← Chapters

အနည်းငယ်ထူးခြားသည့် မျိုးနွယ်စု

Vol. 11(A) Ch. 149

အနည်းငယ်ထူးခြားသည့် မျိုးနွယ်စု

Vol. 11(A) Ch. 149

ခရမ်းမီးတောက်များသည် အဘက်ဘက်မှ ရောက်ရှိလာပြီး အန်လင်းတို့အား လွှမ်းခြုံသွားတော့သည်။

ထိုအချိန်မှာပင် နဂါးထီး၏ တင်ပါးသို့ ရေခဲလှံတစ်ချောင်း ထိုးစိုက်လာပြန်သည်။

"အိုး ..." နဂါးထီးသည် နာကျင်စွာဖြင့် အော်ဟစ်လိုက်ပြန်သည်။

"ရှင့်မှာ ဦးနှောက်မရှိဘူးလား။ အစာလေးတွေကို မီးသွေးတုံးဖြစ်အောင် မီးမြှိုက်လိုက်မယ်ဆိုရင် ကျုပ်က ဘယ်လို စားရတော့မတုန်း” နဂါးမသည် အဝေးမှနေ ဒေါသတကြီး အော်ဟစ်လိုက်သည်။

နဂါးထီး၏ မီးအိမ်နှင့်တူသည့် မျက်လုံးကြီးများတွင် မျက်ရည်များ ဝေ့သီလာသည်။ ဒါလည်း မမှန်ဘူး၊ ဒါလည်း မှားတယ်။ သူ့အနေဖြင့် ဘာဆက်လုပ်ရမည်နည်း။

တောင်ခွင်းလက်သီး။ လေပြင်းအမြောက်။ ရေခဲခုတ်ချက်။

အန်လင်း၊ တပိုင်နှင့် ကျိယန်လင်တို့သည် တစ်ချိန်တည်းမှာပင် တိုက်ခိုက်လိုက်ကြပြီး ခရမ်းမီးတောက် ပင်လယ်အား အပေါက်ဖြစ်အောင် ဆုတ်ဖြဲလိုက်ကြသည်။

ခရမ်းမီးတောက်များသည် တရွှီရွှီ အသံပြုကာဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင် ပူလောင်ပြီး အကြင်နာ ကင်းမဲ့ကာဖြင့် တောက်လောင်နေလေသည်။

နဂါးထီးသည် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည်။ ကံကောင်းသည်မှာ ထိုလူသားကျင့်ကြံသူများသည် အတော်လေး သန်မာပုံရသဖြင့် မီးသွေးခဲများ မဖြစ်သွားခြင်းပင်။ မဟုတ်လျှင် သူ့အနေဖြင့် နောက်တစ်ကြိမ် နှိပ်စက်ခံရပေလိမ့်မည်။

"ရှောင်ချိုးရေ ... မင်းရဲ့ ဆလိုက်မီးတွေကို မြေပြင်ပေါ် အလင်းပေးစမ်းကွာ" အန်လင်းသည် အလျင်စလိုဖြင့် အော်ပြောလိုက်သည်။

ရှောင်ချိုးသည် ချက်ချင်းဆိုသလိုပင် သူ၏ ဆလိုက်မီးများအား ဖွင့်လိုက်ပြီး အားကောင်းသည့် အလင်းရောင်သည် မြေပြင်သို့ ထွန်းလင်းလိုက်ကာ မြေပြင်အနေအထားအား မြင်လိုက်ရသည်။

နဂါးနှစ်ကောင်နှင့် သူတို့အကြားရှိ အကွာအဝေးမှာ ပေတစ်ထောင်ပင် မပြည့်တော့ချေ။

"ငါ့နောက်လိုက်ခဲ့” အန်လင်းသည် တပိုင်၏ နောက်ကျောတွင် ထိုင်ကာဖြင့် အောက်ဘက်သို့ ပျံသန်းလိုက်သည်။

