← Chapters

အခန်း (၉၆၁-၉၆၅)

Vol. 39 Ch. 961-965

အခန်း (၉၆၁-၉၆၅)

Vol. 39 Ch. 961-965

အခန်း(၉၆၁) လေလံဆွဲခြင်း (၂)

“မဟုတ်တာတွေ ပြောနေပြန်ပြီ”။ ချိုးရွှမ် ကျီစယ်ကာ ပြောလိုက်သည်။

သူမ ယောက်ျားက သူမကို ဂရုစိုက်သည့်အပြင် ဟွာချန့်မြို့မှာ သူမရဲ့ သမီးဖြစ်သူကို လာခေါ်ဖို့ပါ ခွင့်ပြုပေးခဲ့သည်။ ထို့အပြင် အပြစ်တင်စကား တစ်ခွန်းမှ မဆိုခဲ့ဘဲ အလုပ်တွေအကုန် ရွှေ့ဆိုင်းပြီး ချူးယန်ရှီအား မွေးစားဖို့ အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။

“အမှန်တရားတွေ ပြောနေတာပါ”။ ဝမ်ရှင်းမင် အပြုံးဖြင့် ပြောလိုက်သည်။

ချိုးရွှမ်ကို ရှင်းပြပြီးနောက် ဝမ်ရှင်းမင်၏ မျက်နှာ ပြန်လည်တည်တံ့သွားခဲ့သည်။ ထို့နောက် သူ့နောက်က လက်ထောက် ဖြစ်သူကို မေးလိုက်ပါသည်။ “ဒီဈေးနဲ့ အကျိုးအမြတ် ဘယ်လောက်ကျန်မလဲ”

“၁၀ ရာခိုင်နှုန်းအောက် လျော့နေပါပြီ စီအီးအိုဝမ်”

ဝမ်ရှင်းမင် ခေတ္တ တွန့်ဆုတ်သွားခဲ့သည်။ ထို့နောက် လက်ထောက်ဖြစ်သူအား ပမာဏ တစ်ခု ပြလိုက်သည်။ “ဒီပမာဏ အတိုင်း နောက်ထပ် ၂ ခါလောက် ထပ်ဆွဲလိုက်”

ဖြစ်နိုင်လျှင် ဒီမြေကွက်ကို ဝမ်ရှင်းမင် လိုချင်ပါသည်။

“နားလည်ပါပြီ စီအီးအိုဝမ်”

ဝမ်ရှင်းမင်၏ ဆိုလိုရင်းကို လက်ထောက်ဖြစ်သူ နားလည်ပါသည်။ ထို့ကြောင့် လေလံဆွဲဖို့ အသင့်ပြင်လိုက်သည်။

လေလံပွဲကို ဆက်လက်ကျင်းပခဲ့ပြီး မကြာမီ ဈေးက ဝမ်ရှင်းမင် မျှော်လင့်ထားသည့် အတိုင်းအတာကို ရောက်ရှိသွားသည်။

ချင်းယုဟွိုင်းက အရှုံးပေးဖို့ အစီအစဉ် မရှိသလို အနောက်ဘက်မှာ ထိုင်နေသည့် အမျိုးသမီးကလည်း လိုက်လံ ပြိုင်ဆိုင်နေဆဲဖြစ်သဖြင့် ဝမ်ရှင်းမင် မျှော်လင့်ထားသည့် ပမာဏထက် ကျော်လွန်သွားခဲ့သည်။

ဘေးမှာ ထိုင်နေသည့် ချူးယန်ရှီက အနည်းငယ် စိတ်ပူသွားပါသည်။

ဟွာချန့်မြို့ကို သူမ အမေနဲ့ ပထွေးတို့ လာခဲ့ရသည့် ရည်ရွယ်ချက်က သူမကို လာခေါ်ဖို့အပြင် ဒီက အိမ်ခြံမြေ အခြေအနေအကြောင်း စုံစမ်းဖို့လည်း ပါဝင်သည်။

နောက် ၂ နှစ်အတွင်း ဟွာချန့်မြို့ အကြီးအကျယ် တိုးတက်လာလိမ့်မည်ဟု ပထွေးဖြစ်သူက ဆိုသည်။ ထို့ကြောင့် ယခု ရင်းနှီးမြှုပ်နှံထားလိုက်ပါက နောက်ပိုင်း အကျိုးအမြတ်တွေ အများကြီး ရလာနိုင်ပါသည်။

ချူးယန်ရှီ မှတ်မိသလောက် ယခင်ဘဝကလည်း ဒီလိုပဲ ဖြစ်ခဲ့ပါသည်။ ယခင်ဘဝတုန်းက ဟွာချန့်မြို့ကို သူမ သိပ်မလာဖူးသော်လည်း မြို့တော်၏ စီးပွားရေးက အလွန်တိုးတက်လာပြီး ၂ နှစ်အတွင်း ကြီးပွားထွန်းကားသည့် မြို့တော်တစ်မြို့ ဖြစ်လာခဲ့သည်။

ဒီအချိန်မှာ ရင်းနှီးမြှုပ်နှံလိုက်တာက လုံးဝ အမှားအယွင်း မရှိနိုင်ပါ။

ဒါကို ကြည့်ခြင်းအားဖြင့် သူမရဲ့ ပထွေးဖြစ်သူက စီးပွားရေးအမြော်အမြင်ရှိသူတစ်ယောက်ဖြစ်မှန်း ချူးယန်ရှီ သေချာသွားသည်။ သူမ အားကိုးနိုင်မည့် ခွန်အားတစ်ခု ဖြစ်ပါသည်။

သူမ ပထွေး စိတ်ဝင်စားနေသည့် မြေကွက်က ကောင်းမွန်သည်ဟု ချူးယန်ရှီလည်း ထင်မိပါသည်။ မကြာခင် ကြီးပွား တိုးတက်လာမည့် ဟွာချန့်မြို့၏ အခြေအနေကြောင့် ဒီမြေကွက်က အနာဂတ်မှာ တန်ဖိုး အဆမတန် တက်သွားမည့် မြေကွက် ဖြစ်သည်။

