မျှော်လင့်ချက်မဲ့ခြင်း
Vol. 82 Ch. 1242
ကောင်းကင်တွင် ဆိုင်းငံ့နေသော ကြယ်သင်္ဘောသည် ပင်လယ်ပြင်ပေါ်မှ ရန်သူကို ငုံ့ကြည့်နေခဲ့သည်။
နောက်ဆုံးတွင် ရွှေရောင်အလင်းတန်း ရပ်တန့်သွားခဲ့သည်။ ဧရာမ မွေးမြူရေး အသိုက် ဧရာမသင်္ဘောမှာ ဖြိုခွင်းခြင်း ခံလိုက်ရပြီဖြစ်ကာ မူလ ထူထပ်နေသော သွေးစွန်း ရေယာဉ်စု အခင်းအကျင်းသည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပုံရသည်။
ကြယ်သင်္ဘောထံသို့ ပျံလာနေသော ပျံသန်းနိုင်စွမ်းရှိသည့် အသူရာချောက်နက် မကောင်းဆိုးဝါးများစွာ ရှိနှင့်ပြီး ဖြစ်သော်လည်း ကြယ်သင်္ဘောက မလှုပ်ရှားခဲ့ပေ။ အချိန်အကြာကြီး စုစည်း ထားခဲ့သော အခြား ဖျော့တော့တော့ အလင်းတန်း တစ်ခုက ပေါက်ကွဲ၍ ထွက်လာခဲ့သည်။ ပစ်မှတ်မှာ ပျံသန်း နေသော မီးလျှံစုန်းမ၊ အသူရာချောက်နက် သခင် မဟုတ်ဘဲ ပင်လယ်ပေါ် ထူထပ်စွာ ပြည့်ကျပ်နေသော အသူရာချောက်နက် သွေးစွန်းသင်္ဘောများကိုသာ ဖြစ်သည်။
ထိုဖျော့တော့တော့ အလင်းတန်းက ရွှေရောင်အလင်းတန်းကဲ့သို့ မတောက်ပ သော်လည်း အလင်းတန်းက သွေးစွန်း သင်္ဘော တစ်စင်းကို ထိမှန်သောအခါ ရုတ်တရက် တွင်းနက်ကြီး တစ်ခု ပေါ်လာပြီး ပင်လယ်ရေ ထုထည် ကြီးမားသော ပမာဏနှင့် ရေတွက်၍ မရနိုင်သော သွေးစွန်း သင်္ဘောများ အပါအဝင် ၎င်း၏ ပတ်ဝန်းကျင်မှ အရာအားလုံးကို ဝါးမျိုပစ်လိုက်သည်။ ကြယ်သင်္ဘော၏ အမြောက်ကြီး သုံးလက်ထဲမှ တစ်လက် ဖြစ်သော [ကြယ်ဝါးမျိုခြင်း]၏ အဆင့်မြှင့်ဗားရှင်းနှင့် ဆင်တူသော နေရာပြန့် အလိုက် သက်ရောက်မှု ရှိသော တွင်းနက်ကြီးပင်။ ၎င်းကို ပျက်သုဉ်းခြင်း ဟု ခေါ်၏။
တွင်းနက်ကြီး ဆက်ရှိနေသည်နှင့်အမျှ အသူရာချောက်နက် သွေးစွန်း သင်္ဘောများ အဆက်မပြတ် ဝါးမျိခခြင်း ခံလိုက်ရပြီး ကွက်လပ် အများအပြား ရုတ်တရက် ပေါ်လာခဲ့သည်။
ဂူရာဒန် စည်းမျဉ်းစွမ်းအင် ရင်းမြစ်ကို ဖြေရှင်းပြီးနောက်၌ ကြယ်သင်္ဘေတွင် စည်းမျဉ်းစွမ်းအင် စီးဆင်းမှု တစ်ခု ရှိလာခဲ့သည်။ လက်ရှိတွင် အရန် သိမ်းဆည်းမှုမှာ အတော်လေး အံ့ဩဖွယ် ကောင်းလှသည်။ ထိုအမြောက်ကြီး၏ တိုက်ခိုက်မှု ကုန်ကျစရိတ်မှာ ပုံးတစ်ပုံး အထဲမှ ရေတစ်စက်မျှသာ ဖြစ်ပြီး စွမ်းအားကို ယုံကြည်မှု အပြည့်ဖြင့် အမြင့်ဆုံးအထိ အသက်သွင်းနိုင်၏။
ထိုအချိန် ကောင်းကင်မှ မီးလျှံစုန်းမနှင့် အသူရာ ချောက်နက် သခင်များက လျင်မြန်စွာ ပျံသန်း ရောက်ရှိလာကြပြီး ကြယ်သင်္ဘော၏ ငွေရောင်ချပ်ကာက လှည့်ပြီးပွင့်လာကာ ထူထပ်စွာ ပြည့်ကျပ် နေသော အမြောက်ပေါက်များကို ဖော်ပြ လိုက်သည်။
