← Chapters

အနိုင်ကျင့်ခံရသော ဂျူနီယာညီမလေး

Vol. 11 Ch. 124

အနိုင်ကျင့်ခံရသော ဂျူနီယာညီမလေး

Vol. 11 Ch. 124

ယွင်ထန့်အင်ပါယာ၏ မြို့တော်က သူ့မြင်ကွင်းထဲ ရောက်ရှိလာခဲ့သည်။

ကျန်းယန် မြို့တော်ဆီတိုက်ရိုက်ပင်ဆင်းသက်သွားခဲ့ဧ။်။

သူ့ဘေးတွင်တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ရှိနေသလို သူ့ဆရာကလည်း သူ့ကိုတိတ်တဆိတ်စောင့်ရှောက်ပေးနေလေရာ သူဘာကို စိုးရိမ်နေရပါမည်နည်း။

“ဘယ်သူလဲ ယွင်ထန့်အင်ပါယာမြို့တော်ကို ဘယ်သူကကျူးကျော်ရဲတာလဲ”

ရုံးတော်၀တ်စုံကို ၀တ်ဆင်ထားသော ကျင့်ကြံသူတစ်ယောက် ပျံသန်းလာပြီး ကျန်းယန်လမ်းကိုပိတ်လိုက်လေသည်။

“အဇူရာတိမ်ဂိုဏ်းက ကျန်းယန် ကျွန်တော့်ညီမလေးကိုလာရှာတာပါ” ကျန်းယန် သူ့ရှေ့ကဝိညာဉ်အခြေတည်အဆင့်ကိုကြည့်၍ ပြောလိုက်၏။

“အဇူရာတိမ်ဂိုဏ်းသားလား” ဝိညာဉ်အခြေတည်အဆင့်၏မျက်လုံးများအနည်းငယ်မှေးကျဉ်းသွားကာ

“မင်းကအဇူရာတိမ်ဂိုဏ်းကဆိုရင်တောင် ငါတို့ယွင်ထန့်အင်ပါယာရဲ့စည်းမျဉ်းတွေကိုလိုက်နာရမှာပဲ ဒါပေမယ့် မင်းကမသိလို့ဖြစ်တာဆိုတော့ ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးလိုက်မယ် နောက်တစ်ခါဆိုရင် ဒါမျိုးမလုပ်ပါနဲ့”

“အို့” ကျန်းယန် သာမန်အတိုင်းတုန့်ပြန်လိုက်ကာ ပြန်မေးလိုက်သည်။

“စစ်ထူဟောင်နန်ကဘယ်မှာနေတာလဲ”

ဝိညာဉ်အခြေတည်အဆင့်သူ့ကိုထူးဆန်းစွာ ကြည့်လိုက်၏။

“ငါမင်းကိုခေါ်သွားပေးမယ်”

ထို့နောက် သူကျန်းယန်နှင့်စန်းစုန့်ကို ကြီးမားလွန်းသော ဇိမ်ခံအိမ်ရာကြီးတစ်ခုဆီ ခေါ်သွားလိုက်လေသည်။

သို့သော် ကျန်းယန်ထိုနေရာ၏ပတ်ပတ်လည်က‌အခြေအနေကိုကြည့်ပြီး သူ့မျက်ခုံးများ တွန့်ကွေးသွားခဲ့၏။

ပတ်ပတ်လည်တွင် ကျင့်ကြံသူများစွာစုဝေးနေပြီး အိမ်ရာကြီးတစ်ခုလုံးကို တင်းကြပ်စွာ စည်းပိတ်ထားခဲ့သည်။

စစ်ထူမင်ယွဲ့အဘယ်ကြောင့်ဂိုဏ်းကိုအတန်ကြာသည်ထိ ပြန်မလာခဲ့သလဲဆိုတာ ကျန်းယန်နားလည်သွားခဲ့၏။

ဤနေရာတွင် ဘာဖြစ်ခဲ့ပါသနည်း။

စစ်ထူအိမ်တော်အ၀င်၀သို့ရောက်သောအခါ ရွှေအမြုတေအဆင့်တစ်ယောက်ထွက်လာပြီး အားလုံးကို လမ်းပိတ်ထားလိုက်လေသည်။

ဝိညာဉ်အခြေတည်အဆင့်က လက်ကာပြလိုက်သောအခါမှရွှေအမြုတေအဆင့် လမ်းဖွင့်ပေးလိုက်ပြီး ကျန်းယန်တို့ကို ဝင်ခွင့်ပြုလိုက်၏။

ဝိညာဉ်အခြေတည်အဆင့်ကတော့ သူတို့နောက်ကလိုက်မလာခဲ့ပေ။ ရွှေအမြုတေအဆင့်ကိုသာ အသံလွှင့်၍ အမိန့်ပေးလိုက်သည်။

“အရှင်မင်းကြီးကိုသတင်းသွားပို့ အဇူရာတိမ်ဂိုဏ်းကတစ်ယောက်ယောက်ရောက်နေတယ်”

