← Chapters

အာဏာရှင်ဆန်လွန်းသော ယွင်ထန့်ဧကရာဇ်

Vol. 11 Ch. 125

အာဏာရှင်ဆန်လွန်းသော ယွင်ထန့်ဧကရာဇ်

Vol. 11 Ch. 125

စန်းစုန့်၏ ရုတ်တရက်လှုပ်ရှားမှုကြောင့်လူတိုင်းကြောင်အကုန်ကြသည်။

စစ်ထူမိသားစု၀င်များလည်း ကျန်းယန်ခေါ်လာသောသူက အဘယ်ကြောင့်သူတို့ဧည့်အကြီးအကဲတစ်ယောက်ကို အခုလိုလုပ်လိုက်သလဲ နားမလည်နိုင်ကြပေ။ ထိုသူသည် သူ့ကိုတစ်နည်းနည်းဖြင့် အပြစ်ပြုခဲ့မိခြင်းကြောင့်ပေလော။

ကျန်းယန်ကတော့ စန်းစုန့်ကိုလုံး၀သံသယမရှိပေ။ သူရိုးရှင်းစွာသာ မေးလိုက်၏။

“သူနဲ့ပတ်သက်ပြီးတစ်ခုခုမှားနေလို့လား”

စန်းစုန့်အေးအေးဆေးဆေးပြန်ဖြေလိုက်သည်။

“သူခုနက ဧကရာဇ်လွှတ်လိုက်တဲ့ သံတမန်ကို အသံကူးပြောင်းပြီးသတင်းပို့နေတာ ဒါပေမယ့် ငါ့အာရုံအောက်ကနေတော့ မလွတ်နိုင်ပါဘူး”

သူ့စကားသံထွက်လာသောအခါလူတိုင်းအံ့အားသင့်ကုန်ကြသည်။

စစ်ထူမိသားစုဖမ်းခံထားရသော ဧည့်အကြီးအကဲကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်ရှုနေခဲ့ကြ၏။ ဧည့်အကြီးအကဲတစ်ယောက်က သူတို့ကိုအဘယ်ကြောင့်သစ္စာဖောက်သွားသလဲ သူတို့နားမလည်နိုင်ခဲ့ပေ။

“ခွေးအိုကြီး ခင်ဗျားကျုပ်ကိုစွပ်စွဲနေတာပဲ ကျုပ်သာအသံကူးပြောင်းခဲ့ရင် နတ်ဝိညာဥ်အဆင့်ဖြစ်တဲ့ အကြီးအကဲချင်လည်း သတိထားမိရမှာပေါ့ အခုသူကဘာလို့သတိမထားမိတာလဲ”

သံတမန်လည်း စိတ်မကျေနပ်ဟန်ဖြင့် အေးစက်စက်ပြောလိုက်သည်။

“ခင်ဗျားတို့ စစ်ထူမိသားစုဘာဖြစ်နေလဲ ကျူပ်စိတ်မ၀င်စားဘူး ဒါပေမယ့် ကျုပ်ကိုလာစွပ်စွဲရင်တော့ သည်းခံနေမှာမဟုတ်ဘူး”

စစ်ထူဟောင်နန် ဖမ်းခံထားရသော ဝိညာဉ်အခြေတည်အဆင့်ကိုကြည့်လိုက်ပြီးနောက် အကြီးအကဲချင်ဘက်လှည့်လိုက်ကာ

“အကြီးအကဲချင် တစ်ခုခုသတိထားခဲ့မိလား”

ချင်ယွီရှုခေါင်းယမ်းလိုက်ကာ

“မထားမိဘူး ဒါပေမယ့် ဒီစီနီယာရဲ့တာအိုအဆင့်က ကျွန်တော့်ထက်မြင့်တယ် ကျွန်တော်သတိမထားခဲ့မိတာကို သူသတိထားမိတာလည်း ဖြစ်နိုင်တယ်”

ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ကိုဖမ်းဆီးခံရတာက မခက်လှသော်လည်း အခုလိုဘာမှတုန့်ပြန်နိုင်စွမ်းမရှိအောင် ချက်ချင်းဖမ်းဆီးလိုက်ဖို့ကတော့ သူပင်တတ်နိုင်သောအရာမဟုတ်ပေ။

