← Chapters

နှစ်တစ်ထောင်ကြာပြီးနောက် အလင်းရောင်ပြန်လည်ထွက်ပေါ်လာခြင်း

Vol. 11 Ch. 118

နှစ်တစ်ထောင်ကြာပြီးနောက် အလင်းရောင်ပြန်လည်ထွက်ပေါ်လာခြင်း

Vol. 11 Ch. 118

မိစ္ဆာများ ကျန်းယန်ကိုစိုက်ကြည့်နေခဲ့ကြသည်။ ဤကျင့်ကြံသူက အဘယ်ကြောင့်မိစ္ဆာနိယာမစွမ်းအားများကိုမကြောက်သလဲ သူတို့အဖြေရှာမရခဲ့ပေ။

ကျန်းယန်လိုရွှေအမြုတေအဆင့်လေးကိုထာဦး ချင်းယွင်ကျိရင် မိစ္ဆာနိယာမစွမ်းအားကို တိုက်ရိုက်မစုပ်ယူနိုင်ပေ။ ယခုတော့ ထိုခွေးကောင်က မိစ္ဆာစွမ်းအားများကိုတိုက်ရိုက်စုပ်ယူနေခဲ့၏။

သူတို့အမြဲယုံကြည်ထားခဲ့သော သံမဏိစည်းမျဥ်းများ ပြိုပျက်သွားခဲ့ရချေပြီ။

ရုတ်ချည်းဆိုသလို သူတို့ဒေါသတကြီးဖြင့် သူတို့မိစ္ဆာစွမ်းအားများကို သိမ်းယူလိုက်ကြလေသည်။

ထိုမိစ္ဆာများသည် မိစ္ဆာစွမ်းအားများကို အဇူရာမဟာတိမ်၀င်္ကပါအားနည်းသွားအောင် ထုတ်လွှတ်ထားခဲ့ကြခြင်းဖြစ်၏။

မိစ္ဆာစွမ်းအားများ၏ သက်ရောက်မှုအောက်တွင် သူတို့အတွက်လွတ်မြောက်ဖို့ အခွင့်အရေးတစ်ခုလောက်ရှိလာနိုင်ပေသည်။

ထို့ကြောင့်လည်း ချင်းယွင်ကျိက သူတို့စွမ်းအားအနည်းငယ်ကို သန့်စင်နေတာ သိတာတောင် ပြန်မရုတ်သိမ်းခဲ့ကြခြင်းဖြစ်၏။

သို့သော် အခုတော့တစ်ယောက်ယောက်စွမ်းအင်များကို သန့်စင်စရာပင်မလိုဘဲ တိုက်ရိုက်စုပ်ယူနေလေရာ သူတို့ထိုအဖြစ်အပျက်ကို မည်သို့လက်ခံနိုင်ပါမည်နည်း။

သူတို့သည် ၀င်္ကပါထဲချိတ်ပိတ်ခံထားကြရသူများဖြစ်ကြသည်။ အကယ်၍ သူတို့မိစ္ဆာစွမ်းအားများသာ မရှိတော့လျှင် မိစ္ဆာခန္ဓာရှိနေလျှင်တောင် အနှေးနှင့်အမြန်သေပွဲ၀င်ကုန်ကြရပေလိမ့်မည်။

ထို့ကြောင့် သူတို့လုံခြုံရေးအတွက် မိစ္ဆာစွမ်းအင်နှင့်ချီများကို ပြန်လည်ရုတ်သိမ်းပစ်လိုက်ကြ၏။

မိစ္ဆာများက သူတို့စွမ်းအားများကိုပြန်ရုတ်လိုက်သောအခါ အဇူရာတိမ်ဂိုဏ်းတစ်ခုလုံးကိုဖုံးလွှမ်းနေသော မှိုင်းညို့ညို့မီးခိုးရောင်လေထုကပျောက်ကွယ်သွားပြီး နောက်ဆုံးတွင် နေ့အလင်းရောင်ပြန်လည်ထွက်ပေါ်လာခဲ့လေသည်။

အတန်ကြာသောအခါ အလင်းရောင်က ၀င်္ကပါနယ်မြေတစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့ပြီး ကျန်းယန် အဇူရာတိမ်ဂိုဏ်း၏ နေရာအစစ်ကို မြင်လိုက်ရ၏။

“နှစ်တစ်ထောင်…” ချင်းယွင်ကျိ ရုတ်တရက် ကျန်းယန်ဘေးတွင်ပေါ်လာကာ ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။

“ငါတို့နောက်ဆုံးတော့ နေ့အလင်းရောင်ကိုပြန်မြင်ခဲ့ရပြီ!”

