← Chapters

ထူးဆန်းသောမီလီယံနာ! ၂

Vol. 78 Ch. 1163

ထူးဆန်းသောမီလီယံနာ! ၂

Vol. 78 Ch. 1163

နောက်ပြီး ဒီလိုသဘောထားမျိုးရှိရင် သူ့စားသောက်ဆိုင်လုပ်ငန်းရှုံးမှာပူစရာမလိုတော့။ ကမ္ဘာမှာနောက်ထပ်ကျော်ကြားတဲ့စားသောက်ဆိုင်ခွဲတွေ မကြာမီထွက်လာတော့မည်ထင်သည်။

"Lasda.. ခင်ဗျားရဲ့သဘောကိုသိပြီ''

ချင်လင်ကပြုံးပြုံးနှင့်ပြောသည်_

"ကျွန်တော်စီစဉ်ခိုင်းလိုက်မယ်... အရင်ဆုံး လဖက်ရည်သောက်ရအောင်... ခင်ဗျားစံအိမ်မှာကြာကြာနေခဲ့တယ်ဆိုတော့ လဖက်ရည်သောက်တတ်ပြီမလား?''

Lasda က ခေါင်းညိမ့်ပြီး_

"မှန်တယ် လူကြီးမင်း... ကျွန်တော်ပြန်တော့ ကော်ဖီသောက်ရတာအဆင်မပြေလို့ လဖက်ခြောက်တောင်ဝယ်ခိုင်းရတယ်''

ချင်လင်က လျိုယီနှင့် Lasda ကို လဖက်ရည်စားပွဲဖိတ်လိုက်သည်။ ထို့နောက် အရည်အသွေး ၂ အူလုံလဖက်ခြောက်ထုတ်ပြီး လဖက်ရည်တစ်အိုးနှပ်သည်။

လျိုယီက လဖက်ရည်တစ်ခွက်သောက်ပြီး အံ့ဩသံနှင့်_

"သူဌေးချင်... မင်မြို့တော်မှာမတွေ့နိုင်တဲ့လဖက်ခြောက်မျိုး ခင်ဗျားမှာရှိတယ်လို့ကြားဖူးတာ... ဒီနေ့မှပဲ ဘယ်လောက်ကောင်းလဲသိရတော့တယ်''

…

ညပိုင်းရောက်သည်နှင့် စားသောက်ပွဲစသည်။

ချင်းလင်စံအိမ်ရော ချင်းလင်မွေးမြူရေးခြံပါ ပျားပန်းခတ်အလုပ်ရှုပ်နေကြသည်။

ချင်းလင်မွေးမြူရေးခြံကွင်းပြင်တွင် မီးထိန်ထိန်လင်းနေ၏။ မီးတိုင်များကိုတန်းစီထွန်းပြီး ပတ်ပတ်လည်တွင်လည်း အပြင်အဆင်အမျိုးမျိုးဆင်ယင်ထားသည်။

စားသောက်ပွဲကျင်းပမည့်နေရာပင်။

ယာယီမီးဖိုကောင်တာများ၊အသားကင်စက်များကို အစီအစဉ်တကျဆင်ထားသောကြောင့် စားသောက်ပွဲတက်သောခရီးသည်များမှာ စားဖိုမှူးအားလုံး၏လက်ရာကိုမြည်းနိုင်သည်။

ဓားကိုမူ စားဖိုမှူးများကကိုယ်နှင့်မကွာဆောင်ထားတတ်သည်။

အထူးသဖြင့် စားသောက်ပွဲတက်နိုင်သောစားဖိုမှူးအားလုံး အရည်အချင်းရှိသူများဖြစ်၍ မီးဖိုချောင်အသုံးအဆောင်လိုအပ်ချက်ကိုကြပ်မတ်ထားသည်။ အသားကျအောင်လည်းလုပ်ထား၏။

မီးဖိုကောင်တာတွင် ပါဝင်ပစ္စည်းများစွာပြင်ဆင်ပေးထားသည်။ အားလုံးအရည်အသွေး ၁ ချည်းသာဖြစ်၏။ အရည်အသွေး ၂ မပါ။

