← Chapters

သူဋေး..ကျွန်တော်တို့ နောက်ကို သင်္ဘောတစ်စီး လိုက်လာတယ်

Vol. 31 Ch. 406

သူဋေး..ကျွန်တော်တို့ နောက်ကို သင်္ဘောတစ်စီး လိုက်လာတယ်

Vol. 31 Ch. 406

အမြင်ရူ့ထောင့်ကနေ အစိတ်အပိုင်းကို လျူ ယောင် ချဲ့ကြည့် လိုက်သည်။

“ချဲ့လိုက်...”

ဒီနည်းနဲ့ လျူယောင် ပိုမို ရှင်းလင်းစွာ မြင်နို င်ပြီးအခြေခံအားဖြင့် သူ့ မြင်ကွင်းတွင် ဒီတံခါးတစ်ချပ်တည်းသာ ရှိတော့သည်။

လျူယောင် ကြည့်လိုက်သောအခါ ဒီမီးခိုး နက်ရောင် သတ္တုတံခါးက အလွန်ပြားချပ် ကာ ချောမွေ့နေ၏။အဲ့ဒါကို အာကာသယာဉ် ရဲ့ ကိုယ်ထည်နဲ့ တင်းကျပ်စွာ တပ်ဆင်ထား ပြီး လုံခြုံ အကျိုးသက်ရောက် မှု့ကောင်းပုံ ရသည်။

သေချာကြည့်ပြီးနောက် လျူယောင် သဲလွန် စများကို တွေ့လိုက်သည်။ တံခါးပေါ်တွင် လူကြီးလက်ဖဝါး အရွယ်အစားခန့်ရှိသော အရာတစ်ခု ရှိနေသည်။ တံခါးနဲ့ တစ်ခု တည်း ပေါင်းစပ်ထားသည်။ သေချာမစစ် ဆေးဘဲနဲ့တောင် သူ မြင်နေရသည်။

လျူယောင် အလွန်ဝမ်းသာသွား၏။

ဒါက ဒီတံခါးဖွင့်မည့် ကိရိယာဖြစ်နိုင်သည်။

“ငါ့ ကောင်ကြီး တံခါးရဲ့ ညာဘက်အလယ် မှာ တစ်ခုခု တွေ့လား..”

လူကြီးတစ်ယောက်ရဲ့ လက်ဖဝါးထက် သိပ် မကြီးသော အရာကို လိပ်ကြီးက လက်ညှိုး ထိုးပြကာ ပြန်မေးလိုက်သည်။

“သခင်...ဒါ... ခင်ဗျားပြောနေတဲ့အရာက ဒါလား”

“ဟုတ်တယ်..ဒါက... ဒီတံခါးကို ဖွင့်ဖို့ ကိရိ ယာဖြစ်မယ်လို့ ငါ ထင်တယ်...ဒီတံခါးကို ဖွင့်လို့ရမရ.. မင်း ကြိုးစားကြည့်လို့ရ တယ်...”

သူ ပြောသည့်အတိုင်း လိပ်ကြီးက အကြိမ် များစွာ ကြိုးစားသော်လည်း နောက်ဆုံးတွင် မအောင်မြင်ခဲ့ပေ။

လိပ်ကြီးရဲ့ ခြေသည်းများက အလွန်ကြီးပြီး ဒီကိရိယာက အလွန်သေးငယ်နေတာကို လျူယောင် သတိပြုမိသွားသည်။ ဒီလိုသေး ငယ်တဲ့ အလုပ်မျိုးလုပ်ဖို့ သူ့အတွက် တ ကယ်ခက်ခဲလှသည်။

“ထားလိုက်တော့...ရက်အနည်းငယ်လောက်ဆို ..ငါ ကိုယ်တိုင်လာခဲ့မယ်.. ဒီအ‌ပေါက်ကို ဖွင့်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်...”

နောက်ဆုံးတွင် ဒါကို ဖွင့်နိုင်မလားဆိုတာကို လျူယောင် လုံးဝ သေချာ မသိပေ။ ကြိုး စားပြီးမှသာ အရာအားလုံးကို သိနိုင်လိမ့်မ ည်။ ဒါပေမဲ့ သေချာတာ သူ စိတ်ထဲကနေ ဒါကို အရမ်း ဖွင့်ချင်နေသည်။

“အိုကေဘာ သခင်....ဒါဆို ခင်ဗျား ရောက် လာမယ့်အချိန်ကို ကျွန်တော် စောင့်နေပါ့ မယ်...”

