← Chapters

အသန်မာဆုံး လူများ

Vol. 31 Ch. 401

အသန်မာဆုံး လူများ

Vol. 31 Ch. 401

လုံခြုံရေးအစောင့်များရဲ့ ဦးဆောင်မှု့ အော က်တွင် သူတို့က Universal ရုံးချုပ် တည် ရှိရာ ၉၁ လွှာသို့ ဓါတ်လှေကား နှစ်ခုမှ တစ် ဆင့် တက်လာကြသည်။

ထိုအထပ်ကို ရောက်ပြီးနောက် ကြိုတင် ပြင် ဆင်ထားတဲ့ အစည်းအဝေးခန်း၌ နေရာချ ပေးထားသည်။သူတို့အားလုံးရဲ့ မျက်နှာတွင် တည်ငြိမ်နေပေမဲ့ စိတ်ထဲမှာတော့ အနည်း ငယ် စိတ်လှုပ်ရှားနေကြသည်။

သူတို့အားလုံးက ဝံပုလွေကြေးစားအဖွဲ့ဝင် များဖြစ်ပြီး မျိုးရိုးဗီဇပြောင်းဆေးကို သော က်သုံးထားပြီးသား ဖြစ်၏။ သူတို့ရဲ့ စွမ်းရ ည် များက သာမန်အထူးတပ်ဖွဲ့များထက် များစွာအားကောင်းပြီး ခွန်အား၊ ခန္ဓာကိုယ်နဲ့ သွက်လက်မှု့ တစ်ခုစီအတွက် စွမ်းရည်အ မှတ် ၁၀၀ စီ လျူယောင် ပေးထားခဲ့သည်။

အခုလည်း ဒီလူတွေက မျိုးရိုးဗီဇပြောင်း ဆေးကို ထပ်မံသောက်သုံးရတော့မည်ဖြစ် ပြီး ထိုဆေးက အဆင့်မြှင့်တင်ထားတဲ့ အ မျိုးအစားပဲ ဖြစ်သည်။

ဘယ်လိုလုပ် စိတ်မလူပ်ရှားပဲ နေနိုင်မည်န ည်း။

မျိုးရိုးဗီဇပြောင်းဆေးများရဲ့ အာနိသင်ကို သူတို့က နက်နက်ရှိုင်းရှိုင်း နားလည်ထားတာ ကြောင့်ပဲ ဖြစ်၏။

သာမန်မျိုးရိုးဗီဇပြောင်းဆေးကို သောက်သုံး ရုံဖြင့် ကြေးစားများထဲမှ ကြေးစားဘုရင် အ ဖြစ်ကို သူတို့ ပြောင်းလဲလာကြသည်။ ခွန့် အား၊ ခံနိုင်ရည်စွမ်းဒါမှမဟုတ် တုံ့ပြန်မှု့ အရှိ န်တို့ မည်သို့ပင်ဖြစ်စေ ပြည့်ပြည့်ဝဝ တိုး တ က် လာကာ သာမန်အထူးတပ်ဖွဲ့များကို တိုက် ရိုက်ချေမှုန်းနိုင်ပေသည်။

လျူယောင် မရောက်လာမီ လူ ၂၀ မှ ၃၀ ခန့် က ထိုအစည်းအဝေးခန်းထဲတွင် ထိုင်နေကြ ပြီး အချင်းချင်း စကားပြောနေကြသည်။

“ကျွန်တော် အရမ်းပျော်တယ်ဗျာ ဒါက...အ ဆင့်မြှင့်ထားတဲ့ မျိုးရိုးဗီဇပြောင်းဆေးလေ”

“ ခေါင်းဆောင်က ငါတို့အပေါ် အရမ်းကြင် နာတာပဲ ငါ့ ခေါင်းဆောင်ကို အသက်စွန့်ပြီး သစ္စာရှိမယ်လို့ ကျိန်ရဲ့တယ်.."

“ငါ ပြန်ရောက်ရင် တစ်ယောက်တည်းနဲ့ ဆယ်ယောက်ကို ထိုးနိုင်ပြီပဲ...ဟားဟား… အရမ်းမိုက်တာပဲကွာ..”

