကပြုံးပြီး_

"အင်း.. ရည်ရွယ်ချက်ရှိတာပေါ့... ကျွန်တော့်အဖေက အစားအသောက်လုပ်ငန်းလုပ်တာ လူကြီးမင်းအသိပဲ... ကျွန်တော်ပြန်သွားတော့ အဖေကကုမ္ပဏီကိုပြန်ဖွဲ့စည်းပြီး စားသောက်ဆိုင်လုပ်ငန်းလုပ်ခဲ့တယ်... ကျွန်တော်ကတာဝန်ခံပြီး စားဖိုမှူးတွေလေ့ကျင့်ပေးတယ်... စားသောက်ဆိုင်ခွဲတွေဆက်ဖွင့်မှာ''

"အနောက်တိုင်းစားဖိုမှူးတွေပေါ့... အစပိုင်း ကျွန်တော့်လိုပဲ... နည်းနည်းရိုင်းတယ်... ကျွန်တော်ဒီမှာစားဖိုမှူးခဏလုပ်ပြီးတော့ အပြင်မှာမျက်နှာမပြရဲတော့ဘူး... သူတို့က ကျွန်တော့်ကိုအဲလောက်မဟုတ်ပါဘူးထင်နေကြတာ''

"ပြီးတော့ သူတို့ကိုယ်သူတို့လက်ရာအရမ်းကောင်းတယ်ထင်နေကြတော့ ကျွန်တော်ချမှတ်ထားတဲ့စည်းမျဉ်းတွေကိုသိပ်မလိုက်နာချင်ကြဘူး... ကျွန်တော်က တရုတ်အစားအစာလည်းထည့်ချင်တယ်... ဒါပေမဲ့ သူတို့ကလည်း တရုတ်အစားအစာကိုအထင်သေးတယ်''

"အဲဒါကြောင့် အနောက်တိုင်းနဲ့တရုတ်အစားအစာကိုပြိုင်ခိုင်းပြီး သူတို့ကိုအနိုင်ပိုင်းချင်တာ... စားဖိုမှူးတစ်ယောက်ဟာ အစားအစာကိုစိတ်နှလုံးသားနဲ့ချက်ရတယ်ဆိုတာ သူတို့သိစေချင်တယ်... ဒီလိုရိုင်းစိုင်းခက်ထန်မနေစေချင်ဘူး''

ချင်လင် ခေါင်းညိမ့်လိုက်သည်။ အခုဒီလူက အသိစိတ်မြင့်နေပြီ။

ပြီးတော့ Lasda လက်ရာကိုသူသိသည်။

သူကအချက်အပြုတ်မှာအလေးအနက်ထားပြီး ရည်မှန်းချက်ကြီးသည်။ အမှန်အတိုင်းပြောရရင် သူအိမ်ပြန်ပြီးမိသားစုအမွေဆက်ခံတာ အစားအသောက်လောကအတွက်ဆုံးရှုံးမှုပင်။

မဟုတ်ရင် သူ့ထက်အချက်အပြုတ်တော်သူက သုံးယောက်ထက်ပိုမည်မထင်။

ဒီအကြောင်းပြောမှ သူဘာမှမတတ်နိုင်။ Lasda က သူလိုလှည့်ကွက်ရှိသူနှင့်အတင်းပြိုင်ချင်ခဲ့သည်။ ရလဒ်ကိုသူရှင်းမပြနိုင်ပေ။

"လူကြီးမင်း''

Lasda က ဆက်ပြီး_

"ကျွန်တော်က ကမ္ဘာမှာအကောင်းဆုံးစားသောက်ဆိုင်ဖွင့်ချင်တာ... ကျွန်တော့်လက်အောက်မှာ အဆင့်မြင့်စားဖိုမှူးတွေရှိတယ်... ဒါပေမဲ့ သူတို့က ကျွန်တော့်လက်ရာကိုကမ္ဘာ့အကောင်းဆုံးလို့ထင်နေကြတယ်... ကျွန်တော့်စားသောက်ဆိုင်ကို ဘယ်သူမှမယှဉ်နိုင်ဘူးလို့တောင်ထင်နေကြတာ''

"ဒီလိုထင်တာမကောင်းဘူး... အဲဒါကြောင့် တကယ့်လက်ရာဆိုတာကိုသိစေချင်တာ... ခင်ဗျားတို့စကားနဲ့ပြောရရင် သူများထက်သာတယ်ပေါ့''

"အစက ခင်ဗျားလက်ရာကိုကြွားခိုင်းဖို့ ဘယ်လိုထုတ်ပြောရမလဲမသိဘူး... ဒါပေမဲ့ အခုစားသောက်ပွဲကျင်းပတာတွေ့တော့ ဒီနည်းသုံးလိုက်တာ''

ပြီးတော့ လူကြီးမင်းစားသောက်ပွဲလုပ်တဲ့စိတ်ကူးကအရမ်းကောင်းတယ်လို့မြင်တယ်... ကျွန်တော်ပြန်သွားရင်လည်း စားသောက်ပွဲလုပ်လို့ရတယ်... ကျွန်တော့်နာမည်တက်ရုံတင်မကဘူး... အတော်ဆုံးစားဖိုမှူးကိုလည်းရွေးပြီးခန့်နိုင်တယ်''

နောက်ဆုံးတော့ Lasda ရဲ့ရည်ရွယ်ချက်ကို ချင်လင်သိလိုက်ရပြီ။

တချိန်တည်းမှာ သူအိမ်ပြန်ပြီးမိသားစုအမွေဆက်ခံရင်တောင် ဒီအတွက်ပဲကြိုးစားအားထုတ်နေမှန်းသိလိုက်ရသည်။

All Chapters