“အင်း... ငါ တတ်နိုင်သမျှ အမြန်ဆုံး လာ ခဲ့မယ်...”

အခု ဒီအပေါက်ကို တွေ့ထားပြီးပြီဖြစ်လို့ လျူယောင် ထပ်မစောင့်နိုင်တော့ပေ။

လိပ်ကြီးက တန် ၁၂၀၀ ကျော်အထိ ကြီးလာ တာနဲ့ တစ်ပြိုင်နက် အာကာသယာဉ် အပျက် အစီးသို့ တစ်ကြိမ်သွားရန် အစက သူ စီစဉ် ထား၏။

အခုတော့ အစီအစဉ်ကို အနည်းငယ် ပြောင်း လဲရမည်ဖြစ်ပြီး ဒီတံခါးကို ဖွင့်ပြီး အာကာ သယာဉ် လေယာဉ်မှူးခန်းထဲသို့ ဝင်နိုင်ရန် လျူယောင် ချက်ချင်းထွက်ခွာတော့မည်။

မီတာ ၃၀၀၀ ကျော် နက်သော ရေအောက် တွင် မည်မျှကြာကြာ နေနိုင်မလဲဆိုတာကို လျူယောင် စိတ်ထဲကနေ တွေးလိုက်သည်။ နောက်ဆုံးအကြိမ်နဲ့ နှိုင်းယှဉ်ပါက အနည်း ဆုံး အတိုင်းအတာတစ်ခုအထိ တိုးတက်လာ လောက်မည်။

နောက်ဆုံးအကြိမ်တုန်းက လိပ်ကြီးရဲ့ အ လေးချိန် တန် ၉၀၀ ကျော် ရှိနေပြီး တန် ၁၀၀၀ မပြည့်သေးပေ။ မီတာ ၃၀၀၀ ကျော် နက်သော ရေထဲတွင် လျူယောင် မိနစ် ၂၀ ကြာ နေနိုင်ခဲ့သည်။ အခု လိပ်ကြီးရဲ့ အလေး ချိန်က တန် ၁၀၈၀ ကျော် ရှိနေတာကြောင့် သူ မိနစ် ၃၀ မှ ၄၀ အထိ ခံနိုင်လောက် သ ည်။

ဒီ မိနစ် သုံးဆယ် လေးဆယ်က နောက်ဆုံး အကြိမ် မိနစ်နှစ်ဆယ်နှင့် နှိုင်းယှဉ်လျှင် များစွာတိုးတက်လာသည်။ အာကာသယာ ဉ်ရဲ့ အတွင်းပိုင်းထဲသို့ ဝင်ပြီးနောက် စူးစမ်း ရှာဖွေရန် သူ အချိန်ပို ရလာသည်လေ။

လျူယောင် အာကာသယာဉ် အပျက်အစီး သို့ ထပ်မံသွားရောက်ရန် ဆုံးဖြတ်လိုက် သည်။

မနက်စာ စားချိန်တွင် လီချန်လဲ့ကို သူ ခရီး ရှည်တစ်ခု သွားမည်ဖြစ်ပြီး အသွားအပြန် ဆယ်ရက်ကျော် ကြာနိုင်လောက်မည်လို့ ပြောထားခဲ့သည်။

ပြီးတော့ သူ့မိဘတွေကိုလည်း ဖုန်းခေါ်ပြီး ဆယ်ရက်ကျော် ခရီးထွက်မယ်လို့ ပြောပြ ထားသည်။

ချန်းဟူက ဗီလာရဲ့ဂိတ်တံခါးရှေ့တွင် ကားနဲ့ စောင့်နှင့် နေပြီဖြစ်သည်။

လျူယောင် ကားထဲ ဝင်ထိုင်ပြီးနောက် လက် ဝှေ့ယမ်းကာ ပြောလိုက်သည်။

“တာဝါကို အရင်သွားမယ် နောက်ပြီး ငါတို့ရဲ့ ရွက်လှေမှာ ဆီအပြည့်ဖြည့်ထားလိုက်..ငါတို့ နှစ်ယောက် ပင်လယ်ကို ထပ်သွားမယ် ...နောက်ဆုံးအကြိမ်တုန်းကလိုပဲ...”

