← Chapters

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ဝိဇ္ဇာအား တစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်း

Vol. 24 Ch. 356

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ဝိဇ္ဇာအား တစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်း

Vol. 24 Ch. 356

အခန်း (၃၅၆)  :  အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ဝိဇ္ဇာအား တစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်း

ရွှေကျီးကိုးကောင်က တာအိုလက်ဆင့်ကမ်း ကျောက်ပြားမှ ထွက်လာကာ မီးလုံးကြီးများအသွင် ပြောင်းသွားကြပြီး မီးတောက်ဝိဇ္ဇာဆီ တည့်တည့်မတ်မတ် ဝင်ရောက်လာကြသည်။

သူတို့ကို တာအိုလက်ဆင့်ကမ်း ကျောက်ပြားပေါ်ရှိ သင်္ကေတများမှ ဖန်တီးထားသော်လည်း စွမ်းအားက အံ့ဖွယ်သားရဲထက်ပင် ကြောက်ဖို့ကောင်းလှသည်။ ကျီးတစ်ကောင်ချင်းစီက ဝိဇ္ဇာနှင့် ယှဉ်နိုင်သည့် အငွေ့အသက်မျိုး ထုတ်လွှင့်နေသည်။

ကျောက်ပြားပေါ်ရှိ သင်္ကေတများက ပို၍ တောက်ပလာသည့်အလား ရွှေကျီးများ၏ အငွေ့အသက်ကလည်း ပို၍ ပြင်းထန်လာကြသည်။

မီးတောက်ဝိဇ္ဇာသည် အလွန်အားကောင်းကာ ဝိဇ္ဇာအစစ်အမှန် ဖြစ်လာဖို့ ခြေတစ်လှမ်းမျှသာ လိုတော့သော်လည်း သူ့မျက်နှာအထက် အကြောက်တရားများ ကြီးစိုးနေသည်။

အကြောင်းမှာ သူက ထိုရွှေကျီးများဆီမှ ခြိမ်းခြောက်မှုကို ခံစားမိနေ၍ ဖြစ်သည်။ အကယ်၍ သူသာ သေချာမကိုင်တွယ်နိုင်လျှင် ထာဝရဘုံဗိမာန်ကျွန်းပေါ်တွင် ထာဝရအဆုံးသတ်သွားလိမ့်မည်။

“ ထွက်သွားစမ်း ”

မီးတောက်ဝိဇ္ဇာက ရွှေကျီးများကို နှောင့်နှေးစေရန် အလို့ဌာ သူ့အား ကာကွယ်ရန် အကာအရံ အမြန်ဖွဲ့စည်းလိုက်သည်။ ထိုစဉ် သူက ခက်ထန်ကြမ်းတမ်းသည့် အလင်းတန်းအသွင်ပြောင်းလဲသွားပြီး တစ်ဖက်သို့ ထွက်ပြေးသွားသည်။

ဤအရာက ရှက်စရာကောင်းသော်လည်း သူ့အသက်က ပိုအရေးပါသည်။

ကံဆိုးစွာဖြင့် ကျောက်ပြားကြီးက သူ့ကို တိုက်ခိုက်လိုက်ကတည်းက မှတ်သားထားပုံပေါ်သည်။ အကာအရံက ရွှေကျီးများအတွက် ဘာမှမဟုတ်ပေ။ သူတို့က ဖြတ်ခနဲ ဖြတ်သန်းသွားကြပြီး စွမ်းအားကို စုပ်ယူပစ်လိုက်ကြသည်။ ထို့နောက် ရွှေကျီးများက ယခင်ထက် ပိုအားကောင်းလာကြသည်။

ရွှေကျီးကိုးကောင်က မီးတောက်ဝိဇ္ဇာဆီ အရှိန်အပြည့်ဖြင့် ပြေးဝင်သွားကာ သူ့ထွက်ပြေးရာလမ်းကြောင်းအားလုံး ဖြတ်တောက်တားဆီးလိုက်သည်။

ပူပြင်းလှသည့် မီးတောက်က သူ့အား လွှမ်းခြုံသွားလေသည်။

မီးတောက်ဝိဇ္ဇာသည် အားကောင်းသော ကျင့်ကြံသူ ဖြစ်ပြီး သူ့စွမ်းရည်က မီးဓာတ်အခြေခံ ဖြစ်၏။ သူက မီးတောက်ကို ခုခံနိုင်သင့်သော်လည်း ပြင်းထန်မှုက ကြီးမားလွန်းပေသည်။

