← Chapters

ဩစတြေးလျအမဲသားက ချင်းလင်အမဲသားထက်အရသာရှိလား? ၂

Vol. 78 Ch. 1166

ဩစတြေးလျအမဲသားက ချင်းလင်အမဲသားထက်အရသာရှိလား? ၂

Vol. 78 Ch. 1166

တဖက်က ဂျပန်မှဝဂ်ယူစပ်နွားတွေခိုးခဲ့သည်။ သူတို့ဘာသာပျိုးထောင်ထားခြင်းမဟုတ်ဘဲ ဝဂ်ယူနွားကို ချင်းလင်နွားဟုနာမည်ပြောင်းခဲ့သည်။ ချင်းလင်အမဲသားက ဝဂ်ယူအမဲသားထက်ပိုကောင်းသည်ဟုတောင် ကြွားရဲသေးသည်။

အကောင်းဆုံးအမဲသားအဖွဲ့ဝင်အနေနှင့် သူသည်းမခံနိုင်။

အခုဝဂ်ယူစပ်နွားကိုသ*တ်ပြီး Haiga ကိုပေးကာ အရှေ့တိုင်းမှလူကိုသင်ခန်းစာပေးခိုင်းလိုက်သည်။

စားသောက်ပွဲ၌_

Haiga စကားနားထောင်ပြီးနောက် လင်းလန်ဇီလည်းပြုံးလိုက်ပြီး_

"မစ္စတာ Haiga.. စားသောက်ပွဲဆိုမှတော့ အစားအသောက်နဲ့စိန်ခေါ်တာ မငြင်းပါဘူး... ရင်းရင်းနှီးနှီးဖလှယ်ကြတာပေါ့!''

သူမသဘောတူရဲသည့်အကြောင်းရင်းက ဥက္ကဌချင်က နားကြပ်မှတဆင့်သဘောတူခိုင်းသောကြောင့်ပင်။

အမှန်ပင်။ Live ထဲမှ Haiga ၏တောင်းဆိုချက်ကိုချင်လင်မြင်ခဲ့သည်။

သဘောမတူဘဲနေမလား?

ဒါသူ့ကိုမျက်နှာသာပေးသလိုပင်။

အရည်အသွေး ၂ အမဲသားနှင့်ဆို တဖက်က ဂျပန်မှအကောင်းဆုံးစားဖိုမှူးကိုခေါ်ခဲ့လည်းအပိုပင်။

သူဘယ်လောက်တော်တော်၊ Lasda ထက်တော်နိုင်ဦးမလား?

Lasda ရဲ့အရည်အချင်းနဲ့တောင် တစ်ဆင့်မတက်နိုင်တာ!

လိုင်းပေါ်တွင် ပွက်လောရိုက်နေသည်။ ချင်းလင်စံအိမ်စားသောက်ပွဲမှာ ဒီလိုအံ့ဩစရာဖြစ်ရပ်မျိုးဖြစ်လာမည်ဟု ပြည်သူများမထင်မိ။

ပြည်သူများလက်မခံနိုင်ကြောင်းသိသာသည်။

Haiga ရုတ်တရက်ထွက်လာပြီးခြိမ်းခြောက်ခြင်းကြောင့် အားလုံးနည်းနည်းစိတ်ပူနေသည်။ ချင်းလင်အမဲသားရှုံးရင် လူရယ်စရာဖြစ်မည်။

ထိုအချိန်တွင် ဘယ်သူမှ ချင်းလင်စံအိမ်ကိုဟာသမဖြစ်စေချင်။

စားသောက်ပွဲ၌_

လင်းလန်ဇီသဘောတူသောကြောင့် Haiga က လူယုတ်မာပြုံးပြုံးလိုက်သည်။ သူကလက်ယမ်းပြလိုက်ရာ စားဖိုမှူးဝတ်စုံနှင့်လူတစ်ယောက်လျှောက်လာသည်။

