← Chapters

အမုန်းတရား ပေါ်ထွက်လာပြီ

Vol. 82 Ch. 1244

အမုန်းတရား ပေါ်ထွက်လာပြီ

Vol. 82 Ch. 1244

ချန်လွေ့ တင်းမာနေသော လေးညှို့ကို လွှတ်လိုက်ပြီး ရွှေရောင်မျဉ်းတစ်ကြောင်း ထပ်မံ၍ ပစ်လွှတ်လိုက်သည်။

ယခုတစ်ကြိမ်တွင် ဆိုစဘတ် သူ့ကို လျှော့မတွက်ရဲတော့ပေ။ မီးလျှံနီလေးက ဆက်တိုက် လှုပ်ရှားနေပြီး သူ၏ အရှေ့ ၅မီတာ အကွာတွင် ရွှေရောင်မျဉ်းကို ထိမှန်ပြီး ပယ်ဖျက်ခဲ့သော သွေးရောင်မျဉ်း အချို့ ရှိနေခဲ့သည်။

ချန်လွေ့က မြှားတစ်စင်းတည်းကို ပစ်ခတ်ခဲ့သော်လည်း ဆိုစဘတ်က မြှား ၇စင်း ပစ်ခတ်ခဲ့ပြီး ဖြစ်သည်။ မည်သူက အသာစီးရနေကြောင်း ရှင်းလင်းနေ၏။

ချန်လွေ့၏ မြှားပစ် စွမ်းရည်က နတ်သူငယ် မျိုးနွယ်စု၏ လမ်းညွှန်မှု အောက်တွင် ခုန်ပျံ တိုးတက်လာခဲ့ပြီး လေ့ကျင့်ရေးကွင်းတွင် ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့သော်လည်း လေးနှင့် မြှားကို သူတို့၏ အသက်ထဲ ပေါင်းစပ်ထားသော ထိုအစစ်အမှန် နတ်သူငယ်များ သို့မဟုတ် နတ်သူငယ် တစ်ပိုင်းများနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။

ဆိုစဘတ်၏ နတ်သူငယ်တစ်ပိုင်း ခန္ဓာကိုယ်က ရိုးရှင်းသော ပိုင်ဆိုင်မှုတစ်ခု မဟုတ်ဘဲ ပေါင်းစပ်မှုတစ်မျိုး ဖြစ်သည်။ ဆောလ်ဟု အမည်ရသော နတ်သူငယ် တစ်ပိုင်းက တကယ်တမ်း လွန်ခဲ့သော နှစ် ၂သောင်းက ငွေလ ကောင်းကင်မြို့တော်၌ ဖရိုဖရဲ ဖြစ်စေခဲ့သော လမ်းမှားရောက် နတ်သူငယ်များ၏ လက်ကျန် မျိုးဆက် ဖြစ်သည်။

ငွေလကောင်းကင်မြို့တော်က စစ်ပွဲ၏ အပျက်အစီးများ ဖြစ်နေခဲ့ပြီး အချို့သော လက်ကျန်စွမ်းအား အငွေ့အသက်များ ကျန်ရှိနေခဲ့သည်။ လရောင်နတ်ဘုရားမ၏ နတ်ဘုရား စွမ်းအား ဆုံးရှုံးသွားပြီးနောက် ထိုအငွေ့အသက်က ဖြည်းဖြည်းချင်း ပြန်လည်၍ ကောင်းမွန်လာခဲ့သည်။ နတ်သူငယ်များ၏ သွေးမျိုးဆက်လည်း အတိုင်းအတာ တစ်ခုအထိ သက်ရောက်မှု ရှိခဲ့သည်။ မှန်ပေသည်။ သဘာဝသစ်ပင်၏ စွမ်းအားအောက်၌ ထိုသက်ရောက်မှုမှာ မထင်ရှားခဲ့ပေ။

