← Chapters

လောကကို ချိပ်ပိတ်မယ့် မိုက်ကယ့် အစီအစဉ်

Vol. 82 Ch. 1250

လောကကို ချိပ်ပိတ်မယ့် မိုက်ကယ့် အစီအစဉ်

Vol. 82 Ch. 1250

ဒြပ်စင် လောကသည် အပြင်လူ အားလုံးကို ဖယ်ထုတ်ထားပြီး သာမန် လေ့ကျင့်သူများက ဒြပ်စင်လောကသို့ တိုက်ရိုက် ဝင်ရောက်ရန် မဖြစ်နိုင်ပေ။ မိုက်ကယ်နှင့် စေတန် ကဲ့သို့သော နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့် ပုဂ္ဂိုလ်များပင်လျှင် ခြွင်းချက် မဟုတ်ပေ။ ယခင် တစ်ခေါက် ချန်လွေ့ ဒြပ်စင် လောကသို့ ဝင်ရောက်ခဲ့သည်မှာ မိုးရီ မပျက်စီးခင် ပေးခဲ့သော သြဇာယွမ်မြေကို အသုံးပြုခဲ့၍ ဖြစ်သည်။ ယခုတစ်ကြိမ်တွင် မိုက်ကယ်၏ လမ်းညွှန်မှု အောက်တွင် ဇိုလာက [ဒြပ်စင်၆ခုတိုင်းပြည်]၏ စွမ်းအားကို ဝင်ရောက်စွက်ဖက်ခြင်း နည်းလမ်းဖြင့် ဒြပ်စင်လောကထဲသို့ ပုံရိပ်ဖော်ခဲ့ပြီး ဒြပ်စင်လောက၏ တံခါးကို ဖွင့်လှစ်ခဲ့သည်။

စွမ်းအားအရဆို လျှင် ဇိုလာသည် မိုက်ကယ်ထက် မနိမ့်ကျသော်လည်း အသိပညာနှင့် အတွေ့အကြုံအရ ဆိုလျှင် နတ်မိမယ်နဂါး သွေးမျိုးဆက် အမွေ ဆက်ခံခြင်း စွမ်းအားဖြင့်ပင် ဇိုလာက မိုက်ကယ်ထက် အလှမ်း ဝေးနေသည်။ အပြင်လူ တစ်ဦးဖြစ်သော ချန်လွေ့ကို ပြောစရာပင် မလိုပေ။

ဒြပ်စင်လောကမှာ နောက်ဆုံးတစ်ခါ ချန်လွေ့ ဝင်ရောက်ခဲ့စဉ်ကနှင့် အတူတူ ဖြစ်သည်။ ကောင်းကင်သည် အရောင် အမျိုးမျိုးဖြင့် တောက်ပနေသော တိမ်များ ပြည့်နှက်နေ၏။ သူ၏ ခြေအောက်တွင် မြေပြင် မရှိနေပေ။ ဒြပ်စင် အမျိုးမျိုးဖြင့် ပြုလုပ်ထားသော ကျွန်းများက လေထဲ လွင့်မျောနေသည်။ မုန်တိုင်းများနှင့် လျှပ်စီးများကို အခါအားလျော်စွာ မြင်တွေ့ နိုင်ပြီး လေထုက နှိုင်းယှဉ်မရအောင် ကြွယ်ဝသော အားကောင်းနေသည့် ဒြပ်စင်စွမ်းအင်ဖြင့် ပြည့်နှက်နေ၏။

သူတို့ ဒြပ်စင်လောက အထဲသို့ ဝင်ရောက်သည့် အခိုက်အတန့်တွင် ချန်လွေ့နှင့် မိုက်ကယ်တို့က မီးဖို တစ်ခုထဲ ရောက်ရှိ နေသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့၏ ခန္ဓာကိုယ်နှင့် စွမ်းအားသည် ပတ်ပတ်လည်ရှိ ဒြပ်စင်စွမ်းအားကြောင့် လျင်မြန်စွာ ပြိုကွဲ လောင်ကျွမ်းသွားခဲ့၏။ ၎င်းမှာ ဒြပ်စင်လောက၏ ထူးဆန်းသော အင်အား ဖြစ်သည်။ ထိုလောကသည် ဒြပ်စင်များမှလွဲ၍ အခြားအရာများနှင့် အင်အားများကို တွန်းလှန်၏။

