ရိတ်သိမ်းမူ့ များစွာ
Vol. 31 Ch. 410
လိပ်ကြီးက ရေမိုင် 150 မှ 160 အထိကို မိနစ် ၃၀ မှ ၄၀ ခန့်သာ ကြာပေသည်။ ဒါက သူ့ရဲ့ အမြန်ဆုံးအရှိန်နူန်း မဟုတ်ပါက ဒီထက်ပို ပြီး အချိန်ကြာနိုင်ပေသည်။
လိပ်ကြီးရဲ့ ဧရာမ ကျောပိုးအိမ်ပေါ်တွင် ထိုင် နေသည့် လျူယောင်က ရေအောက် ဆယ်မီ တာအကွာကနေ ရေပြင်ပေါ်ရှိ ရွက်လှေကြီး ရဲ့ ပုံပန်းသဏ္ဌာန်ကို မြင်လိုက်ရသည်။
လိပ်ကြီးက သတိပေးလိုက်၏။
"သခင်ရေ..ကျွန်တော်တို့ ရောက်ပါပြီ.."
"ကောင်းပြီ "လိပ်ကြီးရဲ့ ကျောပိုးအိမ်မှ လျူယောင် ဆင်းလိုက်သည်။ လိပ်ကြီးရဲ့ ပါးစပ်ကြီးထဲမှ ဂြိုလ်သားကွန်ပျူတာ တစ်လုံးကို ယူကာ ရွက်လှေဆီသို့ ကူးခတ် လာခဲ့သည်။
" ချန်းဟူ.. "
ရွက်လှေပေါ်မှာတော့ လျူယောင် ရေထဲမှ ထွက်လာရန် စောင့်နေသည့် ချန်းဟူက ခေါ် သံကြားပြီးနောက် တစ်လမ်းလုံး ပြေးလာ သည်။
လျူယောင် အမိန့်ပေးလိုက်၏။
" ဒီဟာတွေ အပေါ် ကိုယူသွားပေး ..မပျက် စီးအောင် သတိထား"
ဒါတွေကအလွန် အဖိုးတန်ပေသည်။
ပင်လယ်ကြမ်းပြင်၌ နှစ် ၅၀,၀၀၀ ကြာ စိမ် ထားခဲ့ပြီးနောက် ဒီဟာတွေကို ကြမ်းတမ်းစွာ အားသုံးပါက မတော်တဆ ပျက်စီးသွား လျင် အရမ်းဝမ်းနည်းစရာ ဖြစ်ကုန်လိမ့် မည်။
ချန်းဟူလည်း ထိုအရာကိုချက်ချင်း သဘော ပေါက်သွားသည်။ ပထမဆုံး လျူယောင်ရဲ့ လက်ထဲမှ ဂြိုလ်သားကွန်ပျူတာကို ယူကာ သိမ်းဆည်းလိုက်သည်။ ထို့နောက် ပေါင် ၁,၀၀၀ ကျော်လေးသည့် ဓာတ်မီးကြီးကို ယူလိုက်သည်။
ကံကောင်းစွာနဲ့ပင် သူ့ရဲ့ ခွန်အားက ကြီးမား တာကြောင့် ပေါင် ၁,၀၀၀ ကျော် လေးလည်း ပြဿနာမရှိပေ။ ချန်းဟူက ဓာတ်မီးကို မသ ယ်လိုက်ပြီး ရွက်လှေပေါ်သို့ တင်လိုက်သည် ။
လျူယောင် ဆက်ပြောလိုက်သည်။
"ပစ္စည်း တစ်ချို့ ကျန်သေးတယ်.. ငါ အောက်ဆင်းပြီး သွားယူအုံးမယ်..."