လွန်ခဲ့သော နှစ် ၂သောင်းက လမ်းမှား နတ်သူငယ်များ ပုန်ကန်မှုတွင် အသူရာ ချောက်နက် စိတ်ဆန္ဒ၏ ထင်ရှားသော ရည်ရွယ်ချက်မှာ အသူရာချောက်နက်၏ ဝင်ပေါက်ကို ဖွင့်ရန်အတွက် သဘာဝ သစ်ပင်ကို ကြားခံအဖြစ် အသုံးပြုရန် ဖြစ်သော်လည်း တကယ်တမ်း ပိုမို၍ လျှို့ဝှက်သော အရန် အစီအစဉ်တစ်ခု ရှိနေခဲ့သည်။ ၎င်းမှာ သဘာဝသစ်ပင်၏ စွမ်းအား အားနည်းသွားချိန် အန္တိမ အုပ်စိုးသူ၏ သယ်ဆောင်သူကို ဖန်တီးရန် နတ်သူငယ် မျိုးဆက်ကို အသုံးချခြင်းပင်။

ထိုအန္တိမ အုပ်စိုးသူမှာ အမုန်းတရား အရှင်သခင် ခီလီယာနာကို ရည်ညွှန်း၏။ သယ်ဆောင်သူ ရွေးချယ်မှုမှာ နတ်သူငယ် တစ်ပိုင်း ဖြစ်သော ဘလန့််ချ် ဖြစ်ပြီး ဘလန်ချီ၏ ဖခင်ဖြစ်သူ ဆောလ်ကလည်း အကြောက်တရား၏ ရွေးချယ်ခြင်းကို ခံခဲ့ရသည်။

ဆိုစဘတ်က မြှားပစ် စွမ်းရည်တွင် သိသာ ထင်ရှားစွာ သာလွန်သော်လည်း သူက ပြိုင်ဘက်၏ မြှားကို ပိတ်ဆို့ရန် မြှား ၇စင်း ပစ်ခတ်ခဲ့ရ၍ စိတ်ဓာတ်ကျ နေခဲ့သည်။ သူက နတ်သူငယ် မဟုတ်ဘူး။ ငါ့လိုမျိုး နတ်သူငယ် သွေးမျိုးဆက်ကို ပေါင်းစပ်ထားတာလည်း မဟုတ်ဘူး။ ဒါပေမဲ့ သူက နတ်သူငယ် တော်ဝင် မိသားစု မျိုးဆက်ပဲ သုံးနိုင်တဲ့ လရောင်တိမ်ပင်လယ်လေးရဲ့ စွမ်းအားကို ထုတ်နိုင်တယ်။ ကြောက်စရာ အကောင်းဆုံးက မြှားတွေမှာ နှိုင်းယှဉ်လို့ မရနိုင်တဲ့ သန့်စင်တဲ့ အသက်စွမ်းအားနဲ့ ယုံကြည်မှု စွမ်းအားတွေ ပါဝင်နေတာပဲ။ ဒါက နတ်ဘုရား အခွင့်အာဏာ စွမ်းအားနဲ့တောင် နီးစပ်နေတယ်...

ဆိုစဘတ်က ပြိုင်ဘက်က ထိုအရာကို မည်ကဲ့သို့ လုပ်ဆောင်ခဲ့ကြောင်းကို မသိခဲ့သော်လည်း သူက ယခင်မြှားကို ကာကွယ်စဉ်က မီးလျှံနီလေး ပြင်းထန်စွာ ပျက်စီးခဲ့ကြောင်း ကောင်းစွာ သိသည်။ ထို့နောက် သူက အပြင်းအထန် ပစ်ခတ်မှု အများအပြားကို ဆက်တိုက် ပြုလုပ်ခဲ့ရာ ၎င်းမှာ ပြိုလဲလုနီးပါး ဖြစ်နေ၏။ မီးလျှံနီ လေး အဆင်ပြေသည့်တိုင် ပြိုင်ဘက်၏ လက်ထဲတွင် လရောင်တိမ်ပင်လယ်လေး ရှိနေသဖြင့် သူက အနှေးနှင့် အမြန်ပင် ရှုံးနိမ့်သွားပေလိမ့်မည်။

ထိုပြိုင်ဘက် မဟာလင်းလက်ဓား အခင်းအကျင်းမှ ထွက်ခွာသွားကတည်းက ဓားအခင်းအကျင်း၏ စွမ်းအားမှာ သိသာ ထင်ရှားစွာ ကျဆင်း၍ သွားသော်လည်း သိဒ္ဓိအလင်းတောင်တွင် ရှိနေစဉ်ကထက် ပို၍ပင် အားကောင်းနေဆဲ ဖြစ်သည်။ ဒီလော့စ်ရိုက အားနည်းသော အခြေအနေတွင် ရှိနေ၏။ အကယ်၍ ထိုအတိုင်း ဆက်သွားနေပါက အသူရာ ချောက်နက် အုပ်စိုးသူများ ရှုံးနိမ့်သွား ပေလိမ့်မည်။

