တည်ရှိနေပေးပါ
Vol. 82 Ch. 1247
ချန်လွေ့ ရှေ့သို့ ဆက်လက်၍ လျှောက်လှမ်းသွားစဉ် မြင်ကွင်းများ ပို၍ ပေါ်လာခဲ့သည်။ အားလုံးမှာ တတိယလူ ရှုထောင့်မှ ဖြစ်၏။ ၎င်းမှာ ပြိုလဲလုနီးပါး ဖြစ်နေသော အသိစိတ်၏ ပြန့်ကျဲနေသော မှတ်ဉာဏ်များပင်။ သူသည် ထိုအချိန်က စစ်မှန်သော စိတ်အခြေအနေကို အသေအချာ ခံစားမိနိုင်သည်။
မြင်ကွင်းထဲ ဆန့်ကျင်ဘက် အင်အားစု နှစ်ခုက မျက်နှာချင်းဆိုင်နေကြသည်။
မျက်နှာချင်းဆိုင်မှ ကောင်းကင်တမန် အုပ်စုက တောက်ပသော အလင်းရောင် ထုတ်လွှတ်နေပြီး သူ ရှိနေသော အမှောင် စခန်းနှင့် ခြားနားမှုကို ဖြစ်ပေါ်စေသည်။
ရှေ့ဆုံး ပေါ်လာသည်မှာ မျက်နှာ ပေါ်တွင် ခနဲ့သော အမူအရာဖြင့် တောင်ပံ ၁၂ခုနှင့် ကောင်းကင်တမန် အမျိုးသား တစ်ဦး ဖြစ်သည်။ “လူစီဖာ။ ရွံစရာ သက်ကြွေသူ။ မင်းက အလင်းရောင်ကို သစ္စာဖောက်ခဲ့တယ်။ တီဇန်နီယာကို သစ္စာဖောက်ပြီး နာကျင်စေခဲ့တယ်။ ငါ ယူရီရယ်က မင်းကို ကိုယ်တိုင် ခေါင်းဖြတ် သတ်ပြီးတော့ မင်းရဲ့ ခေါင်းကို တီဇန်နီယာအတွက် လက်ဆောင် အနေနဲ့ ပြန်ယူသွားမယ်။ ပြီးရင် သူက ငါ့ရဲ့ အမျိုးသမီး ဖြစ်လာလိမ့်မယ်...”
ဖိုက်သွန်က နက်ရှိုင်းသော အကြည့်၌ ဝမ်းနည်းမှုနှင့် ဒေါသကို ဖုံးကွယ်၍ ထားသော အမျိုးသားကို ကြည့်လိုက်ပြီး ယူရီရယ်ထံသို့ လျှပ်စီးတစ်စင်း ကဲ့သို့ပင် ပြေးဝင်သွားခဲ့သည်။
ယူရီရယ်က သူ့ထက် ပိုမို၍ အစွမ်းထက်သော အကြီးအကဲ ကောင်းကင်တမန် တစ်ဦး ဖြစ်သည်။ သူက ဖိုက်သွန်ကို အလေးအနက် မထားခဲ့သော်လည်း သူ၏ ရူးသွပ်မှုကို လျှော့တွက်ခဲ့၏။ သူက သေစေနိုင်သော တိုက်ခိုက်မှုပေါင်း ဒါဇင်နှင့်ချီ ခံစားခဲ့ရပြီး ထို့နောက် ကောင်းကင်တမန် အားလုံး၏ မယုံကြည်နိုင်သော အကြည့်များအောက် ယူရီရယ်၏ ခေါင်းကို ဓားဖြင့် ဖြတ်ပစ် လိုက်လေသည်။
ဖိုက်သွန် သတိမလစ်ခင်တွင် ထိုနက်ရှိုင်းသော မျက်လုံးများက သူ၏ စိတ်ထဲတွင် ပေါ်လာနေဆဲ ဖြစ်ပြီး စကားတစ်ခွန်းက သူ၏ ဝိညာဉ်ထဲတွင် ပဲ့တင်ထပ်နေသည်။ “ငါ ဘာလို့ တည်ရှိ နေရတာလဲ...”
