← Chapters

ဂျူနီယာညီမလေးအား သွားပြန်ခေါ်ခြင်း

Vol. 11 Ch. 122

ဂျူနီယာညီမလေးအား သွားပြန်ခေါ်ခြင်း

Vol. 11 Ch. 122

ကျန်းယန် ၀တ်စုံပြာအဖွဲ့ကိုအဖော်ပြုကာ အဇူရာတိမ်ဂိုဏ်းသို့ ပြန်လာခဲ့သည်။ ထိုတပည့်အသစ်များအတွက် ဂိုဏ်း၀င်အခမ်းအနားကျင်းပရန်လိုနေသေးပြီး ထိုထဲမှအချို့ကိုလည်း အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ရွှေအမြုတေအဆင့် ကျင့်စဉ်များပေးဖို့ လိုနေသေး၏။

တပည့်အသစ်များသည် အဇူရာတိမ်ဂိုဏ်းအပေါ် အထင်ကြီးလေးစားမှုမရှိသေးလေရာ သူတို့ကို ဂိုဏ်းအပေါ် လေးလေးစားစားသစ္စာရှိတတ်လာရန် ပြသပေးဖို့ လိုနေသေးသည်။

နှစ်ရက်ကြာပြီးနောက် ကျန်းယန် ၀တ်စုံပြာအဖွဲ့အဓိကအဖွဲ့၀င်များကိုပြုံးကာ ပြောလိုက်၏။

“မင်းတိုအားလုံးအဇူရာတိမ်ဂိုဏ်းကို ပြန်လိုက်ကြ ဆရာဦးလေးခြောက် တံခါးပိတ်ကျင့်ကြံရာက ထွက်လာရင် ငါသူ့ကိုမင်းတို့အဖွဲ့အတွက် လှေပျံဆောက်ခိုင်းလိုက်မယ် အဲ့ဒီအခါကျရင်တော့ မင်းတို့သွားလိုရာကို ပျံသန်းသွားနိုင်ပြီ

နောက်ပြီး မင်းတို့အဖွဲ့လိုက်ဘယ်လိုပူးပေါင်းတိုက်ခိုက်ရမလဲဆိုတာကိုလည်း မဖြစ်မနေ လေ့လာရမယ်

တစ်ယောက်ချင်းစီရဲ့ ကျင့်ကြံခြင်းအပေါ်ပဲ မှီခိုနေမယ်ဆိုရင် ငါတို့ဝိညာဉ်အခြေတည်အဆင့်တွေ နတ်ဝိညာဉ်အဆင့်တွေနဲ့ ယှဉ်နိုင်မှာမဟုတ်ဘူး

တကယ်လို့ ငါတို့ခွန်အားတွေကိုပေါင်းစည်းလိုက်ရင်တော့ ငါတို့မှာအခွင့်အရေးရှိလာနိုင်တယ်

အနာဂတ် ငါတို့ရန်သူတွေထဲမှာ ဝိညာဉ်အခြေတည်အဆင့်တွေ နတ်ဝိညာဉ်အဆင့်တွေနဲ့ တာအိုပေါင်းစည်းခြင်းအဆင့်တွေတောင် ပါလာနိုင်တယ် ငါတို့က သူတို့ကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတဲ့နည်းလမ်းကို ရှာကိုရှာရမယ် ဘယ်နည်းလမ်းပဲဖြစ်နေပါစေ သူတို့ကိုသုတ်သင်နိုင်ရင် အဲ့တာက နည်းလမ်းကောင်းပဲ”

ကျန်းချန်းရှန် ချောင်ယင်နှင့်အခြားသူများ ကျန်းယန်၏လမ်းညွှန်ချက်ကို သေချာနားထောင်နေခဲ့ကြ၏။

“စီနီယာအစ်ကိုကြီး…ကျွန်တော်တို့နည်းလမ်းက ရက်စက်ကြမ်းကြုတ်လွန်းနေရင် ဂိုဏ်းဂုဏ်သတင်းကိုမထိခိုက်နိုင်ဘူးလား” ရွှေအမြုတေအဆင့်တစ်ယောက် မေးလိူက်သည်။

ကျန်းယန်သူ့ကိုတစ်ချက်ကြည့်လိုက်ကာ အေးအေးဆေးဆေးပြောလိုက်၏။

“တကယ်လို့ တစ်ယောက်ယောက်က မင်းခေါင်းပေါ်ဓားနဲ့မိုးထားရင် မင်းဂုဏ်သတင်းအကြောင်းစဉ်းစားနိုင်ဦးမှာလား အဆုံးမှာ မင်းအသက်ရှင်ကျန်ရစ်နိုင်မှသာ ဂုဏ်သတင်းအကြောင်း တွေးပူစမ်းပါ