ငါတို့ ဒီလိုမျိုး ဆက်တိုက်ခိုက်နေလို့ မဖြစ်တော့ဘူး။ ဆိုစဘတ်၏ မျက်လုံးက လရောင်တိမ်ပင်လယ်လေး အပေါ်တွင် စူးစိုက်ထားပြီး လက်ခနဲ ဖြစ်သွားကာ အကွာအဝေးကို ဆွဲဆန့်လိုက်သည်။ သူ၏ လက်ထဲမှ မီးလျှံနီလေးက ချန်လွေ့ထံသို့ ကြီးမားသော လက်သည်း တစ်ခုကဲ့သို့ ဖမ်းဆုပ်ထားသော မကြုံစဖူး သွေးရောင် အလင်း ဒါဇင်ပေါင်းများစွာကို ချက်ချင်း ပစ်လွှတ်လိုက်၏။

အဆောင်ပစ္စည်း၏ ပစ်ခတ်နှုန်း အလွန် လျင်မြန်လှသောကြောင့် ချန်လွေ့တွင် တုံ့ပြန်ရန် အချိန် ကန့်သတ်ချက် ရှိနေ၏။ ချန်လွေ့က မျက်မှောင် ကြုတ်လိုက်ပြီး အံ့အားသင့်သွားပုံရသည်။ သူက လရောင် တိမ်ပင်လယ်လေးဖြင့် ချက်ချင်း ပြန်လည် မတိုက်ခိုက်ခဲ့ပေ။ သွေးရောင်အလင်းများ ချဉ်းကပ်လာမှသာ မြှားတစ်စင်း ပစ်ခတ် လိုက်သည်။

အလျင်စလို ဖြစ်နေပုံရသော ရွှေရောင် အလင်းက ညာဘက် အစွန်ဆုံးရှိ သွေးရောင်အလင်းကို ပစ်ခတ်လိုက်သည်။ ထိုနှစ်ခု ထိမိသည့် အခိုက်အတန့်တွင် သွေးရောင်အလင်းက ပုံရိပ်တစ်ခုကို အကြမ်းဖျင်း ပြသခဲ့၏။ တစ်ချိန်တည်း မှာပင် သွေးရောင် အလင်းများ အားလုံး ပျောက်ကွယ်သွားခဲ့သည်။

ဆိုစဘတ်က ညာဘက် ရင်ဘတ်ကို ထိုးဖောက်သွားသော မြှားကို မယုံကြည် နိုင်စွာဖြင့် ကြည့်လိုက်သည်။ ဒီရန်သူက ငါရဲ့ အကျွမ်းကျင်ဆုံး ပုံရိပ်ယောင်ကို ထပ်ပြီး တကယ် မြင်နိုင်ခဲ့တယ်...

ခီလီယာနာတောင်မှ ဒီပုံရိပ်ယောင်ကို ဒီလောက်မြန်မြန် တွေ့နိုင်မှာမဟုတ်ဘူး။

အကယ်၍ ပထမက ကံကောင်းသည် ဆိုလျှင် ဒုတိယ အကြိမ်ကရော။

“ဝုန်း...” သူ၏ ရင်ဘတ်ထဲမှ မြှားသည် ပေါက်ကွဲသွား၏။ အသူရာချောက်နက် ပုံစံတွင်ပင် သူက ပြင်းထန်စွာ ဒဏ်ရာ ရသွားခဲ့၏။ ဆိုစဘတ်က ဒီလော့စ်ရိုထက် များစွာ ပို၍ အားကောင်းသော်လည်း ထိုနတ်သူငယ် တစ်ပိုင်း ခန္ဓာကိုယ်တွင် ဒီလော့စ်ရိုကဲ့သို့ အထူး ကုစားနိုင်စွမ်း မရှိပေ။

