နောက်ဆုံးဖဲချပ်
Vol. 82 Ch. 1245
ပင်လယ်၏ ကြီးမားသော ဧရိယာတစ်ခု ကုန်းမြေ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အပင်အမျိုးမျိုး ဆက်လက် ကြီးထွားနေဆဲ ဖြစ်သည်။ ၎င်းမှာ ထင်ယောင်ထင်မှား မဟုတ်ဘဲ စစ်မှန်သော တည်ရှိမှုတစ်ခု ဖြစ်၏။
အသက်၏ ပြောင်းလဲမှုများက တခဏ လင်းလက်မှုမျှသာ ဖြစ်သည်။
ထိုအရာမှာ အံ့ဖွယ်ဖွယ်ရာ တစ်ခု မဟုတ်တော့ဘဲ နတ်ဘုရားလက်ရာတစ်ခု ဖြစ်သည်။
အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သော ခီလီယာနာ၏ လက်မှ ထွက်ပေါ်လာသော ထိုနတ်ဘုရား လက်ရာမျိုးက လုံးဝကို ထူးနေဆန်းသည်။ ၎င်းမှာ လောကရှိ မတည်မြဲခြင်း တစ်မျိုးလည်း ဖြစ်သည်။
ခန္ဓာကိုယ် တစ်လျှောက်လုံးတွင် ဖန်တီးခြင်း အငွေ့အသက်ဖြင့် လောင်ကျွမ်း နေသော နတ်သူငယ် တစ်ပိုင်း မိန်းကလေးက ပင်လယ်ပေါ်တွင် တစ်လှမ်းချင်းစီ လျှောက်လှမ်းနေခဲ့သည်။
ထိုအရှိန်အဟုန်မျိုးက ကျယ်ပြောပြီး နက်ရှိုင်းပုံရ၏။ ၎င်းက ကျယ်ပြောသော ပင်လယ်နှင့် ကောင်းကင်ထဲသို့ ရောနှော မသွားဘဲ စကြဝဠာထဲမှ အရာအားလုံးကို ငုံ့ကြည့်နေသည့် စစ်မှန်သော အုပ်စိုးသူ တစ်ဦးကဲ့သို့ ဖုံးကွယ်မထားဘဲ ကျော်လွန် သွားခဲ့သည်။
ချန်လွေ့က ကြီးမားသော ဖိအား တစ်ခုကို ခံစားလိုက်ရသည်။ ထိုဖိအား အနောက်တွင် အလွန်အမင်း အန္တရာယ် ရှိသော ခံစားချက် တစ်ခု ရှိနေသည်။ ခီလီယာနာက ခြေလှမ်း တစ်လှမ်း လှမ်းလိုက်တိုင်း ထိုခံစားချက်က ပိုမို၍ အားကောင်းလာခဲ့သည်။
အထူး ကြီးမားသော အစီအရင်နှင့် ကြီးမားသော စိတ်စွမ်းအားတို့ဖြင့် ပေါင်းစပ်ထားသော မဟာလင်းလက်ဓား အခင်းအကျင်း၏ စွမ်းအားသည်လည်း လျင်မြန်စွာ တိုးတက်နေသည်။ နာရီ၏ လက်တံ ဖြည်းဖြည်းချင်း ရွေ့လျားနေပြီး စကြဝဠာ၏ ခံစားချက်က ပို၍ပို၍ အားကောင်းလာခဲ့သည်။ ဆိုစဘတ်နှင့် ဒီလော့စ်ရိုတို့က ခီလီယာနာ၏ နောက်သို့ ဆုတ်ခွာသွားခဲ့ကြသည်။ ယခင်တိုက်ပွဲ၏ ရလဒ်မှာ အရေးမပါပေ။ ထိုထိုးနှက်မှုက အရာအားလုံးကို အဆုံးအဖြတ် ပေးမည့် အဓိကသော့ချက် ဖြစ်သည်။
ထိုအချိန်တွင် ကြီးမားသော နာရီပေါ်မှ လက်တံက စက်ဝိုင်းပုံ လည်ပတ် သွားခဲ့ပြီးနောက် ရေတွက်၍ မရနိုင်သော ဆုတောင်းသံများက တဖြည်းဖြည်း ပေါင်းစပ်သွားခဲ့သည်။ လက်တံက မူလ အမှတ်သို့ ပြန်လည် ရောက်ရှိသွားသည့် အခိုက်အတန့်တွင် လောက တစ်ခုလုံးမှ အလင်းရောင် မှေးမှိန်သွားခဲ့သည်။
မဟာလင်းလက်ဓား အခင်းအကျင်း တစ်ခုလုံး၏ စွမ်းအားက အမြင့်ဆုံး စွမ်းရည်သို့ ရောက်ရှိသွားခဲ့သည်။ ၎င်းကို ယခု ထုတ်လွှတ်ရမည် ဖြစ်သည်။