လိပ်ကြီးရဲ့ ပါးစပ်ထဲတွင် ဂြိုလ်သားကွန်ပျူ တာတစ်လုံးနှင့် သေတ္တာကြီးလေးလုံးကဲ့သို့ အရာများစွာ ရှိနေပေသည်။
လျူယောင် ထိုအရာအားလုံးကို ယူလာပြီး ရွက် လှေကြီးပေါ်တွင် ဂရုတစိုက်ထားလိုက် ၏။ ပြီးနောက် သူ့ရဲ့ ရေငုပ်ဝတ်စုံကို ချွတ် လိုက်ကာ ရေပူဖြင့် ရေချိုးပြီးနောက် အဝတ် ခြောက်များကို လဲလှယ်လိုက်သည်။
လျူယောင် နောက်ထပ် အောက်သို့ ဆင်း တော့မှာမဟုတ်ပေ။ လိပ်ကြီးရဲ့ အရွယ်အ စားက ပိုမိုကြီးမားလာကာ ဥပမာ- တန် ၁,၂၀၀၊ သို့မဟုတ် တန် ၁,၅၀၀ အထိဖြစ် လာတဲ့အထိ စောင့်ဆိုင်းပြီးရင် သူ မီတာ ၃,၀၀၀ ကျော် နက်ရှိုင်းသော ပင်လယ်ကြမ်း ပြင်တွင် ပိုမိုကြာကြာ နေနိုင်တော့မည်လေ။
လျူယောင် ရေချိုးနေစဉ် ချန်းဟူက ထို ပစ္စည်းတွေကို စူးစမ်းလိုစိတ်ဖြင့် ကြည့် နေသည်။
သူက ဒီဂြိုလ်သားကွန်ပျူတာနှစ်လုံးကို နား မလည်နိုင်ပေ။ ဒီလို အရာမျိုးကို သူ တစ် ခါမှ မမြင်ဖူးပေ။ ဒါက သိပ္ပံနည်းပညာ အ ပြည့် ဖြစ်နေသည်။ ဒါ့ကြောင့် ဒီဟာကို ကွန် ပျူတာကဲ့သို့ တစ်ခုခု ဖြစ်နိုင်မယ်လို့သာ သူ ခန့်မှန်းနိုင်သည်။
သေတ္တာကြီးလေးလုံးနှင့်ပတ်သက်ပြီး သူ အ လွန်စူးစမ်းလိုစိတ်ရှိသော်လည်း လျူယောင် ရဲ့ ခွင့်ပြုချက်မရဘဲ ဒါကို ဖွင့်မှာမဟုတ် ပေ။
အဝတ်လဲပြီး အာကာသယာဉ်အပျက်အစီးမှ ယူလာခဲ့သည့် အရာများကို သိမ်းဆည်း ပြီး နောက် လျူယောင် က လက်ဝှေ့ယမ်းကာ ပြောလိုက်၏။
" သွားမယ်..ငါတို့ အိမ်ပြန်နိုင်ပြီ "
ချန်းဟူက ရွက်လှေကြီး စတင်မောင်းနှင်ပြီး ဟွာဟိုင်းသို့ ပြန် လာတော့သည်။
တစ်နာရီကျော် မောင်းနှင်ပြီးနောက် ရွက် လှေက M နိုင်ငံရဲ့ စစ်သင်္ဘော နစ်မြုပ် သွား တဲ့ ပင်လယ်ဧရိယာကို ဖြတ်ကျော်သွား သည်။
"သူဋေး.ကြည့်ပါအုံး. သင်္ဘောတစ်စင်းက ဒီ လူတွေကို ကယ်ဆယ်ဖို့ လာနေတယ်.."
