မိခင်သင်္ဘော
Vol. 82 Ch. 1241
လေထဲမှ စုစည်း ရုပ်သေးများသည် တိုက်ခိုက်ရေး ဖွဲ့စည်းပုံဖြင့် တန်းစီကာ တစ်ပြိုင်နက်တည်း ပစ်ခတ်ခဲ့ကြသည်။ မရေမတွက်နိုင်သော ဒုံးကျည်များက အသူရာချောက်နက် သခင်များနှင့် ဝိုင်းရံ ထားသော မီးလျှံစုန်းမများထံသို့ တရွှီရွှီ မြည်ဟည်းလျက် ဦးတည်သွားခဲ့သည်။ ပြင်းထန်သော ပစ်ခတ်အား အောက်တွင် အသူရာချောက်နက်သခင်များနှင့် မီးလျှံ စုန်းမများက မတုံ့ပြန်နိုင်ခင် အပိုင်းပိုင်း ပြတ်ထွက်သွားခဲ့သည်။
အထူးအဆင့် လက်ရွေးစင် အချို့လည်း ထိုကဲ့သို့ အားကောင်းလှသော စုစည်း ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြသည်။ နတ်ဘုရားတစ်ပိုင်း၏ အလယ်အလတ် အဆင့် အသူရာချောက်နက်သခင် တစ်ကောင်က ရုပ်သေးများ၏ ရှေ့တွင် လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။ သူ၏ လက်ထဲမှ မဟာဓားက သေစေနိုင်သော တိုက်ခိုက်မှု တစ်ခုကို စတင်တော့မည့် အချိန်တွင် ရုတ်တရက် အန္တရာယ် တစ်ခုကို အာရုံခံမိလိုက်သည်။ သူ၏ မျက်နှာချင်းဆိုင်၌ သိဒ္ဓိနဂါး တစ်ကောင် ပေါ်လာပြီး အဖြူရောင် မီးတောက်များကို မှုတ်ထုတ်လိုက်၏။
အသူရာချောက်နက်သခင်က ရှောင်တိမ်းရန် အချိန် မရခဲ့ပေ။ သူက အော်ဟစ်လိုက်ပြီး မဟာဓားကို လွှဲချ လိုက်သည်။ ကြောက်မက်ဖွယ်ရာ ထက်ရှသော ချီစွမ်းအင်အောက်တွင် နဂါး၏ အာငွေ့ ထက်ဝက် ပြတ်တောက် သွားခဲ့သည်။ သိဒ္ဓိနဂါးသည် ထိုရလဒ်ကို ကြိုတင် မျှော်လင့်ထားရာ နဂါးအာငွေ့ကို ထုတ်လွှတ်စဉ် ကတည်းက စွမ်းအားကို စုစည်းထားပြီး ဖြစ်သည်။ အမြီးကို ကြီးမားသော ကြာပွတ်ကဲ့သို့ လွှဲလိုက်၏။ အသူရာချောက်နက်သခင်က နဂါးအာငွေ့ကို ခုတ်ပိုင်းရန် စွမ်းအားကို ကုန်ဆုံးလိုက်သည် ဖြစ်ရာ ကြာပွတ်ဖြင့် အကြမ်းပတမ်း လွှင့်ထုတ်ခံလိုက်ရသည်။
သိဒ္ဓိနဂါးက လူပုံစံ ပြောင်းလဲသွားပြီး လေထဲတွင် ဟန်ချက် ပျက်နေသော အသူရာချောက်နက်သခင်ကို ဖမ်းလိုက်၏။ သူက ချွန်ထက်သော ကြေးဝါလက်အိပ်ကို ဝတ်ဆင်ထား၏။ အေးစက်သော ချီစွမ်းအင် အလယ်တွင် အသူရာချောက်နက်သခင်က အမှန်ပင် နှစ်ပိုင်း ပြတ်သွားခဲ့သည်။ လက်နှစ်ဖက် စလုံးကို လျင်မြန်စွာ လှုပ်ရှားလိုက်ရာ အသူရာချောက်နက်သခင် ဆုတ်ဖြဲခြင်း ခံလိုက်ရပြီး အောက်သို့ တည့်တည့်ပင် ပြုတ်ကျသွားခဲ့သည်။
