← Chapters

ရှန်ထျန်းက အမျိုးသမီးနှစ်ယောက်ကို ဖိနှိပ်ခြင်း၊ အမျိုးသားအားလုံး၏ ဂုဏ်ကျက်သရေ

Vol. 24 Ch. 353

ရှန်ထျန်းက အမျိုးသမီးနှစ်ယောက်ကို ဖိနှိပ်ခြင်း၊ အမျိုးသားအားလုံး၏ ဂုဏ်ကျက်သရေ

Vol. 24 Ch. 353

အခန်း (၃၅၃) :  ရှန်ထျန်းက အမျိုးသမီးနှစ်ယောက်ကို ဖိနှိပ်ခြင်း၊ အမျိုးသားအားလုံး၏ ဂုဏ်ကျက်သရေ

ပြောရလျှင် ကျန်းယွင်ရှီးနှင့် မင်းသမီးလင်းလုံတို့ နှစ်ယောက်လုံးက အင်မတန် အားကောင်းကြသော အမျိုးသမီး ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့က ငယ်ရွယ်ကြသော်လည်း ထူးခြားလှသော တိုက်ခိုက်စွမ်းကို ပိုင်ဆိုင်ထားကြသေးသည်။ သူတို့မျိုးဆက်အတွင်း ထိပ်ဆုံးအနက် ပါဝင်ကြသည်။

အသက်ကြီးသော ကျင့်ကြံသူတချို့က ထိုမိန်းကလေးနှစ်ယောက် တိုက်ခိုက်နေသည်ကို ကြည့်ပြီး ပူဆွေးဝမ်းနည်းလာမိသည်။

ကမ်းခြေဆီ လှိုင်းလုံးများ ရိုက်ခတ်လာသကဲ့သို့ လူငယ်များက ကျော်တက်သွားကြသည် မဟုတ်ပါလော …

ဓာတ်နှောကျားဖြူမီးလျှံဓား …

ဘုံကိုးပါး မဟူရာလင်းလုံဓား …

မိန်းကလေးနှစ်ယောက်က အဖြူရောင်များ ဝတ်ဆင်ထားကြသည့် ဓားများ ကိုင်ဆောင်ထားကြသည်။ သူတို့က ကမ္ဘာမြေပေါ် ဆင်းသက်လာသည့်အလား နတ်ဘုရားမများအလား ကြော့ရှင်းစွာ လှုပ်ရှားနေကြသည်။

သူတို့ဓားအငွေ့အသက်များက ပေသောင်းချီ ပျံ့နှံ့သွားပြီး ထာဝရဘုံဗိမာန်ကျွန်းတစ်ခုလုံးပေါ် အလင်းတန်းများ ဖြာကျသွားစေသည်။ ကျားဖြူဓားနှင့် လင်းလုံကြယ်တာရာဓားတို့က ထိပ်တိုက် တွေ့မိကြပြီး ကောင်းကင်တခွင် ဓားအလင်းများ ပြည့်သွားစေသည်။

သူတို့အနားရှိ အာကာပြင်ကလည်း မခံနိုင်တော့သည့်အလား ပျက်စီးသွားကာ ပင့်ကူအိမ်သဖွယ် အက်ကြောင်းများ ပေါ်ထွက်လာသည်။

ဒီတိုက်ပွဲက ကနဦးဝိညာဉ်ကျင့်ကြံသူကြား တိုက်ပွဲ ဟုတ်ရဲ့လား …

သူတို့နှစ်ယောက်လုံးကို ကောင်းကင်အသျှင်ဟု ပြောလျှင်ပင် ယုံကြည်လောက်၏။

ဖန်ချန်းနှင့် ကျန်းယွင်ထင်တို့လည်း အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။