မိုက်ကယ်သည် အရင်ကတည်းက ပြင်ဆင်ထားခဲ့သည်။ အဖြူရောင်အလင်း သူ၏ ကိုယ်ပေါ်တွင် လင်းလက်သွားပြီး နောက်ကျောမှ အတောင်ပံ ၁၂ခုသည် ခန္ဓာကိုယ် ပတ်ပတ်လည်တွင် အလင်း အမြှေးပါးတစ်ခု အဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။ ထိုအလင်း အမြှေးပါးတွင် နေရာလွတ် အရှိန်အဝါ၏ စွမ်းအားများ ပါဝင်ပြီး တွန်းလှန်အားကို ယာယီ ပိတ်ဆို့ထားခဲ့သည်။ ချန်လွေ့ အပေါ်တွင် အထူး အတက်အကျ မရှိဘဲ အဆင်ပြေနေ ပုံရသည်ကို မြင်ရာ သူက တိတ်တဆိတ် အံ့အားသင့်မိသွားသည်။

ချန်လွေ့က ယခင်တစ်ခေါက် ဒြပ်စင် လောကတွင် ရှိစဉ်က ထိုတွန်းလှန်မျိုးကို ကြုံတွေ့ခဲ့ဖူးရာ စူပါစနစ်၏ [အရှိန်အဝါ အကာအကွယ်]ကို ချက်ချင်းအသက်သွင်း လိုက်ပြီး မိနစ်တိုင်း အရှိန်အဝါ တန်ဖိုး တစ်သိန်းနှင့် ယုံကြည်မှု သလင်းကျောက် တစ်သောင်း ကုန်ကျစေခဲ့သည်။ ထိုကဲ့သို့ အခြေအနေတွင် ဒြပ်စင် လောက၏ ထူးဆန်းသော စွမ်းအားက သူ၏ ခန္ဓာကိုယ်ကို မတိုက်စားနိုင်သော်လည်း ပုံမှန်စွမ်းအား ကုန်ဆုံးမှုမှာ မလွဲမသွေ နှစ်ဆ တိုးမည် ဖြစ်သည်။ မိုက်ကယ်က ခြွင်းချက် မဟုတ်ပေ။

မိုက်ကယ်နှင့် ချန်လွေ့တို့နှင့် ယှဉ်လျှင် ဇိုလာသည် မည်သည့် အကာအကွယ်မျှ မလိုအပ်ပေ။ အမှန်မှာ သူက ဒြပ်စင် ပတ်ဝန်းကျင်တွင် သက်သောင့်သက်သာ ရှိနေသည်။ ထို့အပြင် ခီလီယာနာနှင့် ယခင်တိုက်ပွဲမှ ရရှိခဲ့သည့် အချို့သော နားလည် သဘောပေါက်မှုများက ပိုမို၍ ရှင်းလင်းလာခဲ့သည်။ သူ၏ ခန္ဓာကိုယ် တစ်လျှောက်လုံးမှ အငွေ့အသက်များက ပိုမိုသန့်စင်လာပုံရသည်။

“တခြား လူတွေနဲ့ နှိုင်းယှဉ်ရတာ တကယ် အနှောင့်အယှက် ဖြစ်စရာပဲ။” ချန်လွေ့က ဇိုလာ၏ ပြောင်းလဲမှုကို အာရုံခံမိရာ သူ၏ဘေးသို့ ပျံသန်းသွားပြီး သက်ပြင်းချ လိုက်သော်လည်း သူက စိတ်ထဲတွင် ဇိုလာအတွက် ပျော်ရွှင် နေခဲ့သည်။

“နဂါးနဲ့ နှိုင်းယှဉ်တာပါ။” မစ်-နတ်မိမယ်နဂါးက သူ၏ မျက်လုံးများကို မှိတ်လိုက်ဖွင့်လိုက် လုပ်ပြီး စကားလုံး တစ်လုံးကို ပြင်ပေးလိုက်သည်။

မိုက်ကယ်က သူတို့ နှစ်ဦး၏ ရှေ့သို့ ရောက်ရှိသွားခဲ့သည်။ ထိုအချိန်တွင် ပျံသန်းနေသော မီးငှက်တစ်အုပ်သည် လေထဲတွင် စုစည်းသွားပြီး သူ့ထံသို့ မီးတောက်များ ဖြန်းပက်လိုက်သည်။ မိုက်ကယ်က လက်ကို ဝှေ့ယမ်းလိုက်ရာ မီးငှက်များက အမှုန့်အဖြစ်သို့ ပြောင်းလဲ သွားသော်လည်း ပြန့်ကျဲသွားခဲ့သော အမှုန့်များက အေးစက်သော ရေခဲမြွေ တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲတွင် သူတို့ကို ဝန်းရံလိုက်၏။ ပျက်စီးခြင်းက ဒြပ်စင်လောကမှ သတ္တဝါများ အတွက် တည်ရှိမှု ပုံစံ တစ်မျိုးသာ ဖြစ်သည်။ သူတို့က ပြောရလျှင် မသေနိုင်ပေ။ မိုက်ကယ်၏ စွမ်းအားက ထိုသတ္တဝါများကို အလွယ်ပင် ဖျက်ဆီးပစ် နိုင်သည့်တိုင် သူတို့ကို အဆုံးမဲ့ ကိုင်တွယ်နိုင်မည် မဟုတ်ပေ။

