← Chapters

အခန်း (၉၀၁-၉၀၅)

Vol. 37 Ch. 901-905

အခန်း (၉၀၁-၉၀၅)

Vol. 37 Ch. 901-905

နတ်သားရဲမလေးရဲ့ ကမ္ဘာသစ် Book-37

အခန်း(၉၀၁) နောက်တစ်ခါ မဖြစ်စေရဘူး

“ဒါပေမယ့် ကျုပ်တို့ကို ဘာမှအကြောင်းမကြားဘဲ ကျုပ်တို့သမီးလေးကို ဒီတိုင်း ခေါ်သွားလို့ မရဘူးလေ!”

“ခင်ဗျားတို့ အလုပ်များနေတာတွေ့လို့ စိတ်အနှောင့်အယှက် မဖြစ်စေချင်လို့ပါ”။ ဆရာကြီးရှုယီ နှာခေါင်းပွတ်လျက် ဆင်ခြေပေးလိုက်သည်။

“အဓိပ္ပာယ်မရှိတာ! ကျုပ်တို့ အလုပ်များနေတာ မှန်ပေမယ့် စူစူလေးနဲ့ ပတ်သတ်လာရင် အချိန်ပေးနိုင်တယ်!”

“ဟုတ်ပါပြီ ဟုတ်ပါပြီ။ နောက်တစ်ခါ မဖြစ်စေရဘူး”။ ဆရာကြီးရှုယီ ကတိပေးလိုက်သည်။

ဆရာကြီးရှုယီက အရှက် မရှိပါများလျှင် ထုံသွားလိမ့်မည်ဟု ခံယူထားသူဖြစ်သည်။

“ဘာကို နောက်တစ်ခါလဲ! အခုချက်ချင်း စူစူလေးကို အိမ်ပြန်ခေါ်လာခဲ့စမ်း!”

ဆရာကြီးရှုယီ ဖုန်းကို မျက်နှာနဲ့ ချက်ချင်း ခွာလိုက်သည်။

စပီကာဖွင့်ပြောလိုက်တာ ကံကောင်းသွားပါသည်။ နားရွက်အနားသာ ကပ်ပြောလိုက်ပါက သူ့နားစည်တွေ ကွဲသွားနိုင်သည်။

“ဟမ် ဘာပြောလိုက်တယ်။ စူစူလေးနဲ့ ကျုပ်နဲ့ တောင်ပေါ်မှာ ဆေးပင်ရှာနေတာလေ ဟယ်လို! ဒီမှာ လိုင်းလည်း သိပ်မကောင်းဘူး ဟယ်လို ဟယ်လို…”

“အဘိုးကြီးယန် ပြန်လာခဲ့လို့ ကျုပ်ပြောနေတယ် ကြားလား”

“ဟယ်လို အဘိုးချင်း ကြားရလား ဟယ်လို…”

“အဘိုးကြီးယန်! ကျုပ်သမီးလေးကို ပြန်ခေါ်လာခဲ့!!”

တီ တီ တီ…

ဆရာကြီးရှုယီ ဖုန်းအမြန်ချကာ ချက်ချင်း လေယာဉ်တင်လိုက်ပါသည်။ ဒါမှ တကယ်တောင်ပေါ်ရောက်နေသဖြင့် လိုင်းမကောင်းတာနဲ့ တူသွားပါလိမ့်မည်။

နဖူးပေါ်မှ ချွေးစက်များကိုလည်း သုတ်လိုက်သည်။ ချင်းအိမ်တော်ကို ပြန်ရောက်လျှင် အဘိုးချင်းနဲ့ အဘွားချင်းတို့ သူ့ကို အရှင်လတ်လတ် အရေခွံနွှာတော့မည်ထင်သည်။

“ဦးလေးပိုင်ဟူကျစ် ဖေဖေနဲ့ မေမေတို့ အရမ်းစိတ်ဆိုးနေပြီလား”

“မဟုတ်ပါဘူး မဟုတ်ပါဘူး။ သူတို့ စူစူလေးကို စိတ်ဆိုးတာ မဟုတ်ပါဘူး”

ထားလိုက်ပါတော့။ ကျန်တာ နောက်မှ စဉ်းစားမယ်။ လောလောဆယ် ရှေ့က ပြဿနာကို အရင်ရှင်းရမယ်!

“ဪ အာ့ဆိုလည်း ကိုကြီးကို သွားကယ်ရအောင်!”

ဆရာကြီးရှုုယီ၏ လက်ကိုဆွဲပြီး စူစူလေး ဆိပ်ကမ်းရှိရာထံသို့ ပြေးသွားလေသည်။

“စူစူလေး ဘယ်သွားမလို့လဲ”။ ဆရာကြီးရှုယီ ရင်ထဲ လေးလံလာပြီး မေးလိုက်ပါသည်။

“ဟိုဘက်ကို ဟိုဘက်ကို!”

စူစူလေး ပင်လယ်ပြင်ဘက်သို့ လက်ညှိုးထိုးပြလိုက်လေသည်။

“ဘာ… ပင်လယ်ထဲကိုသွားမလို့လား”။ စူစူလေး လက်ညှိုးထိုးရာထံသို့ ဆရာကြီးရှုယီ လိုက်ကြည့်လိုက်သည်။

“အွန်း!”

“ဘယ်လို… စူစူလေးရဲ့ ကိုကြီးက လူလေ ငါးမှ မဟုတ်တာ ဘာလို့ ပင်လယ်ထဲမှာ ရှိနေမှာလဲ”။ ဆရာကြီးရှုယီ မေးလိုက်သည်။

“ဟူကျစ်ပြောတာ! အဲ့တာကြောင့် မမှားနိုင်ဘူး!”။ စူစူလေး အတိအကျ ပြောလိုက်လေသည်။

စူစူလေး လက်ညှိုးထိုးပြသည့်အရပ်တွင် ဆိပ်ကမ်းမှ ထွက်ခွာသွားသည့် ဇိမ်ခံသင်္ဘောတစ်စီးကို ဆရာကြီးရှုယီ မြင်သွားသည်။

“မြောင်!”။ အဲ့ဒီထဲမှာ အဲ့ဒီထဲမှာ!