ထို့ကြောင့် ဒီမြေကွက်ကို သူမ ပထွေး အရယူနိုင်စေဖို့ စိတ်ထဲမှ အားပေးနေမိပါသည်။

ထိုမြေကွက်ကို သူမ ပထွေး မရခဲ့ရင်တောင် သူမ မုန်းတီးသည့် ချင်းမိသားစုလက်ထဲတော့ အရောက်မခံနိုင်ပေ။

သူမ တစ်ခုခုလုပ်မှ ဖြစ်မည်။ မဟုတ်ပါက အနာဂတ်မှာ တန်ဖိုး အဆမတန် မြင့်တက်လာမည့် ဒီမြေကွက်က ချင်းမိသားစုလက်ထဲ ရောက်သွားလိမ့်မည်။

ယခင်ဘဝက မှတ်ဉာဏ်တွေကို အသုံးချကာ သူမ ပထွေးကို ဒီမြေ မရရအောင် ဝယ်ယူဖို့ သတိပေးရန် ဆုံးဖြတ်လိုက်ပါသည်။

ဝမ်ရှင်းမင်၏ လက်ကို ချူးယန်ရှီ ဆွဲလိုက်သည်။

“ဘာဖြစ်လို့လဲ ရှောင်းရှီလေး”။ ဝမ်ရှင်းမင် မေးလိုက်၏။

“ဖေကြီး ဒီမြေကွက်က အရမ်းကောင်းတယ်! နောက်ပိုင်း ပိုက်ဆံတွေ အများကြီး ရလာမှာ!”။ ချူးယန်ရှီက ကလေးဆန်ပြီး ချိုမြိန်သော အသံလေးဖြင့် ပြောလိုက်ပါသည်။

‘ဖေကြီး’ဟူသော ခေါ်သံကြောင့် ဝမ်ရှင်းမင် ခေတ္တကြက်သေသေသွားသည်။

သူ့မိန်းမရဲ့ သမီးဖြစ်သူကို သူ့ဘက်က လက်ခံထားသော်လည်း ကလေးမလေးက သူ့ကို အဖေအဖြစ် ဒီလောက် မြန်မြန် လက်ခံလိမ့်မည်ဟု ထင်မထားခဲ့ပါ။

ကလေးမလေး၏ အသံက နူးညံ့သိမ်မွေ့ပြီး မျက်နှာလေးကလည်း ဖြူစင်ကာ ချစ်ဖို့ကောင်းပါသည်။

သမီးအရင်း မရှိသည့် ဝမ်ရှင်းမင်တစ်ယောက် ရုတ်တရက် သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်လလိုက်ရသဖြင့် အပျော်လွန်သွားခဲ့သည်။

ဘေးမှ နားထောင်နေသော ချိုးရွှမ်လည်း အံ့အားသင့်သွားပါသည်။ ချူးယန်ရှီကို ချူးဟမ့်က အလိုလိုက်ခဲ့သဖြင့် သူမရဲ့ လက်ရှိ ယောက်ျားကို ချူးယန်ရှီ လက်မခံနိုင်မှာ စိတ်ပူနေခဲ့သည်။ ယခုတော့ ချူးယန်ရှီက ချူးဟမ့်နဲ့ လုံးဝ မတူသည့် အပြင် သူမ လက်ရှိ ယောက်ျားကိုပါ တလေးတစား ဆက်ဆံနေပါသည်။

ထို့နောက် ချူးယန်ရှီ၏ စကားကြောင့် ချိုးရွှမ် အနည်းငယ် ခေါင်းစားသွားခဲ့သည်။ ထို့ကြောင့် သမီးဖြစ်သူကို သူမ မေးလိုက်သည်။

“ရှောင်းရှီလေး။ ဒီမြေကွက်က ပိုက်ဆံတွေ အများကြီး ရမှာလို့ ဘာလို့ ထင်တာလဲ”

… … …

အခန်း(၉၆၂) လေလံဆွဲခြင်း (၃)

“သမီး အိပ်မက်မက်လို့လေ! အိပ်မက်ထဲမှာ ဟွာချန့်မြို့ကြီးက အရမ်း အဆင့်မြင့်တဲ့ မြို့ကြီး ဖြစ်သွားတာတဲ့!”

ဒီတစ်ခါတော့ ချူးယန်ရှီ ပါးပါးနပ်နပ် တုန့်ပြန်လိုက်ပါသည်။ သူမ ပြန်လည်မွေးဖွားလာသည့် အကြောင်း တိုက်ရိုက် ဝန်မခံသော်လည်း အတိတ်နိမိတ်ယူလို့ရသည့် အိပ်မက်ကို အသုံးချလိုက်သည်။

ဒါကိုကြားတော့ ချိုးရွှမ်က အမြန်ပြောလိုက်ပါသည်။ “ရှောင်းရှီလေး အိပ်မက်က အိပ်မက်၊ လက်တွေ့က လက်တွေ့ပဲ။ ဘာမှ မဆိုင်ဘူးလေ”

သို့သော်လည်း ဝမ်ရှင်းမင်ကတော့ ချူးယန်ရှီရဲ့ စကားကို စိတ်ဝင်စားသွားပြီး ထပ်မေးလိုက်သည်။ “ရှောင်းရှီလေးက ဘာတွေ အိပ်မက်မက်ခဲ့သေးလဲ”

ချူးယန်ရှီ အာရုံထဲ အရင်ဘဝက မှတ်ဉာဏ်တွေကို ချက်ချင်း ရှာဖွေလိုက်သည်။

အနာဂတ်မှာ ဖြစ်လာနိုင်ပေမယ့် အခု လက်ရှိ မဖြစ်သေးတဲ့ ကိစ္စတွေ ဘာရှိလဲ…

သူမ တစ်ခု စဉ်းစားမိသွာားသည်။ “ပေကျင်းမြို့က တိုက်အမြင့်ကြီးတစ်ခုက ဧရာမ ဘောင်းဘီကြီး ဖြစ်သွားတာတဲ့!”