သူ့နှလုံးသားထဲခံစားချက်များဖြင့် ပြည့်လျှံနေခဲ့၏။ အဇူရာမဟာတိမ်၀င်္ကပါထဲက မိစ္ဆာချီများဆိုသည်မှာ သူ့နှလုံးသားထဲတွင် အစဉ်အမြဲ၀န်ထုပ်၀န်ပိုးဖြစ်နေခဲ့ရသော အရာသာဖြစ်ပေသည်။

နှစ်တစ်ထောင်လုံးလုံးထိုအရာများကတစ်ခါမှပျောက်ကွယ်မသွားခဲ့ဖူးပေ။

ယခုတော့ အလင်းရောင်ကိုပြန်မြင်ခဲ့ရချေပြီ။

မိစ္ဆာစွမ်းအားများဆက်စုပ်ယူဖို့စောင့်နေသောကျန်းယန်လည်း အံ့အားသင့်သွားခဲ့၏။

သူပျော်ရွှင်စွာ စုပ်ယူနေချိန်တွင် ဘယ်သူကသူ့ရိက္ခာအရင်းအမြစ်ကိုဖြတ်တောက်ပစ်ရပါသနည်း။

“ဆရာ” ကျန်းယန် ချင်းယွင်ကျိကိုကြည့်လိုက်သည်။

ချင်းယွင်ကျိသူ့ကိုအကူအညီမဲ့စွာ ပြုံးပြလိုက်ပြီး

“သူတို့စွမ်းအားတွေက လေထဲကဖန်တီးလို့ရတဲ့အရာတွေမဟုတ်ဘူးလေ မင်းသူတို့မိစ္ဆာစွမ်းအားတွေကိုစုပ်ယူနေတာက အခြေခံအားဖြင့် သူတို့သွေးကိုစုပ်ယူနေတာနဲ့အတူတူပဲ သေချာတာပေါ့ သူတို့ကမင်းကိုဘယ်စုပ်ခွင့်ပေးမလဲကွ”

“အဲ့လိုဖြစ်လို့မရဘူး” ကျန်းယန်ခေါင်းကိုတွင်တွင်ခါယမ်းလိုက်၏။

“နှစ်တစ်ထောင်လုံးလုံး သူတို့မိစ္ဆာစွမ်းအင်တွေကို နေရာအနှံ့ထုတ်လွှတ်ထားကြကာ ဘာလိုအခုကျွန်တော်ပေါ်လာမှ ဘာလို့ ရုတ်တရက်ကြီး ဖြစ်ပျက်ပြနေကြတာလဲ”

သူ၀င်္ကပါအနက်ပိုင်းထဲကြည့်လိုက်ကာ အော်ပြောလိုက်လေသည်။

“ခင်ဗျားတို့ မိစ္ဆာစွမ်းအားတွေပြန်လွှတ်ပေးတာကောင်းလိမ့်မယ်နော် မဟုတ်ရင် ကျုပ်အဆိုးမဆိုနဲ့”

မိစ္ဆာအရှင်အုပ်စုတစ်ခုခုတော့မှားနေသလိုခံစားလိုက်ရပြီး ဒေါသလည်းထွက်လာကြ၏။

သူတို့ကသာ အဇူရာတိမ်ဂိုဏ်းကိုအမြဲဖိနှိပ်ခဲ့ကြသူများ မဟုတ်ပါလော။ အဘယ်ကြောင့် အခုမှရုတ်တရက်ကြီး သူတို့ကခြိမ်းခြောက်ခံနေရပါသနည်း။

ထိုကောင်စုတ်လေးဘယ်လိုနည်းလမ်းကိုသုံး၍ စုပ်ယူနေလဲ သူတို့မသိသော်လည်း ဆက်စုပ်ယူခွင့်ပေးလို့တော့ မဖြစ်တော့ပေ။ မဟုတ်လျှင် သူတို့ကပ်ဘေးစိုက်ကုန်ကြပေလိမ့်မည်။