ထိုကာကွယ်ရေး အမြောက်များကို ကြိုးကိုင်ခြယ်လှယ်ရာ အကောင်းဆုံး ဖြစ်သော ဂရမ်လင် အစေခံများ ထိန်းချုပ် ထားသည်။ ဂရေမ်လင်အစေခံ သန်းပေါင်း များစွာ ရှိနေသည်။ သူတို့၏ ကိုယ်ပိုင် တိုက်ခိုက်ရေးစွမ်းအား နိမ့်ကျသော်လည်း သူတို့က ကြယ်မြို့ တစ်ခုလုံး အတွက် မရှိမဖြစ် လိုအပ်သော ဘက်စုံသုံးများ ဖြစ်ကြ၏။ သူတို့က ကြယ်မြို့ အတွင်းမှ အမျိုးမျိုးသော စက်ယန္တရားများကို ပြုပြင်နိုင်၊ ထုတ်လုပ်နိုင်ရုံ သာမက အမျိုးမျိုးသော လက်နက်များကို ထိန်းချုပ် နိုင်သလို သန္ဓေပြောင်းထားသော အထူး ကောင်းမွန်သည့် ဂရမ်လင်များက စုစည်း ရုပ်သေးမျညားကိုလည်း မောင်းနှင်နိုင်ပြီး ၎င်းတို့ထက် အဆများစွာ ပိုမြင့်မားသော တိုက်ခိုက်ရေး စွမ်းအားကို ထုတ်နိုင်သည်။
အလင်းတန်း ထောင်ပေါင်းများစွာ လင်းလက်၍ သွားခဲ့သည်။ ထိုကဲ့သို့သော အလင်းတန်းများ၏ စွမ်းအားက ပျက်သုဉ်းခြင်းနှင့် ဖြိုခွင်းခြင်းတို့နှင့် နှိုင်းယှဉ်၍ မရနိုင်သော်လည်း ၎င်းမှာ မှော်သလင်းကျောက်အမြောက် အထက်တွင် ရှိနေဆဲ ဖြစ်သည်။ ထို့အပြင် ၎င်းတွင် မှော်သလင်းကျောက်အမြောက် ကဲ့သို့ အအေးခံရန် အားနည်းချက် မရှိပေ။ ပစ်ခတ်နှုန်းမှာ အတော်လေး မြန်ဆန်ပြီး ထိရောက်မှုမှာ ပို၍ပင် အံ့ဩဖွယ်ရာ ကောင်းလှသည်။ အသူရာချောက်နက် မကောင်းဆိုးဝါးများသည် အနားသို့ မကပ်နိုင်ခင်မှာပင် အပေါက်များဖြင့် ပြည့်နှက်သွားခဲ့သည်။
တိုင်တန်အုပ်စုများက ကြယ်သင်္ဘော အပေါ်တွင် ကုန်းပတ်ပုံစံဖြင့် ထွက်ပေါ် လာခဲ့သည်။ ရေတွက်၍ မရနိုင်သော လျှပ်စီးတန်းများက နေရာလွတ်တွင် ကြက်ခြေခတ် ဖြစ်သွားပြီး အမြောက်မှ လွတ်မြောက်သွားခဲ့သော ကျန်ရှိနေသည့် မကောင်းဆိုးဝါးများ အားလုံးကို ရှင်းလင်း ပစ်လိုက်သည်။
ပျက်သုဉ်းခြင်း၏ တွင်းနက်ကြီး ပျောက်ကွယ်သွားပြီး နောက်တွင် ထိုသို့ ပင်လယ်ပြင်၌ သွေးနီရောင် လုံးဝနီးပါး မတွေ့ရတော့ပေ။
အချိန်တိုအတွင်း နောက်မှ သွေးစွန်း သင်္ဘောများ တစ်စင်းပြီး တစ်စင်း ရောက်လာခဲ့သည်။ သွေးစွန်းသင်္ဘောများ အဆုံးမဲ့ ဖြစ်နေပုံ ရသော်လည်း အဆုံးစွန် လက်နက် ပါရှိသော ကြယ်သင်္ဘော ကဲ့သို့သော အားကောင်းသည့် တည်ရှိမှုကို ရင်ဆိုင်ရာတွင် ၎င်းမှာ ယခင် အရှိန်အဟုန် မရှိတော့သည်မှာ ထင်ရှား၏။
ပုရွက်ဆိတ် မည်မျှ များစေကာမူ၊ ဆင် တစ်ကောင်ကို သတ်နိုင်သော်လည်း လက်လှမ်း၍ မမီနိုင်သော သိမ်းငှက် တစ်ကောင်ကို မသတ်နိုင်ပေ။
ကြယ်သင်္ဘောက အဆင့်(၆) အဖွဲ့အစည်း မြို့တော်၏ အမြင့်ဆုံး အဆင့်နှင့် နီးစပ်သော်လည်း ၎င်းမှာ နောက်ဆုံးတွင် အဆင့်(၆) မြို့တော် မဟုတ်ပေ။ ထိုအချိန်က ရှေးဟောင်း အဂ္ဂိရတ် အဖွဲ့အစးည်း လောကတွင် အဆင့်(၆) မြို့တော် တစ်ခုထက်ပို၍ ရှိခဲ့သည့်တိုင် ၎င်းမှာ အသူရာချောက်နက် ကြောင့် ဖျက်ဆီးခြင်းခံခဲ့ရဆဲ ဖြစ်သည်။
