← Chapters

မဟာရွှေ့ပြောင်းခြင်း

Vol. 82 Ch. 1249

မဟာရွှေ့ပြောင်းခြင်း

Vol. 82 Ch. 1249

ရက်ပေါင်းများစွာ ကြာမြင့်အောင် မိုးက အသည်းအသန် ရွှာနေခဲ့သည်။

မှိုင်းညို့သော ရာသီဥတုနှင့် ယှဉ်လျှင် အနောက်ဘက်တိုက်မှ လူများက ပို၍ စိတ်ဓာတ်ကျနေသော အခြေအနေတွင် ရှိနေကြသည်။

အကြောင်းမှာ သူတို့က ဇာတိမြေကို စွန့်ခွာပြီး နေသာသော လောကကို ထွက်သွားကာ နေရောင်ခြည် လုံးဝ မထွန်းလင်းသော နတ်ဆိုးဘုံသို့ သွားရမည် ဖြစ်သောကြောင့်ပင်။

နတ်ဆိုးဘုံနှင့် လူသားလောက အကြား မကျေနပ်မှုများ မည်သည့် အချိန်က စတင်ခဲ့ကြောင်းကို မသိရသော်လည်း နှစ်ဖက်အကြား မုန်းတီးမှုနှင့် ပတ်သက်၍ ၎င်းကို မရေမတွက်နိုင်သော နှစ် ၅၀၀ သို့ ပြန်လည် ခြေရာခံ၍ ရနိုင်သည်။ နှစ် ၅၀၀ တိုင်းတွင် နှစ်ဖက်ကြား သူသေကိုယ်သေ တိုက်ပွဲတစ်ခု ဖြစ်ပွားလေ့ရှိသည်။

လူသားလောက၏ သမိုင်းကြောင်းတွင် နတ်ဆိုးများက ရက်စက်ကြမ်းကြုတ်မှုနှင့် ဆိုးသွမ်းမှုတို့နှင့် အဓိပ္ပာယ်တူတူ ဖြစ်ပြီး သူတို့က ချမ်းသာသော လူသားလောကို ကျူးကျော်ရန် တစ်ကြိမ်မက ကြိုးစား ခဲ့သော်လည်း နောက်ဆုံးတွင် သူတို့က လူသားများ၏ သူရဲကောင်းဆန်သော ခုခံမှုအောက်တွင် အလဟဿ ပြန်လာခဲ့ရသည်။ ထို့ကြောင့် သမိုင်းတွင် ကျန်ရစ်မည့် လူသား သူရဲကောင်းများကို မွေးဖွားပေးခဲ့သည်။

ခေတ်တိုင်းတွင် လူတစ်ဦး ထက်မက လူသား မဟာမိတ် စစ်တပ်က နတ်ဆိုးဘုံ တပ်မတော်ကို အနိုင်ယူမည်။ ထို့နောက် နတ်ဆိုးဘုံသို့ ဝင်ရောက်ကာ တစ်ခါတည်း အောင်နိုင်ပြီး အနာဂတ် ဒုက္ခများကို ထာဝရ ဖယ်ရှားပစ်မည်ဟု စိတ်ကူးယဉ် ခဲ့ကြသည်။

သို့သော် တစ်နေ့တွင် လူသားများက နတ်ဆိုးဘုံသို့ ထိုနည်းဖြင့် ဝင်ရောက် ကြလိမ့်မည်ဟု မည်သူမှ မတွေးခဲ့ဖူးပေ။

ရွှေ့ပြောင်းခြင်း...

ထို့ပြင် ၎င်းမှာ လုံးဝ ရွှေ့ပြောင်းခြင်း ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ခိုလှုံခွင့် တောင်းခံခြင်းပင်။