“သူ သင်္ဘောပေါ်မှာပဲ!”။ ဆရာကြီးရှုယီ ခေါင်းကိုက်သွားလေသည်။

သူဘယ်လို လုပ်ရမလဲ…

တောင်တွေ၊ မြေပြန့်တွေ၊ မြို့ကြီးတွေ အားလုံးက သွားရလွယ်ကူပေမယ့် ပင်လယ်ကို ဖြတ်သန်းဖို့တော့ ခက်တယ်…

“ဦးလေး ပိုင်ဟူကျစ်၊ သမီးရေကူးသွားလိုက်မယ်!”

စူစူလေး ပင်လယ်ထဲ ခုန်ချဖို့ ပြင်လိုက်သည်။

သို့သော် ဆရာကြီးရှုယီက အမြန်တားလိုက်ပါသည်။

“စူစူလေးမှ ရေမကူးတတ်တာ!”။

လူတစ်ယောက်ကို ကယ်တင်ချင်တိုင်း ဒီကလေးမလေး စိတ်လိုက်မာန်ပါ လုပ်တတ်သည်။

“ဪ ဟုတ်သားပဲ၊ သမီး ရေမကူးတတ်ဘူး”

ဆရာကြီးရှုယီ၏ စကားကို ကြားသောအခါ စူစူလေး သေချာပြန်စဉ်းစားလိုက်ပြီး အရင်တစ်ခေါက်က ပင်လယ်ဂါနိုးဒါးမား ဆင်းခူးခဲ့သည့် အဖြစ်ကို ပြန်သတိရသွားသည်။

“မဟုတ်ဘူး ဦးလေးပိုင်ဟူကျစ်! သမီးက ပင်လယ်ထဲမှာလည်း အစွမ်းရှိတယ်!”

သူမ ရေမကူးတတ်သော်လည်း ပင်လယ်ထဲက သတ္တဝါလေးတွေ ကူညီပေးပါလိမ့်မည်။

“စူစူလေး မလုပ်နဲ့! စူစူလေး အစွမ်းထက်တာ သိပေမယ့် ဒီတိုင်းရေကူးသွားဖို့ အဆင်မပြေဘူး။ ဦးလေး လှေတစ်စီး ရှာပေးမယ်နော်!”

စူစူလေးကို ပင်လယ်ထဲ ခုန်ချမသွားအောင် တားဆီးဖို့အတွက် ဆရာကြီးရှုယီ ခေါင်းခဲကာ စဉ်းစားလိုက်ပါသည်။

“လှေဟုတ်လား၊ ဦးလေးပိုင်ဟူကျစ်မှာ လှေလည်း ရှိတာပဲလား”

“ရှိတာပေါ့! ဦးလေးပိုင်ဟူကျစ်က အရမ်းတော်ပြီးသား! စူစူလေးအတွက် အားလုံး ဖန်ဆင်းပေးနိုင်တယ်!”

… … …

အခန်း(၉၀၂) ရွေးချယ်စရာမရှိဘူး

စူစူလေး၏ ချစ်စရာ မျက်လုံးလေးများကို ကြည့်ရင်း ဆရာကြီးရှုယီ ယုံကြည်ချက်များ ပြန်ပြည့်ဝသွားခဲ့ပါသည်။

“ဒါဆို ဦးလေးပိုင်ဟူကျစ် သမီးအတွက် လှေတစ်စင်း ဖန်ဆင်းပေး! သမီးတို့ ကိုကြီးနောက် လိုက်သွားကြမယ်!”။ စူစူလေး ပြောလိုက်သည်။

သူမရဲ့ သူငယ်ချင်းတွေကို သူမ ကာကွယ်ပေးရမည်။

ကိုကြီးနဲ့ ဘော်ဒီဂတ်လေးတို့ကို လာထိရဲသည့် လူဆိုးများအား သူမ နှိမ်နင်းပစ်ပါမည်။

စူစူလေးကို မတားနိုင်တော့မှန်း သိသဖြင့် ဆရာကြီးရှုယီလည်း နောက်ထပ် လူတစ်ယောက်ဆီ ဖုန်းဆက်ပြီး လှေတစ်စင်း အမြန်တောင်းလိုက်ရပါသည်။

ဆရာကြီးရှုယီကို ကျေးဇူးဆပ်ချင်နေသည့် လူများအနက် ဒီဆိပ်ကမ်းမှာ အလုပ်လုပ်နေသည့် တံငါသည် တစ်ယောက်လည်း ပါဝင်သည်။

ထို့ကြောင့် ဆရာကြီးရှုယီ ထိုတံငါသည်ကို ချက်ချင်း ခေါ်လိုက်ပြီး သူနဲ့ စူစူလေးတို့ကို ခေါ်ကာ ဆိပ်ကမ်းမှ ထွက်ခါစ ပြုနေပြီဖြစ်သည့် သင်္ဘောနောက်သို့ လိုက်ပို့ဖို့ တောင်းဆိုလိုက်ပါသည်။

ငါးဖမ်းလှေ၏ ကုန်းပတ်ပေါ်တွင် မတ်တပ်ရပ်နေရင်း ဆရာကြီးရှုယီ မျက်မှောင်ကြုတ်နေသည်။ စိတ်ထဲမှာလည်း စူစူလေး ဘေးကင်းစေဖို့ ဘယ်လိုကာကွယ်ပေးရမလဲဆိုတာ စဉ်းစားနေပါသည်။

