ဂရက်ဖင်း - အလူမီနီယံ ဘထ္ထရီ
Vol. 31 Ch. 405
"အရမ်းကောင်းတယ်....”
လျူယောင် အနည်းငယ် စိတ်လှုပ်ရှားသွား ပြီး ချက်ချင်း စိတ်ဝင်တစားရှိလာကာ ဟူနမ် ရဲ့ အစီအစဉ်ကို အလွန်နားထောင်ချင်နေ သည်။
ဟူနမ်က ရှင်းပြလိုက်၏။
"သူဋေး..ကျွန်တော် ယူနီဗာဆယ် သုတေသ နစင်တာကို မဝင်ခင်က ဂရက်ဖင်း- အလူမီနီ ယံ ဘက်ထရီ စီမံကိန်းကို လုပ်ကိုင်ခဲ့ပါ တယ်.... ဒါက... နောက်မျိုးဆက် ဘထ္ထရီအ သစ်ပါ...ကုန်ကျစရိတ်နည်းတယ်.....အားသွင်းနှုန်းလည်း မြန်တယ်...ဒါက လက်ရှိ အသုံးများနေတဲ့ လစ်သီယမ်ဘထ္ထရီတွေကို အပြည့်အဝ အစားထိုးနိုင်ပါတယ်.....”
“ကျွန်တော် ဒီစီမံကိန်းအပေါ်မှာ စွမ်းအင်တွေ အများကြီး သုံးခဲ့ပြီး ရလဒ်အချို့လည်း ရခဲ့ ပါတယ်....ဒါပေမဲ့ နည်းပညာပြဿနာ အ မျိုးမျိုးနဲ့လည်း ကြုံခဲ့ရပြီး... ရပ်တန့်လုနီး ပါး ဖြစ်ခဲ့ရပါတယ်...”
“သူဋေး... ပေးထားတဲ့ ဘက်ထရီ နမူနာကို သုတေသနလုပ်ပြီးနောက်... ကျွန်တော် များ စွာလှုံ့ဆော်ခံရပါတယ်....ကျွန်တော့်ကို ဒုက္ခ ပေးခဲ့တဲ့ ပြဿနာများစွာဟာ..... ပြေလည် လုနီးပါး ဖြစ်ခဲ့ပြီး ရုတ်တရက် ဥာဏ်အ လင်း...ရခဲ့ပါတယ်...”
ဟူနမ်က စိတ်အားထက်သန်စွာ ပြောပြ ခဲ့ သည်။
ထို့နောက် သူ့ရဲ့ သုတေသနနှင့် ဖွံ့ဖြိုးတိုး တက်ရေး အတွေးအခေါ်များကို စတင် ပြောပြလိုက်သည်။
“ကျွန်တော်က အဖွဲ့ကို ဦးဆောင်ပြီး ဂရက် ဖင်း...အလူမီနီယံ ဘက်ထရီတွေကို တည် ဆောက်ပါ့မယ်....ကျွန်တော့်ရဲ့ ရည်မှန်းချက် က သုံးလလောက်အတွင်းမှာ ပထမဆုံး ဘထ္ထရီနမူနာကို ဓာတ်ခွဲခန်းမှာ ထုတ်လုပ်နိုင် ဖို့ပါပဲ ခဗျ...”
“သဘောတရားကတော့ ဂရက်ဖင်း...မျက်နှ ာပြင်နဲ့ လျှပ်ခံကြားမှာ လစ်သီယမ်အိုင်း ယွန်းတွေ အများအပြား သွားလာနိုင်တဲ့ အင်္ဂ ါရပ်တွေကို အသုံးချပြီး ဘထ္ထရီအသစ်ကို တည်ဆောက်ဖို့ပါ... သူ့ရဲ့အားသွင်းနှုန်းက လက်ရှိ လစ်သီယမ်ဘက်ထရီတွေထက်.. အ ဆတစ်ရာ မြန်ပါတယ်... သိုလှောင် နိုင်စွမ်း ကလည်း လစ်သီယမ်ဘက်ထရီတွေထက် ငါးဆကျော်ပါတယ်... ဒါက လျှပ်စစ်ကားတ စ်စီးကို အသုံးပြုမယ်ဆိုရင် သုံးမိနစ် အ တွင်း ကီလိုမီတာ ၅၀၀ ကျော် သွားလာနိုင် ပါတယ်..ကျွန်တော်တို့ရဲ့ ဂရက်ဖင်း အလူမီနီ ယံ ဘထ္ထရီက.. အဲ့ဒီလို လုပ်နိုင်ပါတယ်....”
