အာကာသယာဥ်ရဲ့ လေယာဥ်မှူး အ ခန်းထဲသို့ ဝင်ရောက်ခြင်း
Vol. 31 Ch. 409
အကာသယာဥ်ရဲ့ ကိုယ်ထည်ဖြင့် တွဲလျက် တပ်ဆ င်ထားသည့်တံခါးက လက်တစ် ချောင်းစာ ပွင့်လာ၏။
လျူယောင် အားမစိုက်ရဘဲ တံခါးကို အလွ ယ်တကူဖွင့်လိုက် တော့ အတွင်းဘက်မှာ မည်းမှောင်နေတဲ့ လမ်းတစ်ခုကို တွေ့လိုက်ရ သည်။
သူမျှော်လင့်ထားတဲ့အတိုင်း အထဲမှာ ခြော က်သွေ့နေတာမျိုး မဟုတ်ဘဲ ပင်လယ်ရေမျ ားနဲ့ ပြည့်နှက်နေသည်။
ဒါကို နားလည်သဘောပေါက်ဖို့ လွယ်ပေ သည်။ ဒီအာကာသယာဉ် အပျက်အစီးက လွန်ခဲ့တဲ့နှစ် ၅၀,၀၀၀ ခန့်ကတည်းက ပင် လယ်ကြမ်းပြင်မှာနစ်မြုပ်နေခဲ့တာပဲ ဖြစ် မည်။ဒါကြောင့် ပင်လယ်ရေများ ပြည့်မနေ ခြင်းကသာထူးဆန်း နေပေလိမ့်မည်။
လျူယောင် အတွင်းဘက်ကို ဓာတ်မီးဖြင့် ထိုးလိုက်ရာ လမ်းက ဖြောင့်တန်းပြီး မီတာ လေးဆယ်မှ ငါးဆယ်ခန့် ရှည်လျားသည်ကို တွေ့လိုက်ရသည်။
"သခင်ရေ တံခါးပွင့်သွားပြီဗျာ.. .ကျွန် တော်တောင်မှ အထဲကို ဝင်ကြည့်ချင်လာ ပြီ.."
လိပ်ကြီးက ပျော်ရွှင်စွာ ပြောလိုက်သည်။
လျူယောင်လည်း ပျော်ရွှင်နေရင်းနဲ့ပဲ ပြုံး လိုက်ကာ လိပ်ကြီးကို သတိပေးလိုက်သည်။
"မင်းအပြင်မှာပဲနေလို့ရမယ်.အထဲကို လုံးဝ ဝင်လို့မရဘူး..."
ဒီတံခါးက အတော်ကြီးနေသည်။ ခန့်မှန်းခြေ အားဖြင့် ၃ မီတာခန့် ကျယ်ပြီး ၇ မီတာခန့် မြင့်နေသည်။သိုပေမဲ့ ဒီတံခါးက ဧရာမ လိပ် ကြီးနှင့် နှိုင်းယှဉ်ပါက အတော်သေးငယ်နေ သေးသည်။
အထဲဝင်လို့မရတဲ့အခါ လိပ်ကြီးက သက် ပြင်းချရင်း ပြောလိုက်၏။
"ဟူး ဒါဆို ..သခင်..ဂရုစိုက်ပါ..ကျွန်တော် အပြင်မှာပဲစောင့်နေပါ့မယ်.."