မြင်ကွင်းက မှေးမှိန်သွားပြီး အခြား မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။
ကောင်းကင်တွင် တဖြည်းဖြည်း မှေးမှိန်သွားသော သွေးရောင်တိမ် တစ်ခု ရှိနေသည်။
နောက်ကျောတွင် အတောင်ပံ ၁၂ခု ရှိပြီး တဝက်အဖြူနှင့် တဝက်အနက် ဖြစ်သော အရပ်ရှည်ရှည်နှင့် ပိန်ပါးသော အမျိုးသားတစ်ဦး ရှိနေသည်။ သူ၏ မျက်နှာ အင်္ဂါရပ်များက အနည်းငယ် မှုန်ဝါးနေပြီး ပုံရိပ်က တဖြည်းဖြည်း ပျောက်ကွယ်နေသည်။
“မဖြစ်ရဘူး...” ဖိုက်သွန်က ထိုသူထံသို့ အရူးအမူးနှင့် ပြေးဝင်သွားခဲ့သော်လည်း အမျိုးသားက သူကို ကြည့်လိုက်ရာ သူက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သူ၏ မျက်လုံးထဲတွင် နွေးထွေးမှု အရိပ်အယောင် တစ်ခု ရှိနေသော်လည်း ထိုမျှသာပင်။ ထို့နောက်တွင် သူက ကောင်းကင်ကို ထပ်မံ ကြည့်လိုက်သည်။ မော့ကြည့်ရန်သာ တတ်နိုင်သော ကောင်းကင်မှ တည်ရှိမှုက ပျောက်ကွယ် သွားခဲ့လေပြီ။ အမျိုးသား၏ မျက်လုံးမှ အနက်ရှိုင်းဆုံး နေရာရှိ မှတ်ဉာဏ်ထဲတွင် နက်ရှိုင်းသော ပုံရိပ်များစွာကို မြင်တွေ့ နိုင်သည်။ ဖျော့တော့တော့ လွမ်းဆွတ်မှု တစ်ခုက ထိုသူ၏ မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။
ထို့နောက် အမျိုးသား၏ ခန္ဓာကိုယ်နှင့် ကောင်းကင်မှ အန္တိမသော့တို့ ကွဲကွာ၍ သွားခဲ့သည်။ ထိုသို့ အခိုက်အတန့်တွင် စွမ်းအား အကုန်လုံး ဆုံးရှုံးသွားသကဲ့သို့ သူက မြေပြင်ပေါ် ပျော့ခွေလျက် လဲကျ သွားခဲ့သည်။ သူ၏ ဝိညာဉ်ကလည်း ပျောက်ကွယ်သွားခဲ့သည်။
၎င်းကို မြင်သောအခါ ချန်လွေ့က အရာများစွာကို နားလည်ခဲ့ပြီး ဖြစ်ကာ နောက်ဆက်တွဲ မြင်ကွင်းများက အလွန် ရင်းနှီးနေပုံရသည်။ ဇာတ်လိုက်မှာ သူ ဖြစ်သည်။ ၎င်းမှာ ဖိုက်သွန် သူ၏ကတိကို တည်ပြီး အညံ့ခံခဲ့သည့် မြင်ကွင်းပင်။
“ခင်ဗျား တစ်ခုခု အထင်လွဲနေတယ်လို့ ကျုပ် ထင်တယ်။” ချန်လွေ့ မျက်မှောင် ကြုတ်ပြီး ပြောလိုက်သည်။