အစည်းအဝေးခန်းထဲတွင် ပျော်ရွှင်ကာ ဆူ ညံနေကြသည်။ လူတိုင်းက ပျော်ရွှင်နေပြီး စိတ်လှုပ်ရှားနေပုံရသည်။

ခဏအကြာတွင် အပြင်ဘက်၌ ခြေသံများ ထွက်ပေါ်လာပြီး လျူယောင် တံခါးဖွင့်ကာ ဝင်လာခဲ့သည်။ သူ့နောက်မှ ချန်းဟူ တစ် ယောက်တည်း ပါလာပြီး တခြားဘယ်သူ့မှ မပါတော့ပေ။

ဆူညံ သက်ဝင်လှုပ်ရှားနေတဲ့ အစည်းအဝေး ခန်းထဲတွင် လျင်မြန်စွာ တိတ်ဆိတ်သွား၏။ လူတိုင်းက မတ်မတ်ထိုင်ပြီးလျူယောင်ကို ကြည့်နေကြသည်။

လျူယောင် ဝင်လာပြီး လူတိုင်းကို တစ်ချက် ကြည့်လိုက်ကာ ကျေနပ်စွာ ခေါင်းညိတ်ပြ၍ အသံကျယ်ကျယ်ဖြင့် ချီးကျူးလိုက်သည်။

“Universal ကနေ ကြိုဆိုပါတယ်ကွာ..မင်း တို့ အရှေ့အလယ်ပိုင်းမှာ လုပ်ဆောင်တာ တွေ အားလုံးကို ငါသိတယ်... မင်းတို့ အရမ်း တော်ပါတယ်”

လူတိုင်းကို ချီးကျူးစကားနှင့် အားပေးစ ကားများ ပြောပြီးနောက် လျူယောင် အချ က်ပြလိုက်ရာ ချန်းဟူက သေတ္တာတစ်လုံးကို ဖွင့်လိုက်သည်။အထဲတွင် အဝါဖျော့ရောင် ဖ န်ပုလင်းငယ်လေးများ ရှိနေသည်။

လူတိုင်းက တစ်စုံတစ်ခုကို သိရှိသွားပုံပေါ် ရ ကာ တစ်ယောက်စီတိုင်းက အရမ်း စိတ်လှုပ် ရှားသွားကြသည်။

ဒီအဆင့်မြှင့်ထားတဲ့ မျိုးရိုးဗီဇပြောင်းဆေး ကို သောက်ရုံနဲ့ သူတို့က အသန်မာဆုံး ယော က်ျားလေးများ ဖြစ်လာမှာဖြစ်ပြီး ခန္ဓာကိုယ် ကြံ့ခိုင်မှု့လည်း တိုးတက်လာကာ စူပါလူသား လို ဖြစ်လာတော့မည်လေ။

လျူယောင်က စာရင်းတစ်ခုကို ထုတ်ယူလို က်၏။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျိန့် ကန်း ပြန်ရောက်လာပြီး ဟွာဟိုင်း မြို့တွင် ရက်အနည်းငယ်နေခဲ့သည်။

လျူယောင်ကို ကိစ္စရပ် များအားလုံး အစီ ရင်ခံခဲ့ရုံသာမက ဒီစာရင်းစာရွက်ကိုပါ ပေး ခဲ့သည်။

လျူယောင် စာရွက်ကို ကြည့်ကာ နာမည် များကို ခေါ်လိုက်သည်။ နာမည်တစ်ကြိမ် ခေါ်လိုက်တိုင်း လူတစ်ယောက်က အဆင့်မြှ င့်ထားတဲ့ မျိုးရိုးဗီဇပြောင်းဆေးကို လက်ခံ ယူရန် လျှောက်လာကြသည်။

ပထမဆုံး နာမည်ခေါ်ခံရသူက ခန္ဓာကိုယ် ကြံ့ခိုင်တဲ့ လူမည်းတစ်ယောက် ဖြစ်၏။ သူ ရှေ့ကို လျှောက်လာပြီး ပထမဆုံး မတ်တပ် ရပ်ကာ လျူယောင်အား အလေးပြုပြီး နော က် အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် အဆင့် မြှင့်ထားတဲ့ မျိုးရိုးဗီဇပြောင်းဆေးပုလင်းကို ယူလိုက်သည်။