ဟူနမ်က သူ့ရဲ့အတွေးအမြင်များကို ဆက် တိုက် ပြောဆိုနေသည်။
ဒီစီမံကိန်းတွင် နည်းပညာ အတားအဆီး များစွာကို မတွေ့ကြုံမီက သူက ရပ်တန့်လုနီ းပါး ဖြစ်ခဲ့ရသည်။ ဒါပေမဲ့ အခုတော့ ရုတ် တရက် အ လင်းရောင်ရရှိလာပြီး ယုံကြည်မှု့ အပြည့်ရှိနေခဲ့သည်။
အရင်က နည်းပညာစုဆောင်းမှု့များနှင့် ယခု ရုတ်တရက် အလင်းရောင်ရလာမှု့တို့ကြောင့် သုံးလအတွင်း ဓာတ်ခွဲခန်းထဲမှာ ပထမဆုံး ဂရက်ဖင်း-လူမီနီယံ ဘထ္ထရီကို ထုတ်လုပ် နိုင်တယ်လို့ သူပြောရခြင်းမှာ အံ့သြစရာ မဟုတ်ပေ။
ဟူနမ်ပြောတာ နားထောင်ပြီးနောက် လျူ ယောင် အလွန်ကျေနပ်မိသည်။
“ကောင်းတယ်... ဟုတ်ပြီလေ...ခင်ဗျားတို့ရဲ့ သုတေသနရလဒ်တွေကို... ကျွန်တော် မျှော် လင့်နေပါတယ်...”
လျူယောင် ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မူပိုင်ခွင့် တွေအတွက် လျှောက်ထားဖို့ မမေ့ပါနဲ့... ဒါ့ အပြင် ထုတ် လုပ်ရေး ရှုထောင့်က နေကြည့် ရင် ထုတ်လုပ်မှု့ ကုန်ကျစရိတ်ကလည်း တတ်နိုင်သမျှ နည်းသင့်တယ်....”
ထုတ်လုပ်မှု့ ကုန်ကျစရိတ်နည်းပြီး စွမ်းဆော င်ရည်ကောင်းလျှင် ဒီဘထ္ထရီကို တွင်ကျယ် စွာ အသုံးပြုကာ နိုင်ငံတကာတွင် ခေတ်စား နိုင်ပေသည်။
ဟူနမ်က ရိုသေစွာ ပြန်ဖြေလိုက်၏။
“ဟုတ်ကဲ့ပါ...သူဋေး... ခင်ဗျားရဲ့ တောင်း ဆိုချက်အတိုင်း ကျွန်တော်တို့ စဉ်းစား ပါ့ မယ်..”
Universal သုတေသနစင်တာတွင် လျူ ယောင် တစ်နေကုန်နီးပါး နေခဲ့သည်။ သူက လူသုံးယောက်၏ အစီရင်ခံစာများကို နား ထောင်ရုံသာမက ပထမဆုံး ဘထ္ထရီကို သု တေသနလုပ်တော့မည်ကို သူ သိလိုက် ရ သည်။ ဒါအပြင် နောက်ထပ် ယူနီဗာဆယ်လ် သုတေသနစင်တာကိုလည်း လျူယောင် သွားကြည့်ခဲ့သည်။
မိုင်ပေါင်းများစွာအကွာမှာတော့....