ဤသည်မှာ နေမီးလျှံအစစ်မှ ဆင်းသက်လာသည့် ရွှေကျီး မီးတောက် ဖြစ်၏။ အခြားသော ထူးခြားအံ့ဖွယ် ပစ္စည်းများလောက် အဆင့်မမြင့်သော်လည်း စွမ်းအားက နေမီးလျှံအစစ်နှင့် သိပ်မကွာပေ။

ရှေးဟောင်းကျောက်ပြား၏ ထိန်းချုပ်မှုအောက်တွင် ပြင်းထန်လှသည့် ရွှေကျီးမီးတောက်များက မီးတောက်ဝိဇ္ဇာအား အရည်ပျော်ကျသွားစေဖို့ လုံလောက်သည်။

ဝိဇ္ဇာ၏ ကြောက်မက်ဖွယ် အော်သံများ စူးစူးဝါးဝါး ထွက်ပေါ်လာသည်။

“ သေစမ်း … တာအိုလက်ဆင့်ကမ်း ကျောက်ပြားက ဘာလို့ ဒီလောက်တောင် စွမ်းအားကြီးနေရတာလဲ ”

မီးတောက်ဝိဇ္ဇာ၏ မျက်နှာအထက် ခက်ထန်သည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားသည်။ သူက နောက်ဆုတ်နေကြသည့် ရှန်ထျန်းတို့အဖွဲ့အား ရုတ်တရက် လှည့်ကြည့်လာကာ  “ ငါ ခံစားနေရတုန်း မင်းတို့ကို သက်တောင့်သက်သာ ရပ်နေခွင့်ပေးမယ် ထင်မနေနဲ့ ”

ဒါတွေအားလုံး မင်း ဒီကျောက်ပြားကို ရှာတွေ့လို့ ဖြစ်ရတာ … ငါ သေရရင် အားလုံး အတူတူ သေရမယ်

...................

ထိုစဉ် မီးတောက်လုံးကြီး ဖြစ်နေသည့် မီးတောက်ဝိဇ္ဇာက ရှန်ထျန်းဆီ လှည့်ပြေးလာသည်။

“ဒီအယုတ်တမာကောင် ဘယ်လိုလုပ် ဝိဇ္ဇာဖြစ်လာတာလဲ ”

မင်းသမီးလင်းလုံက အတော်လေး မျက်နှာပျက်နေသည်။ မီးတောက်ဝိဇ္ဇာက အလယ်ပိုင်းကုန်းမြေ နေကိုးစင်း အထွတ်အမြတ်မြေ၏ အကြီးအကဲချုပ်တစ်ဦး ဖြစ်ပေသည်။ ပြောရလျှင် တစ်နည်းနည်းဖြင့် သူက မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်မှ မဟုတ်ပါလော။

သို့သော် မီးတောက်ဝိဇ္ဇာတွင် မိသားစုဝင် မရှိဘဲ အင်မတန် ရက်စက်တတ်သော အကျင့်စရိုက်မျိုး ပိုင်ဆိုင်ထားသည်။ သူက မာနကြီးသူ ဖြစ်ပြီး အခြားလူများကို လုံးဝဂရုမစိုက်ပေ။

ထိုသို့ဆိုလျှင်ပင် မင်းသမီးလင်းလုံက ထိုလူသည် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နှင့် အခြားလူများကို သူနှင့်အတူတူ တစ်ပါတည်း ဆွဲခေါ်ချင်နေမှန်း မထင်ထားပေ။

အကယ်၍ သူသာ အောင်မြင်သွားပါက  နေကိုးစင်း အထွတ်အမြတ်မြေက အကျိုးဆက်ကို တာဝန်ယူနိုင်မည် မဟုတ်ချေ။ အခြားသော အင်အားစုအားလုံးက သေချာပေါက် လက်စားပြန်ချေလိမ့်မည်။

ဤလူက အတော်လေး တစ်ကိုယ်ကောင်းဆန်ပြီး တခြားလူများကို ထည့်မစဉ်းစားပေးပေ။

ရှန်ထျန်းက မီးတောက်ဝိဇ္ဇာအား တစ်ချက်စိုက်ကြည့်လိုက်သည်။

“ မင်းတို့တွေ နောက်ဆုတ်ကြ … ငါ တားထားမယ် ”

ရှန်ထျန်း၏ အရှိန်အဝါများ ထွက်ပေါ်လာကာ အားလုံးကို တွန်းလွှတ်လိုက်သည်။

ဤစွမ်းအားက အတော်လေး အားကောင်းလှသည်။ ဆယ်ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်ရှိ ကျန်းယွင်ရှီးနှင့် ကနဦးဝိညာဉ်အဆင့် မင်းသမီးလင်းလုံတို့ပင် မခုခံနိုင်ကြပေ။