ထိုအခိုက်တွင် သူက အတိတ်သို့ ပြန်ရောက်သွားပုံ ရပြီး အချို့အရာများ ထပ်ဆင့်သွားသည်။ “ဒါက အမှား တစ်ခုပဲ ဖြစ်ဖြစ်၊ အထင်လွဲတာပဲ ဖြစ်ဖြစ်၊ ဒါက အရေးမကြီးဘူး။ အရေးကြီးတာက ကျွန်မ ယုံကြည်တဲ့လမ်းကို လျှောက်လှမ်းဖို့ပဲ။ အဲဒီအတိုင်းပဲ။ အကျိုးဆက်တွေကိုလည်း ကျွန်မ ကိုယ်တိုင် ခံယူမယ်။”
နောက်ပိုင်း ပြောခဲ့သော စကားများက သူကိုယ်သူ စကားပြောနေ သကဲ့သို့ပင် ဖြစ်နေသည်။
“ရှင် ဘယ်သူလဲ ဆိုတာက ရှင့်ထက် ကျွန်မအတွက် ပိုအရေးကြီးတယ်။”
“ရှင် ကံကြမ္မာကို ယုံကြည်လား။”
“ကျွန်မ ရှာဖွေတွေ့ရှိခဲ့တဲ့ တည်ရှိမှု တန်ဖိုးကို ကြိုးစားကြည့်လို့ ရနိုင်တယ်လို့ ထင်တယ်။”
“အဲဒါတွေက အရေးမကြီးတော့ပါဘူး။ ကျွန်မအတွက် အရေးကြီးတာက ကျွန်မ သွားချင်တဲ့ လမ်းကြောင်းပေါ်ကို ကျွန်မ ပြန်ရောက်နေပြီ ဆိုတာပဲ။”
ဗာရိုနီကာ ပေါ်လာပြီး မေးလိုက်သည်။ “ကျွန်မ ရှင့်ကို မေးချင်တာ တစ်ခုပဲ ရှိတယ်။ တကယ်လို့ မှားနေရင်ကော...”
“ဒါဆိုရင်လည်း...” သူက ခဏတာ တိတ်ဆိတ် သွားကာ စကားတစ်ခွန်းကို ဖြေလိုက်သည်။ “နောင်တမရဘူး..”
ရင်းနှီးသော မြင်ကွင်းများစွာ တစ်ခုပြီး တစ်ခု ပေါ်လာခဲ့သည်။ အများစုမှာ ဖိုက်သွန်က ချန်လွေ့ သူ၏ဆွေမျိုးများနှင့် မိတ်ဆွေများနှင့် ပျော်ရွှင်စွာ စုဝေး နေသည့် မြင်ကွင်းများကို အဝေးမှ တိတ်ဆိတ်စွာ ကြည့်ရှုနေခြင်း ဖြစ်သည်။ ထိုကဲ့သို့သော အထီးကျန်ဆန်မှုမျိုးက ထိုစဉ်ကအတိုင်းပင်။
ငါ လိုတာက ဒါပဲ ဖြစ်မယ်။
“လူတိုင်းက အစားထိုးလို့ မရနိုင်တဲ့ တည်ရှိမှု တစ်ခုပဲ။” ထိုအရာမှာ ချန်လွေ့ ပြောခဲ့သော စကားတစ်ခွန်းဖြစ်ပြီး သူ့အား အတွေးနက်ထဲ ကျရောက်သွားစေခဲ့သည်။
ထို့နောက် ချန်လွေ့ အမှန်တရားကို ရှင်းပြသည့် မြင်ကွင်းတစ်ခု လိုက်ပါ လာခဲ့သည်။ သူ မုသားမပြောလိုကြောင်း ဖိုက်သွန် နားလည်ခဲ့သည်။
“ကျုပ်က သူ မဟုတ်ဘူး။”
“တောင်းပန်ပါတယ်...”