"သူက Watanabe.. ကျုပ်တို့ကိုယ်စားစားဖိုမှူးပဲ''

Haiga ကလည်း ပြုံးပြုံးနှင့်မိတ်ဆက်ပေးသည်။

Watanabe က ဂျပန်မှာအတော်ဆုံးစားဖိုမှူးတစ်ဦးဖြစ်သည်။ ဒီအတွက် သူပြင်ဆင်လာခဲ့သည်။

နောက်ပြီး ဒီအရှေ့တိုင်းကစော်ကားမှုကြောင့် သူတို့နိုင်ငံသားအားလုံးစည်းလုံးလာမည်။

ထိုအချိန်တွင် အကဲဖြတ်သူ Feida ကကြည့်ရင်း အံ့ဩသံနှင့်ဆွေးနွေးသည်။

"တကယ် Watanabe ပဲ... သူက ဂျပန်မှာအတော်ဆုံးစားဖိုမှူးတစ်ယောက်''

"ဟုတ်တယ်.. သူ့လက်ရာစားဖူးတယ်... တကယ်ကောင်းတာ''

"အမဲသားကောင်းကောင်းနဲ့ Watanabe ရဲ့လက်ရာ... မစ္စတာ Haiga က သေချာပြင်ဆင်လာတာပဲ''

“…”

ထိုအချိန်တွင် ဂျပန်မှအကဲဖြတ်သူများကလည်းပြုံးနေကြသည်။

Haiga အစီအစဉ်အကြောင်း သူတို့လည်းသိထားပြီးဖြစ်၍ ပွဲကြည့်ရန်စောင့်နေကြသည်။

သူတို့ကိုထိန်းချုပ်နိုင်တယ်ထင်ရင် ဒီအရှေ့တိုင်းကလူတွေမှားပြီ။ ဘာပဲဖြစ်ဖြစ် သူတို့ဂျပန်နိုင်ငံက နှစ်ပေါင်း ၁၇၀၀ ကျော် အခိုင်အမာသမိုင်းရှိထားသည်။

လင်းလန်ဇီက Haiga ကိုကြည့်လိုက်သော်လည်း တည်တည်ငြိမ်ငြိမ်နှင့်_

"မစ္စတာ Haiga က စားဖိုမှူးပါလာမှတော့ ကျွန်မတို့ဘက်က ကျပန်းစားဖိုမှူးတစ်ယောက်ရွေးတာပေါ့''

ဒါ ဥက္ကဌချင်ရဲ့ညွှန်ကြားချက်ပင်။

တဖက်ကခေါ်လာသောစားဖိုမှူးက ထိပ်တန်းဖြစ်မည်မှန်း ချင်လင်သိသည်။

သူကဒီနည်းသုံးပြီး တဖက်လူကိုအရှက်ခွဲချင်သည်။ တဖက်လူနှင့်ပြိုင်ရန် သူတို့ကကျပန်းရွေးမည်။ ဒါမှရှုံးရင် အမဲသားနှင့်မျက်နှာပျက်ရုံမက ဂျပန်စားဖိုမှူးတွေပါမျက်နှာပျက်ရမည်။

ထို့ကြောင့် လင်းလန်ဇီကပြောပြီးပြီးချင်း ကျပန်းတစ်နေရာဆီလက်ညိုးထိုးလိုက်သည်။

လက်ညိုးထိုးပြီးမှ သူမမှင်တက်သွား၏။

သူမလက်ညိုးကျရာမှာ နာမည်ကြီးဆယ်လီရှဲ့မျိုးရိုးဖြစ်နေသောကြောင့်ပင်။

ဒါ …

သူမ နည်းနည်းတုန်လှုပ်သွားသည်။ ကျပန်းစားဖိုမှူးဆိုရင်တောင် အားလုံးကကိုယ့်အရည်အချင်းနှင့်ကိုယ် စားသောက်ပွဲတက်ခဲ့ခြင်းဖြစ်ပြီး ဒီဆယ်လီကမူ သူ့နာမည်ကြောင့်ဖြစ်ဖို့များသည်။