ရေခဲမြွေ ရုတ်တရက် ရပ်တန့်သွား ပြီးနောက် တိမ်များကဲ့သို့ အမွေးများ ရှိသည့် ချစ်စရာ ခွေးလေးများ အဖြစ်သို့ အလျင်အမြန်ပင် ပြောင်းလဲသွားခဲ့သည်။ မိုက်ကယ်ကို ထားခဲ့ပြီးနောက် ၎င်းသည် ဇိုလာ၏ ဘေးနားသို့ ရောက်ရှိလာပြီး ညင်သာစွာ လှည့်ပတ်ကာ လေပြေလေး အဖြစ် ပြောင်းပြီး လွင့်မျောသွားခဲ့သည်။

ဒြပ်စင်နတ်ဘုရားမ စစ်လက်နက်၏ အသိအမှတ်ပြုမှုကို ခံရပြီးနောက်တွင် ဇိုလာက သတ္တမမြောက် အဓိကဒြပ်စင် သံတမန် ဖြစ်လာခဲ့သော်လည်း တကယ့် အကြောင်းရင်းမှာ ဒြပ်စင်နတ်ဘုရားမ ရာဖာတီကို ပြန်လည် အသက်သွင်းရန် ဖြစ်သည်။ နောက်ပိုင်းတွင် ချန်လွေ့ ဒြပ်စင်လောကထဲသို့ ဖောက်ထွင်းဝင်ခဲ့ပြီး လူစီဖာ ပေါ်လာခဲ့သည်။ သူက ဒြပ်စင် နတ်ဘုရားမ၏ ပြန်လည် ရှင်သန်မှုကို မအောင်မြင်စေရန် မယုံကြည်နိုင်စရာ စွမ်းအားကို အသုံးပြုခဲ့သည်။ ထို့နောက် ဇိုလာက အသိစိတ် ပြန်လည်ရရှိခဲ့သည်။ သူက ဒြပ်စင်နတ်ဘုရားမ၏ နတ်ဘုရား ဘဝ စွမ်းအား တစ်စိတ်တစ်ပိုင်းကိုလည်း ရရှိခဲ့သောကြောင့် သူ၏ စွမ်းအားသည် နတ်ဘုရား-ယောင် အထွတ်အထိပ် အဆင့်သို့ လျင်မြန်စွာ ရောက်သွားခဲ့၏။

ယခုတွင် သူ အပြည့်အဝနိုးထနေသော အခြေအနေတွင် ဒြပ်စင် လောကသို့ ပြန်လာရာ ထိုးထွင်းသိမြင်မှု အချို့၏ လှုံ့ဆော်မှုကို ခံခဲ့ရပြီး ဒြပ်စင်လောက၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကို အလိုလို ကျွမ်းကျင်ပိုင်နိုင်ခဲ့သည်။ လက်ရှိ သူက စစ်မှန်သော အဓိကဒြပ်စင် သံတမန် ဖြစ်သည်ဟု ဆိုနိုင်သည်။ ဒြပ်စင် သတ္တဝါများတွင် သူ့အပေါ် ပင်ကို အသိစိတ်ဖြင့် နာခံမှုနှင့် ရင်းနှီးမှုတစ်မျိုး ရှိနေပြီး သူကို အန္တရာယ် မပြုနိုင်ပေ။

အရောင် အမျိုးမျိုး ရှိနေသည့် တောက်ပသော အစက်အပြောက် ၆ခုက အဝေးမှ ကောင်းကင်တွင် ပေါ်လာပြီး ချက်ချင်း ဆိုသလို ကြီးမားလာခဲ့သည်။ ၎င်းမှာ အဓိက ဒြပ်စင်သံတမန် ၆ပါးပင်။

မိုက်ကယ်က ရှေ့သို့ တက်သွားပြီး ဘယ်လက်ကို ရင်ဘတ်ပေါ် တင်ကာ ခေါင်းကို အနည်းငယ် ငုံ့လိုက်သည်။ “မတွေ့ရတာ ကြာပါပြီ။ ဒြပ်စင်သံတမန် ၆ပါး...”

