← Chapters

စေးကပ်နေတဲ့ သကြားညိုတွေ လို ပါပဲ

Vol. 31 Ch. 407

စေးကပ်နေတဲ့ သကြားညိုတွေ လို ပါပဲ

Vol. 31 Ch. 407

မှန်ပြောင်းကနေတစ်ဆင့် လျူယောင် ကြည့် လိုက်တဲ့အခါ ပိုမို ရှင်းလင်းစွာ မြင်လိုက်ရ သည်။

အဲ့ဒါက စစ်သင်္ဘောဖြစ်ပြီး တန်ချိန် သိပ်မျာ းပုံမရပေ။ ဒီဟာက ပဲ့ထိန်းဒုံးပျံဖရီးဂိတ် ဖြစ်လောက်မည်။အမြင်နဲ့ ကြည့်ခြင်းအား ဖြင့် တန် ၃၀၀၀ ကျော် ရှိပုံရသည်။

သူတို့ ချိတ်ဆွဲထားတဲ့ M နိုင်ငံ အလံမှာ အ လွန်သိသာထင်ရှားသည်။

လျူယောင် ခဏလောက် ကြည့်ပြီးနောက် မှန်ပြောင်းကို ချ လိုက်သည်။

“ဒါက Mနိုင်ငံရဲ့ ဖရီးဂိတ်စစ်သင်္ဘောပဲ..”

သူ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

မှန်ပြောင်းကို ယူပြီး ချန်းဟူ စစ်သင်္ဘောကို ကြည့်လိုက်သည်။သူက မျက်နှာပေါ်တွင် လေးနက်သော အမူအရာနဲ့ ပြောလိုက်သည်။

"သူဋေး သူတို့က ကျွန်တော်တို့‌ နောက်ကို လိုက်တာမဟုတ်ဘဲ အနီးအနားက ဖြတ် သွားတာဖြစ်ပါစေလို့ မျှော်လင့်တယ်...”

လျူယောင် ခေါင်းခါပြလိုက်ပြီး လေးနက် တဲ့ မျက်နှာထားဖြင့် ပြန်ဖြေလိုက်၏။

“ဒီနေရာက ရေလမ်း ခရီးမဟုတ်ဘူး ဖြစ် နိုင်တာက ငါတို့ နောက်ကိုလိုက်နေတာပဲ.."

"သူဋေး ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြ မလဲ”

“ပထမဆုံး သူတို့က ငါတို့ နောက်ကို လိုက် နေတာဟုတ်၊ မဟုတ် သေချာအောင် လုပ် ရမယ်..”

လျူယောင် လက်ဝှေ့ယမ်းကာ ပြောလိုက် ၏။

“လမ်းကြောင်းပြောင်းလိုက်..”

ချန်းဟူ ခေါင်းညိတ်ပြလိုက်သည်။ အလို အလျောက်မောင်းနှင်စနစ်ကို ပယ်ဖျက်ပြီး ရွက်လှေကို လမ်းကြောင်းကို ပြောင်းလဲ လိုက်သည်။ အစက အရှေ့ဘက်သို့ ရွက် လွှင့်ခဲ့သော ရွက်လှေကြီးက အရှေ့မြောက် ဘက်သို့ ရွက်လွှင့်သွားသည်။

ရွက်လှေကို ရေမိုင် ဆယ်ဂဏန်းကျော် ရွက် လွှင့်လာပြီးနောက် ချန်းဟူက တစ်ခုခုမှား ယွင်းနေတာကို သတိထားမိကာ ပြောလိုက် ၏။

“သူဋေး.. သူတို့လည်း လမ်းကြောင်း ပြောင်း ပြီး ကျွန်တော်တို့ နောက်ထပ်လိုက် လာ တယ်..”

လျူယောင် မှန်ပြောင်းနဲ့ ထပ် ကြည့်လိုက်ပြီး‌ နောက် စိတ်ထဲတွင် အနည်းငယ် စိတ်အနှော င့်အယှက်ဖြစ်လာသည်။ ဒီဟာက တကယ်ပဲ စေးကပ်နေတဲ့သကြားညိုတွေလိုပဲ သူတို့နဲ့ ကပ်လိုက်လာသည်။

လျူယောင် ခဏစဉ်းစားလိုက်ပြီး အသံ ကျယ်ကျယ်နဲ့ ပြောလိုက်သည်။

“ရပ်လိုက်တော့...သူတို့ လာဖို့ စောင့်နေပြီး ဘာလုပ်မလဲဆိုတာ ကြည့်ရအောင်....”