ဆိုစဘတ် မြင်တွေ့ခံ လိုက်ရပြီး ဒဏ်ရာ ရသွားသော်လည်း သူက ရှေ့သို့ ပြေးဝင်လာနေဆဲ ဖြစ်သည်။ သူက ရည်ရွယ်ချက် တစ်ခုတည်း အတွက်သာ ပုံရိပ်ယောင်ကို အသုံးပြုခဲ့သည်။ အနီးကပ် တိုက်ခိုက်မှု အတွက်ပင်။

ဒဏ်ရာရပြီးနောက်တွင် ဆိုစဘတ်က မလျော့ပါးသေးသော အရှိန်အဟုန်ဖြင့် ချန်လွေ့ထံသို့ တိုက်စစ်ဆင်လိုက်သည်။ ချန်လွေ့ နောက်တစ်ကြိမ် ထပ်မပစ်ခတ် နိုင်တော့ပေ။ အလျင်စလိုပင် အပြာဖျော့ ဖောက်ထွင်း မြင်နိုင်သော ဒိုင်းတစ်ခု သူ၏ ပတ်လည်တွင် ပေါ်လာပြီး သူ၏နောက်မှ ကြယ်တောင်ပံများက ခုခံကာကွယ်သည့် အနေအထားဖြင့် သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်သည်။

ဆိုစဘတ် စိတ်ထဲ ခနဲ့လိုက်၏။ ထိုသို့ ကာကွယ်ရေးမျိုးသည် သေလုမြောပါး ရုန်းကန်မှု တစ်ခုမျှသာ ဖြစ်သည်။ သူ စဉ်းစားမနေဘဲ လက်သီးဖြင့် ထိုးလိုက်၏။

ထိုလက်သီး စွမ်းအားမှာ အံ့ဩဖွယ် ကောင်းသည်။ ဖောက်ထွင်းမြင်နိုင်သော ဒိုင်းတွင် ကြီးမားသော အက်ကွဲကြောင်း တစ်ခု ချက်ချင်း ပေါ်လာခဲ့သည်။ ဒိုင်းကို ထိန်းသိမ်းရန် ကြိုးစားနေသော တောက်ပသော အလင်းရောင်တစ်မျိုးမျိုး အတွင်းထဲ အလျင်အမြန် လင်းလက်နေပုံ ရသော်လည်း ၎င်းမှာ မည်သည့် အကျိုး သက်ရောက်မှုမျှ မရှိခဲ့ပေ။ ဒုတိယ လက်သီးက ဒိုင်းကို လုံးဝ ပြိုလဲ၍ သွားစေခဲ့သည်။ ကျန်ရှိနေသော အရှိန်အဟုန်က ချပ်ကာ ကဲ့သို့သော တောင်ပံများကို ထိမှန်၍ သွားခဲ့ပြီး အမွေးတောင်အများအပြားကို ကျွတ်သွားစေခဲ့သည်။

ဆိုစဘတ်က တတိယ လက်သီးကို ပစ်သွင်းလိုက်သည်။ ထိုလက်သီးက ပြိုင်ဘက်၏ အကာအကွယ်ကို လုံးဝ ဖျက်ဆီးပစ်ရုံတင် မကဘဲ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကိုပါ ကြေမွသွားစေလိမ့်မည်ဟု သူ အကြွင်းမဲ့ ယုံကြည်နေခဲ့သည်။

ဒီလူ သေတာနဲ့ ငါ ဒီလော့စ်ရိုနဲ့ ပူးပေါင်းပြီးတော့ မဟာလင်းလက်ဓား အခင်းအကျင်းကို အနိုင်ယူနိုင်ပြီ။

ရုတ်တရက် အတောင်ပံများ ဖြန့်ကျက် သွားပြီး ခရမ်းရောင်ကြယ် အလင်းရောင် ပွင့်လန်းလာခဲ့လေသည်။ ဆိုစဘတ်၏ လှုပ်ရှားမှုများ ရပ်တန့်၍ သွားခဲ့သည်။ အကြောင်းမှာ သူ၏လက်သီးကို လက် တစ်ဖက်တည်း တားဆီးလိုက်၍ပင်။