အရာအားလုံးမှာ ထိုကပ်ဘေးကြောင့် ဖြစ်သည်။

ပင်လယ်ဖြူက ကြောက်မက်ဖွယ်ရာ အင်အားကြီး စစ်ပွဲတွင် ကုန်းမြေအဖြစ်သို့ ပြောင်းလဲသွားခဲ့၍ လူသားများက အသူရာချောက်နက်ကို ခုခံရန် ပထဝီဝင် အားသာချက်ကို မယူနိုင်တော့ပေ။ အသူရာချောက်နက် စစ်တပ်သည်လည်း ပင်လယ်ဖြူ တိုက်ပွဲတွင် ထက်ဝက်ခန့် ရှင်းလင်းခံလိုက်ရသော်လည်း အသူရာ ချောက်နက် မကောင်းဆိုးဝါးများမှာ အဆုံးမဲ့ ဖြစ်သည်။ အချိန်ပေးလျှင် သူတို့ ဆက်လက် ပေါက်ဖွားနေမည် ဖြစ်သည်။ နောက်ထပ် ကျူးကျော်မှုတွင် လူသားများ မျိုးသုဉ်းရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိပေ။ အရှေ့ဘက်တိုက် ပျက်စီးခြင်းက အကောင်းဆုံး ဥပမာပင်။

၎င်းမှာ အခြား ဘာမှမသိရသေးသော ကြောက်စရာ လောကတစ်ခု ဖြစ်သည်။ ကံစမ်းလို၍ သို့မဟုတ် အခြားသော စိတ်ပိုင်းဆိုင်ရာ အကြောင်းများကြောင့် ထွက်ခွာရန် ဆန္ဒမရှိသော လူသားများစွာ ရှိနေသေးသည်။

နဂါးလင်းလက်အင်ပါယာ၏ ဧကရာဇ် လက်ဇ်က ယခု အနောက်ဘက်တိုက်၏ ကျောရိုး ဖြစ်သည်။ သူက ရွှေ့ပြောင်းရေး အတွက် အများပြည်သူ စည်းရုံးလှုံ့ဆော်မှု ထုတ်ပြန်ပြီးနောက်တွင် ကျန်ရှိနေသော ကောင်းကင်တမန် သုံးပါးထဲမှ တစ်ပါး ဖြစ်သော မိုက်ကယ်လည်း ထိုနေရာသို့ ဆင်းသက်လာခဲ့သည်။ ၎င်းက လူများကို နောက်ဆုံးတွင် စိတ်ပြောင်းစေခဲ့သည်။

အသက် ရှင်သန်ရန် အတွက် သူတို့ ထွက်ခွာရမည် ဖြစ်သည်။

နတ်ဆိုးဘုံက အသက် ရှင်သန်ရာ တစ်ခုတည်းသော လမ်းကြောင်းပင်။

ထို့ကြောင့် လူများကို အုပ်စုများခွဲပြီး နတ်ဆိုးဘုံသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဝင်ရောက် လာခဲ့သည်။ စစ်တပ်၏ ကြီးကြပ်မှု အောက်တွင် ယခင် အရှေ့ဘက်တိုက်မှ ထွက်ပြေးခြင်းကဲ့သို့ ကမောက်ကမ မဖြစ်တော့ပေ။ ပထမဆုံး ဝင်ရောက်သော သူများမှာ ချမ်းသာသော တော်ဝင်မျိုးနွယ် မိသားစုများ မဟုတ်ဘဲ အရပ်သားများ ဖြစ်သည်။

အုပ်စိုးသူ နှစ်ဦးဖြစ်သော လက်ဇ်နှင့် လန်ဘိစ်တို့သည် စံပြအဖြစ် ဦးဆောင် ခဲ့ပြီး တော်ဝင်မျိုးနွယ် မိသားစုများက အများကြီး မပြောရဲကြပေ။ ထို့အပြင် လောက နှစ်ခု၏ တံခါးဝရှိ အစောင့်များမှာ ကြမ်းတမ်းသော နတ်ဆိုး စစ်သည်များ ဖြစ်သည်။ သူတို့က မည်သို့ မင်းသားမျိုး ဖြစ်ဖြစ် ဂရုမစိုက်ပေ။ အမိန့်ကို မနာခံ ရဲသူများအတွက် အကျိုးဆက် တစ်ခုသာ ရှိသည်။ သေခြင်းပင်။

