← Chapters

ဘယ်သူက တကယ့်မိစ္ဆာလဲ

Vol. 11 Ch. 119

ဘယ်သူက တကယ့်မိစ္ဆာလဲ

Vol. 11 Ch. 119

ကျန်းယန် အာရုံကတော့ မိစ္ဆာအရှင်မြတ်ဆင်းသက်လာခြင်း မလာခြင်းအပေါ်တွင် ရှိမနေခဲ့ပေ။

သူ့ရှေ့က မိစ္ဆာအရှင်များကိုပင် မရင်ဆိုင်နိုင်လျှင် အနာဂတ်ကမိစ္ဆာအရှင်မြတ်ကိုဘာလို့ ကြိုတွေးနေပါတော့မည်နည်း။

အဇူရာတိမ်ဂိုဏ်းကကပ်ဘေးကြီးတစ်ခုကိုလည်း ရင်ဆိုင်နေရသေးသည်။ အကယ်၍ သူတို့ထိုကပ်ဘေးတွင် မရှင်သန်နိုင်လျှင် အားလုံးပြီးဆုံးသွားမည်ဖြစ်သောကြောင့် အနာဂတ်ကိုတွေးပူနေစရာမလိုတော့ပေ။

“စီနီယာတို့ရဲ့ မိစ္ဆာအရှင်မြတ်ဆင်းသက်လာတာ မလာတာကို ကျွန်တော်ဂရုမစိုက်ဘူး” ကျန်းယန်မိစ္ဆာများကိုကြည့်ကာ ခပ်တင်းတင်းပြောလိုက်၏။

“ဒါပေမယ့် စီနီယာတို့မိစ္ဆာစွမ်းအားထပ်ထုတ်မပေးရင်တော့ ကျွန်တော်ယဉ်ကျေးနေမှာ မဟုတ်တော့ဘူးနော်”

“ဟားဟားဟားဟား”

မိစ္ဆာအရှင်များ အားရပါးရရယ်မောလိုက်ကြလေသည်။

“ကောင်စုတ်လေး မင်းကဘာလုပ်ဖို့စီစဉ်နေတာလဲ မင်းအထဲကို၀င်ရဲလို့လား ဒါမှမဟုတ် ငါတို့ကိုရောလွှတ်ပေးရဲလို့လား”

“အမွှေးတောင်စုံအောင်မပေါက်သေးတဲ့ကောင်လေးက လေကြီးလေကျယ်တွေပြောနေပါလား”

“ဒီနေရာမှာ လွယ်လွယ်နဲ့ကြောက်သွားမယ့်ကောင်တစ်ကောင်မှမရှိဘူးကွ”

ရယ်သံများတွင် လှောင်ပြောင်သံများဖြင့်ပြည့်နေပြီး ကျန်းယန်က ကမ္ဘာ့အရယ်ရဆုံးဟာသတစ်ခုကိုပြောလိုက်သလိုပင်။

ထိုစဉ် ကျန်းယန်အမူအရာထူးဆန်းသွားခဲ့၏။

“အမှန်ပဲ ကျွန်ဝောာ်၀င်လည်းမလာရဲဘူး လွှတ်လည်းမပေးရဲဘူး ဒါပေမယ့်…ကျွန်တော့်မှာနည်းလမ်းမရှိဘူးလို့ ဘယ်သူပြောလဲ”

သူချင်းယွင်ကျိဘက်လှည့်လိုက်ကာ

“ဆရာ ဒီ၀င်္ကပါနယ်မြေပတ်ပတ်လည်မှာ နံရံကြီးတွေပတ်ပြီးဆောက်လို့ရလား”

“ဆောက်လို့ကရပါတယ် ဒါပေမယ့် အသုံးမ၀င်ဘူးလေ” ချင်းယွင်ကျိအမူအရာရှုပ်ထွေးသွားခဲ့ကာ

“ဒီနေရာက ၀င်္ကပါရဲ့စွမ်းအားနဲ့ချိတ်ပိတ်ပြီးသား သလင်းကျောက်စွမ်းအင်အလွှာက အရမ်းအားကောင်းတယ် ငါတို့အဲ့တာကိုတော့ထိလို့မရဘူး ဘေးပတ်ပတ်လည်နေရာတွေကိုတော့ နည်းနည်းပြောင်းလဲလို့ရပါတယ်

