← Chapters

ဆိုတော့သူကတကယ်ကြီးမိစ္ဆာတစ်ကောင်လား

Vol. 11 Ch. 120

ဆိုတော့သူကတကယ်ကြီးမိစ္ဆာတစ်ကောင်လား

Vol. 11 Ch. 120

“မင်းအတည်ကြီးအဲ့အစီအစဉ်ကိုလုပ်ဖို့စီစဉ်နေတာမဟုတ်ဘူးမလား” ချင်းယွင်ကျိ ကျန်းယန်ကိုရှုပ်ထွေးသောအမူအရာဖြင့်ကြည့်ကာ ပြောလိုက်သည်။

ဂုဏ်သိက္ခာကြီးမားလှသော အဇူရာတိမ်ဂိုဏ်းက ထိုကဲ့သို့သော နည်းလမ်းမျိုးကိုသုံးခြင်းက …

ရှက်စရာပဲ!

အထူးသဖြင့် သူ့လိုကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ကို မစင်များသန့်စင်ခိုင်းသောကိစ္စမျိုးဖြစ်၏။

ထိုကဲ့သို့သောကိစ္စမျိုးကိုလုံး၀လက်ခံ၍ မဖြစ်ပေ။

ကျန်းယန်လေးနက်စွာပြောလိုက်လေသည်။

“ဆရာ မိစ္ဆာတွေနဲ့ရင်ဆိုင်တဲ့အခါမှာ ကျွန်တော်တို့က သုံးလို့ရသမျှနည်းလမ်းအားလုံးကိုသုံးဖို့လိုတယ်

သူတို့က ကျွန်တော်တို့ရဲ့ရန်သူတွေပဲ သူတို့ကိုရှင်းလင်းပစ်ဖို့ နည်းလမ်းရှာရမယ်

ဘယ်လိုနည်းလမ်းသုံးသလဲဆိုတာက အဲ့လောက်အရေးမကြီးပါဘူး”

ချင်းယွင်ကျိ ဆွံ့အသွားခဲ့ကာ ကျန်းယန်ကိုသာ ထူးဆန်းစွာစိုက်ကြည့်နေခဲ့မိသည်။ ထိုစကားများက သူပြောတော့လည်း မှန်နေသယောင်ယောင်ပင်။

“ငါ့အဇူရာတိမ်ဂိုဏ်းရဲ့ ဂုဏ်သတင်းကတော့ အနှေးနဲ့အမြန်မင်းဖျက်ဆီးတာကို ခံရမှာပဲ” ချင်းယွင်ကျိ သူ့ကိုခပ်ကြမ်းကြမ်းမျက်စောင်းတစ်ချက်ထိုးလိုက်၏။

“မင်းကအခြားဂိုဏ်းကြီးတွေဆီက မိစ္ဆာတွေကိုအကြောင်းပြပြီး ငွေညှစ်ပြီးတော့ အရှက်ကွဲခဲ့ပြီးပြီ အခုလည်း မိစ္ဆာတွေကိုဒီလိုကိစ္စမျိုးကြီးလုပ်နေပြန်ပြီ….

တကယ်လို့ဘိုးဘေးတွေသာ ငါတို့လုပ်နေတာတွေကိုသိသွားရင် ငါတို့ခေါင်းတွေပေါက်ကွဲသွားတဲ့အထိ အဆူခံရလောက်တယ်”

ကျန်းယန်ရယ်မောလိုက်သည်။

“တကယ်တော့ ဘိုးဘေးတွေသိသွားရင်လည်း စိတ်ကျေနပ်နေမယ်လို့ ကျွန်တော်ထင်ပါတယ်”

“မင်းဘာတွေးနေလဲ ငါဂရုမစိုက်ဘူး ဒါပေမယ့် ငါ့ကိုမစင်တွေသန့်စင်ခိုင်းဖို့တော့ စိတ်ကူးတောင်မယဉ်လိုက်နဲ့” ချင်းယွင်ကျိ ခပ်ထေ့ထေ့ပြောလိုက်၏။