အသူရာချောက်နက်သခင်ကို လွယ်ကူစွာ သတ်လိုက်သော သိဒ္ဓိနဂါးက ဂွယ်ရိုအက်စ်မှလွဲ၍ အခြားသူ မဟုတ်ပေ။ သူ၏ လက်ထဲမှ လက်နက် အသစ် ရေခဲတိုက်ပွဲ-ပုဆိန်ကို ကြည့်ရင်း အံ့အားသင့်မှုက သူ၏ မျက်လုံးများတွင် လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။ ဂွယ်ရိုအက်စ်ကို အံ့အားသင့်စေခဲ့သည်မှာ လက်နက်တင်မကဘဲ သူ၏ ကိုယ်ပိုင် စွမ်းအားကိုလည်း ဖြစ်သည်။ လွန်ခဲ့သော လအနည်းငယ်က ကျက်သရေပြာ မြို့တော် စစ်မြေပြင်တွင် အဆင့်တူ အသူရာချောက်နက်သခင်နှင့် ရင်ဆိုင်ရပါက ထိုအားကောင်းသော လက်နက် ရှိနေခဲ့လျှင်ပင် အဆင့်တူ အသူရာချောက်နက်သခင်ကို ထိုမျှ လျင်မြန်စွာ သတ်ပစ်ရန် မဖြစ်နိုင်ပေ။
ထိုအရာမှာ မာရီယာ၏ မယုံနိုင်စရာ သမက် ချန်လွေ့ကြောင့်ပင် ဖြစ်သည်။ [ကြယ်အဆင့် တိုးမြှင့်မှု] စွမ်းအားကို လက်ခံပြီးနောက် တစ်လကြာ သူ၏ စွမ်းအား ကျဆင်းသွားသော ကြောက်စရာ ကောင်းသည့် အခြေအနေ ရှိခဲ့သော်လည်း ထို့နောက်တွင် အခြေခံက မကြုံစဖူး ခိုင်မာလာပြီး သန့်စင်လာခဲ့သည်။ သူ၏ စွမ်းအားကလည်း ခုန်ပျံကျော်လွှားကာ တိုးလာခဲ့၏။ သူက နတ်ဘုရားတစ်ပိုင်း အလယ်အလတ်အဆင့်သို့ တက်ရောက် ပြီးစသာ ဖြစ်နေရာ နောက်တစ်ကြိမ် တက်ရောက်ရန် အနည်းဆုံး နှစ်၁၀၀ သို့မဟုတ် ပိုကြာလိမ့်မည်။ ယခု သူသည် တက်ရောက်မှု၏ အစွန်းကို မရေမရာ ခံစားနေရပြီ ဖြစ်သည်။ သို့သော်လည်း မာရီယာနှင့် စပန်တို့က သူ့ထက်ပို၍ မြန်ဆန်ခဲ့ပြီး နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထိုအရာမှာ ကြယ်တစ်ပွင့် တိုးမြှင့်မှုသာ ရှိသေးသည်။ အကယ်၍ သူသာ ကြယ် နှစ်ပွင့်အထိ ရောက်ရှိနိုင်ပါက စွမ်းအား နောက်ထပ် ခုန်ပျံကျော်လွှားမှု တစ်ခု ဖြစ်လာလိမ့်မည်။ နတ်ဘုရား-ယောင် အဆင့်သို့ ဖောက်ထွက် နိုင်ခြင်းက အိပ်မက် မဟုတ်ကြောင်း ပြောနေသည်။ မာရီယာ၏ သမီး နှစ်ယောက် ဖြစ်သော ဇိုလာနှင့် အစ်ဇဘယ်လာတို့က အကောင်းဆုံးသော ဥပမာပင်။ ဇိုလာ၏ စွမ်းအားက မိုက်ကယ်နှင့် အဆင့်တူနေပြီ ဖြစ်သည်။ ထိုအတောအတွင်း အစ်ဇဘယ်လာ နဂါးတောင်ကြားတွင် ရှိစဉ်က သူ၏ စွမ်းအားမှာ နတ်ဘုရား တစ်ပိုင်း အဆင့်ပင် မရှိသေးပေ။ ယခု သူက နတ်ဘုရား-ယောင် အဆင့်နှင့် ခြေတစ်လှမ်းသာ ကွာဝေးတော့သည်။