ပထဝီဝင် အချက်များနှင့် ဗျူဟာများ ပေါင်းစပ်မှုက လက်ရှိ ပကတိ ဖိနှိပ်မှု အခြေအနေအတွက် အရေးအကြီးဆုံး အခြေအနေ ဖြစ်သည်။
ထိုအချိန်တွင် ပထမ ရေယာဉ်စုနှင့် ဒုတိယ ရေယာဉ်စုတို့က နောက်တစ်ကြိမ် ပေါ်လာခဲ့သည်။ ယခင် ဗျူဟာများကို အသုံးပြု၍ သူတို့က အသူရာချောက်နက် သွေးစွန်း သင်္ဘောများကို အုပ်စုလိုက် ဖြန့်ကျက်ပစ်လိုက်၏။ ပင်လယ်ပြင်တွင် အသူရာချောက်နက် မကောင်းဆိုးဝါးများက ကုန်းမြေပေါ်မှ ကဲ့သို့ပင် အရှိန်ကို မထုတ်နိုင်ဘဲ သူတို့ အခက်အခဲ များစွာဖြင့် ဖန်တီးခဲ့သော ဧရာမ မွေးမြူရေးအသိုက် သင်္ဘောများက ကြယ်သင်္ဘော၏ အမြောက်ကြီးကြောင့် တစ်စင်းပြီး တစ်စင်း ဖျက်ဆီးခြင်း ခံလိုက်ရသဖြင့် သူတို့က တုံ့ပြန်မှုမရှိဘဲ အရိုက်ခံရရုံသာ တတ်နိုင်ခဲ့၏။ မဟာမိတ် စစ်တပ်က ထပ်မံ၍ အသာစီးရခဲ့သည်။
သွေးစွန်းသင်္ဘော ရေယာဉ်စု အသုတ်သစ်တစ်ခု ရှင်းလင်းခြင်းခံရပြီး ခါစတွင်ပင် လေထဲတွင် ထူးဆန်းသော အရာတစ်ခု ရုတ်တရက် ပေါ်လာရာ နောက်မှ လိုက်ပါလာသော သွေးစွန်း သင်္ဘောများ ချက်ချင်း ရှေ့မတိုးခဲ့ကြပေ။
မဟာမိတ် စစ်တပ် ရေယာဉ်စုမှ စစ်သည်များက စိတ်ထဲတွင် ဖိနှိပ်မှုနှင့် လေးလံမှုကို ခံစားလိုက်ကြရလေသည်။ အောင်ပွဲကြောင့် မြင့်မား၍ နေခဲ့သော စိတ်ဓာတ်နှင့် မျှော်လင့်ချက်တို့က ရုတ်တရက် ထိုးကျသွားပြီး စိတ်ပျက် အားငယ်မှု တစ်မျိုးမျိုးမှာ သူတို့၏ စိတ်ထဲတွင် ရှင်းပြ၍ မရနိုင်ဘဲ ပေါ်လာခဲ့သည်။
ချက်ချင်း ဆိုသလိုပင် ကြီးမားသော ဝဲဂယက်တစ်ခုက မဟာမိတ် စစ်တပ် ရေယာဉ်စု၏ ပင်လယ်ပြင်တွင် လေထဲမှ ရုတ်တရက် ပေါ်လာခဲ့သည်။
ထိုဝဲဂယက် ပေါ်ပေါက်လာခဲ့ခြင်းမှာ အလွန် ရုတ်တရက် ဖြစ်လွန်းပြီး ၎င်း၏ စွမ်းအားမှာ အလွန်ပင် ပြင်းထန်သည်။ မဟာမိတ် စစ်တပ် ရေယာဉ်စုက ဝဲဂယက်ကြောင့် ဝါးမျိုခံလိုက်ရ၏။
ကြယ်သင်္ဘော၏ နေရာမှ ကြည့်လျှင် ပင်လယ်မျက်နှာပြင်က ကြီးမားသော လူမျက်နှာတစ်ခု ဖြစ်ပြီး ဝဲဂယက်က ကြီးမားသော ပါးစပ်ပေါက် တစ်ခု ဖြစ်၏။
ပထမနှင့် တတိယ ရေယာဉ်စုများ ဝါးမျိုခံရတော့မည်ကို မြင်သောအခါတွင် ကြယ်သင်္ဘောသည် ဝဲဂယက် အထဲသို့ မျက်စိ ကျိန်းလောက်သော ခရမ်းရောင် အလင်းတန်းတစ်ခုကို ပစ်လိုက်သည်။
အမြောက်ကြီး သုံးလက်ထဲမှ တစ်လက် ဖြစ်သော ဝိညာဉ် ကဲ့သို့ သို့မဟုတ် မြင်နိုင်စွမ်း မရှိသော ရန်သူများအပေါ် ထိရောက်သော ပျက်စီးမှု ပေးနိုင်သည့် အတွေးပင်...