ဂိုဏ်းကြီးတိုင်းက ငါတို့ထက်အားကောင်းကြတယ် အဲ့တာတောင် အရှက်မရှိငါတို့ကိုတိုက်ခိုက်ဖို့ ပူးပေါင်းထားကြသေးတယ် ငါ့ကိုပြောစမ်းပါဦး သူတို့ကရော ဂုဏ်သတင်းကိုဂရုစိုက်မယ်ထင်လို့လား

မင်းဒီကိစ္စကို သေချာတွေးကြည့်သင့်တယ် ငါနောက်တစ်ကြိမ်ဒါမျိုးမေးခွန်း ထပ်မကြားချင်ဘူး”

ထို့နောက် သူကျန်းချန်းရှန်တို့ကိုကြည့်လိုက်ကာ ပြောလိုက်သည်။

“သူ့ကိုကူညီပေးလိုက် သူ့ကိုတကယ့်အဖြစ်မှန်ကိုနားလည်သွားအောင် ကူညီပေးလိုက်ကြ”

“စီနီယာအစ်ကိုကြီးစိတ်မပူပါနဲ့ ကျွန်ဝောာ်ဂျူနီယာညီလေးဖန်းကို ကူညီပေးလိုက်ပါ့မယ်” ကျန်းချန်းရှန် အမြန်ပြောလိုက်၏။

ကျန်းယန် ခေါင်းညိတ်ပြလိုက်သည်။

“မင်းတို့ရဲ့ဒီတစ်ခေါက်စွမ်းဆောင်ရည်က အရမ်းကောင်းတယ် ငါမင်းတို့ကိုနောက်တာ၀န်‌ပေးဖို့ အစီအစဉ်နဲ့ချိန်ပြီး ဆုံးဖြတ်ပြီးပြီ

ဂိုဏ်းကိုပြန်ရောက်ရင် မင်းတို့ယူခွင့်ရှိတဲ့ အရင်းအမြစ်တွေနဲ့ကျင့်စဉ်တွေကို ထုတ်ယူလိုက်ကြ ပြီးရင် မင်းတို့အဖွဲ့က မင်းဦးဆောင်ပြီး ယွင်ထန့်အင်ပါယာကိုကူညီဖို့ သွားကြရမယ်

မင်းတို့အားလုံးစစ်ပွဲအတွက်ပြင်ဆင်ထားဖို့လိုတယ် ဒါကမင်းတို့ရဲ့ တိုက်ရည်ခိုက်ရည်ကိုစမ်းသပ်မယ့် တကယ့်စစ်ပွဲပဲ

ပိုအရေးကြီးတာကတော့ မင်းတို့ဆက်ကျင့်ကြံဖို့ အရင်းအမြစ်တွေပိုလိုတာပဲ

ဒီကိစ္စကိုလည်း မဖြစ်မနေထည့်စဉ်းစားရမယ်”

ချောင်ယင်လက်မြှောက်ပြလိုက်ကာ “စီနီယာအစ်ကိုကြီး ညီမလေးအဖေက တိမ်တောင်အင်ပါယာ ထိုက်ကျိုးမှာအခြေချတဲ့ မင်းသားအန်းပါ ညီမလေး သူ့ဆီက အရင်းအမြစ်တွေရကောင်းရနိုင်တယ်”

ကျန်းယန်အသာအယာခေါင်းညိတ်ပြလိုက်ကာ

“အကြံဆိုးတော့မဟုတ်ဘူး ဒါပေမယ့် မင်းအဖေက ဧကရာဇ်ဆီမှာအမှုထမ်းတာဆိုတော့ ဒီကိစ္စကို ဧကရာဇ်နဲ့သေချာဆွေးနွေးပြီးမှ ပူးပေါင်းဆောင်ရွက်တာ ပိုကောင်းတယ်”

“ဟုတ်ကဲ့ပါ”

“ကောင်းပြီ ဂိုဏ်းဆီဆက်သွားလိုက်ကြ ငါကတော့ တစ်နေရာကိုသွားဖို့လိုသေးတယ်” ကျန်းယန်ပြောပြီးသည်နှင့် အခြားအဖွဲ့များရှိရာသို့ ပျံသန်းသွားခဲ့လိုက်၏။