ဂွယ်ရိုအက်စ်၏ အတွေးများ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး သူက ချက်ချင်းပင် တိုက်ပွဲထဲသို့ ပြန်လည်၍ ဝင်ရောက်သွားခဲ့သည်။ ယခုတစ်ကြိမ်တွင် သူ ဦးဆောင်လာသော နဂါးများသည် ရွှေရောင်နယ်မြေတိုက်ပွဲတွင် ပါဝင်ခဲ့သော နတ်ဆိုးအရှင်သခင်နှင့် နတ်ဆိုးဧကရာဇ် အဆင့် လူသစ်များ မဟုတ်တော့ပေ။ နဂါးတောင်ကြားမှ တကယ့် အထူးအဆင့် လက်ရွေးစင်များပင် ဖြစ်သည်။ မကြာမီ အသူရာချောက်နက်၏ ထိုလေဗိုလ်ခြေ အစုအဝေးက ရှင်းလင်းခံခဲ့ရသည်။
တာဝန် ပြီးဆုံးသွားခဲ့သော စုစည်း ရုပ်သေးများက ဧရာမ သင်္ဘောသို့ ပြန်သွားခဲ့ပြီး စွမ်းအင်များကို လျင်မြန်စွာ ဖြည့်တင်းကာ ပျက်စီးနေသော အစိတ်အပိုင်းများကို ပြုပြင်ခဲ့သည်။ တိုက်ပွဲ တစ်လျှောက်လုံးတွင် သင်္ဘော ကိုယ်တိုင် တိုက်ခိုက်မှု စတင်ခြင်း မရှိဘဲ တိုက်ခိုက်ရေး လက်နက် တင်ဆောင်ရန် စခန်း အဖြစ်သာ ဆောင်ရွက်နေခဲ့သည်။ သို့သော် ၎င်းက အစားထိုး၍ မရသော အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်၏။
အကယ်၍ ထိုလောကသို့ ရောက်ရှိ လာခဲ့သော ကမ္ဘာမြေမှ ကူးပြောင်းလာသူ ရှိပါက သူတို့သည် စကားလုံး လေးလုံးဖြင့် သေချာပေါက် အော်ဟစ်ကြလိမ့်မည်။
ပင်လယ်ပေါ်မှ တိုက်ပွဲသည်လည်း အဆုံးသတ်သွားခဲ့သည်။ မိုးပျံယာဉ်၊ စစ်ရေယာဉ်စု၏ မှော်ကျောက်သလင်း အမြောက်များ ပူးပေါင်းဆောင်ရွက်မှုဖြင့် မှော်လေကြောင်းဗုံးများကို အသုံးချကာ သွေးစွန်း သင်္ဘောများကို သေစေနိုင်သော တိုက်ခိုက်မှု စတင်ခဲ့သည်။ ပင်လယ်ပေါ်မှ သွေးစွန်း သင်္ဘောများသည် ပိုမို၍ နည်းပါးလာခဲ့သည်။ နောက်ဆုံးတွင် သူတို့ အားလုံး ဖျက်ဆီးခြင်း ခံလိုက်ရ၏။
ထိုတိုက်ပွဲတွင် ရရှိခဲ့သော အောင်ပွဲမှာ လုံးဝအပြည့်အဝ အောင်ပွဲဟု ဆိုနိုင်သည်။ လူသားများ အသူရာ ချောက်နက်ကို တိုက်ခိုက်သည့် တိုက်ပွဲမှာ အခြေခံ အားဖြင့် လုံးဝ ရှုံးနိမ့်ပြီး အဆုံးသတ် ခဲ့သည်။ ကျက်သရေပြာ မြို့တော်ကို တိုက်ခိုက်သည့် တိုက်ပွဲပင် ဝမ်းနည်းဖွယ် အောင်ပွဲ တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။ ထိုအရာမှာ သူတို့ ထိုသို့သော အောင်ပွဲတစ်ခုကို ပထမဆုံး အကြိမ် ရရှိခဲ့ခြင်း ဖြစ်ရာ သူတို့၏ စိတ်ဓာတ် များစွာ မြင့်တက်လာခဲ့သည်။
ထိုတိုက်ပွဲ အနိုင်ရခြင်း၏ သော့ချက်မှာ အမှန်တကယ်တွင် ထိုစစ်မြေပြင်ကြောင့် မဟုတ်ဘဲ ဒုတိယနှင့် တတိယ ရေယာဉ်စုများ၏ စစ်မြေပြင်၌ ဖြစ်သည်။