ဝမ်ဟိုင် ကောင်တီ စက်မှု့ဥယျာဉ်တွင် ယူနီ ဗာဆယ် အာရ်အန်ဒီ စင်တာ အခြေစိုက်စ ခန်းကို မြေဧက ၂၀၀၀ ကျော် ကျယ်ဝန်းတဲ့ နေရာတွင် တည်ဆောက်နေပြီပဲ ဖြစ်သည်။
ဒီနေရာတွင် မြေတူးစက်များက သူတို့ရဲ့ လ က်တံရှည်များကို လှုပ်ခါနေကြသည်။ မြေ သယ်ကားများကလည်း အသွားအပြန် သွားလာနေကြပြီး အလုပ်သမားများစွာ လည်း အလုပ်ရှုပ်နေကြသည်။ ဆောက်လုပ် ရေးပစ္စည်းများမှာလည်း ပုံနေကြပြီး အဲ့ဒါက တက်ကြွလှုပ်ရှားသော မြင်ကွင်းတစ်ခုပဲ ဖြစ်သည်။
ဒီနေရာက ယူနီဗာဆယ်လ်ရဲ့ အာရ်အန်ဒီ စင်တာပဲ ဖြစ်၏။
အဲ့ဒါက ကမ္ဘာပေါ်တွင် နာမည်ကြီးသော သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး စင်တာ လည်း ဖြစ်လာပါလိမ့်မည်။
အဆင့်မြင့်ပစ္စည်းအမျိုးမျိုးကို ဒီနေရာမှာ တည်ဆောက်ပြီး ပစ္စည်းထုတ်လုပ်မှု့ကိုတော့ အခြားနေရာတွင် လုပ်ဆောင်ကြမည်။
ယူနီဗာဆယ်လ်အာရ်အန်ဒီ စင်တာမှ လျူ ယောင် ထွက်လာပြီးနောက် ဘထ္ထရီထုတ် လုပ်ရေး စက်ရုံ တည်ဆောက်ဖို့အတွက် နေရာတစ်ခုကို ရွေးချယ်သင့် ၊မသင့် ကို သူ စဉ်းစားမိသည်။
"ဒီစက်ရုံနေရာကို.ငါ..ဘယ်မှာဆောက်ရမလဲ...."
......
သံနက် ကုမ္ပဏီတွင်...
ရှာမန်ရဲ့ မျက်နှာက အနည်းငယ် အရုပ်ဆိုး နေသည်။
ပရော်ဖက်ရှင်နယ် ရှာဖွေရေး သင်္ဘောနှစ် စင်းကို ထို ရေတိမ်ပိုင်းနေရာကို ပို့လိုက်ပေ မဲ့ အားလုံးနစ်မြုပ်သွားပြီး တစ်ယောက်မှ အသက်မရှင်ခဲ့ပေ။
ရှာမန် တွေဝေစွာ စဉ်းစားနေမိသည်။
"ဘာကြောင့်.... ဒီလိုဖြစ်ရတာလဲကွာ...."
သူ့ နှလုံးသားထဲမှာ ကြောင်တစ်ကောင် ကုတ်နေသလို ခံစားရသည်။ အဲ့ဒီ့သတ္တုကို သူ အရမ်းလိုချင်နေသည်လေ။
ဒါပေမဲ့ တစ်ကီလိုဂရမ်ပင် သူ မရရှိခဲ့ပေ။ တစ်တန် ပြန်ဝယ်ဖို့ တစ်ချိန်က သူ တွေးခဲ့ဖူး သည်။ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၀ သန်း ပေးရရင်တောင် ဖြစ်၏။
အောက်ကလူတွေကို ဖုန်းခေါ်ပြီး သူ စမ်း ကြည့် ခိုင်းခဲ့သည်။ ဒါပေမဲ့ တစ်ဖက်က မ ရောင်းခဲ့ပေ။
အမေရိကန်ဒေါ်လာ သန်း ၂၀ ထားလို့ ဒေါ် လာ သန်း ၂၀၀ ဆိုရင်တောင် မရောင်းဘူးလို့ သူတို့က ရှင်းရှင်းလင်းလင်း ပြောခဲ့ကြ သ ည်။
သူ့ရဲ့စားပွဲပေါ်တွင် သတင်းစာတစ်စောင်ရှိ ၏။ ယန်နိုင်ငံရှိ အင်ဂျင် ထုတ်လုပ်ရေးစက် ရုံတစ်ခုတွင် တာဘိုဖန်-အိတ်စ် အင်ဂျင်ကို အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်ခဲ့ ကြောင်း သတင်းတစ်ခုရှိနေသည်။
တာဘိုဖန်- အိတ်စ် ကို အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်ရခြင်း၏ အဓိကအကြောင်းအ ရင်းမှာ ဒီစူပါသတ္တုဖြစ်တာကို ရှာမန် သိ နေ သည်။ တာဘိုဖန်- အိတ်စ်အတွက် ဒီ သတ္တု ကို အမြောက်အများ အသုံးပြုခဲ့တာကို လည်း သူ ကြားထားခဲ့သည်။
"ငါ....ဘာလုပ်ရမလဲ....ဒီသတ္တုကို....ငါ... ဘယ်လိုရနိုင်မလဲ...."
ဒီကိစ္စက သူ့ ဦးနှောက်ကို အစွမ်းကုန် ခြော က်လှန့်နေ၏။ နောက်ဆုံးတော့ သူ နည်း လမ်းတစ်ခုကို တွေးလိုက်မိသည်။ အန္တရာယ် ရှိလည်း လုပ်ဖို့ သူ အဆင်သင့်ဖြစ်နေပြီး အောင်မြင်ဖို့အတွက် ကြိုးစားကြည့် ရပေ မည်။
........