တုန်လှုပ်ချောက်ချားမှုဖြင့် ပထမဆုံး ရွှေ့ပြောင်းရေး အဖွဲ့သည် နတ်ဆိုးဘုံသို့ ဝင်ရောက်လာခဲ့သည်။ နတ်ဆိုးဘုံ၏ ပထမဆုံး အမြင်မှာ အေးစက်ခြင်းပင်။ ဒဏ္ဍာရီကဲ့သို့ပင် ထိုနေရာတွင် နေ နှစ်စင်း ရှိပြီး ထုတ်လွှတ်လိုက်သော အေးစက်စက် အလင်းရောင်က နေရောင်ခြည်နှင့် အသားကျနေသော လူသားများကို အနည်းငယ်မျှ နွေးထွေးမှုကို မခံစား ရစေပေ။ ၎င်းမှာ မသိရသေးသော ပတ်ဝန်းကျင်ကို ကြောက်ရွံ့ခြင်းပင်။

လောက နှစ်ခု၏ တံခါးဝ အပြင်တွင် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော နတ်ဆိုးစစ်သည်အတန်းလိုက် ရှိနေသည်။ လူသားနှင့် တူသော အသွင်အပြင် အချို့မှလွဲ၍ အများစုမှာ ထူးဆန်းပြီး ကြောက်မက်ဖွယ် အသွင်အပြင် ရှိသည်။ လူသားအသွင်အပြင် ရှိသူများသည်လည်း ရုပ်ဖျက်ထားသော မဟာဆိုးများ ဖြစ်ပြီး သူတို့၏ စစ်မှန်သော ခန္ဓာကိုယ်များက လက်ရှိ ခန္ဓာကိုယ်ထက် ပိုကြောက်စရာ ကောင်းသည်ဟု ဆိုကြသည်။

ရှေ့တွင် နှစ်လမ်းသွား တယ်လီပို့ လမ်းကြောင်း သုံးခု ရှိပြီး ၎င်းတို့မှာ အနီရောင်၊ အပြာရောင်နှင့် ခရမ်းရောင်တို့ ဖြစ်၏။ ၎င်းတို့အားလုံးတွင် နက်ရှိုင်းသော မှော်ထွင်းစာများ ထွင်းထုထားပြီး ကြယ်အလင်း အင်ပါယာ ကဲ့သို့သော တယ်လီပို့ လမ်းကြောင်းထက် ပိုကြီး၏။ လူများကိုလည်း ပိုမိုပို့ဆောင်နိုင်သည်။

ထိုတံခါး သုံးခုသည် နတ်ဆိုးဘုံ အင်ပါယာ သုံးခုဆီသို့ အသီးသီး ဦးတည်သွား၏။ မိသားစုများ သို့မဟုတ် တစ်ဦးချင်းစီက ကျပန်း သက်သေခံ ကတ်များကို ကြိုတင် ရရှိထားသည်။ သူတို့က သက်သေခံကတ်၏ အရောင် အလိုက် သက်ဆိုင်ရာ တယ်လီပို့ လမ်းကြောင်းထဲသို့ ဝင်ရောက်ခဲ့ကြပြီး ထိုသက်သေခံကတ်သည် နတ်ဆိုးဘုံတွင် ယာယီ နေထိုင်မှုအတွက် အခြေခံလည်း ဖြစ်လာလိမ့်မည်။

ထိုသို့ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးစစ်သည်များကို ရင်ဆိုင်ရသဖြင့် အရပ်သားများ မည်သူမျှ ခုခံရန် သို့မဟုတ် ကန့်ကွက်ရန် မဝံ့ရဲကြပေ။ သူတို့က သက်ဆိုင်ရာ တယ်လီပို့ လမ်းကြောင်း ထဲသို့ တိတ်ဆိတ်စွာ လမ်းလျှောက်ရင်း ဝင်ရောက်သွားခဲ့ကြသည်။ ထိုတံခါး သုံးခု နောက်ကွယ်တွင် မည်သည့် ရှိသနည်း။ သူတို့၏ ကံကြမ္မာက ဘာဖြစ်မည်ကို မည်သူမျှ မသိကြ။ ကျွန်ပြုခြင်းလား။ စားစရာလား။ သို့မဟုတ်...