ဒါကိုကြားတော့ ဝမ်ရှင်းမင် မျက်လုံးပြူးသွားသည်။

“ယောက်ျား ဘာဖြစ်လို့လဲ။ အရမ်းကြီဂ မတွေးပါနဲ့။ ဒီတိုင်း အိပ်မက်မက်တာပဲဥစ္စာ။ အဆောက်အဦးတစ်ခုကနေ ဘာလို့ ဘောင်းဘီကြီး ဖြစ်သွားရမှာလဲ”

“ရှောင်းရှီလေး ပြောတာ မှန်လောက်တယ် မိန်းမ။ ခုနက စီအီးအိုကျန်းနဲ့ စကားပြောနေတုန်းက မကြာခင် ဆောက်လုပ်တော့မယ့် မျှော်စင်ကြီးတစ်ခုအကြောင်း ကြားမိသေးတယ်။ ကောလဟာလတွေအရဆို အဲ့ဒီ မျှော်စင် ဒီဇိုင်းက ဘောင်းဘီကြီးနဲ့ တူတာတဲ့”

“တကယ်လား အဲ့တာဆိုလည်း ရှောင်းရှီလေးက တစ်နေရာရာကနေ ကြားလာတာ နေမှာပေါ့”

“အဲ့တာလည်း မဖြစ်နိုင်ဘူး။ အဲ့တာက အတွင်း သတင်းလေ။ အပြင်လူတွေ မသိကြဘူး”

ချူးယန်ရှီ တခြားတစ်နေရာရာမှ ကြားလာတာဖြစ်မည်ဟု ဝမ်ရှင်းမင် မထင်ပါ။ ထို့အပြင် သူမရဲ့ အပြစ်ကင်းစင်သော မျက်နှာလေးက လိမ်ညာနေပုံလည်း မပေါက်ပါ။

“အင်း… အဲ့တာဆို…”။ သမီးဖြစ်သူကို ကြည့်ကာ ချိုးရွှမ် ဘာပြောရမှန်း မသိတော့ပေ။

သူတို့ သမီးလေးက အနာဂတ်ကို ခန့်မှန်းနိုင်တာလား။

အဲ့လို အစွမ်းမျိုး သူမ သမီးလေးမှာ ရှိနေတာလား။

“ဒီမြေကွက်က အလားအလာရှိတယ်လို့ ကိုယ်လည်း ခံစားမိတယ်။ အကျိုးအမြတ် နည်းသွားရင်တောင် ရအောင် ယူသင့်တယ်”။ ဝမ်ရှင်းမင် သေချာစဉ်းစားကာ ပြောလိုက်ပါသည်။

ဒီမြေကို ဝယ်ယူဖို့ သူတွန့်ဆုတ်နေခဲ့သော်လည်း ချူးယန်ရှီ၏ စကားကြောင့် သံသယတွေ ပျောက်ကွယ်သွားခဲ့သည်။

လက်ထောက်ဖြစ်သူကို ဝမ်ရှင်းမင် ထပ်ပြောလိုက်သည်။ “ဒီပမာဏကို အမြင့်ဆုံးထားပြီး လေလံထပ်ဆွဲလိုက်”

“စီအီးအိုဝမ်… ဒီပမာဏအတိုင်းသာဆို ကျွန်တော်တို့အတွက် အကျိုးအမြတ်ကျန်မှာ မဟုတ်တော့ဘူးနော်။ တခြား အန္တရာယ်တွေလည်း ရှိသေးတော့ အရှုံးပါ ပေါ်နိုင်တယ်…”

“ငါနားလည်တယ်။ ငါအကုန် တာဝန်ယူတယ်။ ပြောတဲ့အတိုင်းသာ လုပ်”

“ဟုတ်ကဲ့ပါ စီအီးအိုဝမ်”။ လက်ထောက်က အမြန် ခေါင်းငြိမ့်လိုက်ပါသည်။

ဝမ်ရှင်းမင်က ခေါင်းမာသူဖြစ်ကာ စီးပွားရေးလုပ်သည့်နေရာမှာ အမြဲတမ်း ရဲဝံ့ပြတ်သားပါသည်။

ဝမ်ရှင်းမင်ရဲ့ ဆုံးဖြတ်ချက် ပြတ်သားမှုကို မြင်ပြီး ချူးယန်ရှီ ပိုအထင်ကြီးသွားမိသည်။

ဒီ လူကြီးက အသက်ကြီးပြီး ရုပ်ဆိုးပေမယ့် သူမရဲ့ အဖေအရင်းထက်တောင် အစွမ်းအစ ရှိသေးတယ်!

သူမ အမေနေရာမှာ သူမသာဆိုလည်း ချူးဟမ့်လို ဆန်ကုန်မြေလေးထက် ဒီလိုလူမျိုးကိုပဲ ရွေးမိမှာပဲ!

လေလံပွဲက နောက်ဆုံးအဆင့်ကို ရောက်ရှိလာပြီဖြစ်သည်။ လေလံဆွဲသူတွေတောင် သိပ်မရှိကြတော့ပါ။

လက်ရှိ ရောက်နေသည့် တန်ဖိုးနဲ့ဆို ကုမ္ပဏီအများစုအတွက် အမြတ်ကျန်မှာ မဟုတ်ပေ။

ချင်းယုဟွိုင်းက သူ့ရဲ့ နံပါတ်ပြားကို နောက်ဆုံးတစ်ကြိမ် ထပ်မြှောက်လိုက်သည်။ ထိုအခါ ယန်းမင်အာကလည်း နံပါတ်ပြားကို နောက်ဆုံးတစ်ကြိမ် ထပ်မြှောက်လိုက်ပါသည်။ ထို့နောက် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။

ရွှယ်ကျန်းတို့တွေ အလွန် စိတ်လှုပ်ရှားနေကြပြီး အသက်ပင် ဝဝ မရှူရဲကြတော့ပေ။ လေလံက ဒီလောက်နဲ့ပဲ အဆုံးသတ်ပါစေဟု ဆုတောင်းနေမိသည်။