ပြိုင်ဘက်က စစ်သင်္ဘောဖြစ်ရင်တောင် လျူ ယောင် တကယ်မကြောက်ပေ။

စစ်သင်္ဘောဖြစ်ရင်ကော ဘာဖြစ်လဲ....

“မင်း ငါ့ကို စော်ကားရင် ဒီပင်လယ်ပြင်မှာ မင်းတို့သေစေရမယ်”

ရွက်လှေကြီးက ရပ်တန့်သွားသည်။ စစ်သ င်္ဘောကတော့ အရှိန်မလျှော့ပေ။ နှစ်ဘက် ကြား အကွာအဝေးက တဖြည်းဖြည်းနီး ကပ် လာသည်။ သူတို့ တစ်ခုခုမှားယွင်း နေတာကို သတိထားမိပြီးနောက် သူတို့လည်း အရှိန် လျှော့ကာ နောက်ဆုံးတွင် ရပ်တန့်သွား သည်။

“xxxp..ငါ့ကို ဒုက္ခပေးဖို့ ရောက်လာပြန်ပြီ...”

“သွားကြမယ်.. အရှေ့တောင်ဘက်သို့ လှည့်၊ အမြင့်ဆုံးအရှိန်နဲ့ ရွက်လွှင့်..”

လျူယောင် အမိန့်ပေးလိုက်၏။

သူဋေးပြောတဲ့အတိုင်း လမ်းကြောင်းကို ချန်းဟူ ပြောင်းလဲလိုက်သည်။

ရွက်လှေကြီးက ပင်လယ်ရေ မျက်နှာပြင် ပေါ်တွင် လှည့်ပတ်သွားသည်။ အရှေ့ မြော က်ဘက်မှ အရှေ့တောင်ဘက်သို့ လမ်း ကြောင်းပြောင်းကာရွက်လွှင့်လိုက်သည်။ အရှိန်က ၄၀ နူန်း နီးပါး ရောက်ရှိပြီး အဲ့ဒါက ရွက်လှေရဲ့ နောက်ဆုံးအရှိန်လည်း ဖြစ် သည်။

“သူဋေး...ကျွန်တော်တို့ ဒီလူတွေကို ထားခဲ့နို င်ခဲ့ပုံရတယ်...”

လျူယောင် အဝေးရှိ ပင်လယ်ကို မှန်ပြောင်း ဖြင့် ကြည့်လိုက်သည်။ Mနိုင်ငံရဲ့ စစ်သ င်္ဘော အရိပ်ကို မတွေ့ရသောအခါ စိတ်သက် သာရာရသွားသည်။

“ဟူး နောက်ဆုံးတော့ လွတ်လပ်သွားပြီ..”

“ဟမ့်. စစ်သင်္ဘောဖြစ်ရင်ရော ဘာဖြစ်လဲ. ..နောက်ကနေ လေကိုပဲ ဖမ်းနိုင် လိမ့်မယ် ..အရည်အချင်းရှိရင် လိုက်လာခဲ့..."

ရွက်လှေကြီးမှာ ပင်လယ်ရေပြင်ပေါ်တွင် အရှိန်ပြင်းပြင်းဖြင့် ရွက်လွှင့်နေသည်။

ချန်းဟူ အားတက်သွား၏။

“ သူတို့ အလျင်လိုပြီးအရှိန်အပြည့်နဲ့ မောင်း‌ နေလည်း...ကျွန်တော်တို့ နောက်ကို လိုက်နို င်မှာမဟုတ်ဘူး...” အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

“နောက်ထပ် နာရီဝက်လောက် အရှိန်ပြင်း ပြင်းနဲ့ ရွက်လွှင့်ပြီးမှ ပုံမှန်အရှိန်ကို ပြန် ပြောင်း လမ်း ကြောင်းပြောင်းပြီး ပန်းတိုင် ပင်လယ်ပြင်ဆီကို ရွက်လွှင့်မယ်..”