အမှန်မှာ သူက အရင်ကတည်းက သိနေခဲ့သည်။ သူ၏ စိတ်ထဲမှ အချို့သော ဆန္ဒတစ်ခုကြောင့်သာ မလွှတ်ချနိုင်ခဲ့ခြင်း ဖြစ်သည်။
ကံဆိုးစွာဖြင့် အမှန်တရားမှာ အလွန် ရက်စက်နေဆဲပင်။
သူက လျစ်လျူရှုနေပုံ ရသော်လည်း အမှန်တကယ်တွင် သူ ပျက်စီးသွားခဲ့ပြီး တည်ရှိမှု တန်ဖိုးကို နောက်တစ်ကြိမ် ဆုံးရှုံးသွားပြီဟု ခံစားနေခဲ့ရသည်။
သူ ဖန်တီးခြင်း စာအုပ်နှင့် ပျက်စီးခြင်း စာအုပ်တို့ထံသို့ ပျံသန်းသွားသည့် အခိုက် အတန့်အထိ သူ ထိုစဉ်က ယူရီရယ်ထံသို့ အသက်ကို စွန့်ပြီး ပြေးဝင်သွားခဲ့သလို သူ၏ ကိုယ်ပိုင်တန်ဖိုးကို နောက်တစ်ကြိမ် တွေ့ရှိခဲ့ပုံရသည်။
သူ၏ စိတ်ထဲတွင် အထူးအေးချမ်းမှုကို ခံစားရသော်လည်း အဝေးမှ ကြည့်ရှုပြီး တိတ်ဆိတ်စွာ လိုက်ပါနေသကဲ့သို့ သူက ဟာလာလင်းလင်းနှင့် ဆုံးရှုံးမှုကို ခံစား ခဲ့ရသည်။
၎င်းမှာ သံသရာနှင့် ကံတရားပင်။
သို့သော် သူက ရွေးချယ်ခဲ့ပြီးဖြစ်ရာ နောင်တရမည် မဟုတ်ပေ။
အသိစိတ် မြင်ကွင်းများ ရပ်တန့်၍ သွားခဲ့သည်၊ အကြောင်းမှာ ချန်လွေ့ သူ၏ ရှေ့သို့ ရောက်နေပြီ ဖြစ်သောကြောင့်ပင်။ အကွာအဝေး မဝေးသော်လည်း သူ၏ အတွေးများမှ တစ်ဆင့် အဆုံးမဲ့ ဘဝ အပြောင်းအလဲများနှင့် ရေတွက်မရသော စိတ်ခံစားချက် အပြောင်းအလဲများကို ဖြတ်သန်းခဲ့ရပုံရသည်။
“ခင်ဗျား ဘယ်သူလဲ ဆိုတာက ကျုပ်အတွက် ပိုပြီး အရေးကြီးတယ်။” ချန်လွေ့က ဖိုက်သွန်ကို စိုက်ကြည့်ရင်း ဝေဝါးနေသော အမြင်အာရုံကို ပြုပြင်ရန် အပြင်းအထန် ကြိုးစားနေခဲ့သည်။
ထိုရင်းနှီးသော စကားက ဖိုက်သွန်၏ သေလုမြောပါး အကြည့်ကို လှုပ်ရှား၍ သွားစေခဲ့သည်။ သူက နောက်ဆုံးသော ခွန်အားကို အသုံးပြု၍ သူ၏အကြည့်ကို ချန်လွေ့ထံ တဖြည်းဖြည်း လှည့်လိုက်ရာ ချန်လွေ့၏ နီရဲနေသော မျက်လုံးများနှင့် ဆုံသွားခဲ့သည်။
နက်ရှိုင်းမှုနှင့် မတူဘဲ ထိုယောက်ျား၏ မျက်လုံးများက ရိုးရှင်းလှသည်။
ရိုးရှင်းပြီး သန့်စင်၏။
ကြီးမားသော ရည်မှန်းချက် မရှိဘဲ သူ့အတွက် အရေးကြီးသော လူများကို ကာကွယ်ချင်ရုံသာဖြစ်သော ကောင်လေး တစ်ယောက်။
အကြောင်း တစ်ခုခုကြောင့် ထိုကဲ့သို့ ရိုးရှင်းသော ခံစားချက်က အနည်းငယ် နွေးထွေးနေ၏။