အဓိကဒြပ်စင် သံတမန် ၆ပါးသည် မိုက်ကယ်နှင့် မိတ်ဆွေများ ဖြစ်သည်မှာ အသေအချာပင်။ သူတို့ အားလုံးက ပြန်လည် ဦးညွှတ်လိုက်ကြသည်။ အဓိက အလင်းဒြပ်စင် သံတမန်က ဇိုလာကို ပြောလိုက်သည်။ “ကြိုဆိုပါတယ်။ အဓိက ဒြပ်စင်သံတမန် ဇိုလာ။”

“အိုး...” မစ်-နတ်မိယ်နဂါး ပေါ့ပေါ့ တန်တန် ပြန်ဖြေလိုက်သည်။ ယခင်တစ်ခါ ချန်လွေ့ အဓိကဒြပ်စင်သံတမန် ၆ပါးနှင့် တိုက်ပွဲတွင် လက်မောင်း ပြတ်သွားခဲ့ပြီး သူ့ကို ကယ်တင်ရန်အတွက် သေလုနီးပါး ဖြစ်ခဲ့သည်ကို သတိရပြီး အနည်းငယ် အငြိုးအတေးထားနေခဲ့သည်။

ချန်လွေ့က ၎င်းကို အလေးအနက် မထားခဲ့ပေ။ သူက ပြုံးလိုက်ပြီး အဓိက ဒြပ်စင်သံတမန် ၆ ပါးကို ခေါင်းညိတ် ပြလိုက်သည်။

မိုက်ကယ်က အံ့အားသင့်သော အမူအရာကို ပြသခဲ့သည်။ သူက ဇိုလာ [ဒြပ်စင်၆ခုတိုင်းပြည်] ကို ပိုင်ဆိုင်ထားပြီး ဒြပ်စင်လောကနှင့် နက်ရှိုင်းသော ဆက်ဆံရေး ရှိကြေင်း သိရှိခဲ့သော်လည်း နတ်မိမယ်နဂါးက အဓိကဒြပ်စင်သံတမန် ၆ပါးနှင့် တူညီသော အဆင့်အတန်းရှိသည့် သတ္တမမြောက် အဓိကဒြပ်စင်သံတမန် ဖြစ်သည်ဟု လုံးဝ မတွေးခဲ့ဖူးပေ။

ဒါပေမဲ့ ဇိုလာမှာ အဓိကဒြပ်စင် သံတမန် အဆင့်အတန်း ရှိတာဆိုတော့ ပိုပြီးတော့ လွယ်ကူသွားမှာပဲ... မိုက်ကယ် ပြောလိုက်သည်။ “အမှန်အတိုင်းပြောရရင် ကျုပ်တို့ ဒီနေ့ တစ်ခုခု တောင်းဆိုဖို့ ရောက်လာတာ။ အသူရာချောက်နက်က အဓိကကုန်းမြေကို ဆင်းသက်လာခဲ့ပြီ။”

အသူရာချောက်နက်က အဓိကကုန်းမြေကို ဆင်းသက်လာခဲ့ပြီလား။ အဓိကဒြပ်စင်သံတမန် ၆ပါးလုံး ထိတ်လန့်သွားကြသည်။ အဓိကရေဒြပ်စင်သံတမန် စဉ်းစားလိုက်သည်။ “အဓိကကုန်းမြေက အခွင့်အာဏာ စွမ်းအား ချိပ်ပိတ်နဲ့ ကာကွယ်ထားတာ မဟုတ်ဘူးလား။ အသူရာချောက်နက် ဒီလောက် မြန်မြန် မဆင်းသက်နိုင်သင့်ဘူး။”

“ကျုပ်လည်း မသိဘူး။” မိုက်ကယ်က သက်ပြင်းချလိုက်သည်၊ “သိဒ္ဓိအလင်းတောင်က အသူရာချောက်နက်ကြောင့် ဖျက်ဆီးခံလိုက်ရပြီ။ ဖန်တီးခြင်း စာအုပ်နဲ့ ပျက်စီးခြင်း စာအုပ် နှစ်ခုလုံး အမုန်းတရား အရှင်သခင်ရဲ့ လက်ထဲကို ရောက်သွားပြီ။ လူသားလောက အများစုက အသူရာ ချောက်နက်ကြောင့် မျိုးသုဉ်းလုနီးပါး ဖျက်ဆီးခံလိုက်ရပြီးတော့ လောကကြီးက အကြီးမားဆုံး ကပ်ဘေးကို ရင်ဆိုင် နေရတယ်။”