ပစိဖိတ်သမုဒ္ဒရာအောက်ခြေမှာတော့....
ရက်ပေါင်းများစွာ ဆက်တိုက် လိပ်ကြီးက သန့်ရှင်းရေးသမား၏ အခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်။ နေ့တိုင်း အမဲလိုက်ခြင်းနှင့် အနားယူခြင်းမှလွဲ၍ အာကာသယာဉ် အ ပျက်အစီး မျက်နှာပြင်ပေါ်ရှိ အပျက်အစီး များကို အခြေခံအားဖြင့် ရှင်းလင်းပေးနေ သည်။
သေချာသည်မှာ သန့်ရှင်းရေး၏ အဓိက အချက်က အာကာသယာဉ်ရဲ့ လေယာဉ်မှူး ခန်းကို ဖုံးအုပ်ထားသော ထူထဲသည့် ရွှံ့နှင့် ကျောက်တုံးများပဲဖြစ်သည်။
အခုတော့ အနည်းဆုံး စတုရန်းမီတာ နှစ် ထောင်ကနေ သုံးထောင်အထိ ဧရိယာကို လိပ်ကြီးက ရှင်းလင်းထား၏။ ဒါပေမဲ့ လေယာဉ်မှူးခန်းထဲသို့ ဝင်ရန် လမ်းကြောင်း ဒါမှမဟုတ် ဝင်ပေါက်ကို ရှာမတွေ့သေးပေ။ လိပ်ကြီးက မရပ်တန့်သေးဘဲ သန့်ရှင်းရေး ကို ဆက်လုပ်နေသည်။
ဒီနေ့လည်း အတူတူပါပဲ။
မနက်ပိုင်းတွင် အရင်ဆုံး ချောက်နက် ကြီး ထဲသို့ သူ သွားပြီး ဧရာမရေဘဝဲတစ်ကောင် ဖမ်းကာ မနက်စာ စားလိုက်သည် ။လိပ်ကြီး ရဲ့ ဗိုက်ထဲကို အနည်းဆုံး တန် ၃၀၀ မှ ၄၀၀ လောက် ရှိတဲ့ အစာတွေက ဗိုက်ထဲသို့ ဝင် သွားသည်။
ပြီးနောက် လိပ်ကြီးက ထပ်မံ၍ သန့်ရှင်းရေး စတင် လုပ်လိုက်သည်။ သူ့ရဲ့ ရှေ့လက်သ ည်းကြီးနှစ်ချောင်းကို အသုံးပြုပြီး ထူထဲ သော ရွှံ့ကျောက်အလွှာကို တူးနေသည်။ အောက်မှာရှိတဲ့ အာကာသယာဉ်ရဲ့ မီးခိုး နက်ရောင် သတ္တုအခွံကို ဖော်ထုတ်နေသည်။
လိပ်ကြီးက တစ်ဆက်တည်း တစ်နာရီ နှစ်နာ ရီကြအောင် လုပ်ပြီးနောက် အက်ကွဲ ကြောင်းတစ်ခုကို သူ တွေ့လိုက်သည်။ဒီ ဟာက အလွန်ပါးလွှာပေမဲ့ လိပ်ကြီးရဲ့ အာ ရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
လိပ်ကြီး နောက်ထပ် တစ်နာရီ နှစ်နာရီ လော က် သန့်ရှင်းရေးလုပ်ပြီးနောက် နေ့လယ်စာ စားချိန်ရောက်လာသည်။ နောက်ဆုံးတွင် သူက အနည်းဆုံး စတုရန်းမီတာ ၂၀၀ ရှိသော ဧရိယာကို ရှင်းလင်းနိုင်ခဲ့သည်။
ထူထဲသော ရွှံ့ကျောက်တုံးများက မဖုံးအုပ် ထားတော့ဘဲ လိပ်ကြီးရဲ့ စူပါအာရုံခံစားမှု့ အောက်တွင် ဒီဟာက အက်ကွဲ ကြောင်း မ ဟုတ်ဘဲ အပေါက်တစ်ခုလို ဖြစ် နေတာကို သူ ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။