ရွိုင်လေး၊ အမျိုးသား။ ၁၄နှစ်၊ ရွှေရောင်နယ်မြေမှ သာမန်ပြည်သူတစ်ဦး။ ယခုတစ်ကြိမ်တွင် သူနှင့် သူမိသားစုက ရွှေ့ပြောင်းရန် ပထမဆုံး လူသားအုပ်စု ဖြစ်လာခဲ့သည်။ သူနှင့် သူ၏မိဘများက နိုင်ငံသား၊ အမည်နှင့် ကျား/မ ထွင်းထု ထားသော ခရမ်းရောင် သက်သေခံကတ် တစ်ခုစီ လက်ခံရရှိခဲ့သည်။

ခရမ်းရောင် သက်သေခံကတ် ရှိသူများက ကြယ်ကြွေတမန်အင်ပါယာသို့ ဝင်ရောက်ခဲ့ကြသည်။ တယ်လီပို့ လမ်းကြောင်းထဲသို့ ဝင်ရောက်ပြီးနောက် မြို့တစ်မြို့က ရွိုင်လေး၏ ရှေ့တွင် ပေါ်လာခဲ့သည်။ ထိုမြို့သည် သူ စိတ်ကူးထားသည်နှင့် လုံးကို ဝကွဲပြား ခြားနားသည်။ ၎င်းမှာ ဒဏ္ဍာရီလာ နတ်ဆိုးဘုံမြို့ ကဲ့သို့ လူသူကင်းမဲ့ပြီး ယိုယွင်းပျက်စီးနေခြင်းမျိုးလည်း မရှိပေ။ အဆောက်အအုံများစွာ၊ ထူးကဲသော လက်မှုပညာ၊ ကျယ်ဝန်းသော လမ်းမများ၊ ကောင်းမွန်စွာ စီစဉ်ထားသော စီမံကိန်းများနှင့် မကြားဖူးသော အံ့ဖွယ် အရာများစွာ ရှိနေသည်။

ကောင်လေးက မြင့်မားသော အဆောက်အအုံ တစ်ခုခုပေါ်တွင် ချိတ်ဆွဲထားသော ကြီးမားသော မျက်နှာပြင်ကို ပထမဆုံး မြင်လိုက်ရုံဖြင့် စိတ်ဝင်စားသွားခဲ့သည်။ မျက်နှာပြင်ကြီး၌ ထင်ရှားနေသည့် လှုပ်ရှားနေသော ရုပ်ပုံများနှင့် ကျယ်လောင်သော အသံများ ရှိနေသည်။

မျက်နှာပြင်တွင် ခမ်းနားထည်ဝါသော နတ်ဆိုးတစ်ဦးက မြို့၏ အခြေအနေနှင့် ပြောင်းရွှေ့ရာ လူများ အာရုံစိုက်သင့်သော စည်းမျဉ်းအချို့ကို ရှင်းပြရန် ဘုံဘာသာ စကားကို အသုံးပြုနေ၏။

၎င်းမှာ ကြယ်ကြွေတမန်အင်ပါယာ၏ အမှောင်လ နယ်မြေ တောင်ဘက် အစွန်ဆုံးရှိ မြို့ငယ်လေးတစ်မြို့ ဖြစ်ပြီး ဆိုတိုမြို့ဟု ခေါ်လေသည်။

လူတိုင်း အံ့အားသင့်သော အမူအရာကို ပြသခဲ့သည်။ တကယ်လို့ ဒီအရွယ်အစား ရှိတဲ့ မြို့တစ်မြို့ကို လူသားလောကရဲ့ သာမန် တိုင်းပြည်တစ်ခုမှာ ထားခဲ့ရင် အကောင်းဆုံး မြို့ပြတွေအထဲက တစ်ခု ဖြစ်လာမှာပဲ။ နတ်ဆိုးဘုံမှာတော့ ဒါက နယ်မြေတစ်ခုရဲ့ အစွန်က မြို့ငယ်လေး တစ်မြို့ပဲ ဖြစ်နေတယ်။

ဒါက ခေါင်ပါးပြီး ယိုယွင်းပျက်စီးနေတဲ့ နတ်ဆိုးဘုံ ဟုတ်သေးရဲ့လား။

ဒါက လူသားလောက ထက်တောင် ပိုပြီးတော့ သာယာဝပြောတဲ့ ချမ်းသာတဲ့ နေရာတစ်ခု ဖြစ်နေတာ အသေအချာပဲ။