“တောင်းပန်ပါတယ်။ ဘလန့်ချ်။” ချန်လွေ့က သူ၏စိတ်ထဲတွင် အချိန် အကြာကြီး မြှုပ်နှံထားခဲ့သော အမည်ကို တီးတိုးရေရွတ်လိုက်ပြီး တိုးမြင့်လာသော စွမ်းအားများ ရုတ်တရက် ပေါက်ကွဲထွက် သွားခဲ့သည်။ လောက တစ်ခုလုံး၏ စွမ်းအားက ခီလီယာနာထံသို့ အလျင်စလို မရှိဘဲ ပျံသန်းသွားသော ဖျော့တော့တော့ ဓားအလင်းရောင်တစ်ခု အဖြစ်သို့ စုစည်း သွားခဲ့သည်။
ဓားအလင်းရောင် ထုတ်ပြီးနောက်တွင် ချန်လွေ့၏ ကိုယ်ပေါ်မှ ကြယ်အလင်း ချက်ချင်းပင် မှေးမှိန်၍ သွားခဲ့သည်။ မဟာလင်းလက်ဓား အခင်းအကျင်း အပါအဝင် ကျန်လူများ၏ စွမ်းအားလည်း ကုန်ဆုံးသွားပုံရသည်။
ထိုအရာမှာ လူအားလုံး၏ စွမ်းအားကို စုစည်းထားသည့် အစွမ်းအထက်ဆုံးသော ဓား ဖြစ်သည်။ ၎င်းတွင် အံ့ဩဖွယ် ကောင်းသော အရှိန်နှင့် နေရာလွတ်ကို တုန်လှုပ်သွားစေမည့် စိတ်ကူးထားသော စွမ်းအား မရှိပေ။ ၎င်းမှာ ရိုးရှင်းပြီး မှိုင်းညို့ နေပုံ ရသော်လည်း မျက်နှာချင်းဆိုင်မှ ဆိုစဘတ်နှင့် ဒီလော့စ်ရိုတို့က သူတို့၏ မျက်လုံးများကို တစ်ချိန်တည်းတွင် မှေးလိုက်ကြသည်။ သူတို့၏မျက်လုံးများမှ သွေးများ လျှံထွက်လာခဲ့သည်။ အသူရာ ချောက်နက် အုပ်စိုးသူ နှစ်ဦးသည် ဓားအလင်းရောင်ကို ကြည့်လိုက်ရုံဖြင့် မျက်လုံးများ ထိုးစိုက် ခံလိုက်ရသည်။ မည်မျှ အစွမ်းထက်လေသနည်း။
အုပ်စိုးသူ နှစ်ဦးသည် သူတို့ စွမ်းအား ပေါင်းစည်းခဲ့လျှင်ပင် ထိုဓားကို ခုခံနိုင်မည် မဟုတ်ကြောင်း အတိအကျ သိကြသည်။
သို့ဆိုလျှင် ဖန်တီးခြင်း စာအုပ်ကို ပိုင်ဆိုင်ထားသော ခီလီယာနာကော။
“ဒီဓားမှာ ပျက်စီးခြင်းရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ် အနည်းငယ် ရှိနေတာတော့ အသေအချာပဲ။ ဒါက ဘာအလှဆင်မှုမှ မပါဘဲ လောကကြီးကို ဖျက်ဆီးပစ်တယ်။ စိတ်ဝင်စားစရာပဲ။” ခီလီယာနာက သူ့ထံ ပျံသန်းလာသော ဓားအလင်းရောင်ကို ကြည့်လိုက်ပြီး မထီမဲ့မြင် အမူအရာက သူ၏ အေးစက်သော မျက်လုံးများမှ ပျောက်ကွယ်သွားပြီးနောက် ရှားပါးသော သဘောကျမှုကို ပြသခဲ့လေသည်။ “ကံဆိုးချင်တော့ ငါက မင်းတို့သိတဲ့ လောကမှာ မရှိဘူး။ လောကကြီး ပျက်စီး သွားရင်တောင်မှ ငါ အဆင်ပြေတယ်။”
ခီလီယာနာက မရှောင်တိမ်းခဲ့ပေ။ အကြောင်းမှာ ထိုဓားတွင် ပါဝင်သော စွမ်းအားမှာ လုံးဝ ရှောင်လွှဲ မရနိုင်၍ပင်။ ထို့ကြောင့် သူ လက်ကို ဆန့်တန်းလိုက်၏။
လက်ချောင်း တစ်ချောင်းက ရောက်ရှိ လာသော သလင်းကျောက် ဓားအလင်းရောင်ထံသို့ သန့်စင်သော အဖြူရောင် အလင်းတစ်ခုကို ပစ်လွှတ် လိုက်သည်။
လူတိုင်း အံ့အားသင့် သွားကြသည်။ ခီလီယာနာက ဘာအသွင်ပြောင်းလဲမှုမှ မလုပ်ဘဲနဲ့ ဒီလောကဖျက်ဆီးတဲ့ဓားကို လက်ချောင်း တစ်ချောင်းနဲ့ အမှန်တကယ် ခုခံဖို့ ကြိုးစားနေတယ်...