ထိုစဉ် မီးတောက်ဝိဇ္ဇာရှေ့တွင် ရှန်ထျန်း တစ်ယောက်တည်းသာ ကျန်ရှိတော့သည်။

ရှန်ထျန်းက ချည်းကပ်လာသည့် မီးတောက်ဝိဇ္ဇာကို ကြည့်နေရင်း ကြောက်ရွံ့သည့်ဟန် မပြပေ။ သူက မီးလုံးကြီးအား တိမ်တိုက်တစ်ခုလို သဘောထားထားသည်။

“ မင်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ နှစ်တစ်သောင်းမှာ တစ်ခါတွေ့ရတဲ့ ရှားရှားပါးပါး ပါရမီရှင်လို့ ကြားထားတယ်။ မင်းကို ငါနဲ့အတူဆွဲခေါ်နိုင်ရင် ငါ သေရတာ တန်တယ် ”

မီးတောက်ဝိဇ္ဇာက ခက်ထန်စွာ ပြုံးလိုက်သည်။ သူက အထွတ်အမြတ်မြေတွင် မွေးဖွားခဲ့သော်လည်း သူ့ပင်ကိုယ်စရိုက်ကိုက ရက်စက်ပြီး မိစ္ဆာဆန်သည်။

သူက အန္တရာယ်အမျိုးမျိုးကို ဖြတ်ကျော်ကာ မိုးကြိုးစမ်းသပ်ချက် နှစ်ကြိမ် ဖြတ်ကျော်ခဲ့သော်လည်း သူ့အလားအလာ အကန့်အသတ်သို့ ရောက်နေပြီ ဖြစ်၏။

ရလဒ်အနေနှင့် မီးတောက်ဝိဇ္ဇာက ကောင်းကင်ဘုံမှ ကောင်းချီးပေးခံထားရပြီး အလားအလာကောင်းမွန်လွန်းသည့် လူများနှင့် ကံကြမ္မာသားတော်ကို မုန်းတီးလေသည်။

တိုက်တိုက်ဆိုင်ဆိုင်  ရှန်ထျန်းက နှစ်မျိုးလုံးတွင် ပါဝင်နေသည်။

ငါ သေရင်တောင် သူ့ကို ဆွဲခေါ်သွားမယ် …

................

မီးတောက်ဝိဇ္ဇာက ရှန်ထျန်းအနား နီးကပ်လာသည်။

ရှန်ထျန်းက သူ့အရည်ပြားနှင့် ဆံပင်တို့မှ မီးတောက်ကို ခံစားမိသည်။ ထိုမီးတောက်များ၏ စွမ်းအားက နန်မင်လီ မီးတောက်လောက် ပြင်းထန်ပေသည်။

ထိုအရာက ကျောက်ပြားဆီမှ ဖြစ်တည်လာသည့် ရွှေကျီးများဆီမှ ဖြစ်တည်လာခြင်း ဖြစ်၏။ ထူးခြားအံ့ဖွယ် ပစ္စည်း၏ မီးတောက် မဟုတ်ခြင်းမှာ အသုံးပြုလိုက်တိုင်း ကုန်ခမ်းမသွားကြောင်း ဆိုလိုနေခြင်း ဖြစ်၏။ ဤသို့သော မီးတောက်အရင်းအမြစ်မျိုးက အဖိုးမဖြတ်နိုင်ပေ။

“ မင်းက ငါ့တပည့်ကို လာထိချင်တယ်ပေါ့လေ။ ငါ့ခွင့်ပြုချက် တောင်းပြီးပြီလား ”

လေထဲတွင် စွမ်းအားကြီးပုံရိပ်ပေါ်လာပြီး အသံတစ်သံ ထွက်ပေါ်လာသည်။ သူ့ကို မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါများဖြင့် လွှမ်းခြုံထားပြီး မီးတောက်ဝိဇ္ဇာအား စိုက်ကြည့်နေသည်။ သူ့အရှိန်အဝါတို့က ပြင်းထန်စွာ လှုပ်ခတ်နေလေ၏။

ပြင်းထန်လွန်းသည့်အတွက် ဒေါသလှိုင်းထွက်နသည့်အလား ဖြစ်နေသည်။

“ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ကျန်းလုံယွမ် …  မင်း ဝိဇ္ဇာဖြစ်လာတာနဲ့  ငါ မင်းကို ကြောက်မယ် ထင်မနေနဲ့။ ငါ ဝိဇ္ဇာဖြစ်လာတုန်းက မင်း မွေးတောင် မမွေးသေးဘူး ”