ဂိုဏ်းတူညီမလေးက ပိုအားကောင်းလာပြီပဲ …

ကျန်းယွင်ထင်၊ ဖန်ချန်းနှင့် ကျန်းယွင်ရှီးတို့က အံ့ဖွယ်မိုးကောင်းကင်၏ အားအကောင်းဆုံး ပါရမီရှင်များအဖြစ် အမြဲအမွှမ်းတင်ခံရလေ့ရှိသည်။ သို့သော် ကျန်းယွင်ရှီးက သူတို့သုံးယောက်ကြား အားအနည်းဆုံးသာ ဖြစ်၏။

သူမ ရှန်ထျန်းကို စသိလာကတည်းက ကျန်းယွင်ရှီးသည် ဓာတ်နှောနတ်မိုးကြိုး ပမာဏအမြောက်အများကို စုပ်ယူခဲ့ပြီး ကပ်ဘေးတဖန် ကျင့်စဉ်ကို ကျင့်ကြံနိုင်ခဲ့သည်။ ထိုမှစ၍ သူမ၏ စွမ်းအားက အဆမတန် ကြီးထွားလာတော့သည်။

ထို့နောက် သူမက စစ်နတ်ဘုရား မျှော်နန်းဆောင်အတွင်း လေ့ကျင့်ကာ ဉာဏ်အလင်းပွင့် အဖန်ရည်နှင့် ကံအပြောင်းအလဲ အခွင့်အရေးများမှ အကျိုးမြတ်များစွာလည်း ရရှိခဲ့သည်။ သူမ၏ စွမ်းအားက ပို၍ တိုးပွားလာသည်။

ပို၍ အရေးကြီးသည်က သူမ အားကောင်းလိုသည့် စိတ်ဆန္ဒမှာ ရှန်ထျန်းနှင့် တွေ့ဆုံပြီးနောက် ပြင်းထန်လာခဲ့ခြင်း ဖြစ်၏။

ရှန်ထျန်းတစ်ယောက် အောင်းပင်းနှင့်အတူ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှ ထွက်သွားသည့် ခြောက်လတာအတွင်း ကျန်းယွင်ထင်က ကျန်းယွင်ရှီး မည်မျှကြိုးကြိုးစားစား လေ့ကျင့်နေသည်ကို ကိုယ်တိုင်မြင်ခဲ့ရသည်။

သူမ၏ အားထုတ်နိုင်စွမ်းတို့က အံ့ဩလောက်ဖွယ် ဖြစ်၏။

ယခု သူမက ထိုအားထုတ်မှု၏ အသီးပွင့်တို့ကို ခံစားနေရလေပြီ။

ခုနှစ်ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်မှ ဆယ်ဆင့်မြောက်ရောက်လုနီးပါးသို့ တစ်နှစ်တာသာ ကြာမြင့်ခဲ့သည်။ ထို့အပြင် ကနဦးဝိညာဉ် ဖွဲ့စည်းဖို့ရာ သူမ၏ ရွှေအမြုတေကိုလည်း အောင်အောင်မြင်မြင် အက်ကွဲစေနိုင်လိမ့်မည်။

အရှေ့ပိုင်းလွင်ပြင်တွင် ဖြစ်စေ အလယ်ပိုင်းကုန်းမြေ သို့မဟုတ် တခြားနယ်မြေများတွင် ဖြစ်စေ ဤသို့သော တိုးတက်နှုန်းက ကမ္ဘာတုန်လုမတတ် အံ့ဩလောက်ဖွယ် ဖြစ်၏။

အကယ်၍ သူတို့သာ ရွှေအမြုတေအဆင့်စာရင်းကို ပြန်လုပ်လျှင် ကျန်းယွင်ရှီးက နံပါတ်နှစ် နေရာကို အလွယ်လေး ယူသွားလောက်သည်။ သူမက တတိယနေရာကို လက်တစ်ချက်ဝေ့ရုံလောက်ဖြင့် အနိုင်ယူနိုင်လောက်သည်။

သို့သော် ထိပ်ဆုံးနေရာကို ရယူဖို့အတွက်မူ အလှမ်းဝေးနေဆဲ ဖြစ်၏။

…………...