ဝဲဂယက်က တုန်ခါသွားခဲ့ပြီး ဝါးမျိုမှု အင်အား ရုတ်တရက် အားနည်းသွားပြီး ခုနက ဝါးမျိုခံလိုက်ရသော သင်္ဘောများကို ထွေးထုတ်လိုက်သည်။ လူမျက်နှာသည် ရေထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားရင်း ပုံပျက်သွားခဲ့သည်။
ရေယာဉ်စုမှ အရာရှိများနှင့် စစ်သည်များက စိတ်ပျက် အားငယ်မှု စိတ်ခံစားချက် ရုတ်တရက် အတော်လေး အားနည်းသွားသည်ကို ခံစားလိုက်ရသည်။ ချက်ချင်းပင် ဆုတ်ခွာရန် အမိန့်ကို လက်ခံရရှိပြီးနောက် သူတို့က ဆုတ်ခွာ နေသော ရေနောက်သို့ လိုက်ပါသွားပြီး အင်အား အပြည့်ဖြင့် နောက်သို့ ဆုတ်ခွာခဲ့ကြသည်။
ပင်လယ်ရေ၏ ထူးဆန်းသော လှုပ်ရှားမှုက အမှန်တကယ် မငြိမ်သက် သွားခဲ့ပေ။ ခဏအကြာတွင် ကြီးမားသော ရေကန့်လန့်ကာ တစ်ခု ပင်လယ်ပြင်င်မှ မြင့်တက်လာခဲ့သည်။ လူသားမျက်နှာ တစ်ခုက ရေကန့်လန့်ကာ အလယ်ဗဟိုမှ ဖြည်းဖြည်းချင်းနှင့် မြင့်တက်လာခဲ့သည်။ မျက်လုံးကြီးများသည် ဖျော့တော့သော အပြာရောင်အလင်းဖြင့် တောက်ပနေ၏။ သွေးနီရောင် ရေးရေးလေး တစ်ခုကို အပြာရောင်အလင်းထဲ မြင်တွေ့နိုင်သည်။
ထိုမျက်လုံးများက အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ အချို့သော စစ်သည်များ မတော်တဆ ထိုမျက်လုံးများကို ကြည့်မိရာ သူတို့၏ စိတ်ထဲမှ မျှော်လင့်ချက်မဲ့ခြင်း ရုတ်တရက် ၁၀ဆ ပိုမို၍ အားကောင်းလာခဲ့သည်။ သူတို့ သည်းမခံနိုင်တော့ဘဲ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ပင်လယ်ထဲသို့ ခုန်ချလိုက်ကြသည်။
စစ်သင်္ဘောများ ထွက်ပြေးခြင်းကို ကာကွယ်ပေးရန် ကြယ်သင်္ဘောသည် လူမျက်နှာကို ချက်ချင်းပင် တိုက်ခိုက် လိုက်သည်။ အမြောက်ကြီး သုံးလက် ဖြစ်သော ပျက်သုဉ်းခြင်း၊ ဖြိုခွင်းခြင်းနှင့် အတွေးတို့ကို တစ်ခုပြီးတစ်ခု ထုတ်လွှတ် လိုက်သည်။
ယခင်က အမြောက်ကြီး သုံးလက်၏ စွမ်းအားက ပျက်စီးမှု အချို့ကို ဖြစ်ပေါ်စေ နိုင်သေးသော်လည်း တိုက်ခိုက်မှု အကျိုးသက်ရောက်မှုမှာ နောက်ပိုင်းတွင် အားနည်းလာခဲ့သည်။ ပို၍ တိတိကျကျ ပြောရလျှင် လူမျက်နှာ၏ စွမ်းအားက ပို၍ပို၍ အားကောင်းလာခြင်းပင်။
ပျက်သုဉ်းခြင်း တွင်းနက်ကြီးက ရေကန့်လန့်ကာရှေ့မှ ရေတစ်စက်ကိုပင် မဝါးမျိုနိုင်ခဲ့ဘဲ အလှဆင်ပစ္စည်း တစ်ခု မျှသာ ဖြစ်နေသကဲ့သို့ပင် ဖြစ်နေပြီး ဖြိုခွင်းခြင်းသည် ရေကန့်လန့်ကာကို ထိုးဖောက်သွားသော်လည်း အကျိုး သက်ရောက်မှု မရှိခဲ့ပေ။ အတွေးသာလျှင် သက်ရောက်မှုအချို့ ရှိသော်လည်း ၎င်းမှာ ရေကန့်လန့်ကာကို အနည်းငယ် မှုန်ဝါး စေရုံသာ တတ်နိုင်ပြီး မျှော်လင့်ချက်မဲ့ခြင်း အငွေ့အသက်ကို အတိုင်းအတာ တစ်ခု အထိ လျှော့ချနိုင်ခဲ့သည်။