ချန်လွေ့က ဖိုက်သွန်ကို ကြည့်လိုက်ပြီး သူ ခံစားရသည်ကို ပြောလိုက်သည်။ “ကျုပ်တို့ ဆက်ဆံရေးက ဘာပဲဖြစ်ဖြစ်၊ မိတ်ဆွေတွေ၊ ရန်သူတွေ ဒါမှမဟုတ် တခြားအရာတွေအတွက် ကျေးဇူးပြုပြီး ဆက်လက် တည်ရှိနေပေးပါ။”
ထိုစကားလုံးတိုင်းက ဝိညာဉ်မှ အမှန်တရားကို ကိုယ်စားပြု၏။
ဖိုက်သွန်၏ မျက်ဆံ ကျုံ့သွားခဲ့သည်။ သူက တိတ်ဆိတ်စွာဖြင့် ကြည့်နေဆဲ ဖြစ်သော်လည်း သူ၏ အကြည့်သည် ဗလာနတ္ထိ မဟုတ်တော့ပေ။
၎င်းမှာ သံသရာ မဟုတ်သလို ကံတရားလည်း မဟုတ်တော့ပေ။
အမှန်တကယ် တည်ရှိခြင်းသာ ဖြစ်၏။
သို့သော် သူ့တွင် စကားတစ်ခွန်း ပြောရန်ပင် အင်အား မရှိတော့။
မျက်ရည် တစ်စက်က သူ၏မျက်လုံးမှ ဖြည်းညှင်းစွာ ကျဆင်းလာပြီး ပါးပြင် ပေါ်တွင် အက်ကြောင်းများ ပေါ်လာခဲ့၏။
ချန်လွေ့က စူပါစနစ်၏ ကြယ်အပ်နှင်း စင်မြင့်မှ ကပ်ဘေး ကြယ်စင်စု နတ်ဘုရား ရုပ်တုလည်း အက်ကွဲစ ပြုလာသည်ကို ထိတ်လန့်စွာ ခံစားလိုက်ရသည်။ သူက ဖိုက်သွန်ကို ကြယ်အပ်နှင်း စင်မြင့်ထဲသို့ ထည့်ရန် အစွမ်းကုန် ကြိုးစားသော်လည်း သူက မတည်ရှိသော လေထုတစ်ခုမျှသာ ဖြစ်နေသကဲ့သို့ပင် မအောင်မြင်ခဲ့ပေ။
အရောင်စုံ အငွေ့များ ဖြည်းညှင်းစွာ မှေးမှိန်သွားပြီး ချန်လွေ့က ဝိညာဉ်၏ အတက်အကျများကို ခံစားလိုက်ရသည်။ ထိုကဲ့သို့သော အတက်အကျများက ဝိညာဉ်ပြိုကွဲမှု လုပ်ငန်းစဉ်ကို အရှိန် မြှင့်တင်ပေးမည်မှာ အသေအချာပင်။ ထိုအရာများက သာမန် အတက်အကျများ မဟုတ်ပေ။ ၎င်းမှာ သီချင်းဆိုနေခြင်း ဖြစ်ကြောင်း ချန်လွေ့ ကြားနိုင်၏။ နှုတ်ဆက်သီချင်း တစ်ပုဒ်ပင်။ သူက နှုတ်ဆက်စကား မပြောဘဲ ထွက်သွားခြင်း မရှိတော့ပေ။
အမှောင်ထုတေးသံ...
ပထမဆုံးအကြိမ်အဖြစ် သူက ကိုယ်ပိုင် အထီးကျန်မှု အတွက် မဟုတ်တော့ဘဲ ချန်လွေ့အတွက် အမှန်တကယ် သီဆို နေခဲ့သည်။
ကြယ်စင်စု နတ်ဘုရားရုပ်တုရှိ အက်ကွဲကြောင်းက မျက်နှာမှ ခန္ဓာကိုယ် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သိုလှောင်ခန်းထဲမှ မူလက မသေနိုင်သော ကြက်သွေးရောင် မီးအိမ်နှလုံးသားလည်း အက်ကွဲသွား၏။
၎င်းမှာ နောက်ဆုံး ပြိုလဲတော့မည့် အခိုက်အတန့်သို့ ရောက်ရှိသွားခဲ့လေပြီ။
“နေပါဦး...” ချန်လွေ့ မျက်ရည်များကို မထိန်းနိုင်တော့ပေ။