ချူးယန်ရှီလည်း ထိုနည်းလည်းကောင်း စိတ်ဖိစီးနေပါသည်။

ဝမ်ရှင်းမင်ကို သူမ လှည့်ကြည့်လိုက်သည်။ ဝမ်ရှင်းမင်က လက်ထောက်ဖြစ်သူကို တစ်ခုခု ညွှန်ကြားနေပါသည်။

ထို့နောက် လက်ထောက်ဖြစ်သူက နံပါတ်ပြားကို မြှောက်လိုက်သည်။

ခန်းမတစ်ခုလုံး ငြိမ်သက်နေပြီး ဝမ်ရှင်းမင်၏ နံပါတ်ပြားတစ်ခုတည်းကိုသာ မြင်နေရသည်။

ယှဉ်ပြိုင်နိုင်စွမ်း ရှိလောက်ဦးမည့် ချင်းယုဟွိုင်းနဲ့ ယန်းမင်အာတို့ကို လူတွေ ဝိုင်းကြည့်လိုက်ကြသည်။

ချူးယန်ရှီလည်း ချင်းယုဟွိုင်းကို လှမ်းကြည့်လိုက်ပါသည်။ ရင်ထဲမှာလည်း စိတ်ကြီးဝင်စွာ တွေးလိုက်သည်။

နံပါတ်ပြားကို ဘာလို့ မမြှောက်တော့တာလဲ။

မဝယ်နိုင်ကြတော့ဘူးမလား။

… … …

အခန်း(၉၆၃) ချင်းယုဟွိုင်း ကစားတာကို ခံလိုက်ရပြီ (၁)

ချင်းယုဟွိုင်းက မလှုပ်ရှားခဲ့ပါ။ နံပါတ်ပြားကို သူ့ပေါင်ပေါ် တင်ထားပြီး ထပ်မြှောက်ဖို့ အစီအစဉ်လည်း မရှိပါ။

သူ့မျက်နှာပေါ်မှာလည်း စိတ်ပျက်မှု၊ ဇဝေဇဝါဖြစ်မှုတို့ လုံးဝ မတွေ့ရပေ။

ယန်းမင်အာက ပိုလို့တောင် ကြော့ရှင်း တည်ငြိမ်နေပါသေးသည်။ သူမ မျက်နှာပေါ်မှာ အပြုံးတစ်ခု ရှိနေပြီး လေလံထပ်ဆွဲဖို့ စိတ်ကူးမရှိမတော့ပေ။

ရွှယ်ကျန်းတို့တွေ ယန်းမင်အာရဲ့ ရည်ရွယ်ချက်ကို နားမလည်နိုင်ကြပါ။ သို့သော် ဘယ်သူမှ ဝင်မပြောရဲကြပေ။

လေလံပစ်သူက စတင်ရေတွက်သည့်တိုင် ချင်းယုဟွိုင်းနဲ့ ယန်းမင်အာတို့ တိတ်ဆိတ်နေကြဆဲ ဖြစ်သည်။

နောက်ဆုံးတော့ ဒီမြေကွက်ရဲ့ ပိုင်ရှင်က ဝမ်ရှင်းမင်ဖြစ်ကြောင့် လေလံပစ်သူ ကြေညာပေးခဲ့ပါသည်။

လက်ခုပ်လက်ဝါးတီးသံတွေ ကျယ်လောင်စွာ ထွက်ပေါ်လာကြသည်။ အားလုံးက ဝမ်ရှင်းမင်ကို ဝိုင်းဝန်း ဂုဏ်ပြုလိုက်ကြပါသည်။

ထိုအခါမှ ချူးယန်ရှီ ရင်ထဲက အလုံးကြီးလည်း ကျသွားလေတော့သည်။

တော်သေးတာပေါ့! မြေကွက်ကို ပိုင်ဆိုင်လိုက်ရပြီ!

အနာဂတ်က မှတ်ဉာဏ်တွေသာ မမှားလျှင် ဒီမြေကွက်တန်ဖိုးက အနည်းဆုံး ၅ ဆ အများဆုံး ၁၀ ဆ လောက် မြင့်တက်သွားလိမ့်မည်။ ထိုအခါ ဒီမြေကွက်တစ်ကွက်တည်းနဲ့ သူမ ပထွေး အကျိုးအမြတ် များစွာ ရရှိသွားနိုင်ပါသည်။

ချူးယန်ရှီ ဂုဏ်ယူဝံ့ကြွားစွာနဲ့ စူစူလေးအား လှည့်ကြည့်လိုက်ပါသည်။

ချင်းယုဟန်လက်ပေါ်မှာ အိပ်ပျော်နေသည့် စူစူလေး လက်ခုပ်တီးသံတွေကြောင်း နိုးလာပါသည်။ ၂ စက္ကန့်လောက် ကြာသောအခါ မျက်လုံးတွေကို ဖွင့်လိုက်ပြီး ဘေးပတ်လည်ကို လှည့်ကြည့်လိုက်သည်။

သူမရဲ့ အခြေအနေကို မြင်ပြီး ချင်းယုဟွိုင်းနဲ့ ချင်းယုဟန်တို့ ထိတ်လန့်သွားကြပါသည်။

ချင်းယုဟန်က အမြန်ပြောလိုက်၏။ “ဒေါ်လေး ဒေါ်လေးရဲ့ တူလေးတွေနော်! လူဆိုးတွေ မဟုတ်ဘူး!”

