← Chapters

စိတ်ဓာတ်ကို တက်ကြွစေသည်

Vol. 31 Ch. 404

စိတ်ဓာတ်ကို တက်ကြွစေသည်

Vol. 31 Ch. 404

ဒါက သာမန်သင်္ဘောများလိုမဟုတ်ဘဲ အ ထူးသင်္ဘောများဖြစ်ပုံရပြီး ရှာဖွေရေးသ င်္ဘောများနဲ့ ဆင်တူနေသည်။

သူတို့က ဒီရေတိမ်ပိုင်းမှာ အလုပ်လုပ်နေ တာကို မြင်နိုင်ပေသည်။

ပြင်ပအမြင်ကနေ တဆင့် လျူယောင် ကြ ည့်လိုက်ရာ သင်္ဘောနှစ်စင်းလုံးတွင် သံနက် ကုမ္ပဏီဝတ်စုံများ ဝတ်ထားတဲ့ လူများရှိနေ တာကို သူ ချက်ချင်းတွေ့လိုက်ရသည်။ သေချာတာကတော့ ဒီသင်္ဘောနှစ်စင်းကို သံနက်ကုမ္ပဏီက ပို့လိုက်တာ ဖြစ်လောက် မည်။

“xxxp ဒီလူတွေက လက်မလျှော့ကြ သေး ဘူးပဲ.”

ဒီနေရာကို ထပ်ရောက်လာပြန်သည်။ ဒီရေ တိမ်ပိုင်း နေရာကို စူးစမ်းရှာဖွေရေး သင်္ဘော နှစ်စင်းသုံးကာ မီးခိုးနက်ရောင် သတ္တု အပိုင် းအစများကို ရှာဖွေရန် ထပ် ကြိုးစား နေပေ သည်။

“သခင်ရေ....ကျွန်တော်... သူတို့ကို… နစ်မြုပ် ပစ်ရမလား....”

လျူယောင် ခေါင်းညိတ်ပြကာ ညွှန်ကြား လိုက်၏။

“အင်း မင်း တိတ်တိတ်လေးသွား သင်္ဘော တစ်စီး ချင်းစီကို အကြိမ်အနည်းငယ် လုပ် လိုက်.. ဒါမှ.. သူတို့ နောက်ဆို..ဒီနေရာကို ..မ လာရဲတော့မှာ...”

“အိုခေဘာ...သခင်..”

လိပ်ကြီးက အလွန်ပျော်ရွှင်သွားသည်။

ဒီလိုအရာမျိုး လုပ်ရတာကို သူ အကြိုက် ဆုံးပင်။ လိပ်ကြီးက ဧရာမလှံကို ကိုင်ကာ သင်္ဘောတစ်စီးရဲ့ အောက်ခြေကို တိတ်တိ တ်လေး ကူးခတ်သွားသည်။ ပြီးတော့ ဧရာ မလှံတံဖြင့် စောင့်ထိုးပစ်လိုက်၏။

"ဘုန်း.. "

ရေအောက်မှ အသံ တိုးတိုးလေး ထွက်ပေါ် လာသည်။ ဧရာမလှံရဲ့ ထိပ်ဖျားအချွန်က အနည်းဆုံး ဆယ်မီတာအနက်သို့ ထိုးဖောက် ဝင်ရောက်ပြီး အလွှာအများအပြားကို ထိုး ဖောက်သွားပုံရသည်။

အဲ့ဒါက စစ်သင်္ဘောကို ထိုးခြင်းထက် များ စွာပိုလွယ်သည်။ စစ်သင်္ဘောရဲ့ သံမဏိပြား က ထူတာကြောင့် ဧရာမလှံကို ဆယ်မီ တာ ကျော် နက်အောင် ထိုးထည့်ရန် သူ အတော် အားစိုက်ထုတ်ရသည်။ အခုတော့ ပိုမိုလွယ် ကူ နေပုံရသည်။

" ဘုန်း.."