“ဟုတ်ကဲ့” ချန်းဟူ ခေါင်းညိတ်ပြလိုက် သည်။

လျူယောင် စိတ်ထဲကနေ တွေးလိုက်မိ သည်။ ဒီ Mနိုင်ငံ စစ်သင်္ဘောက ငါတို့ နောက်ကို ဘာလိုက်လုပ်တာလဲ..

“ အဝေးကနေ လိုက်ပြီး ငါတို့ ခရီးစဉ်ရဲ့ ရည် ရွယ်ချက်ကို ရှာဖွေချင်တာလား..ဒါမှမဟုတ် တခြားအစီအစဉ်တွေ ရှိလား...”

လျူယောင် ဖြစ်နိုင်ခြေများစွာကို တွေးလိုက် မိသည်။

သို့ပေမဲ့ အာကာသယာဉ်ရဲ့ အပျက်အစီး နေရာကို ဒီ Mနိုင်ငံကလူတွေကို ပေးသိလို့ မရပေ။ရွက်လှေက အာကာသယာဉ် အ ပျက်အစီးမှ ရေမိုင် ၂၀၀ ခန့်အကွာတွင် ရွက်လှေက ရပ်တန့်တော့မည်။

အာကာသယာဉ် အပျက်အစီးရဲ့ အပေါ်ဘက် တွင် တိုက်ရိုက် မမောင်းသင့်ပေ။ ဘာလို့လဲ ဆိုတော့ အဲ့ဒါက ရေနက်ပိုင်းမှာရှိနေတဲ့ အာကာသယာဉ် အပျက်အစီး တည်နေရာကို ဖော်ထုတ်နိုင်တာကြောင့် ဖြစ်သည်။

ဒီအရာကို ဖော်ထုတ်လို့မရပေ။

သူက Mနိုင်ငံမှ လူများရဲ့မျက်လုံးထဲသို့ ရောက်ရှိနေပြီဟု လျူယောင် သဲ့သဲ့လေး ခံစားလိုက်ရသည်။ ဒီလူတွေက သူ နေထိုင် တဲ့ နေရာဘက် အာရုံစိုက်လာကြတာကို ခံ စားလိုက်ရသည်။

အထူးသဖြင့်...

Mနိုင်ငံမှ လူများရဲ့ လှုပ်ရှားမှု့များအပေါ်တွင် ပဲ ဖြစ်သည်။

ရွက်လှေကြီးကို နောက်ထပ် နာရီဝက် လော က် အရှိန်ပြင်းပြင်းဖြင့် ရွက်လွှင့်လိုက်သည်။ ထို့နောက် ပုံမှန်အရှိန်ကို ပြန်ပြောင်း လိုက် ကာ လမ်းကြောင်းကို ပြောင်းပြီး ပန်းတိုင်ပင် လယ်ပြင်ဆီသို့ ဦးတည်လာခဲ့သည်။

ပန်းတိုင်ပင်လယ်ပြင်မှ ရေမိုင်ရာပေါင်းများ စွာ ကွာဝေးနေသေးသည်။ ဒီအရှိန်အတိုင်း ဆိုရင် မနက်ဖြန် နေ့လယ်ပိုင်းမှာ ရောက် ရှိ သင့်သည်။

ညနေပိုင်းတွင် တူနာညစာက အလွန် စား ကောင်းလှသည်။

လျူယောင် ဝိုင်နီတစ်ပုလင်းကို ဖွင့်လိုက်၏။ စားသောက်ပြီးနောက် ခဏနားကြပြီး နှစ် ယောက်သား အိပ်စက်လိုက်ကြသည်။ ရွက် လှေကြီးကလည်း အလိုအလျောက် မောင်း နှင်စနစ်တွင် ရှိနေသည်။

တစ်ညလုံး သူတို့ ဘာစကားမှ မပြောကြ ပေ။

နောက်တစ်နေ့ မနက်ပိုင်းတွင် လျူယောင် ထကာရေမိုင် ၃၀၀ အောက်သာရှိတော့တဲ့ ပန်းတိုင်ပင်လယ်ပြင်သို့ အကြမ်းဖျင်း သူ တွက်ချက်လိုက်သည်။ နောက်ထပ် နှစ်နာရီ၊ သုံးနာရီ ရွက်လွှင့်ပြီးရင်တော့ သူတို့ ရောက်နိုင်လောက်မည်။

