ပီချင်းယွန် ခေါင်းမာခြင်း
Vol. 31 Ch. 403
ဆောင်ကျန့်ဝေရဲ့ မျက်နှာတွင် တစ်ခုခု မှား နေတာကို ပီချင်းယွန် အရင်ဆုံး သတိ ပြုမိ ပြီး စိုးရိမ်စွာဖြင့် မေးလိုက်သည်။
“ကျန့်ဝေ....ဘာဖြစ်တာလဲ....မျက်နှာမကောင်းပါလား...”
“ဥက္ကဋ္ဌ ....တစ်ခုတော့ ရှိပါတယ်....”
ဆောင်ကျန့်ဝေ သက်ပြင်းချကာ ပြောလိုက် သည်။
“အင်း....ပြောပါဦး...” ပီချင်းယွန် မျက်နှာ ထားက ပိုပြီး လေးနက်လာသည်။ဒါက ကောင်းသောကိစ္စ မဟုတ်ကြောင်း သူသိ လိုက်သည်။
အဲ့ဒါက သေချာပါသည်။ ဆောင်ကျန့်ဝေ ရှင်းပြလိုက်၏။
“ ဥက္ကဌ ကျွန်တော်တို့... ခုလေးတင် ထုတ်လု ပ်ခဲ့တဲ့... JL6A လက်ကိုင်ဖုန်းမှာ.. ..နည်းနည်း ပြဿနာတက်နေပါတယ်....”
“အရည်အသွေး... ပြဿနာလား...”
ပီချင်းယွန် ချက်ချင်းမေးလိုက်သည်။
သူ့ဘေးတွင်ရှိသော ရန်ထောင်ပင် နားစွင့်နေ သည်။ သူက လက်ကိုင်ဖုန်း လုပ်ငန်းကို တာ ဝန်ယူသော ဒုတိယဥက္ကဌ မဟုတ်သော် လည်း အသစ်ထုတ်လုပ်ထားသော JL6A လက်ကိုင်ဖုန်းကို စိတ်ဝင်တစားရှိနေသည်။
ချင်းယွန်နိုင်ငံတကာက ကမ္ဘာကျော် ဆက်သွ ယ်ရေးပစ္စည်းများ ပေးသွင်းသည့် ကုမ္ပဏီ လည်းဖြစ်၏။ အမျိုးမျိုးသော စူးအစ်များ၊ 4G နှင့် 5G ပစ္စည်းများအပြင် သူတို့တွင် အရေးကြီးသော စီးပွားရေးလုပ်ငန်းဖြစ် သည့် လက်ကိုင်ဖုန်းလုပ်ငန်းလည်း ရှိပေ သည်။
သူတို့ ထုတ်လုပ်ထားတဲ့ Golden Dragon လက်ကိုင်ဖုန်းဆို အလွန်နာမည် ကြီး၏။ထို လက်ကိုင်ဖုန်းရဲ့ကျောဘက်တွင် ရွှေနဂါး ပုံ ပါဝင်၍ အလွန်လှပ ပေသည်။
ကုမ္ပဏီမှ ထုတ်လုပ်တဲ့ လက်ကိုင်ဖုန်းက ဆဋ္ဌမမျိုးဆက်သို့ ရောက်ရှိလာပြီဖြစ်ကာ ခုလေးတင် ထုတ်လုပ်ထားသော JL6A လက်ကိုင်ဖုန်းက စျေးကွက်တွင် အလွန်ရေပ န်းစား၍ ရောင်းအားလည်း အလွန်ကောင်း သည်။
လက်ကိုင်ဖုန်းလုပ်ငန်းကလည်း ချင်းယွန် နိုင်ငံတကာ၏ အရေးကြီးသော လုပ်ငန်း တစ်ခုဖြစ်ပြီး နှစ်စဉ် ရောင်းအားက ဆယ် ဘီလီယံနှင့်ချီ ရှိကာ ချင်းယွန် အင်တာနေ ရှင်နယ်၏ စုစုပေါင်းဝင်ငွေ လေးပုံတစ်ပုံ နီးပါး ရှိပေသည်။
JL6A လက်ကိုင်ဖုန်းတ စ်ခုခုမှားယွင်းသွား တာကြောင့် ပိီချင်းယွန် စိုးရိမ်ပူပန်လာပြီး သေချာမေးလိုက်သည်။
“ကျန့်ဝေ. .ဘာတွေဖြစ်နေတာလဲ.. ”
“ဒီလိုပါ ဥက္ကဋ္ဌ ...ကျွန်တော်တို့ JL6A လက် ကိုင်ဖုန်းက ပထမဆုံးအကြိမ် ပြည်ပက သွင်းတဲ့ လစ်သီယမ်ဘထ္ထရီကို သုံးပါတယ်.. ..ဒါပေမဲ့ ခုနလေးတင် နိုင်ငံခြား ပေးသွင်း သူက နောက်လကစပြီး ဘထ္ထရီစျေးနှုန်းကို ၂၀ ရာခိုင်နှုန်း တိုးမြှင့်မယ်လို့ ကျွန်တော် တို့ကို ပြောပါတယ်....”