“ကောင်လေး မင်းမှာအစွမ်းအစရှိရင် ၀င်္ကပါကိုဖွင့်လိုက်လေ ဒါဆို ငါတို့မင်းကို ပျော်ပျော်ကြီးဆက်စုပ်ယူခွင့်ပေးမယ်” မိစ္ဆာအရှင်တစ်ယောက်အေးစက်စက်ပြောလိုက်၏။

ကျန်းယန်ဆွံ့အသွားခဲ့သည်။

ချင်းယွင်ကျိလည်း ဆွံ့အသွားခဲ့၏။

မိစ္ဆာများ သူတို့စွမ်းအားကိုပြန်သိမ်းမည့်နေ့ရောက်လာလိမ့်မည်ဟု သူဘယ်တုန်းကမှ စိတ်ကူးမထားခဲ့ဖူးပေ။

ထိုမိစ္ဆာများကို သူနှစ်ရာနှင့်ချီကာ စောင့်ကြပ်နေခဲ့ရခြင်းဖြစ်ပြီး တကယ်ခေါင်းကိုက်စရာသတ္တဝါများ ဖြစ်ကြပေသည်။

ကျန်းယန် အတန်ကြာအောင်တိတ်တဆိတ်တွေးနေပြီးနောက် ရုတ်တရက်မေးလိုက်၏။

“ဆရာ ကျွန်တော့်ကိုမိစ္ဆာတွေကိုချိတ်ပိတ်ထားတဲ့နေရာဆီ ကြည့်ရအောင်ခေါ်သွားပေးလို့ရမလား”

ချင်းယွင်ကျိအမူအရာတည်ကြည်သွားခဲ့ကာ

“မင်းအဲ့ဒီ‌ေနရာကိုပေါ့ပေါ့တန်တန်သဘောထားပြီးချဉ်းကပ်လို့တော့မရဘူး သူတို့ကထွက်မလာနိုင်ပေမယ့် သူတို့မိစ္ဆာစွမ်းအားကအတော်လေးသန်မာပြီးထူးဆန်းတယ် ချိတ်ပိတ်ထားရင်တောင် မင်းအပေါ်သက်ရောက်နိုင်သေးတယ်”

ထိုမိစ္ဆာအရှင်များအကြောင်းကိုသူကအခြားသူများအားလုံးထက် ပိုပြီးနားလည်သူဖြစ်ပေသည်။

ကျန်းယန်ပြုံးလိုက်ကာ

“ဒါပေမယ့် သူတို့အခုမိစ္ဆာစွမ်းအင်တွေ မထုတ်ရဲဘူးမလား အခုက တစ်ချက်လောက်သွားကြည့်ဖို့အကောင်းဆုံးအချိန်ပဲ “တကယ်လို့ သူတို့စွမ်းအင်တွေထုတ်လာခဲ့ရင်လည်း ဆရာကျွန်တော့်ကိုချက်ချင်းခေါ်ထုတ်လိုက်လို့ရတာပဲ ကျွန်တော်က သူတို့နဲ့ဘယ်လိုရင်ဆိုင်ရမလဲသိချင်လို့ အဲ့ဒီနေရာကိုတစ်ချက်လောက်သွားကြည့်ချင်တာပါ”

ချင်းယွင်ကျိ ခပ်တင်းတင်းမျက်မှောင်ကြုံ့လိုက်၏။ တခဏတွေးတောပြီးနောက် သူဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“ဒါဆိုရင်လည်း မင်းစိတ်ကိုကြိုပြင်ဆင်ထား သူတို့မင်းကိုခြောက်လှန့်ခွင့် မပြုနဲ့ ကျန်တာကိုတော့ ငါ့တာ၀န်ထား”

“ဟုတ်ကဲ့ပါဆရာ” ကျန်းယန်စိတ်ကိုလျှော့ထားလိုက်ပြီး သူ့ဆရာဦးဆောင်မှုနှင့်အတူ ၀င်္ကပါ၏အနက်ဆုံးအပိုင်းသို့ လိုက်လာခဲ့၏။