ချင်းလင်အမဲသားချက်ရမည်ဖြစ်၍ ဒီနေ့ ချင်းလင်အမဲသားသာ အရည်အသွေး ၂ ပါသည်။

ခရီးသည်များကမူ အစားအသောက်စားပြီး စားဖိုမှူးများအတွက်ကုဒ်ဖတ်ကာ Like ပေးရမည်။

တချိန်တည်းမှာ ချင်းလင်စံအိမ်တရားဝင်အကောင့်က Live စလွှင့်သည်။

Live လွှင့်သည့်ဖန်သားပြင်မှာ စားသောက်ပွဲညအခင်းအကျင်းပေါ်လာသည်။ စားဖိုမှူးနှင့်ခရီးသည်များ မဝင်ရသေးသောကြောင့် စားသောက်ပွဲတရားဝင်မစသေးသော်လည်း Live တစ်ခုလုံးကြည့်သူအရေအတွက်က ၅ သန်းကျော်ထိမြန်မြန်ဆန်ဆန်တက်လာသည်။

ကြည့်သူ ၅ သန်းကျော်က ဘယ်လိုအဓိပ္ပါယ်လဲ?

ဆယ်လီများမှာ Live စလွှင့်လွှင့်ချင်း ၅ သန်းရဖို့နေနေသာသာ စုစုပေါင်းရင်တောင် ၅ သန်းမကျော်ပေ။

နောက်ပြီး ဒီ ၅ သန်းက ယာယီသာရှိသေးသည်။ အရေအတွက်က ဆက်တက်နေဆဲ။ ဒီနှုန်းအတိုင်းဆို နောက်ဆုံးပမာဏက အရင်တစ်ခါပန်းအိမ် Live လွှင့်တာထက်များလောက်သည်။

ရက်ပေါင်းများစွာစောင့်ပြီးနောက် စားသောက်ပွဲညရောက်လာလေပြီ။

"ရှောင်ချင်လက်ရာကိုအရမ်းစိတ်ဝင်စားတာပဲ!''

"ဟုတ်တယ်... အမဲသားဟင်းကိုယွမ်တစ်သန်းပေးထားတာ... ကျွမ်းသွားရင် တစ်သန်းပေးထားတဲ့သူတော့မျက်နှာပျက်ပြီ''

"အပေါ်ကလူ.. ငါထင်တယ်!''

“……”

…

စားသောက်ပွဲညတွင် သပ်သပ်ရပ်ရပ်စားပွဲနှင့်ခုံများသီးသန့်ထားသောနေရာရှိပြီး ရှေ့တွင်ဖန်သားပြင်ချထားသည်။

ထိုဖန်သားပြင်မှတဆင့် စားသောက်ပွဲမြင်ကွင်းတစ်ခုလုံးကိုသေချာမြင်ရသည်။

ထိုနေရာက ဖိတ်ကြားထားသောအကဲဖြတ်သူများအတွက်နေရာဖြစ်သည်။

မြန်မြန်ဆန်ဆန်ပင်။

အကဲဖြတ်သူများရောက်လာသည်။ တချို့က တရုတ်ပြည်မှဖြစ်ပြီး တချို့က ရွှေဝါရောင်ဆံပင်နှင့်၊မျက်လုံးပြာပြာနှင့် နိုင်ငံခြားသားများဖြစ်သည်။ ဂျပန်မှ Haiga နှင့် တရုတ်မှ Tairo လည်းပါသည်။

Haiga က Tairo နှင့်အတူလာပြီး ဂျပန်မှအကဲဖြတ်သူများကိုမြင်သွားသည်။

သူဝင်လာပြီး တခြားအကဲဖြတ်များကိုမြင်သောအခါ သူ့မျက်နှာမဲသွား၏။ ထင်တဲ့အတိုင်း ဂျပန်ကအကဲဖြတ်သူအများကြီးဖိတ်ထားသည်။