စူစူလေးကို တားဖို့ကတော့ မဖြစ်နိုင်ပါ။

ထို့အပြင် စူစူလေးကို ကူညီချင်ယောင် ဆောင်ပြီး အစီအစဉ်ကို ဖျက်ဆီးဖို့လည်း ဆရာကြီးရှုယီ မလုပ်ရက်ပါ။

စူစူလေး၏ ဆရာဟူသည့် ဗေဒင်ဆရာအစုတ်ကလည်း အရေးကြီးသည့်အချိန်ရောက်မှ အကူအညီပေးဖို့ ငြင်းဆန်နေသည်။

အခုချိန်မှာ ရှောက်ကျင်းယန်နဲ့ စန်းကျစ်တို့ကို ဆက်သွယ်ခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်လိမ့်မည်။ သို့သော် ဒီလို ဆက်သွယ်လိုက်ပါက ချင်းမိသားစု အားလုံး သိသွားလိမ့်မည်။ သူမ မိဘတွေကို စိတ်ပူအောင် မလုပ်ဖို့ စူစူလေးအား သူ ကတိပေးထားပါသည်။

အချိန်အကြာကြီး စဉ်းစားပြီးနောက် သခင်ကြီးလုကို ဆက်သွယ်ဖို့သာ ဆရာကြီးရှုယီ ဆုံးဖြတ်လိုက်သည်။

သူ့မြေးကို ကယ်တင်ပေးနေရတာဖြစ်သဖြင့် အနည်းဆုံးတော့ ကူညီပေးသင့်သည်။

လုကျန်းယွီ၏ အဘိုးဖြစ်သည့်အတွက် ဆရာကြီးရှုယီထံမှာ သခင်ကြီးလု၏ ဖုန်းနံပါတ် ရှိပါသည်။

ထို့ကြောင့် ပင်လယ်ပြင်ကြီးဆီ စူစူလေး အာရုံရောက်နေစဉ် သခင်ကြီးလုထံသို့ ဆရာကြီးရှုယီ မက်ဆေ့ ခိုးပို့လိုက်ပါသည်။

မက်ဆေ့ထဲမှာ အချက်အလက်အားလုံး ပါဝင်သည်။ သခင်ကြီးလုသာ မက်ဆေ့ကို မြင်လျှင် သူ့လူတွေနဲ့ ချက်ချင်း ရောက်လာမှာ သေချာပါသည်။

ဒီလိုလုပ်ခြင်းအားဖြင့် စူစူလေး ဘေးကင်းမည်ဟု အာမ မခံနိုင်သော်လည်း အနည်းဆုံးတော့ အရံအစီအစဉ်အဖြစ် ထားနိုင်သည်။

ဆရာကြီးရှုယီ ဘာတွေစဉ်းစားနေသလဲဆိုတာ စူစူလေး မသိပေ။ ရှေ့က ဇိမ်ခံသင်္ဘောကြီးကိုသာ သူမ စိုက်ကြည့်နေပါသည်။

သူမမှာ အတောင်ပံသာရှိလျှင် ချက်ချင်း ပျံသန်းမိလောက်သည်။

“ဟူကျစ် ခဏနေရင် သင်္ဘောကြီးပေါ်က လူတွေအားလုံးကို ပင်လယ်ထဲ ပစ်ချလိုက်!”

“မြောင်!”။ ဟုတ်ပြီ!

“ငါတို့ ကိုကြီးကို တွေ့ရင် သူ့ကို အရင်ကယ်ရမလား လူဆိုးကြီးကို အရင်နှိမ်နင်းရမလား”။ စူစူလေး စဉ်းစားရခက်နေသည်။

“မြောင်!”။ သခင်က ကိုကြီးကို ကယ်ပြီး ပြေးလိုက်! လူဆိုးကြီးကို ငါနှိမ်နင်းလိုက်မယ်!

“ဒါမယ့် လူဆိုးကြီးကို ငါလည်း ချချင်တယ်လေ!”

“မြောင်!”။ အဲ့တာဆို လူဆိုးကြီးကို သခင်နဲ့အတူတူ နှိမ်နင်းမယ်! ပြီးရင် ကိုကြီးကိုလည်း အတူတူ ကယ်ကြမယ်!

“ကောင်းတယ်! အဲ့လို လုပ်ကြမယ်! သူ့ကို ပူးပေါင်းပြီး တိုက်ကြမယ်!”

စူစူလေးနဲ့ ဟူကျစ်တို့ ယုံကြည်ချက်အပြည့်ဖြင့် တိုက်ပွဲဗျူဟာခင်းလိုက်ပါသည်။

သင်္ဘောကြီးနား တဖြည်းဖြည်း ကပ်လာသောအခါ ဆရာကြီးရှုယီလည်း ရွေးချယ်စရာမရှိတော့ဘဲ ကံကိုသာ ပုံအပ်နိုင်တော့သည်။

ဘာမှ ရှောင်လွှဲလို့ မရတော့ဘူး

စွန့်စားလိုက်တော့မယ်!