အဓိကမြေဒြပ်စင်သံတမန်က မေးလိုက်သည်။ “မင်းတို့တွေ အသူရာချောက်နက် အုပ်စိုးသူတွေကို တိုက်ခိုက်ဖူးလား။”

“အုပ်စိုးသူ သုံးဦးက အတော်လေးကို အစွမ်းထက်တယ်။ ကျုပ်တို့ နတ်ဆိုးဘုံနဲ့ ပူးပေါင်းရင်တောင် သူတို့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။” မိုက်ကယ်က ချန်လွေ့ကို ကြည့်လိုက်သည်။ “သူပဲ တိုက်ခိုက်နိုင်ရုံ ရှိတာ။ ဒါပေမဲ့ အလွန်ဆုံး ဒီလော့စ်ရိုပဲ။ တကယ်လို့ ကျုပ်တို့ ပူးပေါင်းရင်တော့ ဆိုစဘတ်ကိုလည်း ခုခံနိုင်လောက်တယ်။ ခီလီယာနာ အတွက်တော့... ကျုပ်တို့က လုံးဝ ပြိုင်ဘက် မဟုတ်ဘူး။”

“သူက ဒီလော့စ်ရိုကို ယှဉ်ပြိုင်နိုင်တယ် ဟုတ်လား။” အဓိကမီးဒြပ်စင်သံတမန် ချန်လွေ့ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်၏။ အရင်တစ်ခေါက် ချန်လွေ့ ဒီမှာပြခဲ့တဲ့ စွမ်းအားက အဓိကဒြပ်စင် သံတမန် တစ်ဦးတည်းနဲ့ တန်းတူညီမျှ ရှိခဲ့တယ်။ သူက အခုတော့ ဒီလော့စ်ရိုကို ယှဉ်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

“သူ့မှာ စိတ်ကူးမနိုင်တဲ့ အလားအလာ ရှိတယ်။ သူ့ရဲ့ စွမ်းအားက အခု ငါတို့ထက် ကျော်လွန်နေပြီ ဆိုတာ အသေအချာပဲ။” အဓိကမြေဒြပ်စင်သံတမန်က ချန်လွေ့၏ တိုးတက်မှု အတွေ့အကြုံကို အသိဆုံး ဖြစ်သည်။ သူက စကားလမ်းကြောင်းကို ပြောင်းလိုက်သည်။ “ဒါပေမဲ့ မင်းတို့ရဲ့ စွမ်းအားတွေ ပေါင်းစပ်ပြီးတော့ အသူရာ ချောက်နက် အုပ်စိုးသူတွေနဲ့ တိုက်ခိုက်နိုင်တယ် ဆိုရင်တော့ ဒီတစ်ခါ အသူရာချောက်နက် ဆင်းသက်လာတာ နည်းနည်း ထူးဆန်းလောက်တယ်။”

“ကျွန်မတို့ရဲ့ စွမ်းအားက ဘာဖြစ်နေလို့လဲ။” ဇိုလာက အဓိက မြေဒြပ်စင်သံတမန် စကားများ၏ အဓိပ္ပာယ်ကို ကြားရာ သူက မကျေမနပ် မေးလိုက်သည်။

အဓိကရေဒြပ်စင်သံတမန်က ဝင်ပြော လိုက်သည်။ “မင်းတို့အားလုံး အသူရာ ချောက်နက် အုပ်စိုးသူတွေကြောင့် ရှုံးနိမ့် ခဲ့ပေမယ့် အနည်းဆုံး သူတို့ကို တိုက်ခိုက်နိုင်တာ သက်သေ ပြခဲ့ပြီးပြီ။ ဒါကြောင့် မျှော်လင့်ချက် အလင်းရောင် တစ်ခု ရှိနေတုန်းပဲ။ တကယ်လို့များ အသူရာချောက်နက်သာ အစွမ်းထက်ဆုံးနဲ့ အပြည့်စုံဆုံးပုံစံနဲ့ တကယ် ရောက်လာရင် လက်ရှိ စွမ်းအားတွေနဲ့ဆိုရင် မင်းတို့မှာ မျှော်လင့်ချက် အလင်းရောင်တစ်ခုတောင် ရှိမှာ မဟုတ်ဘူး။”

“အမှန်ပဲလား။” ချန်လွေ့ မိုက်ကယ်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။ မိုက်ကယ် တိတ်ဆိတ်နေခဲ့ပြီး ဝန်ခံနေ သည်မှာ အသေအချာပင်။