“ဟုတ်ကဲ့” ရွှေအမြုတေအဆင့်ချက်ချင်းပျံသန်းထွက်ခွာသွားခဲ့၏။

“ကောင်လေး တစ်ခုခုတော့မှားနေပြီ” စန်းစုန့် ကျန်းယန်ကိုတီးတိုးသတိပေးလိုက်သည်။

“ဒီနေရာတစ်ဝိုက်မှာ ကျင့်ကြံသူ ၄၀၀၀ကျော်ရှ်ိတယ် ကံကောင်းတာက အများစုက အခြေခံတည်ဆောက်ခြင်းအဆင့်တွေ ရွှေအမြုတေအဆင့် ၁၀ယောက်နဲ့ ဝိညာဉ်အခြေတည်အဆင့် ၂ယောက်လည်း ရှိတယ်”

ကျန်းယန်နှင့်အလောင်းအစားလုပ်ပြီးကတည်းက စန်းစုန့်နေရထိုင်ရတာ အတော်လေး သက်တောင့်သက်သာရှ်ိလာခဲ့၏။

နောက်ဆုံးတွင် အရာအားလုံးကို တစ်နှစ်ကြာလျှင် ဆုံးဖြတ်ပြီးတော့မည် မဟုတ်ပါလော။

ကျန်းယန် ပြန်ထောက်လိုက်သည်။

“ခင်ဗျားသူတို့ကို လက်တစ်ချက်လောက်ယမ်းရုံနဲ့ရှင်းပစ်လို့ရနေတာပဲကို ဘာစိတ်ပူစရာလိုလို့လဲ”

စန်းစုန့် ချောင်းနှစ်ချက် ဟန့်လိုက်၏။

“ငါမတိုက်ခိုက်ရရင် အကောင်းဆုံးပဲ တကယ်လို့ငါ့သရုပ်မှန်ပေါ်သွားရင် မင်းလည်းဒုက္ခရောက်လိမ့်မယ်”

“ဟမ့်” ကျန်းယန် နှာခေါင်းရှုံ့လိုက်သည်။

“စိတ်အေးအေးထားပါ ဝိညာဉ်အခြေတည်အဆင့်လောက်က ခင်ဗျားစိတ်ပူနေစရာမဟုတ်ပါဘူး”

သူစံအိမ်ထဲရဲရဲတင်းတင်းပင် ၀င်သွားခဲ့၏။ တစ်ယောက်ယောက်၀င်လာသည်ကို မြင်သောအခါ စံအိမ်ထဲကအစောင့်များ တောင့်တင်းသွားခဲ့ကြသည်။

ဘာဖြစ်နေသလဲ မသိကြသောကြောင့် ကျန်းယန်ချဉ်းကပ်လာသည်နှင့် နောက်သို့သာ တစ်ဆုတ်တည်းဆုတ်ပေးနေခဲ့ကြ၏။

မကြာခင်တွင် ထိုအဖြစ်အပျက်ကို စစ်ထူမိသားစုကလူတိုင်း သိရှိသွားခဲ့ကြသည်။ သူတို့လျင်မြန်စွာပင် ထိုနေရာသို့ ဒေါသတကြီးစုဝေးလာခဲ့ကြ၏။

ကျန်းယန်ကိုတွေ့သောအခါတွင်မူ သူတို့ကြက်သေသေကုန်ကြသည်။

သူက ယွင်ထန့်အင်ပါယာကအရာရှိမဟုတ်ဘူးလား!

“မင်းပဲ!” ကျန်းယန်ကိုမြင်သောအခါ စစ်ထူဟောင်နန်အလိုလိုရေရွတ်လိုက်မိ၏။

“စီနီယာအစ်ကိုကြီး!”

စစ်ထူမင်ယွဲ့ ကျန်းယန်ကိုစိတ်လှုပ်ရှားစွာ ကြည့်နေခဲ့သည်။ သူမပုံစံက အခုပဲထိုနေရာမှ ခုန်ထွက်လာတော့မလိုပင်။ အနားတွင်သာ လူပေါင်းများစွာရှိမနေလျှင် သူမကျန်းယန်ကိုပြေးပင်ဖက်ချင်နေခဲ့၏။

ကျန်းယန်ခန်းမတစ်ခုလုံးကို တစ်ချက်အကဲခတ်လိုက်ပြီး စစ်ထူမင်ယွဲ့ကိုကြည့်လိုက်ကာ

“ငါနင့်ကို အလုပ်တွေအမြန်အပြီးသတ်ပြီး ဂိုဏ်းကိုအမြန်ပြန်ခဲ့ဖို့ ပြောထားတာလေ နင်သွားတာအရမ်းကြာလွန်းတယ် အဲ့တာကြောင့်ဆရာကနင့်ကိုပြန်ခေါ်လာဖို့ ငါ့ကိုလွှတ်လိုက်တာ အထုပ်အပိုးတွေပြင်တော့ ငါနဲ့ပြန်လိုက်ခဲ့”