--- --- ---

အနီရောင်ခလုတ်ကို အာ့ချောင် နှိပ်လိုက်သောအခါ အခန်းထဲက မီးတွေအားလုံး အမှောင်ကျသွားသည်။

ကျောက်တိုင် ၈ တိုင်ပေါ်ရှိ ဖန်လုံးများမှ အဖြူရောင် အလင်းတန်းများ ထွက်ပေါ်လာလေသည်။

ထိုအလင်းတန်းများက ကြမ်းပြင်ပေါ် ဆင်းလာသည်။ ကြမ်းပြင်ကို အထူး သတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားပုံရပြီး ထိုအလင်းတန်းဖြင့် ထိရိုက်သောအခါ အလင်းတန်းများက စက်ဝန်းအလယ်တည့်တည့်မှာရှိနေသည့် လုကျန်းယွီဆီ စုပြုံရောက်ရှိလာကြလေသည်။

အလင်းတန်း ၈ ခုစလုံး လုကျန်းယွီ၏ ခန္ဓာကိုယ်ပေါ် သက်ရောက်လာကြသည်။

လုကျန်းယွီ၏ ခန္ဓာကိုယ်ထဲ လျှပ်စစ်ဓာတ်များ ထိုးတက်လာပြီး တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် လှုပ်ခါလာသည်။

သူ့ ခန္ဓာကိုယ်တစ်ခုလုံး အရိုးမှစလို့ ဆဲလ်တစ်ခုချင်းစီအထိ တုန်ယင်နေပြီး စူးစူးရှရှ နာကျင်မှုများကို ခံစားနေရသည်။

ထိုတုန်ခါမှုများက ၁၀ စက္ကန့်၊ ၂၀ စက္ကန့်နှင့် ၃၀ စက္ကန့်ကြာသည်အထိ ပျောက်မသွားခဲ့ပေ။

… … …

အခန်း(၉၀၃) သင်္ဘောကြီးကို ဝင်တိုက်ခြင်း

မိနစ်ပေါင်းများစွာကြာပြီး လုကျန်းယွီ သတိလစ်လုနီးပါးဖြစ်နေသော်လည်း ထန်ထိုက်မင်က မရပ်တန့်ခိုင်းသေးပေ။

အာ့ချောင် ထိုမြင်ကွင်းကို သိပ်မကြည့်ရဲတော့ပါ။ သာမန် ကလေးတစ်ယောက်သာဆို လက်ရှိ လျှပ်စီးအားနဲ့ သေဆုံးသွားနိုင်သည်။

ထို့အပြင် အစီအရင်၏ လိုအပ်ချက်အရ ၄ မိနစ်နဲ့ ၄၄ စက္ကန့်ကြာအောင် ခံရမှာဖြစ်သည်။

ဘယ်လိုလူသားကမှ ခံနိုင်ရည်ရှိမှာ မဟုတ်ပေ။

နောက်ဆုံးမှာ သူတို့ နိုင်သည်ဖြစ်စေ၊ ထိုပုဂ္ဂိုလ် နိုင်သည်ဖြစ်စေ ဒီလူသားခန္ဓာကိုယ် ကလေးကတော့ သေဆုံးမှာ သေချာသည်။

သို့သော် ဒါက သူ့ဘော့စ်ရဲ့ ဆန္ဒဖြစ်မှန်း အာ့ချောင် သိသည်။ ဒီလို လုပ်မှကို ဖြစ်ပါမည်။

လုကျန်းယွီကို ဒီလို မလုပ်ပါက သူတို့ဘော့စ် သေဆုံးရလိမ့်မည်။

နောက်ထပ် တစ်မိနစ်ခန့်ကြာသောအခါ လုကျန်းယွီ လုံးဝ သတိလစ်နေပြီဖြစ်သည်။

သို့သော် မလုံလောက်သေးပါ။ အချိန်ပိုလိုအပ်သေးသည်။

စက္ကန့် ၃၀ လောက် ထပ်ကြာတာနဲ့ သူအောင်မြင်တော့မည်။

ဝုန်း!!!

အသံကျယ်ကြီးတစ်ခုနဲ့အတူ သင်္ဘောကြီးတစ်စင်းလုံး လှုပ်ခါသွားကာ ထန်ထိုက်မင်မှအပ သင်္ဘောပေါ်က လူအားလုံး ဟန်ချက်ပျက် လဲကျသွားလေသည်။

လှုပ်ခါမှုကြောင့် သင်္ဘောပေါ်က ပရိဘောဂတွေအားလုံးလည်း လဲကျ ပျက်စီးကုန်သည်။

ထို့ကြောင့် ထန်ထိုက်မင်၏ အောင်မြင်လုစဲစဲ အစီအရင်လည်း ရပ်တန့်သွားခဲ့ရပါသည်။

Bagua စက်ဝန်း အစီအရင်က အလွန်ခိုင်မာပြီး ပျက်စီးမလွယ်သော်လည်း ပါဝါပြတ်တောက်သွားကာ လျှပ်စီးကြောင်းများ ရပ်တန့်သွားသဖြင့် အစီအရင် ရပ်တန့်သွားခဲ့ရခြင်းဖြစ်သည်။

ဘာဖြစ်သွားတာလဲ!

အာ့ချောင် ချက်ချင်း မတ်တပ်ပြန်ရပ်ကာ အခြေအနေကို သိရဖို့ ကုန်းပတ်ဆီ ပြန်တက်သွားခဲ့သည်။

ထိုအခါ သူတို့သင်္ဘောကြီးကို ငါးဖမ်းလှေတစ်စင်းက ဝင်တိုက်လိုက်တာဖြစ်မှန်း မြင်လိုက်ရလေသည်။ နှစ်စင်းစလုံး ထိခိုက်မှုကြီးမားသည်။

ထို့နောက် အာ့ချောင် အောက်ထပ်သို့ ပြန်ဆင်းလာပြီး ထန်ထိုက်မင်အား ပြောပြလိုက်ပါသည်။

ထန်ထိုက်မင်၏ မျက်လုံးများ အလွန်အေးစက်နေပါပြီ။ စက်ဝန်းရဲ့ အလယ်မှာာ သတိလစ်နေသည့် လုကျန်းယွီအား စူးစူးရှရှ စိုက်ကြည့်နေသည်။ လုကျန်းယွီ တစ်ကိုယ်လုံး ဖြူရော်နေပြီး နှုတ်ခမ်းတွေလည်း ပြာနေပါသည်။

နည်းနည်းလေးပဲလိုတော့တာ!