ချန်းဟူက ရိုသေစွာ ပြန်ဖြေလိုက်၏။

"ဟုတ်ကဲ့ပါ သူဋေး..."

“ငါတို့ရဲ့ ရေနက်ပိုင်းမှာခံနိုင်ရည်ရှိတဲ့ ဓာတ် မီးကို ယူလာခဲ့..အဲ့ဒါကို.... ငါ..သုံးရမယ်..”

လျူယောင် ထပ်မံ သတိပေးလိုက်သည်။

ချန်းဟူက ယူနီဗာဆယ်လ် တာဝါကို အရင် ဆုံးမောင်းသွားသည်။လျူယောင်က အလုပ် ကိစ္စများကို ရှင်းပြပြီး အရေးကြီးတဲ့ စာရွက် စာတမ်းအချို့ကို လုပ်ဆောင်ခဲ့သည်။ ဒီတစ် ကြိမ် ခရီးထွက်ဖို့ ဆယ်ရက်လောက် ကြာမှ ာဖြစ်တာကြောင့်ပဲဖြစ်သည်။

....

နေ့လယ်ပိုင်းတွင်...

ချန်းဟူက ကား မောင်းနှင်နေဆဲဖြစ်သည်။ နှစ်ယောက်သား ရွက်လှေဆိပ်ကမ်းသို့ ရော က်လာပြီး ရွက်လှေပေါ်သို့ တက်လာကြ သည်။

ခဏအကြာမှာတော့ ဆိပ်ခံတံတားမှ ရွက် လှေထွက်ခွာလာသည်။ တစ်နာရီ၊ နှစ်နာရီ ကြာ ရွက်လွင့်ပြီးနောက် ဟွားဟိုင်မြို့မှာ အနောက်တွင် အဝေးကြီး ကျန်ရစ်ခဲ့သည်။ ရွက်လှေကတော့ ပစိဖိတ်သမုဒ္ဒရာမြောက် ပိုင်းသို့ ရွက်လွှင့်နေပေသည်။

အချိန် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပြီး လေးရက် ကုန်ဆုံးသွားခဲ့သည်။နောက် တစ် ရက်လောက်ဆိုရင် ရွက်လှေက ဦးတည်ရာ ပင်လယ်ပြင်သို့ ရောက်ပေတော့မည်။

ဒါက သာမန်ရွက်လှေဖြစ်ပြီး ပင်လယ်ခရီး သွား သင်္ဘောကြီးလိုဆိုရင် ပုံမှန်အရှိန်ဖြင့် ဟွားဟိုင် မြို့မှ ထိုပင်လယ်ပြင်သို့ ရောက် ရှိရန် အနည်းဆုံး ရှစ်ရက်နှင့် ရှစ်ညလောက် ကြာလိမ့်မည်။

ရွက်လှေကြီးရဲ့ အရှိန်က များစွာမြန်သည်။ ငါးရက်အထိဆိုလျှင် ထိုပင်လယ်ပြင် နေရာ သို့ ရောက်နိုင်သည်။

ဒီလေးရက်တာ ကာလပတ်လုံး လျူယောင် တို့ ပျင်းစရာမကောင်းခဲ့ပေ။

ဘာမှလုပ်စရာမရှိရင် နေပူစာလှုံနိုင်ပြီး ငါး လည်းဖမ်းနိုင်သည်။ ဒါမှမဟုတ် ရွက်လှေ ထဲတွင် ရုပ်ရှင်ကြည့်နိုင်တာကြောင့် အချိန် က ဖြည်းဖြည်းချင်း ကုန်ဆုံးလာခဲ့သည်။

အခုတော့ ရွက်လှေမှာ အလိုအလျောက် မောင်းနှင်နေတဲ့ စနစ်တွင် ရှိနေသည်။

အနောက်ဘက် ကုန်းပတ်ပေါ်တွင် လျူ ယောင်နှင့် ချန်းဟူက ငါးမျှားတံများကို ပေါ့ ပေါ့ပါးပါး ကိုင်ထားကြသည်။ ငါးမျှားတံကို ပစ်ချပြီး ငါးကြီးများ အစာကို လာကိုက်ရန် သူတို့ စောင့်ဆိုင်းနေကြသည်။