မနက် ကိုးနာရီလောက်တွင် ရွက်လှေကြီး ရပ်သွားသည်။ လျူယောင်က ဒီနေရာမှာ စတင်မှာ ဖြစ်၍ လိပ်ကြီးကိုလာခေါ်ရန် ပြောလိုက်သည့်။

လျူယောင် ရေထဲမဆင်းမှီ ပြင်ဆင်မှု့များ စတင်လုပ်လိုက်သည်။ မိနစ် သုံးဆယ်မှ လေးဆယ်ကြာပြီးနောက် ပြင်ဆင်မှု့များအ ားလုံး ပြီးသွားချိန် လိပ်ကြီး ရောက်လာမှ သာ လျူယောင် ရေထဲ ဆင်းနိုင်ပါမည်။

ဒီအချိန်တွင် လျူယောင် မျှော်လင့်ချက်အ ပြည့်ရှိ‌ နေသည်။ သူ အဲ့ဒီ့အပေါက်ကို ဖွင့် ပြီး အာကာသယာဉ်ရဲ့ လေယာဉ်မှူးခန်း ထဲကို ဝင်နိုင်ရင် အရမ်းကောင်းမည်ဟု တွေးနေမိသည်။

လေယာဉ်မှူးခန်းထဲသို့ ဝင်ရောက်ဖို့ လျူ ယောင် မျှော်လင့်မိသည်။

လိပ်ကြီး ရောက်လာရန် စောင့်နေစဉ် ချန်းဟူ ရုတ်တရက် အော်လိုက်သည်။

“သူဋေး..Mနိုင်ငံရဲ့ စစ်သင်္ဘောက ထပ်ပေါ် လာပြီ”

“ဘာလဲ...."

“ထပ်ပေါ်လာပြန်ပြီလား..လျူယောင် မှန် ပြောင်းကို ချက်ချင်းယူကြည့် လိုက်သည်။ တကယ်ပင် မနေ့က စစ်သင်္ဘောပင်။ သူတို့ လည်း ဒီဘက်ကို ရွက်လွှင့်လာသည်။

ချက်ချင်းဆိုသလို လျူယောင် အလွန် စိတ်မသက်မသာ ဖြစ်သွားသည်။

ဒီလူတွေ လက်ထဲမှ သူ လုံးဝ လွတ်သွား ပြီလို့ ထင်ခဲ့သည်။ ဒါပေမဲ့ မမျှော်လင့်ဘဲ အဲဒီသင်္ဘောက သရဲ တစ္စေ ဝိညာဉ်လို ကပ်ကာ လိုက်လာသည်။

"တကယ်ပဲမင်းတို့ဘာလုပ်ချင်တာလဲ..ငါတို့ကိုစောင့်ကြည့်ပြီး ခရီးစဉ်ရဲ့ ရည်ရွယ်ချက် ကို ရှာဖွေချင်တာလား... "

စစ်သင်္ဘောက ထပ်ရောက်လာပြန်သည်။ ဒီအချိန်မှာ အဲ့ဒီ စစ်သင်္ဘောကို လွှတ်လို့ မရတော့ပေ။

ဒီဟာကို ဖယ်ရှားရမယ် ဒါမှဟုတ် နစ်မြုပ် ပစ်ရမည်။ သူ့ကို ဖယ်ရှားပြီး‌ နောက်မှ ပြန် ပေါ်လာတာထက် ပင်လယ်ကြမ်းပြင်သို့ ပို့လိုက်တာက ပိုကောင်းပေသည်။

"နိုင်ငံရဲ့ စစ်သင်္ဘောဖြစ်ရင်ရော ဘာဖြစ် လဲ..."

"ငါက သူတို့ရဲ့ ရေငုပ်သင်္ဘောအချို့ ကို တောင် တည်ဆောက်ခဲ့ပြီးပြီ ဒါဆို နောက် ထပ် စစ်သင်္ဘောတစ်စင်းကို ကြောက်နေရ အုံးမှာလား.."