လျူယောင် ခေါင်းညိတ်ပြပြီး ပင်လယ် ရေ အောက်မှာ ထွန်းနိုင်တဲ့ ဓာတ်မီးနဲ့ အထဲသို့ ကူးဝင်ကာ အကာသယဥ်ရဲ့ လမ်းထဲသို့ ဝင်ရောက်လာသည်။
လမ်းရဲ့နံရံလေးခုစလုံးက မီးခိုးနက်ရောင် သတ္တုပစ္စည်း ဖြစ်နေကြောင်း ထင်ရှားလှ သည်။ အရှည်အားဖြင့် မီတာလေးဆယ်မှ ငါးဆယ်ခန့်၊ အနံအားဖြင့် ငါးမီတာခန့်နှင့် အမြင့်အားဖြင့် ဆယ်မီတာခန့် ရှိပေသည်။
လမ်းပေါ်တွင် ဘာမှမရှိချေ။ လျူယောင် လမ်းရဲ့အဆုံးကို မကြာမီပင် ရောက်ရှိခဲ့ရာ တံခါးတစ်ခုက သူ့လမ်းကို ပိတ်ဆို့ထား သည်။
ဒီတံခါးက လွန်ခဲ့သည့် မိနစ်ပိုင်းက ဖွင့်ခဲ့တဲ့ တံခါးနဲ့အတူတူနီးပါးပင် ဖြစ်သည်။ လျူ ယောင် တံခါးကို ရင်းနှီးပြီးသားဖြစ်သည်မို့ လက်ဖဝါးထက် အနည်းငယ်ကြီးသော ကိရိ ယာကို ညင်သာစွာ ဖိလိုက်ပြီး ဘယ်ဘက်သို့ တစ်ဝက်ခန့် လည်အောင် လှည့်လိုက်သည်။
“ကလစ်” ဟူသော အသံတိုးတိုးနဲ့အတူ တံ ခါးက ပွင့်သွား၏။
လျူယောင် အလွန်ဝမ်းမြောက်သွားပြီး ဓာတ်မီးဖြင့် အထဲသို့ ကူးဝင်လာသည်။ သူက အံ့အားသင့်ကာ အချိန်အတော်ကြာ အောင် မလှုပ်မယှက် ရပ်တန့်နေခဲ့သည်။
"အိုး..အလွန်အံ့မခန်းပဲကွာ..."
ဒီအပေါက်မှတစ်ဆင့် သူ ဝင်ရောက်လိုက် တာနဲ့အချင်းအားဖြင့် မီတာ ၂၀၀ ခန့်ရှိသော စက်ဝိုင်းပုံ ခန်းမဆောင်တစ်ခုက ချက်ချင်း ပေါ်လာသည်။ ထိုကဲ့သို့ ဧရာမခန်းမမှာ လူ များစွာကို ခမ်းနားကြီးကျယ်တယ်လို့ ခံစား ရစေသည်။
ဒီခန်းမက အလွန်လှပပြီး သိပ္ပံပညာနှင့် စိတ် ကူးယဉ်ဆန်သည့် အရောင်များ ပြည့်နှက် နေသည်။ အလယ်တွင် ဘာမှ မရှိဘဲ လွတ် နေသော်လည်း ထိုပတ်ပတ်လည်တွင် အရာ များစွာ ရှိသည်။
ဒီအရာများက စိတ်ကူးယဉ်ဆန်ဆန် အ ရောင်များ တောက်ပလွန်းသည်။ သာမန် လူသားတို့ရဲ့ အသိပညာနဲ့ ဒီအရာတွေက ဘာအတွက်လဲဆိုတာ ကို စိတ်ကူးကြည့် လို့မရပေ ။
ဒါတွေက အာကာသယာဉ်ပေါ်ရှိ ပစ္စည်းများ ဖြစ်လိမ့်မယ်လို့ လျူယောင် ခန့်မှန်းမိသည်။
အချို့က ကိရိယာများ ဖြစ်နိုင်၏။ ဘာ ကြောင့်လဲဆိုတော့ ထိုအရာများမှာ ဧရာမ ဖန်သားပြင်များ ပေါ်တွင် ပြသထားပြီး လည် ပတ်နေကာ နှိပ်ခလုတ်များစွာ ရှိနေတာ ကြောင့်ဖြစ်သည်။ လျူယောင် ထိုခလုတ်မျ ားကို ဖိကြည့်ရန် ကြိုးစားလိုက်သည်။