သူ၏လက်က ဓားအလင်းရောင်ကို ထိမိသည့် အခိုက်တွင် ခီလီယာနာ၏ မျက်ဆံများ အနည်းငယ် ကျုံ့သွားပြီး သူ၏ ဆံပင်ရှည်များက ပြင်းထန်သော လေကြောင့် လွင့်နေသလို နောက်ပြန်လွင့် ပျံသွားခဲ့သည်။ သူ၏ ဘယ်မျက်လုံးမှ သွေးနီရောင် မျက်ဆံတွင် ခွပ်ခနဲ အသံတစ်သံ ထွက်လာပုံ ရပြီးနောက်တွင် မယုံကြည်နိုင်လောက်အောင် ပြောင်းလဲမှု တစ်ခု ဖြစ်ပွားခဲ့သည်။ မနှိုင်းယှဉ်နိုင်သော စွမ်းအားပါဝင်သော ဓားအလင်းရောင်က ရုတ်တရက် ပျော့ပျောင်း သွားခဲ့သည်။ ၎င်း၏ ပုံသဏ္ဌာန်သည်လည်း လျင်မြန်စွာ ပုံပျက်သွားပြီး ခဲသွားခဲ့သည်။ နောက်ဆုံး ၎င်းက သန့်စင်သော အဖြူရောင် ပန်းတစ်ပွင့် အဖြစ်သို့ အမှန်တကယ် ပြောင်းလဲသွားခဲ့လေသည်။
“အရမ်းကို လှပတဲ့ ပန်းတစ်ပွင့်ပဲ။” ခီလီယာနာက ပန်းကို ညင်သာစွာ ချိုးယူလိုက်ရာ ပန်းက နောက်ဆုံးတွင် သွေးရောင် သလင်းကျောက် ပန်းတစ်ပွင့် ဖြစ်လာပြီး သူ၏ လက်ထဲတွင် ပို၍ပို၍ ဖောက်ထွင်းမြင်နိုင်လာခဲ့သည်။
ခြိမ်းခြောက်မှုကို လုံးဝဆုံးရှုံးသွားသော ထိုအသူရာချောက်နက်ပန်းကို ကိုင်ဆောင် ထားလျက် နတ်သူငယ် တစ်ပိုင်း၏ ဘယ်မျက်လုံးမှ မျက်ဆံမှာ ပို၍ပို၍ သွေးနီရောင် ဖြစ်လာခဲ့သည်။ သူ၏ ပါးစပ်တွင် အပြုံးတစ်ခု ပေါ်လာပြီး လှပကာ ညှို့ယူဖမ်းစားနိုင်ပုံရသည်။
ချန်လွေ့ဘက်မှ လူများ မှင်တက် သွားကြသည်။ သူတို့ မြင်တွေ့ခဲ့ရသည်ကို မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။ ငါတို့က အသူရာချောက်နက် အုပ်စိုးသူ သုံးဦးကို အသေခံ တိုက်ခိုက်ဖို့အတွက် အစီအရင်ကြီး တစ်ခုကို တည်ဆောက်ဖို့ တည်နေရာ အားသာချက် သုံးခဲ့ပေမယ့် ငါတို့ရဲ့ နောက်ဆုံးဓားကို ခီလီယာနာ အလွယ်တကူ ဖြေရှင်းခဲ့တယ်...
ဒါက လူသားဘက်က ရှုံးနိမ့်ပြီလို့ လုံးဝ ကြေညာလိုက်တာ မဟုတ်ဘူးလား။
“ဖန်တီးခြင်းစာအုပ်...” မိုက်ကယ်က ခီလီယာနာ၏ လက်ချောင်းထိပ်မှ အဖြူရောင်အလင်းကို ကြောင်အမ်းအမ်း စိုက်ကြည့်နေပြီး ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားခဲ့သည်။
ဟုတ်တယ်။ ခုနက ပြိုင်ဘက်ကင်း ဓားမှာ ဒီလို မယုံကြည်နိုင်လောက်အောင် ပြောင်းလဲမှုကို ဖြစ်စေဖို့က ဖန်တီးခြင်း စာအုပ်ရဲ့ စွမ်းအားပဲ ဖြစ်ရမယ်။
ငါ သိရသလောက်တော့ ငါတို့မှာ ပျက်စီးခြင်း စာအုပ်ရဲ့ စွမ်းအား ရှိတယ်။ ဒါက ဖန်တီးခြင်း စွမ်းအားနဲ့ ထိတွေ့ရင် စွမ်းအားနှစ်ခုလုံးက အံ့ဩဖွယ်ကောင်းတဲ့ ပျက်စီးခြင်း အဖြစ်ကို အဆများစွာ မြှောက်သွားလိမ့်မယ်။ ဒါပေမဲ့ ဒီလိုမျိုး စိတ်ကူးမယဉ်နိုင်တဲ့ ပြောင်းလဲမှု တစ်ခု အစားထိုး ဖြစ်ပေါ်လာခဲ့တယ်...
မိုက်ကယ်နှင့် ဂေဘရီရယ်တို့က တူညီသော အတွေးဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြလေသည်။ ဖန်တီးခြင်း စာအုပ်ကို အသုံးပြုဖို့ ဒီလို နည်းလမ်းမျိုးလည်း ရှိနေသေးတာပဲ။
ကောင်းကင်တမန်တော် သုံးပါးသည် ဖန်တီးခြင်း စာအုပ်ကို နှစ်ပေါင်းများစွာ ကိုင်ဆောင်ထားခဲ့သော်လည်း သူတို့က ၎င်း၏ စွမ်းအားကို နည်းလမ်းအားလုံးဖြင့် နားမလည်နိုင်ခဲ့ကြ။ သူတို့က ယုံကြည်မှု တစ်စိတ်တစ်ပိုင်းကို ခိုးယူရန်နှင့် ပြောင်းလဲရန်သာ အသုံးပြုနိုင်သော်လည်း ဖန်တီးခြင်းစာအုပ်သည် ခီလီယာနာ၏ လက်ထဲသို့ ကျရောက်သွားသည်နှင့် ၎င်းတွင် အမှန်တကယ် ထိုသို့သော မှော်ဆန်သည့် အသုံးပြုမှုမျိုး ရှိနေခဲ့သည်။
ချန်လွေ့ အမြန်ဆုံး တုံ့ပြန်ခဲ့သည်။ မဟာလင်းလက်ဓား အခင်းအကျင်း၏ စွမ်းအားကို နောက်တစ်ကြိမ် လျင်မြန်စွာ စုစည်းလိုက်၏။ ဖန်တီးခြင်း စာအုပ်ရဲ့ စွမ်းအားက နှိုင်းယှဉ်လို့ မရနိုင်အောင် အံ့ဖွယ်ကောင်းပေမယ့် ခီလီယာနာက နတ်ဘုရားအဆင့်ကို မရောက်သေးဘူး။ အဲဒီဓားကို ခုခံဖို့ သူ စွမ်းအားအများကြီး ကုန်ဆုံးခဲ့ရမယ်။ ဒါက ကြည့်ရသလောက် သက်သောင့်သက်သာရှိမှာ မဟုတ်တာ သေချာတယ်။ သူ အပြည့်အဝ ပြန်ပြီး မကောင်းခင် ငါတို့ ဆက်တိုက်ခိုက်ရမယ်။ အဲဒါမှ ငါတို့မှာ အသက်ရှင်ဖို့ အခွင့်အရေး ရှိမယ်...