လူတိုင်းရဲ့ အကြည့်များအောက်တွင် ထိုလူ ကအဝါရောင်ပုလင်းငယ်လေးကို ဖွင့်ကာ အတွင်းမှ အရည်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

အိမ်မွေးတိရိစ္ဆာန်ချပ်ပြားကို လျူယောင် ဖွင့်ပြီး ဒီလူမည်းကြီးကို ခွန်အား၊ ခန္ဓာကိုယ်နဲ့ သွက်လက်မှု့တို့အတွက် စွမ်းရည်အမှတ် ၂၀၀ စီ ပေါင်းထည့် ပေးလိုက်သည်။

ဒီလိုနဲ့ ထိုလူက နှစ်ကြိမ်ပေးခံရပြီးနောက် စု စုပေါင်း စွမ်းရည်အမှတ် ၃၀၀ ရရှိခဲ့ပြီး သူ့ရဲ့ ခွန်အား၊ ခန္ဓာကိုယ်နဲ့ သွက်လက်မှု့ တို့ က အမှတ် ၄၀၀ ဝန်းကျင်ခန့် ရှိလောက်မည်။

ဒီလိုမျိုး စွမ်းရည်မျိုးနဲ့အတူ ဒီစူပါလူသား များက ကမ္ဘာပေါ်ရှိ မည်သည့်အထူး တပ်ဖွဲ့ များထက်မဆို ပိုပြီးအစွမ်းထက်ပေသည်။

သူ့တို့ကို သာမန်အထူးတပ်ဖွဲ့ဝင်များအကြား ထားလိုက်ပါက မည်သူမှမနိုင်ပေ။ ဒီလူတစ် ယောက်တည်းနဲ့ ဆယ်ယောက်လောက်ကို တိုက်ခိုက်ရာတွင် လည်း ပြဿနာမရှိပေ။

သာမန်စစ်သားအုပ်စုနဲ့ ရင်ဆိုင်ရပါက ကျား တစ်ကောင်က သိုးအုပ်တစ်အုပ်နဲ ရင်ဆိုင်ရ သလိုဖြစ်နေ ပေလိမ့်မည်။

လျူယောင်ရဲ့အစီအစဉ်က အလွန် ရိုးရှင်း လှသည်။ ဝံပုလွေကြေးစားများကို သူ့ရဲ့ ကို ယ်ပိုင် လက်နက်ကိုင်တပ်ဖွဲ့အဖြစ် တည် ဆောက်ပြီးကမ္ဘာပေါ်တွင် အစွမ်းအထက်ဆုံး ကြေးစားအဖွဲ့အစည်းအဖြစ် တည်ဆောက် ရန်ပဲ ဖြစ်သည်။

အမှန်ပါပဲ ဒီလူတွေက လျူယောင့်ရဲ့ ကိုယ်ပိုင် ကြေးစားအဖွဲ့အစည်းပဲ ဖြစ်၏။

လျူယောင်ကိုယ်တိုင်သာမက အခြား အဖွဲ့ အစည်းများ၊ နိုင်ငံတော်ကပင် တန်ဖိုးပေး နိုင်သရွေ့ လျူယောင် သဘောတူသရွေ့ သူ တို့အတွက် အလုပ်များ လုပ်ဆောင်ရန် ဒီဝံ ပုလွေကြေးစားများကို လုပ်ပိုင် ခွင့်ပေးနိုင် ပေသည်။

ပထမ...တစ်ယောက်

ဒုတိယ..

တတိယ...တစ်ယောက်

ဒီတစ်ကြိမ်တွင် စုစုပေါင်း လူ ၂၇ ယောက် ရောက်လာခဲ့သည်။ အားလုံးက သာမန် မျိုး ရိုး ဗီဇပြောင်းဆေးကို သောက်သုံး ထား ပြီးသားဖြစ်သည်။ အခုတော့ ဒုတိယအကြိမ် အဆင့်မြင့်ထားတဲ့ မျိုးရိုးဗီဇပြောင်း ဆေး ကို သူတို့ သောက်ခြင်းဖြစ်သည်။