မည်သည့် တုံ့ပြန်မှု့မှ မရှိချေ။ ထို့နောက် ခ လုတ်အများအပြားကို ဆက်တိုက် ဖိလိုက် ပေမယ့်လည်း ဘာတုံ့ပြန်မှု့မှ မရှိလာပေ။
ဒီအရာတွေက ပင်လယ်ရေထဲမှာ နှစ် ၅၀,၀၀၀ ခန့် စိမ်ထားခဲ့တာကြောင့် အချိန် ကြာမြင့်စွာကတည်းက ပျက်စီးသွားတာ ဖြစ်နိုင်ကြောင်း လျူယောင် ခန့်မှန်းမိသည်။
ဒီ ဂြိုလ်သားတွေရဲ့ နည်းပညာကို သူ အလွန် လေးစားမိသည်။ဒါတွေကို ပင်လယ်ရေထဲ တွင် နှစ် ၅၀,၀၀၀ ကြာ စိမ်ထားခဲ့သော် လည်း ပျက်စီးရုံမျှသာ ဖြစ်ပြီး အသုံးမပြု နိုင်တော့ပေ။
ပလတ်စတစ်၊ သံမဏိ၊စတီးများ ဖြစ်ပါက နှစ် ၅၀,၀၀၀ တွင် ရွှံ့များအဖြစ် ပြောင်းလဲ သွားမှာ သေချာပေသည်။ မဟုတ်ဘူး ရွှံ့ တောင်မကျန်တော့ပဲ ပင်လယ်ရေထဲ ကြာ မြင့်စွာကတည်းက ပျော်ဝင်သွားမှာပဲ ဖြစ် ၏။
လျူယောင် ဓာတ်မီးဖြင့် ပတ်ပတ်လည်ကို ဟိုထိုးဒီထိုးနှင့် ထိုးကြည့်လိုက်သည်။ လေ ယာဉ်မှူးခန်းသို့ ဝင်ရန် တံခါးကို သူ ရှာချင် တဲ့အပြင် သူယူသွားနိုင်တဲ့ အရာတစ်ခုခု ရှိမရှိကိုလည်း လျူယောင် သိချင်နေသည်။
ဒီစက်ဝိုင်းပုံစံ ခန်းမက အလွန်ကြီးမားလှ သည်။ မြင်းပေါ်မှ ပန်းများကို ကြည့်နေသ လိုမျိုးသာ လျူယောင် ကြည့်နိုင်သည်။ အ ချိန်က သူ့အတွက် အလွန်အရေးကြီးနေပြီး ဒီလိုနက်ရှိုင်းသောနေရာမှာ သူ အများဆုံး မိနစ်သုံးဆယ်မှ လေးဆယ်ခန့်သာ နေနိုင်ပေ သည်။
"ဟေ့.. ဟိုမှာ တံခါးတစ်ချပ် ရှိတာပဲ..."
လျူယောင် ချက်ချင်းပဲ ကူးသွားလိုက်သည် ။ ဒီ တံခါးက လွန်ခဲ့တဲ့ တံခါးနှစ်ခုနှင့် မတူ ပေ။ မိနစ်အနည်းငယ်ကြာပြီးနောက် နောက် ဆုံးတွင် တံခါးကို လျူယောင် ဖွင့်နိုင်လိုက် သည်။
"ဟုတ်တယ် ဒါပဲ လေယာဉ်မှူးခန်းပဲ.."
အတွင်းဘက်က လေယာဉ်မှူးခန်းပဲ ဖြစ်၏။
တံခါးပွင့်လာတာနဲ့ လျူယောင် မီးကို အ တွင်းဘက် ကို ထွန်းလိုက်ရာ သူအရမ်း ပျော် ရွှင်သွားသည်။ နောက်ဆုံးတော့ သူ အိပ်မက် မက်ခဲ့ရသည့် လေယာဉ်မှူးခန်း ထဲဝင်ရောက် နိုင်ခဲ့ပြီပဲ ဖြစ်သည်။
ထပ်မံအချိန်ဆွဲမနေတော့ပဲ လျူယောင် ချက်ချင်းပဲ ကူးဝင်လာခဲ့သည်။
လေယာဉ်မှူးခန်းဧရိယာမှာ သေးငယ်ခြင်း မရှိပဲ ခန့်မှန်းခြေအားဖြင့် စတုရန်းမီတာ ရာနဲ့ချီ ရှိနေကာ မောင်းနှင်တဲ့ နေရာများစွာ ရှိနေပြီးယာဉ်မောင်းထိုင်ခုံကလည်း အလွန် ကြီးမားလှသည်။