“ဒါက အတော်လေး ရင်းနှီးနေသလို ခံစားရတယ်။” ချန်လွေ့၏ ဘေးနားမှ အသံတစ်သံ ထွက်ပေါ်လာသည်။ ၎င်းမှာ ဂေဘရီရယ်ပင်။
ထိုအချိန်တွင် ကတ်သရင်း၊ ဇိုလာ၊ စေတန်၊ မိုက်ကယ်နှင့် အခြားသူများ အပါအဝင် အားလုံးက သူ သို့မဟုတ် ဖိုက်သွန်ကို မနှောင့်ယှက်ဘဲ အဝေးမှ ကြည့်နေကြ၏။ ဂေဘရီရယ်သာ ရောက်လာခဲ့သည်။
“ဒါက စိတ်လှည့် သစ်တောမှာ အဲဒီလူ ပျောက်ကွယ်သွားတာကို ငါ ကြည့်နေခဲ့ တုန်းကလိုပဲ။”
ချန်လွေ့က မျက်ရည်များကို မသုတ်ဘဲ ဂေဘရီရယ်ကိုလည်း မကြည့်ခဲ့ပေ။ သူက လက်သီးများကိုသာ ဆုပ်ကိုင်လိုက်သည်။ “ခင်ဗျား ဘာကို ပြောချင်တာလဲ။”
“ကျွန်မက သူ့လောက် မကောင်းဘူး။” ဂေဘရီရယ်က ရုတ်တရက် သက်ပြင်း ချလိုက်သည်၊ “အစပိုင်းမှာ အဲဒီလူက သက်ကြွေဖို့ ရွေးချယ်ခဲ့တုန်းက ကျွန်မ မျှော်လင့်ချက်မဲ့တာ၊ ဒေါသနဲ့ နာကျင်မှုပဲ ခံစားခဲ့ရတယ်။ ဒါပေမဲ့ သူက သူနဲ့အတူ သက်ကြွေဖို့ ရွေးခဲ့တယ်။ သတ္တိမရှိလို့ ကျွန်မ အများကြီး လွဲချော်ခဲ့ရတယ်၊ ပြီးတော့ ဒါက ကျွန်မရဲ့ ဘဝ တစ်လျှောက်လုံး ဒုက္ခပေးခဲ့တယ်။ သူက ကျွန်မထက် သတ္တိပိုရှိတယ်။ သူက ကျွန်မထက် ပိုပြီး ပံ့ပိုးကူညီခဲ့ပေမယ့် ကျွန်မလောက် မရခဲ့တာ ဝမ်းနည်းစရာ ကောင်းတယ်။”
ချန်လွေ့က တိတ်ဆိတ် နေခဲ့သည်။ အမှန်ပင် ဂေဘရီရယ် ပြောခဲ့သလို ဖိုက်သွန်က လူစီဖာ၏ ဘေးနားတွင် အမြဲပင် ရှိနေခဲ့သည်။ သို့သော် လူစီဖာ နောက်ဆုံး ပျောက်ကွယ်သွားသောအခါ၌ ဖိုက်သွန်အကြောင်းပင် မပြောခဲ့ပေ။
အကယ်၍ ၎င်းမှာ မှန်လောကတွင် ထင်ဟပ်နေသော ရှုပ်ထွေးမှု ကဲ့သို့ပင် အမှန်တကယ် ဖြစ်ခဲ့ပါက လူစီဖာသည် ဖိုက်သွန်ကို မိတ်ဆွေ သို့မဟုတ် ညီမ အဖြစ်သာ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ ဖိုက်သွန်ကို မပြောခဲ့ခြင်းမှာ သူ့တွင် မတူညီသော မျှော်လင့်ချက်တစ်ခု ရှိသည်ဟု ဆိုလိုနေသည်။ သူက အတိတ်မှ အရာအားလုံးကို လွှတ်ချပြီး မျှော်လင့်ချက် အသစ်ဆီသို့ ဦးတည်သွားမည် ဟူသော မျှော်လင့်ချက်ပင်။
သူက လွန်ခဲ့သော အချိန်အကြာကြီး ကတည်းက အလားတူ အရာတစ်ခုကို ပြုလုပ်ခဲ့ပြီး ၎င်းမှာ မှားယွင်းသောအရာ မဟုတ်ပေ။ မည်သို့ပင် ဆိုစေကာမူ သူက ဖိုက်သွန်ကို မချစ်ရန် ရွေးချယ် နိုင်သော်လည်း ဖိုက်သွန် သူ့ကို ချစ်ခြင်းမှ မတားဆီးနိုင်ခဲ့ပေ။