စစ်ထူဟောင်နန် ချင်ယွီရှုစကားထဲက စီနီယာဟူသောစကားကိုသတိထားလိုက်မိ၏။ သူစန်းစုန့်ကိုစိုက်သာကြည့်နေခဲ့ပြီး ဘာမှမပြောတော့ပေ။

ထိုစဉ် ဖမ်းခံထားရသော ဝိညာဉ်အခြေတည်အဆင့်ကတော့ ဒေါသတကြီးအော်ဟစ်နေခဲ့သည်။

“မင်းတို့အားလုံးကြားတယ်နော် အကြီးအကဲချင်လို့ နတ်ဝိညာဉ်အဆင့်တောင်ဘာမှသတိမထားခဲ့မိတာ ဒီလိုအဖိုးကြီးကဘာကိုသတိထားမိမှာလဲ….”

သူပြောနေရင်းတစ်ခုခုကိုသတိထားမိသွားခဲ့၏။

နတ်ဝိညာဉ်အဆင့်ဖြစ်သော ချင်ယွီရှုက ထိုအဖိုးကြီးကို စီနီယာဟုခေါ်ခဲ့သည် မဟုတ်ပါလော။

တာအိုပေါင်းစည်းခြင်းအဆင့်!

နားလည်သွားသောအခိုက်တွင် သူ့ကျောမှချွေးအေးများ စီးကျလာခဲ့လေသည်။ သူကြောက်လန့်တကြား အော်ပြောလိုက်၏။

“လုချင်း ငါ့ကိုကယ်ပါဦး!”

ဧကရာဇ်ပို့လိုက်သော ဝိညာဉ်အခြေတည်အဆင့်လည်း စန်းစုန့်၏တာအိုအဆင့်ကို သိရှိသွားခဲ့လေသည်။ သူမျက်နှာဖြူဖျော့သွားခဲ့ပြီး စကားတစ်လုံးမှ ထွက်မလာရဲတော့ပေ။

တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ရှေ့တွင် သူအမှားအသေးလေးကျူးလွန်မိသည်ဆိုလျှင်တောင် ရလဒ်ကသေခြင်းပင်။

ကျန်းယန် မြေပြင်တွင်လှဲလျောင်းနေသော ဝိညာဉ်အခြေတည်အဆင့်ကိုကြည့်လိုက်ပြီး စစ်ထူမင်ယွဲ့ကိုပြန်ကြည့်လိုက်ကာ

“ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ကိုသတ်ပစ်ရမှာ နှမြောစရာကောင်းတယ် သူ့ကိုဖမ်းထားလိုက် ငါဂိုဏ်းပြန်မှပဲခေါ်သွားပြီး အသုံး၀င်တာတစ်ခုခုရှိမလား စစ်ကြည့်လိုက်မယ် မ၀င်ရင်တော့ ငါးစာကျွေးပစ်မယ် ငါ့ငါးတွေက ကျင့်ကြံသူဆို‌အရမ်းကြိုက်တာ ဒီလူဆိုရင် တစ်ကိုက်စာတောင်ရှိမှာမဟုတ်ဘူး”

“ဟုတ်ကဲ့ပါစီနီယာအစ်ကိုကြီး” သူမပျော်ရွှင်စွာ ပြောလိုက်‌၏။

စီနီယာအစ်ကိုကြီးက တာအိုပေါင်းစည်းခြင်းတစ်ယောက်ကိုခေါ်လာပြီဆိုကတည်းက သူတို့ကိစ္စအဆင်ပြေသွားပြီဟု ဆိုနိုင်ပေသည်။

ထို့နောက် ကျန်းယန် ဧကရာဇ်သံတမန်လုချင်းဘက်လှည့်လိုက်ပြီး အမိန့်ပေးလိုက်၏။

“လမ်းပြပါ ဧကရာဇ်က ငါ့ဆီကဂါရ၀ပြုတာခံဖို့ စောင့်နေတယ်မဟုတ်လား”

“ကျေးဇူးပြုပြီးတော့” လုချင်း ခါးကိုကိုင်းနေအောင်ညွတ်ထားလိုက်ပြီး ခုနကပြသခဲ့သောမောက်မာမှုမျိုး သူ့မျက်နှာပေါ်တွင် တစ်စွန်းတစ်စမှ မရှိတော့ပေ။

