← Chapters

ကံဆိုးခြင်း

Vol. 31 Ch. 402

ကံဆိုးခြင်း

Vol. 31 Ch. 402

ဒီနည်းလမ်းနဲ့ ဝံပုလွေကြေးစားတစ်ဖွဲ့လုံးကို အဆင့်ဆင့်ဖွဲ့စည်းထားပေသည်။

အနိမ့်ဆုံးအဆင့်မှာ ဝံပုလွေကြေးစားအဖွဲ့ကို အသစ်ဝင်ရောက်လာသူများဖြစ်ပြီး စွမ်း ရည် အမှတ်မပေးထားတဲ့ သာမန်လူများ ဖြစ်၏။

နောက်တစ်ဆင့်တွင် စွမ်းရည် အမှတ် ၁၀၀ စီ ပေးထားတဲ့ လူများဖြစ်ကြပြီး ဒီလူများ က ကြေးစားဘုရင်များပဲ ဖြစ်သည်။

နောက်တစ်ဆင့်တွင်မူ သာမန် အဆင့်မြှင့်တ င်ထားတဲ့ မျိုးရိုးဗီဇပြောင်းဆေးကို သောက် သုံးထားတဲ့ အဖွဲ့ဝင်များရှိပြီး သူတို့အား စွမ်းရည်အမှတ် ၃၀၀ စီ ပေးထားသည်။

နောက်တစ်ဆင့်တွင်မူကား အထူးအဆင့် မြှင့်တင်ထားသော မျိုးရိုးဗီဇပြောင်းဆေးကို သောက်သုံးထားတဲ့ လူများဖြစ်ကြပြီး သူ တို့အား စွမ်းရည် ၅၀၀ စီ လျူယောင် ပေး ထားသည်။

ယာယီအားဖြင့် စုစုပေါင်း အဆင့် ၄ ဆင့်ရှိ ပေသည်။ ကျိန့်ကန်းနဲ့ ဟီချန်းတို့ ပါဝင်ပါက အဆင့် ၅ ဆင့်ဖြစ်သွားပေလိမ့်မည်။ သေ ချာသည်မှာ ဒီနှစ်ယောက်က ပိုပြီး‌တော့ အ စွမ်းထက်ပေသည်။

စုစုပေါင်း ကြေးစားအဖွဲ့ဝင် ၂၇ ယောက်က မျိုးရိုးဗီဇဆေးကို သောက်သုံးခဲ့ကြပြီး သူ တို့ထဲမှ ၂၂ ယောက်မှာ သာမန်အဆင့်မြှင့် တင်ထားသော အမျိုးအစားကို သောက်သုံး ခဲ့ပြီး ကျန် ၅ ယောက်က အထူးအဆင့်မြှင့် တင်ထားသော အမျိုးအစားကို သောက်သုံး ခဲ့ကြသည်။

သူတို့က ပျော်ရွှင်စွာနဲ့ Universal အဆောက် အအုံမှ ထွက်ခွာလာကြပြီး ထိုနေ့၌ပင် ဟွား ဟိုင် မြို့ကနေ ဒူဘိုင်းသို့ လေယာဉ်ဖြင့် ပြန် သွားကြမှာပဲ ဖြစ်သည်။ ထိုမှတဆင့် နိုင်ငံ A ၏ မြို့တော် လေဆိပ်သို့ ပြန်သွားကြမည်။

ဟွာဟိုင်း မြို့မှ ဒူဘိုင်းသို့ အရာရာတိုင်းက ချောမွေ့သော်လည်း ဒူဘိုင်းမှ နိုင်ငံA ၏ မြို့ တော်လေဆိပ်သို့မူ သိပ်ပြီး ချောမွေ့မနေ ပေ။

ဘာကြောင့်လဲဆိုတော့ လေယာဉ်ပေါ်တွင် စိတ်ဝင်စားစရာကောင်းသည့် အဖြစ်အပျ က်တစ်ခု ဖြစ်ပွားခဲ့သည်။

လူတိုင်း လေယာဉ်ပေါ်ရောက်ပြီးနောက် လေ ယာဉ်ပျံတက်ပြီး နာရီဝက်ပင် မပြည့်မှီ လူ တစ်ယောက်က သူ့ထိုင်ခုံမှ ထရပ်လိုက်သ ည်။