ရှင်းပြချက်အရဆိုရင် ဒီမှော်ဆန်တဲ့ မျက်နှာပြင်ကို မှော်ရုပ်မြင်သံကြားလို့ ခေါ်ပြီးတော့ ဒါကို နတ်ဆိုးဘုံက နေရာတိုင်းနီးပါးမှာ တွေ့မြင်နိုင်တယ်။ အခုလက်ရှိ အခမဲ့ ဖြန့်ဝေနေတဲ့ မှော်သတင်းစာ တစ်စောင်လည်း ရှိနေပြီးတော့ အဲဒီမှာ ရွှေ့ပြောင်း လူသားတွေ အာရုံစိုက်ဖို့ လိုအပ်တဲ့ ကိစ္စရပ်အမျိုးမျိုးကို ဖော်ပြထားတယ်။

မှော်ရုပ်မြင်သံကြားနှင့် မှော်သတင်းစာအရ ရွှေ့ပြောင်းလာသော လူသားများက ကျွန်များ ဖြစ်လာမည် မဟုတ်ဘဲ သူတို့က သာမန်နတ်ဆိုးများနှင့် တန်းတူ ဖြစ်သည်။ အကယ်၍ တစ်စုံ တစ်ယောက်က လူမျိုးရေး အကြောင်းပြချက်ဖြင့် ရန်စခြင်း သို့မဟုတ် ရာဇဝတ်မှု ကျူးလွန်ခဲ့လျှင် လူသားဖြစ်စေ၊ နတ်ဆိုးဖြစ်စေ အားလုံး တရားဥပဒေစိုးမိုးရေးအဖွဲ့၏ ပြင်းထန်စွာ အပြစ်ပေးခြင်း ခံရပေမည်။

လူသားများအတွက် တစ်ခုတည်းသော လူနေအိမ်ရာ ဧရိယာကို ထိုနေရာတွင် ခွဲဝေပေးထားသည်။ ပထမအပတ်တွင် အစားအစာကို အခမဲ့ ထောက်ပံ့ပေးမည် ဖြစ်သော်လည်း တစ်ပတ်သာ ဖြစ်၏။ လူသားများက သူတို့၏ လုပ်အားကို အစားအစာနှင့် ငွေကြေး အတွက် လဲလှယ်ရမည်။ ဆိုတိုမြို့က စိုက်ပျိုးရေး အခြေခံသောမြို့ ဖြစ်သည်။ ၎င်းသည် လယ်သမားများနှင့် ပြုပြင်ရေး စက်ရုံ အလုပ်သမား အများအပြား အပြင် ဆောက်လုပ်ရေး၊ လက်မှုပညာ၊ ပန်းပဲနှင့် အခြားသောအရာများကို ခေါ်ယူလိမ့်မည်။ ထို့အပြင် ကျွမ်းကျင်သူများသည် အပို အလုပ်အကိုင် အခွင့်အလမ်းများအတွက် လျှောက်ထားနိုင်သည်။

မကြာသေးခင် နှစ်များအတွင်းတွင် နတ်ဆိုးဘုံ တစ်ခုလုံးသည် အလွန် လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်လာခဲ့သည်။ ထိုသို့သော အခြေအနေများ အောက်တွင် အချို့သော ကွာဟချက်များလည်း နေ့စဉ် တိုးပွား၍ လာနေသည်။ အထင်ရှားဆုံး ပြဿနာ တစ်ခုမှာ ကုန်သွယ်ရေးနှင့် စိုက်ပျိုးရေးတွင် လုပ်သား အင်အား အချိုးအစားပင်။