ပြိုင်ဘက်က သူ၏ လက်သီးကို လက်တစ်ဖက်တည်းနှင့် အမှန်ပင် ဖမ်းယူလိုက်၏။

ဆိုစဘတ် ထိတ်လန့် နေစဉ်တွင် ကြယ်အလင်းရောင် တောက်ပနေသော လက်သီး တစ်လုံးက သူ့မျက်လုံးထဲတွင် ကြီးမားလာနေပြီ ဖြစ်သည်။ သူက အလွန် အားကောင်းသော စွမ်းအား တစ်ခုကြောင့် လွင့်စင်ထွက်သွားခဲ့သည်။

အလင်းလူသားက လေထဲတွင် ဟန်ချက်မညီ ဖြစ်နေသော ဆိုစဘတ်ကို အမီလိုက်ပြီး အရှိန်မြင့် တိုက်ခိုက်မှုများကို ဆက်တိုက်၍ ထုတ်လွှတ်လိုက်သည်။ ဆိုစဘတ်က ကျယ်လောင်စွာ အော်ဟစ် လိုက်ပြီး တိုးမြင့်လာသော သွေးမြူခိုးများ ပေါက်ထွက်လာကာ လိုက်လံဖမ်းနေသော ချန်လွေ့ကို ခါထုတ်လိုက်သည်။ သူက လက်ခနဲ ဖြစ်သွားပြီး ပြန်လည်၍ စတင် တိုက်ခိုက်လာခဲ့သည်။

သူတို့ နှစ်ဦး လေထဲတွင် ပြင်းထန်စွာ တိုက်ခိုက်လာခဲ့သည်။ အက်ကြောင်းများ နေရာလွတ်၌ တစ်ခုပြီးတစ်ခု ပေါ်လာပြီး မဟာလင်းလက်ဓား အခင်းအကျင်းဖြင့် ပတ်ရစ်ထားသော အလုံးက မရေမရာ ဖြစ်နေပုံရသည်။

“ဝုန်း...”

အလုံးသည် ဖိအားကို မခံနိုင်တော့ဘဲ နောက်ဆုံးတွင် ပြိုလဲသွားခဲ့၏။ ပုံရိပ် နှစ်ခု ကွဲကွာသွားပြီး အဝေးမှ တစ်ယောက်ကို တစ်ယောက် ရင်ဆိုင်နေကြသည်။

အောက်မှ အခြားသော သူများနှင့် ဒီလော့စ်ရိုတို့ အားလုံးလည်း အံ့ဩစွာ မော့ကြည့်လိုက်ကြသည်။ ဇိုလာမှလွဲ၍ ဒီလော့စ်ရို အပါအဝင် လူတိုင်းသည် ထိတ်လန့်သော အမူအရာများကို ပြသခဲ့ကြသည်။ ဆိုစဘတ်သည်လည်း တုန်လှုပ်သွားခဲ့သည်။ သူ၏ ကိုယ်ပေါ်မှ ဒဏ်ရာများကို ကြည့်ရင်း အစိမ်းရင့်ရောင် မျက်ဆံများက မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။ ဒီရန်သူရဲ့ စွမ်းအားက တကယ် ဒီအဆင့်ထိ ရောက်နေတာပဲ...

“မင်းရဲ့ နာမည်က...” ဆိုစဘတ်၏ အကြည့်က အနည်းငယ် ပို၍ လေးနက် လာခဲ့သည်။ သူက ကြယ်အလင်းဖြင့် ရစ်ပတ်ထားသော ထိုပြိုင်ဘက်ကို အမှန်ပင် တည့်တည့် ကြည့်လာခဲ့သည်။

“ချန်လွေ့...” ချန်လွေ့က သူ့အမည်ကို ပြောလိုက်၏။ သူ၏ မျက်နှာကို ယခုတွင် ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပေ။ သူက အလင်းရောင် အဖြစ်သို့ လုံးဝကို ပြောင်းလဲသွားသည့်အလား တောက်ပပြီး မျက်စိကျိန်းစရာ ကောင်းနေ၏။

ခီလီယာနာနှင့် နောက်ဆုံးသောတိုက်ပွဲ ပြီးနောက်တွင် ဇိုလာက [ကြယ်စုံ နတ်ဘုရားမြင်ကွင်း]ထဲသို့ အသက်စွန့်ပြီး ပေါင်းစည်း၍ ဝင်ရောက်ခဲ့ရာ ၎င်းမှာ ချန်လွေ့ထံသို့ စိတ်ကူးဉာဏ် တစ်ခုကို ယူဆောင်လာပေးခဲ့သည်။