“အွန်း… တူလိမ္မာလေး…”။ စူစူလေး အိပ်ချင်မူးတူးဖြင့် ပြန်ပြောလိုက်သည်။

အိပ်ချင်မူးတူး ဖြစ်နေသော်လည်း သူမရဲ့ တူလေးတွေကိုတော့ မှတ်မိပါသည်။

ထို့နောက် ချင်းယုဟန်ရဲ့ ရင်ခွင်ထဲ တိုးဝင်လိုက်ပါသည်။

ချင်းယုဟန် နှလုံးသားတွေ အရည်ပျော်မတတ် ဖြစ်သွားသည်။ ဒေါ်လေး အိပ်ရာနိုးလာပြီး သူများတွေကို မထိုးလျှင် အလွန် ချစ်ဖို့ကောင်းပါသည်။

သူမကို နမ်းချင်သော်လည်း လူတွေ အများကြီး ရှိနေသဖြင့် စိတ်ထိန်းထားရသည်။

ခဏကြာတော့မှ စူစူလေး ရာနှုန်းပြည့် နိုးသွားခဲ့ပါသည်။

“ဟင် ပြီးသွားပြီလား။ တူကြီး မြေဝယ်လိုက်လား”။ စူစူလေး မေးလိုက်သည်။

“မဝယ်လိုက်ဘူး”

“မဝယ်လိုက်ဘူးဟုတ်လား အဲ့တာဆို ဘယ်လိုလုပ်ကြမလဲ”။ စူစူလေး စိတ်ပူစွာ မေးလိုက်သည်။

မြေဝယ်မည့် သူမရဲ့ မစ်ရှင် ကျရှုံးသွားခဲ့သည်။

ချင်းယုဟွိုင်း ရှင်းပြဖို့ ပြင်လိုက်စဉ် ချူးယန်ရှီက ထိုင်ခုံပေါ်မှ ခုန်ချလိုက်ပြီး စူစူလေးထံ ပြေးလာကာ ပြောလိုက်သည်။ “စူစူ နင့်တူကြီး လိုချင်တဲ့ မြေကွက်ကို ငါ့ဖေကြီးအသစ်က ဝယ်လိုက်တာ”

သူတို့လိုချင်သည့် မြေကွက်ကို သူမ ပထွေးက လုယူသွားတာ ဖြစ်ကြောင်း ချင်းစူစူကို အသိပေးဖို့ ချူးယန်ရှီ မစောင့်နိုင်ပါ။

ချူးယန်ရှီကို စူစူလေး ပြန်ကြည့်လိုက်သည်။ “နင့်ဖေကြီး အသစ်ဟုတ်လား”

“ဒါ ငါ့ဖေကြီးအသစ်လေ!”။ သူမနောက်မှာ ရပ်နေသည့် ဝမ်ရှင်းမင်အား ချူးယန်ရှီ ဂုဏ်ယူဝံ့ကြွားစွာ မိတ်ဆက် ပေးလိုက်ပါသည်။

“ဪ…”

ဖေကြီးအသစ်ဆိုတာ ဘာကို ပြောတာမှန်း စူစူလေး မသိသော်လည်း ချူးယန်ရှီက သူမ ဂရုစိုက်သည့်လူ မဟုတ်သဖြင့် မမေးချင်ပါ။

ထို့နောက် ချင်းယုဟွိုင်းကို သူမ ပြန်လှည့်မေးလိုက်သည်။ “တူကြီးက ဒီမြေကွက်ကို မဝယ်တော့ဘူးလား”

“ရပါတယ်။ ဒီမြေကွက်ကို မရလည်း တခြားမြေကွက်တွေ ရှိသေးတာပဲ။ တကယ်တော့ အစကတည်းက ဒီမြေကွက်ကို ဝယ်ဖို့ အစီအစဉ် မရှိပါဘူး”။ စူစူလေး၏ ခေါင်းကို ပွတ်သပ်ပေးရင်း ချင်းယုဟွိုင်း ပြောလိုက်ပါသည်။

“ဝယ်ဖို့ အစီအစဉ် မရှိဘူး ဟုတ်လား”။ စူစူလေး အနည်းငယ် ဇဝေဇဝါဖြစ်သွားကာ မေးလိုက်သည်။

“အင်း ဝယ်ဖို့ အစီအစဉ်မရှိဘူး”။ ချင်းယုဟွိုင်း ထပ်ပြောလိုက်သည်။

ချင်းယုဟွိုင်းအား ချူးယန်ရှီ စိုက်ကြည့်လိုက်သည်။

ဝယ်ဖို့ အစီအစဉ်မရှိဘူး ဟုတ်လား…

ချင်းယုဟွိုင်း ဘာကို ဆိုလိုတာလဲ။

သူလိမ်နေတာပဲ ဖြစ်မှာ!

ဝယ်ဖို့အစီအစဉ်မရှိဘဲ ဘာလို့ အဲ့လောက် အသည်းအသန် လေလံလုခဲ့တာလဲ။

ဟိုမိန်းမတစ်ယောက်က ယှဉ်ပြိုင်နေတာကြောင့်သာ မဟုတ်ရင် ဒီမြေကွက် ချင်းယုဟွိုင်းလက်ထဲ ရောက်နေပြီ!

ချူးယန်ရှီနောက် လိုက်လာသည့် ဝမ်ရှင်းမင်လည်း ချင်းယုဟွိုင်းကို မေးလိုက်သည်။ “ဒီမြေကွက်ကို ဝယ်ဖို့ အစီအစဉ် မရှိဘူးဆိုရင် ဘာလို့ လေလံဆွဲခဲ့တာလဲ”

… … …

အခန်း(၉၆၄) ချင်းယုဟွိုင်း ကစားတာကို ခံလိုက်ရပြီ (၂)

ချင်းယုဟွိုင်းက ပြန်ဖြေလိုက်သည်။ “ကျွန်တော့်မိသားစုရဲ့ လက်ရှိ ပရောဂျက်က အနောက်မြောက်ပိုင်းမှာလေ။ ဒီလေလံပွဲမှာ ပါခဲ့ရတဲ့ ရည်ရွယ်ချက်က မြို့ဟောင်းနယ်မြေရဲ့ မြေကွက်တန်ဖိုးတွေကို တိုးမြှင့်ဖို့။ အဲ့တာဆို ကျွန်တော်တို့ အနောက်မြောက်ပိုင်းနယ်မြေက အားသာမှု ရသွားလိမ့်မယ်”

မြို့ဟောင်းနယ်မြေနဲ့ယှဉ်လိုက်လျှင် အနောက်မြောက်ပိုင်းနယ်မြေ၏ အားသာချက်တစ်ခုက တန်ဖိုး နည်းပါးခြင်း ဖြစ်သည်။ ထို့ကြောင့် မြို့ဟောင်းနယ်မြေရှိ မြေကွက်တွေကိုသာ တန်ဖိုးနည်းနည်းဖြင့် ရောင်းချလိုက်ပါက အိမ်ဈေးတွေလည်း ကျဆင်းသွားပြီး အနောက်မြောက်ပိုင်းနယ်မြေ၏ အားသာချက် ပျောက်ဆုံးသွားမည် ဖြစ်သည်။