ချစ်ခြင်း မေတ္တာတွင် အမှားအမှန် မရှိပေ။
ဂေဘရီရယ်က ဖိုက်သွန်၏ မှေးမှိန်၍ နေသော ခန္ဓာကိုယ်ကို ကြည့်လိုက်ပြီး ဖျော့တော့တော့ အပြုံး တစ်ခုကို ပြသလိုက်သည်။ “ဒါပေမဲ့ နောက်ဆုံးမှာ အနည်းဆုံးတော့ သူ ပိုင်ဆိုင်ထားပြီ။ ဒီလောကမှာ သူက ဗလာနတ္ထိ မဟုတ်တော့ဘူး။”
ထိုပိုင်ဆိုင်မှုမျိုးက ချစ်ခြင်း မေတ္တာ သို့မဟုတ် အခြားသော ခံစားချက်လည်း ဖြစ်နိုင်သည်။ သို့သော် မည်သို့ပင်ဖြစ်စေ နောက်ဆုံးတွင် မျှော်လင့်ချက် ရှိနေ၏။
“မျှော်လင့်ချက် ရှိတဲ့သူတွေက ပိုပြီး ပိုင်ဆိုင်နိုင်တယ်။” ဂေဘရီရယ်၏ လက်က မှုန်ဝါးနေသော ဖိုက်သွန်ထံသို့ ရောက်ရှိသွား၏။ ချန်လွေ့က တားတီးချင် ခဲ့သော်လည်း ရွှေရောင်သွေးမျှင်များက ဂေဘရီရယ်၏ လက်ချောင်းထိပ်များမှ ပျံထွက်လာပြီး ဖိုက်သွန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
သွေးက ဖိုက်သွန်ကို ထိမိသည်နှင့် ၎င်းမှာ အငွေ့အဖြစ်သို့ ချက်ချင်းပင် ပြောင်းလဲသွားပြီး ဖိုက်သွန် ပတ်လည်မှ အငွေ့များနှင့် ပေါင်းစပ်သွားခဲ့သည်။
“ခင်ဗျား...” ချန်လွေ့က ထိုအရာမှာ ဂေဘရီရယ်၏ သူတော်စင် တိုက်ခိုက်ရေး နှလုံးသား၏ စွမ်းအားဖြစ်ကြောင်း ခံစားမိ လိုက်သည်။ ပို၍ တိတိကျကျပြောရလျှင် ၎င်းမှာ အသက်စွမ်းအား အကုန်လုံးကို ပေါင်းစပ်ထားသည့် သူတော်စင် တိုက်ခိုက်ရေး နှလုံးသား ဖြစ်သည်။ ထိုစွမ်းအားအောက် ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ဖိုက်သွန်၏ ခန္ဓာကိုယ်က လျင်မြန်စွာ အစိုင်အခဲ ဖြစ်လာခဲ့သည်။ တဖြည်းဖြည်းနှင့် ပျောက်ကွယ်နေသော အငွေ့များကလည်း သူ၏ ခန္ဓာကိုယ်ထဲသို့ တစ်စပြီးတစ်စ ပြန်လည်၍ ဝင်ရောက် သွားခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့် ဂေဘရီရယ် မျက်လုံးထဲမှ အလင်းရောင် အလျင်အမြန်ပင် မှေးမှိန်လာခဲ့သည်။
“ဂေဘရီရယ်...” မိုက်ကယ်က အလန့်တကြား ခေါ်လိုက်သည်။
“တကယ်လို့ ရှင်က ကျွန်မ အစ်ကို တစ်ယောက်လို အမြဲ သတ်မှတ်ထားတဲ့ မိတ်ဖက် တစ်ယောက် ဖြစ်နေတုန်းပဲ ဆိုရင် မတားပါနဲ့။” ဂေဘရီရယ်က မိုက်ကယ်ကို ကြည့်လိုက်၏။ “ဘာလို့လဲ ဆိုတော့ ဒါက ကျွန်မရဲ့ ရွေးချယ်မှုမို့လို့ပဲ။ ကမ်းပါးဖြူမှာ ဒီရွေးချယ်မှုကို ကျွန်မ လုပ်ခဲ့ပြီးပြီ။”