လူမျက်နှာက ထွက်ပြေးနေသော စစ်သင်္ဘောများကို လျစ်လျူရှုလိုက်ပြီး ကောင်းကင်မှ ကြယ်သင်္ဘော အပေါ်တွင် အေးစက်သောအကြည့် ကြည့်လိုက်၏။ ကြယ်သင်္ဘော ပတ်လည်မှ နေရာလွတ်က ဖြည်းဖြည်းချင်း စတင်၍ ပုံပျက်လာသည်။
ကြယ်သင်္ဘော ထိန်းချုပ်ရေးစင်တာက တိုက်ခိုက်မှု အချက်ပေးသံ တစ်ခုကို လက်ခံရရှိခဲ့သည်။
ဖောက်ထွင်းမြင်နိုင်သော အမိုးခုံးတစ်ခု ကြယ်သင်္ဘော အပြင်တွင် ပေါ်လာခဲ့ပြီး ၎င်းမှာ အစွမ်းထက်ဆုံး စည်းမျဉ်းစွမ်းအင် ဒိုင်း ဖြစ်သည်။ သို့သော် ပတ်ဝန်းကျင်မှ နေရာလွတ် ဖိအား ပိုအားကောင်းလာပြီး စည်းမျဉ်းစွမ်းအင်ဒိုင်း၏ စွမ်းအင်သည် လျင်မြန်စွာဖြင့် ကျဆင်းစပြုလာခဲ့သည်။ ပြန်လည် အားဖြည့်မှုက ကုန်ဆုံးမှု အရှိန်ကို လုံးဝ မမီနိုင်ခဲ့ပေ။
ကာကွယ်ရေးဒိုင်းက မထိန်းသိမ်းနိုင် တော့သည်ကို မြင်ရာ ဒိုင်းပြိုလဲသွားသည့် နောက်ဆုံးအခိုက်တွင် ကြယ်သင်္ဘောက ခရမ်းရောင် အတွေးကို ကျန်ရှိနေသော စွမ်းအားအားလုံးဖြင့် ပစ်လိုက်သည်။
မထီမဲ့မြင်ပြုသော အမူအရာ တစ်ခုက လူမျက်နှာပေါ်တွင် ပေါ်လာခဲ့လေသည်။ ၎င်းက ခရမ်းရောင်အလင်းကို ၎င်း၏ မျက်နှာပေါ်သို့ ထိမှန်စေခဲ့သော်လည်း မထီမဲ့မြင်ပြုသော အကြည့်က ချက်ချင်း အေးခဲသွားခဲ့သည်။ မျက်နှာ တစ်ခုလုံး ရုတ်တရက် စုတ်ပြဲပြီး ရေကန့်လန့်ကာ ပျောက်ကွယ်သွားခဲ့သည်။
ပင်လယ်ပြင်ထဲတွင် လူ ၆ယောက် ပေါ်လာခဲ့သည်။
သူတို့မှာ ချန်လွေ့၊ မိုက်ကယ်၊ ဂေဘရီရယ်၊ စေတန်၊ ဇိုလာနှင့် သူတို့ ဝန်းရံထားသော ယောက်ျားတစ်ဦးပင်။
ယောက်ျားတွင် ထွားကျိုင်းသော ကိုယ်ခန္ဓာနှင့် အနက်ရောင် ဆံပင်တို ရှိသည်။ မျက်လုံး၏ အဖြူ ဖြစ်သင့်သော အစိတ်အပိုင်းမှာ သွေးနီရောင် ဖြစ်နေပြီး မျက်ဆံက အပြာရောင်ဖြ စ်ကာ မျက်နှာ အင်္ဂါရပ်များမှာ နက်ရှိုင်းပြီး ခန္ဓာကိုယ် တစ်ခုလုံးကို ပြင်ပအရိုးစု ကဲ့သို့သော ချပ်ကာဖြင့် ဖုံးအုပ်ထား၏။
ယောက်ျားက သူ၏ ခန္ဓာကိုယ်ပေါ်မှ အက်ကြောင်းများ ရှိသော ချပ်ကာကို ကြည့်လိုက်ပြီး မျက်လုံးများ မထီမဲ့မြင် ပြုမှုများဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။ “ကောက်ကျစ်တဲ့ ပုရွက်ဆိတ်တွေ။ မင်းတို့ ငါ့ကို ဒီလိုမျိုး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်နိုင်မယ်လို့ ထင်နေတာလား။”
“ဒီလော့စ်ရို။ ဒီနေ့ မင်းသေမယ့်နေ့ပဲ။” မိုက်ကယ် အေးစက်စွာ ပြောလိုက်၏။ တစ်ချိန်တည်းမှာပင် သလင်းကျောက် အလင်းရောင် တစ်ခုက သူ၏ကိုယ်မှ ထွန်းလင်းလာခဲ့သည်။
ထိုယောက်ျားမှာ အသူရာချောက်နက် အုပ်စိုးသူ သုံးဦးထဲမှ တစ်ဦးဖြစ်သော မျှော်လင့်ချက်မဲ့ခြင်း အရှင်သခင် ဒီလော့စ်ရိုပင်...