ကျန်းယန်တခဏတွေးတောလိုက်ပြီး ပြုံးလိုက်ကာ

“ဆရာ ဒါဆို စန်းစုန့်ကိုသန့်စင်ခိုင်းလိုက်လို့ရတာပဲ”

ချင်းယွင်ကျိ သူ့ကိုစိုက်သာကြည့်နေခဲ့ပြီး ဘာပြောရမလဲမသိတော့ပေ။

“ဒီကိစ္စကို မင်းစိတ်ပူစရာမလိုတော့ဘူး”

သူ့အမူအရာက ရှုပ်ထွေးမှု တုန်လှုပ်မှု နှင့်အကူအညီမဲ့မှုပေါင်းစပ်ထားသည့် အမူအရာမျိုးဖြစ်နေခဲ့သည်။

“ဟမ်” ကျန်းယန်သူ့ကိုထူးဆန်းစွာ ပြန်ကြည့်လိုက်၏။

“မိစ္ဆာအရှင်တွေ သူတို့မိစ္ဆာစွမ်းအားကို ပြန်ထုတ်လွှတ်လိုက်ပြီ မင်းသွားကျင့်ကြံလို့ရပြီ” ချင်းယွင်ကျိပြောလိုက်သည်။

ထိုမိစ္ဆာများသည် နှစ်ရာပေါင်းများစွာ သူ့ကိုအခက်တွေ့အောင်လုပ်လာသောအကောင်များ ဖြစ်ကြ၏။

ယခုမတိုင်ခင်ထိ သူကသာသူတို့ဖိနှိပ်မှုကိုအမြဲခံနေရသူဖြစ်ခဲ့သည်။

ထိုအခါက သူအံကိုခပ်တင်းတင်းကြိတ်ထားရုံသာတတ်နိုင်ခဲ့၏။

သို့သော် သူ့တပည့်နှင့်အတွေ့တွင်တော့…

၀င်္ကပါထဲ၀င်ကာ ထိုမိစ္ဆာများ၏မိစ္ဆာစွမ်းအင်များ ပြန်ရုတ်သိမ်းအောင်ဖိအားပေးနိုင်ခဲ့သလို အခုလည်း မိစ္ဆာစွမ်းအင်များ ပြန်ထုတ်ရန် ဖိအားပေးနေခဲ့ပြန်သည်။

သူတို့မိစ္ဆာစွမ်းအားများကိုထုတ်လွှတ်လိုက်ခြင်းက ဘာကိုဆိုလိုနေသလဲဆိုတာ ထိုမိစ္ဆာများကောင်းကောင်းကြီးသိနေပါသော်လည်း ထုတ်လွှတ်လိုက်ရသေး၏။

ရှင်းလင်းစွာပင် သူတို့အရှုံးပေးလိုက်ကြချေပြီ။

နှစ်တစ်ထောင်လုံးလုံး ထိုမိစ္ဆာများသည်ဘယ်ကိစ္စကိုမှ မလိုက်လျောခဲ့ကြဖူးပေ။

အခုတော့ လိုက်လျောခဲ့ကြခြင်းပေလော။

ထိုအရာက သူတို့ကို ဖြည်းဖြည်းချင်းသတ်သေလာအောင် အတင်းဖိအားပေးနေခြင်းဖြစ်သော်လည်း သူတို့တွင်ရွေးချယ်စရာမရှိခဲ့ပေ။

ထိုအခိုက်တွင် ချင်းယွင်ကျိကျန်းယန်ကိုဘာပြောရမလဲ တကယ်မသိတော့ပေ။

ကျန်းယန်မျက်လုံးများတောက်ပသွားပြီး

“ဆရာ ကျွန်တော့်ရွှေအမြုတေကလုံလောက်အောင် မစုပ်ယူရသေးဘူး ကျွန်တော့်ကိုနည်းနည်းလောက်ထပ်ကျင့်ကြံခွင့်ပြုပါ”

“သွား”