စီးပွားရေးက အမြတ်အစွန်းများ ပိုမို၍ မြင့်မားလာသည်နှင့်အမျှ လူများ ပို၍ပို၍ စီးပွားရေးတွင် ပါဝင်လာကြပြီး ၎င်းမှာ စီးပွားရေး တိုးတက်မှုကို အတိုင်းအတာ တစ်ခုအထိ များစွာ မြှင့်တင်ပေးခဲ့သည်။ သို့သော် အခြား ရှုထောင့်မှ ကြည့်လျှင် မှော်အမှုန့်မှတစ်ဆင့် မြေဆီလွှာ ပြုပြင် မွမ်းမံပြီးနောက် ခေါင်ပါးသော မြေဧရိယာ အများအပြားက မြေသြဇာကောင်းသော မြေဆီလွှာ ဖြစ်လာခဲ့သည်။ စိုက်ပျိုးမြေ နေ့စဉ် တိုးလာသော်လည်း စိုက်ပျိုးရေး၌ ပါဝင်သော လူဦးရေ အချိုးအစားမှာ နှစ်စဉ် ကျဆင်းလာနေခဲ့သည်။

အင်ပါယာ သုံးခုသည် စိုက်ပျိုးရေးကို အားသွန်ခွန်စိုက် မြှင့်တင်နေသော်လည်း သူတို့က အချိန်တိုအတွင်း ပြဿနာကို အခြေခံကျကျ မဖြေရှင်းနိုင်သေးပေ။ အထူးသဖြင့် အတော်အတန် ဝေးလံ ခေါင်သီသော အချို့ နယ်မြေများနှင့် မြို့များတွင် ထိုဖြစ်စဉ်မှာ အထူးသဖြင့် ပြင်းထန်သည်။ လူသားများ၏ ထိုသို့ မဟာရွှေ့ပြောင်းခြင်းက ထိုကွက်လပ်ကို အတိုင်းအတာ တစ်ခုအထိ ဖြည့်ဆည်း ပေးနိုင်၏။ ပြန်လည် နေရာချထားရေး၌ ထိုသို့သော နေရာများကို ဦးစားပေး ခဲ့လေသည်။

လူသားများအတွက် သတ်မှတ်ထားသော အိမ်များကို သံမဏိဖြင့် ပြုလုပ်ထားပြီး အဓိက ပစ္စည်းမှာ အထူးအလင်းပြား ဖြစ်ကာ ၎င်းကို ဖြုတ်တပ်ပြီး လွတ်လပ်စွာ ရွှေ့ပြောင်းနိုင်လေသည်။ အိမ်များက သန့်ရှင်းပြီး ကျယ်ဝန်းလှသည်။

ရွှေ့ပြောင်းလာသော လူသားများ အတွက် နေထိုင်မှု ပတ်ဝန်းကျင်နှင့် ပြန်လည် နေရာချထားရေး ရလဒ်များ နှစ်ခုစလုံးက မျှော်လင့်ထားသည်ထက် များစွာ သာလွန်နေသည်။ လူများစွာ၏ တင်းမာနေသော စိတ်များ သက်သာရာ ရသွားခဲ့သည်။

“ဆာ-ဆမ်မြူရယ်...” ရွိုင်လေးက ဥပဒေနှင့် စည်းကမ်း ထိန်းသိမ်းနေသော နတ်ဆိုး စစ်တပ်တွင် ရင်းနှီးသော ပုံရိပ် တစ်ခုကို တွေ့လိုက်ရပြီး မယုံကြည်နိုင်စွာ အော်ပြောလိုက်၏။ ဆမ်မြူရယ် ရွှေရောင် နယ်မြေတွင် ရှိနေခဲ့စဉ်က သူသည် ရဲမှူးနှင့် တပ်မှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ တစ်ချိန်က သူသည် လန့်သွားသော မြင်းတစ်ကောင် ရှေ့မှ ရွိုင်လေးကိုပင် ကယ်ခဲ့ဖူးရာ ရွိုင်လေးက သူ့အပေါ်တွင် နက်ရှိုင်းသော အထင်ကြီး လေးစားမှု ရှိခဲ့သည်။

“အသံမကျယ်နဲ့...” ရွိုင်လေး၏ အမေ လန့်သွားပြီး သူ၏သား ပါးစပ်ကို အမြန် အုပ်လိုက်သည်။

ဆမ်မြူရယ်က အသံကို ကြားလိုက်ပြီး ဖြစ်သည်။ ရင်းနှီးသော ကောင်လေးကို ကြည့်လိုက်ပြီး သူက အဝေးမှ ခေါင်းညိတ် ပြလိုက်၏။ ရွိုင်လေး စိတ်လှုပ်ရှားသော အမူအရာကို ပြသခဲ့သည်။ တစ်စုံ တစ်ယောက်က သူ့ဘေးမှ နတ်ဆိုး စစ်သည်ကို သတ္တိမွေးကာ မေးလိုက်၏။ “အဲဒီ ဆာက... လူသားလား။”

နတ်ဆိုးစစ်သည်၏ အဖြေက လူများကို အံ့အားသင့် သွားစေခဲ့သည်။ “ဗိုလ်ချုပ် ဆမ်မြူရယ်က ငါတို့ အမှောင်လ နယ်မြေရဲ့ ပထမဆုံး တပ်မှူးပဲ...”