ထိုရေယာဉ်စု နှစ်စုကို နတ်ဆိုးများ၊ လူသားများနှင့် အဂ္ဂိရတ်ဗိုလ်ခြေတို့ဖြင့် ဖွဲ့စည်းထား၏။ တပ်မှူးမှာ တစ်ဦးတည်း ဖြစ်သည်။ အရိပ်နက် အင်ပါယာမှ ဗိုလ်ချုပ် နီယိုပင်။ နီယိုသည် အရိပ်နက် အင်ပါယာ၏ ဗိုလ်ချုပ် သုံးဦးထဲမှ တစ်ဦး မဟုတ်ဘဲ ဧကရီ ကတ်သရင်းမှ အသစ် ရာထူး တိုးမြှင့်ထားသော လူငယ်တစ်ဦး ဖြစ်သည်။
နတ်ဆိုးဘုံ၏ ထိပ်တန်း ပညာရှိနှင့် နတ်ဆိုး မဟာမိတ် တပ်မတော်၏ အမြင့်ဆုံးတပ်မှူး ဖြစ်သည့်အလျောက် ကက်သရင်းက ထိုလူသစ် ဗိုလ်ချုပ်ကို လူသားလောကသို့ ခေါ်ဆောင်လာခဲ့ပြီး သူ့ကို ထိုသို့ အရေးကြီးသော တာဝန် တစ်ခု အပ်နှင်းခဲ့ရာ ၎င်းမှာ လူများကို အမှန်တကယ်ပင် စိုးရိမ်သွားစေခဲ့သည်။ သို့သော် ထိုလူသစ် နီယိုက အသူရာ ချောက်နက် ဗိုလ်ခြေနှင့် အရေးကြီးသော တိုက်ပွဲတွင် အံ့ဩဖွယ် ကောင်းသော ကွပ်ကဲမှု စွမ်းရည်များကို ပြသခဲ့သည်။
အဝေးပစ်နှင့် အနီးကပ် တိုက်ခိုက်ရေး ယူနစ် အမျိုးမျိုး ကွပ်ကဲမှုနှင့် ဖြန့်ကျက်မှု၊ ထို့အပြင် စစ်မြေပြင်၏ အချိန်ကိုက်မှုကို ဆုပ်ကိုင်နိုင်စွမ်းက တိုက်ပွဲများစွာကို ကွပ်ကဲခဲ့ဖူးသော နာမည်ကြီး ဗိုလ်ချုပ် တစ်ဦး ဖြစ်သည့်အလား အလွန်ပင် ကျွမ်းကျင်ပုံရသည်။ သူက လူသစ် တစ်ယောက်နှင့် လုံးဝကို မတူနေပေ။ အထူးသဖြင့် ပြေးရင်း တိုက်ခိုက်သည့် စွန်လွှတ် ဗျူဟာက မျက်စိဖွင့်ပေးခဲ့သည်။ အသူရာ ချောက်နက် ရေယာဉ်စုက အစွမ်းကုန် ထုတ်သုံး လိုသော်လည်း ကြီးမားသော ပျက်စီးမှုကို ဖြစ်စေနိုင်ပြီး လိုက်လံဖမ်းဆီးမှုတွင်သာ အဆက်မပြတ် ကုန်ဆုံးနေနိုင်သည်။ ရေယာဉ်စု ပုံစံလည်း အုပ်စုများစွာ အဖြစ်သို့ ပြန့်ကျဲသွားခဲ့ရာ အသူရာ ချောက်နက် ဗိုလ်ခြေ၏ အဆုံးမဲ့ ဂုဏ်သတ္တိကို ခုနှိမ်နိုင်ခဲ့သည်။
ထိုအကြောင်းကြောင့်ပင် ပထမဆုံး ရေယာဉ်စုက အသူရာ ချောက်နက်၏ သွေးစွန်းသင်္ဘောများကို အလွယ်တကူ ဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
သင်္ဘောကို ကွပ်ကဲရာတွင်လည်း ကျက်သရေပြာ အင်ပါယာ၏ ဆရာဟောင်း အယ်လ်တိုစ်လည်း ပါဝင်သည်။ သူက နီယို၏ စွမ်းရည်နှင့် စစ်မြေပြင်မှ နတ်ဆိုးစစ်သည်များ၏ အကောင်အထည် ဖော်မှုနှင့် လိုက်လျောညီထွေ ရှိနေသော စွမ်းဆောင်ရည်ကြောင့် မှင်တက်သွား၏။ သူတို့က အသူရာချောက်နက်ကို ရေတွက် မရနိုင်အောင် တိုက်ခိုက်ခဲ့ကြဖူးသော အတွေ့အကြုံရှိ စစ်သည်ဟောင်းများ ကဲ့သို့ပင်။ သူတို့က အသေးငယ်ဆုံးသော တန်ဖိုးများ ပေးဆပ်၍ ရန်သူများကို အမြဲပင် အကြီးဆုံးသော ထိခိုက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