ချန်လွေ့ တိတ်တဆိတ် တုန်လှုပ်၍ သွားခဲ့သည်။ ငါက ဒီလိုမျိုး အဆင့်ကို မကြာသေးခင်ပဲ ရောက်လာခဲ့တာ။ အခု ငါ့ရဲ့ စွမ်းအားက ဒီလော့စ်ရိုကို ကျော်သွားပြီတော့ ဆိုစဘတ်ကို ယှဉ်နိုင် လုနီးပါး ဖြစ်နေပြီ။ ခီလီယာနာထက် အများကြီး နိမ့်ကျပေမဲ့ ငါက နတ်ဘုရားနဲ့ အနီးစပ်ဆုံး အဆင့်မှာ ရှိနေပြီ။ ဒါပေမဲ့ အဓိကရေဒြပ်စင်သံတမန် ပြောသလိုဆို အစွမ်းထက်ဆုံး အသူရာချောက်နက်ကို ဒီလိုစွမ်းအားမျိုးနဲ့ ဆန့်ကျင်ဖို့ အတွက် မျှော်လင့်ချက် မရှိဘူး။ အဲဒီကိစ္စမှာ ဆိုလိုတဲ့ အစွမ်းထက်ဆုံးနဲ့ အပြည့်စုံဆုံး အသူရာချောက်နက်ကို ကိုယ်စားပြုတဲ့ စွမ်းအားအဆင့်က...

“ငါ စဉ်းစားနေတာက ဒီတစ်ခေါက် အသူရာချောက်နက် အချိန်မတိုင်ခင်မျာ အဓိက ကုန်းမြေကို ရောက်လာတာက အသူရာချောက်နက် လုံးဝ စဉ်းစားမိမှာ မဟုတ်တဲ့ အရာတစ်ခု ဖြစ်နိုင်တယ်။” အဓိက အမှောင်ဒြပ်စင် သံတမန်က ဖြေလိုက်သည်။

ထိုစကားက ချန်လွေ့အား အဓိက အချက်အချို့ကို စဉ်းစားမိစေပြီး စိတ်ကူး အချို့ ပေးခဲ့သော်လည်း သူက ခဏတာ ဆုပ်ကိုင်၍ မရနိုင်ခဲ့ပေ။

“အခု ဒီပြဿနာကို လေ့လာဖို့ အချိန် မရှိတော့ဘူး။” မိုက်ကယ်က သက်ပြင်း ချလိုက်သည်၊ “ကျုပ်တို့ ဒီနေ့ ဒြပ်စင် လောကကို လာခဲ့တာက အရာ နှစ်ခုကို ရယူဖို့ပါ၊ ပထမ တစ်ခုက အစွမ်းထက်ဆုံး အဆုံးစွန် ဇစ်မြစ်စွမ်းအားဖြစ်တဲ့ စကြဝဠာ ပျက်သုဉ်းပဲ။ ဒုတိယ တစ်ခုကတော့ ဒြပ်စင်နတ်ဘုရားမ ရာဖာတီ ချန်ထားခဲ့တဲ့ အခွင့်အာဏာ စွမ်းအား အစအနတစ်ခု...”

အဓိကဒြပ်စင် သံတမန် ၆ပါးက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး အတူတကွ ခေါင်းခါလိုက်သည်။ အဓိက ‌ရေဒြပ်စင်သံတမန်က ပြောလိုက်သည်၊ “စကြဝဠာပျက်သုဉ်းရဲ့ အစွမ်းအထက်ဆုံး အဆုံးစွန် ဇစ်မြစ်စွမ်းအားက ကိုင်တွယ်ရ လွယ်ကူပါတယ်။ ဒါပေမဲ့ မဒမ်-ရာဖာတီရဲ့ အခွင့်အာဏာ စွမ်းအားက...”

အဓိကဒြပ်စင်သံတမန် ၆ပါး တွန့်ဆုတ် နေခြင်းကို မြင်သောအခါ မိုက်ကယ်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ “တခြားသူတွေ မသိနိုင်ပေမယ့် ကျုပ်တို့ ရှင်ကျန်ရစ်သူတွေ သေချာသိသင့်တယ်။ အဓိကကုန်းမြေက အသူရာချောက်နက်ရဲ့ စွမ်းအားကြောင့် လုံးဝ တိုက်စားခံရတာနဲ့ ဒြပ်စင်လောကက... ကျုပ် အခွင့်အာဏာ စွမ်းအား အကုန်လုံးကို မလိုပါဘူး။ နည်းနည်းလေးပဲ။”

မိုက်ကယ် ဆက်မပြောတော့။ အဓိက ရေဒြပ်စင်သံတမန် ခေါင်းခါလိုက်သည်။ “ဒါပေါ့။ ငါတို့ သိပါတယ်။ ဒါပေမဲ့ မင်း မသိတာက ဒြပ်စင်စစ်ပွဲ ရပ်တန့်သွားပြီ ဆိုတာပဲ။”

“ဒြပ်စင်စစ်ပွဲ ပြီးသွားပြီ ဟုတ်လား။” မိုက်ကယ်က အံ့အားသင့် သွားခဲ့သည်၊ “ဒါဆိုရင် မဒမ်-ရာဖာတီက...”