မကြာခင်တွင် သူသည် ၀င်္ကပါမှဖွဲ့တည်ထားသော သလင်းကျောက်စွမ်းအင်အလွှာတစ်ခုရှေ့သို့ ရောက်သွားခဲ့သည်။ ထိုအလွှာထဲတွင်တော့ ကြက်သွေးရောင်မျက်လုံးကြီးများနှင့် ဧရာမပုံရိပ်ကြီးများ ရှိနေပြီး ထူးဆန်းစွာပင် ထိုပုံရိပ်များက သူ့မျက်လုံးထဲ ဆွဲဆောင်မှုရှိသလို ခံစားလာရ၏။

ကျန်းယန် အဘယ်ကြောင့်ထိုအရာကြီးများက ဆွဲဆောင်မှုရှိသလိုခံစားနေရလဲဆိုတာ တွေးမရနိုင်ဖြစ်နေခဲ့သည်။ ထိုစဉ် ရုတ်တရက်ဆိုသလို သူ့မှတ်ဉာဏ်များရောနှောပေါင်းစပ်သွားခဲ့ပြီး သူ့အာရုံထဲ အမျိုးသမီးများ၏မျက်နှာများပေါ်ပေါက်လာကာ ထိုအထဲတွင် သူတွေ့ဖူး‌ေသာ စစ်ထူမင်ယွဲ့ ပိုင်ယွင်ကျိနှင့် ပိလင်းကျိတို့ပင် ပါနေသေး၏။

ကျန်းယန်၏ပြောင်းလဲမှုကို သူ့ဘေးက ချင်းယွင်ကျိ သတိထားမိခဲ့သည်။

ကျန်းယန် မိစ္ဆာစွမ်းအားလွှမ်းမိုးမှုအောက်သို့ ရောက်သွားသည်ကိုတွေ့သောအခါ ချင်းယွင်ကျိအမူအရာတင်းကြပ်လာခဲ့၏။ သို့သော် သူကျန်းယန်ကိုချက်ချင်းဆွဲမထုတ်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူ့ကိုယ်ကတုန့်ပြန်မှုရှိပါသော်လည်း ကျန်းယန်မျက်လုံးများက ရူးသွပ်သွားပုံပေါ်မနေသောကြောင့် ဖြစ်သည်။

တခဏအကြာတွင် ကျန်းယန်သက်ပြင်းချလိုက်၏။

“ဒါမျိုး မကြည့်ရတာတောင်အတော်ကြာသွားပြီ ပြန်ပြပေးလို့ကျေးဇူးတင်ပါတယ် စီနီယာတို့ ဒါပေမယ့် ဒါပဲလား ထပ်မရှိတော့ဘူးလား စီနီယာတို့လှည့်ကွက်တွေက အတော်လေးအဆင့်နိမ့်တယ်လို့ ပြောရမယ် လူသားတွေရဲ့ ရမ္မက်ဆန္ဒဆိုတာ သူတို့အတွက်အတော်လေးအားကောင်းတဲ့အရာဖြစ်ပေမယ့် လူတိုင်းက အဲ့ဒီအရာထဲနစ်မြုပ်သွားမှာတော့ မဟုတ်ဘူးလေ”

သူ့အကြည့်က ပိုမိုရှင်းလင်းပြတ်သားလာခဲ့ပြန်၏။ ထို့နောက် သူ့ကိုယ်ထဲကဆူပွက်နေသောသွေးများ ပြန်လည်ငြိမ်သက်သွားပြီး သူ့ကိုယ်တွင်ထူးဆန်းတာဘာမှမရှိတော့ပေ။

ချင်းယွင်ကျိလည်း ထိုအခါမှသက်ပြင်းချလိုက်နိုင်ခဲ့သည်။ စိတ်ဝိညာဉ်လက်နက်များကို ဆယ်နှစ်လုံးလုံးစကားပြော၍ သိမ်းသွင်းခဲ့သော လူတစ်ယောက်၏နှလုံးသားကထိုမျှမပျော့ညံ့နိုင်ဘူးဟု သူယုံကြည်၏။

သူ့ယံုကြည်မှုက မှန်လည်းမှန်ခဲ့ပေသည်။

“ဂါးးးးး”