လူသားတစ်ဦးက တကယ် ဒီမြို့ရဲ့ အမြင့်ဆုံး စစ်ဘက်ဆိုင်ရာ အရာရှိ... မဟုတ်ဘူး... နတ်ဆိုးတွေရဲ့ နယ်မြေကြီး တစ်ခုလုံးရဲ့ အမြင့်ဆုံး စစ်ဘက်ဆိုင်ရာ အရာရှိပဲ... ထိုသတင်းက လူသားများ အကြား လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ အကြောင်း တစ်ခုခုကြောင့် လူတိုင်း၏ စိတ်များ ပိုမို တည်ငြိမ်လာခဲ့သည်။

ဆိုတိုမြို့က မဟာရွှေ့ပြောင်းရေး အဖွဲ့၏ သေးငယ်သော အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သည်။ လူသားများနှင့် နတ်ဆိုးများ၏ ပူးပေါင်း ကြိုးပမ်းမှုဖြင့် ရွှေ့ပြောင်းရေးနှင့် ပြန်လည် နေရာ ချထားရေး လုပ်ငန်းစဉ်ကို စနစ်တကျ လုပ်ဆောင်နေခဲ့သည်။

မဟာရွှေ့ပြောင်းမှုက အရာများစွာကို ပြောင်းလဲစေလိမ့်မည်။ လောကတစ်ခုလုံး အပါအဝင် ဖြစ်နိုင်လောက်သည်။

အသူရာ ချောက်နက် ဘက်ခြမ်းတွင် လောလောဆယ် လှုပ်ရှားမှု မရှိသော်လည်း လူသားလောကနှင့် နတ်ဆိုးဘုံ နှစ်ခုလုံးလည်း အမျိုးမျိုးသော ခံတပ်များကို တည်ဆောက်ရန် အချိန်နှင့် ပြိုင်ဆိုင်နေကြပြီး အသူရာချောက်နက်၏ ခြေလှမ်းကို နှေးကွေးစေရန်နှင့် နှောင့်ယှက်ရန် ကြိုးစားနေကြသည်။ အသူရာချောက်နက်သည် အဓိက ကုန်းမြေမှ လူများကို အသက်ရှူချိန် အများကြီးပေးလိမ့်မည် မဟုတ်သည်မှာ သေချာသည်။ စစ်တပ် နောက်တစ်ကြိမ် ပြန်လည် ဖြည့်တင်းလိုက်သည်နှင့် ၎င်းမှာ လူသား လောက၏ အဆုံးသတ် ဖြစ်ပေလိမ့်မည်။

ကြယ်မြို့က ပင်လယ်ဖြူ တိုက်ပွဲ၏ ပေါက်ကွဲမှုကြီးထဲတွင် ပြင်းထန်သော ပျက်စီးမှုများကို ခံစားခဲ့ရသည်။ အမြောက်ကြီး သုံးလက်၏ ပျက်စီးခြင်း နှင့် အဂ္ဂိရတ် ယူနစ်များ၏ အဆောက်အအုံ သုံးပုံ တစ်ပုံ ပျက်စီး သွားခဲ့သည်။ လက်ရှိတွင် ဂရမ်လင်များက ပြုပြင်မှုများကို အရှိန်မြှင့်နေကြသည်။

