ဩစတြေးလျအမဲသားက ချင်းလင်အမဲသားထက်အရသာရှိလား?
Vol. 78 Ch. 1165
စားသောက်ပွဲစပြီ။
သူဌေးဖြစ်သောချင်လင်လည်း အာရုံစိုက်ထားသည်။ သူဒီညအမဲသားချက်ရဦးမည်။
အစပိုင်းမထွက်ခြင်းသာ။ နောက်ဆုံးအချိန်မှသွားရင်လည်း အရမ်းလောရမည်။
အပန်းဖြေစံအိမ်ဧည့်ခန်းထဲရှိ TV တွင် Live ချိတ်ဆက်ထားသောကြောင့် ချင်းလင်စံအိမ်အကောင့်မှလွှင့်နေသော Live ကိုကင်မရာများမှတဆင့်ကြည့်နိုင်သည်။
ကျောက်မိုချင်း၊ Lasda နှင့် လျိုယီတို့လည်း Live ကြည့်နေကြသည်။
"လူကြီးမင်း.. တကယ်ဂုဏ်ပြုရမယ်''
Lasda က ထုတ်လာသောချင်းလင်အမဲသားကိုကြည့်ပြီးပြုံးလိုက်သည်_
"မနက်ဖြန်ကျရင် လူတိုင်းချင်းလင်အမဲသားကိုသိသွားလိမ့်မယ်... ကမ္ဘာမှာ ဆီးနှင်းအမဲသားကအကောင်းဆုံးလို့ပြောတော့မှာမဟုတ်ဘူး''
အရင်က ချင်းလင်စံအိမ်မှာစားဖိုမှူးခေါင်းလုပ်ဖူးသောကြောင့် ချင်းလင်အမဲသားအကြောင်းကိုသူအသိဆုံးပင်။ အဲဒီတုန်းက ချင်းလင်အမဲသားနှင့်လေ့ကျင့်ခွင့်မရခဲ့။
ဝဂ်ယူအမဲသားဟုသာခေါ်သေးသည်။
သို့သော် ချင်းလင်အမဲသားက ဆီးနှင်းအမဲသားထက်အများကြီးပိုကောင်းသည်။
ချင်လင်ကပြုံးပြီးခေါင်းညိမ့်လိုက်သည်။
သူကပိုပြီးယုံကြည်ချက်ရှိသည်။ သူသာအမဲသားကိုအဆင့်သတ်မှတ်ပေးရရင် သာမန်အမဲသား၊ သာမန်ဆီးနှင်းအမဲသား၊ အရည်အသွေး ၁ ဆီးနှင်းအမဲသားနှင့် အရည်အသွေး ၂ ဆီးနှင်းအမဲသားဟူ၍...
သာမန်ဆီးနှင်းအမဲသားက ဂျပန်မှအမဲသားဖြစ်သည်။ ဂိမ်းထုတ်ကုန်က အရည်အသွေး ၂ ရှိသည်။ လက်ရှိစားသောက်ပွဲညတွင်ပေးထားသည်က အရည်အသွေး ၂ ပင်။
ဒီတော့ ဂျပန်ဆီးနှင်းအမဲသားက ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ?
ထိုအချိန်တွင် အချိန်အခါမဟုတ် Live ထဲမှအသံကြားလိုက်ရသည်_
"ချင်းလင်အမဲသားက ဒီညရဲ့အကောင်းဆုံးပါဝင်ပစ္စည်းပေါ့... ကျုပ်တော့မထင်ဘူး... ပြီးတော့ အကောင်းဆုံးဆီးနှင်းအမဲသားထက်ကောင်းတယ်လို့ပြောတာတော့ လွန်လွန်းပါတယ်''
“သူက ဘယ်သူလဲ?”