ဤ‌အခြေခံတည‌်ဆောက်ခြင်းအဆင့်များသည် ဂိုဏ်းကိုဖြည်းဖြည်းချင်းလမ်းလျှောက်ကာ ပြန်နေခြင်းဖြစ်သောကြောင့် ကျန်းယန်သူတို့နှင့်အချိန်မဖြုန်းနိုင်ဝောာ့ပေ။

သို့သော်လည်း သူလေ့ကျင့်ပေးထားသောထိုသူများနှင့်ပတ်သက်ပြီးတော့ သူအတော်လေးကျေနပ်နေခဲ့မိသည်။

အစက ချောင်ယင်သည် အဇူရာတိမ်ဂိုဏ်းထဲစိမ့်၀င်ကာ ဂိုဏ်းကိုဖျက်ဆီးဖို့အကြံအစည်ဖြင့် ရောက်လာခဲ့သူဖြစ်၏။

အခုတော့ သူမက ထိုက်ကျိုးကအရင်းအမြစ်များကိုပင် ဂိုဏ်းဆီ ပေးချင်နေခဲ့သည်။ သူ့ဦးနှောက်ဆေးသင်ခန်းစာများက အလုပ်ဖြစ်တာ ထင်ရှားလှ၏။

နောက်ရက်များတွင် ကျန်းယန် ၀တ်စုံနီအဖွဲ့ ၀တ်စုံဝါအဖွဲ့များဖြင့် သွားတွေ့ခဲ့ပြီး အသေးစိတ်အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

သူတို့စကားဝိုင်းအရ ၀မ်ပေ့လဲ့သည် မင်းသားတင်းစံအိမ်အပေါ်ထားရှိသော သူ့အာဃာတကို ဖျောက်ဖျက်ပစ်နိုင်သေးပုံမပေါ်ပေ။သို့သော် ကျန်းယန် သူ့ကိစ္စတွင်၀င်မပါခဲ့ပေ။

မင်းသားတင်းစံအိမ်သည် သူတို့မင်းသားတစ်ပါးအရိုက်ခံလိုက်ရရုံဖြင့် မိသားစုတစ်ခုလုံးကို အမြစ်ပြတ်သုတ်သင်ခဲ့ကြသူများ ဖြစ်ကြသည်။ ထိုကဲ့သို့သော ရက်စက်မှုနှင့်ပတ်သက်ပြီး ကျန်းယန်တွင်ဘာမှပြောစရာမရှိပေ။ အကယ်၍ မင်းသားတင်းစံအိမ်တစ်ခုလုံး ပြန်သုတ်သင်ခံလိုက်ရမည်ဆိုလျှင်တောင် ထိုအရာက ၀ဋ်လည်တာသာ ဖြစ်ပေလိမ့်မည်။

သုံးဖွဲ့လုံးဆီသွားခဲ့ပြီးနောက် ကျန်းယန် ဂိုဏ်းကိုပြန်လာခဲ့၏။

ထို့နောက် သူဟော်လင်းကျိကိုသွားရှာခဲ့သည်။

“ဆရာဦးလေး ၆ ကျွန်တော်တို့ လှေပျံကြီးတွေအများကြီးလိုမယ်” ကျန်းယန်သူ့ကိုပြောလိုက်၏။

“ဆရာဦးလေးမှာ ဂျူနီယာညီလေး ညီမလေးတွေအတွက် လှေပျံတည်ဆောက်ပေးဖို့ အချိန်ရှိမရှိ သိပါရစေ အရွယ်အစားကတော့ တိမ်တောင်အင်ပါယာသုံးတဲ့အရွယ်အစားထက်သေးလို့မရဘူး တကယ်လို့ တိမ်တောင်အင်ပါယာတောင် သူတို့အရင်းအမြစ်နဲ့ဒီလောက်လုပ်နိုင်ရင် ကျွန်တော်တို့လည်း လုပ်နိုင်သင့်တယ်”

ဟော်လင်းကျိအထင်အမြင်သေးဟန်ဖြင့် ပြောလိုက်သည်။

“တိမ်တောင်အင်ပါယာက လှေပျံတွေဆိုတာက ဆင်းဆင်းရဲရဲလုပ်ထားတဲ့ အပေါစားလေးတွေပါ ထည့်ပြောဖို့တောင်မတန်ဘူး စိတ်မပူနဲ့ ငါတာအိုကိုဆင်ခြင်ပြီးရင် လှေပျံနည်းနည်းတည်ဆောက်ဖို့ အချိန်ခွဲပေးမယ်”