ချင်းယွင်ကျိ ကျန်းယန်ကို အစီအရင်ထဲပို့ပေးလိုက်ပြီး သူကတော့အခြေအနေကို အနီးကပ်စောင့်ကြည့်နေခဲ့သည်။ ဒါမှသာ တကယ်လို့တစ်ခုခုမှားသွားလျှင် သူကျန်းယန်ကိုချက်ချင်းဆွဲထုတ်နိုင်ပေလိမ့်မည်။

ကျန်းယန် ၀င်္ကပါ၏အနက်ပိုင်းသို့ ရောက်ရှိသွားခဲ့ပြန်၏။

သူသလင်းကျောက်အလင်းလွှာကိုကြည့်ကာ ယဉ်ကျေးစွာ ဦးညွတ်ဂါရ၀ပြုလိုက်သည်။

“ပူးပေါင်းပေးလို့ အားလုံးကိုကျေးဇူးတင်ပါတယ်

အားလုံးက အခုလို သဘောကောင်းနေမှတော့ ကျွန်တော်တို့အနာဂတ်ဆက်ဆံရေးကလည်း ပိုကောင်းမွန်လာတော့မှာသေချာပါတယ်”

ထို့နောက် သူတင်ပလ္လင်ခွေထိုင်ချလိုက်ကာ စတင်ကျင့်ကြံလေတော့သည်။

မိစ္ဆာအရှင်များလည်း ထိုအခါမှ စိတ်သက်သာရသွားကြပြီး ထူးဆန်းစွာပင် အနည်းငယ်တောင်စိတ်ကျေနပ်သလို ခံစားလိုက်ကြရ၏။

“ဒီကလေးက တကယ်တော့ ယဉ်ကျေးသားပဲ”

“မဆိုးပါဘူး အတော်လေးယဉ်ကျေးတဲ့လူငယ်လေးပဲ”

သူတို့ကြားထဲ တီးတိုးရေရွတ်သံများ ထွက်ပေါ်လာခဲ့ကြလေသည်။

“မင်းတို့အားလုံးအဲ့တာကိုထူးဆန်းတယ်မထင်ဘူးလား ဒီကလေးကဘာလို့ငါတို့စွမ်းအားကို စုပ်ယူနိုင်နေတာလဲ”

“ထူးဆန်းတယ် ငါတို့စွမ်းအားနဲ့ထိမိတဲ့ အခြားဘယ်ကျင့်ကြံသူမဆို ချက်ချင်းသေသွားကြရတာ ဒါပေမယ့် သူကျဘာမှမဖြစ်ဘူး သူစွမ်းအားပမာဏဘယ်လောက်တောင်စုပ်ယူပြီ

းသွားပြီဆိုတာလဲ ကြည့်လိုက်ဦး”

“ငါတို့ သူ့ကိုထောက်လှမ်းသင့်လား”

မိစ္ဆာအရှင်တစ်ယောက် မရဲတရဲဖြင့် မိစ္ဆာစွမ်းအင်တစ်မျှင်ထုတ်လွှတ်လိုက်ပြီး ထိုစွမ်းအင်က အလင်းနံရံကိုဖြတ်ကာ ကျန်းယန်၏ခန္ဓာကိုယ်ဆီသို့ ဦးတည်သွားခဲ့လေသည်။

ထိုမိစ္ဆာစွမ်းအင် ထွက်ပေါ်လာသည်နှင့် ချင်းယွင်ကျိချက်ချင်းဆိုသလို ကျန်းယန်ဘေးတွင်ပေါ်လာခဲ့ပြီး နံရံထဲက မိစ္ဆာအရှင်ကို အေးစက်စက်စိုက်ကြည့်လိုက်၏။

စွမ်းအင်အမျှင်ကိုတော့ သူဂရုမစိုက်ခဲ့ပေ။

နောက်ဆုံးတွင် ကျန်းယန်က မိစ္ဆာသန္ဓေသားကြီးတစ်ခုလုံးကိုပင် ဝါးမြိုနိုင်သူမဟုတ်ပါလော။