ဆောင်ကျန့်ဝေက သေချာရှင်းပြ လိုက် သည်။
“ဘာ ဒီလို.. အဖြစ်မျိုး…ရှိတာလား…”
ပီချင်းယွန်ဆိုတာ ဘယ်သူလဲ။ စျေးကွက် တွင် နှစ်ပေါင်းများစွာ လုပ်ကိုင်လာပြီးနေ ာက် သူကရင့်ကျက်သော လူတစ်ယောက်နီ းပါး ဖြစ်နေပြီး ပြဿနာရဲ့ အဓိကအချက် ကို ချက်ချင်းနားလည်ပေသည်။
ဒီ နိုင်ငံခြား ပေးသွင်းသူက မတရား လုပ်နေ သည်။ နောက်ကျမှ စျေးမတက်ဘဲ JL6A လက်ကိုင်ဖုန်းများ အမြောက်အများ စတင် ထုတ်လုပ်ချိန်တွင် စျေးတက်ခဲ့သည်။ ဒါက နည်းနည်းတော့ မရိုးသားပေ။
ပီချင်းယွန် အကြံပေးလိုက်သည်။
“ဒီလို ပေးသွင်းသူကို. ..အသုံးပြုလို့မရဘူး ....ကျန့်ဝေ...မင်းကိုယ်တိုင်...အဲဒီဘက်နဲ့ ညှိနှိုင်းနိုင်တယ်...သူတို့ဆီကို ကိုယ်တိုင် သွားပြောလို့ရတယ်....”
“ဟုတ်ကဲ့ပါ....ခေါင်းဆောင်...”
ဆောင်ကျန့်ဝေ ထွက်သွားတဲ့အခါ ပီချင်း ယွန် တောင်းဆိုချက်ကို သေချာလိုက်နာ ပေလိမ့်မည်။
ပီချင်းယွန်က အမြဲတမ်း ဖြောင့်မတ်သော စရိုက်ရှိသည်။
ရန်ထောင်က ထပ်မံသတိပေးလိုက်သည်။
“ဥက္ကဋ္ဌ ....ကျွန်တော်သိသလောက်တော့ ကျွန်တော်တို့ရဲ့ JL6A မှာသုံးတဲ့ ပြည်ပကနေ သွင်းတဲ့ ဘထ္ထရီတွေက ဘက်ထ္ထရီသက်တမ်း ပိုကောင်းပါတယ်....”
ပီချင်းယွန် ပြန်ပြောလိုက်သည်။
“ဒါဆိုလဲ...ဘာဖြစ်လဲ...ငါတို့ရဲ့...ပြည်တွင်း..ဘထ္ထရီတွေက.. အတူတူလောက်ပဲ....ရှိပေမဲ့ ကွာခြားချက်က... အကန့်အသတ်ရှိတယ်… ..သူတို့.... တကယ်စျေးတက်ရင် .ပြည် တွင်းဘထ္ထရီတွေကို ..ပြောင်းသုံးမယ်...”