ထို့နောက် သူနှင့် အခြားသူများက ကြယ်စင်စု နတ်ဘုရားကျောင်းနှင့် လေ့ကျင့်ရေးကွင်းထဲတွင် လေ့ကျင့်ရန် အချိန်များစွာ ကုန်ဆုံးခဲ့ကြသည်။ သူက သူတို့ အားလုံးကို [ကြယ်စုံ နတ်ဘုရားမြင်ကွင်း] ထဲသို့ မပေါင်းစပ် နိုင်သေးသော်လည်း လျှို့ဝှက်ချက်များကို ပိုမို နားလည်သဘောပေါက် လာခဲ့သည်။ ထိုအလင်းလူသားက နားလည် သဘောပေါက်ခြင်း၏ ရလဒ်ပင်။

အလင်းလူသား အခြေအနေတွင် သူ၏ ခွန်အားသည် SSSS+++ အဆင့် ရောက်ရှိ နေပြီ ဖြစ်သော်လည်း ထိုအခြေအနေတွင် သေစေနိုင်သော အားနည်းချက် တစ်ခု ရှိနေသေးသည်။ ၎င်းမှာ အချိန်အကြာကြီး မတည်တံ့နိုင်ခြင်းပင်။ လက်ရှိတွင် သူက အလွန်ဆုံး ၁၀မိနစ်သာ ကြံ့ကြံ့ခံနိုင်၏။ သို့မဟုတ်ပါက သူ၏ အသက် အန္တရာယ် ရှိလိမ့်မည်။

ခုနက တိုက်ပွဲမှ ခံစားရသည်မှာ သူ အထူးအဆင့်(သုံး)တွင် ရှိသေးသော်လည်း သူ၏ လက်ရှိ စွမ်းအားမှာ ဆိုစဘတ်ထက် အနည်းငယ် နိမ့်ကျ၍ နေသေးသည်။ အကယ်၍ ဆိုစဘတ်၏ ကိုယ်ထဲမှ သစ်ပင် အန္တရာယ်သာ မရှိခဲ့ဘဲ ယခင်က လရောင် တိမ်ပင်လယ်လေးဖြင့် ဒဏ်ရာ မရခဲ့လျှင် ချန်လွေ့ အများကြီး ကျန်နေမည် ဖြစ်၏။

အသွင် ပြောင်းလဲခြင်းအတွက် အချိန် ကန့်သတ်ချက် ရှိနေသည်။ အတွေး တစ်ချက်ဖြင့် ချန်လွေ့က မဟာလင်းလက်ဓား အခင်းအကျင်း အရှေ့တွင် ဖြည်းဖြည်းချင်း ဆင်းသက်ပြီး အော်ဟစ်လိုက်သည်။ “ချိပ်ပိတ်...”

ထိုစကားလုံးက ယခင် ခွဲနှင့် အတူတူ ဖြစ်ပြီး ၎င်းမှာ သံသယဖြစ်ဖွယ် မရှိဘဲ လျို့ဝှက် စကားလုံးတစ်ခု ဖြစ်သည်။ ထိုတစ်ကြိမ် မိုက်ကယ်နှင့် အခြားသူများ မတွန့်ဆုတ်ခဲ့ကြပေ။ မဟာလင်းလက်ဓား အခင်းအကျင်းက နောက်ထပ်တစ်ကြိမ် ပြောင်းလဲသွားပြီး တောက်ပနေသော ချန်လွေ့က အခင်းအကျင်း တစ်ခုလုံး၏ မြှား ဖြစ်လာခဲ့သည်။

အထူး အငွေ့အသက် တစ်မျိုးမျိုးက နေရာလွတ် တစ်ခုလုံးကို ဖြည့်ဆည်း လာခဲ့သည်။ ကောင်းကင် တစ်ခုလုံးက မှောင်သွား၏။ ကောင်းကင်၊ ပင်လယ်... အရာအားလုံးမှာ မဟာလင်းလက်ဓား အခင်းအကျင်းနှင့် တစ်ခုတည်း အဖြစ်သို့ ပေါင်းစပ်၍ သွားခဲ့သည်။