M နိုင်ငံရဲ့ အမျိုးသားအလံကို လွှင့်ထူ ထား သည့် ကြီးမားသော ကုန်သေတ္တာသင်္ဘောကို လျူယောင် သတိပြုမိလိုက်သည်။ ထိုသင်္ဘောက အနီးအနားတွင် ရှိနေပုံရပြီး ဒုက္ခရောက်နေကြောင်း အချက်ပြမှု့ကို လက် ခံရရှိပြီးနောက် အရှိန်အပြည့်ဖြင့် အပြေးအ လွှား ရောက်လာပုံ ရသည်။
ဒီလူတွေက လူများစွာကို ကယ်ဆယ် နေတာ ကို လျူယောင် မြင်လိုက်ရသည်။ ပင်လယ် ပေါ်ရှိ ရော်ဘာကယ်ဆယ် ရေးလှေနှစ်စီး ပေါ်မှ လူတွေကို တစ်ယောက်ပြီး တစ်ယော က် ကယ် ဆယ်နေ၏။
ရော်ဘာလှေနှစ်စီးသာ ရှိနေပြီး အပြည့်အစုံ တင်ဆောင်ပါက လူ ၂၀ မှ ၃၀ ခန့်သာ ဆန့် ပေသည်။ လမ်းညွှန်ဒုံးပျံဖရီးဂိတ်တွင် အ နည်းဆုံး လူဒါဇင်နှင့်ချီ ရှိရမည်လို့ လျူ ယောင် သူ့ စိတ်ထဲတွင် ခန့်မှန်းလိုက်သည်။ လူတစ်ဝက်ကျော်က ပင်လယ်ထဲတွင် သေ ဆုံးသွားပြီလို့ သူ ခန့်မှန်းမိသည်။
ဒီလူတွေအတွက် နည်းနည်းလေးမှ လျူ ယောင် စာနာစိတ်မရှိပေ။ ဆန့်ကျင်ဘက် အနေနဲ့ သူ့စိတ်ထဲတွင် ရှင်းပြလို့မရတဲ့ သ က်တောင့်သက်သာဖြစ်မှု့တစ်မျိုးကို ခံစား နေရသည်။
ဒီလူတွေက ပုံမှန်အားဖြင့် မိမိကို ဒုက္ခပေး သူများ သာ ဖြစ်၏။ မည်သူကမှ သူတို့ကို သကြားညိုလို သူ့ နောက်ကို လိုက်ခိုင်းခဲ့ သည် မဟုတ်ပေ။
ရွက်လှေကြီးက သူတို့ကို လုံးဝမမြင်သကဲ့သို့ ထိုနေရာကို အရှိန်မလျှော့ဘဲ ဖြတ်ကျော် သွားကာ တဖြည်းဖြည်းနှင့် ဝေးကွာသွား တော့သည်။
ငါးရက်ကြာပြီးနောက် လျူယောင်နှင့် ချန်း ဟူတို့က ဟွားဟိုင်မြို့သို့ ချောမောစွာ ပြန် ရောက်၏။
.........
ရုံးခန်းထဲမှာတော့....
သူ ယူလာခဲ့သည့် ဂြိုလ်သားကွန်ပျူ တာနှစ် လုံးကို စားပွဲကြီးပေါ်တွင် လျူယောင် တင် လိုက်သည်။ သူ ဒါတွေကို ထပ်ခါတလဲလဲ ကြည့်နေမိသည်။ ကြည့်လေလေ သူ ပိုလို့ ပင် သဘောကျလေလေ ဖြစ်ရသည်။
ဒီ ဂြိုလ်သားကွန်ပျူတာနှစ်လုံးကို အစော ပိုင်းတုန်းက သူ သန့်ရှင်းအောင် လုပ်ပြီးပြီပဲ ဖြစ်သည်။ ကိရိယာများက စိုစွတ်ခြင်း ဒါ မှမဟုတ် ညစ်ပတ်ခြင်း မရှိတော့ဘဲ အတော် လေး သန့်ရှင်းပြီး ခြောက်သွေ့ နေသည်။
လျူယောင် ဒါတွေကို အနီးကပ်ကြည့်ချင် သော်လည်း နောက်ဆုံးတွင် ထိန်းချုပ်ထား လိုက်သည်။
သူက ကျွမ်းကျင်သူ မဟုတ်တာကိုရှင်းရှင်း လင်းလင်း သိ၏။ ဒီကွန်ပျူတာနှစ်လုံးကို ဖြုတ်တပ်ခြင်းကဲ့သို့သော အလုပ်က ကျွမ်း ကျင်သူ တစ်ဦးဖြစ်မှသာ ရလိမ့်မည်။