ဘေးနားမှစားဖိုမှူးများလည်း အံ့ဩသွားသည်။ ကျပန်းရွေးတာ ဒီဆယ်လီကျမည်ဟု ဘယ်သူမှမထင်မိ။

ရှဲ့မျိုးရိုးစားဖိုမှူးလည်း စိတ်လှုပ်ရှားနေသည်။

သူအရွေးခံရမည်ဟုမထင်ခဲ့။ Haiga မှာ ကောင်းသောရည်ရွယ်ချက်နှင့်လာခြင်းမဟုတ်မှန်း သူသိသည်။ အမဲသားချင်းပြိုင်ပွဲဟုထင်ရသော်လည်း ဒီလောက်မရိုးရှင်း၊ တခြားကိစ္စများပါနေသည်။

နောက်ပြီး Haiga ကိုသူသိသည်။

အရင်က သူအစားအသောက်ရှိုးပွဲလုပ်ပြီး Haiga အပါအဝင် အကဲဖြတ်သူများကိုဖိတ်မည်ဟုတွေးခဲ့သည်။

သို့သော် အကဲဖြတ်သူများကငြင်းပြီး Haiga ရှေ့မှာတောင် သူ့ကိုလှောင်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူကဆယ်လီဖြစ်၍ ဆယ်လီတွေအစားအသောက်ရှိုးလုပ်တာ သူတို့ကိုစော်ကားသည်ဟုထင်ကြသည်။

ဘာကြောင့်မှန်းမသိ၊ သူ့သွေးတွေဆူပွက်လာသည်။ သူချင်းလင်အမဲသားကိုကိုယ်စားပြုချင်သောကြောင့် ရှေ့ထွက်လာ၏။

Live ကြည့်နေသူများက အလန့်တကြားအော်ကြသည်။

လူတိုင်း ဒီဆယ်လီကိုသိသည်။ လက်ရာကောင်းကောင်းနှင့်လူတစ်ယောက်ပင်။

နောက်ပြီး သူ့စရိုက်ကြောင့် လိုင်းပေါ်တွင်အတော်များများက ရှုတ်ချကြသည်။

ကြည့်ရတာ သူ့စရိုက်ကိုစမ်းသပ်ချိန်တန်ပြီ။

Haiga တို့ကလည်း ရှဲ့မျိုးရိုးဆယ်လီကိုမြင်ပြီးကြောင်သွားသည်။ သူ့ကိုသေချာမှတ်မိသောကြောင့် လင်းလန်ဇီအား သရော်သံနှင့်_

"မစ္စ.. သူ့ထက်ကောင်းတဲ့သူရွေးသင့်တယ်ထင်တယ်... မဟုတ်ရင် ရလဒ်က ဆုံးဖြတ်ပြီးသားဖြစ်သွားမယ်''

လင်းလန်ဇီကပြုံးလိုက်ပြီး_

"မစ္စတာ Haiga.. ကျွန်မတို့နိုင်ငံမှာ ဆိုရိုးရှိတယ်... 'တစ်ခွန်းဆို တစ်ခွန်း'တဲ့... ကျွန်မရွေးချယ်ပြီးမှတော့ ပြန်မပြောင်းပါဘူး''

"တကယ် မသိတတ်သား ထောင်လွှားတာပဲ''

Haiga နှာခေါင်းရှုံ့လိုက်သည်_

"ဒီလိုဆိုမှတော့... မစ္စတာ Watanabe.. ဒီနေရာ မင်းဆီအပ်လိုက်ပြီ''

"ကောင်းပါပြီ မစ္စတာ Haiga''

Watanabe က ခေါင်းညိမ့်ပြီး အမဲသားသေတ္တာယူလိုက်သည်။ သူ့မျက်နှာမှာ တာဝန်ထမ်းဆောင်မည့်ပုံနှင့်။

All Chapters