သူတို့နှစ်ဦးစလုံးက အကြီးဆုံး ငါးမျှားတံ အ ထူဆုံး ငါးမျှားကြိုးနှင့် ငါးမျှားချိတ်ကို အ သုံးပြုကြပြီး အဲ့ဒါက အဖြူရောင် ငါးမန်း ကြီးများကို ဖမ်းနိုင်သည်ဟု ဆိုကြသည်။

လျူယောင်က အစာများကို ပစ်ချလိုက်ရာ ရွက်လှေနောက်တွင် ကြီးမားတဲ့ အသားစား ငါးများ လိုက်လာတာကို မြင်လိုက်ရသည်။

ချန်းဟူရဲ့ အမြင်အာရုံက ကောင်းတာ ကြေ ာင့် ပေါင်ရာပေါင်းများစွာ အလေးချိန်ရှိတဲ့ တူနာငါးတစ်ကောင် ဖြစ်နေတာကို မြင်တဲ့ အခါ သူ အလွန်ဝမ်းသာသွားသည်။

“သူဋေး..အဲ့ဒါ တူနာငါးကြီး...”

လျူယောင် ခေါင်းညိတ်ကာ ပြန်ဖြေလိုက် ၏။

“အင်း.. ဖမ်းမိရင် ဒီနေ့ အပိုထမင်းစားပွဲ လုပ်လို့ရတယ်...”

လွန်ခဲ့သော ရက်အနည်းငယ်က နှစ်ယောက် သား ငါးများကို တစ်ကောင်ပြီးတစ်ကောင် ဖမ်းမိခဲ့ကြသည်။ ငါးအမျိုးအစား အားလုံး ပါဝင်ပေသည်။ ဒါပေမဲ့ ပေါင်ရာပေါင်းများ စွာ အလေးချိန်ရှိတဲ့ တူနာငါးကိုတော့ သူတို့ ဖမ်း မမိသေးပေ။

ဒီလိုငါးကြီးကို ဖမ်းမိရင် ပျော်စရာကောင်း တာ သေချာပေသည်။

ချန်းဟူ စကားမဆုံးမီ လျူယောင်က သူ့ရဲ့ လက်ထဲကနေ ငါးမျှားတံ ကွေးသွားတာကို ခံစားလိုက်ရသည်။

“သူဋေး...တူနာငါးကြီးက အစာကို ကိုက်ပြီ လား”

“အင်း ကိုက်နေပြီထင်တာပဲ...”

လျူယောင်က ပေါင်ရာပေါင်းများစွာ အ လေးချိန်ရှိတဲ့ တူနာငါးတစ်ကောင်ကို ဖမ်းမိ ခဲ့သည်။ ဒါက သာမန်လူဆိုရင် ငါးမျှားတံ ကိုတောင် မြဲအောင် ကိုင်ထားနိုင်မှာ မဟုတ် ပေ။ ဒါပေမဲ့ ငါးမျှားတံက လျူယောင် လက် ထဲတွင်တော့ ခိုင်မြဲနေသည်။

ချန်းဟူကလည်း လျူယောင်ရဲ့ ခွန်အားကို သိနေသည်။ သူ လုံးဝ ကူညီစရာမလိုတာကို သိလိုက်ရသည်။ ဒါကြောင့် စိတ်ဝင်တစား ကြည့်နေလိုက်သည်။

လျူယောင်ရဲ့ ခွန်အားက ကြီးမားတာ ကြောင့် တူနာငါးက ယှဉ်ပြိုင်နိုင်စွမ်းမရှိပေ။ မိနစ်အနည်းငယ်အတွင်း ရေပေါ်သို့ ရောက် လာသည်။

ရွက်လှေရဲ့ ကုန်းပတ်ပေါ်တွင် အမြင့် နှစ်မီ တာမှ သုံးမီတာအထိရှိသော ဧရာမတူနာ ငါးတစ်ကောင် လဲလျောင်းနေသည်။

ချန်းဟူက လျူယောင်ထက် ပိုစိတ်လှုပ်ရှား နေပုံ ရသည်။

“သူဋေး... ဒီငါးက ပေါင် ၃၀၀ ကျော် သေချာ ပေါက်ရှိမယ်”

လျူယောင် ခါင်းခါပြီး ပြန်ပြောလိုက်၏။

“ဒါလောက်မကဘူး....ငါ့ ထင်တာတော့ ပေါင် ၄၀၀ ကျော်တယ်.. ဒီနေ့..ငါတို့.. ကောင်းကောင်းရိတ်သိမ်းနိုင်တာပဲ...”