ငါအကြာကြီး စောင့်ခဲ့ရတာ!

ဘာလို့လဲ!

ထိခိုက်သွားသည့် ဂျန်နရေတာအား သွားစစ်ဆေးဖို့ အာ့ချောင် သူ့လူတွေကို လွှတ်လိုက်သည်။

ထို့နောက် ထန်ထိုက်မင်ကို သူပြောလိုက်၏။ “ဘော့စ် အပြင်က ကိစ္စ ကျွန်တော် သွားရှင်းလိုက်မယ်။ ပြီးရင် ဂျန်နရေတာကို ပြင်ခိုင်းလိုက်မယ်။ ဘာမှ စိတ်မပူပါနဲ့။ အစီအရင်ကို ဆက်လုပ်နိုင်မှာပါ!”

“ဘယ်လောက်ကြာမှာလဲ”။ ထန်ထိုက်မင်အတွက် စက္ကန့်တိုင်းက အလွန်ကြာမြင့်သည်။

“၁၀ မိနစ်ပါပဲ! ၁၀ မိနစ်ဆို အားလုံး အဆင်ပြေပြီ!”။ အာ့ချောင် တိတိကျကျ ပြောလိုက်လေသည်။

“ငါ ၁၀ မိနစ် စောင့်နေမယ်”

ထန်ထိုက်မင် စကားဆုံးတာနဲ့တစ်ပြိုင်နက် ကုန်းပတ်ပေါ်မှ တိုက်ခိုက်သံတွေ ထွက်ပေါ်လာသည်။

အော်သံတွေ တစ်ခုပြီးတစ်ခု ကြားခဲ့ရသည်။ ထိုအော်သံတွေက သူ့လူတွေရဲ့ အော်သံတွေသာ ဖြစ်သည်။

သူတို့ သင်္ဘောကြီး အတိုက်ခံလိုက်ရတာ မတော်တဆမှု မဟုတ်မှန်း သိသာသည်။ တစ်စုံတစ်ယောက်က သူတို့နောက် လိုက်လာခြင်းသာ။

ထိုလူတွေ အားသာချက်ရထားသည်။ ဒီတိုင်းလွှတ်ထားပါက မကြာခင် ထန်ထိုက်မင်တို့ဆီ ရောက်လာပါတော့မည်။

ထန်ထိုက်မင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။

အရေးကြီးဆုံးအချိန်ကို ရောက်နေပြီ…

သူ့ နတ်စွမ်းအင်တွေကို ထပ်သုံးလို့ မဖြစ်ဘူး…

အခုချိန်သာ ပြစ်ဒဏ်ခတ်ခံရရင် သူကြိုးစားထားခဲ့သမျှ လက်တကမ်းအလို ရောက်မှ ကျရှုံးသွားရလိမ့်မယ်!

အာ့ချောင်လည်း ရင်ထဲ တင်းကြပ်သွားသည်။

ရန်သူတွေက တော်တော် စွမ်းအားကြီးတာပဲ!

သူတို့လူတွေ မယှဉ်နိုင်တော့ဘူး!

မဖြစ်ဘူး! ဘော့စ်ရဲ့ အစီအရင် ကျရှုံးလို့ မဖြစ်ဘူး!

အာ့ချောင် ကျိန်ဆိုထားသည်။ သူ့ဘော့စ်ရဲ့ ရည်ရွယ်ချက်ကို အောင်မြင်အောင် အစွမ်းကုန် ကူညီပေးပါမည်။

ကျန်ရှိနေသည့် လက်အောက်ငယ်သားများကို ခေါ်လျက် အာ့ချောင် ကုန်းပတ်ပေါ် ပြန်ပြေးတက်လာခဲ့သည်။

ကြံ့ကြံ့ခိုင်ခိုင် တိုက်ခိုက်ရေးသမားများကို မြင်ရဖို့ မျှော်လင့်ထားသော်လည်း အာ့ချောင် မြင်လိုက်ရတာက စူစူလေးနဲ့ သူမရဲ့ကြောင်ဖြူလေးသာ ဖြစ်ပါသည်။

သူတို့နှစ်ယောက် ဘေးနားမှာ လူတွေအများကြီး လဲကျ ပြန့်ကျဲနေလေသည်။ တချို့က သတိလစ်နေပြီး တချို့က ပြင်းပြင်းထန်ထန် နာကျင်မှုကြောင့် ပြန်မထနိုင်ပါ။ တချို့ဆို ခြေတွေလက်တွေ အားလုံး ကျိုးနေကြသည်။

ဒီကလေးမလေးတစ်ယောက်နဲ့ ကြောင်လေးတစ်ကောင်ပဲ ရှိတာလား…

သူတို့ရဲ့ လက်ရွေးစင်တွေကို ဒီအဆင့်ထိရောက်အောင် လုပ်လိုက်တာ ဒီကလေးမလေးလား…!