ဒါပေမယ့် ငါတို့နံရံ‌တွေပတ်ပြီးဆောက်ရင်ရောဘာထူးမှာလဲ သူတို့က ဒီထဲကထွက်လို့ရတာမှမဟုတ်တာ မြင်ကွင်းကိုပိတ်လိုက်ရုံကလွဲ ဘာမှထူးလာမှာမဟုတ်ဘူး”

ကျန်းယန် စပ်ဖြဲဖြဲပြုံးလိုက်ကာ

“ဆရာ ဒါဆိုကျေးဇူးပြုပြီး ဒီနေရာပတ်ပတ်လည်မှာ နံရံကြီးတွေဆောက်ပေးပါ ကျွန်တော်လုပ်စရာလေးတစ်ခုရှိလို့ပါ”

ချင်းယွင်ကျိ ကျန်းယန်ဘာကိုဆိုလိုနေသလဲမသိသော်လည်း ကျန်းယန်တွင်ထူးဆန်းသောအကြံဉာဏ်များရှိတတ်မှန်း သူသိ၏။ ထို့ကြောင့် သူ့ညွှန်ကြားချက်အတိုင်းပင် မကြာခင်တွင် အလင်းလွှာပတ်ပတ်လည်ကို နံရံရှည်ကြီးများက ရစ်ဝိုင်းသွားခဲ့လေသည်။ ထိုမြင်ကွင်းက ဧရာမရေအိုင်ကြီးတစ်ခုနှင့်ပင် တူနေခဲ့သေး၏။

“ပြီးတော့ရော” ချင်းယွင်ကျိ မေးလိုက်သည်။

ကျန်းယန်တောက်ပစွာပြုံးလိုက်ကာ

“ကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်းမှာမကြာခင် အခြေခံတည်ဆောက်ခြင်းအဆင့်တွေရှိလာတော့မှာလေ သူတို့က အာဟာရသိဒ္ဓိမပြီးသေးတော့ အပေါ့အလေးသွားဖို့ လိုသေးတယ် အဲ့တာကြောင့် ကျွန်တော်ဒီနေရာကို မစင်တွင်းကြီးတစ်တွင်းအဖြစ်ပြောင်းပစ်ဖို့ စဉ်းစားထားတယ် ဒီမိစ္ဆာတွေက ဘာကိုမှမကြောက်တဲ့အပြင် ညစ်ညမ်းတဲ့အရာတွေကိုလည်း နှစ်သက်ကြတယ်လေ သူတို့နဲ့ ဒီအစီအစဉ်ကကွက်တိပဲ”

ချင်းယွင်ကျိ ကြက်သေသေသွားခဲ့သည်။

အစကရယ်နေသောမိစ္ဆာအရှင်များလည်း ကြက်သေသေကုန်ကြ၏။

တကယ်တော့ သူတို့သည် မိစ္ဆာနိယာမများကို ကျင့်ကြံကြခြင်းဖြစ်သည်။ သူတို့အချို့မိစ္ဆာစွမ်းအားများက သွေးဆာကာ ရက်စက်ကြမ်းတမ်းတတ်ပါသော်လည်း ထိုအရာက တာအိုပုံစံတစ်ခုသာ ဖြစ်၏။

သူတို့နှစ်သက်သည့် ညစ်ညမ်းမှုဆိုသည်မှာလည်း သွေးများသတ်ဖြတ်ခြင်းများကဲ့သို့သော ညစ်ညမ်းမှုများဖြစ်ပြီး ကျန်းယန်ပြောသည့် ဆီးများမစင်များ၏ညစ်ညမ်းမှုမျိုး ဟုတ်မနေပေ။