ချင်းယုဟွိုင်း၏ စကားကြောင့် ဝမ်ရှင်းမင်၏ အပြုံး ၃ စက္ကန့်လောက် အေးခဲသွားသည်။

ဒီကောင်စုတ်လေးက သူ့ကို စစ်တုရင်နယ်ရုပ်လို ကစားသွားတာလား။

သို့သော်လည်း ဝမ်ရှင်းမင် အပြုံးကို အမြန်ပြန်ထိန်းလိုက်ပါသည်။ သူဒီလောက်ထိ ဒေါသထွက်လွယ်စရာ မလိုပါ။

ထို့အပြင် ဒီလို လူငယ်တစ်ယောက်ရဲ့ မဟုတ်တမ်းတရား စကားတွေကို နားယောင်မှာလည်း မဟုတ်ပါ။

ထို့ကြောင့် ဝမ်ရှင်းမင် ပြုံးလိုက်ပြီး ချင်းယုဟွိုင်းအား ပြောလိုက်ပါသည်။ “ဟားဟားဟား မင်းက ပါးနပ်သားပဲ။ ဒါပေမယ့် ဒီနေ့ မင်းရဲ့ လုပ်ရပ်က နည်းနည်း အန္တရာယ်များတယ်နော်။ ငါသာ ဒီမြေကွက်ကို မယူခဲ့ရင် ဒီမြေကွက် မင်းလက်ထဲ ရောက်သွားမှာပဲ မဟုတ်ဘူးလား။ အဲ့တာဆို မင်း ၂ ကြိမ်တောင် ရှုံးနိမ့်သွားမှာနော်”

ဒေါသထွက်နေသည့် ချူးယန်ရှီလည်း သူမ ပထွေးပြောတာ မှန်သည်ဟု ခံစားမိပါသည်။

ချင်းယုဟွိုင်းက ဒီစကားတွေကို အရှက်ပြေ ပြောနေတာသာ ဖြစ်မည်။ ချင်းယုဟွိုင်း ဒီမြေကွက်ကို တကယ် မလိုချင်ဘူးဆိုတာ သူမ ယုံကြည်မှာ မဟုတ်ပါ။

ချင်းယုဟွိုင်းကတော့ တည်ငြိမ်နေဆဲဖြစ်သည်။ “ခင်ဗျား မယူဘူးဆိုရင်တောင် အနောက်က အမျိုးသမီးတစ်ယောက်က ယူပါလိမ့်မယ်”

ချင်းယုဟွိုင်း သတိပေးလိုက်မှ သူတို့နဲ့ ယှဉ်ပြိုင်ကာ လေလံဆွဲခဲ့သည့် အမျိုးသမီးတစ်ယောက် ရှိနေသေးမှန်း ဝမ်ရှင်းမင် သတိရသွားခဲ့သည်။

ဝမ်ရှင်းမင်က ချင်းယုဟွိုင်း၏ အစီအစဉ်ပြင်ပကလူ ဖြစ်သည်။ ဝမ်ရှင်းမင် ဝင်မရှုပ်ခဲ့ရင်တောင် ယန်းမင်အာက ဒီမြေကွက်ကို ယူသွားပါလိမ့်မည်။

ဘယ်လိုပဲဖြစ်ဖြစ် ချင်းယုဟွိုင်းအတွက်ကတော့ ရလဒ်က အတူတူပဲ ဖြစ်သည်။

“အနောက်က အမျိုးသမီး ဒီမြေကွက်ကို သေချာပေါက် ယူလိမ့်မယ်လို့ မင်းက ဘာလို့ တပ်အပ် ပြောနိုင်ရတာလဲ”။ ဝမ်ရှင်းမင် ထပ်မေးလိုက်သည်။

“စိတ်မရှိပါနဲ့ အဲ့ဒါတော့ ပြောပြလို့မဖြစ်ဘူး”။ ချင်းယုဟွိုင်းက အပြုံးဖြင့် ဖြေလိုက်ပါသည်။

“ဟားဟားဟား ဟုတ်ပါပြီ”။ ဝမ်ရှင်းမင်လည်း ခံစားချက် အစစ်မှန်ကို ရယ်မောသံဖြင့်သာ ဖုံးကွယ်လိုက်တော့သည်။

ချူးယန်ရှီ အလွန် ဒေါသထွက်နေပါသည်။

သောက်ကျင့်မကောင်းတဲ့ ချင်းမိသားစုဝင်တွေ!

ဘာလို့အဲ့လောက် ကောက်ကျစ်ရတာလဲ။

သူတို့ အနောက်မြောက်ပိုင်းက မြေတန်ဖိုးကို မြှင့်ဖို့အတွက် သူမတို့ကို အသုံးချသွားခဲ့တာ!

ချင်းမိသားစုက စက်ဆုပ်ဖို့ကောင်းတယ်!

တစ်မိသားစုလုံး စက်ဆုပ်ဖို့ ကောင်းတယ်!

စူစူလေးက သူတို့ စကားဝိုင်းကို နားမလည်သော်လည်း သူမ တူကြီး အနိုင်ရသွားတာကိုတော့ ခံစားမိပါသ်ည။

“တူကြီး မြေထပ်ဝယ်ဦးမှာလား”။

“မဝယ်တော့ဘူး။ စူစူလေး ဗိုက်ဆာနေပြီလား။ ဒီနားက ရှော့ပင်းမောမှာ တစ်ခုခုသွားစားကြမလား”။ ချင်းယုဟွိုင်း အေးတိအေးစက် အမူအရာကို ဖျောက်လိုက်ပြီး စူစူလေးအား နူးညံ့သိမ်မွေ့စွာ မေးလိုက်ပါသည်။

“အွန်း! ဗိုက်ဆာတယ်!”