နန်းတော်သို့သွားရာလမ်းတွင် စန်းစုန့် ကျန်းယန်ကိုကြည့်ကာ တံတွေးကိုမြိုချ၍ ပြောလိုက်လေသည်။

“ကျင့်ကြံသူစားရတာကြိုက်တဲ့ငါးတွေဆိုတာ သက်တန့်ငါးတွေလို့တော့ မပြောနဲ့နော် သက်တန့်ငါးတွေကမင်းတို့အဇူရာတိမ်ဂိုဏ်းမှာလား”

သူထိုငါးများကိုလိုက်ရှာနေတာကြာပြီဖြစ်ပြီး အခုမှာသတင်းအစအနရခဲ့ခြင်းဖြစ်သည်။

ချင်းယွင်ကျိ၏ကပ်ဘေးနှင့် ယွင်မုန့်စိမ့်တောက တွင်းကြီးအကြောင်းတွေးမိသွားသောအခါတွင်တော့ စန်းစုန့်နှလုံးသားထဲ ခါးသက်သက်သာ ရယ်လိုက်မိ၏။

သူ့သက်တန့်ငါးများရှိသောကန်ကို ချင်းယွင်ကျိကတူးသွားပြီး အဇူရာတိမ်ဂိုဏ်းဆီယူသွားလိမ့်မည်ဟု ဘယ်သူကထင်မိပါမည်နည်း။

ကျန်းယန်စန်းစုန့်ကိုတစ်ချက်ကြည့်ကာ မေးလိုက်သည်။

“ခင်ဗျားရဲ့ကျင့်ကြံခြင်းကြီးနဲ့ကို အဲ့တာတွေစားဖို့လိုသေးတယ်လား”

စန်းစုန့်ခပ်ဟဟရယ်မောလိုက်ကာ

“အဲ့တာတွေက အရသာရှိလွန်းတာကွ ငါတစ်ကြိမ်စားပြီးတာနဲ့ သူ့အရသာကိုမမေ့နိုင်တော့ဘူး ငါတို့ပြန်ရောက်တဲ့အခါကျရင် ငါ့ကို ငါးနည်းနည်းလောက်ပေးပါဦး”

“ကိစ္စမရှိပါဘူး ကျွန်တော့်ကိုဒီကိစ္စကူညီ ပြန်ရောက်တဲ့အခါ ခင်ဗျားကိုသက်တန့်ငါးပေးမယ်” ကျန်းယန်သဘောတူလိုက်သည်။

ထို့နောက် သူတို့လုချင်း၏ဦးဆောင်မှုဖြင့် နန်းတော်ထဲရောက်လာခဲ့ပြီး ခန်းမထဲရောက်သောအခါ ဧကရာဇ် လုပင်းနျန်နှင့်တွေ့လုိက်ရ၏။

လုပင်းနျန်ကျန်းယန်ကိုကြည့်၍ အေးစက်စက်မေးလိုက်သည်။

“မင်းတို့အဇူရာတိမ်ဂိုဏ်းကလူတွေက တကယ်ရဲတင်းတာပဲ ဘယ်လိုဖြစ်လို့ ငါ့ယွင်ထန့်အင်ပါယာထဲထိ နယ်ကျော်လာရဲတာလဲ”

လုချင်း မျက်ရိပ်မျက်ကဲပြနေခဲ့သော်လည်း ဧကရာဇ်က သူ့ကိုလုံး၀ကြည့်မနေခဲ့ပေ။

တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ရှေ့တွင် သူနတ်အာရုံလည်းမသုံးရဲလေရာ တိတ်ဆိတ်နေဖို့သာ တတ်နိုင်တော့၏။

“အရှင်မင်းကြီး ဒါကအဇူရာတိမ်ဂိုဏ်းရဲ့ အမည်ခံဂိုဏ်းချုပ် ကျန်းယန်ပါ ပြီးတော့ ဒီစီနီယာက ….”