ပတ်ပတ်လည်တွင်လည်း ရေတွက်၍ မရနိုင်သော တီးတိုး ဆုတောင်းသံများ ထွက်ပေါ်လာပုံရပြီး ကျယ်ပြောလှသော အသက်စွမ်းအားနှင့် ယုံကြည်မှု စွမ်းအား အငွေ့အသက်ကို ထုတ်ဖော်ပြနေသည်။

သူ၏ ရှေ့တွင် ရှိနေသော အရာက စစ်မှန်သော စကြဝဠာတစ်ခု အလား ဖြစ်နေပြီး သူက အလွန် သေးငယ်နေ၏။

မဟာလင်းလက်ဓား အခင်းအကျင်းက တိုက်ခိုက်မှုတစ်ခု မစရသေးသော်လည်း အရှိန်အဟုန် တစ်ခုတည်းကပင် အလွန် ကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်သည်။ နောက်ထပ် ထိုးနှက်မှုက လောကမြေကြီး ကွဲကြေသွားပေလိမ့်မည်။

အုပ်စိုးသူ နှစ်ဦးလုံး တချိန်တည်းတွင် အလွန် ဆိုးရွားသော နိမိတ် တစ်ခုကို ခံစားခဲ့ရသည်။ အဓိက ကုန်းမြေသို့ ဆင်းသက်ပြီးနောက် ပထမဆုံးအကြိမ် သူတို့ ထိကဲ့သို့ ခံစားရခြင်း ဖြစ်သည်။ ငါ ဒီထိုးနှက်မှုကို မခံနိုင်ဘူး...

ကြီးထွားလာနေသော မဟာလင်းလက်ဓား အခင်းအကျင်း၏ အရှိန်အဟုန်ကို ရင်ဆိုင်ရင်း ဆိုစဘတ်နှင့် ဒီလော့စ်ရိုတို့က တိုက်ခိုက်မှုအမျိုးမျိုးကို အသက်သွင်းလိုက်သည်။ သို့သော်လည်း သူတို့က စကြဝဠာ၏ အရှိန်အဝါကို မလှုပ်ခါ နိုင်ခဲ့ကြပေ။ ဆန့်ကျင်ဘက် အားဖြင့် ကိုယ်ပိုင် လှုပ်ရှားမှုများသည် ပို၍ပို၍ နှေးကွေးလာပြီး သူတို့၏ စွမ်းအား အလျင်အမြန်ပင် အားနည်းသွားခဲ့သည်။

ထိုအချိန်တွင် နောက်မှ နေရာလွတ်၌ သွေးနီရောင် မျက်ဆံတစ်ခု တဖြည်းဖြည်း ပွင့်လာခဲ့သည်။ ညာဘက်တွင် မျက်ဆံပြာ ရှိနေသော်လည်း သွေးနီရောင်မျက်ဆံက စစ်မှန်သော မျက်လုံးများ ဖြစ်နေပြီး အပြာရောင် မျက်ဆံမှာ အလှဆင်ပစ္စည်း တစ်ခုမျှသာ ဖြစ်ကြောင်း အထင်အမြင် ပေးနေသည်။

မျက်ဆံ ပေါ်လာသည့် အခိုက်တွင် ဆိုစဘတ်နှင့် ဒီလော့စ်ရိုတို့ ဖိအားများစွာ လျော့ကျသွားသည်ကို ခံစားလိုက်ရသည်။ မဟာလင်းလက်ဓား အခင်းအကျင်းက အနည်းငယ် တုန်ခါ၍ သွားခဲ့လေသည်။ အငွေ့အသက် အားနည်းမသွားဘဲ ၎င်းမှာ တစ်လှမ်းချင်းစီ တိုးလာနေဆဲ ဖြစ်သည်။ မျက်လုံးများ ရောက်ရှိ၍ လာခြင်းကို မျှော်လင့်ထားသည့်အလား စွမ်းအားက နေရာလွတ်ရှိ မျက်လုံးများကို အသေမှတ် ထားပြီး ဖြစ်သည်။

မျက်လုံး တဖြည်းဖြည်း ပျောက်ကွယ် သွားပြီးနောက် ဝတ်ရုံဖြူ ဝတ်ထားသော အမျိုးသမီး တစ်ဦးက အမြင်အာရုံထဲတွင် ပေါ်လာခဲ့သည်။

ခီလီယာနာ...