"ဟဟဟ ... လူသားလေးတွေ ... မင်းတို့ ပြေးမလွတ်ပါဘူးကွာ။ မင်းတို့ဘာသာပဲ အညံ့ခံလိုက်ပါတော့ ငါက မြန်မြန်ဆန်ဆန်နဲ့ နာကျင်ခြင်းမရှိအောင် သေမင်းဆီ ပို့ပေးမှာပါ” နဂါးထီး၏ မျက်နှာတွင် အောင်ပွဲခံသည့် အမူအရာဖြင့် ရှိနေပြီး သူ၏ သားကောင်နှင့် တဖြည်းဖြည်း နီးကပ်လာနေပြီ ဖြစ်သည်။

သူ၏ပိုင်နက်တွင် အနက်ရောင် ဆူးချွန်များဖြင့် ပြည့်နေပြီး ကြောက်မက်ဖွယ် အငွေ့အသက်များ ဖော်ထုတ်နေလေသည်။ ထွက်ပြေးရန် ပြင်ဆင်နေကြသော သူ၏ သားကောင်များအား ဖမ်းဆွဲနိုင်သည်အထိ နီးကပ်လာနေပြီ ဖြစ်သည်။

အန်လင်းသည် ပျံသန်းနေစဉ်တွင် မြေပြင်၌ အက်ကွဲကြောင်းတစ်ခုအား မြင်တွေ့လိုက်ခြင်းကြောင့် ထိုအက်ကွဲကြောင်း အတွင်းသို့ ရုတ်တရက် ပျံသန်း ဝင်ရောက်လိုက်သည်။

စုရှောင်လန်နှင့် အခြားသူများသည် ချက်ချင်းဆိုသလိုပင် အန်လင်း၏ ရည်ရွယ်ချက်အား နားလည်သွားသဖြင့် မျက်လုံးများ တောက်ပကာ လိုက်ပါသွားကြသည်။

"မင်းတို့ မလွတ်နိုင်ပါဘူး”

နဂါးထီး၏ အမူအရာ ပြောင်းလဲသွားပြီး အတောင်ပံများ တဖျက်ဖျက်ခတ်ကာဖြင့် သူ၏ ခန္ဓာကိုယ်ကြီးအား အန်လင်းတို့ ထွက်ပြေးသွားသည့် မြေပြင်ရှိ အက်ကွဲကြောင်းနှင့် ဝင်ဆောင့်လိုက်သည်။

ဘုန်း

မြေပြင်သည် ပြင်းထန်စွာ တုန်ခါသွားပြီးနောက် နဂါးကြီးသည် သူ၏ဦးခေါင်းအား အက်ကွဲကြောင်းအတွင်းသို့ ထိုးသွင်းလိုက်သည်။ သို့သော်လည်း သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ ဝင်ရောက်နိုင်ရန် မဖြစ်နိုင်ချေ။

အက်ကွဲကြောင်းသည် ပေ ၃၀/၄၀ ခန့်သာ ကျယ်လေသည်။ သူ၏ ခန္ဓာကိုယ်မှာပင် ပေတစ်ရာခန့် ရှိသည့်အတွက် အက်ကွဲကြောင်းအတွင်း ဝင်ရောက်ရန် အလွန်ကြီးမားနေခြင်း ဖြစ်သည်။

"ထွက်သွားစမ်း"

တစ်ချိန်လုံး နဂါးထီး၏ အနောက်မှ လိုက်ပါလာသည့် နဂါးမသည် ဒေါသတကြီး ဖြစ်လာပြီး နဂါးထီးအား တားဆီးသည့်အနေဖြင့် ကန်ကျောက်လိုက်သည်။

မြေပြင်မှ ပဲ့တင်သံတစ်ခု ထွက်ပေါ်လာပြန်သည်။ နဂါးမ၏ ကန်ချက်ကြောင့် နဂါးထီးသည် လည်ပင်းကျိုးလုနီးပါး ဖြစ်ကာ သူ၏ခေါင်းမှ အက်ကွဲကြောင်းအတွင်း စိုက်ဝင်နေဆဲ ဖြစ်သည်။ မြေပြင်တွင် လျောတိုက်ရွေ့လျားရင်းဖြင့် ချောက်နက်မှ ထွက်ခွာနိုင်ရန် ကြိုးစားနေလေသည်။