Lasda က ဇဝေဇဝါနှင့်မေးသည်။
ချင်လင်လည်း မျက်မှောင်ကြုတ်လိုက်သည်။ Live ထဲတွင် သက်လတ်ပိုင်းလူတစ်ယောက်က လက်ထောက်နှင့်တူသောလူတစ်ယောက်နှင့်အတူလျှောက်လာသည်။
စားသောက်ပွဲထဲတွင် ရုတ်တရက်ပေါ်လာသော Haiga အား လင်းလန်ဇီကပြုံးပြီးမေးသည်_
"အဲဒီတော့ မစ္စတာ Haiga ပေါ့''
သူမက အကဲဖြတ်သူတာဝန်ခံဖြစ်သည်။ အထူးသဖြင့် ဂျပန်အကဲဖြတ်သူများကို သူဌေးကဖိတ်ခိုင်းထားသောကြောင့် နည်းနည်းပိုဖိတ်ခဲ့သည်။
ဂျပန်အကဲဖြတ်သူများအကြောင်းအကြိမ်ကြိမ်ဖတ်ထားသောကြောင့် တစ်ချက်ကြည့်ရုံနှင့်မှတ်မိသည်။
နောက်ပြီး ချင်းလင်နွားသ*တ်သည့်ဖြစ်ရပ်က ဂျပန်နွားကိစ္စကိုဆားသိပ်လိုက်သလိုဖြစ်ကြောင်း သူမသိသည်။ ထို့ကြောင့် ဂျပန်အကဲဖြတ်သူများကသိကအောက်ဖြစ်နေမည်ဟုခန့်မှန်းမိသောကြောင့် Haiga နှင့်တွေ့သည့်အခါ အလွန်တည်ငြိမ်နေသည်။
Haiga မှာမူ မတည်ငြိမ်နိုင်။ သူက ချင်းလင်အမဲသားကိုအရှက်ခွဲပြီး စိတ်ထွက်ပေါက်ရအောင်လာလုပ်ခြင်းဖြစ်သည်။
သူက လက်ထောက်လက်ထဲမှသေတ္တာကိုယူပြီး အေးစက်စက်နှင့်_
"စောစောက ဒီကအမျိုးသမီးပြောလိုက်တာ ချင်းလင်အမဲသားက ဒီညအတွက်အကောင်းဆုံးပါဝင်ပစ္စည်းတဲ့... ဆီးနှင်းအမဲသားထက်တောင်ပိုကောင်းတယ်တဲ့... စားသောက်ပွဲမလုပ်ခင် ပြိုင်ကြရင်ရော?''
"စားသောက်ပွဲမှာအရည်အချင်းရှိတဲ့စားဖိုမှူးတွေအများကြီးရှိတယ်မလား? မင်းတို့ရဲ့ချင်းလင်အမဲသားနဲ့ အရသာရှိတဲ့ဟင်းပွဲတစ်ခုရွေးလိုက်... ကျုပ်ယူလာတဲ့အမဲသားနဲ့လည်း ကျုပ်တို့စားဖိုမှူးကိုအရသာရှိတဲ့ဟင်းပွဲလုပ်ခိုင်းမယ်''
"ပြီးရင် အကဲဖြတ်သူတွေကို ဘယ်ဟင်းပွဲမှာဘာပါတယ်ဆိုတာမပြောပြဘူး... ဘယ်သူ့အမဲသားကပိုကောင်းလဲကြည့်ကြတာပေါ့''
ဒါစိန်ခေါ်ခြင်းဖြစ်သလို ရန်စခြင်းလည်းဖြစ်သည်။
တဖက်က သူတို့ချင်းလင်အမဲသားမြည်းဖို့ဖိတ်ပြီး အဆုံးစွန်ထိလှုပ်ရှားခဲ့သည်။ ဒီနည်းနှင့် သူတို့ကိုနောင်တပြန်ရစေမည်။
Haiga ၏ရည်ရွယ်ချက်ကို လင်းလန်ဇီသိသည်။ သူမကအလောတကြီးမပြောဘဲ မေးခွန်းပြန်ထုတ်လိုက်၏_
"မစ္စတာ Haiga.. ကျွန်မသိသလောက်တော့ ရှင်တို့နိုင်ငံကဝဂ်ယူနွားအခြေအနေမကောင်းဘူး... ရှင့်လက်ထဲကအမဲသားက ဝဂ်ယူကိုကိုယ်စားပြုနိုင်ပါ့မလား?''