အခြားခရီးသည်များက ဒီလူ အိမ်သာသို့ သွားမည်ဟု ထင်ကြသော်လည်း ပစ္စတို တစ်လက်ကို ဒီလူက ထုတ်ယူလိုက်သည်။

ဒီပစ္စတို ဘယ်လို ရောက်လာတာကိုတော့ ဘ ယ်သူမှ မသိကြပေ။ ဘယ်လိုရတာပဲဖြစ်စေ ဒီလူက ပစ္စတိုတစ်လက်ကို ထုတ်လိုက်ပြီး လေယာဉ်ပေါ်ရှိ ခရီးသည်များကို ချိန်ရွယ် ကာ အသံကျယ်ကျယ်နဲ့ အော်လိုက်သည်။

“မလှုပ်ကြနဲ့.. ငါတို့.. လေယာဉ်ပြန်ပေးဆွဲ နေတာ....မသေချင်ရင်....ညိမ်ညိမ်နေကြ...”

သေနတ်ပြောင်းမည်းကြီးကို မြင်လိုက်တဲ့ အခါနှင့် ရက်စက်ကြမ်းကြုတ်သော ဒီလူကို မြင်သောအခါ လူများစွာ၏ မျက်နှာများက ပြောင်းလဲသွားသည်။ အမျိုးသမီးအချို့က အော်ဟစ်ကြပြီး ငိုယိုကာ ရှုပ်ထွေးသွားကြ သည်။

လူများစွာ စိတ်ပျက်အားငယ်ရသည်မှာ ဒီလူ့ ဘက်တွင် အပေါင်းအပါများရှိနေခြင်းကြော င့်ပဲ ဖြစ်သည်။ သူတို့ထဲမှ လေးယောက်မှာ အခြားထိုင်ခုံများမှ တစ်ယောက်ပြီးတစ် ယောက် ထရပ်လာကြပြီး စုစုပေါင်း ငါး ယောက်ရှိ၏။

ဒါက ကြိုတင်ကြံစည်ထား၍ စီစဉ်ထား သည့် လေယာဉ်ပြန်ပေးဆွဲမှု့ ဖြစ်နိုင်သည်။

လူ ၅ ယောက်ထဲမှ ၃ ယောက်မှာ ပစ္စတို များကို ကိုင်ထားကြပြီး ကျန် ၂ ယောက်က ဓားမြှောင်များကို ကိုင်ထားကြသည်။

“မလှုပ်ကြနဲ့....ရိုးရိုးသားသားနေကြ...”

" အား.. ကျွန်..ကျွန်မ ကြောက်တယ်.. "

အမျိုးသမီးတစ်ယောက် အော်ဟစ်တာကို မြင်သောအခါ ဒီလူတွေထဲမှတစ်ယောက်က အ မျိုးသမီးကို ပစ္စတိုဖြင့် ချိန်လိုက်သည်။ ထိုခဏ၌ပင် အမျိုးသမီးမှာ တည်ငြိမ်သွား သော်လည်း သူမ မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်နေပြီး တုန်ယင်နေသည်။

အခြေခံ ထိန်းချုပ်မူ့က ထိန်းမနိုင်သိမ်း မနိုင် ဖြစ်လာတာကို မြင်တဲ့အခါ ဦးဆောင် နေ သော အလယ်အလတ်အရွယ်လူက အသံ ကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

“အားလုံး...မင်းတို့ ရိုးရိုးသားသား.... ပူး ပေါင်းဆောင်ရွက်မယ်လို့..... ငါ မျှော်လင့် တယ်....မဟုတ်ရင်....ငါတို့ ရိုင်းစိုင်း ရလိမ့် မယ်”

ထိုလူက ပြောပြီးနောက် လေယာဉ်မှူးခန်း ထဲရှိ လေယာဉ်မှူးနှစ်ဦးကို ထိန်းချုပ်ရန် သူ့ လူများထဲမှတစ်ယောက်ကို အချက်ပြလိုက် သည်။

လေယာဉ်မှုုးရဲ့ မျက်နှာက သေနတ်ဒဏ်ရာ ကြောင့် အနည်းငယ် ဖြူဖတ်ဖြူရော် ဖြစ် နေပြီး သေလုနီးပါး ကြောက်ရွံ့နေသည်မှာ သိသာလှသည်။

လူအချို့ အထူးသဖြင့် အမျိုးသမီးအချို့က စိတ်ပျက်အားငယ်စွာဖြင့် တိတ်တိတ်လေး ငိုကြွေးနေကြပြီး လေယာဉ်ပြန်ပေးဆွဲ ခံရ မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။

ဒီအချိန်တွင် အသံတစ်သံထွက်ပေါ် လာ သည်။

“ဆရာ... ဒီလေယာဉ်ကို ပြန်ပေးဆွဲဖို့… .သေချာပြီလား....”