သူတို့သည် နေ့စဉ် လူသားတွေ၏ ချီးတောသေးတောထဲတွင် နေရမည်ကိုတွေးမိသောအခါ အဆိုးယုတ်ဆုံးဟူသောမိစ္ဆာပင်တောင့်မခံနိုင်တော့ပေ။

“မျိုးမစစ်ကောင်စုတ်လေး မင်းသေချင်နေတာလား မင်းအဲ့တာကိုလုပ်ရဲရင်ငါမင်းကိုတစ်စစီဖြစ်အောင်သန့်စင်ပစ်မယ်ကွ”

“လွန်လိုက်တဲ့သတ္တဝါလေး မင်းလုပ်ရဲရင် ငါမင်းကိုငါ့ကျင့်ကြံခြင်းစွမ်းအားအကုန်သုံးပြီး ကျိန်စာတိုက်ပစ်မယ်ကွ”

“ငါ…ငါ…သေစမ်းကွာ ဒီနေရာမှာဘယ်သူကတကယ့်မိစ္ဆာလဲဟ”

မိစ္ဆာများတစ်ယောက်တစ်ပေါက်ဖြင့် ဆူညံပွက်လောရိုက်ကုန်ကြ၏။

“စကားတစ်လုံးထပ်ပြောရဲ ပြောကြည့်” ကျန်းယန်သူတို့ကိုလက်ညှိုးထိုးလိုက်ကာ

“ယုံယုံမယုံယုံ ကျွန်တော်အခုပဲ မစင်တွေပြင်ထားပြီး အသံထွက်လာတာနဲ့ ချက်ချင်းစီနီယာတို့ပေါ်လောင်းချမှာ”

အလင်းလွှာနောက်ကမိစ္ဆာများ တိတ်ဆိတ်ကုန်ကြသည်။ အချို့က ပါးစပ်လှုပ်ရုံကျိတ်ဆဲနေကြပါသော်လည်း အသံတော့လုံး၀မထွက်ရဲကြတော့ပေ။

သွေးနီရောင်အရိပ်ကြီး ကျန်းယန်ကိုစိတ်ကြည့်နေပြီး အတန်ကြာမှ ကြမ်းကြုတ်သောအသံကြီးဖြင့် ပြောလိုက်၏။

“မင်းတကယ်လိုချင်တာကဘာလဲ”

“မိစ္ဆာစွမ်းအားနဲ့ မိစ္ဆာစွမ်းအင်ကိုပြန်ထုတ်ပေး ကျွန်တော်အဲ့တာတွေကိုသုံးချင်တယ်” ကျန်းယန် ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

သွေးနီရောင်အရိပ် ဟိန်းဟောက်လိုက်၏။

“မင်းကငါတို့စွမ်းအားတွေကို ဝါးမြိုချင်တာလား အဲ့တာကငါတို့ကိုတဖြည်းဖြည်းအားနည်းအောင်လုပ်ပြီး သတ်နေတာနဲ့အတူတူပဲလေ လုံး၀မရဘူး”

ကျန်းယန် အေးစက်စက်ပြန်ပြောလိုက်သည်။

“စီနီယာတို့ကို နည်းလမ်းတစ်ခုခုရှာပြီး ရှင်းကိုရှင်းပစ်မှာလို့ ကျွန်တော်ပြောခဲ့ပြီးသားလေ လွတ်ဖို့မျှော်လင့်မနေကြပါနဲ့”

“ဒါပေမယ့် ဘယ်လိုနည်းလမ်းနဲ့သေမလဲဆိုတာကိုတော့ ရွေးလို့ရတယ် မစင်တွေလောင်းချခံရပြီးသေမလား အခြားနည်းလမ်းတစ်ခုခုနဲ့သေမလား”

သူခဏရပ်လိုက်ကာ ဆက်ပြောလိုက်၏။

“စီနီယာတို့ မိစ္ဆာခေါင်းဆောင်တွေက တကယ်ဦးနှောက်မရှိကြဘူး

ကျွန်တော့်ကိုလည်းကြည်ပါဦး ဒီလောက်အားနည်းတာ ကျွန်တော်ကဘယ်လိုလုပ် စီနီယာတို့မိစ္ဆာစွမ်းအားတွေအကုန်လုံးကို စုပ်ယူနိုင်မှာလဲ