လိပ်ကြီးက ဧရာမလှံကို ပြန်ထုတ်ကာ ဒုတိ ယအကြိမ် ထိုးထည့်လိုက်သည်။လှံက ဆယ် မီတာကျော် နက်အောင် ထိုးဖောက်ပြီး အ လွှာအများအပြားကို ထိုးဖောက်သွား ပြန် သည်။

သင်္ဘောပေါ်မှ လူများက ပုံမှန်မဟုတ်တဲ့ တစ်စုံတစ်ရာ အသံကို သတိထားမိပုံရပြီး လူအချို့က ရေအောက်ကို ကြည့်နေကြ သည်။သူတို့က တစ်စုံတစ်ခုကို ရှာဖွေရန် ကြိုးစားနေကြပုံ ရသည်။

လိပ်ကြီးက အလွန်သတိထားပြီး လုပ်နေ ရ၏။သူက ရေအောက်မှ မီတာ ၄၀ မှ ၅၀ အနက်တွင် ရောက်နေသည်။ ပင်လယ်ရေက ကြည်လင်သည်ဆိုလျှင်ပင် မီတာ ၄၀ မှ ၅၀ အနက်မှာရှိတဲ့ လိပ်ကြီးကို ရှာတွေ့ရန်မှာ မဖြစ်နိုင်ပေ။

“ရပြီ...ရပြီ...မင်း...အပေါက်ကြီး ဆယ်ဂဏ န်းလောက်..ထိုးထားပြီးပြီ...ဒီသင်္ဘောက.. ဆန်ခါဖြစ်နေပြီ...”

ထိုအခါမှ လိပ်ကြီး ရပ်တန့်လိုက်၏။ သူက ဧရာမလှံကို ထုတ်ကာ အခြားသင်္ဘောတစ် စင်းရဲ့ အောက်ခြေသို့ လျင်မြန်စွာ ကူးသွား သည်။ လိပ်ကြီးက ဧရာမလှံတံကို ကိုင်ပြီး နောက်ထပ်သင်္ဘောတစ်စင်းရဲ့ အောက်ခြေ သို့ အားကုန် ထိုးပစ်လိုက်သည်။

" ဘုန်း ဘုန်း.."

ခဏအကြာမှာတော့ လိပ်ကြီးက ထိုသ င်္ဘောတွင် အပေါက်ကြီး ဆယ်ပေါက် လော က်ကို ထိုးပြီးသွား၏။

လျူယောင် ခန့်မှန့်ပြီး ပြောလိုက်သည်။

“ငါ့ကောင်ကြီး ..ရပြီ..မင်း ဒီကနေ… သွား လို့ရပြီ..ဒီဖြစ်ရပ်ပြီးရင်..သံနက်ကုမ္ပဏီက လူတွေ .. ဒီနေရာကို နောက်ထပ်.. .သင်္ဘော တွေ...ပို့ရဲတော့မှာ... မဟုတ်လောက်ဘူး...”

" အိုကေဘာ သခင်.."

လိပ်ကြီးက ဧရာမလှံတံကို ကိုင်ကာ ရေ အောက်မှ တိတ်တိတ်လေး ပြန်ထွက်ခွာ လာခဲ့သည်။ သင်္ဘောနှစ်စင်းပေါ်မှ လူများ က ထိတ်လန့်သွားကြ၏။

သင်္ဘောထဲကို ရေများစွာ ဝင်လာတာကို သူ တို့ တွေ့လိုက်ရသည်။ ပြီးတော့ သင်္ဘောက နစ်မြုပ်နေပြီး တဖြည်းဖြည်း စောင်းလာ သည်။

အချို့လူများက ထိတ်လန့်စွာနဲ့ အသက်က ယ်အင်္ကျီများကို အမြန်ဝတ်ဆင် လိုက်ကြ သည်။ အချို့ကမူ အသက်ကယ်လှေများကို အလျင်အမြန်ချ လိုက်ကြသည်။ အချို့က တော့ စကားပင်မပြောနိုင်ဘဲ အကူအညီ အော် တောင်းနေကြသည်။

တစ်နာရီကျော်ပြီးနောက်....

လိပ်ကြီးက သူ့ရဲ့ဂူသို့ ပြန်လာပြီး အရသာ ရှိတဲ့ ညစာကို စားလိုက်သည်။ ထို ရေတိမ်ပို င်းတွင် သင်္ဘောနှစ်စင်းမှာ အခြေခံအားဖြင့် နစ်မြုပ်သွားကြပြီး ရေပေါ်တွင် အနည်းငယ် တော့ ပေါ်နေသေးသည်။

အသက်ကယ်လှေများပေါ်တွင် အသက်က ယ်အင်္ကျီများ ဝတ်ဆင်ထားတဲ့ သံနက်ကုမ္ပ ဏီမှ လူများက သူတို့ကို လာရောက် ကယ် ဆယ်ရန် စောင့်ဆိုင်းနေကြသည်။

ဒီနေရာက နိုင်ငံတကာ ရေလမ်းကြောင်းနဲ့ ဝေး ကွာပေသည်။ သူတို့ကို ကယ်ဆယ်ရန် သင်္ဘောတစ်စင်း ရောက်လာဖို့ဆိုတာက အ မြန်ဆုံး တစ်ရက် နှစ်ရက် ကြာနိုင်ပြီး ဒီထပ် လည်း ပိုကြာနိုင်သည်။

.....