… … …

အခန်း(၉၀၄) တစ်စုံတစ်ယောက်ကို ရှာချင်ရုံပါ

စူစူလေးအကြောင်း အာ့ချောင် သိသည်။

ဟိုးအရင်ကတည်းက ဒီက‌လေးမလေးကို သူတို့ဘော့စ် အာရုံစိုက်ထားခဲ့သည်။ ဒီကလေးမလေးမှ ထူးခြားသည့် အစွမ်းတွေ အများကြီးရှိမှန်း အာ့ချောင်သိပါသည်။

သူမက ခွန်အားကြီးသည်။ ကံအလွန်ကောင်းသည်။ ဘေးနားမှာလည်း ထူးခြားသည့် အခြွေအရံတွေ အများကြီး ရှိသည်။

ထို့အပြင် ဒီကလေးမလေးက သူတို့ ရှာဖွေနေသည့် ပုဂ္ဂိုလ်လိုပဲ သာမန် လူတစ်ယောက် မဟုတ်သဖြင့် သတိထားပြီး ကိုင်တွယ်ရမည်ဟု သူတို့ဘော့စ် သတိပေးထားပါသည်။

သို့သော် စူစူလေးကို သူတို့တစ်ခါမှ ထိပ်တိုက် ရင်မဆိုင်ဖူးပေ။

ထို့ကြောင့် စူစူလေး၏ တိုက်ရည်ခိုက်ရည်အကြောင်းကိုတော့ အာ့ချောင် ကောင်းကောင်း နားမလည်သေးပါ။ သူတို့ရဲ့ လက်ရွေးစင် တစ်ဝက်လောက်ကို သူမတစ်ယောက်တည်း နှိမ်နင်းနိုင်ခဲ့တာလားဆိုတာလည်း မသေချာပါ။

ထိုစဉ် ဆရာကြီးရှုယီ လှေကားမှတက်လာပြီး ကုန်းပတ်ပေါ်သို့ ရောက်လာပါသည်။

ထို့နောက် လက်နောက်ပစ်လျက် စူစူလေးဘေးသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။

ဆံပင်ဖြူဖြူ၊ မုတ်ဆိတ်ဖြူဖြူနဲ့ သူ့ပုံစံက မသေမျိုး ပညာရှင်ကြီးတစ်ယောက်နဲ့ တူလှသည်။

အာ့ချောင်တို့ အဖွဲ့ကို မြင်သောအခါ ဆရာကြီးရှုယီ ဟန်ဆောင် သက်ပြင်းချလိုက်ပါသည်။ “ဟူး… ဒီအသက်အရွယ် ရောက်မှ ဆေးပညာကို အသုံးမချရဘဲ လူငယ်တွေကို တိုက်ခိုက်ဖို့ သိုင်းပညာသုံးရလိမ့်မယ်လို့ တကယ် ထင်မထားဘူး”

တကယ်တော့ ဆရာကြီးရှုယီ အခုမှ သင်္ဘောပေါ်ကို ရောက်လာတာဖြစ်သည်။ သင်္ဘောနှစ်စင်း တိုက်မိသောအခါ ပြင်းပြင်းထန်ထန် လှုပ်ခါသွားမှုကြောင့် နဂိုကတည်းက အခြေမခိုင်သည့် ဆရာကြီးရှုယီအတွက် ဒီအပေါ်ရောက်အောင် တက်လာဖို့တောင် အလွန်ခက်ခဲနေပါပြီ။

သို့သော် အာ့ချောင်တို့ရှေ့ကို ရောက်သောအခါမှာတော့ ခါးမတ်မတ်ထားကာ ခေါင်းမော့ရင်ကော့လျက် ပညာရှင်တစ်ယောက်သဖွယ် ဟန်ဆောင်လိုက်လေသည်။

ဒီလိုလုပ်လိုက်ခြင်းက ကုန်းပတ်ပေါ်က လူတွေအားလုံးကို သူနှိမ်နင်းခဲ့တာဟု အာ့ချောင်တို့ ထင်သွားစေဖို့ ဖြစ်ပါသည်။ စူစူလေးနဲ့ ဟူကျစ်တို့ကို အန္တရာယ်မရှိဘူးဟုမြင်မှ စူစူလေးနဲ့ ဟူကျစ်တို့ အလစ်ဝင်တိုက်နိုင်မည် ဖြစ်သည်။

အာ့ချောင် အနည်းငယ် ထိတ်လန့်သွားသည်။ ဒီဆရာကြီးရှုယီက ကျွမ်းကျင်သမားတော်တစ်ယောက် ဖြစ်ရုံတင်မကဘဲ သိုင်းဆရာကြီးတစ်ယောက်ပါ ဖြစ်နေတာလား။

“ဆရာကြီးရှုယီ၊ ခင်ဗျားကို အကြီးအကဲတစ်ယောက်အနေနဲ့ ကျုပ်လေးစားပါတယ်။ ခင်ဗျားကို ထိခိုက်အောင်လည်း မလုပ်ချင်ဘူး။ ဒီနေ့ အစီအရင်က ကျုပ်တို့ ဘော့စ်အတွက် အရမ်းအရေးကြီးတယ်။ ခင်ဗျား ဝင်မရှုပ်ဘူးဆိုရင် ကျုပ်တို့ဘော့စ်က ခင်ဗျားလိုချင်တာမှန်သမျှ ပေးနိုင်တယ်”။ အာ့ချောင် အကြမ်းနည်းမသုံးခင် အနုနည်းအရင် သုံးကြည့်ဖို့ ဆုံးဖြတ်လိုက်ပါသည်။

ရန်သူ၏ စွမ်းရည်ကို မသိရသေးသော်လည်း တိုက်ခိုက်စရာမလိုဘဲ ပြဿနာကို ဖြေရှင်းနိုင်ပါက အကောင်းဆုံး ဖြစ်ပါလိမ့်မည်။

“ရှုယီဆိုတဲ့ငါက ငွေရှားတဲ့လူလို့ ထင်နေတာလား။ ငါ့ဘဝမှာ လူ့အသက်ပေါင်းများစွာကို ကယ်တင်ခဲ့ဖူးတယ်။ ဒါပေမယ့် ထိခိုက်အောင် လုပ်ဖူးတဲ့သူက ရှားတယ်။ မလိုအပ်ဘဲ ငါမတိုက်ခိုက်ဘူး။ ဒီကောင်တွေလို ခြေကျိုးလက်ကျိုး ဖြစ်ပြီး ဇာတ်မသိမ်းချင်ရင် မင်းတို့ အညံ့ခံလိုက်တာ ပိုကောင်းမယ်”