ထိုင်ခုံများထဲမှ တစ်ခုံက ရွှံ့တုံးကြီး တစ် တုံးဖြင့် ဖုံးလွှမ်းနေပြီး ကျန်ထိုင်ခုံများ က တော့ အတော်အတန် သန့်ရှင်းနေသေး သည်။
လျူယောင် ယာဉ်မောင်းထိုင်ခုံပေါ်မှ ရွှံ့တုံး ကို ကြည့်ပြီး ဒါက ဂြိုလ်သားတစ်ဦးရဲ့ အ လောင်း ဖြစ်နိုင်တယ် လို့ စိတ်ထဲကနေ တွေး လိုက်မိသည်။ နှစ် ၅၀,၀၀၀ ကြာပြီးနောက် အရိုး အကြွင်းအကျန်ပင် မရှိတော့ဘဲ အား လုံးက ရွှံ့အဖြစ် ပုပ်ပွသွားခဲ့ရသည်။
ဒီ လေယာဉ်မှူးခန်းက စိတ်ကူးယဉ်ဆန် သည့် အရောင်များ ပြည့်နှက်နေပြီး ဒီဟာကို သူ မြင်တွေ့ရပြီးနောက် မျက်စိများ ပွင့် သွားခဲ့သလိုမျိုး လျူယောင် ခံစားလိုက်ရ သည်။
သူ ပတ်ပတ်လည်ကို ကြည့်ပြီး ဟိုဟိုဒီဒီ အကြိမ်များစွာ ရွှေ့ကြည့်ရန် ကြိုးစား ခဲ့ သ ည်။ ကံမကောင်းစွာဖြင့် ခလုတ် သို့မဟုတ် ဂျွိုင်းစတစ် ဖြစ်စေ၊ ဘယ်လိုပဲ ကိုင်တွယ် လှုပ်ရှားစေကာမူ ဘာတုံ့ပြန်မှု့မှ မရှိပေ။
"ဟေ့.. ဒါကဂြိုလ်သားတွေရဲ့ ကွန်ပျူတာ ဖြစ်နိုင်ပါ့မလား..."
စားပွဲခုံ တစ်ခုပေါ်တွင် ယူသွားနိုင်တဲ့ အရာ တစ်ခုကို သူ တွေ့လိုက်ရသည်။ ဘယ်ဘက် နှင့် ညာဘက်ကို ကြည့်လိုက်တဲ့အခါ ဒါက စိတ်ကူးယဉ် သိပ္ပံ ရုပ်ရှင်ထဲတွင်သာ မြင်ရ သလိုမျိုး အလွန်ထူးဆန်းနေတယ်လို့ သူ ခံစားလိုက်ရသည်။
"ဒါကဘာလဲ..."
ကွန်ပျူတာ ဖြစ်နိုင်တယ်လို့ လျူယောင် ခန့် မှန်းရုံသာ ခန့်မှန်းနိုင်ခဲ့သည်။ ဒီဟာက ဘာ ပဲဖြစ်ဖြစ် ယူသွားနိုင်တာမို့ ယူသွားရမည် လေ။
လျူယောင် ခဏလောက်ထပ်ပြီး ဆက်နေနို င်သေးတာကြောင့် အလောတကြီး မထွက်ခွ ာဘဲ ပတ်ပတ်လည်ကို စတင်ရှာဖွေလိုက် သည်။
"ဟေ့...ဒီနေရာမှာ ဗီရိုတစ်ခု ရှိတယ်.."
ဂြိုလ်သားများက အရွယ်အစားကြီးမားပြီး တစ်ဦးစီက အမြင့်ငါးမီတာ ရှိတာကြောင့် ဒီဗီရိုကလည်း အတော်ကြီးမားနေသည်။ လေးမီတာ ဒါမှ မဟုတ် ငါးမီတာအထိ မြင့်နေ၏။
ဗီရိုကြီးကို လျူယောင် ပျော်ရွှင်စွာ ဖွင့်လိုက် ရာ အတွင်းဘက်တွင် ဗလာနတ္တိမဟုတ်ဘဲ တစ်ခုခု ရှိနေတာကို တွေ့လိုက်ရသည်။
ကွန်ပျူတာနှင့်တူသည့် အရာတစ်ခုအပြင် သေတ္တာကြီးများလည်း ရှိနေသည်။
သေတ္တာကြီးများထဲမှ တစ်ခုကို သူ ဖွင့်လိုက် သောအခါ အတွင်းဘက်မှာ ဘထ္ထရီအပိုင်း အစများ ရှိနေသည်။ ဒီ အပိုင်းအစများက နောက်ဆုံးအကြိမ်က သေနတ်ထဲမှာ သူ တွေ့ ရှိခဲ့သော ဘထ္ထရီများနဲ့ အတိအကျ တူညီနေ သည်။