“မဒမ် နတ်ဘုရားမ ပြန်ပြီးတော့ ရှင်သန်လာတာ မဟုတ်ဘဲနဲ့ လုံးဝကို ပျက်စီးသွားတာ။” တချိန်လုံး တိတ်ဆိတ် နေခဲ့သော အဓိက လေဒြပ်စင်သံတမန်က ချန်လွေ့ကို ကြည့်ရင်း ပြောလိုက်သည်၊ “သူက ဒီကိစ္စကို ငါတို့ထက် ပိုသိတယ်။”

မိုက်ကယ် ချန်လွေ့ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး ချန်လွေ့က ခါးသက်သက် ပြုံးလိုက်သည်။ “အရင်က ဒြပ်စင်လောက အထဲကို ဖောက်ထွင်း ဝင်ရောက်ခဲ့တာက တကယ်ပဲ ကျုပ်ပါ။ ဒါပေမဲ့ အဲဒီ အချိန်မှာ လူစီဖာက ကျုပ်ရဲ့ ခန္ဓာကိုယ်ကို လွှမ်းမိုး ထားခဲ့တယ်။ ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ ကျုပ် မသိခဲ့ဘူး။”

“လူစီဖာလား...” မိုက်ကယ် ပို၍ပင် အံ့အားသင့်သွားခဲ့သည်။

“ဒါပေမဲ့ တကယ်လို့ ဒါမျိုး နောက်ထပ် ဖြစ်လာခဲ့ရင် ကျုပ် ဒီနေရာကို ဝင်ရောက် နေဦးမှာပဲ။” ချန်လွေ့က ပေါ့ပေါ့တန်တန် ထပ်ပြောလိုက်သည်။ ဇိုလာက သူ့ကို ကြည့်လိုက်ပြီး နွေးထွေးသွားသည်။

အဓိကရေဒြပ်စင်သံတမန်က စကား လမ်းကြောင်း ပြောင်းပြီး မေးလိုက်သည်။ “မိုက်ကယ်။ စကြဝဠာပျက်သုဉ်းနဲ့ နတ်ဘုရားမ အခွင့်အာဏာ စွမ်းအားကို ဘာအတွက် လိုအပ်တာလဲ။ တကယ်လို့ မင်းမှာ ဒီအရာ နှစ်ခု တကယ်ပဲ ရှိခဲ့ရင်တောင်မှ ခီလီယာနာကို ရှင်းပစ်ဖို့ မဖြစ်နိုင်ဘူး။ ပြီးတော့ သူ့မှာ ပျက်စီးခြင်း စာအုပ်နဲ့ ဖန်တီးခြင်း စာအုပ် ရှိနေတယ်။”

မိုက်ကယ်က ချန်လွေ့နှင့် ဇိုလာတို့ကို ကြည့်လိုက်ပြီး သူ၏ စစ်မှန်သော ရည်ရွယ်ချက်ကို ပြောလိုက်၏။ “ကျုပ်ရဲ့ ရည်ရွယ်ချက်က ခီလီယာနာကို ရှင်းပစ်ဖို့ မဟုတ်ဘူး။ တံခါးကို ဖျက်ဆီးပစ်ဖို့ပဲ။ တကယ်လို့ ကျုပ်တို့မှာ နတ်ဘုရားမရဲ့ အခွင့်အာဏာ စွမ်းအား ရှိရင်၊ ပြီးတော့ အစွမ်းထက်ဆုံး စကြဝဠာပျက်သုဉ်းနဲ့ ဆိုရင် တံခါးကို ဖျက်ဆီးနိုင်မယ့် အပြင်ကို အစီအရင်ရဲ့ လက်ကျန် အခွင့်အာဏာ စွမ်းအားကို အသက်သွင်းပြီး နတ်ဆိုးဘုံ တစ်ခုလုံးကို ချိပ်ပိတ်နိုင်တယ်။ နှစ်၁၀၀ ကြာပြီးတော့ အခွင့်အာဏာ စွမ်းအား အစီအရင် သက်တမ်း ကုန်ဆုံးပြီး တံခါး ပြန်ပွင့်လာခဲ့ရင်တောင်မှ ကျုပ်တို့မှာ အဖိုးတန်ဆုံး အသက်ရှူချိန် ရှိလိမ့်မယ်။”