ကျွန်တော်လုပ်နိုင်မယ်ဆိုရင်တောင် အဲ့ဒီဟာပြီးဖို့အချိန်ဘယ်လောက်တောင်ယူရမှာလဲ

စီနီယာတို့ရဲ့ အရှင်မြတ်ကဆင်းသက်လာတော့မယ်လို့ ပြောခဲ့တယ်မဟုတ်လား

တကယ်လို့ အဲ့ဒီအချိန်ထိတောင့်ခံထားနုိင်မယ်ဆိုရင် စီနီယာတို့အကယ်တင်ခံရပြီမဟုတ်လား

ဒီလိုတွေးကြည့် တကယ်လို့စီနီယာတို့ကယ်တင်ခံရပြီး မျိုးနွယ်စုထဲပြန်ရောက်ရင်တောင် မစင်တောထဲမှာနေခဲ့ရတယ်ဆိုရင် စီနီယာတို့က မျိုးနွယ်စုမှာ အကြီးဆုံးဟာသကြီးတွေ ဖြစ်သွားကြမယ်မဟုတ်လား”

ကျန်းယန်အသံက ကြမ်းကြုတ်လိုဟန်သို့ ပြောင်းလဲသွားခဲ့သည်။

“နောက်ပြီး စီနီယာတို့ရဲ့မိစ္ဆာစွမ်းအင်တွေတောင် ဒီအလင်းလွှာကနေစိမ့်ထွက်လာနိုင်တယ်မဟုတ်လား ဒါဆိုအခြားစွမ်းအင်တွေလည်း အထဲကိုစိမ့်၀င်လာနိုင်မှာပဲ အလင်းလွှာထဲမှာနေရတိုင်း လုံခြုံပြီမထင်လိုက်နဲ့ အချိန်ကျလာရင် ကျွန်တော်ဆရာ့ကိုပြောပြီး မစင်တွေကို တာအိုစွမ်းအင်နဲ့အတူ အထဲကိုစိမ့်၀င်အောင်လုပ်ခိုင်းမယ် အဲ့ဒီအချိန်ကျရင်တော့ တကယ်‌ချီးတောထဲမှာ နေကြပေတော့ပဲ

အဲ့ဒီအခါမှနောင်တရရင် အရမ်းနောက်ကျသွားလိမ့်မယ်နော်

ကျွန်တော်စီနီယာတို့ကိုအချိန်တစ်လပေးမယ် တကယ်လို့တစ်လအတွင်းမိစ္ဆာစွမ်းအင်ထုတ်မပေးသေးရင်တော့ ကျွန်တော်စပြီးလှုပ်ရှားရလိမ့်မယ်

အို့ ပြီးတော့ အဲ့ဒီတစ်လပေးတယ်ဆိုတာကလည်း စီနီယာတို့အတွက်စဉ်းစားချိန်ပေးတာမဟုတ်ဘူးနော် ကျွန်တော် အခြေခံတည်ဆောက်ခြင်းအဆင့်တွေ သွားရှာမလို့အချိန်ယူတာ”

မိစ္ဆာများကိုခြိမ်းခြောက်ပြီးနောက် ကျန်းယန် သူ့ဆရာဘက်လှည့်လိုက်လေသည်။

“ဆရာ သွားရအောင် အခြေခံတည်ဆောက်ခြင်းအဆင့်တွေ အများကြီးသွားရှာကြမယ်”

“မသွားနဲ့!”

“ဒီကိုပြန်လာခဲ့!”

“ခွေးကောင်လေး အဲ့ဒီမှာပဲရပ်နေစမ်း!”