“ကောင်းတယ် ဒါဆို ဆရာဦးလေးတည်ဆောက်ပြီးသွားရင် အဲ့တာကို ဆရာဒေါ်လေး ၄နဲ့ ဆရာဦးလေး ၅တို့ဆိပို့ပေးဦးနော် ဆရာဒေါ်လေးက လှေပျံမှာ၀င်္ကပါထည့်ဆောက်ပေးရမယလ ဆရာဦးလေး၅ကတော့ ကဗ္ဗည်းတွေဆွဲပေးရမှာ အားလုံးပြီးတဲ့အခါကျမှ အဲ့တာတွေကို ဂျူနီယာညီလေးညီမလေးတွေဆီ ပို့ပေးလိုက်ပါ”

“ပြဿနာမရှိဘူး ဒါတွေက ကိစ္စအသေးအမွှားလေးတွေ” ဟော်လင်းကျိ ခေါင်းညိတ်ပြလိုက်၏။

သူသည် တံခါးပိတ်ကျင့်ကြံနေတာ အဝောာ်လေးကြာနေပြီဖြစ်ပြီး အခုထိ တာအိုပေါင်းစည်းခြင်းအဆင့်ကို ချိုးဖြတ်မည့်အရိပ်အယောင်ပေါ်မလာသေးပေ။ ထို့ကြောင့် အချိန်နည်းနည်းပေး၍ လှေပျံအနည်းငယ်ဆောက်လိုက်ခြင်းက သူ့အပေါ် ဘာသက်ရောက်မှုမှ ရှိမည်မဟုတ်ပေ။

အခြားသူများအတွက်လည်း သူနှင့်အတူတူပင်။

ကျန်းယန် ဟော်လင်းကျိထံမှပြန်လာကာ အခြားကိစ္စများလုပ်ဖို့ပြင်နေချိန်တွင် သူ့စိတ်ထဲ ချင်းယွင်ကျိအသံထွက်ပေါ်လာခဲ့၏။

“ကျန်းယန် ငါ့ဆီလာဦး”

ကျန်းယန်အံ့အားသင့်သွားပြီး အဇူရာတောင်ထွတ်ဆီ သုတ်ခြေတင်ပြေးလေတော့သည်။

“ဆရာ ဘာဖြစ်လို့လဲ” ကျန်းယန် မေးလိုက်၏။

ချင်းယွင်ကျိအနောက်ဘက်ကိုကြည့်လိုက်ပြီး ခပ်အေးအေးပြောလိုက်သည်။

“မင်းဂျူနီယာညီမလေးယွင်ထန့်အင်ပါယာကိုသွားတာ ကြာလှပြီအခုထိပြန်မလာသေးဘူး

သူ့ကိုပြန်သွားခေါ်ခဲ့ချေ”

ကျန်းယန် ရုတ်တရက်သတိရသွားခဲ့၏။ စစ်ထူမင်ယွဲ့ ယွင်ထန့်အင်ပါယာကိုသွားတာ အတော်ကြာနေပြီဖြစ်ပြီး အခုထိစာတစ်စောင်မှတောင် ပြန်ပို့မလာခဲ့ပေ။

တခဏတွေးတောပြီးနောက် အပြင်ဘက်တွင်ရပ်စောင့်နေသော စန်းစုန့်ကိုကြည့်လိုက်ကာ သူအော်ပြောလိုက်သည်။

“တာအိုပညာရှင်ကြီး ကျေးဇူးပြုပြီး၀င်လာခဲ့ပါဦး”

စန်းစုန့်၀င်လာခဲ့ပြီး ကျန်းယန်သူ့ကိုဘာလို့ခေါ်သလဲမသိသောကြောင့် စိတ်ရှုပ်ထွေးနေခဲ့သည်။

“ခင်ဗျားအားနေတာပဲ ကျွန်တော်နဲ့ခရီးတစ်ခုလောက်လိုက်ခဲ့ပါလား” ကျန်းယန်ပြောလိုက်၏။

“ခင်ဗျား အဇူရာတိမ်ဂိုဏ်းမှာနေပြီး ဒီနေရာကစိတ်ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူနေတာကြာပြီ အခုကဂိုဏ်းအတွက်တစ်ခုခုပြန်လုပ်ပေးရမယ့်အချိန်ပဲ”

စန်းစုန့်သူ့ကိုစိုက်ကြည့်လိုက်လေသည်။ ဤအရာက မည်သို့သော အကြောင်းပြချက်ကြီးဖြစ်ပါသနည်း။

သူချင်းယွင်ကျိကိုလှည့်ကြည့်လိုက်၏။ ချင်းယွင်ကျိသူ့ကိုထွက်သွားခွင့်ပေးမပေး သူသေချာမသိပေ။