အမှန်မှာ ထိုနီယိုတွင် နတ်ဆိုးဘုံ၌ အမည် တစ်ခုလည်း ရှိနေ၏။ ထိုအရာက ဂူသင်္ချိုင်းဘုရင် ဟူ၍ပင်။
နီယိုက ထိုက်တန်သော အသူရာ ချောက်နက် ဂူသင်္ချိုင်း နံပါတ်(၁) တပ်မှူး ဖြစ်သည်။ သူက ပင်လယ် ဂူသင်္ချိုင်း အပါအဝင် အသူရာချောက်နက် ဂူသင်္ချိုင်း များစွာကို ရှင်းခဲ့သည့် စံချိန်များလည်း ရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် သူက မကောင်းဆိုးဝါး ဝိုင်းရံတိုက်ခိုက်မှုများ၌ အတော်ဆုံး တပ်မှူး အဖြစ်လည်း အသိအမှတ် ပြုခံထားရသည်။
နတ်ဆိုးဘုံ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းက လူသားများထက် နှစ်အနည်းငယ် စော၏။ အကြီးမားဆုံးသော ကွာခြားချက်မှာ နတ်ဆိုးများ၏ ဂိမ်းများအပေါ် စိတ်အား ထက်သန်မှုနှင့် နတ်ဆိုးဘုံ အင်ပါယာများ ထိုရှုထောင့်ကို အလေးထားမှုက လူသား လောကနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။
နှစ်ဖက်လုံးက အသူရာချောက်နက်ကို ရင်ဆိုင် နေရသော်လည်း တစ်ဦးချင်း စွမ်းရည် ဖြစ်စေ၊ နည်းဗျူဟာ ဖြစ်စေ၊ နတ်ဆိုးများက လူသားများထက် များစွာ သာလွန်၏။
ရှေ့ပြေး တပ်ဖွဲ့များက မျှော်လင့် မထားသော ပျက်စီးမှုများ ခံစားခဲ့ရပြီး နောက်တွင် နောက်ပိုင်း ရောက်လာသော အသူရာချောက်နက် ရေယာဉ်စု ပြောင်းလဲ သွားခဲ့သည်။
ပိုများလာသော သွေးစွန်း သင်္ဘောများ နီးကပ်လာပြီး လျင်မြန်စွာ ပုံပျက်ယွင်း ပြောင်းလဲလာခဲ့သည်။ ထိုအရိုးများနှင့် သွေးစွန်း အရေပြား အားလုံး တစ်ခုတည်း အဖြစ် ပေါင်းသွားပြီး အလွန်ကြီးမားသော မကောင်းဆိုးဝါး သင်္ဘော တစ်စင်းနှင့် တူလာခဲ့သည်။
ပေါင်းစပ်မှုက သွေးစွန်း သင်္ဘော အရေအတွက်များကို လိုအပ်ရုံသာမကဘဲ အသူရာချောက်နက် မကောင်းဆိုးဝါး အများအပြားလည်း မကောင်းဆိုးဝါး သင်္ဘောပတ်လည်တွင် ချော်ရည်အလွှာ အဖြစ် ပြောင်းသွားခဲ့သည်။ ပို၍များသော သွေးသင်္ဘောများ ပေါင်းစပ်လာသည်နှင့် အမျှ မကောင်းဆိုးဝါး သင်္ဘော၏ အရွယ်အစား ပိုမို၍ ကြီးမားလာခဲ့သည်။ နောက်ဆုံး ပုံပေါ်လာရာ ၎င်းက တိုက်ပွဲ ဘောလုံးကွင်း လေးကွင်းစာ အမှန်ပင် ကြီးမားနေပြီး ၎င်းကို ထူးဆန်းနေသော ကြောက်မက်ဖွယ်ရာ အသွင်အပြင် ဖြစ်လာစေခဲ့သည်။