အလွန်လျို့ဝှက်သော အာကာပြင်နေရာတစ်ခုအတွင်း ပုံရိပ်များစွာ ရပ်နေကြသည်။ သူတို့ဆီမှ အလွန်အမင်း အားကောင်းသော ဝိဇ္ဇာအဆင့် အရှိန်အဝါများ ထုတ်လွှင့်နေကြလေသည်။

သူ့ဆရာတူအစ်ကိုကြီးကို ရောင်းစားခဲ့သည့် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်လည်း ပါဝင်ပေသည်။

တော်ဝင်ဆန်ဆန် ဝတ်ဆင်ထားသည့် လူလတ်အရွယ် အမျိုးသားက ပြုံးကာ “ ဂိုဏ်းချုပ်ကျန်းက တကယ်ကို ကောင်းချီးပေးခံရတာပဲ။ ခင်ဗျားလက်အောက်မှာ ဒီလိုထူးချွန်တဲ့ ပါရမီရှင်တွေအများကြီးရှိတယ်။ ခင်ဗျားရဲ့ တပည့်ကလည်း အတော်လေး ထက်မြက်တယ် ”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါတို့က အသာလှုပ်ခတ်သွားပြီး ယဉ်ယဉ်ကျေးကျေး ပြန်ဖြေလိုက်သည်  “ ဧကရာဇ်က ချီးကျူးလွန်းနေပါပြီ။ ကျုပ်သမီးက မင်းသမီးလင်းလုံနဲ့ မယှဉ်နိုင်သေးပါဘူး ”

လူလတ်အရွယ် အမျိုးသားကြီးက ထပ်ပြုံးလိုက်ပြီး  “ ကျုပ်ကြားတာတော့ ခင်ဗျားတို့ အထွတ်အမြတ်မြေရဲ့ လက်ရှိမျိုးဆက်မှာ ကောင်းတဲ့အရာတွေ အများကြီးပဲဆို … ခင်ဗျားရဲ့ ပါရမီရှင်ငါးယောက်က အရှေ့ပိုင်းလွင်ပြင်မှာ ပြိုင်ဖက်ကင်းပြီးတော့ သူတို့အားလုံးက ခင်ဗျားရဲ့တိုက်ရိုက်တပည့်တွေလို့ ကြားထားတယ်။ တကယ်ကို ချီးကျူးထိုက်စရာပါပဲ ”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါတို့က ထပ်မံ လှုပ်ခတ်သွားပြီး  “ အခုလိုဖြစ်အောင် သူတို့ ကြိုးစားခဲ့ကြလို့ပါ။ ကျုပ်က လမ်းညွှန်မှု ပေးခဲ့ရုံလောက်ပါပဲ ”

ဧကရာဇ်က ထပ်မံ ပြောလိုက်ပြန်သည်  “ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကတော့ ထိပ်တန်းငါးယောက်ထဲမှာ အထူးခြားဆုံးပဲ။ ကြားတာတော့ သူက အရှေ့ပိုင်းလွင်ပြင်မှာ အချောဆုံးအမျိုးသားဆို … ပြီးတော့ သူ့မျိုးဆက်အတွင်းမှာ အားအကောင်းဆုံးတဲ့။ သူက ဆယ်ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်ကို ရောက်နေတဲ့ ချီရှောက်ရွမ်ကိုတောင် အနိုင်ယူနိုင်ခဲ့တယ်ဆို …