သူဒီလောက်ကြီး ရှင်းရှင်းလင်းလင်းသဲလွန်စပေးနေလေရာ ဧကရာဇ်သတိထားမိသင့်ပြီ မဟုတ်ပါလော။

လုပင်းနျန်း အေးစက်စက်ရယ်မောလိုက်ကာ

“သူတို့က အဇူရာတိမ်ဂိုဏ်းကဆိုတာ ငါသိပါတယ် အဲ့တော့ဘာဖြစ်လဲ အဇူရာတိမ်ဂိုဏ်းကဖြစ်တာနဲ့ ငါတို့အင်ပါယာရဲ့အတွင်းရေးတွေမှာ ၀င်စွက်ဖက်ခွင့်ရှိသွားရောလား”

အဇူရာတိမ်ဂိုဏ်းတွင် ချင်းယွင်ကျိမှလွဲပြီး အခြားသူများက ပြောဖို့မတန်မှန်း သူနန်းကုန်းချီယုဆီမှကြားထားပြီး ဖြစ်သည်။

ချင်းယွင်ကျိကလည်း အဇူရာတိမ်ဂိုဏ်းမှမထွက်နိုင်လေရာ သူဘာကိုကြောက်စရာလိုပါတော့မည်နည်း။

ဒီလိုဆိုမှတော့ သူတို့ကိုယဉ်ကျေးနေစရာလည်း မလိုတော့ပေ။

ထို့ကြောင့် သူရောက်ရောက်ချင်းဆောက်နှင့်ထွင်းနေခဲ့ခြင်း ဖြစ်၏။

ကျန်းယန် ဧကရာဇ်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် လုချင်းဘက်လှည့်လိုက်ကာ ခပ်အေးအေးပြောလိုက်သည်။

“သူဘယ်လိုပြုမူမလဲဆိုတာ ငါကြည့်ချင်သေးတယ် မင်းတစ်ချက်လှုပ်ရဲတာနဲ့ မင်းသေပြီပဲ”

လုချင်းနှဖူးမှချွေးအေးများ စီးကျလာခဲ့ပြီး ငုံ့ထားသောခေါင်းကိုသူပြန်ကိုမထောင်ရဲတော့ပေ။

လုပင်းနျန် ထိုထူးဆန်းသောမြင်ကွင်းကိုကြည့်ကာ ဒေါသထွက်သွားခဲ့ပြီး စားပွဲကိုအားဖြင့် ရိုက်ချလိုက်၏။

“ရိုင်းလိုက်လေ ငါ့ရှေ့မှာ ငါ့လူကိုခြိမ်းခြောက်ရဲတယ်ပေါ့ ငါ့ကိုဘာမှမဟုတ်သလိုကို ဆက်ဆံနေတာပဲ မင်းတို့အဇူရာတိမ်ဂိုဏ်းကအတိတ်တုန်းကအင်အားကြီးခဲ့ပေမယ့် အခုတော့ ဘာမှမဟုတ်တော့ဘူးကွ

ဒီနေရာက ငါ့ယွင်ထန့်အင်ပါယာ ဒီနေရာမှာ အဆင်အခြင်မဲ့ပြုမူရဲတဲ့လူတိုင်း တန်ဖိုးကိုပြန်ပေးဆပ်ရမယ်”

သူ့ဒေါသသံဟိန်းထွက်လာသည်နှင့် ဝိညာဉ်အခြေတည်အဆင့်သုံးယောက်ပေါ်လာခဲ့ကာ ကျန်းယန်တို့ကို ဝိုင်းထားလိုက်ကြလေသည်။

ကျန်းယန် ဧကရာဇ်ကိုတခဏစိုက်ကြည့်ပြီးနောက် အေးအေးဆေးဆေးပြောလိုက်၏။

“အရှင်မင်းကြီး ဒီကုန်းမြေတိုက်ကြီးရဲ့နာမည်ကို မှတ်မိသေးလား”

“ငါသိတယ် အဇူရာတိမ်ကုန်းမြေတိုက်ကြီးလို့ခေါ်တယ် အဲ့တော့ဘာဖြစ်လဲ” လုပင်းနျန် နှာခေါင်းရှုံ့လိုက်သည်။

“အခုဒီနေရာကို ငါအုပ်ချုပ်တယ် ဒီမြေကငါ့အပိုင်ပဲ”