Universal သုတေသနစင်တာတွင်..

ဟူနမ်၊နန်ဇေထောင်နဲ့ အခြားအဓိက လူများ မှာ နည်းပညာဆွေးနွေးပွဲတစ်ခုကို ကျင်းပ နေကြသည်။သူတို့အားလုံးက စိတ်လှုပ်ရှား နေပုံရသည်။

“ဒါက ပထမဆုံးအကြိမ် မဟုတ်ပါဘူး.. ဒီဘထ္ထရီနမူနာ.. ကျွန်တော်တို့ကို ...ကြီးမား တဲ့ လှုံ့ဆော်မှု့... ပေးခဲ့တယ်...”

“ဟုတ်တယ်... အရင်က...နားမလည်ခဲ့တဲ့ ..အရာတချို့က... အခုမှ..ရုတ်တရက်... ရှင်းရှင်းလင်းလင်း ဖြစ်လာတယ်”

“ဒီဟာက...ကျွန်တော်တို့အတွက်.....တံခါး အသစ်တစ်ချပ်ကို... ဖွင့်ပေးခဲ့တာပဲဗျာ.. ...ဒီဘထ္ထရီနမူနာရဲ့.. အယူအဆအသစ် တွေ က..ကျွန်တော်တို့ တစ်ခါမှ မတွေးဖူးတဲ့. .အသစ်အဆန်းတွေပဲ...”

လူတိုင်းက အလွန်စိတ်လှုပ်ရှားနေကြ၏။ဒီ ဘထ္ထရီနမူနာက လူတိုင်းရဲ့ မျက်လုံးတွင် အ ဆုံးမဲ့ ရတနာတစ်ခုပဲ ဖြစ်သည်။ ဒီ ဘထ္ထရီ ကို အခြေခံ၍ သူတို့ရဲ့ သုတေသန လုပ်ချိန် မှာ တိုတောင်းပေမဲ့ အောင်မြင်မူ့ များစွာ ရ ရှိခဲ့ကြသည်။

ဟူနမ်က ပြောလိုက်၏။

“ကျွန်တော်တို့.. နောက်ဆုံးတော့ ပထမ အ ဆင့် ရိတ်သိမ်းမှု့ကို ရရှိခဲ့ပြီ...ဒါပေမဲ့ ဒီဘ ထ္ထရီရဲ့ နည်းပညာကို အပြည့်အဝ နားလည် ဖို့ကတော့.. အနည်းဆုံး ငါးနှစ်ကနေ ဆယ် နှစ်လောက်အထိ အချိန်ယူရလိမ့်မယ်...”

“ငါးနှစ်ကနေ... ဆယ်နှစ်အထိ ..”

ဒါက လုံးဝ ချဲ့ကားပြောဆိုတာ မဟုတ်ပေ။ အချိန်ကြာမြင့်မှာ သေချာပါသည်။ ဒီဘထ္ထ ရီက အလွန်အဆင့်မြင့်ပြီး အယူအဆ အ သစ်များစွာလည်း ပါဝင်တာကြောင့်ပဲ ဖြစ် သည်။

ဒီအယူအဆအသစ်များကို လေ့လာခြင်းက အချိန်များစွာ လိုအပ်ပြီး တစ်ညတည်းနဲ့ မ ပြီးမြောက်နိုင်ပေ။

မည်သို့ပင်ဆိုစေ လူတိုင်းက ဒီဘထ္ထရီ နမူနာ ကို အချိန်ကာလတစ်ခုအထိ လေ့လာခဲ့ တာ ကြောင့် ရလာမည့် အကျိုးကျေးဇူး မှာ လည်း မသေးငယ်လောက်ပေ။

......

နောက်တစ်နေ့တွင်...