ခီလီယာနာက လှောင်ရယ်လိုက်သည်။ သွေးမြူခိုးများက သူ၏ ခန္ဓာကိုယ်မှ အရူးအမူး ထွက်ပေါ်လာခဲ့သည်။ သူ၏ နှင်းကဲ့သို့ ဖြူဖွေးသော သလင်းကျောက် အရေပြားက မသဲမကွဲ ရွှေရောင်ရင့် အသားစများဖြင့် သွေးနီရောင်အဖြစ်သို့ ချက်ချင်းပင် ပြောင်းလဲ၍ သွားခဲ့သည်။ ခဏအကြာ ချွန်ထက်သော အရိုးဆူးများ သူ၏ပခုံးများနှင့် လက်မောင်းမှ ထွက်ပေါ် လာခဲ့သည်။ သွေးနီရောင် ပြောင်းလဲ သွားခဲ့သော ဝတ်ရုံရှည်က ရွှေရောင်ရင့် ချပ်ကာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ နောက်မှ အမြီးတစ်ခု ပေါ်လာခဲ့၏။
မျက်စိတစ်မှိတ် အတွင်းတွင် သူသည် အသွင်ပြောင်းလဲမှု နှစ်ခုကို အသက် သွင်းပြီး ဖြစ်သည်။ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဟုန် အောက်တွင် ကောင်းကင်နှင့် ပင်လယ်ရေတို့ တုန်ခါနေပြီး သွေးနီရောင်ဆိုးခြင်းကို ခံလိုက်ရသည်။ သူ၏လက်ထဲမှ ကြာပွတ် တစ်ချောင်း ချန်လွေ့ထံ ရိုက်ခတ်လာပြီး နေရာလွတ်ကို စုတ်ဖြဲသွားသော ကြမ်းတမ်းသည့် သွေးရောင်စွမ်းအင်တစ်ခု ဖြစ်သွားစေသည်။
“ခဲ...”
ချန်လွေ့ ချက်ချင်း အော်ဟစ်လိုက်ပြီး သူ၏ အနောက်မှ လူ လေးဦးလည်း ထိုအချိန်တွင် တုံ့ပြန်လိုက်၏။ အမူအရာ ပြောင်းလဲမှုနှင့်အတူ ဓားချီစမ်းအင်သည် အတားအဆီးကဲ့သို့သော ကာကွယ်ရေး စွမ်းအားတစ်ခု ဖြစ်လာခဲ့သည်။ သွေးစွန်း နေသော ကြာပွတ် အတားအဆီးကို ရိုက်ခတ်သောအခါ မဟာလင်းလက်ဓား အခင်းအကျင်းက အပြင်းအထန်ပင် တုန်ခါ၍ သွားခဲ့သည်။ ခဏအကြာတွင် ကြီးမားသောနာရီက အက်ကွဲကြောင်း တစ်ခုကို ဖျော့တော့စွာ ပြသခဲ့သော်လည်း တိုက်ခိုက်မှုကို ကံကောင်းစွာပင် ခုခံ၍ နိုင်ခဲ့လေသည်။
ချန်လွေ့ ခန့်မှန်းသည်မှာ မှန်ခဲ့သည်။ ခီလီယာနာက ဖန်တီးခြင်း စာအုပ်ကို အချိန်တိုအတွင်း ဆက်တိုက် အသုံးမပြု နိုင်သော်လည်း မဟာလင်းလက်ဓား အခင်းအကျင်းတွင် ယခု စွမ်းအားများစွာ မကျန်တော့ပေ။ ထိုကြာပွတ်ကို အစွမ်း အထက်ဆုံး အခြေအနေတွင် ရှိနေသော ခီလီယာနာမှ ထုတ်လွှတ်လိုက်ခြင်းပင်။ အကယ်၍ ဓားအခင်းအကျင်း၏ လျှို့ဝှက် ဆန်းကြယ်မှုသာ မရှိခဲ့ပါက သူသည် ထိုသို့ ထိုးနှက်မှုအောက်၌ သေသွားလောက်ပြီ ဖြစ်သည်။
ခီလီယာနာ လှောင်ရယ်လိုက်သည်။ သူက ထပ်ဆင့်နေသော ကြာပွတ် အရိပ်များဖြင့် နောက်တစ်ကြိမ် ရိုက်နှက် လိုက်ကာ ချန်လွေ့နှင့် အခြားသူများကို အသက်ရှူရန် အချိန်မပေးခဲ့ပေ။
“လှည့်...” ချန်လွေ့၏ အသံ ထွက်ပေါ် လာပြီး အလင်းပုံရိပ်က ပျော့ပျောင်းသော လှိုင်းဂယက် စက်ဝိုင်းများ ထုတ်လွှတ် လိုက်သည်။ အခင်းအကျင်းကို ထိမှန် သွားခဲ့သော ကြာပွတ်က အမှန်တွင် လှိုင်းဂယက်ထပြီး ဆုတ်ခွာသွားခဲ့သည်။ နောက်ဆုံး ကြာပွတ်အရိပ်များအားလုံး တစ်ခုတည်း အဖြစ်သို့ ပေါင်းစပ်သွားပြီး ခီလီယာနာထံသို့ ကိုယ်တိုင် ပြန်လည် ပျံသန်းသွားခဲ့သည်။