သူ ဒါတွေကို အချိန်အကြာကြီး ကြည့်ပြီး နောက် မီးခံသေတ္တာကြီးထဲသို့ သေချာ ထည့်လိုက်သည်။ ထို့နောက် သေတ္တာများ ထဲ မှ တစ်လုံးကို ကောက်ယူကာ ဖွင့်ကာ ရေတွ က်လိုက်သည်။
အတွင်းတွင် ဘထ္ထရီစုစုပေါင်း အလုံး 3၀ ရှိ နေသည်။ တစ်ခုစီက လက်ဖဝါးအရွယ် အ စား ရှိပြီး သေးငယ်သော စတုရန်းပုံ တုံး လေးကဲ့သို့ ဖြစ်ကာ နှစ်စင်တီမီတာ သို့မဟု တ် သုံးစင်တီမီတာခန့် ထူပေသည်။ဒါက လျူယောင် အရင်က တွေ့ခဲ့တဲ့ ဘထ္ထရီနှင့် အတူတူပင် ဖြစ်၏။
ဒီဟာက ဂြိုလ်သားများအတွက် အရံ ဘထ္ထ ရီ ဖြစ်နိုင်သည်။ သူတို့ ဒါကို ဒီသေတ္တာထဲ တွင် ထည့်ထားတာက အရေးပေါ်အခြေ အ နေအတွက် အသုံးပြုဖို့ ဖြစ်နိုင်လောက် သည်။
နောက်ထပ် သေတ္တာကြီးသုံးလုံးလည်း ရှိနေ ၏။
ပြန်လာသည့်လမ်းတွင် လျူယောင် ကြည့် ပြီးပြီပဲ ဖြစ်သည်။ သူ အံ့အားသင့်မှု့ထဲတွင် နစ်မြုပ်နေဆဲဖြစ်သည်။
ဒီသေတ္တာကြီးသုံးလုံးထဲတွင် ပါဝါရင်း မြစ် များ မဟုတ်ဘဲ လျူယောင် လုံးဝနားမလည် နိုင်သည့် အရာများ ဖြစ်နေသည်။
သေတ္တာများထဲမှ တစ်လုံးကို လျူယောင် ကောက် ယူပြီး စားပွဲကြီးပေါ်တွင် တင်ပြီး ဖွင့်လိုက်ရာ အတွင်းဘက်ရှိ အရာများကို သူ ထပ်မံ မြင်လိုက်ရသည်။
အထဲတွင် ပစ္စည်းများစွာ ရှိနေသည်။ အချို့ က လက်ဖဝါးတစ်ဝက်ခန့် အရွယ်အစားရှိ ပေသည်။ အချို့ကမူ လက်သည်းခွံ အရွယ် အစားသာ ရှိပြီး အကြီးဆုံးက လက်ဖဝါး အရွယ်အစားထက်ပင် သေးငယ်နေသည်။
မည်သို့ပင်ဆိုစေ လျူယောင် ဒါကို နားမလ ည်နိုင်ပေ။ ဒါက ဘာဖြစ်နိုင်မလဲဆိုတာကို သူ မသိပေ။အခု အချိန်အကြာကြီး ကြည့် ပြီးနောက်မှာလည်း သူ ဒါကို ဘာလဲဆိုတာ နားမလည် နိုင် သေးပေ။
အခြားသေတ္တာနှစ်လုံးတွင်လည်း အလားတူ ပင်ဖြစ်၏။ ထိုကဲ့သို့ ပါးလွှာသည့် အချပ် တွေက ဘက်ထရီအပိုင်းအစများ ဖြစ်လော က်သည်။
ဒါကို စိတ်ဝင်တစားဖြင့် အချိန်အကြာကြီး သူ ကြည့်ပြီးနောက် ထိုအရာအားလုံးကို မီးခံသေတ္တာထဲသို့ ထည့်ကာ လျူယောင် သော့ခတ်လိုက်သည်။
ဒီနေ့ အနည်းငယ် နောက်ကျသွားတာကြောင့် မနက်ဖြန်ကျမှ ဟူနမ်နှင့် နန်ဇေထောင်တို့ကို လှမ်းခေါ်ကာ ဘထ္ထရီအားလုံးကို ပေးလိုက် မယ်လို့ လျူယောင် စိတ်ထဲကနေ တွေးလို က်မိသည်။ ဒီတစ်ကြိမ် ရိတ်သိမ်းမှု့က အမှန် တကယ် ကြီးမားလှသည်။
ဘထ္ထရီများစွာ သူ ရခဲ့သည်။ ဒီ တစ်ကြိမ် ခရီး သွားတာက သွားရကျိုးနပ် ပေသည်။ ဒါ့အပြင်အချပ်များစွာလည်း ရှိနေသည်။ ထိုအရာများရဲ့တန်ဖိုးက ဒီဘထ္ထရီတွေထက် ပိုမြင့်ရမယ်လို့ လျူယောင် ထင်မိသည်။
......