ခုနက ကြယ်သင်္ဘော၏ နောက်ဆုံး ထိုးနှက်မှုမှာ တိုက်ခိုက်ရန် မဟုတ်ဘဲ တယ်လီပို့ခုန်ရန် ဖြစ်သည်။
အမြောက်ကြီး သုံးလက် အနက် အတွေးသည် ဝိညာဉ်ကို ပျက်စီးစေရုံ သာမက တယ်လီပို့ခြင်း၏ မှော်ဆန်သော လုပ်ဆောင်ချက်လည်း ရှိနေသည်။ အမြောက်ကြီးမှတဆင့် မဟာမိတ်များကို ပစ်ခတ်မှု နေရာသို့ ဒဏ်ရာမရဘဲ တယ်လီပို့နိုင်၏။
ကြယ်သင်္ဘော၏ သေစေနိုင်စွမ်းက ငါးကြီး ဒီလော့စ်ရို၏ အာရုံစိုက်မှုကို ရှင်းလင်းစွာ ဆွဲဆောင်နိုင်ခဲ့လေသည်။ ဒီလော့စ်ရို ပေါ်လာခြင်းကို အတည်ပြု ပြီးနောက်တွင် ကြယ်သင်္ဘောက အချိန် အကြာကြီး ပြင်ထားသော ချန်လွေ့နှင့် အခြားသော လေးယောက်ကို ထိုးနှက်မှု တစ်ခုတည်းအတွက် အတူတူ ထုတ်လွှတ် လိုက်သည်။ ဒီလော့စ်ရို မသေဆုံးခဲ့ သော်လည်း ၎င်းမှာ သူ့ကို ဆုံးရှုံးမှု အသေးစား တစ်ခု ခံစားရစေခဲ့သည်။
မိုက်ကယ်၊ ဂေဘရီရယ်နှင့် ဇိုလာတို့ တြိဂံ အခင်းအကျင်းတစ်ခု ဖွဲ့စည်းပြီး လောင်ကျွမ်းနေသော သလင်းကျောက် အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။ ၎င်းမှာ ကြီးမားသော သလင်းကျောက် တစ်ခုနှင့် တူနေသည်။ အနီရောင်ရင့်ရင့် အလင်းတစ်ခုက သလင်းကျောက်ထဲမှ စေတန်၏ လက်များထဲတွင် ပေါ်လာပြီး သူက တဖြည်းဖြည်း ဗလာနတ္ထိ အဖြစ်သို့ ဝေဝါးသွားခဲ့သည်။ သလင်းကျောက်နှင့် ပေါင်းစပ်လိုက်ရာ ၎င်းမှာ ကြီးမားသော နာရီကဲ့သို့သော အဝိုင်းပြား တစ်ခုနှင့် တူသွားလေသည်။
ခရမ်းရောင် ကြယ်အလင်း တစ်ခုက ချန်လွေ့၏ ကိုယ်ပေါ်မှ ထွန်းလင်း လာခဲ့သည်။ ၎င်းမှာ အဝိုင်းပြား အထဲတွင် အထူးသဖြင့် ထင်ရှား၍ နေသော်လည်း ၎င်းမှာ ပိုလျှံနေခြင်း မဟုတ်ပေ။ သူက လူများကို တံတားတစ်စင်း ကဲ့သို့ပင် သလင်းကျောက်နှင့် အဝိုင်းပြား၏ စွမ်းအားကို ပြီးပြည့်စုံစွာ ပေါင်းစပ် ထားသော တစ်ခုတည်း ဖြစ်သည်ဟူသော ခံစားချက်ကို ပေးနေခဲ့သည်။
အကယ်၍ ထိုအခင်းအကျင်းကသာ ကြီးမားသော နာရီတစ်လုံး ဖြစ်ခဲ့ပါက ချန်လွေ့မှာ စကြဝဠာ၏ သွေးခုန်နှုန်းကို ကိုင်ဆောင်ထားသော နာရီပေါ်မှ လက်တံ ဖြစ်သည်။
ထိုအခင်းအကျင်း၏ စွမ်းအားကို ခံစားမိရာ ဒီလော့စ်ရို၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲ၍ သွားခဲ့သည်။ သူက အော်ဟစ်လိုက်ပြီး အကောင်းဆုံး ဝိညာဉ် တုန်ခါမှုကို အသက်သွင်းလိုက်၏။