နဂါးမသည် အန်လင်းတို့အား ကြည့်လိုက်ပြီးနောက် ဖျက်ဆီးစွမ်းအားမြင့်သည့် အေးစက်သည့် လေများ မှုတ်ထုတ်လိုက်သည်။

သူတို့အား ညစာအဖြစ် မစားသောက်နိုင်လျှင် သတ်ပစ်ရပေလိမ့်မည်။

အန်လင်းတို့သည် အောက်ခြေသို့ ဆင်းသက်နေရင်း အလွန်ကြောက်မက်ဖွယ် စွမ်းအားတစ်ခုသည် သူတို့၏အနောက်သို့ လိုက်ပါလာသည်ဟု အာရုံခံမိလိုက်ကြသည်။ ထိုစွမ်းအားသည် အရာအားလုံးကို ခဲပစ်လိုက်နိုင်ပြီး သူတို့၏ ပတ်ဝန်းကျင်ရှိ လေထုသည်ပင်လျှင် စတင်အေးခဲလာနေပြီ ဖြစ်သည်။

ထိုသည်မှာ နဂါးထီး၏ တိုက်ခိုက်မှု မဟုတ်ချေ။ ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိ နဂါးတစ်ကောင်၏ စွမ်းအားပြည့်တိုက်ခိုက်မှု ဖြစ်သည်။

"အာလုံး ငါ့ဘေးကို လာခဲ့ကြ" အန်လင်း အော်ဟစ်လိုက်သည်။

လူတိုင်းသည် ချက်ချင်းဆိုသလို ရောက်ရှိလာကြသည်။

"ကျယ်စမ်း ကျယ်စမ်း ကျယ်စမ်း"

ဖရိုဖရဲသတ္တု အုတ်ခဲနက်သည် လျင်မြန်စွာ ကျယ်ပြန့်လာပြီးနောက် အန်လင်း၏အရှေ့တွင် နံရံတစ်ခုသဖွယ် ရပ်တန့်နေလေသည်။

ဘုန်း

နဂါးမ မှုတ်ထုတ်လိုက်သည့် လေအေးများသည် အုတ်ခဲသို့ ရိုက်ခတ်လာပြီး အန်လင်းသည် ကြောက်မက်ဖွယ်စွမ်းအား၏ ရိုက်ခတ်မှုဒဏ်ကြောင့် အနောက်သို့ ဆုတ်လိုက်ရသည်။

လေအေးများသည် အုတ်ခဲအား ရှောင်နိုင်ခြင်း မရှိသော်လည်း သူတို့ပတ်ဝန်းကျင်ရှိ အပူချိန်အား ရုတ်တရက်ကျဆင်းသွားစေသည်။ ထို့ကြောင့် လူတိုင်းသည် သွေးကြောထဲရှိ သွေးများ အေးခဲလာသည်ဟု ခံစားနေရသည်။

"အကိုကြီးအန်ရဲ့ ဆန်းကြယ်လှတဲ့ အုတ်ခဲအတွက် ကျေးဇူးတင်ပါတယ် ဘုရားသခင်။ မဟုတ်ရင် ကျွန်တော်က ခွေးခဲခြောက် ဖြစ်သွားတော့မှာ။ ဝုတ်" တပိုင်သည် မျက်လုံးထဲတွင် ကြောက်ရွံ့မှများ အပြည့်ဖြင့် ပြောလေသည်။

နဂါးမသည် စိတ်ပျက်စွာဖြင့် ကြည့်လိုက်သည်။ စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့်သာ ရှိနေသေးသည့် ကျင့်ကြံသူသည် သူမ၏ တိုက်ခိုက်မှုအား ခုခံလိုက်နိုင်သည် မဟုတ်ပါလား။