Universal သုတေသနစင်တာကို လျူ ယောင် ကိုယ်တိုင် သွားရောက်ခဲ့သည်။ ဟွမ် ကွမ်း၊ဟူနမ်နှင့် နန်ဇေထောင်တို့က လျူ ယောင်အား အတူတကွ အစီရင်ခံကြသည်။

လျူယောင် ဒီကို ကိုယ်တိုင်လာရခြင်းမှာ Universal သုတေသနစင်တာရဲ့ အခြေအ နေ အထူးသဖြင့် ဂြိုလ်သားနည်းပညာ ဘထ္ထ ရီရဲ့ သုတေသနလုပ်နေပုံကို သိချင်တာ ကြောင့်ဖြစ်၏။

Universal သုတေသနစင်တာရဲ့ တာဝန်ခံ တစ်ယောက်ဖြစ်တဲ့ ဟွမ်ကွမ်းက လက်ရှိ အ ခြေအနေများကို လျူယောင်အား အစီရင်ခံ နေသည်။

လက်ရှိ ဝန်ထမ်းဖွဲ့စည်းပုံ၊ စီမံခန့်ခွဲမှုပုံစံ၊ အရွယ်အစား၊ သိပ္ပံနည်းကျ သုတေသနအဖွဲ့ တည်ဆောက်ပုံ စသည်တို့ပဲ ဖြစ်သည်။

လျူယောင် ဂရုတစိုက် နားထောင်ပြီးနောက် သူ အလွန်ကျေနပ်ခဲ့ရသည်။ Universal သု တေသနစင်တာကို တည်ထောင်ထားတာ မကြာသေးပေ။ ဒါပေမဲ့ ဖွဲ့စည်းမူ့ ပုံစံမှာ အ ခြေခံအားဖြင့် တည်ဆောက်ပြီးပြီပဲ ဖြစ် သည်။

ထို့နောက် ဟူနမ်နှင့် နန်ဇေထောင်တို့က သု တေသန တိုးတက်မှု့ ရလဒ်ကို လျူယောင် အား အစီရင်ခံလိုက်သည်။

“သူဋေး...သူဋေး..ပေးထားတဲ့ ဘထ္ထရီ နမူနာ ကို ကျွန်တော်တို့ ဆက်တိုက်လေ့လာ ခဲ့ပြီး. ..အသိပညာ...များစွာရရှိခဲ့သလို များစွာ လည်း အကျိုးရှိခဲ့ပါတယ်...”

ဟူနမ်က အရင် အစီရင်ခံလိုက်၏။

သူ အစီရင်ခံပြီးနောက် နမ်ဇေထောင်ကလ ည်း အစီခံလိုက်သည်။

“ဒီ ဘထ္ထရီကြောင့် ကျွန်တော်တို့ အလွန် လှုံ့ ဆော်ခံရပါတယ်..အရင်က ကျွန်တော်တို့ကို ဒုက္ခပေးခဲ့တဲ့ ပြဿနာများစွာက .. အခြေခံ အားဖြင့် ပြေလည်သွား ခဲ့ပါပြီ..တစ်ချိန် တည်းမှာပဲ အယူအဆအသစ်တွေကို .. စမ်း သပ်မှု့တွေ အောင်မြင်ပြီးနောက် သေချာ ပေါက် ပေါ်ပေါက်လာပါလိမ့်မယ် သူဋေး..”

နှစ်ယောက်လုံး၏ အစီရင်ခံစာများကို နား ထောင်ပြီးနောက် လျူယောင် အလွန်ပျော်ရွှ င်သွားပြီး စိုးရိမ်စွာ မေးလိုက်သည်။

“နောက်တစ်ဆင့်အတွက်. မင်းတို့.. ဘာစီစဉ် ထားလဲ..”

ဟူနန်က ချက်ခြင်း ပြန်ဖြေလိုက်၏။

“ကျွန်တော်တို့ ဒီကိစ္စကိုလည်း ဆွေးနွေးပြီး တိုင်ပင်ခဲ့ပါတယ်... နောက်သုတေသနကို တစ်ချိန်တည်းမှာ နှစ်ပိုင်းခွဲလုပ်ဖို့ သဘော တူခဲ့ကြပါတယ်..”