ထိုအရာမှာ [ကြေးမုံခန္ဓာ] မဟုတ်ဘဲ မဟာလင်းလက်ဓား အခင်းအကျင်းကို ကြားခံအဖြစ် အသုံးပြု၍ ထုတ်လွှတ် လိုက်သော [ကြယ်လမ်းလွှဲ] ပင်။
ခီလီယာနာ အနည်းငယ် အံ့အားသင့် သွားသည်။ သူက တန်ပြန်လာသော ကြာပွတ်စွမ်းအားသို့ ရိုက်နှက်လိုက်သည်။ အသံအက်အက်ဖြင့် နှစ်ခုစလုံး တစ်ခုကို တစ်ခု ပယ်ဖျက်လိုက်ကြသည်။ ထိုအခိုက် ချွန်ထက်သော ဓားအလင်းရောင်တစ်ခုက လျှပ်စီး အရှိန်ဖြင့် ကြာပွတ်များကြားမှ ကွက်လပ်ကို ဖြတ်သန်းသွားခဲ့သည်။
ခီလီယာနာ ကြာပွတ်ရှည်ကို အချိန်မီ ပြန်မရုပ်သိမ်းနိုင်ခဲ့ပေ။ သူ၏ ခန္ဓာကိုယ်က ရုတ်တရက် ယိမ်းယိုင်ပြီး ဓားချီစွမ်းအင်ကို ဘယ်ဘက်လက်သည်းဖြင့် အမှန်တကယ် ဆုပ်ကိုင်လိုက်သော်လည်း သူ၏ပါးပေါ်၌ ဓားချီစွမ်းအင်ကြောင့် ပွတ်တိုက်မိသော သွေးစွန်းနေသည့် အရာတစ်ခု ရှိသွားပြီ ဖြစ်သည်။
ခီလီယာနာ၏ နောက်ထပ် တုံ့ပြန်မှုကို မစောင့်ဘဲ ချွန်ထက်သော ဓားချီ စွမ်းအင်က အဆုံးမဲ့ မြစ်တစ်စင်းကဲ့သို့ တစ်ခုပြီး တစ်ခု ရောက်ရှိ၍ လာခဲ့သည်။ လူတိုင်းက သူတို့၏ ကျန်ရှိနေသော စွမ်းအားကို ချန်လှပ်ထားခြင်း မရှိဘဲ အသုံးပြုခဲ့ကြသည်။ ဒါက နောက်ဆုံး မျှော်လင့်ချက် အလင်းရောင်ပဲ။ တကယ်လို့ ငါတို့ ခီလီယာနာကို တစ်ချက်တည်းနဲ့ ရှင်းပစ်ဖို့ ဒီအခွင့်အရေးကို ကောင်းကောင်း မယူနိုင်ရင် လောက တစ်ခုလုံးက လူတွေ အပါအဝင် ရှိနေတဲ့ လူတိုင်းက လုံးဝ ပျက်စီးခြင်းကို ရင်ဆိုင်ရလိမ့်မယ်။
ကောင်းကင် တစ်ခုလုံးမှ ဓားချီစွမ်းအင် ရုတ်တရက် ရပ်တန့်၍ သွားခဲ့သည်။ ဓားချီစွမ်းအင်က စွမ်းအားတစ်ခုခုကြောင့် ချက်ချင်း ဆိုသလို သွေးနီရောင်ဆိုးခြင်း ခံလိုက်ရသည်။ နောက်တစ်စက္ကန့်တွင် သွေးရောင် အလင်းစက်ဝိုင်း တစ်ခုက လှိုင်းဂယက်ထသွားခဲ့၏။ ဓားချီစွမ်းအင် အကုန်လုံး ကြေမွသွားခဲ့ပြီး ထိုကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ကို ဖော်ပြလိုက်သည်။
ခီလီယာနာ၏ မျက်နှာနှင့် ခန္ဓာကိုယ် အပေါ်တွင် ဓားအရာများစွာ ရှိနေသည်။ သူ၏ ဘယ်ဘက်မျက်လုံးမှ သွေးရောင် သတ်ဖြတ်လိုသော စိတ်ဆန္ဒလှိုင်း တစ်ခု ထုတ်လွှတ်လိုက်သည်နှင့် အစပိုင်းတွင် ဖျော့တော့တော့ ပေါ်နေသော မျက်ဆံမှ အက်ကွဲကြောင်းများ ပိုမိုပင် ထင်ရှား၍ လာခဲ့သည်။ လက်ထဲမှ ကြာပွတ်ရှည်က တောက်ပသော အဖြူရောင် အလင်းစီးကြောင်း တစ်ခု အဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
မဟာလင်းလက်ဓား အခင်းအကျင်းမှ လူတိုင်း ကြောက်မက်ဖွယ် ကောင်းသော အန္တရာယ် အာရုံကို ခံစားလိုက်ရသည်။ ဖန်တီးခြင်းစွမ်းအား...
