Chapters

ဩစတြေးလျအမဲသားက ချင်းလင်အမဲသားထက်အရသာရှိလား? ၃

Vol. 78 Ch. 1167

ဩစတြေးလျအမဲသားက ချင်းလင်အမဲသားထက်အရသာရှိလား? ၃

Vol. 78 Ch. 1167

သူ့တာဝန်က ဒီအမဲသားသုံးပြီး အရှေ့တိုင်းကလူတွေကိုသင်ခန်းစာပေးဖို့။

လင်းလန်ဇီက ဆယ်လီရှဲ့နှင့် Watanabe အတွက် သီးသန့်ကောင်တာနှစ်ခုပြင်ဆင်ခိုင်းသည်။

Haiga က အကဲဖြတ်သူနေရာပြန်သွားသည်။

ထိုအချိန်တွင် Feida နှင့်တခြားအကဲဖြတ်သူနှစ်ယောက်ရှေ့မှဖန်သားပြင်ကိုပိတ်လိုက်သည်။

အကဲဖြတ်ပြိုင်ပွဲဖြစ်၍ ဒိုင်များအနေနှင့် ပြိုင်ပွဲဖြစ်စဉ်ကိုမကြည့်ရ။ ပြီးမှ အစားအသောက်ယူလာရင် ဘက်လိုက်မှုမရှိဘဲမျှတမည်။

ရုပ်ရှင်ထဲကလို စားဖိုမှူးချက်နေသည်ကိုကြည့်ပြီး ဘယ်သူချက်မှန်းသိနေခြင်းက ဘက်လိုက်တတ်သည်။ တချို့စားဖိုမှူးများက လာဘ်တောင်ထိုးကြသည်။ ဒီတော့ မမျှမတဖြစ်လာသည်။

ဒီလိုအချက်အပြုတ်ရှိုးပွဲမျိုးက တကယ်အဓိပ္ပါယ်မရှိ။

Haiga ပြန်ရောက်လာသည်နှင့် တခြားအကဲဖြတ်သူများရောက်လာပြီး_

"ဘယ်လိုလဲ မစ္စတာ Haiga?''

တကယ်မေးခွန်းထုတ်ခြင်းပင်။ နောက်ကျမဲပေးရရင် ဝဂ်ယူအမဲသားကိုသေချာပေါက်ပေးမည်။

"မပူပါနဲ့''

Haiga က ပြုံးပြီး_

"ဒီအမဲသားက ပိုတောင်အရသာရှိသေးတယ်... ငါကိုယ်တိုင်စားကြည့်ပြီးပြီ... Rister မိသားစုကစပ်နွားလေ''

ဂျပန်အကဲဖြတ်သူများကခေါင်းညိမ့်ပြီး ပိုကောင်းသောဟင်းပွဲကိုမဲပေးရန်ဆုံးဖြတ်လိုက်သည်။

Haiga စကားကို သူတို့ယုံသည်။ သူမမှားနိုင်။

မြန်မြန်ဆန်ဆန်ပင်၊ အပြင်မှာ စနေကြပြီ။

ဆယ်လီကြီးနှင့် Watanabe က တပြိုင်တည်းအလုပ်စကြသည်။

Watanabe က အမဲသားတုံးကိုသေချာယူလိုက်သည်။ ရှဲ့မျိုးရိုးကလည်း ချင်းလင်အမဲသားကိုယူသည်။

နှစ်ဦးနှစ်ဖက်က ဓားကိုင်ကျွမ်းကျင်ပုံရသည်။ ဆယ်လီကသိပ်မတော်သော်လည်း Watanabe နှင့်အပြတ်အသတ်တော့ကွာမနေ။ ဘာပဲဖြစ်ဖြစ် Watanabe က ဂျပန်မှာအတော်ဆုံးစားဖိုမှူးတစ်ဦး။ သူ့မှာအရည်အချင်းရှိတာသေချာသည်။

နှစ်ယောက်လုံးက ချက်ရပြုတ်ရသိပ်မခက်သောအမဲသားနှပ်လုပ်ကြသည်။

အမဲသားတုံးမှာမညီ၊ အသားအနုနှင့်အရင့်ကြား ကွာခြားမှုရှိသောကြောင့် နောက်ဆုံးအရသာအပေါ်သက်ရောက်မှုရှိနိုင်သည်။