အစပိုင်း ကြားကြားချင်းတုန်းက မယုံနိုင်ခဲ့ဘူး။ ဒါပေမဲ့ အခုတော့ ဒီကောလဟာလတွေက အပိုတွေ မဟုတ်တာ သိလိုက်ရပြီ။ နောက်ဆုံးတော့ သူတော်စင်ရဲ့ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရတော့ တကယ်ကို ခင်ဗျားငယ်ငယ်တုန်းကအတိုင်းပဲ … အရင်တုန်းကအကြောင်းတွေတောင် လွမ်းမိသလိုပဲ။ အခုတော့ ခင်ဗျားရဲ့ ရာထူးကို ယူနိုင်မဲ့လူမျိုးကို တွေ့သွားပြီကိုး ”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ အရှိန်အဝါတို့က သိသိသာသာ လှုပ်ခတ်လာသော်လည်း အသံက မပြောင်းမလဲ ကျန်ရှိနေဆဲ ဖြစ်၏

“ အဟမ်း ချီးကျူးလွန်းနေပါပြီဗျာ … ထျန်းအာက တကယ်ကို ထူးချွန်ပြောင်မြောက်ပြီးတော့ ကျုပ်ငယ်ငယ်တုန်းကလိုဆိုပေမဲ့ သူ့အလားအလာအပြည့်အထိ မရောက်သေးဘူး။ လူငယ်လေးတွေက သူတို့ကျင့်ကြံရေးအလားအလာ အမြင့်ဆုံးကို ရောက်ဖို့ အတွေ့အကြုံကောင်းတွေ လိုအပ်တယ်လေ။ ကျုပ်က ထျန်းအာအတွက် အကြံပေးတစ်ယောက်လိုပါပဲ … ဒါက ဘာမှမပြောပလောက်ပါဘူး ”

ဟားဟား …

..................

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်၏ ဧကရာဇ်တို့က စကားဆက်ပြောနေကြစဉ် ကျန်းယွင်ရှီးနှင့် မင်းသမီးလင်းလုံတို့က တိုက်ခိုက်နေကြဆဲ ဖြစ်သည်။ သူတို့တိုက်ပွဲ၌ အနိုင်ရသူ မသည်းကွဲပေ။

မင်းသမီးလင်းလုံက မာနကြီးကာ ကျန်းယွင်ရှီးတစ်ယောက် အဆင့်တက်ထား၍ မတည်မငြိမ် ဖြစ်နေသေးသည့်အချက်ကို အခွင့်ကောင်းမယူချင်ပေ။ သူမက အနိုင်ရဖို့ ဖြည်းဖြည်းချင်း ကြိုးစားနေသည်။

ကျန်းယွင်ရှီး၏ ကျားဖြူဓားက မည်မျှအားကောင်းစေကာမူ မင်းသမီးလင်းလုံ၏ ကြယ်တာရာဓားအောက်တွင် ချေဖျက်ခံလိုက်ရသည်။ သူမက မင်းသမီးလင်းလုံအတွက် ခြိမ်းခြောက်မှုမဖြစ်စေပေ။

မည်သို့ပင်ဆိုစေကာမူ ကျန်းယွင်ရှီးက အဆင့်သစ်နှင့် အခြေကျလာသောကြောင့် မင်းသမီးလင်းလုံ၏ အမူအယာတို့သည်လည်း အလေးအနက်အဖြစ် ပြောင်းလဲလာသည်။ သူမက ယခင်လို အထင်မသေးတော့ပေ။

တိုက်ပွဲအရှိန်က သိသိသာသာ တိုးမြင့်လာပြီး ပို၍ ကြမ်းတမ်းလာသည်။

အကယ်၍ သူတို့သာ ဆက်တိုက်နေပါက နှစ်ယောက်လုံး တစ်ယောက်နှင့်တစ်ယောက် ဒဏ်ရာပေးခြင်းနှင့်သာ အဆုံးသတ်သွားပေမည်။ ထိုစဉ် အသံတစ်သံ ထွက်လာလေ၏  “ စီနီယာအစ်မတို့ ကျွန်တော်ကို မျက်နှာသာပေးတဲ့အနေနဲ့ နှစ်ယောက်လုံး ရပ်ပေးလို့ရမလား ”