ဒီလိုနဲ့ ချင်းယုဟွိုင်း၊ ချင်းယုဟန်၊ စူစူလေးနဲ့ ဟဲပေမူတို့အားလုံး လေလံရုံထဲမှ ထွက်သွားကြလေသည်။။

ဝမ်ရှင်းမင် ဘာမှမပြောဘဲ အချိန်အကြာကြီး မတ်တပ်ရပ်နေခဲ့ကာ ချူးယန်ရှီကလည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထေားခဲ့ပါသည်။

ချူးရွှမ်က ဝင်ပြောလိုက်၏။ “ယောက်ျား စိတ်မတိုပါနဲ့။ စီးပွားရေး ရှုထောင့်ကကြည့်ရင် ဒီမြေဝယ်လိုက်တာက အရှုံးမရှိပါဘူး”

ဝမ်ရှင်းမင်နဲ့ ချူးယန်ရှီိတု့ အသိစိတ် ပြန်ကပ်သွားကြသည်။

ဝမ်ရှင်းမင် ခေါင်းငြိမ့်လိုက်သည်။ “မိန်းမပြောတာ မှန်ပါတယ်။ ဒီမြေကို ဝယ်လိုက်တာ နောင်တမရဘူး။ ဒီနေ့ ဘာမှဟုတ်တဲ့ ကောင်လေးတစ်ယောက် လှည့်စားတာကို ခံလိုက်ရလို့ နည်းနည်း စိတ်ရှုပ်သွားတာ”။

ထို့နောက် ဝမ်ရှင်းမင် ခေါင်းငုံ့လိုက်ပြီး ချူးယန်ရှီ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပါသည်။ “ပြီးတော့ ကိုယ့်ဘက်မှာ ရှောင်းရှီလေးလည်း ရှိနေတာပဲဥစ္စာ”။

… … …

အခန်း(၉၆၅) သမီးလေးက ဘာလို့ အဲ့လောက် ပိုက်ဆံရှာချင်နေတာလဲ

ချူးယန်ရှီလည်း ခေါင်းငြိမ့်လိုက်ပါသည်။ “ဖေကြီး သမီးတို့ ပိုက်ဆံ မဆုံးရှုံးပါဘူး”

သူမမှာ အရင်ဘဝက မှတ်ဉာဏ်တွေ ရှိနေပြီး သူမကို ယုံကြည်သည့် အစွမ်းအစရှိသော ဝမ်ရှင်းမင်လည်း ရှိနေသည်။ ထို့ကြောင့် သူမ ဘာမှ စိတ်ပူစရာ မလိုတော့ပါ။

“ဟုတ်ပါတယ် ဟုတ်ပါတယ်။ ရှောင်းရှီလေး ပြောတာ မှန်ပါတယ်”။ ဝမ်ရှင်းမင် အပြုံးဖြင့် ပြောလိုက်သည်။

ချူးယန်ရှီရဲ့ စကားကို အပြည့်အဝ မယုံကြည်သော်လည်း ဒီလို အတိတ်နိမိတ်ကောင်းသည့် စကားတွေကို ဝမ်ရှင်မင် ကြားချင်ပါသည်။

ယောက်ျားဖြစ်သူနဲ့ သမီးဖြစ်သူတို့ အဆင်ပြေနေကြတာကို မြင်ပြီး ချိုးရွှမ်လည်း ပျော်ရွှင် ကြည်နူးသွားပါသည်။

ရုံအနောက်ဘက်တွင် ယန်းမင်အာ မတ်တပ်ရပ်လိုက်သည်။ ရွှယ်ကျန်းက သူမကို မေးလိုက်ပါသည်။ “သခင်မစူ တန်ဖိုးက သခင်မစူ ထင်ထားတာထက် ကျော်လွန်သွားလို့ လေလံဆွဲတာ ရပ်လိုက်တာလား”

“အဲ့လိုမျိုးပါပဲ”။ ယန်းမင်အာ အေးအေးလူလူ ပြန်ဖြေလိုက်သည်။

သူမရဲ့ တူက အလွန် ရက်စက်သည်။ အပြင်လူတစ်ယောက်သာ မြေကွက်ကို ဝင်မယူသွားလျှင် သူမ လက်ထဲ ထိုမြေကွက် ရောက်လာပါလိမ့်မည်။

သူ့အဒေါ် အရှုံးပေါ်မှာကို စိတ်ပူသည့်ပုံစံလည်း မပေါက်ပါ။

“သခင်မစူ စဉ်းစားတာ မှန်ပါတယ်။ ကျွန်မတို့က အကျိုးအမြတ်ရနိုင်တဲ့ ပရောဂျက်တွေမှာပဲ ရင်းနှီးမြှုပ်နှံသင့်တာ။ ဒီလို အန္တရာယ်များတဲ့ ပရောဂျက်တွေကိုတော့ သေသေချာချာ စဉ်းစားမှ ဖြစ်မယ်”။ သခင်မဟယ်က မျက်နှာလို မျက်နှာရ လုပ်ကာ ပြောလိုက်ပါသည်။

သူမတို့ ပိုက်ဆံတွေကို သခင်မစူဆီမှာ ရင်းနှီးမြှုပ်နှံထားတာဖြစ်သည်။ ထို့ကြောင့် သခင်မစူ သတိထားတာကို သူမတို့ အပြစ်မတင်လိုပါ။

“အဲ့တာဆို ကျွန်မတို့ ဘယ်သွားကြမလဲ သခင်မစူ”။ ရွှယ်ကျန်း ထပ်မေးလိုက်သည်။

“ပြီးသွားပြီလေ။ အိမ်ပြန်ကြမယ်”

ထို့နောက် ယန်းမင်အာက ထွက်ပေါက်ဆီသို့ သူမရဲ့ ဒေါက်မြင့်ဖိနပ်များနဲ့ ကြော့ကြော့မော့မော့ လျှောက်သွားခဲ့သည်။

ရွှယ်ကျန်းတို့လည်း အနောက်မှ အမြန် လိုက်သွားခဲ့ကြပါသည်။

ဝမ်ရှင်းမင်တို့ မိသားစုရှေ့မှ ယန်းမင်အာ ဖြတ်သွားစဉ် ဝမ်ရှင်းမင်က သူမကို ၂ ချက်လောက် လှည့်ကြည့်မိသွားသည်။