နောက်ပြီး နှစ်ယောက်သားချက်ပြုတ်ပုံက မျက်စိကျိန်းလောက်သည်။

နာမည်ကြီးရှဲ့မျိုးရိုးဆယ်လီ၏လှုပ်ရှားမှုများက မျက်စိပသာဒဖြစ်စရာကောင်းနေသည်။

အရင်က သူ့အချက်အပြုတ်ရှိုးမှာ 'အထူးပြင်ဆင်ချက်တွေများထည့်ထားသလား၊ ဒါမှမဟုတ် တခြားစားဖိုမှူးတွေရဲ့ချက်နည်းကို ဗီဒီယိုတည်းဖြတ်ထားသလား'ဟု မေးခွန်းထုတ်ခံရသည်။ အခုတော့ အဲလိုမဟုတ်ကြောင်းသက်သေပြနေပြီ။

မြန်မြန်ဆန်ဆန်ပင်။ နှစ်ယောက်လုံး၏အမဲသားက အိုးထဲမှထွက်လာသည်။

အရောင်အသွေးနှင့်ပုံစံအရ နှစ်ဖက်လုံးညီမျှနေသောကြောင့် Live ကြည့်နေသောပရိသတ်များအံ့ဩသွားသည်။ ဒီဆယ်လီကြီးက အရည်အချင်းရှိပုံရသည်။

ထိုအချိန်တွင် သီးသန့်လူတစ်ယောက်က အမဲသားဟင်းနှစ်ပွဲကို ခွက်လေးများနှင့်ပြန်ခွဲလိုက်သည်။

ဒီလိုဆိုရင် Haiga တို့အကဲဖြတ်သူတွေ ဘယ်သူချက်မှန်းမသိတော့။

စားသောက်ပွဲမှစားဖိုမှူးများနှင့် Live ပရိသတ်များသာ နံပါတ် ၁ က ချင်းလင်အမဲသား၊ နံပါတ် ၂ က ဝဂ်ယူအမဲသားဟုသိကြသည်။

အမဲသားကို အကဲဖြတ်သူများရှိရာယူလာသည်။

ထိုအချိန်တွင် စားသောက်ပွဲဖန်သားပြင်နှင့် Live တွင် အကဲဖြတ်သူများကိုပြသည်။

စားသောက်ပွဲအတွင်းစောင့်ကြည့်နေသောပရိသတ်များတောင် ဖန်သားပြင်ကိုကြည့်ကြသည်။ တခဏအတွင်း သူတို့နည်းနည်းစိတ်လှုပ်ရှားသွားသည်။

အမဲသားနှစ်ပွဲကို သီးသန့်နေရာယူလာပြီး အကဲဖြတ်တစ်ဦးစီရှေ့တွင် ပန်းကန်လေးနှစ်လုံးနှင့်ထည့်ထားပေးသည်။

တစ်ပန်းကန်က ချင်းလင်အမဲသားဖြစ်ပြီး နောက်တစ်ပန်းကန်က ဝဂ်ယူအမဲသားဖြစ်သည်။

Haiga က သူ့ရှေ့မှပန်းကန်လေးကိုယူပြီး တူကိုင်လိုက်သည်။ သူယူလိုက်သောပန်းကန်က နံပါတ် ၂။

သူကတစ်လုတ်စားပြီး ရယ်လိုက်သည်။ ဒါ သူယူလာတဲ့အမဲသား။ သူမြည်းကြည့်ထားတာ မကြာသေး။ အရင်တစ်ခါလည်း Watanabe လက်ရာဖြစ်ပြီး တစ်ထပ်တည်းပင်။

အရသာအရမ်းရှိနေဆဲ။

ထို့နောက် ချင်းလင်အမဲသားပန်းကန်ကိုကြည့်လိုက်သည်။ ဒီအမဲသားအရသာဘယ်လိုနေမလဲ သူသိချင်သည်။ ဘယ်လောက်ကောင်းလို့များကြွားရဲတာလဲ?

ချင်းလင်အမဲသားနှစ်လုတ်စားပြီးနောက် သူ့မျက်နှာတန်းပြောင်းသွားသည်။

သူ့လျှာထဲစိမ့်ဝင်လာသောအရသာကြောင့် သူမျက်လုံးကျယ်သွား၏။

ဒီအရသာ၊ ဒီအထိအတွေ့၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

ဘေးနားတွင် ဂျပန်မှအကဲဖြတ်သူများလည်း အမဲသားနှစ်မျိုးကိုအရသာခံပြီးကြပြီ။ နံပါတ် ၁ အမဲသားက နံပါတ် ၂ အမဲသားထက်အရသာပိုကောင်းမှန်း သေချာခံစားမိသည်။

တနည်းပြောရရင် နံပါတ်တစ်အမဲသားက မစ္စတာ Haiga ယူလာတဲ့အမဲသားပေါ့။