ကျန်းယွင်ရှီးနှင့် မင်းသမီးလင်းလုံတို့ကြား မျက်စိစူးလောက်ဖွယ် ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။

ထိုစဉ် မိန်းမပျိုနှစ်ယောက်လုံးက အားအပြည့်ထုတ်တိုက်ဖို့ ပြင်ပြီးကြလေပြီ။ တိုက်ပွဲက ပြင်းထန်နေသောကြောင့် သူတို့ကြားရှိ နေရာကား “မသွားရ နယ်မြေ” အဖြစ်  သတ်မှတ်ပြီးလေပြီ။

သို့သော်လည်း ရှန်ထျန်းက ထိုနေရာကို ဝင်ရောက်နိုင်လိုက်သည်။

ချွမ် …

ဓားအလင်းတန်းတို့ ပေါက်ကွဲထွက်သောကြောင့် အာကာပြင်ကိုပင် ထိုးခွင်းသွားသည်။

ကျားဖြူဓားနှင့် ကြယ်တာရာဓား နှစ်လက်လုံး ထိုပုံရိပ်ဆီ ဝင်ရောက်သွားလေ၏။

မဖြစ်ဘူး …

ကျန်းယွင်ရှီးနှင့် မင်းသမီးလင်းလုံတို့က ပျာပျာသလဲ ဖြစ်သွားကြကာ ဓားများကို ပြန်ရုတ်သိမ်းဖို့ ချက်ချင်း ကြိုးစားလိုက်ကြသည်။ သို့သော် သူတို့ဓားအငွေ့အသက်က ပြန်လမ်းမရှိသည့် အခြေအနေသို့ ရောက်နေလေပြီ။

ပြိုင်ဖက်ကင်း ဓားအငွေ့အသက်နှစ်ခုက ရှန်ထျန်းဆီ ဆက်လက် ဝင်ရောက်သွားသည်။

ထိုအခိုက်အတန့် အားလုံးက အသက်ပင် မရှုရဲကြတော့ပေ။

………....

ချွမ် …

ဓားတုန်ခါသံ ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာသည်။

ရှန်ထျန်းက မိန်းကလေးနှစ်ယောက်ကြား ရပ်နေဆဲ ဖြစ်၏။ သူ့လက်နှစ်ဖက်ကို ဆန့်တန်းကာ ဓားနှစ်လက်အား လက်ညိုးနှင့် လက်ခလယ်ကြား ညှပ်ကာ ထိန်းထားလိုက်သည်။

တုန်ခါနေသည့် ဓားဖျားတို့က ရှန်ထျန်းလက်ချောင်းကြား မရုန်းနိုင်ဘဲ ဖြစ်နေရှာသည်။ ဓားက မည်မျှပင် ရုန်းကန်စေကာမူ ရှန်ထျန်းလက်ချောင်းကြားမှ ထွက်မသွားနိုင်ပေ။

အားလုံးက မယုံကြည်လောက်အောင် အံ့ဩတုန်လှုပ်သွားကြသည်။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က တကယ်ကို အားကောင်းတာပဲ .. မယုံနိုင်လောက်စရာပဲ

အံ့ဖွယ်မိုးကောင်းကင် တပည့်များ၏ မျက်ဝန်း၌ လေးစားမှုအပြည့် ဖြစ်နေသည်။ အမျိုးသမီးများ မည်မျှဒေါကန်နေစေကာမူ သူက အားလုံးကို ဖိနှိပ်ထားနိုင်သည်။

သူတော်စင်က တကယ်ကို လွှမ်းမိုးနိုင်တာပဲ .. သူက အမျိုးသားအားလုံးရဲ့ ဂုဏ်ကျက်သရေဆောင်ပဲ …

ကွေ့ကုန်းကုန်းကလည်း အလွန်ကျေနပ်နေမိသည်။

ကိုယ်လုပ်တော်လန်လည်း ပျော်နေတော့မှာပဲ …

All Chapters