"ကလေးအမေရေ ... အဲဒီ ခွေးသူတောင်းစားလေးတွေ ရေခဲပန်းပုဘဝကို ရောက်ရှိသွားကြပြီလား” နဂါးထီးသည် သူ၏လည်ပင်းအား နှိပ်နယ်ကာဖြင့် အူယားဖားယား ပြေးလာသည်။

"ထွက်သွားစမ်း" နဂါးမသည် နဂါးထီးအား အနောက်သို့ လွင့်ထွက်သွားသည်အထိ ကန်ကျောက်လိုက်သည်။

သူမသည် ကျင့်ကြံသူများအား အလွန်မုန်းတီးဟန်ဖြင့် ကြည့်လိုက်သည်။ သို့သော်လည်း သူမ၏ ဒေါသများကို နဂါးထီးအပေါ် ပုံချခြင်းမှအပ မည်သည့်အရာမျှ မပြုလုပ်နိုင်ချေ။

အန်လင်းနှင့် အခြားသူများသည် နဂါးမ၏ ဒေါသတကြီး တိုက်ခိုက်မှုမှ လွတ်မြောက်သွားကြောင်း အတည်ပြုပြီးသည့် နောက်မှသာ စိတ်သက်သာရာ ရစွာဖြင့် အသက်ရှူနိုင်တော့သည်။

အက်ကွဲကြောင်းမှ ချက်ချင်း မထွက်ခွာသင့်သေးသည့် အတွက် သူတို့သည် အောက်သို့ ဆက်ဆင်းလိုက်ကြသည်။

သူတို့၏ ပတ်လည်တွင် အလွန်မှောင်မဲနေဆဲ ဖြစ်သည်။ မီးစုန်းဓာတ်လုံး၏ အလင်းပေးမှုကြောင့်သာလျှင် သူတို့၏ တစ်ဖက်တစ်ချက်စီတွင် ရှိနေသည့် ကျောက်မျက်နှာပြင်နှစ်ဖက်သည် ကျဉ်းမြောင်းခြင်း မရှိသော်လည်း တဖြည်းဖြည်း ကျယ်လာသည်ကို တွေ့လိုက်ကြသည်။

"အက်ကွဲကြောင်းရဲ့ အောက်ခြေမှာ လွတ်နေတဲ့နေရာ ရှိပုံပဲ။ အဲဒီမှာ သန္ဓေပြောင်းသားရဲတွေ ရှိနေနိုင်တယ်။ အဲဒီအပြင် သားရဲအုပ်လိုက် ရှိနိုင်တယ်” ကျိယန်လင်သည် တူညီသည့် နေရာအများအပြားသို့ သွားလာခဲ့ဖူးသည့်အတွက် အတွေ့အကြုံများစွာ ရှိနေလေသည်။

၁ ကီလိုမီတာခန့် ဆင်းသက်ပြီးသည့်နောက်တွင် သူတို့သည် လိုဏ်ဂူတစ်ခု အတွင်းသို့ ရောက်ရှိလာကြသည်။

"ဒီမှာ အလင်းရောင် ရှိနေပါလား” အန်လင်းမှာ အသက်ရှူပင် မှားသွားသည်။

ကျောက်လွှာ၏ထိပ်ဘက်တွင် အစိမ်းရောင်အလင်းတန်းများ ပြန့်ကျဲလျက် ရှိသည်။ ထိုအလင်းများသည် အလွန်မှိန်ဖျော့သော်လည်း မှောင်မည်းနေသည့် ပတ်ဝန်းကျင်တွင် ထင်းလင်းလျက်ရှိသည်။

"အဲဒါက မီးပိုးကောင်တွေလေ။ သူတို့က ရေများများရတဲ့နေရာမျိုးတွေမှာ စုနေတတ်ကြတယ်။ ဒီလိုမီးပိုးကောင် အုပ်စုကြီးရဲ့ အိမ်တစ်ခု ဖြစ်ဖို့ဆိုရင် ဒီနေရာမှာ မြေအောက်ရေကန်တစ်ခု ရှိနေလို့ပဲ ဖြစ်လိမ့်မယ်” ကျိယန်လင် ရှင်းပြသည်။

ရေကန်တစ်ကန်လား။

အဲဒီမှာ ရေအောက် မကောင်းဆိုးဝါးတွေ ရှိနေမှာလား။

မှန်ပေသည်။ မီးစုန်းဓာတ်လုံး၏ အလင်းရောင်အောက်တွင် ဆက်လက်လျှောက်လှမ်းနေရင်း သူတို့အရှေ့၌ ရေကန်ငယ်တစ်ခု ပေါ်လာသည်။

"ဝမ်လု ..."