“ပထမက... ဒီ ဘထ္ထရီနမူနာကို ဆက်လေ့လ ာဖို့က ကျွန်တော်တို့အတွက်... ရေရှည်တာ ဝန်တစ်ခု ဖြစ်ရမယ်..ဒီဘထ္ထရီရဲ့ နည်းပညာ ကို အပြည့်အဝ နားလည်ဖို့ဆိုရင် ကျွန်တော် တို့အတွက် အနည်းဆုံး ငါးနှစ် ဒါမှမဟုတ်.. ဆယ်နှစ် အချိန်ယူရမယ် လို့...ခန့်မှန်းရပါ တယ်...”

“ဒါပေမဲ့...ဒီလို ဘထ္ထရီ နမူနာက တစ်ခုပဲ ရှိ တာကတော့ ဝမ်းနည်းစရာပါ ပဲ...ကျွန်တော် တို့က ပျက်စီးသွားမှာစိုးလို့..သတိထားပြီး ထိန်းလုပ်နေရတယ်...ဒီလိုဘထ္ထရီတွေ ပိုများ များရှိရင် ကျွန်တော်တို့ လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ပြီး နည်းပညာအားလုံးကို နား လည်နိုင်လို့ အချိန်နည်းနည်းပဲ... ဖြုန်းရ လိမ့်မယ်...”

သူတို့က ဒီလိုဘထ္ထရီ နမူနာမျိုးကို တစ်ခု ထက်ပို ရှိရင် ကောင်းမယ်လို့ ဆန္ဒရှိနေကြ သည်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ဘထ္ထရီ နမူနာက တစ်ခုသာ ရှိပေသည်။

လျူယောင်က အာမခံကာ ပြောလိုက်၏။

“ယာယီအားဖြင့်..ဒီ တစ်ခုပဲ ရှိသေးတယ် ...ကျွန်တော် ... ထပ်ရရင် အတတ်နိုင်ဆုံး… ခင်ဗျားတို့ကို ပေးပါ့မယ်..”

ဒီစကားကို ကြားတဲ့အခါ ဟူနမ်နှင့် နန်ဇေ ထောင်ထောင်တို့ရဲ့ မျက်လုံးများက လင်း လက်သွားပြီး တညီတညွတ်တည်း ပြောလို က်ကြသည်။

“သူဋေး အနာဂတ်မှာ ဒီလို ဘထ္ထရီ နမူနာတွေ တကယ်ရှိလာနိုင်လား...”

“ရှိလာနိုင်တယ်...ငါ အတတ်နိုင်ဆုံး ကြိုးစား ပါ့မယ်”

လျူယောင် ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက် သည်။

လိပ်ကြီးသာ ပို ကြီးလာတဲ့ အခါ ဥပမာ- တန် ၁၂၀၀ ကျော်လာသောအခါ အာကာသယာဉ် အပျက်အစီးထဲကို ထပ်မံဝင်ခိုင်းရန် လျူ ယောင် စီစဉ်ထားသည်။ သူက ဒီလို ဘထ္ထရီ ကို ထပ်တွေ့နိုင်မယ်လို့ လျူယောင် မျှော်လ င့်မိသည်။

ဒီလို ဘထ္ထရီ နမူနာ တွေက အနာဂတ်တွင် ရနိုင်မှာ သေချာလောက်ပေသည်။

ဟူနန်နှင့် နမ်ဇေထောင်တို့က သိသိသာသာ ပျော်ရွှင်သွားကြသည်။သူတို့ရဲ့ မျက်နှာ ပေါ် မှ ပျော်ရွှင်မှု့ အရိပ်အယောင်ကိုတောင် လျူယောင် ခံစားနိုင်သည်။

ဟူနမ်က ဆက်ပြောလိုက်၏။

“ဒီဘထ္ထရီ နမူနာကို ဆက်လေ့လာ ခြင်း အ ပြင်...ဒုတိယအနေနဲ့ ကျွန်တော်တို့ အဖွဲ့သစ် ဖွဲ့ပြီး...ဘထ္ထရီအသစ်ကို ဖန်တီးပါ့မယ်...”

“အမ် ဘထ္ထရီအသစ်တစ်ခု ကို...ဖန်တီးမှာ လား..”

ဒါက အရမ်း အံ့သြစရာပင်။

ဒီဟာက လျူယောင် အမြင်ချင်ဆုံး အရာ ပဲဖြစ်၏။ Universal သုတေသနစင်တာရဲ့ ကိုယ်ပိုင် သုတေသနပစ္စည်းများကို အမြန် ဆုံး ထုတ်လုပ်နိုင်ရန် သူ မျှော်လင့်ထားခဲ့ သည်။

All Chapters