ဆရာကြီးရှုယီ စတင် ခြိမ်းခြောက်လေသည်။ ရန်သူက ကြောက်သည်ဖြစ်စေ မကြောက်သည်ဖြစ်စေ အချိန်ဆွဲထားနိုင်ပါက အောင်မြင်ပါလိမ့်မည်။

“အဲ့လိုတော့ လုံးဝ မလုပ်နိုင်ဘူး။ ဒီနေ့ ကျုပ်မသေမချင်း ဘယ်သူမှ ကျုပ်ဘော့စ်ကို နှောင့်ယှက်ခွင့် မရစေရဘူး!”။ အာ့ချောင် အသက်စွန့်ဖို့ အသင့်ဖြစ်နေပါပြီ။

“မင်းဘော့စ်က လူကောင်းမှ မဟုတ်တာ။ ကလေးတွေကို ပြန်ပေးဆွဲတဲ့ လူယုတ်မာကောင်။ အဲ့လို လူယုတ်မာကောင်မျိုး အသတ်ခံရတာပဲဖြစ်ဖြစ် အပိုင်းပိုင်းခုတ်ခံရတာပဲဖြစ်ဖြစ် အရှင်လတ်လတ် မြေမြှုပ်ခံရတာပဲဖြစ်ဖြစ် မင်းက ဘာဂရုစိုက်စရာလိုလို့လဲ”။ ဆရာကြီးရှုယီ ‌မေးလိုက်သည်။

“ပါးစပ်ပိတ်ထား! ကျုပ်တို့ဘော့စ်ကို ခင်ဗျား အဲ့လိုပြောခွင့်မရှိဘူး!”။ အာ့ချောင် ဒေါသထွက်သွားသည်။

“ဘာဖြစ်လို့လဲ။ သူတောင် လုပ်ရဲမှတော့ ငါပြောရဲတာ ဘာထူးဆန်းလဲ”။ ဆရာကြီးရှုယီ ပြန်ချေပလိုက်သည်။

“ကျုပ်တို့ဘော့စ် ဒါတွေကို လုပ်ချင်လို့ လုပ်နေတာမဟုတ်ဘူး။ တစ်ယောက်ယောက်ကို ရှာချင်လို့သာ ဒီလိုတွေ လုပ်နေရတာ!”

“တစ်ယောက်ယောက်ကို ရှာချင်လို့ ဟုတ်လား။ ဘယ်သူ့ကို ရှာနေတာလဲ”။ ဆရာကြီးရှုယီ ချက်ချင်း မေးလိုက်သည်။

… … …

အခန်း(၉၀၅) အာ့ချောင်ကို လှည့်စားခြင်း

“အဲ့တာ ခင်ဗျား သိစရာမလိုဘူး။ ခင်ဗျားသိရမှာ အခု ခင်ဗျားကို ကျုပ်တားမှဖြစ်မယ်။ ကျုပ်အသက်ကို စတေးရရင်တောင် ကိစ္စမရှိဘူး1”

အာ့ချောင် စဉ်းစားထားတာ ရိုးရှင်းပါသည်။ ရန်သူကို အနိုင်မယူနိုင်ရင်တောင် သူတို့ဘော့စ်အတွက် အချိန်ဆွဲပေးထားနိုင်လျှင် လုံလောက်ပါပြီ။

ထို့ကြောင့် ဆရာကြီးရှုယီနဲ့ သူ စကားပြောနေရခြင်း ဖြစ်သည်။

“ကောင်လေး၊ ကိုယ့်အသက်ကို အလွယ်တကူ မစတေးချင်စမ်းပါနဲ့။ မင်းမှာ တစ်ဘဝပဲ ရှိတာ။ နည်းနည်းပါးပါး တန်ဖိုးထားတတ်စမ်းပါ”။ ဆရာကြီးရှုယီ ဆုံးမလိုက်သည်။

“ခင်ဗျား နားလည်မှာ မဟုတ်ပါဘူး။ ဘော့စ်ကြောင့်သာ မဟုတ်ရင် ကျုပ် သေသွားတာ ကြာပြီ။ ဘော့စ်ကြောင့်သာ ကျုပ်ဒီအချိန်ထိ ရှင်သန်ခွင့်ရခဲ့တာ။ အဲ့တာကြောင့် ဘော့စ်ကြောင့် သေရလည်း ကျုပ်ဝမ်းမနည်းဘူး!”။ အာ့ချောင် လက်သီးဆုပ်လျက် ပြတ်သားစွာ ပြောလိုက်သည်။

“မင်း အဲ့လောက်ထိ လမ်းလွဲနေမှတော့ ငါလည်း မတတ်နိုင်တော့ဘူး။ ငါမညှာတာမှ ငါ့အဆိုးမဆိုနဲ့”။ ဆရာကြီးရှုယီ သက်ပြင်းချကာ ပြောလိုက်သည်။

ဆရာကြီးရှုယီ၏ အမူအရာကြောင့် သူက သိုင်းဆရာကြီးတစ်ယောက်ဖြစ်သည်ဟု အာ့ချောင် ပိုမို ယုံကြည်သွားသည်။

ဆရာကြီးရှုယီကို အာ့ချောင် သေချာ အာရုံစိုက်ထားသည်။ အထူးသဖြင့် နောက်ပစ်ထားသည့် သူ့လက်တွေကို ပိုစောင့်ကြည့်ရမည်။

ထိုလက်တွေက အချိန်မရွေး သူ့အသက်ကို နှုတ်ယူနိုင်သည်ဟု အာ့ချောင် ခံစားနေရသည်…။

အာ့ချောင်တို့အဖွဲ့ ဆရာကြီးရှုယီဆီမှာ အာရုံများနေစဉ် စူစူလေးဘေးမှ ဟူကျစ် တိတ်တဆိတ်ထွက်သွားပါသည်။