"ဝမ်လုရေ ရှင်ဘယ်မှာလဲ”

ကျိယန်လင်သည် ထိုလူ၏နာမည်အား နောက်တစ်ဖန် အော်ဟစ်လိုက်ပြန်သည်။ သူမ၏ အသံကြောင့် တည်ငြိမ်နေသည့် ကန်ရေပြင်တွင် ရေလှိုင်းကလေးများပင် ဖြစ်ပေါ်လာစေသည်။

သူမ၏ အော်သံအား တုံ့ပြန်ခြင်း မရှိသော်လည်း သူမသည် အရှုံးမပေးဘဲ ဆက်တိုက် အော်ဟစ်နေဆဲ ဖြစ်သည်။

လုံလောက်နေပြီ ဖြစ်သည်။ သူမသည် အကြိမ်ပေါင်းများစွာ အော်ဟစ်နေသော်လည်း တုံ့ပြန်သံ မရရှိချေ။ သို့သော်လည်း သူမ၏ အလွန်ခိုင်မာသည့် သံန္နိဋ္ဌာန် ချထားပြီး ဖြစ်သည်ကြောင့် အားလျှော့ခြင်း မရှိချေ။

အန်လင်းသည် ထိုအမျိုးသမီးအား အလွန်လေးစားမိသည်။ နုနယ်သော်လည်း ပြတ်သားသည့် ပုံရိပ်လေးကြောင့် အတော်လေး စိတ်လှုပ်ရှားမိသည်။

ထိုအချိန်တွင် ရုတ်တရက်ဆိုသလို သူ၏ကျောရိုးအတွင်းမှ အေးစက်လာသည်ဟု ခံစားမိလိုက်သည်။ ပရမ်းပတာ ဖြစ်နေသည့် အော်ရာများသည် သူ့ထံသို့ ပျံသန်းလာကြောင်း အာရုံခံမိသဖြင့် သူ၏ဓားအား ဆွဲထုတ်လိုက်သည်။

သို့သော်လည်း ထိုအော်ရာသည် လေကဲ့သို့ ပျောက်ကွယ်သွားပြီး အရာအားလုံးသည် ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိသွားသည်။

လှည့်ပတ် ကြည့်လိုက်သည့်အခါတွင် လူတိုင်းသည် သူ့အား စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"အဲဒါက အသူရာလေနက် ဖြစ်လိမ့်မယ်။ ငါက အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရပြီးပြီ။ အဲဒီလေက အန္တရာယ်မရှိဘူး” ကျိယန်လင်သည် အတွေ့အကြုံ ပြည့်ဝသူ တစ်ဦးကဲ့သို့ ရှင်းပြလေသည်။

အန်လင်းတို့သည် သူမ၏ စကားများကြောင့် စိတ်သက်သာရ ရကြတော့သည်။

သို့သော်လည်း ထိုအချိန်မှာပင် အေးစက်သည့် အော်ရာများ ရောက်ရှိလာပြန်သည့်အတွက် ကြက်သီးမွေးညင်းများပင် ထလာကြသည်။

ထို့နောက်တွင်

ပရမ်းပတာ ဖြစ်နေသည့် အော်ရာများသည် သူတို့ထံသို့ အဘက်ဘက်မှ ပျံသန်းလာကြပြီး ပြင်းထန်သည့် စိတ်ဓာတ်ကျမှုများ ဖြစ်ပေါ်လာစေသည်။

"အသူရာလေနက်က ဒီလိုမျိုး ဖြစ်စေတာလား” အန်လင်းသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်ကာဖြင့် စိုးရိမ်တကြီး မေးလေသည်။

ကျိယန်လင်၏ နဖူးမှ ချွေးအေးများ စီးကျလာပြီး "ငါလည်း မသိဘူး ..."