ပီချင်းယွန်ကအစကတည်းက ပြည်ပမှ ဘထ္ထရီများကို သုံးစွဲရန် ကန့်ကွက်ခဲ့ သည် ။ဒါပေမဲ့ သူ့ရဲ့ လက်အောက်မှ လူများက ပြည်ပဘထ္ထရီက ပိုကောင်းတယ်လို့ ပြောခဲ့ ကြသည်။
JL6A လက်ကိုင်ဖုန်းသည် အဆင့်မြင့် လက် ကိုင်ဖုန်းဖြစ်၍ စျေးနှုန်းကလည်း ထောင်နှ င့်ချီ၍ ရှိပေသည်။ ပီချင်းယွန် တခြားဘာမှ မပြောတော့ပေ။
မမျှော်လင့်ဘဲ တစ်ခုခု ဖြစ်သွားပြီ။ ဒီအချိန် မှာ အဲဒီ့ဘက်က ၂၀ ရာခိုင်နှုန်း တိုးမြှင့်ချင် နေသည်။
ဒါက အလွန်ဆိုးရွားလှသည်။
.....
ပစိဖိတ်သမုဒ္ဒရာမြောက်ပိုင်း....
လျူယောင်ရဲ့ ညွှန်ကြားချက်အရ လိပ်ကြီး က သန့်ရှင်းရေးသမားအဖြစ် ရက်ပေါင်းများ စွာ လုပ်ကိုင်ခဲ့သည်။ အာကာသယာဉ်အပျ က်အစီးရဲ့ လေယာဉ်မှူးခန်းကို ဖုံးအုပ်ထား သော ရွှံ့နှင့် ကျောက်တုံးများကို ရှင်းလင်း ပေးနေသည်။
အရင်က မှန်ကို ဖုံးအုပ်ထားသော ထူထဲ သ ည့် ရွှံ့နှင့် ကျောက်တုံးများကိုသာ ရှင်းလင်း ခဲ့သည်။ အခုတော့ မှန်ပတ်လည်ရှိ ရွှံ့နှင့် ကျောက်တုံးများကို တဖြည်းဖြည်း ရှင်းလင် းခဲ့ရာ ပေါ်ထွက်လာသည့် နေရာက ပိုမို ကြီးမားလာ၏။
စတုရန်းမီတာ ဆယ်ဂဏန်းရှိသော မှန်ကြီး နှစ်ချပ် ပေါ်လာပြီး စုစုပေါင်း ဧရိယာမှာ စတုရန်းမီတာ ၁၀၀ ကျော်သည်။
အလင်းရောင်ရှိလျှင်ပင် မှန်ကို ထိုးလိုက် ပါက လေယာဉ်မှူးခန်းထဲရှိ အခြေအနေကို မြင်ရနိုင်သည်ဟု ခန့်မှန်းရသည်။
မှန်ပတ်လည်ရှိ ရွှံ့နှင့် ကျောက်တုံး အများ အပြားကို ဖယ်ရှားလိုက်ပြီး စတုရန်းမီတာ ထောင်နှင့်ချီသော ဧရိယာကို လိပ်ကြီးက ဖော်ထုတ်လိုက်သည်။
အာကာသယာဉ်ရဲ့ အပျက်အစီးကို မူလက မီးခိုးနက်ရောင် သတ္တုနှင့် ပြုလုပ်ထားပြီး ခေါင်းပိုင်းနေရာကလည်း အလားတူပင်။ ရွှံ့များကို ရှင်းလိုက်ပြီးနောက် မီးခိုးနက် ရောင် အခွံကြီး ပေါ်လာပေသည်။
အခွံတစ်ခုလုံးက ပျက်စီးသွားပေမဲ့ အမှတ် အသားလုံးဝ မရှိဘဲ တပ်ဆင်ထား၏။ လိပ်ကြီးက ဝင်ပေါက်တစ်ခုကို ရှာဖွေပြီး အာကာသယာဉ်ရဲ့ လေယာဉ်မှူးခန်းထဲသို့ ဝင်ရောက်ရန် စိတ်ကူးထားပေမဲ့ ယာယီ အားဖြင့် အကောင်အထည်မ ဖော်နိုင်သေး ပေ။
“သခင်ရေ...ကျွန်တော် စတုရန်းမီတာ ထော င်နဲ့ချီတဲ့ ဧရိယာကို ရှင်းလင်းပြီးပါပြီ… ဒါပေမဲ့ ဝင်ပေါက် မတွေ့သေးပါဘူး ...ဆက်ရှင်းဖို့ လိုပါသလား....”