“ကျွန်တော့်ဆရာကိုကြည့်မနေနဲ့” ကျန်းယန်အေးစက်စက်ပြောလိုက်သည်။

“ဒီခရီးကခင်ဗျားအတွက် အခွင့်အရေးပဲ ခင်ဗျားစွမ်းဆောင်ရည်ကောင်းကောင်းပြနိုင်ရင် အသက်ရှင်နိုင်မယ်

ဒါပေမယ့် ခရီးသွားနေတုန်း ခင်ဗျားပုံစံအမှန်ကို ပြလို့မရဘူး ခင်ဗျားသရုပ်မှန်ကိုလည်း ဘယ်သူ့ကိုမှထုတ်ပြောလို့မရဘူး

ကျွန်တော့်ကိုတိုက်ခိုက်ဖို့ကတော့ စဉ်းတောင်မစဉ်းစားနဲ့

ဆရာ သူကတာအိုပေါင်းစည်းခြင်းအဆင့်ဆိုတော့ ကျွန်တော်သူ့နတ်အာရုံကို ထောက်လှမ်းလို့မရဘူး ကျေးဇူးပြုပြီး သူ့က်ို‌ေစာင့်ကြည့်ထား‌ေပးပါ သူ့နတ်အာရုံနည်းနည်းလောက်လှုပ်သွားပြီး သတင်းပေးဖို့ကြိုးစားတာနဲ့ ချက်ချင်းသတ်သာပစ်လိုက်”

“ကောင်းပြီ” ချင်းယွင်ကျိ စန်းစုန့်ကိုတစ်ချက်ကြည့်ကာ ဘာမှထပ်မပြောတော့ပေ။

စန်းစုန့်နှလုံးသားတင်းကြပ်သွားပြီး အမြန်ပြောလိုက်၏။

“စိတ်ချပါ ကျွန်တော်ဘာလှုပ်ရှားမှုမှ မလုပ်ပါဘူး”

အတန်ကြာစောင့်ခဲ့ပြီးမှ ချင်းယွင်ကျိကို စိတ်ကျေနပ်အောင်လုပ်ပေးဖို့ အခွင့်အရေးတစ်ခုရလာခြင်းဖြစ်လေရာ သူထိုအခွင့်အရေးကို တန်ဖိုးထားဖို့ လိုပေသည်။

မကြာခင်တွင် ကျန်းယန် စန်းစုန့်ကိုခေါ်ကာ ယွင်ထန့်အင်ပါယာဆီ ထွက်ခွာလာခဲ့၏။

သူတို့ဂိုဏ်းမှထွက်လာသည်နှင့် စန်းစုန့်ရင်ထဲအတွေးနှစ်ခု လွန်ဆွဲလေတော့သည်။

သူ့ဂိုဏ်းသို့တိတ်တဆိတ်သတင်းပို့လိုက်သင့်ပါသလော။

ထိုအတွေးသူ့စိတ်ထဲပေါ်လာသည်နှင့် သူချက်ချင်းထိုအတွေးကို အတင်းဖျောက်ဖျက်ပစ်လိုက်၏။

သူမလုပ်ရဲပေ။

ချင်းယွင်ကျိ သူ့အနားတွင်ရှိမနေလျှင်တောင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ဘယ်လောက်ကြောက်စရာကောင်းမှန်း စန်းစုန့်သိပေသည်။

အကယ်၍ ချင်းယွင်ကျိသာ သူ့ကိုအရိပ်ထဲကတိတ်တဆိတ်စောင့်ကြည့်နေခဲ့လျှင် စန်းစုန့်နတ်အာရုံထွက်သွားသည်နှင့် ချက်ချင်းရှာတွေ့သွားနိုင်ပေလိမ့်မည်။

ထို့အပြင် အဇူရာတိမ်ဂိုဏ်းတွင်လပေါင်းများစွာကြာအောင်နေပြီးနောက် ချင်းယွင်ကျိ ကျန်းယန်ကိုဘယ်လောက်တန်ဖိုးထားသလဲ သူသိနေပြီဖြစ်သည်။

ယခု ကျန်းယန်ကခရီးထွက်နေလေရာ ချင်းယွင်ကျိသူ့ကိုမည်သို့ဂရုမစိုက်ဘဲ နေပါမည်နည်း။

ထိုအကြောင်းတွေးမိသောအခါ စန်းစုန့်ကြိတ်၍သာသက်ပြင်းချလိုက်မိပြီး ကျန်းယန်ကိုအဖော်ပြု၍ ယွင်ထန့်အင်ပါယာသို့ နာခံစွာ လိုက်လာခဲ့လေသည်။

All Chapters