မိစ္ဆာစွမ်းအင်အနည်းငယ်လောက်က သူ့ကိုဘာမှဖြစ်စေနိုင်မည် မဟုတ်ပေ။

မိစ္ဆာများ ချင်းယွင်ကျိပေါ်လာသည်ကို မြင်လိုက်ကြသော်လည်း သူတို့မိစ္ဆာစွမ်းအင်ကတော့ ကျန်းယန်ဆီဆက်လက်ဦးတည်သွားနေဆဲပင်။

မိစ္ဆာစွမ်းအင်အမျှင်ကို ထုတ်လွှတ်လိုက်သူမိစ္ဆာအရှင်သည် ကျန်းယန်ကိုအန္တရာယ်ပေးဖို့ ရည်ရွယ်ချက်မရှိဘဲ ထိုကလေး သူတို့မိစ္ဆာစွမ်းအင်ကိုဘယ်လိုစုပ်ယူနေသလဲဆိုတာကိုသာ ထောက်လှမ်းချင်ခြင်းဖြစ်၏။

သူတို့မိစ္ဆာစွမ်းအင်အမျှင် ကျန်းယန်ကိုယ်ထဲ၀င်သွား‌ေသာ်လည်း ကျန်းယန်ကတော့ ဘာမှဖြစ်မနေသလိုပင်။

တကယ်တော့ ထိုစွမ်းအင်အမျှင်၏ လှုပ်ရှားမှုတိုင်းကို ချင်းယွင်ကျိအနီးကပ်စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။

တကယ်လို့တစ်ခုခုမှားသွားလျှင် သူချက်ချင်းလှုပ်ရှားမည် ဖြစ်၏။

သို့သော်လည်း စွမ်းအင်အမျှင်က ကျန်းယန်ကိုယ်ထဲတွင်ဘာမှရှာမတွေ့ခဲ့ဘဲ နောက်ဆုံးတွင် နံရံထဲသို့သာ ပြန်ဆုတ်ခွာသွားခဲ့လေသည်။

မိစ္ဆာအရှင်များ ကျန်းယန်ရွှေအမြုတေ၏လျှို့ဝှက်ချက်ကို မရှာဖွေနိုင်တာသေချာမှ ချင်းယွင်ကျိစိတ်အေးသွားခဲ့ပြီး အစီအရင်ထဲမှ ပြန်ထွက်လာခဲ့၏။

ထိုစဉ် အလင်းနံရံထဲတွင်တော့ မိစ္ဆာအရှင်ကြက်သေသေနေခဲ့လေသည်။

“ဘာဖြစ်လို့လဲ”

“မင်းဘာရှာတွေ့ခဲ့လဲ”

“ဟေး တစ်ခုခုပြောဦးလေ ဘာလို့ငတုံးတစ်ကောင်လို ဒီတုိင်းကြီး ရပ်နေတာလဲ”

အတန်ကြာသောအခါ ထိုမိစ္ဆာအကျယ်ကြီးအော်ဟစ်လိုက်၏။

“အမြန် ငါတို့စွမ်းအားတွေထုတ်လွှတ်ကြ သူ့ကိုစုပ်ယူခိုင်းလိုက်”

“မင်းရူးနေတာလား” အခြားမိစ္ဆာများ သူ့ကိုဝိုင်းပြောကြလေတော့သည်။

“ငတုံးကောင်တွေ ငါပြောတဲ့အတိုင်းလုပ် မင်းတို့စွမ်းအားတွေအမြန်ထုတ်ပြီး သူ့ကိုစုပ်ယူခွင့်ပြုလိုက်”

“မင်းဘာတွေ့ခဲ့လို့လဲ” မိစ္ဆာတစ်ကောင် ဝင်မေးလိုက်၏။

စစ်ဆေးခဲ့သောမိစ္ဆာ ရယ်တစ်၀က်ငိုတစ်၀က်ပုံစံကြီးဖြင့် ပြောလိုက်လေသည်။

“တကယ်တော့…အရှင်မြတ်က ရောက်နေပြီ!”

“မဖြစ်နိုင်တာ”

မိစ္ဆာများအားလုံး တုန်လှုပ်ကုန်ကာ အပြင်ဘက်သို့ မယုံကြည်နိုင်ဟန်ဖြင့် ကြည့်ရှုနေခဲ့ကြ၏။

ဒီကလေးက…အရှင်မြတ်လား!