အစွမ်းထက်ဆုံး အမုန်းတရား အရှင်သခင် နောက်ဆုံးတွင် ပေါ်လာခဲ့ပြီ။

“ပျက်စီးခြင်း စာအုပ်ကို ကြားခံအနေနဲ့ အသုံးချပြီးတော့ လူသားလောကမှာရှိတဲ့ ယုံကြည်မှု စွမ်းအားတွေ အားလုံးကို စုစည်းနေတာပဲ။” ခီလီယာနာက ထိုစွမ်းအား၏ လျှို့ဝှက် ဆန်းကြယ်မှုကို တစ်ချက်တည်းဖြင့် မြင်တွေ့လိုက်ရပြီး ပြုံးလိုက်သည်။ “မင်းတို့ရဲ့ အနောက်မှာ ထောက်ပံ့ပေးနေတဲ့ အစီအရင်ကြီးတစ်ခု ရှိနေရမယ်။”

ခီလီယာနာ ပြောသည်မှာ မှန်သည်။ အလွန်ပင် ကြီးမားလှသော ရှေးဟောင်း အစီအရင် တစ်ခုကို နောက်ကွယ်တွင် တည်ဆောက်ထားခဲ့သည်။ ကျွန်းများ၊ ပင်လယ်များနှင့် ကုန်းမြေများ အားလုံးက အစီအရင်၏ အစိတ်အပိုင်းပင်။

နတ်ဘုရား-ယောင်အဆင့် အားလုံးနှင့် အက်ဂ်လက်စ်၊ ပါဂရစ်ဇ်နှင့် ကတ်သရင်း ကဲ့သို့သော နတ်ဘုရား တစ်ပိုင်းအဆင့် အများစုသည် အရေးအကြီးဆုံး ဖြစ်သော အခင်းအကျင်း မျက်လုံးများကို ကြီးကြပ် နေကြသည်။ ထိုကဲ့သို့ ကြီးမားလှသော အခင်းအကျင်းက လူသားလောကရှိ သက်ရှိ အားလုံး၏ ယုံကြည်မှုကို စုစည်း နိုင်သည်။ ၎င်းက ပျက်စီးခြင်း စာအုပ်ကို ဗဟိုချက်အဖြစ် အသုံးချပြီး အသူရာ ချောက်နက်၏ အုပ်စိုးသူ သုံးဦးကို ဖျက်ဆီးရန်အတွက် မဟာလင်းလက်ဓား အခင်းအကျင်းမှတစ်ဆင့် အစွမ်းထက်ဆုံး ထိုးနှက်မှုကို ထုတ်လွှတ်ပေလိမ့်မည်။

ချန်လွေ့ ပြောခဲ့သော ချိပ်ပိတ်မှာ အစီအရင်ကို အသက်သွင်းရန် အမိန့်တစ်ခု ဖြစ်သည်။

ထိုအရာမှာ နတ်ဆိုးဘုံ အပါအဝင် လူသားလောရှိ အစွမ်းအထက်ဆုံးသော တိုက်ခိုက်မှု ဖြစ်ပြီး ၎င်းမှာ နောက်ဆုံး မျှော်လင့်ချက်လည်း ဖြစ်ပေသည်။

“ဒါက အလဟဿ ရုန်းကန်မှု တစ်ခုပါပဲ။” ခီလီယာနာက မထီမဲ့မြင် ပြောပြီး ပင်လယ်ထဲသို့ ဆင်းသွားကာ တစ်လှမ်းချင်းစီ လာနေခဲ့သည်။

ခြေလှမ်းတစ်လှမ်းတိုင်း အနီးအနားမှ ပင်လယ်ရေက ထူးဆန်းသော ပြောင်းလဲမှုများကို ကြုံတွေ့နေရသည်။ ကျွန်းများက လေထဲမှ အမှန်တကယ် ပေါ်ပေါက်လာခဲ့ပြီး ပင်လယ်က ကုန်းမြေ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ရင်းနှီးသော အငွေ့အသက် အချို့ကို ခံစားမိသောအခါ ချန်လွေ့၊ မိုက်ကယ်နှင့် ဂေဘရီရယ်တို့ တစ်ချိန်တည်း လွှတ်ခနဲ ပြောလိုက်၏။ “ဖန်တီးခြင်းစာအုပ်...”

All Chapters