ကျန်းယန် သက်ပြင်းချလိုက်ကာ

“ကျွန်တော်က ယွင်ထန့်အင်ပါယာရဲ့တည်ရှိမှုကို ငြင်းဆန်နေတာမဟုတ်ပါဘူး လန်ကျားအထွတ်အမြတ်မြေဆိုတာက အခြားကုန်းမြေတိုက်ကြီးတစ်ခုက အင်အားစုတစ်ခု အခုသူတို့က ကျွန်တော်တို့ကို အန္တရာယ်ပေးမယ့်ရည်ရွယ်ချက်နဲ့ ဒီရောက်နေတာ အဲ့တာကိုအရှင်မင်းကြီးနားမလည်သေးဘူးလား”

လုပင်းနျန် အားရပါးရရယ်မောလိုက်ကာ

“မင်းက စစ်ထူမိသားစုအကြောင်းပြောနေတာမလား သနားစရာမိသားစုလေး သူတို့က တော်၀င်မိသားစုမွေးထားတဲ့ခွေးကလွဲလို့ဘာမှမဟုတ်ဘူး ငါ့ရဲ့အမိန့်ကိုနာခံသင့်တယ်

နောက်ပြီး လန်ကျားအထွတ်အမြတ်မြေက သူတို့သမီးကိုစိတ်၀င်စားတယ်ဆိုတာ သူတို့အတွက် ကောင်းချီးပဲ

ဒါတောင်အဲ့ဒီခွေးကောင်တွေက ဘာကကောင်းသလဲသေချာမသိဘဲ ငါ့အမိန့်ကိုငြင်းဆန်ရဲတယ်လေ အဲ့တာကြောင့် ငါသူတို့ကိုခွင့်လွှတ်ပေးစရာအကြောင်းမရှိဘူး”

ကျန်းယန်အမူအရာမည်းမှောင်သွားကာ

“စစ်ထူမိသားစုက တုံးကောင်းတုံးနိုင်တယ် သူတို့ကိုဘယ်လိုကိုင်တွယ်မလဲဆိုတာကလည်း အရှင်မင်းကြီးကိစ္စပါ ဒါပေမယ့် စစ်ထူမင်ယွဲ့ကတော့ အဇူရာတိမ်ဂိုဏ်းသားပဲ

လွန်ခဲ့တဲ့နှစ်တစ်ထောင်ကတည်းက အဇူရာတိမ်ဂိုဏ်းက သေမျိုးတွေကိစ္စမှာတစ်ခါမှ ၀င်မပါခဲ့ဖူးဘူး ခင်ဗျားတို့အကူအညီတောင်းရင်တောင် ပေးလိုက်သေးတယ်

ဒါပေမယ့် ခင်ဗျားက အဇူရာတိမ်ဂိုဏ်းကိစ္စမှာ ၀င်ပါရဲလိမ့်မယ်လို့တော့ ထင်မထားခဲ့မိဘူး အင်ပါယာလေးတစ်ခုကိုအုပ်ချုပ်ရရုံနဲ့ ခင်ဗျားကိုယ်ခင်ဗျား ကမ္ဘာကြီးရဲ့အုပ်ချုပ်သူလို့ ထင်နေတာလား”

လုပင်းနျန် သူ့မျက်နှာကိုဆောင့်ကန်ခံလိုက်ရသလိုခံစားလိုက်ရပြီး အော်ပြောလိုက်၏။

“အဇူရာတိမ်ဂိုဏ်းက ဟာသဟောင်းကြီးတစ်ခုကလွဲလို့ဘာမှမဟုတ်တော့ဘူး သူတို့ရဲ့ အရင်ဂုဏ်သရေမျိုးကိုလည်း ဘယ်တော့မှပြန်ရမှာမဟုတ်ဘူး နောက်ပြီး ယွင်ထန့်အင်ပါယာက လန်ကျားအထွတ်အမြတ်မြေဘက်မှာနေဖို့ စီစဉ်ထားတယ် ငါတို့နောက်မှာသာ လန်ကျားအထွတ်အမြတ်မြေရှိနေရင် အဇူရာတိမ်ဂိုဏ်းက ငါတို့ကိုဘာလုပ်နိုင်မှာလဲ”

All Chapters