Universal သုတေသနစင်တာ..
ဟူနမ်တို့နည်းပညာအဖွဲ့က ဂရာဖင်း-အလူမီ နီယမ် ဘက်ထရီများကို တီထွင်နေကြသည်။ လျူယောင်က ဒီစီမံကိန်းကို ခွင့်ပြုပြီးနောက် သူတို့က ဆယ်ရက်ကျော်ကြာ အလုပ်လုပ် နေ တာ ဖြစ်ကာ တိုးတက်မှု့က အလွန်ချော မွေ့ခဲ့သည်။
အတိတ်က သူ့ကို ဒုက္ခပေးခဲ့သည့် နည်းပည ာဆိုင်ရာ ပြဿနာ အချို့ကို ယခုအခါ ဖြေ ရှင်းနိုင်ပြီပဲ ဖြစ်သည်။ ဒီလုပ်ငန်းစဥ်က တစ် လျှောက်လုံးက ဓားနဲ့ ဝါးကို ဖြတ်တောက် နေသကဲ့သို့ ဖြစ်နေသည်။
သူ့ရဲ့ နည်းပညာအဖွဲ့ဝင်များကလည်း စနစ် တကျ သုတေသနများ လုပ်ဆောင်နေ ကြ သည်။ ဟူနမ်ကိုယ်တိုင် ဂရာဖင်း-အလူမီနီ ယမ် ဘထ္ထရီများနှင့် ပတ်သက်သည့် စာ တမ်း တစ်စောင်ကို ရေးသားနေသည်။ မူပိုင် ခွင့်အချို့ကို လျှောက်ထားရန် နဲ့ သူ ကိုယ် တိုင် မေးခွန်းများ မေးမြန်းရန်ပဲ ဖြစ်သည်။
"ဒုန်း. ဒုန်း..ဒုန်း.."
ထိုအချိန် တံခါးခေါက်သံကို ဟူနမ် ကြားလို က်ရသည်။ နန်ဇေထောင်က မျက်နှာပေါ်တွင် ခါးသီးသော အမူအရာဖြင့် တံခါးကို တွန်း ဖွင့်ကာ ဝင်လာသည်။
ဟူနမ်က ချက်ချင်းပဲ အဘိုးကြီးနန် ဘာကိစ္စ လဲဟု မေးလိုက်သည်။
နန်ဇေထောင်က ထုံမိူင်းစွာ ပြန်ဖြေလိုက်၏။
"ကျွန်တော်တို့ သုတေသနအတွက် ဘထ္ထရီ န မူနာတစ်ခုပဲရှိတယ်ဗျာ.. ပုံမှန်အခြေအနေ ထက် လိုအပ်မူ့ အလွန်များပြား နေတယ်.. အခုပဲ အောက်က နည်းပညာအဖွဲ့ ခေါင်း ဆောင်နှစ်ယောက်က အစိတ်အပိုင်းတစ် ခုအတွက် ရန်ဖြစ်နေကြတယ်.. "
ဟူနမ်က ချက်ခြင်းပဲ ပြုံးလိုက်သည်။
ဒီလိုကိစ္စမျိုးက အသစ်အဆန်း မဟုတ်ပေ။ ဒါက အချိန်တိုင်း ဖြစ်တတ်၏။ သူလည်းအ လားတူအရာများကို ကိုယ်တိုင် ကိုင်တွယ် ဖြေရှင်းခဲ့ဖူးသည်။
မထင်မှတ်ဘဲ ဒီလို ကိစ္စမျိုး ထပ်ဖြစ်လာ ပြန် ပြီလေ။