ခီလီယာနာက ဖန်တီးခြင်း စာအုပ်ကို ထပ်ပြီးတော့ သုံးလိုက်တယ်။
ထိုကြာပွတ်က ဖန်တီးခြင်း စာအုပ်နှင့် ပေါင်းစပ်ထား၏။ ၎င်းမှာ ဓားအလင်းရောင်ကို ပန်းတစ်ပွင့်အဖြစ်သို့ ပြောင်းပေးခဲ့သော ယခင် ပြောင်းလဲခြင်း နှင့်မတူဘဲ သန့်စင်ပြီး တိုက်ရိုက်ဆန်သော တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။
ကြောက်မက်ဖွယ် အကောင်းဆုံး အရာမှာ ဖန်တီးခြင်း စာအုပ်နှင့် ပျက်စီးခြင်း စာအုပ်တို့ကြောင့် ဖြစ်လာသော ပဲ့တင်ထပ်မှုက အဆပေါင်း များစွာသော ပျက်စီးခြင်းကို ဖြစ်စေနိုင် ခြင်းပင်။
အခုမှ ရှောင်တိမ်းလို့ မရတော့ဘူး။ ငါတို့ အစွမ်းကုန် ထုတ်သုံးမှပဲ ရမယ်။
စွမ်းအား နှစ်ခု တိုက်မိသွားသည့် အခိုက်အတန့်တွင် အချိန် ရပ်တန့်သွားပုံ ရပြီးနောက် နေရာလွတ်မှ အရာအားလုံး တောက်ပသော အလင်းရောင်ဖြင့် ဖုံးလွှမ်း သွားခဲ့သည်။
အဖြူရောင် အလင်းဖြင့် ဖုံးလွှမ်း ထားသော ပင်လယ်၊ ကျွန်းများနှင့် သတ္တဝါများ ချက်ချင်းပင် ပျောက်ကွယ် သွား၏။ ပင်လယ်ဖြူ တစ်ခုလုံးသည် အပြင်းအထန် တုန်ခါ၍ သွားခဲ့သည်။ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများစွာ အပါအဝင် ကမ်းရိုးတန်း၏ ကြီးမားသော ဧရိယာတစ်ခု ချက်ချင်း ပြိုကျသွားခဲ့၏။
ထိုတုန်ခါမှုမျိုးက အနောက်ဘက် တိုက်သို့ ပျံ့နှံ့သွားခဲ့သည်။ လူတိုင်းက လောကကြီး၏ ကြီးမားသော တုန်ခါမှုကို ထိတ်လန့်တကြား ခံစားနေကြရသည်။
အချိန် အတော်လေး ကြာပြီးမှသာ ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှု တဖြည်းဖြည်း ရပ်တန့်သွားခဲ့သည်။
မူလက လှိုင်းထနေသော ပင်လယ်က မယုံကြည်နိုင်သော ထူးဆန်းနေသည့် ပုံဆောင်ခဲ တစ်ခုအဖြစ်သို့ ခဲသွားခဲ့သည်။
ခီလီယာနာက ခဲမာနေသော မြေပြင် ပေါ်တွင် ရပ်နေခဲ့သည်။ သူ၏ရှေ့တွင် ရှည်လျားသော ဆွဲရာ အမှတ်အသား တစ်ခုနှင့် ဖြာထွက်နေသော စက်ဝိုင်းပုံစံ အကွေး အမှတ်အသားတစ်ခု ရှိနေပြီး ၎င်းမှာ ကာကွယ်ရေးစွမ်းအား အချို့ကို အသက်သွင်းထား၍ ဖြစ်ပေါ်လာသည်မှာ ထင်ရှားသည်။ လက်ထဲမှ ကြာပွတ်မှာ လက်ကိုင်သာ ကျန်ရှိတော့သည်။ သူ၏ ရွှေရောင်ရင့် ချပ်ကာက ဖျော့တော့သော အက်ကွဲကြောင်းများကို ပြသနေသည်။ သူ၏ အနောက်မှ ဆိုစဘတ်နှင့် ဒီလော့စ်ရိုတို့က ပို၍ပင် ထိခိုက်ဒဏ်ရာ ရနေပုံရ၏။ သူတို့က ပေါက်ကွဲမှုကြောင့် မှင်တက်နေကြဆဲပင်။
အသူရာချောက်နက်သည် မရေမတွက်နိုင်သော နယ်မြေများကို ဖျက်ဆီးခဲ့သော်လည်း သူတို့ ထိုသို့သော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားနှင့် ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သည်။
အသူရာချောက်နက် အုပ်စိုးသူ သုံးဦး၏ မျက်နှာချင်းဆိုင်တွင် မဟာလင်းလက်ဓား အခင်းအကျင်းက လုံးဝ ပြိုလဲသွားခဲ့ပြီ ဖြစ်သည်။ မနည်းမနော ရပ်နိုင်သော ချန်လွေ့မှ လွဲ၍ အခြား လေးဦးသည် ဒဏ်ရာ အပြင်းအထန်ဖြင့် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ကြသည်။ မိုက်ကယ်၏ ညာလက်မောင်းက ပျောက်ဆုံးသွားပြီး သိဒ္ဓိလက်ဝါးကပ်တိုင်ဓားလည်း မရှိတော့။ ဂေဘရီရယ်၏ အတောင်ပံများအားလုံး ကျိုးပဲ့သွားပြီး လက်ထဲမှ သိဒ္ဓိတေးသံဓား နှစ်ပိုင်း ကျိုးသွားသည်။ စေတန်က အပေါ်ယံတွင် အဆင်ပြေပုံ ရသော်လည်း သူ၏ဒဏ်ရာမှာ အပြင်းထန်ဆုံး ဖြစ်သည်။ ပျက်စီးခြင်း စာအုပ်၏ ကာကွယ်မှုသာ မရှိခဲ့ပါက သူ၏ဝိညာဉ်မှာ ထိုသို့ အလွန် ပြင်းထန်သော တုန်ခါမှု အောက်တွင် ပျက်စီး၍ သွားလောက်ပြီ ဖြစ်သည်။ ဇိုလာက အခင်းအကျင်း၏ အဆုံးတွင် ရှိနေပြီး အတော်အတန် သေးငယ်သော ဒဏ်ရာများကို ခံစားခဲ့ရသော်လည်း သူက တိုက်ခိုက်ရေးစွမ်းအား အကုန်လုံး နီးပါး ဆုံးရှုံးသွားခဲ့သည်။
ထိုတိုက်ပွဲတွင် အနိုင်ရသူမှာ အသူရာ ချောက်နက် ဖြစ်သည်။
အကယ်၍ ဖန်တီးခြင်း စာအုပ်သာ မရှိခဲ့ပါက ထိုရလဒ် ပြောင်းပြန်ဖြစ်သွား နိုင်သော်လည်း ရလဒ် တစ်ခု ဖြစ်လာပြီ ဖြစ်သောကြောင့် အကယ်၍မှာ အဓိပ္ပာယ် မရှိတော့ပေ။
ရှေ့ဆုံးမှ ချန်လွေ့က အပြင်းထန်ဆုံး ထိခိုက်မှုကို လက်ခံရရှိခဲ့သည်။ အကယ်၍ သူက [ကြယ်စုံနတ်ဘုရားမြင်ကွင်း] ၏ စွမ်းအားကို စုစည်းပြီး မကာကွယ်ခဲ့ပါက သူသည် ထိုလောကမှ ပျက်စီးသွားပြီ ဖြစ်သည်။ သို့တိုင်အောင် သူ၏ဝိညာဉ်နှင့် ခန္ဓာကိုယ်က ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး သူ့တွင် စွမ်းအားများစွာ မကျန်တော့ပေ။
“မင်းရဲ့ စွမ်းအားက ဒီလော့စ်ရိုထက်ကို ကျော်လွန်သွားပြီ။” ခီလီယာနာက မှေးမှိန်သော ကြယ်အလင်းဖြင့် ဖုံးလွှမ်းနေသော ချန်လွေ့ကို ကြည့်လိုက်သည်။ “ငါ မင်းရဲ့ဝိညာဉ်ကို ပေးအပ်ဖို့နဲ့ မျှော်လင့်ချက်မဲ့ခြင်းရဲ့ စိတ်ဆန္ဒကို လက်ခံဖို့ အခွင့်အရေးတစ်ခု ပေးမယ်။ ပြီးရင် မင်းက မျှော်လင့်ချက်မဲ့ခြင်း အရှင်သခင်အသစ် ဖြစ်လာလိမ့်မယ်။”
ချန်လွေ့ အနည်းငယ် အံ့အားသင့် သွားပြီး ခီလီယာနာ အနောက်မှ မျှော်လင့်ချက်ခြင်း အရှင်သခင်ကို ကြည့်လိုက်သည်။ ဒီလော့စ်ရိုတွင် အထူး တုံ့ပြန်မှုမရှိကြောင်း သူ တွေ့လိုက်သည်။ ထိုအစား သူက ထူးဆန်းသော အပြုံး တစ်ခုကို ပြသနေခဲ့သည်။
ချန်လွေ့ စဉ်းစားကာ မျက်မှောင် ကြုတ်ပြီး မေးလိုက်သည်။ “တကယ်လို့ ကျုပ်က အသူရာချောက်နက်ရဲ့ စိတ်ဆန္ဒကို လက်ခံရင် ကိုယ့်ကိုယ်ကိုယ် လုံးဝ ဆုံးရှုံးသွားမှာလား။ တကယ်လို့ အဲဒါက အဲဒီလိုမျိုး လမ်းလျှောက်နေတဲ့ အလောင်းကောင်မျိုးဆိုရင်တော့ ကျုပ်က လုံးဝ ပျက်စီးခြင်းကိုပဲ ရွေးလိုက်မယ်။”
“မင်း ကိုယ့်ကိုယ်ကိုယ် လုံးဝ ဆုံးရှုံး သွားမှာ မဟုတ်ပါဘူး။ ဒါက ပေါင်းစပ်မှု တစ်မျိုးပါပဲ။ ဥပမာပြောရရင် ငါ့ရဲ့ စိတ်ဆန္ဒထဲမှာ မင်းရဲ့ အတိတ်က အမှတ်တရတွေ ရှိနေတုန်းပဲ။ အဲဒါတွေက သူ ပိုင်ဆိုင်တာတွေပေါ့။” ခီလီယာနာ၏ ညာဘက်မှ အပြာရောင် မျက်လုံးများ ပိုမို စုစည်းလာခဲ့သည်။ ဗလာနတ္ထိမှာ များစွာ အားနည်းသွားခဲ့၏။
ချန်လွေ့က ခီလီယာနာကို နက်ရှိုင်းစွာ ကြည့်လိုက်သည်။ သူ ကြောက်မက်ဖွယ် ကောင်းနေသော်လည်း ထိုစဉ်က သူ့ကို တိတ်တဆိတ် သဘောကျခဲ့သော နတ်သူငယ် တစ်ပိုင်း ဖြစ်ကြောင်း သူ့အား ခံစားချက် ပေးနေခဲ့သည်။
“မင်း အသူရာချောက်နက် စိတ်ဆန္ဒကို လက်ခံရင် ကျယ်ပြောမှုနဲ့ ကြီးမြတ်မှုကို ခံစားရနိုင်တယ်။ စကြဝဠာရဲ့ အမြင့်ဆုံး တည်ရှိမှုလိုပဲ...” ခီလီယာနာက လက်ထဲတွင် သွေးနီရောင် မြူခိုးတစ်ခုကို ပြသလိုက်သည်။ “ဒါက မင်းရဲ့နောက်ဆုံး အသက်ရှင်နိုင်မယ့် နည်းလမ်းပဲ။”