စုစုပေါင်း လူ ၂၂ ယောက်က အဝါရောင်ပု လင်းငယ်လေးကို ယူသွားကြသည်။

လူ ၂၂ ယောက် သောက်ပြီးနောက် ချန်းဟူ က အဝါရောင်ပုလင်းငယ်လေးများပါတဲ့ သေတ္တာကို ပိတ်လိုက်သည်။ သေတ္တာ အတွ င်း၌ အဝါရောင်ပုလင်းငယ်လေးများ အချို့ ကျန်နေတာကို လူတိုင်း သတိထားမိ ကြ သည်။

မျိုးရိုးဗီဇပြောင်းဆေးကို မသောက်ရသေး သူ ၅ ယောက်ကျန်နေပြီး လျူယောင် သ ဘောတူပြီးမှသာ ဒီလူတွေ သောက်ရမှာပဲ ဖြစ်သည်။

လျူယောင်လည်း ဒီကိစ္စကို မေ့သွားပုံရ သ ည်။ အဖွဲ့ဝင် ၂၂ ယောက် ဆေးသောက် ပြီး နောက် သူ လူတိုင်းကို စကားစတင်ပြော ဆိုလိုက်သည်။

အံ့သြစရာကောင်းသည်မှာ အဆင့်မြှင့်ထား တဲ့ မျိုးရိုးဗီဇပြောင်းဆေးကို မသောက်ရ သေးသော လူ ၅ ယောက်ရဲ့ မျက်နှာတွင် မ ကျေနပ်မှု့တစ်စုံတစ်ရာ မပြကြဘဲ အလွန် တည်ငြိမ်နေကြသည်။

သူတို့တစ်ဦးစီကို စွမ်းရည် အမှတ် ၁၀၀ စီ ပေးခံထားရတာကြောင့် လျူယောင်အပေါ် အလွန်သစ္စာရှိကြတာက သဘာဝကျ လှ သ ည်။ လျူယောင်လုပ်တဲ့ ဘယ်လိုအရာအတွ က်မဆို မကျေနပ်မှု့ကို မပြကြပေ။

သူတို့ရဲ့ တုံ့ပြန်မှု့များကို လျူယောင် ကျေ နပ်စွာ ကြည့်လိုက်သည်။

ဒီလူ ၅ ယောက်ကို သူ မမေ့ပေ။

လျူယောင်စကားများ ပြောပြီးနောက် အချ က်ပြလိုက်ရာ လူတိုင်းရဲ့ အကြည့်များ အော က်တွင် ချန်းဟူက အခြားသေတ္တာတစ်လုံးကို ဖွင့်လိုက်ချိန်တွင် အဝါရောင်ပုလင်းငယ် လေးများ တစ်လုံးစီ ရှိနေသည်။

ထိုဆေး အရောင်က အလွန်ရင့်နေသည်။ ခုန က အဝါရောင်ဖျော့ဖျော့ဖြစ်ပြီး အခု တော့ အဝါရောင်ရင့်ရင့်ပဲ ဖြစ်၏။

လူတိုင်းကို ကြည့်ပြီး လျူယောင် ရှင်းပြ လို က်သည်။

“အဆင့်မြှင့်တင်ထားတဲ့ မျိုးရိုးဗီဇပြောင်း ဆေးမှာ သာမန်အဆင့်မြှင့်ထားတဲ့ အမျိုး အစားနဲ့ အထူးအဆင့်မြှင့်ထားတဲ့ အမျိုး အစားဆိုပြီး နှစ်မျိုး ခွဲထားတယ်... ခုနက လူတိုင်းက သာမန်အဆင့်မြှင့်ထားတဲ့ အ မျိုးအစားကို သောက်သွားကြတယ်...”

“ဘာ..ဒါက..အထူးအဆင့်မြှင့်ထားတဲ့ အမျိုး အစားလား....”

“ဒါကို.... သောက်လိုက်ရင် ...ကောင်းကင်ကို တောင်ဆန့်ကျင်တဲ့ သူ ဖြစ်သွားမှာ မဟုတ် လား....”

လူအချို့က သူတို့ရဲ့ စိတ်လှုပ်ရှားမှု့ကို မထိ န်းနိုင်ကြတော့ပေ။ အထူးသဖြင့် မျိုးရိုးဗီဇ ပြောင်းဆေးကို မသောက်ရသေးသော ဝံပု လွေ ကြေးစားအဖွဲ့ဝင် ၅ ယောက်ပဲ ဖြစ်သ ည်။

“ငါတို့က အထူးအဆင့်မြှင့်ထားတဲ့ မျိုးရိုးဗီဇ ပြောင်းဆေးကို သောက်ရမှာလား...”