“ယောက်ျား ရှင်ဘာကြည့်နေတာလဲ”။ ဝမ်ရှင်းမင်၏ လက်ကို ချိုးရွှမ် ဆွဲကာ မေးလိုက်ပါသည်။

“ဘာမှ မကြည့်ပါဘူး”။ ဝမ်ရှင်းမင် အမြန် မျက်နှာလွှဲလိုက်ပါသည်။

“ဘာကို ဘာမှ မကြည့်ရမှာလဲ။ ခုနက မိန်းမနောက် ရှင့်မျက်လုံးတွေပါ ကျွတ်ပါသွားတော့မလို ဖြစ်နေတာလေ!”။ ချို့ရွှမ်က သဝန်တိုစွာ ပြောလိုက်ပါသည်။

“အဲ့လို မဟုတ်ပါဘူး။ အဲ့ဒီ အမျိုးသမီးက ခုနက ကိုယ်တို့နဲ့ လေလံပြိုင်ဆွဲခဲ့တဲ့ တစ်ယောက်လေ။ ကိုယ့်ပြိုင်ဘက်က ဘယ်လိုပုံစံလဲဆိုတာ အကဲခတ်နေတာပါ။ တခြားအဓိပ္ပာယ်မပါဘူး”။ ဝမ်ရှင်းမင် အမြန် ရှင်းပြလိုက်ပါသည်။

“ဪ အဲ့လိုလား။ အဲ့တာဆိုလည်း ပြီးတာပဲ”။ ချိုးရွှမ် ချက်ချင်း လေသံပြောင်းသွားပါသည်။

ဒါကိုကြားတော့ ဝမ်ရှင်းမင် ရယ်မောလိုက်ပါသည်။ “သဝန်တိုစရာ မဟုတ်တာကို ဘာလို့ သဝန်တိုနေတာတုန်း”

ချိုးရွှမ်က မျက်စောင်းထိုးကာ ပြန်ပြောလိုက်ပါသည်။ “ကျွန်မ ယောက်ျားကိုကျွန်မ သဝန်မတိုရရင် ဘယ်သူ့ ယောက်ျားကို သဝန်သွားတိုရမှာလဲ”

“အေးပါအေးပါ ငါ့မိန်းမ မှန်ပါတယ်”။ ဇနီးဖြစ်သူ သူ့အတွက် သဝန်တိုနေတာကို ဝမ်ရှင်းမင် ဝမ်းသာပါသည်။

ချိုးရွှမ်ကို ချော့ပြီးနောက် မိန်းမနဲ့ သမီးဖြစ်သူတို့ကို ခေါ်လျက် ဝမ်ရှင်းမင် လေလံပွဲမှ ပြန်လာခဲ့ကြသည်။ မြေကွက်ကို ပိုင်ဆိုင်လိုက်ပြီဖြစ်ကာ နောက်ဆက်တွဲ လုပ်စရာတွေ အများကြီး ရှိနေပါသည်။

--- --- ---

အိမ်ပြန်ရောက်သောအခါ စူစူလေးက အဘိုးချင်းတို့ရဲ့ စာကြည့်ခန်းထဲ ပြေးဝင်သွားခဲ့သည်။

“ဖေဖေနဲ့ မေမေ! သမီးပြန်ရောက်ပြီ!”

“သမီးလေး ပြန်လာပြီလား! ဖေဖေ အာဘွားပေးဦးမယ်။ ချွေးထွက်တာတွေများပြီး မွှေးတဲ့ သမီးလေးကနေ နံတဲ့ သမီးလေး ဖြစ်သွားပြီလားလို့”

“မနံဘူး! သမီးက မွှေးတဲ့ သမီးလေး!”

“ဟုတ်ပါတယ် ဟုတ်ပါတယ် ဖေဖေတို့ သမီးလေးက အရမ်းမွှေးပါတယ် ဟားဟားဟားဟာ”

ချင်းယုဟွိုင်းက တိတ်တဆိတ်သာ ရပ်ကြည့်နေခဲ့သည်။ အချိန်အတန်ကြာမှ အဘိုးချင်းက သူ့ကို မေးလိုက်၏။ “ယုဟွိုင်း ငါတို့ကို ပြောစရာရှိသေးလို့လား”

“ဟုတ်ကဲ့”

“အဲ့တာဆို ဟိုဘက်အခန်းထဲ လိုက်ခဲ့”

မြေးဖြစ်သူ အရေးကြီးကိစ္စ ပြောစရာရှိသေးမှန်း ရိပ်မိသဖြင့် သူ့သမီးလေးကို အဘွားချင်းနဲ့ထားခဲ့ကာ ဘေးအခန်းသို့ အဘိုးချင်း ထွက်လာခဲ့သည်။

သူတို့နှစ်ယောက် ထွက်သွားတာကို ကြည့်ပြီး စူစူလေးက မေးလိုက်သည်။ “ဖေဖေနဲ့ တူကြီးတို့ ဘာတွေ လျှို့ဝှက်ပြီး ပြောကြမလို့လဲ မေမေ”

“မေမေလည်း မသိဘူး။ ငွေရှာဖို့ ကိစ္စနေမှာပေါ့”

“သမီးလည်း ငွေရှာတဲ့အကြောင်း နားထောင်ချင်တယ်! သမီးလည်း ပိုက်ဆံရှာချင်တယ်!”။ စူစူလေး အမြန် ပြောလိုက်သည်။

“သမီးလေးက ဘာလို့ အဲ့လောက် ပိုက်ဆံရှာချင်နေတာလဲ”။ အဘွားချင်း စိတ်ဝင်တစား မေးလိုက်ပါသည်။

ခုတလော သူမတို့ရဲ့ သမီးလေး မြေတွေဝယ်ပြီး ငွေရှာဖို့ ရုတ်တရက်ကြီး ဘာကြောင့် စိတ်ဝင်စားလာရတာလဲ။

… … …

All Chapters