မိစ္ဆာအရှင်များ စိတ်ပျက်အားငယ်စွာအော်ပြောနေကြသော်လည်း ချင်းယွင်ကျိနှင့်ကျန်းယန်တို့ထိုနေရာက ထွက်ခွာသွားသည်ကိုသာ အကူအညီမဲ့စွာ ကြည့်ရှုနေခဲ့ရ၏။

မိစ္ဆာများတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး ကျန်းယန်ပြောသောအကျိုးဆက်အကြောင်းတွေးမိ‌သောအခါ ဖြူဖျော့ကုန်ကြသည်။

မစင်များဝိုင်းနေသောနေရာတွင်နေရသည်ဆိုတာကတောင် လုံလောက်အောင်ရွံစရာင်းနေပြီဖြစ်ပြီး သူတို့ချိတ်ပိတ်နယ်မြေထဲထိ တာအိုစွမ်းအားနှင့်စိမ့်၀င်ခိုင်းမည်ဆိုကတော့ လွန်လွန်းလှ၏။ ထိုအရာက ထိပ်တန်းအဆင့်မိစ္ဆာနည်းစနစ်မျိုးပင်။

“သေစမ်းကွာ အဲ့ဒီကောင်စုတ်‌ေလးက ငါတို့မျိုးနွယ်စုထဲက အော်ဂလီဆန်စရာအကောင်းဆုံးလူထက်တောင်ပိုပြီးရွံစရာကောင်းနေသေးတယ် ငါ လောက်ကောင်မိစ္ဆာအကြောင်းဒဏ္ဍာရီတွေကြားဖူးပေမယ့် ဒီကောင်က ပိုဆိုးနေတယ်ဟ…” မိစ္ဆာတစ်ကောင်အော်ပြောလိုက်သည်။

သူတင်မဟုတ်ဘဲ အခြားမိစ္ဆာများအားလုံးလည်း ထိုသို့သာတွေးမိနေပြီး မျက်နှာမကောင်းကြပေ။

“တကယ်တော့ ငါတို့စွမ်းအားကအရမ်းသန်မာတယ် အဲ့တာတွေကို ထုတ်မပစ်ဘဲ ကိုယ်ထဲမှာပဲသိမ်းဆည်းထားဖို့က အတော်လေးခက်မှာ

တကယ်လို့ငါတို့ဆက်မထိန်းနိုင်ကြတော့ဘဲ သူ့အလိုလိုစိမ့်ထွက်လာရင်ရော…

ဒါဆို ငါတို့တတ်နိုင်တာလည်းဘာမှမရှိဘူးလေ ဟုတ်တယ်မလား”

မိစ္ဆာများကြက်သေသေသွားကြပြီးနောက် တစ်ယောက်ပြီးတစ်ယောက်ခေါင်းညိတ်ကုန်ကြသည်။

“မှန်တယ် မှန်တယ် မှန်တယ်”

ထိုစဉ် မိစ္ဆာတစ်‌ယောက်ချက်ချင်းပြောလိုက်၏။

“အိုက်ယား ငါ့စွမ်းအားတွေကိုထပ်ပြီး ထိန်းမထားနိုင်တော့ဘူး”

“ငါလည်းမထိန်းနိုင်တော့ဘူး”

တစ်ယောက်ပြီးတစ်ယောက်သူတို့စွမ်းအားများကို အလင်းလွှာအပြင်ဘက်ဆီသို့ စိမ့်၀င်သွားစေရန် ထုတ်လွှတ်လိုက်‌ေလသည်။

ရှင်းလင်းနေသော အဇူရာမဟာတိမ်၀င်္ကပါနယ်မြေကလည်း တစ်ဖန်ပြန်ပြီး မြူခိုးများဖြင့် အုံ့ဆိုင်းလာခဲ့ပြန်၏။

သို့သော်ဒီတစ်ကြိမ်တော့ မိစ္ဆာစွမ်းအင်များကအရင်ထက်ပင် ပိုထူထဲနေခဲ့သေးသည်။

ရှင်းလင်းစွာပင် မိစ္ဆာအရှင်များ ကြောက်လန့်တကြားလုပ်ပေးနေခဲ့ကြခြင်း ဖြစ်နိုင်၏။

All Chapters