ရွှေကျီးမီးတောက်များက မီးတောက်ဝိဇ္ဇာ၏ ရုပ်ခန္ဓာကိုယ်ကို အရည်ပျော်ကျသွားစေသည်။ ဤသည်မှာ အင်မတန် နာကျင်သော ဖြစ်စဉ်တစ်ခု ဖြစ်၏။ သူက  ကမ္ဘာကိုပင် နှစ်ပိုင်း ပိုင်းပစ်နိုင်သည့်  ဧရာမ အနီရောင်ဓားကြီးအသွင် ပြောင်းလဲလိုက်သည်။

အာကာပြင်တစ်လျှောက် မီးနီရောင် အက်ကြောင်းများ ပေါ်ထွက်လာကာ မြင်ကွင်းကား လှပလွန်းသည်။

မီးတောက်ဝိဇ္ဇာက အဆုံးအစွန် စွမ်းအားအကုန်ထုတ်ကာ အရာအားလုံးကို စတေးပစ်လိုက်သည်။ ဤသည်မှာ ကိုယ့်ဘာသာ သတ်သေခြင်းနှင့် တူနေသည်။

“ ဒီကျွန်းကို ဝင်မလာခင် အင်အားစုအားလုံးက ကံအပြောင်းအလဲ အခွင့်အရေးတွေကို ရှာတွေ့တဲ့သူ ပိုင်တယ်လို့ သဘောတူခဲ့ပြီးသား … အခု ခင်ဗျားက အကျိုးအကြောင်းမသင့်ရုံတင် မကဘူး။ ငါ့တပည့်ကိုပါ ထိခိုက်အောင် လုပ်ဖို့ ကြိုးစားနေသေးတယ် ”

ကျန်းလုံယွမ်၏ ကောင်းကင်အရှိန်အဝါတို့က လှုပ်ခတ်လာကာ  “ ဒီလိုဆိုမှတော့ ခင်ဗျားရဲ့ ကံဆိုးမှုကို အဆုံးသတ်ပေးပါရစေ။ ပြီးတော့ ခင်ဗျား သိတဲ့အတိုင်း ကျင့်ကြံရေးဆိုတာ ဘယ်သူက ကြာကြာနေခဲ့တယ်ဆိုတာနဲ့ မဆိုင်ဘူး ”

ထိုသို့ပြောပြီးနောက် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ဓားရှည်တစ်ချောင်း ပစ်လွှတ်လိုက်သည်။

မိုးကြိုးဓာတ် ဧရာမ ပုံရိပ်သဏ္ဌာန်ကြီးက သူ့အနောက်တွင် ပေါ်ထွက်လာသည်။ ထိုအထဲတွင် နတ်သားရဲဆယ်ကောင်နှင့် ရွှေရောင်မိုးကြိုးများပါ လွှမ်းခြုံထားသည်။

“ သေစမ်း ”

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက မီးတောက်ဝိဇ္ဇာကို တစ်ချက် ကြည့်လိုက်သည်။ သူ့ဓားဆီ အဆုံးမဲ့ဓာတ်နှော နတ်မိုးကြိုးများ စီးဝင်သွားပြီး တောက်ပလာစေသည်။

ချွမ် …

ရွှေရောင်နတ်မိုးကြိုးများက အာကာပြင်တခွင် ဖြတ်ကျော်ကာ မိုင်သောင်းချီ ပျံ့နှံ့သွားစေသည်။

ဧရာမ အနီရောင်ဓားကြီးက မှေးမှိန်လာကာ ဓားအလင်းတန်းကြောင့် နှစ်ပိုင်း ဖြတ်ခံလိုက်ရသည်။

ဝှီး …

လျှပ်စီးများ လင်းလက်သွားကာ မိုးကြိုးများ ခြိမ်းလာသည်။

မီးတောက်ဝိဇ္ဇာ၏ မျက်ခုံးအလယ်၌ သွေးနီရောင်လိုင်းကြောင်း ပေါ်လာကာ နှာခေါင်း၊ ပါးစပ်၊ လည်ချောင်းနှင့် ဗိုက်အထိ စီးဆင်းသွားသည်။

သူက နှစ်ပိုင်းအဖြတ်ခံလိုက်ရပြီးနောက် သူ့ခန္ဓာကိုယ်မှာ ကောင်းကင်မှ ပြုတ်ကျလာသည်။ လေထုထဲ ရွှေနီရောင်သွေးများ ပျံ့ကျဲသွားသည်။

“ အခုကစပြီး ငါ့တပည်ကို အနိုင်ကျင့်တဲ့ ဘယ်သူမဆို အသတ်ခံရမယ်”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ဝိဇ္ဇာအား တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်လေသည်။

သူ့တပည့်အတွက် ဖြစ်၏။

All Chapters