နှစ်ယောက်သား ဒီလိုဧရာမ တူနာငါး လတ် လတ်ဆတ်ဆတ်ကို ဘယ်လိုစားရမလဲဆို တာ တွေးနေကြသည်။

ချန်းဟူရဲ့ မျက်လုံးများက ထက်မြက်ပြီး သူ့ အမြင်အာရုံသည် အလွန်ကောင်းလှသည်။

“သူဋေး....ကျွန်တော်တို့ နောက်ကို သင်္ဘော တစ်စင်း လိုက်နေတယ်”

သူ တိုးတိုးလေး သတိပေးလိုက်သည်။

လျူယောင် ကြည့်လိုက်ရာ အဝေးတွင် အန က်ရောင်အစက်လေးလို သင်္ဘောတစ်စင်းကို ချက်ချင်းတွေ့လိုက်ရသည်။

လျူယောင်က မထူးခြားစွာဖြင့် ပြောလိုက် သည်။

“စိတ်မပူပါနဲ့.. ဒီတူနာငါးကြီးကို အခုပဲ ချက် ကြမယ်... ဒီည ငါးအသားအပြည့်အစုံနဲ့ ပွဲတော်တစ်ခု လုပ်ကြမယ်...”

သူဋေးက ဂရုမစိုက်တဲ့အခါ ချန်းဟူကလည်း သင်္ဘောကို ပို၍ပင် ဂရုမစိုက်တော့ပေ။ နှစ် ယောက်သား ရွက်လှေပေါ်မှာ အတူတူ အ လုပ်ရှုပ်နေကြသည်။ငါးကြီးရဲ့ အူအသဲများ ကို ထုတ်ပြီး ခုနလေးတင် ဖမ်းမိတဲ့ တူနာငါး ကြီးကို သူတို့ ကိုင်တွယ်လိုက်ကြသည်။

လုပ်ငန်းစဥ်က တစ်နာရီနီးပါးကြာမြင့်သည်။ အခြေခံချက်ပြုတ်တာ ပြီးသွားခဲ့သည်။ ဒီည ချက်ပြုတ်မည့်ငါးကို လှီးဖြတ်ပြီး ကျန်တာ ကိုတော့ ရွက်လှေပေါ်က ရေခဲသေတ္တာကြီး ထဲ ထည့်ထား၏။သူတို့ ပြန်ရောက်ရင် ဒါကို ဖြည်းဖြည်းချင်း စားနိုင်သည်လေ။

“သူဋေး အဲဒီသင်္ဘောက ကျွန်တော်တို့ နောက်ကို ဆက်လိုက်နေတယ်.. .ကျွန်တော် တို့ အရှိန်တင်ပြီး သူတို့ကို ဖယ်လိုက်ရမ လား....”

သူတို့နှစ်ယောက်က ခုနလေးတင် ငါးဖမ်း နေကြသည်။နောက် တစ်ရက်လောက် ဆို လျှင် ပန်းတိုင်ပင်လယ်ပြင်သို့ ရောက်တော့ မှာပဲ ဖြစ်သည်။ ရွက်လှေက အရှိန်ပြင်းပြင်း ဖြင့် ရွက်လွှင့်ခြင်းမရှိဘဲ အရှိန်က ၂၀ နူန်း သာရှိသည်။ မနှေးသော်လည်း မမြန်ပေ။

လျူယောင် ခေါင်းကို ညင်သာစွာ ခါရမ်း ပြီးလက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ဒီကို မှန်ပြောင်းယူခဲ့.... ဘယ်လိုသင်္ဘော မျိုးလဲဆိုတာ ငါ အရင်ကြည့်လိုက်မယ်...”

ချန်းဟူ မှန်ပြောင်းကို အမြန်ယူလာခဲ့သည်။

လျူယောင် မှန်ပြောင်းကို ကိုင်ကာ ကုန်းပတ် ပေါ်မှာ ရပ်လိုက်၏။နောက်ကနေ လိုက်လာ တဲ့ သင်္ဘောကို သူ အလေးအနက်ထားကာ ကြည့်လိုက်၏။

All Chapters