အရွယ်အစားနှင့် စွမ်းရည် တိုးလာခြင်း အပြင် သင်္ဘော ကိုယ်ထည်၏ အရိုးများ သည်လည်း ပိုမို၍ မာကျောလာခဲ့သည်။ ထိုဧရာမ သင်္ဘောကို ပထမဆုံး ရှာဖွေ တွေ့ရှိသူမှာ တတိယ ရေယာဉ်စု၏ စစ်သင်္ဘော ဖြစ်သည်။ အံ့ဩစရာ ကောင်းသည်မှာ အားကောင်းသော မှော် သလင်းကျောက် အမြောက် တစ်လက် ထိုဧရာမသင်္ဘောပေါ် ထိသွားလျှင်ပင် အပေါက် သေးသေးလေး သို့မဟုတ် အက်ကြောင်း တစ်ခုသာ ဖြစ်စေခြင်းပင်။ ဧရာမခန္ဓာရှိသည့် ဧရာမသင်္ဘောတစ်စင်း အတွက် ထိုတိုက်ခိုက်မှု အဆင့်သည် ခြိမ်းခြောက်မှု လုံးဝကို မဖြစ်စေနိုင်ဘဲ အက်ကွဲကြောင်းက အလိုအလျောက် ပြန်လည်၍ ကောင်းမွန်လာလိမ့်မည်။
ဧရာမသင်္ဘောများတွင် အစွမ်းထက် အကာအကွယ်များ ရှိရုံသာမက။ ထို့ပြင် မှော်သလင်းကျောက် အမြောက်နှင့် ဆင်တူသော အကွာအဝေး ရှိသည့် မီးဗုံးများကိုလည်း ထုတ်လွှတ်နိုင်၏။ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည်မှာ မူလ မကောင်းဆိုးဝါးများအပြင် ဧရာမ သင်္ဘောပေါ်တွင် ဧရာမသတ္တဝါ အသစ် တစ်ကောင် ရှိနေခြင်းပင်။ ၎င်းမှာ အညိုရောင် ဖြစ်ပြီး နေကြာပန်းနှင့် အနည်းငယ် ဆင်တူကာ ရှည်လျားသော လက်တံစက်ဝိုင်းတစ်ခုဖြင့် ဝန်းရံထားခြင်း ဖြစ်သည်။ အသူရာချောက်နက်၏ မွေးမြူရေး အသိုက်ပင်။
အသူရာ ချောက်နက်၏ မွေးမြူရေး အသိုက် ပါရှိသော ဧရာမ သင်္ဘော၏ ကြောက်မက်ဖွယ်ကောင်းမှုက ထိုထက် များစွာ ကျော်လွန်နေ၏။ ၎င်း ဖြတ်သန်း သွားရာ ပင်လယ်ပြင် အတွင်းရှိ ငါးများနှင့် သက်ရှိသတ္တဝါများက ခြောက်သွေ့သော အရိုးများ အဖြစ်သို့ တစ်ကောင်ပြီး တစ်ကောင် ပြောင်းသွားပြီး အနီးအနားမှ အသက်များကို အဆက်မပြတ် ဝါးမျိုနေပုံ ရသည်။
တစ်ချိန်တည်းမှာပင် အသူရာချောက်နက်၏ မွေးမြူရေးအသိုက်ပတ်လည်တွင် သလင်းကျောက် အနီရောင်ပန်းများ ရှိနေပြီး မွေးမြူရေးအသိုက်၏ ပါးစပ်က အချွဲများဖြင့် ဖုံးထားသော သွေးပိုးအိမ်များ ထွေးထုတ် ပေးလိမ့်မည်။ ၎င်းတို့က အသူရာချောက်နက် မကောင်ဆိုးဝါး အသစ်များအဖြစ် ပေါက်ဖွားလာလိမ့်မည်။
အသူရာ ချောက်နက် ပန်းနှင့်အတူ အချိန်ကန့်သတ်ချက် တစ်ခု ရှိသော်လည်း အသူရာချောက်နက် မကောင်ဆိုးဝါးများ၏ တိုက်ခိုက်ရေးစွမ်းအား များစွာ တိုးတက် လာခဲ့သည်။ ခဏတာအတွင်း တတိယ ရေယာဉ်စု၏ ထိခိုက်မှု အရေအတွက် ရုတ်တရက် တိုးမြင့်လာခဲ့သည်။
နီယိုကို အခက်ခဲဆုံး ဖြစ်စေသည်မှာ သူ မည်သည့် နည်းဗျူဟာကို သုံးစေကာမူ မွေးမြူရေးအသိုက်များ တင်ထားသော ထိုသင်္ဘောကို အဆုံးသတ် ထိုးနှက်မှု တစ်ခု မလုပ်နိုင်ခြင်းပင်။ အဆုံးအဖြတ် ပေးနိုင်သော စွမ်းအားရှိသည့် ဧရာမ သင်္ဘောတစ်စင်းက ရိုးရှင်းစွာ ရပ်တန့်၍ မရနိုင်ပေ။