နားကွဲလုမတတ်ကျယ်လောင်သောအသံကြီးများထွက်ပေါ်လာကာ များစွာသောတစ္ဆေပုံရိပ်များ ထွက်ပေါ်လာခဲ့ပြန်၏။

“အို့ အခုက သရဲကားကိုပြောင်းသွားပြီလား” ကျန်းယန်သာမန်အတိုင်းမေးလိုက်သည်။

“ကျွန်တော်ဒါမျိုးတွေကို အခါတစ်ရာမကကြည့်ဖူးပြီးပြီစီနီယာတို့ စီနီယာတို့နည်းလမ်းကြီးက ဟောင်းလွန်းနေပြီ စိတ်၀င်စားစရာလည်းမကောင်းဘူး အခွေပြောင်းပေးပါ”

ဟိန်းဟောက်နေသော မိစ္ဆာများပင် တစ်၀က်တစ်ပျက်ဖြင့် ကြက်သေသေကုန်ကြ၏။ ဒါက…

ချင်းယွင်ကျိလည်း ကျန်းယန်ကိုထူးဆန်းစွာ ကြည့်လိုက်လေသည်။ ကျန်းယန်ဘာကိုဆိုလိုနေလဲဆိုတာ သူမသိခဲ့ပေ။ ထို့အပြင် ထိုကလေးကတကယ်ကြီးလုံး၀ကြောက်ရွံ့မနေခြင်းပေလော။

မိစ္ဆာများထုတ်လွှင့်ထားသော ပုံရိပ်ကြီးများက သူတို့ကိုယ်အစစ်လိုပင် ကြောက်စရာကောင်းလွန်းလှ၏။

ထိုအရာက သာမန်လူများတောင့်ခံနိုင်သောအရာမဟုတ်ပေ။

ထိုစဉ်သွေးနီရောင်ပုံရိပ်ကြီးတစ်ခုပေါ်လာကာ ကျန်းယန်ကိုအေးစက်စက်စိုက်ကြည့်၍ ပြောလိုက်သည်။

“ခွေးကောင်လေး မင်းငါတို့ကိုလွှတ်မပေးရဲဘူးမလား အဲ့တာဆို မင်းငါတို့ကိုဘာမှလည်းလုပ်နိုင်မှာမဟုတ်ဘူး နောက်ပြီး ငါတို့ကိုထာ၀ရဖိနှိပ်ထားမယ်လို့လည်း စိတ်ကူးမနေနဲ့ ငါတို့ရဲ့ အရှင်မြတ်က တစ်ခုခုမှားနေတာသတိထားမိသွားရင် ဒီနယ်မြေဆီကိုဆင်းသက်လာမှာ အဲ့ဒီအချိန်ကျ မင်းတို့အားလုံး ကပ်ဘေးစိုက်ပြီပဲ

ငါတို့ကိုစောစောလွှတ်ပေးဖို့ အကြံပေးချင်တယ် အရှင်မြတ်သာဆင်းသက်လာရင် မင်းတို့တစ်ယောက်မှရှင်သန်နိုင်မှာမဟုတ်ဘူး”

ချင်းယွင်ကျိအမူအရာရုတ်ချည်းပြောင်းလဲသွားခဲ့သည်။ သူရုတ်တရက် သူကပ်ဘေးဖြတ်ကျော်တုန်းကပေါ်လာသော ဧရာမပုံရိပ်ကြီးများကို သတိရသွားခဲ့၏။

နောက်ထပ် မိစ္ဆာအရှင်တွေလာနေခြင်းပေလော။

လွန်ခဲ့သောနှစ်တစ်ထောင်တုန်းက ဤမိစ္ဆာများ ဘယ်လိုပေါ်လာခဲ့သလဲ ဘယ်သူမှမသိခဲ့ကြပေ။

နှစ်တစ်ထောင်ကြာပြီးနောက် သူတို့လိုမိစ္ဆာများ‌ထပ်ရောက်လာမည်ဆိုလျှင် သူတို့မည်သို့ခုခံနိုင်ပါတော့မည်နည်း။ မိစ္ဆာအရှင်၏စကားအရ အသစ်ရောက်လာမည့် မိစ္ဆာများက ပိုသန်မာနေပေလိမ့်မည်။ ထိုမိစ္ဆာများကို သူတို့မည်သို့ခုခံရပါမည်နည်း။

All Chapters