ချန်လွေ့ ခဏတာ တိတ်ဆိတ် နေပြီးနောက် သူက စွမ်းအား အကုန်လုံး ရုပ်သိမ်းလိုက်ကာ ခီလီယာနာထံသို့ လျှောက်သွားခဲ့သည်။
ခီလီယာနာ၏ ရှေ့သို့ လျှောက်သွားပြီး ချန်လွေ့ ရုတ်တရက် မတိုက်ခိုက်ခဲ့ပေ။ ထိုအစား သူက မြူခိုးထံသို့ လက်ကို ဆန့်တန်းလိုက်သည်။ နောက်မှ လူများက အချင်းချင်း ကြည့်လိုက်ကြသည်။ သူက အသက်ရှင်ဖို့ အတွက် တကယ်ပဲ အညံ့ခံဖို့ ရွေးချယ်ခဲ့တာလား။
ဇိုလာ၏ မျက်လုံးများတွင်သာ သံသယ မရှိဘဲ စိုးရိမ်မှုသာ ရှိနေခဲ့သည်။
ဆိုစဘတ်နှင့် ဒီလော့စ်ရို နှစ်ဦးစလုံး၏ အမြင်အာရုံများက မြူခိုးထံသို့ ဆန့်တန်း နေသော ချန်လွေ့၏လက်ပေါ် ကျရောက် သွားသော်လည်း ချန်လွေ့၏ ခြေအောက်မှ မြေပြင်ပေါ်တွင် ရွှေရောင်အလင်းစက်ဝိုင်း တစ်ခု လင်းလက်သွားသည်ကို သူတို့က သတိမပြုမိခဲ့ကြပေ။
ချန်လွေ့၏ လက်က လေထဲတွင် ရုတ်တရက် ရပ်တန့် သွားပြီးနောက်တွင် ခီလီယာနာ နှာမှုတ်လိုက်သည်။ ချန်လွေ့ နောက်ပြန် လွင့်စင်သွားပြီး အဝေးမှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
“နေရာလွတ် အဆောင်ပစ္စည်းလား။ မင်း ငါတို့ကို ဘယ်ခေါ်သွားချင်တာလဲ။” ခီလီယာနာက ပတ်ဝန်းကျင်မှ မြေပြင်ကို ကြည့်လိုက်ပြီး လှောင်ပြောင်မှု အရိပ်အယောင် တစ်ခုကို ပြသခဲ့သည်။ သူက မြူခိုး ကိုင်ထားသော လက်ကို ညှစ်လိုက်ရာ ဖောက်ထွင်း မြင်နိုင်သော ဖန်ကဲ့သို့ အလွှာတစ်ခုက ပတ်ဝန်းကျင်မှ နေရာလွတ်တွင် ကြေမွသွားခဲ့သည်။
ချန်လွေ့က တန်ပြန်မှု တစ်ခုကို ခံစားခဲ့ရသကဲ့သို့ မျက်နှာဖြူဖျော့လျက် သွေးအန်လိုက်လေသည်။ သူ၏ နဂို ရည်ရွယ်ချက်မှာ ခီလီယာနာနှင့် အခြား နှစ်ယောက်တို့ကို ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေသို့ ခေါ်ဆောင်သွားရန် ကျက်သရေမျှော်စင်နှင့် [ကြယ်ဂိတ်]ကို အသုံးချရန်ဖြစ်ပြီး ထို့နောက်တွင် သူက ဆာရီရယ်ကို သတ်ခဲ့သည့် နည်းအတိုင်း ခီလီယာနာကို ရှင်းပစ်မည် ဖြစ်သည်။ သို့သော် သူက ကျက်သရေမျှော်စင်ကို အသက်သွင်းလိုက်သည့် အခိုက်တွင် အစီအစဉ်ကို မြင်တွေ့ခံရလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
“မသိနားမလည်တဲ့ကောင်။ အသူရာချောက်နက်ရဲ့ စိတ်ဆန္ဒက အဓိကကုန်းမြေကို ဆင်းသက်လာခဲ့ပြီ။ ငါ့ကို နတ်ဘုရားတွေရဲ့ သုသာန်လိုမျိုး တားမြစ်နေရာကို ခေါ်သွားဖို့ မင်းမှာ စွမ်းအားရှိရင်တောင်မှ ငါက အေးဆေး ပြန်လာနိုင်တုန်းပဲ။” ခီလီယာနာက ချန်လွေ့၏ အစီအစဉ်ကို မြင်တွေ့ပုံရပြီး အဓိကအချက်ကို ပြောလိုက်သည်။
ချန်လွေ့၏ နှလုံးသားက ရုတ်တရက် နစ်မွန်းသွားသည်။ ခီလီယာနာရဲ့ လက်ရှိ စွမ်းအားနဲ့ အကြွင်းမဲ့ အောင်ပွဲက ကြွားဝါ နေစရာ မလိုဘူး။ ငါ ခုနက အောင်မြင် ခဲ့ရင်တောင်မှ သူ့ကို တကယ် အနိုင် မယူနိုင်ဘူး။
အင်း။ အခု တစ်ခုပဲ ကျန်တော့တယ်။
ဒီအရာကို သုံးဖို့အတွက် ငါ့မှာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပစ်ဖို့ အသိစိတ် ရှိရမယ်။ အရာအားလုံးရဲ့ ပျက်စီးခြင်းကို ခံယူရဲတဲ့ သတ္တိလည်း ရှိရမယ်။
လူစီဖာရဲ့ ဖဲချပ်...