"ရှောင်ချိုး မီးဖွင့်လိုက်တော့"

ကလစ်

ရှောင်ချိုး မီးဖွင့်လိုက်သည်နှင့် ပတ်ဝန်းကျင် အမှောင်ထုမှာ လင်းထင်းသွားတော့သည်။

လူတိုင်း၏ အမြင်အာရုံအတွင်းသို့ မည်းနက်လိမ်ပိန်သော ခန္ဓာကိုယ်ရှိသည့် သက်ရှိများ ဝင်ရောက်လာကြသည်။

သူတို့သည် အဘက်ဘက်မှ ဖြည်းညင်းစွာ ချဉ်းကပ်လာနေပြီး အန်လင်းတို့အား ဝိုင်းထားပြီး ဖြစ်သည်။

၎င်းတို့သည် လူသားများနှင့် တူပြီး ရုပ်ပိုင်းဆိုင်ရာသွင်ပြင် အတိအကျ မရှိပုံရသည်။ သူတို့သည် ရွှံ့တောထဲသို့ ပြုတ်ကျလာပုံရပြီး မည်သည့်သွင်မဆို ပြောင်းလဲနိုင်သည့်ဟု ထင်ရသည်။

စိတ်ပျက်ခြင်း၊ ဒေါသ၊ ဆိုးယုတ်ခြင်း၊ မုန်းတီးခြင်း ... သူတို့ထံမှနေ မကောင်းသည့် စိတ်ခံစားချက်များ ထွက်ပေါ်နေပြီး သူတို့၏ အကာအကွယ်များသည် အန်လင်းတို့၏ ဦးခေါင်းများအား နာကျင်လွန်းသဖြင့် ပေါက်ကွဲစေနိုင်သည်။

အန်လင်း၏မျက်နှာတွင် တုန်လှုပ်မှုချောက်ချားများ ပေါ်လာပြီး ထိုလိမ်ပိန်နေသည့် သက်ရှိများအား ကြည့်လိုက်သည်။ သူ၏ အသိစိတ် ဝါးမျိုခံရပြီး စက်ဆုပ်ရွံ့ရှာဖွယ် ခန္ဓာကိုယ်အတွင်းမှ ထွက်ပြေးချင်နေပုံရသည်။

"အားလုံးပဲ ဂရုစိုက်ကြ။ အဲဒါ နတ်ဆိုးယုတ်တွေဟ ..."

သူတို့၏ အပြုအမူများမှ အန်လင်းသည် ထိုလိမ်ပိန်နေသည့် သက်ရှိများမှာ နတ်ဆိုးယုတ်များ ဖြစ်သည်ဟု ကောက်ချက်ချနိုင်ခြင်း ဖြစ်သည်။

လူတိုင်းသည် ကြားလိုက်ရသည်ကြောင့် မယုံကြည်နိုင်မှုများဖြင့် တုန်လှုပ်သွားကြသည်။ နတ်ဆိုးယုတ်များသည် အသူရာချောက်နက်တွင် ရှားပါးလှသည် မဟုတ်ပါလား။ မည်သည်ကြောင့် ရုတ်တရက်ဆန်စွာ ထွက်ပေါ်လာကြသနည်း။

အန်လင်းသည် ကျိယန်လင် ပြောခဲ့ဖူးသည်အား ပြန်ကြားယောင်မိသည်။ သက်ရှိမျိုးနွယ်စု တစ်ခုသည် ယခုလိုမျိုး လိုဏ်ဂူတစ်ခုအတွင်း၌ ရံဖန်ရံခါ နေထိုင်တတ်သည်။

ထိုသက်ရှိမျိုးနွယ်စုမှာ .... နတ်ဆိုးယုတ်တွေများလား .... သူတို့တွေလား ...

***

All Chapters