မမြင်နိုင်သော ဝိညာဉ် တုန်ခါမှုမှာ အလွန်အမင်း အားကောင်းသည်။ ၎င်းမှာ လက်တွေ့အဖြစ်သို့ ပြောင်းလဲ လုနီးပါး ဖြစ်နေသည်။ ပင်လယ် မျက်နှာပြင် တစ်ခုလုံးမှ ပင်လယ်ရေက ဇောက်ထိုး ဖြစ်သွားခဲ့သည်။ ပင်လယ်နက်ထဲတွင် ပုန်းအောင်းနေသော ငါးများနှင့် ပင်လယ်သားရဲများက လှိုင်းလုံးများ၏ မွှေနှောက်မှု အောက်တွင် တစ်ကောင်ပြီး တစ်ကောင် အမှုန့်အဖြစ်သို့ ပြောင်းလဲ၍ သွားခဲ့ကြသည်။
သို့သော် လူ ၆ယောက်မှ အသက် သွင်းလိုက်သော ကြီးမားသော နာရီမှာ မည်သည့် ပျက်စီးမှုကိုမျှ မခံစားရဘဲ တုန်ခါရုံသာ တုန်ခါသွားခဲ့သည်။
နောက်တစ်စက္ကန့်တွင် ဒီလော့စ်ရိုက ကြီးမားသော နာရီပေါ်မှ လက်တံများ ခဏတာ ရွေ့လျားသွားသကဲ့သို့ သူ၏စိတ် ယိမ်းယိုင်သွားကြောင်း ခံစားလိုက်ရ၏။ တစ်ချိန်တည်းပင် အန္တရာယ် အာရုံတစ်ခု သူ၏ စိတ်ထဲမှ ထွက်ပေါ်လာခဲ့သည်။ သူ ရှောင်တိမ်းချင်ခဲ့သော်လည်း ပြိုင်ဘက်၏ တိုက်ခိုက်မှုမှာ အချိန် ကုန်ဆုံးမှု ကဲ့သို့ပင် ခြေရာခံ၍ မရနိုင်ခဲ့ပေ။ လျှို့ဝှက် ဆန်းကြယ်သော စွမ်းအားအောက်တွင် ရိုးရှင်းစွာ မရှောင်လွှဲနိုင်သည် ဖြစ်ရာ သူ၏ လက်များကို ပူးပြီး ခန္ဓာကိုယ်ကို ဘောလုံးတစ်လုံး အဖြစ် ကျုံ့လိုက်ကာ ခုခံ ကာကွယ်သည့် အနေအထားမျိုးကို ပြုလုပ်လိုက်၏။
သလင်းကျောက် အလင်း လင်းလက် လာပြီး ရေတွက်၍ မရနိုင်သော အလွန် ထက်မြက်သည့် ချီစွမ်းအင်ကို ဖော်ပြ လိုက်သည်။ ၎င်းက ဒီလော့စ်ရိုကို ဝန်းရံ လိုက်ပြီးနောက် လည်ပတ်သွားခဲ့သည်။ အောက်မှ ပင်လယ်ရေက ရေတွက်၍ မရနိုင်သည့် ထက်မြက်လှသော ဓားသွားများဖြင့် ခုတ်ထစ်ခြင်း ခံရသော အရာတစ်ခု ကဲ့သို့ပင် ချက်ချင်းဆိုသလို မယုံကြည်နိုင်လောက်အောင် ရှုပ်ထွေး၍ သွားခဲ့သည်။ ၎င်းမှာ အံ့မခန်းဖွယ်ရာ မြင်ကွင်းတစ်ခုပင်။
မကြာမီ ပင်လယ်ရေက ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။ ဒီလော့စ်ရိုက သူ၏ လက်ကို တဖြည်းဖြည်း လွှတ်လိုက်သည်။ ထိုအချိန်တွင် မျှော်လင့်ချက်မဲ့ခြင်း အရှင်သခင်၏ ပုံသဏ္ဌာန် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ် အရွယ်အစား နှစ်ဆခန့် တိုးလာခဲ့သည်။ ပြင်ပအရိုးစု ချပ်ကာနှင့် မာကျောသော အရာများသည် သူ၏ ကိုယ်ချပ်ကာ၊ ခေါင်းနှင့် ပခုံးများ တစ်လျှောက်လုံးတွင် ချွန်ထက်သော ချိုများနှင့် အရိုးဆူးများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ နောက်မှ အမြီးတစ်ခုလည်း ထွက်ပေါ်လာခဲ့၏။