သူ နောက်ထပ်အများဆုံး ဆယ်မိနစ်အထိ ခံနိုင်ရည်ရှိ သေးတယ်လို့ ခံစားရပြီးနောက် အတွင်းဘက်ရှိ အရာများကို ထုတ်ယူကာ လျင်မြန်စွာ ကူးထွက်လာလိုက်သည်။
နောက်ထပ် ယူရမဲ့ အရာဝတ္ထုအနည်းငယ် ရှိ နေသေးတာမို့အပြန်ပြန်အလှန်လှန် နှစ်ကြိမ် သွားပြီးနောက် ကွန်ပျူတာ ဖြစ်နိုင်တဲ့အရာ နှစ်ခုအပြင် စုစုပေါင်း သေတ္တာကြီး လေးလုံး ကိုပါ လျူယောင် အပြင်ဘက်သို့ မရွှေလိုက် သည်။
သေတ္တာကြီးလေးလုံးမှာ အတူတူနီးပါးပင် ဖြစ်ပြီး လျူယောင်က သေတ္တာများထဲမှ တစ်လုံးကိုသာ ဖွင့်ကြည့်ရန် အချိန်ရခဲ့ သည်။
အတွင်းဘက်မှာ ဘထ္ထရီအပိုင်းအစများ ရှိ နေပြီး ကျန်သုံးလုံးရဲ့ အတွင်းဘက်မှာ တော့ ဘာတွေ ရှိမှန်း လျူယောင် ယာယီ အားဖြင့် မသိရသေးပေ။ အဲ့ဒါတွေက ဘထ္ထရီတွေ လည်း ဖြစ်နိုင်သလို ဒါမှမဟုတ် တခြားဟာ တွေလည်း ဖြစ်နိုင်သည်။
"လိပ်ကြီး..ပါးစပ်ဟ...."
လိပ်ကြီးက ပါးစပ်ကိုဖွင့်လိုက်ရာ လျူယော င် အာကာသယာဉ်ထဲမှ သယ်လာတဲ့ ဟာ တွေကို လိပ်ကြီးရဲ့ပါးစပ်ထဲ ထည့်လိုက်ပြီး နောက် လိပ်ကြီးရဲ့ ကျောပေါ်မှ သံချပ်ကာ ပေါ်တွင် သူ ထိုင်လိုက်သည်။
"သွားမယ်... ငါတို့ ရွက်လှေဆီ ပြန်ကြစို့..."
မီတာ ၃,၀၀၀ ကျော် နက်ရှိုင်းသောနေရာတွင် ရေဖိအားက အလွန်ကြီးမားလှသည်။ လျူ ယောင် ရဲ့ ကန့်သတ်ချက်ကမိနစ် ၄၀ ခန့်ပဲ ဖြစ်၏။ အခု သူ ရဲ့ကန့်သတ်ချက် နီးပါးကို ရောက်နေပြီပဲ ဖြစ် သည်။
လိပ်ကြီးကလည်း လျူယောင် ရဲ့ ကန့် သတ် ချက် ရောက်တော့မှာကို သိပုံရကာ မတွန့် ဆုတ်ဘဲ အပေါ်သို့ အမြန် ကူးတက်လာ သည်။
ရေအနက် မီတာ ၃,၀၀၀ ကျော်မှ မီတာ ၂,၀၀၀ ကျော်၊ ထို့နောက် မီတာ ၁,၀၀၀ ကျော် အနက်တွင် ရေဖိအားက တဖြည်း ဖြည်း လျော့ကျလာသည်။
လျူယောင်လည်း တစ်ကိုယ်လုံး ကို တ ဖြည်းဖြည်း ဖြေလျှော့လိုက်သည်။ရေအန က်ပေ လျော့ကျလာတာနှင့်အမျှ သူ့ခန္ဓာကို ယ်ပေါ်ရှိ ကြီးမားသော ရေဖိအားကလည်း တဖြည်းဖြည်း လျော့ကျလာသည်။ မီတာ ၁,၀၀၀ ကျော် အနက်မှာတော့ ဒီရေဖိအားကို သူ မခံစားရတော့ပေ။
လိပ်ကြီးက မီတာ ၁၀၀ ခန့်အနက်သို့ ရောက် သည်အထိ မရပ်ဘဲ ရွက်လှေကြီးရှိရာကို ဆက်လက်ကူးခတ်လာခဲ့သည်။