ခေါင်းဆောင်က ကြည့်လိုက်ရာ စကား ပြော သူက ခန္ဓာကိုယ်ကြံ့ခိုင်သော လူဖြူတစ် ယောက်ဖြစ်နေတာကို တွေ့လိုက်ရသည်။ ဒီလူက သူ အလွယ်တကူ ကိုင်တွယ်ရမည့်သူ ဟုတ်ပုံ မရပေ။

ဒါပေမဲ့လည်း သူ မကြောက်ပေ။ သူတို့ဘက် တွင် ၅ ယောက်ရှိပြီး လက်ထဲတွင် လက်န က်များလည်း ရှိနေသည်လေ။

သူ သေနတ်ဖြင့် ချိန်ရွယ်ကာ ထိုလူဖြူကို ပြတ်ပြတ်သားသား သတိပေးလိုက်သည်။

“တိတ်တိတ်နေ...မဟုတ်ရင်..မင်း..ခေါင်းကို တစ်ချက်တည်းနဲ့ ...ဖောက်ပစ်လိုက်မယ်...”

အခြားခရီးသည်များက ဒီလူဖြူအတွက် ချွေးများပြန်နေကြပြီး ကြောက်တတ်သော ခရီးသည်အချို့က မျက်လုံးများကို မှိတ် လိုက်ပြီး စိတ်ထဲမှ တွေးလိုက်ကြသည်။

“ပြီးပြီ... ဒီလူ... ပြီးပြီပဲ”

"ဒီလူက သေချင်နေလို့ လား..."

လူဖြူကတော့ တည်ငြိမ်နေပုံရပြီး သူ့ကို ချိန် ရွယ်ထားတာက ပစ္စတိုမဟုတ်ဘဲ ကစားစရာ တစ်ခုလိုပင်။

ခေါင်းဆောင်ဓားပြက သေနတ်နဲ့ ပစ်တော့မှ ာဖြစ်သော်လည်း မပစ်ရသေးခင် သူ့ရဲ့ လက် ကောက်ဝတ်မှ ပြင်းထန်သော နာကျင် မှုကို ခံစားလိုက်ရသည်။သူ့ရဲ့ လက်ကောက် ဝတ်က အလယ်မှ ပြတ်သွားသလိုပင်။

"ဖြန်း..."

သူ့လက်ထဲမှ သေနတ်ကို မကိုင်ထားနိုင် တော့ဘဲ ကြမ်းပြင်ပေါ်ကို ရုတ်တရက် ပြုတ် ကျသွားသည်။ ထို့နောက် ခြေထောက် တစ် ဖက် ဆန့်ထွက်လာပြီး ပစ္စတိုကို အနည်းဆုံး နှစ်မီတာ သုံးမီတာအကွာသို့ ကန်ထုတ်လိုက် သည်။

ဓားပြခေါင်းဆောင် သူ့ မျက်လုံးများကိုပင် သူ မယုံနိုင်ပေ။ သူ့ရဲ့ လက်ကောက်ဝတ် ပေါ်တွင် အကြွေစေ့တစ်စေ့ တကယ်ရှိနေပြီး အဲ့ဒါက သူ့ရဲ့ လက်အရိုးများကို လုံးဝ ကြေ မွသွားစေခဲ့သည်။ထို အကြွေစေ့က လက် ကောက်ဝတ်ထဲသို့ ဝင်လုနီးပါးဖြစ်နေပြီး အနည်းငယ်တော့ ပေါ်နေသေးသည်။

သူ မယုံနိုင်သည်မှာ သူ့ပစ္စတိုက ကြမ်းပြင် ပေါ်သို့ ပြုတ်ကျသွားတာနဲ့ချက်ချင်း ကန် ထုတ်ခံလိုက်ရတာပဲ ဖြစ်၏။ ဒါက သာမန် ခရီးသည်တစ်ယောက်ဆိုလျှင် ပစ္စတိုကို ဘယ်သူကများ ကန်ထုတ်ရဲမည်နည်း။

အရာရာတိုင်းက အလွန်လျင်မြန်စွာ ဖြစ်ပျ က်ခဲ့သည်။ တစ်စက္ကန့် နှစ်စက္ကန့်အတွင်းပင် ဖြစ်သည်။ ကျန်ဓားပြများက သူတို့၏ ခေါင် းဆောင် အော်ဟစ်သံ မကြားမချင်း လုံးဝ မတုံ့ပြန်နိုင်ခဲ့ကြပေ။

“အားး...မကောင်းတော့ဘူး...”