အသူရာချောက်နက် အုပ်စိုးသူများ အားလုံးတွင် အသွင်ပြောင်းနိုင်စွမ်း ရှိကြသည်။ သူတို့က ပိုအားကောင်းသော အသူရာချောက်နက် ပုံစံအဖြစ် ပြောင်းလဲ နိုင်ပြီး ၎င်းမှာ စွမ်းအားတွင် ကြီးမားသော ခုန်ကျော်တက်မှုတစ်ခု ဖြစ်စေနိုင်သည်။ ကွာခြားချက်မှာ အစွမ်းထက်ဆုံး ဖြစ်သော ခီလီယာနာက နှစ်ကြိမ် အသွင်ပြောင်း နိုင်ပြီး ဒီလော့စ်ရိုနှင့် ဆိုစဘတ်တို့က တစ်ကြိမ်သာ အသွင်ပြောင်းနိုင်ခြင်းပင်။
ဒီလော့စ်ရိုက ခန္ဓာကိုယ်ကို တုန်လှုပ်စွာ ကြည့်လိုက်သည်။ ခုနက ကြီးမားသော ခြိမ်းခြောက်မှု အောက်တွင် သူက အသူရာချောက်နက် ပုံစံ၏ အသွင် ပြောင်းလဲမှုကို မစဉ်းစားဘဲ အသက်သွင်း လိုက်သော်လည်း သို့တိုင်အောင် သူ၏ ခန္ဓာကိုယ်က ရေတွက်၍ မရနိုင်သော ဒဏ်ရာများကို ခံစားခဲ့ရဆဲ ဖြစ်သည်။ အချို့ ဒဏ်ရာများမှာ အမှန်တကယ်တွင် ပြင်းထန်လှသည်။
“မဟာလင်းလက်ဓား အခင်းအကျင်း။ ပျက်စီးခြင်းစာအုပ်လား။ မင်းတို့က နတ်ဘုရား ကောင်းချီးစွမ်းအား မပါဘဲနဲ့ မဟာလင်းလက်ဓား အခင်းအကျင်းကို ဒီအတိုင်းအတာအထိ သုံးနိုင်တာပဲ...” ဒီလော့စ်ရို မျက်လုံးများ မှေးလိုက်ပြီး ကိုယ်ပေါ်မှ ဒဏ်ရာက အလိုအလျောက် ကုစားသွားခဲ့သည်။
ထိုသို့ မိမိကိုယ်ကို ကုစားနိုင်သော ခန္ဓာကိုယ်က ရာဖယ်ရယ်နှင့် ဆာရီရယ်၏ ခန္ဓာကိုယ်နှင့် အနည်းငယ် ဆင်တူပြီး ၎င်းမှာ ဒုက္ခပေးသော်လည်း အဓိက အချက်မှာ စွမ်းအား၏ ပံ့ပိုးမှု ဖြစ်သည်။ ဒီလော့စ်ရို၏ စွမ်းအား လုံးဝ ကုန်ဆုံး သွားသ၍ သူ အသတ်ခံရနိုင်သည်။
“အားအနည်းဆုံး အသူရာချောက်နက် အုပ်စိုးသူ ဆိုတဲ့အတိုင်းပဲ။” မိုက်ကယ်က ရာဖယ်ရယ်၏ ပါးစပ်ကြမ်းကို တမင်ပင် တုပနေပုံရသည်။ “ခုနက စမ်းသပ် တိုက်ခိုက်တာပဲ ရှိသေးတယ်။ နောက်ထပ် ထိုးနှက်မှုက မင်းကို လုံးဝ ကြေမွ သွားစေလိမ့်မယ်။”
ဒီလော့စ်ရိုက ပြုံးပြလိုက်ပြီး သူ၏ ဖြူဖွေးသော သွားများကို ပြသလိုက်သည်။ “လူတွေကို မျှော်လင့်ချက် ခံစားရစေပြီးမှ လုံးဝ မျှော်လင့်ချက် မဲ့သွားစေတာ။ ဒါက ငါ အကြိုက်ဆုံးပဲ။ ဒီဓားအခင်းအကျင်းက ငါ့ကို တကယ် သတ်နိုင်မလား ဆိုတာကို မပြောနဲ့ဦး။ မင်းတို့ကို သနားလို့ သတိပေး လိုက်ဦးမယ်။ ငါက တစ်ယောက်တည်း လာခဲ့တာ မဟုတ်ဘူး။”