ဒါတမင်သက်သက်လုပ်ခြင်းပင်။

တဖက်က မကောင်းတဲ့ရည်ရွယ်ချက်နဲ့လုပ်မှန်းသိရင်တောင် သူ့ဒေါသကိုမထိန်းနိုင်။

ဒီဒေါသမျိုးပြေအောင် နောက်မှလုံးဝဖွင့်ချရမည်။

"မစ္စတာ Haiga.. ဆုံပြန်ပြီနော်''

ရွှေရောင်ဆံပင်နှင့်သက်လတ်ပိုင်းလူတစ်ယောက်ရောက်လာပြီးနှုတ်ဆက်သည်။

"မစ္စတာ Feida.. ခင်ဗျားကိုရောဖိတ်ထားတာလား... ကြည့်ရတာ ချင်းလင်စံအိမ်က အတော်ယုံကြည်ချက်ရှိပုံပဲ''

Haiga က စနောက်သံနှင့်ပြောလိုက်သည်။

ထို Feida က ကမ္ဘာ့နာမည်ကြီးအကဲဖြတ်သူဖြစ်ပြီး နိုင်ငံတကာစားသောက်ပွဲတိုင်းလိုလို ဖိတ်ကြားခံရသည်။

နိုင်ငံတကာစားသောက်ပွဲများတွင် ဟာသတောင်ရှိသည်။ 'စားသောက်ပွဲမှာ Feida မပါရင်မပြီး' တဲ့။

ဒါလည်းကောင်းသည်။ Feida ရှိနေရင် သူတို့အမဲသားနဲ့သူတို့အရှက်ကွဲတဲ့အခါ Feida က အကောင်းဆုံးမျက်မြင်သက်သေဖြစ်မည်။

Feida မှာ သူ့ထက်ဥစ္စာကြွယ်ဝသူဖြစ်၍ သူ့ကိုလာဘ်ထိုးဖို့မဖြစ်နိုင်။

လက်ရှိသူ့နာမည်ရလာခြင်းက အစားအသောက်ကိုအမှန်တကယ်ခုံမင်သောကြောင့်ပင်။ အတိုင်းအတာအကန့်အသတ်မရှိသူဟုဆိုနိုင်သည်။

Haiga ဒေါသကို Feida ခံစားမိသည်။ သူကသက်ပြင်းချပြီး_

"မစ္စတာ Haiga.. ခင်ဗျားနိုင်ငံကဝဂ်ယူအတွက်စိတ်မကောင်းပါဘူး''

"မစ္စတာ Feida.. စိတ်မကောင်းမဖြစ်ပါနဲ့''

Haiga က_

"သွေးခဲပလိပ်ရောဂါပြီးရင် ကျုပ်တို့ဝဂ်ယူက တဖန်ဦးမော့လာဦးမှာပါ... ပြီးတော့ ဒီတစ်ခါသူတို့ဝဂ်ယူက ကျုပ်တို့ထက်သာတယ်ဆိုပြီးသက်သေပြချင်နေတာ... သူတို့ဝဂ်ယူက အဲလောက်မဟုတ်သေးဘူးဆိုတာ သိစေရမယ်''

"သူတို့စံအိမ်က လိုင်းပေါ်မှာစားသောက်ပွဲည Live လွှင့်တာ ကြည့်သူ ၁၀ သန်းကျော်သွားပြီဆိုပဲ... အရမ်းစိတ်လှုပ်ရှားစရာကောင်းတဲ့မြင်ကွင်းဖြစ်တော့မှာ''

သူကပြောရင်းဆိုရင်း လက်ထောက်လက်ထဲမှသေတ္တာကိုပုတ်လိုက်သည်။

သူ့ပုံစံကြောင့် ဒီလူတွေရောက်လာတာဒုက္ခပေးဖို့မှန်း Feida သိလိုက်သည်။

ပိတ်ကားပေါ်ရှုစားရုံသာ။

ဒီနေ့ အစားအသောက်ရှိုးပွဲကောင်းကောင်းစတော့မည်။

…

တဖက်တွင် စားသောက်ပွဲတက်နိုင်သောစားဖိုမှူးများနှင့်ခရီးသည်များလည်း ဝန်ထမ်းများ၏လမ်းညွှန်မှုအတိုင်း ပွဲထဲရောက်လာကြသည်။

All Chapters