"ငါ့လက်...ငါ့လက်..."

သူတို့အားလုံး လန့်သွားပြီး ချက်ချင်းပင် သူ တို့၏ ခေါင်းဆောင်ကို ကြည့်လိုက်ရာ လက် ကောက်ဝတ်မှ သွေးများ ယိုစီး ကျနေ ပြီး လက်ထဲတွင် သေနတ်မရှိတော့တာကို တွေ့ လိုက်ရသည်။

သူတို့ သတိမဝင်လာခင်မှာပင် လူများစွာ စတင်လှုပ်ရှားလိုက်ပြီး မျက်တောင် တစ် ခတ်အတွင်း ကျန်ဓားပြလေးယောက်ကို ထိန်းချုပ်လိုက်ကြသည်။

“အိုး ဘုရားရေ...”

ခရီးသည်များက လုံးဝ မတုံ့ပြန်နိုင်ဘဲ အား လုံး အံ့အားသင့်သွားကြသည်။ အမျိုးသမီး ခရီးသည်အချို့ပင်လျှင် ဘဲဥတစ်လုံး ထည့် နိုင်လောက်အောင် ပါးစပ်များ ဟောင်းလော င်း ပွင့်နေကြသည်။

“ဘုရားရေ ဒါ... ဘယ်လိုလုပ်.. ဖြစ်နိုင်မှာ လဲ...”

“ဒီလောက်... အစွမ်းထက်တဲ့.... လူက.. ...ဘယ်တုန်းက...ရှိနေတာလဲ....”

ခရီးသည်များနှင့် လေယာဉ်အမှု့ထမ်းများ သတိပြန်ဝင်လာရန် စက္ကန့်အနည်းငယ် ကြာ သွားခဲ့သည်။ ထို့နောက် ပတ်ဝန်းကျင်က ချက်ချင်း လန်းဆန်းသွားသည်။

" ဖြောင်း ဖြောင်း ဖြောင်း "

" အရမ်း မိုက်တာပဲ ဗျာ..."

တစ်စုံတစ်ယောက်က လက်ခုပ်ထ တီးလိုက် ပြီး လေယာဉ်ပေါ်တွင် နွေးထွေးသော လက်ခုပ်သံများ ထွက်ပေါ်လာပေသည်။

လူတိုင်းက ခဏလေးအတွင်းမှာပဲ ဒီဓားပြ များကို ထိန်းချုပ်လိုက်ရုံသာမက ဖိနပ်ကြိုး များဖြင့်လည်း ပရော်ဖက်ရှင်နယ်ဆန်စွာ ချည်နှောင်ထားတာကို တွေ့လိုက် ကြရ သည်။

လေယာဉ်မယ်များစွာက သက်ပြင်း ချလိုက် ကြပြီး လေယာဉ်ကပ္ပတိန်က ဆက်တိုက် တောင်းပန်နေသည်။

ဓားပြကို ထိန်းချုပ်လိုက်သော ခန္ဓာကိုယ်ကြံ့ ခိုင်သည့် လူဖြူက သေးငယ်သော အရာ တစ်ခုကို လုပ်ခဲ့သလိုပင် အေးအေး ဆေး ဆေး အဂ်လိပ်လို ပြန်ဖြေလိုက်သည်။

“ရပါတယ်... ဘာမှမဟုတ်ပါဘူး...."

သူ့ မျက်နှာတွင် သက်သောင့်သက်သာရှိ နေ ပုံရသည်။ ဒါက သူတို့အတွက် ကလေးဆန် လွန်းလှသည်။ ဓားပြအနည်းငယ်သာဖြစ်ပြီး သူတို့အတွက် ဘာမှ မဟုတ်ပေ။

သူတို့က ဝံပုလွေကြေးစား အဖွဲ့ဝင်များ ဖြစ်၏။ ဒီလေယဥ်ပေါ်တွင် သူတို့အဖွဲ့ဝင် ၂၇ ယောက် ရှိနေသည်။ ဒီဓားပြအုပ်စုက အလွန်ကံဆိုးလှသည်။

"ဒီလေယာဉ်ကို ရွေးချယ်ခဲ့တဲ့အတွက် ဒီလူ တွေကိုပဲ ..စာနာရမလား..သနားရမလား..."