ထိုအရာက ဘယ်လိုဟာသဖြစ်ပါသနည်း။

သူသည် ကျင့်ကြံသူတစ်ယောက်မဟုတ်ပါလော။

ဟုတ်ပေသည်။ သူသည် သူတို့စွမ်းအားကိုစုပ်ယူနိုင်သော်လည်း ကျင့်ကြံသူတစ်ယောက်ဖြစ်တာ ထင်ရှားလှသည်။

ထို့အပြင် အရှင်မြတ်ဆိုသည်မှာ ကြောက်စရာကောင်းလွန်းသောတည်ရှိမှုတစ်ခုဖြစ်ပြီး အဘယ်သို့ထိုမျှအားနည်းနိုင်ပါမည်နည်း။

စွမ်းအင်အမျှင်ထုတ်လွှတ်ထားသော မိစ္ဆာအမြန်ရှင်းပြလိုက်၏။

“အရှင်မြတ်ကိုယ်တိုင်ရောက်နေတာလို့ ငါမပြောဘူးလေ ဒါပေမယ့် သူကတစ်ယောက်ယောက်ကိုလွှတ်လိုက်တာ သေချာတယ်”

ဒီကလေးက ငါတို့မျိုးနွယ်စုရဲ့ ဒဏ္ဍာရီလာမြင့်မြတ်ခန္ဓာ အရှိန်အဝါကို သယ်ဆောင်ထားတယ် အဲ့တာဘာကိုဆိုလိုနေလဲ မင်းတို့အားလုံး သိတယ်မဟုတ်လား

အဲ့တာကြောင့် ဒီကလေးက အရှင်မြတ်လွှတ်လိုက်တဲ့လူဆိုတာ ငါအသေအချာပြောနိုင်တာပဲ”

မိစ္ဆာများကြောင်အကုန်ကြလေသည်။

သူတို့သည် သူတို့မျိုးနွယ်စုတွင် မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ကြ၏။

ထို့ကြောင့် ဒဏ္ဍာရီလာမြင့်မြတ်ခန္ဓာအကြောင်း ကြားဖူးကြပေသည်။

အခုတော့ ထိုအရာက သူတို့ရှေ့သို့ရောက်ရှိနေခြင်းပေလော။

“သူကအားနည်းလွန်းသေးတယ် ငါတို့သူ့သရုပ်မှန်ကို ထုတ်ဖော်လိုက်လို့မဖြစ်ဘူး

မဟုတ်ရင် အပြင်ကခွေးကောင်တွေ သူ့ကိုခြိမ်းခြောက်လာနိုင်တယ်

ငါတို့သူကြီးပြင်းလာတဲ့အချိန်ထိစောင့်ရမယ် အဲ့ဒီအခါငါတို့မှာလည်း အခွင့်အရေးရှိလာလိမ့်မယ်

အခုကစပြီး ငါတို့သူတောင်းဆိုသမျှကိုဖြည့်ဆည်းပေးရမယ် အပြင်ပန်းမှာတော့ ခုခံချင်ယောင်ဆောင်မယ် ဒါပေမယ့် နောက်ဆုံးကျရင်တော့ အကုန်လိုက်လျောပေးရမယ်

အတိုချုံးပြောရရင် ငါတို့သူကိုသန်မာလာအောင်ကူညီရမယ် အဲ့တာမှ တစ်ချိန်ကျရင် သူကဒီ၀င်္ကပါကြီးတစ်ခုလုံးကို ထိန်းချုပ်နိုင်သွားလိမ့်မယ်

အဲ့ဒီအချိန်ရောက်လာတဲ့အခါ ငါတို့မှာလည်း အခွင့်အရေးရှိလာလိမ့်မယ်!”

“ဟားဟားဟားဟား”

မိစ္ဆာများ၏အားရပါးရရယ်မောသံက ၀င်္ကပါထဲတွင် ပြည့်လျှံသွားခဲ့လေသည်။

All Chapters