ထို့ပြင် နောက်မှ သွေးစွန်းသင်္ဘောများ ဧရာမသင်္ဘော အသစ်များနှင့် ပေါင်းစပ် နေဆဲ ဖြစ်ပုံရသည်။ ၎င်းမှာ သေချာပေါက် သတင်းဆိုး တစ်ခုပင်။
နီယို လုပ်ဆောင်နိုင်သည်မှာ အသူရာ ချောက်နက် ဧရာမ သင်္ဘော၏ အာရုံစိုက်မှုကို ဆွဲဆောင်ရန် စစ်သင်္ဘော အချို့ကို စေလွှတ်ပြီး တိုးတက်မှု အရှိန်ကို နှေးကွေးစေရန် ကြိုးပမ်းရုံသာ။
နီယိုက ဝန်းရံတိုက်ခိုက်မှု တစ်ခုကို လုပ်ဆောင်ရန် တတိယ ရေယာဉ်စုအား အစွမ်းကုန် လုပ်ဆောင်ရန် ကွပ်ကဲနေစဉ် ရုတ်တရက် အမိန့်သစ်တစ်ခုကို လက်ခံ ရရှိခဲ့သည်။ ဆုတ်ခွာတော့။
မဟာမိတ် တပ်မတော် ရေယာဉ်စု ခုတ်ခွာသွားသည်ကို မြင်ရာ အသူရာ ချောက်နက် သွေးစွန်း သင်္ဘောများက ဧရာမသင်္ဘောကို ဝန်းရံပြီး လိုက်လံ ဖမ်းဆီးခဲ့ကြသည်။ ထိုအခိုက်အတန့်တွင် အသူရာချောက်နက် ဧရာမသင်္ဘောထက် မသေးသော ဧရာမ သင်္ဘောတစ်စင်းက ၎င်း၏ အရှေ့တွင် ပေါ်လာခဲ့သည်။ ၎င်းမှာ စုစည်း ရုပ်သေးရုပ်များကို တင်ဆောင် ထားခဲ့သော ပထမဆုံး ရေယာဉ်စု၏ မိခင်သင်္ဘောပင်။
တတိယ ရေယာဉ်စု မိခင်သင်္ဘောကို ဖြတ်သန်းသွားပြီး တစ်စင်းပြီးတစ်စင်း ပျောက်ကွယ် သွားခဲ့ကြသည်။
ထို့နောက် မိခင်သင်္ဘော ပတ်လည်မှ လှိုင်းလုံးများသည် မြင့်တက်ပြီး ကျဆင်း လာခဲ့သည်။ အသူရာချောက်နက်၏ ဧရာမသင်္ဘောပင် ဧရာမလှိုင်းလုံးကြောင့် နောက်ပြန် တွန်းထုတ်ခြင်း ခံခဲ့ရသည်။
ဧရာမ အနက်ရောင် ပုံရိပ်တစ်ခုက တဖြည်းဖြည်း မြင့်တက်၍ လာခဲ့ပြီး မဟာမိတ် တပ်မတော်၏ မိခင်သင်္ဘောက မျက်နှာ အမှန်ကို ဖော်ပြလိုက်သည်။ ရေထဲမှ ထွက်လာခဲ့သည်မှာ ၎င်း၏ အစိတ်အပိုင်းငယ်လေး တစ်ခုမျှသာ ရှိသေးသည်။
ဧရာမ ခံတပ်တစ်ခု သဖွယ် ကြီးမားလှသော ကိုယ်ထည်က အသူရာ ချောက်နက် ဧရာမ သင်္ဘောထက်ပင် ပို၍ ကြီးမားပြီး ကိုယ်တစ်ခုလုံးက ငွေရောင် အလင်းဖြင့် တောက်ပနေသည်။ ထိုဧရာမ မိခင်သင်္ဘော မြင့်တက်လာမှု မရပ်တန့် သေးပေ။ ၎င်းမှာ လေထဲတွင် အမှန်ပင် ဆိုင်းငံ့နေ၏။
အသူရာချောက်နက် ဧရာမသင်္ဘောက ဧရာမ မိခင်သင်္ဘောထံသို့ မီးဗုံးများကို အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး မီးဗုံးများ ပစ်မှတ်ကို မထိမှန်မီမှာပင် မိခင်သင်္ဘော ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