Haiga က နှာခေါင်းရှုံ့လိုက်ပြီး_
"ကျုပ်တို့ဂျပန်တစ်နိုင်ငံပဲ ဝဂ်ယူအမဲသားရှိတာမဟုတ်ဘူး... ဩစတြေးလျမှာလည်း ဝဂ်ယူရှိတယ်... သူတို့ဝဂ်ယူက ကျုပ်တို့ထက်မညံ့ဘူး... ပြီးတော့ ကျုပ်လက်ထဲကဝဂ်ယူက ဩစတြေးလျမှာအကောင်းဆုံးပဲ... အဲဒီတော့ ကျုပ်တို့ကဝဂ်ယူအမဲသားမထုတ်နိုင်ဘူးလို့ထင်ရင် မင်းတို့အမှားကြီးမှားသွားပြီ''
Haiga က လင်းလန်ဇီကိုတည့်တည့်စိုက်ကြည့်ရင်း သူအကုန်သိပုံနှင့်မာန်တက်နေသည်။
ဒီလိုအခြေအနေမျိုးမှာ တဖက်က သဘောမတူချင်ရင်တောင်တူရမည်၊ မဟုတ်ရင် အပြစ်ဖြစ်မည်ဟု သူသိထားသည်။
ထိုအချိန်တွင် Feida တို့အကဲဖြတ်သူများက အချင်းချင်းကြည့်လိုက်ကြသည်။ ဒီနေ့ပွဲကောင်းကောင်းကြည့်ရမည်ဟု Feida ဆီမှသိထားသော်လည်း Haiga က ဒီလောက်တဲ့တိုးဆန်မည်ဟုမထင်မိ။
အထူးသဖြင့် ဩစတြေးလျပါလာသည်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာ့အကောင်းဆုံးအမဲသားက ဂျပန်နှင့်ဩစတြေးလျမှာရှိသည်။
ဂျပန်နွားက ဒီလိုဖြစ်သွား၍ ဩစတြေးလျနွားသာရှိတော့သည်။
ချင်းလင်အမဲသားကိုနာမည်ဘယ်လိုပြောင်းပြောင်း ဂျပန်အမဲသားကိုပစ်မှတ်ထားခြင်းသာ။ ဩစတြေးလျအမဲသား၊တခြားအမဲသားများနှင့် ဘာမှမပတ်သက်။
အနည်းဆုံးတော့ ဩစတြေးလျက ဝဂ်ယူအမဲသားကိုအဖတ်ဆယ်နိုင်မည်။
အခု Haiga က အကောင်းဆုံးဩစတြေးလျအမဲသားကိုယူလာခဲ့ပြီ။ ရှုံးသွားရင် ပျော်စရာကောင်းပြီ။
ဂျပန်အမဲသားတင်မဟုတ်၊ ကမ္ဘာ့အမဲသားအကုန် ချင်းလင်အမဲသားကိုမမီကြောင်း သက်သေပြလိုက်သလိုဖြစ်မည်။
မျက်နှာပျက်စရာ။
သို့ရာတွင် Haiga က အလွန်ယုံကြည်ချက်ရှိပုံပေါက်နေသည်။
ထိုအချိန်တွင် အောင်ပွဲခံနေသည့် Haiga တစ်ယောက်တည်းမဟုတ်။
ဩစတြေးလျကလည်း ဒီကိစ္စကိုအာရုံစိုက်နေသည်။
ဂျပန်ကနွားတွေဒီလိုဖြစ်သွားရင် ကမ္ဘာမှာအကောင်းဆုံးအမဲသားရှိတာ သူတို့ဩစတြေးလျဖြစ်မည်။
ဩစတြေးလျမှခေါင်းဆောင်က Meryl Rexton ဖြစ်သည်။
Meryl Rexton က စပ်နွားကိုသ*တ်ပေးရန် Haiga နှင့်သဘောတူခဲ့သည်။ ရက်ရက်ရောရောပေးလာသောဆုလာဘ်အပြင် အရှေ့တိုင်းမှလူက ထောင်လွှားလွန်းသောကြောင့်လည်းပါသည်။