အဓိကရေဒြပ်စင်သံတမန် လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ သူက မိုက်ကယ်၏ အစီအစဉ်ကို ချက်ချင်း နားလည်သွား၏။ “မင်းက အကန့်အသတ်မဲ့ အလားအလာ ရှိနေတဲ့ သူ့ကို ခီလီယာနာနဲ့ တိုက်ခိုက်ဖို့ ဒါမှမဟုတ် အနိုင်ယူဖို့ မျှော်လင့်ချက် ရှိစေဖို့ ဒီနှစ်၁၀၀ကို သုံးချင်တာလား။”

“ဟုတ်ယ်။ ခီလီယာနာ လုံးဝ မသေဆုံး ရင်တောင်မှ ချန်လွေ့မှာ ခီလီယာနာကို အနိုင်ယူနိုင်တဲ့ စွမ်းရည် ရှိနေသ၍တော့ နှစ်၁၀၀ကျော် ကြာပြီးတဲ့နောက် ကျုပ်တို့ အသူရာချောက်နက်ရဲ့ ကျူးကျော်မှုကို တွန်းလှန်ဖို့ ယုံကြည်ချက် ကြီးကြီးမားမား ရှိလိမ့်မယ်။ ပြီးရင် ကျုပ်တို့ နတ်ဆိုးဘုံကို အခြေခံအုတ်မြစ် အနေနဲ့ သုံးပြီးတော့ အသူရာချောက်နက်ကို ကျော်လွန်ပြီး နောက်ဆုံးအဆင့်ကို ဝင်ရောက်ဖို့အတွက် ဆက်လုပ်မယ်...”

ချန်လွေ့ လုံးဝကို နားလည်သွားပြီ ဖြစ်သည်။ မိုက်ကယ်၏ အစီအစဉ်မှာ လောက နှစ်ခု၏ တံခါးဝကို ပိတ်ရန်နှင့် နတ်ဆိုးဘုံကို လုံးဝချိတ်ပိတ်ရန် ဖြစ်ပြီး အသူရာချောက်နက်၏ ကျူးကျော်မှုကို ဖြတ်တောက်ပစ်ရန်နှင့် ထို့နောက်တွင် အဖိုးတန်အချိန်ကို အသုံးချပြီး တိုးတက် ဖွံ့ဖြိုးလာအောင် ပြုလုပ်ရန် ဖြစ်နေသည်။ ထိုအရာမှာ အမှန်တကယ် ဖြစ်နိုင်သော အစီအစဉ်တစ်ခုပင်။

“မင်းကို စကြဝဠာပျက်သုဉ်း အခု ပေးလို့ ရတယ်။ ဒီမှာ သာမန် စကြဝဠာ ပျက်သုဉ်းထက် အများကြီး ပိုပြီးတော့ အားကောင်းတဲ့ အဓိကဒြပ်စင်သံတမန် တွေရဲ့ အန္တိမစွမ်းအားရဲ့ ဇစ်မြစ်စွမ်းအား ပါဝင်တယ်။” အဓိကရေဒြပ်စင်သံတမန် ပြုံးလိုက်လေသည်။ “ဒြပ်စင်နတ်ဘုရားမ အခွင့်အာဏာ စွမ်းအား အတွက်တော့...

ထိုသို့ပြောပြီး အဓိကဒြပ်စင်သံတမန် ၆ပါးလုံး အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေသော ဇိုလာကို ကြည့်လိုက်သည်။

“တကယ်တော့ မဒမ် ရာဖာတီက ကျဆုံးသွားခဲ့ပေမယ့် နတ်ဘုရားဘဝ အပိုင်းအစတွေရဲ့ စွမ်းအား တချို့က သူ့ဆီကို လွှဲပြောင်းသွားခဲ့တယ်။ တနည်း ပြောရရင် သူက ဒြပ်စင်နတ်ဘုရားမရဲ့ အမွေဆက်ခံသူပဲ။ ဒီမှာ သူ့ရဲ့ စွမ်းအား အပြင်ကို ချန်လွေ့ရဲ့ စကြဝဠာ ကြယ် တိုင်းပြည် စွမ်းအားနဲ့ဆိုရင် တံခါးကို ဖျက်ဆီးပြီး လောကကို ချိပ်ပိတ်မယ့် တိုက်ခိုက်မှုမျိုးက မဖြစ်နိုင်တာတော့ မဟုတ်ဘူး။”

All Chapters