နောက်တစ်စက္ကန့်တွင် ဧရာမပုံရိပ် တစ်ခု ကောင်းကင်တွင် ပေါ်လာခဲ့ပြီး မြေပြင်မှ သားရဲများကို ငုံ့ကြည့်နေသော မောက်မာသည့် ဧရာမနဂါး တစ်ကောင် ကဲ့သို့ပင်။
ထိုအကွာအဝေး၌ အသူရာချောက်နက် ဧရာမသင်္ဘောတွင် နှစ်ဆ အကွာအဝေး ရှိလျှင်ပင် ၎င်းကို ထိမှန်နိုင်ခြင်း မရှိပေ။
သို့သော် ၎င်းမှာ ဧရာမ မိခင်သင်္ဘောက တိုက်ခိုက်နိုင်ခြင်းမရှိဟု မဆိုလိုပေ။
ရွှေရောင် အလင်းတန်း တစ်ခုသည် ဖြောင့်တန်းသော ရွှေရောင်မျဉ်း တစ်ကြောင်း ဖြစ်သွားစေပြီး အသူရာ ချောက်နက် ဧရာမသင်္ဘောကို တိကျစွာ ထိမှန်သွားခဲ့၏။
မှော်သလင်းကျောက် အမြောက်ကပင် ဧရာမ သင်္ဘော၏ အပေါ်ယံကိုသာ ထိခိုက်စေသော်လည်း ၎င်းမှာ ရွှေရောင် အလင်း၏ အလွယ်တကူ ထိုးဖောက်ခြင်း ခံလိုက်ရသည်။ သင်္ဘော၏ အရိုးစု ဖြစ်စေ၊ အသူရာ ချောက်နက် မကောင်းဆိုးဝါးများ ဖြစ်စေ အမှုန်များ အဖြစ်သို့ ပြောင်းလဲပြီး ပြန့်ကျဲ သွားခဲ့လေသည်။ ဧရာမသင်္ဘော တစ်ခုလုံး မျက်စိတစ်မှိတ် အတွင်းတွင် စုတ်ပြဲ၍ သွားခဲ့သည်။ ကျိုးပဲ့သွားသော အစိတ်အပိုင်းများက အလျင်အမြန်ပင် ပြိုလဲသွားခဲ့သည်။ ပျက်စီးမှုကို လုံးဝ ပြန်လည် မကောင်းစေနိုင်ခဲ့ပေ။
ထိုတိုက်ခိုက်မှု၏ အကွာအဝေး သို့မဟုတ် စွမ်းအား မည်သို့ပင် ဖြစ်စေ ၎င်းကို ကြောက်မက်ဖွယ်ကောင်းသည်ဟု သတ်မှတ်နိုင်၏။
တပ်မှူး ဆန်ဒရိုနှင့် အခြားသူများက ထိုမြင်ကွင်းကြောင့် တုန်လှုပ်သွားသည်။ နတ်ဆိုးဘုံမှာ ဒီလိုမျိုး ကြောက်စရာ ကောင်းတဲ့ လက်နက်မျိုးတွေ တကယ်ပဲ ရှိနေတာပဲ...
အကယ်၍ နတ်ဆိုးများသာ ရွှေရောင်နယ်မြေ တိုက်ပွဲတွင် ထိုအရာကို အသုံးပြုခဲ့ပါက ဆန်ဒရို ကဲ့သို့သော ပါရမီရှင် ဗိုလ်ချုပ်တစ်ဦးပင် လူသားများ ၎င်းကို မည်ကဲ့သို့ ကာကွယ်နိုင်မည်ကို စိတ်ကူးနိုင်မည် မဟုတ်ပေ။
ပါ့ဂ်လီအိုနှင့် ရိုမန်တို့ အလန့်တကြား အမူအရာကို သတိပြုမိလိုက်ပြီး ခုနက တစ်ယောက်ကို တစ်ယောက် လည်ပင်း ညှစ်နေကြသော အကောင်နှစ်ကောင်က ကျေနပ်သော အပြုံးများကို ပြသခဲ့သည်။
မိခင်သင်္ဘောမှာ ရှေးဟောင်း မြို့ပြ အဖွဲ့အစည်း ကြယ်မြို့မှ ပြောင်းလဲ ထားသော ကြယ်သင်္ဘောပင်။
ခုနက အမြောက်မှာ ကြယ်သင်္ဘော၏ အမြောက်ကြီး သုံးလက်ထဲမှ တစ်လက် ဖြစ်ပြီး အကာအကွယ်နှင့် အစီအရင်ကို အမြင့်ဆုံးသော အတိုင်းအတာ အထိ ဖျက်ဆီးနိုင်စွမ်းရှိပေသည်။
ဖြိုခွင်းခြင်းပင်...