လေယာဉ်ပေါ်တွင် ဝံပုလွေကြေးစားအဖွဲ့ဝင် ၂၇ ယောက် ရှိနေသည်။ ၂၇ ယောက် မပြောနှင့် ဝံပုလွေကြေးစယး တစ်ယောက် နှစ်ယောက်သာ ပါလာပါကလည်း ဒီဓားပြတွေ အောင်မြင်နိုင်မည်မဟုတ်ပေ။

ဒီဓားပြအုပ်စုက ပြက္ခဒိန်ကို မကြည့်ခဲ့ကြ ပေ။ သူတို့အတွက် တကယ်ကို သနားစရာ ကောင်းလှပြီး ဝံပုလွေကြေးစားအဖွဲ့ဝင် ၂၇ ယောက်နဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ကြရသည်။

.....

ချင်းယွန် နိုင်ငံတကာတွင်…

ဥက္ကဌပီချင်းယွန်ကို ရန်ထောင် အစီရင်ခံ နေ သည်။

" ဥက္ကဌ ..ကျွန်တော်တို့ရဲ့ ပထမဆုံး အသုတ် ပုံစံ သုံးမျိုးနဲ့ ချပ်ပြားတွေအားလုံးက ၈ နာနိုမီတာ နည်းပညာတွေပါပဲ ..Universal ကို လျှပ်ကူးပစ္စည်းထုတ်လုပ်ဖို့ လွှဲပြောင်း ပေးလိုက်ပါပြီခဗျ..”

ဥက္ကဌပီချင်းယွန်က ကျေနပ်စွာ ခေါင်းညိတ် ၍ မျှော်လင့်တကြီး ပြောလိုက်သည်။

“နောက်လဆိုရင် ..Universal က စက်ရုံ ကြီးနှစ်ရုံလုံး အပြည့်အဝ ထုတ်လုပ် နိုင်လိမ့် မယ်လို့ ..မျှော်လင့်တယ်... ငါတို့ရဲ့ ပထမဆုံး ချပ်ပြားတွေကို အမြန်ဆုံး ထုတ်လုပ်နိုင် မယ်လို့ ငါ မျှော်လင့်မိတယ်..”

“ဟုတ်ကဲ့....ကျွန်တော်တို့အားလုံး..အဲ့ဒီနေ့ကို မျှော်လင့်နေကြပါတယ်.ခဗျ..”

ရန်ထောင် ရိုသေစွာ ပြန်ဖြေလိုက်သည်။

ချင်းယွန်နိုင်ငံတကာက ရင်ဆိုင်နေရသော ချပ်ပြား ပြဿနာက ပြေလည်သွားပြီပဲ ဖြစ် သည်။ ပီချင်းယွန်ကလည်း ယခုရက်ပိုင်း တွင် သက်တောင့်သက်သာ ရှိတယ်လို့ ခံစား နေရသည်။

ကုမ္ပဏီမှ လူများက ပို၍ အားတက် လာကြ သည်။ မျက်နှာ တစ်ခုလုံး ပန်းရောင်လွှမ်း နေပြီး အလုပ်အတွက်ပင် စိတ်အားထက် သန်မှု့ များစွာရှိလာကြသည်။

" ဒေါက် ဒေါက် ဒေါက်.."

နှစ်ယောက်သား ချပ်ပြားအကြောင်းကို စိတ် အေးလက်အေး စကားပြောဆိုနေကြစဥ် ခ ဏအကြာတွင် တံခါးခေါက်သံ ကြားလိုက် ရသည်။

တံခါးဖွင့်ပြီးဝင်လာသူက ချင်းယွန် နိုင်ငံ တကာရဲ့ ဒုတိယဥက္ကဌ ဆောင်ကျန့်ဝေ ဖြစ် နေသည်။

သူ့ မျက်နှာက အနည်းငယ် လေးနက်နေပြီး စိတ်အေးလက်အေး အသွင်အပြင် ရှိပုံ မရ ပေ။

All Chapters