“ဘာလို့လဲ... မင်းတို့အားလုံးက ဒီလို...” မိုက်ကယ်က နာကျင်စွာဖြင့် ကျန်ရှိနေသော လက်ဖြင့် ခေါင်းကို အုပ်ထားလိုက်သည်။
“ကျွန်မ ပင်ပန်းနေရုံပါ...” ဂေဘရီရယ် သက်ပြင်း ချလိုက်ပြီး မိုက်ကယ်ကို ထပ်မံ မကြည့်တော့ပေ။ ထိုအစား သူက ကောင်းကင်ကို ကြည့်နေလိုက်သည်။ “တခြားလောက တစ်ခု တကယ် ရှိလား။”
ထိုစာကြောင်းက သူ့ကိုယ်သူ စကား ပြောနေသကဲ့သို့ ထင်ရသော်လည်း သူ ချန်လွေ့ကို မေးနေသလိုလည်း ဖြစ်နေ၏။
ချန်လွေ့က ဂေဘရီရယ်၏ အကြည့်ကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ ၎င်းမှာ ပင်ပန်းနွမ်းနယ်မှု၊ ငြီးငွေ့မှုနှင့် တောင့်တမှုတို့ဖြင့် ရောနှော၍ နေသော ရှုပ်ထွေးသည့် စိတ်ခံစားချက် တစ်ခု ဖြစ်သည်။ ချန်လွေ့က သူ၏ စိတ်ထဲတွင် ခံစားချက်များဖြင့် ပြည့်နှက်နေပြီး ပြန်ဖြေ လိုက်သည်။ “ရှိတယ်...”
မှန်လောက၊ ကူးပြောင်းသောလောက သို့မဟုတ် အခြားတစ်ခုခု...
ဂေဘရီရယ်က ပြုံးလိုက်သည်။ မှန်လောကထဲမှ တက်ကြွပြီး ချစ်စရာ ကောင်းသော မိန်းကလေး ကဲ့သို့ပင် ထိုအခိုက်အတန့်တွင် သူက အတိတ်နှင့် ထပ်တူကျနေပုံရသည်။
“အဲဒီ လောကမှာ သူ့ကို မြင်နိုင်တုန်းပဲ။ ပြီးတော့ သူ့ကိုလည်း ဖြစ်နိုင်တယ်။”
ထိုစကားကို ပြောပြီးနောက် လေပြေ လေညှင်း တိုက်ခိုက်လာပြီး ဂေဘရီရယ်၏ ခန္ဓာကိုယ်က ရေတွက်မရသော ငွေရောင် အတောင်ပံများ အဖြစ်သို့ ပြန့်ကျဲသွားကာ တစ်စစီ ပျံသန်း ထွက်ခွာသွားခဲ့သည်။
ဂေဘရီရယ် ရည်ညွှန်းသော အခြား သူမှာ မည်သူ ဖြစ်ကြောင်းကို ချန်လွေ့ မသိခဲ့ပေ။
ပြန်လည်၍ အသက် ဝင်လာသော ဖိုက်သွန်ကို ကြည့်ရင်းနှင့် ကြယ်အပ်နှင်း စင်မြင့်ထဲမှ ကြယ်စင်စု နတ်ဘုရားရုပ်တု အက်ကွဲကြောင်းများ ရပ်တန့်သွားသည်ကို ခံစားရင်း ထိုမြင်ကွင်းက သူ့ကို ဝမ်းနည်း စေခဲ့သော်လည်း သူ၏နှလုံးသား အောက်ခြေမှ ပို၍ ကျေးဇူးတင်စိတ်ကို ခံစားနေခဲ့ရသည်။
မိုက်ကယ်က အနည်းငယ် တုန်ခါနေသော လက်ကို ဆန့်လိုက်ရာ အမွေးတောင်တစ်ခုက လက်ဖဝါးပေါ်သို့ ကျရောက်သွားခဲ့သည်။ ၎င်းက ခဏတာ တည်ရှိနေပြီး တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့၏။