ကြယ်အပ်နှင်းစင်မြင့်၏ ပေါင်းစပ်မှုမှာ အတော်လေး ထိရောက်လှပေသည်။ ဖိုက်သွန်၏ ဒဏ်ရာက အခြေခံအားဖြင့် ပြန်လည် ကောင်းမွန်လာပြီ ဖြစ်ပြီး မီးအိမ်ဝိညာဉ် ခန္ဓာကိုယ်သည်လည်း ဂေဘရီရယ်၏ အသက်စွမ်းအားအောက် ပြန်လည် ပုံဖော်ထားသော်လည်း သူ၏ ဝိညာဉ်က သူတော်စင် တိုက်ခိုက်ရေး နှလုံးသား၏ စွမ်းအားနှင့် အပြည့်အဝ မပေါင်းစပ်ရသေးပေ။ ပြန်လည် အသက် ဝင်လာပြီးနောက်တွင် သူက တံခါးပိတ် လေ့ကျင့်မှုကို ရွေးချယ်ခဲ့သည်။ သူသည် ပျက်စီးခြင်း ဇစ်မြစ်နှင့် ဖန်တီးခြင်း ဇစ်မြစ်ကို တစ်ချိန်တည်းတွင် ကျွမ်းကျင် ပိုင်နိုင်သောကြောင့် သူက သူတော်စင် တိုက်ခိုက်ရေး နှလုံးသား၏ စွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်သ၍ သူ၏ စွမ်းအားက ပိုမြင့်မားသော အဆင့်သို့ တိုးတက်၍ လာပေလိမ့်မည်။

စေတန်၏ ဒဏ်ရာက တဖြည်းဖြည်း ပြန်လည်၍ နလန်ထူနေဆဲ ဖြစ်သည်။ သူနှင့် မိုက်ကယ်တို့က ချန်လွေ့၏ ကြယ်အပ်နှင်း သို့မဟုတ် တိုးမြှင့်ခြင်းကို လက်မခံခဲ့ပေ။ နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့် အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦးအတွက် ကြယ်အပ်နှင်းခြင်း၏ အကျိုးသက်ရောက်မှုမှာ မထင်ရှားပေ။ ပိုအရေးကြီးသည်မှာ သူတို့နှစ်ဦးစလုံးတွင် ကိုယ်ပိုင် တွယ်တာမှုများ ရှိကြသည်။ အကယ်၍ သူတို့ ပြင်ပအင်အားစုများကို မဆင်မခြင် အားကိုးလျှင် သို့မဟုတ် အခြား သူများနှင့် တွဲဖက်လျှင် ၎င်းမှာ သူတို့၏ စိတ်ဓာတ်အတွက် အလွန်အမင်း အကျိုးမရှိပေ။ ထိုအစား သူတို့၏ စွမ်းအား ဆုတ်ယုတ်သွားနိုင်သည်။

ဖိုက်သွန်၏ အခြေအနေမှာ အစကတည်းက မတူညီပေ။ သူသည် ဘဝတစ်လျှောက်လုံး လူစီဖာအတွက် ခံစားချက်များကို စွဲလမ်းနေခဲ့သည်။ ထိုအချိန်က သူ ချန်လွေ့ကို လူစီဖာ ဖြစ်သည်ဟု အထင်လွဲမှားခဲ့သောကြောင့် ထိုအညံ့ခံခြင်းမျိုးက စိတ်အခြေအနေကို မထိခိုက်စေဘဲ ပိုအားကောင်းစေခဲ့သည်။

ဖန်တီးခြင်းနှင့် ပျက်စီးခြင်းစွမ်းအား၏ ရောယှက်နေသော စွမ်းအားက သာမန် တိုက်ခိုက်မှုများနှင့် မည်သည့်နည်းဖြင့်မျှ နှိုင်းယှဉ်၍ မရနိုင်ပေ။ ကျန်လူများ၏ ဒဏ်ရာများ ပြန်လည် ကောင်းမွန်လာမှု အရှိန်က ပုံမှန်ထက် နှေးကွေးလှသည်။

ချန်လွေ့ အနားယူနေခဲ့သည်။ လူသား လောက၏ ရွှေ့ပြောင်းမှု သုံးပုံ နှစ်ပုံခန့် ပြီးစီးသွားသောအခါ သူက နောက်ဆုံးတွင် မိုက်ကယ်နှင့် ဇိုလာတို့နှင့်အတူ ဒြပ်စင် လောကသို့ သွားရောက်ခဲ့လေသည်။

All Chapters