သိုပေမဲ့ ဒီအပေါက်ကို တင်းတင်းကျပ်ကျပ် ပိတ်ထား၏။ ချက်ချင်းဆိုသလို လိပ်ကြီး က ပိုမို ပျော်ရွှင်လာသည်။ ရက်ပေါင်းများ စွာ သူ အလုပ်ကြိုးစားပြီးနောက် နောက်ဆုံး တွင် အပေါက်တစ်ခုကို တွေ့လိုက်ရသည် လေ။
လျူယောင်ကို ချက်ခြင်းပဲ လိပ်ကြီး ဆက် သွယ်လိုက်၏။
ဒီအချိန်တွင် ဟွာဟိုင်းမြို့၌ မိုးလင်း စပြုနေ ပြီဖြစ်သည်။ လျူယောင်က နိုးနေပြီဖြစ် သော်လည်း မထသေးပေ။
လိပ်ကြီးရဲ့ အသံက သူ့ စိတ်ထဲတွင် ထွက် ပေါ်လာတာကြောင့် ပြင်ပအမြင်ကို လျူ ယောင် ဖွင့်လိုက်သည်။
လိပ်ကြီးကို သူ မြင်လိုက်ရသည်။ လိပ်ကြီး ရှင်းလင်းထားတဲ့ စတုရန်းမီတာ နှစ်ထောင် သုံးထောင် ဧရိယာကိုလည်း သူ မြင်လိုက် ရ သည်။ အောက်တွင် အာကာသယာဉ် အပျ က်အစီးရဲ့ မီးခိုးနက်ရောင် အခွံက ပေါ်လာ သည်။
“သခင်.... ကြည့်အုံး.... ဒါ.... အာကာသ ယာဉ်ရဲ့ အခန်းတံခါးလား....”
လျူယောင်လည်း ဂရုတစိုက်ကြည့်လိုက်၏ ။ ဒီဟာက အပေါက်တစ်ခုလိုပင်။ အနံ သုံး မီတာခန့်နှင့် အမြင့် ခုနစ်မီတာခန့် ရှိနေ သ ည်။
ဒီလိုတံခါးက သေးလွန်းသည်တော့ မဟုတ် ပေ။ ဒါပေမဲ့ အာကာသယာဉ် အပျက်အစီး ထဲတွင် တွေ့ရသော ဂြိုလ်သားအလောင်းက ပင် အမြင့် ငါးမီတာခန့်ရှိတာကို ထည့်သွင် းစဉ်းစားပါက ဒီလို အပေါက်က သိပ်မကြီး ပေ။
“အိုး...ဒါ...အပေါက်ဖြစ်ရမယ်....”
ဒီဟာက လျူယောင် အိပ်မက်မက်ခဲ့သည့် အရာပဲဖြစ်သည်။
ချက်ချင်းဆိုသလို လျူယောင် အံ့သြမှု့များ ပြည့်နှက်လာသည်။ ဒီလောက်ကြာအောင် လိပ်ကြီးက အလုပ်ကြိုးစားပြီးနောက် နော က်ဆုံးတော့ အပေါက်တစ်ခုကို တွေ့ခဲ့ရ၏။ ဒီအပေါက်က လေယာဉ်မှူးခန်းနှင့်လည်း အလွန်နီးနေသည်။
" ဒါဆို..ငါ.. ဒီအပေါက်ကိုဖြတ်ပြီး အာ ကာ သယာဉ်ရဲ့ လေယာဉ်မှူးခန်းထဲကို ဝင်နိုင်တ ယ်လို့ ဆိုလိုတာလား.."
လျူယောင် စိတ်မတည် ညိမ်နိုင်တော့ပေ။ သူ ဘာမှ မလုပ်ရပေမဲ့ ဒီတွေ့ရှိမှု့က တကယ် ကို အံ့သြစရာတစ်ခု ဖြစ်နေသည်။
“ငါ့ကောင်ကြီး....မင်း. ကြိုးစား ဖွင့်နိုင်မ လား.... ”
လိပ်ကြီး ကြိုးစားကြည့်သော်လည်း အပေါက်က လုံးဝ မလှုပ်ပေ။ ကြမ်းတမ်းစွာ သူ တွန်းကြည့်ပမယ့်လည်း လုံးဝမလူပ် လာခဲ့ပေ။
“ခလုတ်တစ်ခုခု.... ဒါမှမဟုတ်..... တခြားတ စ်ခုခု ရှိနေတာလား....”
ချောမွေ့တဲ့အပေါက်ကို လျူယောင် ဂရုတစို က်စစ်ဆေးကာ သူ မျှော်လင့်ထားတဲ့ ခလု တ်ကို ရှာဖွေလိုက်၏။