လျူယောင် စိတ်ထဲကနေ ဒေါသထွက်ကာ ရေရွတ်ရင်း အိမ်မွေးတိရိစ္ဆာန် ချပ်ပြားကို ဖွင့်လိုက်၏။လိပ်ကြီးရဲ့ နေရာကို ကြည့်လို က်ပြီးနောက် မေးလိုက်သည်။

“ငါ့ကောင်ကြီး...မင်း.ရောက်တော့မှာလား”

လိပ်ကြီးရဲ့ အသံက လျူယောင် စိတ်ထဲတွင် ချက်ချင်း ထွက်ပေါ်လာသည်။

“သခင်ရ...ကျနော် ...အများဆုံး ငါးမိနစ် အတွင်း ခင်ဗျားဆီ ရောက်တော့မယ်.."

လိပ်ကြီး ရောက်လာရန် လျူယောင် စောင့် နေသည်။

သူ့ အရှိန်က အလွန်မြန်ပေသည်။ သုံးလေး မိနစ်ခန့်တွင် လိပ်ကြီးက အလျင်အမြန် ကူး ခတ်လာသည်။ လိပ်ကြီးရဲ့ အသံက လျူ ယောင့်ရဲ့ စိတ်ထဲတွင် ထပ်မံပေါ်လာသည်။

“သခင်ရေ...ကျွန်တော် ရောက်ပါပြီ...အခု ခင်ဗျားကို အဲဒီကို ခေါ်သွားရမလား....”

လျူယောင် ခေါင်းခါကာ ပြန်ဖြေလိုက်၏။

“အခု သွားဖို့ အလျင်မလိုသေးဘူး ...Mနိုင် ငံရဲ့ စစ်သင်္ဘောက ငါတို့ နောက်မှာ တစ် ရက်လောက်နီးပါးလိုက်နေတယ်.. အခု မင်း. ..အဲ့ဒါကို နစ်မြုပ်ပစ်လိုက်...”

" အိုကေဘာ..သခင် "

"ဒါက အရမ်းမိုက်မှာပဲ.."

လိပ်ကြီးက ချက်ချင်း အလွန်ပျော်ရွှင်သွား ၏။ ဒီခရီးစဉ်က အလကားမဖြစ်ဘူးလို့ သူ ခံစားရသည်။ သူ့အတွက် အပေါက်ကြီး အချို့ ထိုးဖို့ စောင့်နေတဲ့ စစ်သင်္ဘောတစ် စင်း ရှိနေသေးသည်လေ။

အလွန်ပျော်ရွှင်ပြီးနောက် လိပ်ကြီး တစ်ခွန်း မှ မပြောဘဲ သူ့ရဲ့ ဧရာမလှံနှင့်အတူ ကူးခတ် လာသည်။ မကြာမီ စစ်သင်္ဘော၏ အောက် ခြေသို့ သူ ရောက်ရှိသွားသည်။

အဲ့ဒီစစ်သင်္ဘောပေါ်မှ လူများက ဒါကို လုံးဝ သတိမထားမိကြပေ။ သူတို့က အဝေးက လျူယောင်တို့ ရွက်လှေကြီးကို ပျော်ရွှင်စွာ ကြည့်နေကြသည်။

ပျောက်ဆုံးသွားပြီလို့ ထင်ထားပေမဲ့ တစ်ည လုံး ရွက်လွှင့်ပြီးနောက် ရွက်လှေကသူတို့ ရှေ့တွင် ရှိနေတာကို တွေ့လိုက်ရသည်။

"ဒုန်း..."

ရေအောက်မှ အသံ တိုးတိုးလေး တစ်သံ ထွက်ပေါ်လာသည်။ စစ်သင်္ဘောပေါ်ရှိ လူ များက အနည်းငယ် တုန်ခါမှု့တစ်ခုကို ခံ စားလိုက်ရ၏။

အချို့လူများက သင်္ဘောအောက်ခြေကို တစ် စုံတစ်ရာ ကြီးကြီးမားမား ရိုက်ခတ်သလိုမျိုး ခံစားလိုက်ရသည်။

" ဘုန်း "

ဘာဖြစ်နေလဲဆိုတာကို သူတို့ မသိလိုက်မှီ ရေအောက်မှ ဒုတိယအကြိမ် အသံ ထွက် လာပြန်သည်။

စစ်သင်္ဘောပေါ်ရှိ လူများစွာက အသံကို ရှင်း ရှင်းလင်းလင်း ကြားသွား၏။ဒီ အသံက သူ တို့သင်္ဘောရဲ့ အောက်ခြေမှ လာပုံရသည်။

All Chapters