ပြင်ပအမြင်မှတဆင့် လျူယောင် ကြည့်လို က်ရာ လိပ်ကြီးက ဧရိယာကြီးတစ်ခုကို ရှင်းလင်းထားတာကို တွေ့ရပြီး ထိုဧရိယာမှာ စတုရန်းမီတာ ၁၀၀၀ ကျော်ရှိနေသည်။
ဒီဧရိယာက မသေးငယ်လှပေ။ ဒါပေမဲ့ ဝင် ပေါက်ကို ရှာမတွေ့သေးတာကြောင့် ဒီအာ ကာသယာဉ်က အရမ်းကြီးလွန်းလို့ ဖြစ်နိုင် သည်။
ဒီအတိုင်း လက်လျှော့ဖို့က လျူယောင် အ နည်းငယ် ဝန်လေးနေသည်။
“လိပ်ကြီး… မင်း..နောက်ထပ် လုပ်စရာ အ လုပ်မရှိတော့ဘူး...ဆက်ရှင်းနေလိုက်...ငါ အာကာသယာဉ်ရဲ့... ဝင်ပေါက်ကို... ရှာမ တွေ့နိုင်ဘူးဆိုတာ... မယုံဘူး...”
“အိုကေဘာ သခင်....ခင်ဗျား တောင်း ဆိုတဲ့ အတိုင်း လုပ်လိုက်ပါ့မယ်.... ဒါက ကျနေ ာ့်အတွက် ပျင်းစရာကောင်းတဲ့အချိန်ကို ကုန်ဆုံးဖို့ပဲလေ...”
လိပ်ကြီးက သူဘောတူကာ ပြန်ဖြေလိုက် သည်။
လိပ်ကြီးက ဆက်လက်ရှင်းလင်းနေပြီး သူ့ ရဲ့ ကြီးမားသည့် ခြေသည်းချွန်များကို အ သုံးပြုကာ ဖုံးအုပ်ထားသော ရွှံ့ကျောက် တုံး များကို တူးကာ အာကာသယာဉ်၏ အောက် ဘက်ရှိ မီးခိုးနက်ရောင် အခွံကို ဖော်ထုတ် နေသည်။
နှစ်နာရီ၊ သုံးနာရီဆက်တိုက် လုပ်ပြီးနောက် စတုရန်းမီတာ ရာပေါင်းများစွာရှိတဲ့ ဧရိယာ ကို လိပ်ကြီး ရှင်းလင်းလိုက်သည်။ပြီးနောက် တစ်ခုခုစားပြီး နားရန် သူ နေရာရှာတော့ မည်။
လိပ်ကြီးက ဂူထဲကို ပြန်ရောက်လာပြီး ကျ န်ရှိနေသော ဧရာမရေဘဝဲတစ်ကောင်၏ တစ်ဝက်မှာ သူ့ဂူထဲတွင် ရှိနေသည်။ သူက အနည်းဆုံး တန် ၃၀၀ စားခဲ့ပြီး တန် ၃၀၀ ၄၀၀ လောက်ကျန်နေသေးသည်။ နောက် တစ်ကြိမ်တွင် အပြည့်အဝ သူ စားနိုင်ပေ သည်။
လိပ်ကြီးက ရေမိုင် ၅၀၀ ကျော် တစ်ချက် တည်း ကူးခတ်ပြီးနောက် နောက်ဆုံးအကြိမ် သတ္တုအပိုင်းအစများ ထားရှိခဲ့တဲ့ ရေတိမ် ပိုင်းနေရာကို ရောက်လာခဲ့သည်။