ဒီအတွေး သူတို့စိတ်ထဲ ပေါ်လာတာနဲ့ သူတို့ အားလုံး အံ့အားသင့်သွားကြသည်။ ထို့နေ ာက် သူတို့ စိတ်ထဲတွင် မထိန်းချုပ်နိုင်ဘဲ စိတ်လှုပ်ရှားလာကြသည်။

"ဒါ..အမှန်ပါပဲ... "

လျူယောင် အသံကျယ်ကျယ်နဲ့ ခေါင်းညိတ် ကာ ပြောလိုက်၏။

“ခုနက မျိုးရိုးဗီဇပြောင်းဆေး မသောက်ရ သေးတဲ့ အဖွဲ့ဝင် ၅ ယောက် ကျန်သေး တ ယ်...သူတို့ လုပ်ဆောင်ချက်က အရမ်းကော င်းတယ်..အားလုံးကလည်း...အဖွဲ့ခေါင်းဆောာင်တွေပဲ.. ဒါကြောင့် အထူးအဆင့်မြှင့် တ င်ထားတဲ့ မျိုးရိုးဗီဇပြောင်းဆေးကို သူတို့ သောက်ရမယ်..သာမန်အဖွဲ့ဝင်တွေထက် မင်းတို့က ပိုအစွမ်းထက်ရမယ်..”

"ဘုန်း..."

အစည်းအဝေးခန်းထဲတွင် သက်ဝင်လှုပ်ရှား လာခဲ့ပြီး လူတိုင်းက သူတို့ ၅ ယောက်ကို မနာလိုစွာ ကြည့်လိုက်ကြသည်။

လျူယောင် လက်ကိုမြှောက်၍ ဖိချလိုက်ရာ အစည်းအဝေးခန်းက လျင်မြန်စွာ တိတ်ဆိ တ်သွားပြီး လျူယောင် နာမည်ကို စခေါ်လို က် သည်။

ပထမဆုံး နာမည်ခေါ်ခံရသူက အမျိုးသမီး တစ်ဦးပဲဖြစ်၏။သူမက ဝံပုလွေကြေးစား အဖွဲ့ရဲ့ တစ်ဦးတည်းသော အမျိုးသမီး အဖွဲ့ ခေါင်းဆောင်လည်းဖြစ်သည်။ သာမန် အ ရှေ့တိုင်းသားမျက်နှာပေါက်ရှိပြီး အလွန် အရည်အချင်းရှိပေသည်။

အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် သူမက အ ထူးအဆင့်မြှင့်တင်ထားတဲ့ မျိုးရိုးဗီဇပြောင် းဆေးပုလင်းကို ယူလိုက်သည်။ပြီးနောက် မတ်တပ်ရပ်၍ အလေးပြုကာ ပုလင်းအဖုံး ကို ဖွင့်ကာ တစ်ကျိုက်တည်း မော့သောက် လိုက်၏။

သူမကို စွမ်းရည်အမှတ် ၄၀၀ စီ လျူယောင် ပေါင်းထည့်ပေးလိုက်သည်။ အရင်က စွမ်းရ ည်များနဲ့ပေါင်းလျှင် စုစုပေါင်း စွမ်းရည် အ မှတ် ၅၀၀ စီ ရရှိသွားသည် ။သူမကိုယ်တိုင် ကလည်း စွမ်းရည်အမှတ် ၁၀၀ စီ ရှိသည်။ အခုဆို သူမရဲ့ ခွန်အား၊ ခန္ဓာကိုယ်နဲ့ သွက်လ က်မှု့တို့တွင် စွမ်းရည်အမှတ် ၆၀၀ မှတ်နီးပါး ရှိပေသည်။

စုစုပေါင်း လူ ၅ ယောက်ရှိ၏။အားလုံးက အ ဆင့်မြှင့်တင်ထားတဲ့ မျိုးရိုးဗီဇပြောင်း ဆေး ကို သောက်လိုက်ပြီးနောက် ဒီလူတွေကို စွမ် းရည်အမှတ် ၄၀၀ စီ လျူယောင် ပေါင်းထ ည့်ပေးလိုက်သည်။

All Chapters