ဟူကျစ်က အကောင်သေးပြီး ပေါ့ပါးသဖြင့် ခြေသံဟူ၍ မကြားရပါ။

အချိန်တိုအတွင်း အာ့ချောင်အနောက်သို့ ဟူကျစ် ရောက်ရှိသွားသည်။

အာ့ချောင် တစ်ခုခုကို သတိထားမိလိုက်စဉ် ဟူကျစ်က သူ့ခေါင်းပေါ်တောင် ရောက်နေပါပြီ။

ထို့နောက် အာ့ချောင်၏ ခေါင်းတည့်တည့်ကို ဟူကျစ် နောက်ပြန်ကန်ပစ်လိုက်သည်။

စူစူလေးလည်း အခွင့်အရေးကို အရယူပြီး အောက်ထပ်သို့ ပြေးဆင်းလေသည်။

အာ့ချောင်တို့ အသိစိတ်ပြန်ကပ်သွားသောအခါ နောက်ကျသွားလေပြီ။ စူစူလေးက အောက်ထပ်သို့ ဆင်းသွားပြီ ဖြစ်ပြီး အာ့ချောင်ကို ကန်ပြီးနောက် ဟူကျစ်လည်း စူစူလေးနောက် လိုက်သွားပြီဖြစ်ပါသည်။

သွားပြီ!

ဟိုကလေးမ အောက်ဆင်းသွားပြီ!

“အစ်ကိုချောင် ကျွန်တော်တို့ ဘာလုပ်ကြမလဲ! ဟိုကလေးမနဲ့ ကြောင်ပေါက်တို့ အောက်ဆင်းသွားကြပြီ!”

ဆရာကြီးရှုယီကို အာ့ချောင် လှည့်ကြည့်လိုက်ပြီး ဒီအဘိုးကြီးနဲ့ စာရင်းဆက်ရှင်းရမလား စူစူလေးတို့နောက် လိုက်ရမလား ဝေခွဲရခက်သွားပါသည်။

သေသေချာချာ စဉ်းစားပြီးနောက် အဘိုးကြီးကို အရင်ရှင်းဖို့ အာ့ချောင် ဆုံးဖြတ်လိုက်သည်။

“ဒီအဘိုးကြီးကို အရင်စာရင်းရှင်းလိုက်။ ငါတို့ အောက်ထပ်ကို လိုက်သွားရင် ကြားညှပ်အတိုက်ခံရနိုင်တယ်”။ အာ့ချောင် အမိန့်ပေးလိုက်သည်။

ဆရာကြီးရှုယီကို အန္တရာယ်အများဆုံး ပုဂ္ဂိုလ်အဖြစ် အာ့ချောင် သတ်မှတ်ထားပြီဖြစ်သည်။

အပေါ်ယံမှာ ဆရာကြီးရှုယီ တည်ငြိမ်နေသော်လည်း ရင်ထဲမှာတော့ ချောက်ချားနေပါပြီ။

စူစူလေးတို့နောက် လိုက်သွားချင်ပေမယ့် သူအပြေးမမြန်ဘူး!

စူစူလေးနဲ့ ဟူကျစ်တို့က အရမ်းမြန်လွန်းတယ်!

အဲ့တာကြောင့် ဒီမှာပဲ ဆက်နေပြီး ရန်သူကို အချိန်ဆွဲပေးထားရမယ်။

အာ့ချောင်တို့ကို ဘယ်အချိန်ထိ အရူးဆက်လုပ်နိုင်ဦးမလဲဆိုတာ ဆရာကြီးရှုယီ မသေချာပါ။

သင်္ဘောအောက်ထပ်သို့ ရောက်သောအခါ အခန်းအလယ်မှာ သတိလစ်နေသည့် လုကျန်းယွီအား စူစူလေးတို့ ချက်ချင်းမြင်သွားကြပါသည်။

“ကိုကြီး!”

စူစူလေး အမြန်ပြေးလာပြီး လုကျန်းယွီဘေးမှာ ဒူးထောက်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို သူမရဲ့ လက်သေးသေးလေးများနဲ့ လှုပ်ခါကာ နှိုးလိုက်ပါသည်။

“ကိုကြီး! ကိုကြီး ဘာဖြစ်တာလဲ! ထပါဦး”

“မြောင်!”။ ဟူကျစ်ကလည်း လုကျန်းယွီ၏ မျက်နှာကို လျက်ကာ နှိုးဖို့ ကြိုးစားနေပါသည်။

သို့သော် လုကျန်းယွီကတော့ အသက်မရှိတော့သကဲ့သို့ ငြိမ်သက်နေဆဲပင်။

“ကိုကြီး မသေပါနဲ့! ယမမင်းကြီးကို လူဆိုးကြီးတွေပဲ သွားတွေ့ရမှာလေ! ကိုကြီးက လူကောင်းမို့လို့ သွားတွေ့စရာ မလိုဘူး!”

လုကျန်းယွီကို စူစူလေး အချိန်အကြာကြီး ခေါ်နှိုးခဲ့သော်လည်း ဘာမှ မတုန့်ပြန်ခဲ့ပေ။

“အော်မနေနဲ့တော့ သူနိုးလာမှာ မဟုတ်ဘူး”

အနောက်မှ ထန်ထိုက်မင်၏ အသံ ရုတ်တရက် ထွက်လာသည်။

စူစူလေး နောက်လှည့်ကြည့်လိုက်ရာ သူမ မြင်ဖူးသော မျက်နှာဖုံးနဲ့ လူကို မြင်လိုက်ရလေသည်။

“အား!! နင်ပဲ!”

… … …

All Chapters