ရေမိုင် ၅၀၀ ကျော်ဆိုတာ အတော်အတန် ဝေးသော အကွာအဝေးဖြစ်သော်လည်း လိပ်ကြီးအတွက်တော့ မဟုတ်ပေ။ တစ်နာရီ ကျော် ကူးရုံဖြင့် သူ ရောက်လာခဲ့သည်။
ဒီရေတိမ်ပိုင်းနေရာတွင် လူမနေသော ကျွန်း များစွာ ရှိနေသည်။လိပ်ကြီးက အကြီးဆုံး ကျွန်းကို ရှာတွေ့ပြီး လူမနေတဲ့ ကျွန်းပေါ်သို့ တက်ကာ နေရာတစ်ခုကို ရှာကာ နေပူစာ လှုံ ၍ နာရီအတော်ကြာအောင် သက်တောင့် သက်သာ အိပ်စက်လိုက်သည်။
သူ နိုးလာသောအခါ နေ့လယ်ပိုင်းဖြစ်နေပြီး နေရောင်က အနောက်ဘက်သို့ သိသိသာသာ ဆင်းနေသည်။ လိပ်ကြီးက အလုပ်ပြန် လုပ် ရတော့မည်ကို သိလိုက်၏။
“အာ..ငါ .နည်းနည်း ဗိုက်ဆာပြန် ပြီ...ပြန် ပြီးတော့.. ကျန်နေတဲ့ ဧရာမရေဘဝဲကို စားမယ်...ပြီးရင် ရွှံ့နဲ့ကျောက်တုံး တွေကို. ..ဆက်ရှင်းမယ်...”
လိပ်ကြီးက ဒီလို တွေးပြီး ရေထဲဆင်း၍ အာ ကာသယာဉ် အပျက်အစီးဘက်သို့ ကူးခတ် သွားသည်။
ရေမိုင် ဆယ်ဂဏန်းလောက် ကူးပြီးနောက် လိပ်ကြီး ရပ်လိုက်သည်။ အဝေးတွင် သင်္ဘောကြီးနှစ်စင်းရှိနေတာကို အလွန်ထူး ဆန်းစွာ သူ တွေ့လိုက်ရသည်။
ဒီနေရာက နိုင်ငံတကာ ရေလမ်းကြောင်းနဲ့ ဝေးကွာ၍ သင်္ဘောများက ယေဘုယျ အား ဖြင့် မရှိပေ။ အများဆုံးဆိုလျှင် ရံဖန်ရံခါမှ သာ ငါးဖမ်းလှေများ ရှိပေသည်။
ထိုနှစ်စင်းမှာ ငါးဖမ်းလှေများ မဟုတ်သည် မှာ သိသာလှသည်။ ဒီသင်္ဘောတွေက အန ည်းဆုံး တန် ၁၀၀၀၀တန်းများ ဖြစ်နေသည်။
"အမ် ဒီ သင်္ဘောနှစ်စင်းက ..ဒီနေရာမှာ ဘာလို့ များ ပေါ်လာရသလဲ...."
လိပ်ကြီးက သိလိုစိတ်ဖြင့် တိတ်တိတ်လေး ကူးသွားပြီး ရေအောက်ကနေ သင်္ဘောနှစ် စင်းကို ကြည့်လိုက်သည်။
သူတို့က တကယ်ပဲ တန် ၁၀၀၀၀ တန်းဝင် သင်္ဘောကြီးနှစ်စင်း ဖြစ်ပြီး တစ်စီးနဲ့ တစ်စီး မှာ ကပ်လျက်မရှိဘဲ ရေမိုင် တစ်မိုင်ခန့် အ ကွာတွင် ရှိနေသည်။
လိပ်ကြီးက သိလိုစိတ်နဲ့ ထိုသင်္ဘော နှစ်စင်း ကို စောင့်ကြည့်နေသည်။