စစ်ထူမင်ယွဲ့ခေါင်းကိုငုံ့ထားလိုက်ပြီး သနားစရာကောင်းစွာ ပြောလိုက်လေသည်။

“ညီမလေး ထွက်သွားလို့မရဘူး”

ချင်ယွီရှုလည်း ရှေ့ထွက်လာခဲ့ပြီး သက်ပြင်းချလိုက်၏။

“အဲ့တာက….ရှုပ်ထွေးတယ် ငါတို့အလွယ်တကူထွက်သွားလို့မရဘူး”

“တစ်ခုခုမှားနေတာကို ငါမမြင်ဘူးထင်လို့လား ဘာတွေဖြစ်ခဲ့တာလဲ” ကျန်းယန် မေးလိုက်လေသည်။

စစ်ထူဟောင်နန် အမြန်ပြောလိုက်၏။

“ထိုင်ဦး ထိုင်ဦး ငါအားလုံးအသေးစိတ်ရှင်းပြပေးမယ် မဆိုင်တဲ့မင်းတို့ကထွက်သွားကြ စုစုစုစုလုပ်မနေကြနဲ့”

တခဏအကြာတွင် ခန်းမထဲ၌ စစ်ထူဟောင်နန် စစ်ထူမင်ယွဲ့ စစ်ထူမင်ယွဲ့နှင့်တူသောသူ့အမေ ချင်ယွီရှုနှင့် ဧည့်အကြီးအကဲများသာ ကျန်ရစ်ခဲ့တော့သည်။

“ပြောပါ ဘာဖြစ်ခဲ့တာလဲ ကျွန်တော့်ကိုအတိအကျပြောပြ” ကျန်းယန်စစ်ထူဟောင်နန်ကိုကြည့်လိုက်ကာ

“ခင်ဗျားတို့ ယွင်ထန့်ကုန်သွယ်သမဂ္ဂက ယွင်ထန့်အင်ပါယာမှာ အသန်မာဆုံးမဟုတ်လား ဒါကခင်ဗျားတို့တတ်နိုင်တာ အကုန်ပဲလား”

စစ်ထူဟောင်နန် ခါးသက်သက်ပြုံးလိုက်ကာ

“ယွင်ထန့်ကုန်သွယ်သမဂ္ဂက အားကောင်းတာမှန်ပေမယ့် ယွင်ထန့်အင်ပါယာကြီးနဲ့တော့ ဘယ်ယှဉ်နိုင်ပါ့မလဲ”

“ဆိုတော့ ယွင်ထန့်အင်ပါယာလည်းပါနေတာပေါ့”

“ဟုတ်တယ်” စစ်ထူဟောင်နန်ခါးသီးစွာ ပြောလိုက်၏။

“ဒီလိုတွေဖြစ်လာမယ်လို့ ငါတို့စိတ်ကူးတောင်မယဉ်ခဲ့ဖူးဘူး နှစ်တစ်ရာလုံးလုံး ငါတို့နဲ့ တော်၀င်မိသားစုရဲ့ဆက်ဆံရေးက အရမ်းနီးကပ်ခဲ့တာ တကယ့်ညီအစ်ကိုရင်းတွေလိုပဲ

ဒါပေမယ့် ဒီတစ်ခေါက်တော့ သူတို့က ငါတို့ကိုတိုက်ခိုက်ခဲ့တယ် ဒါပေမယ့်လည်း သူတို့မှာရွေးချယ်စရာမရှိတော့လို့ လုပ်ခဲ့ကြရတာပါ”

“ရွေးချယ်စရာမရှ်ိဘူးဆိုတာ ဘယ်လိုငတုံးစကားမျိုးလဲ” ကျန်းယန် ထေ့ငေါ့လိုက်သည်။

“အရိုးသားဆုံးပြောရရင် ခင်ဗျားကတုံးအလွန်းတယ် ခင်ဗျားယွင်ထန့်ကုန်သွယ်သမဂ္ဂကို ဘယ်လိုတည်ဆောက်ခဲ့တာလဲဆိုတာ တကယ်သိချင်မိတယ် ခင်ဗျားအတွေးတွေက ကလေးတစ်ယောက်လိုပဲ”

“စီနီယာအစ်ကိုကြီး!” စစ်ထူမင်ယွဲ့ ဒေါသတကြီး၀င်ပြောလိုက်၏။

“ညီမလေးအဖေကို အဲ့လိုမပြောပါနဲ့”

“နောက်ပြီး နင်ရော” ကျန်းယန် တုန့်ဆိုင်းခြင်းမရှိဘဲ သူ့ကိုဆူပူလိုက်သည်။

“နင်လည်းတုံးအလွန်းတယ် ဒါကိုမှတ်ထား နင်ကအဇူရာတိမ်ဂိုဏ်းသားပဲ နင့်နောက်မှာဂိုဏ်းတစ်ဂိုဏ်းလုံးရှိတယ် ဘာကိုကြောက်နေတာလဲ”

“ငါတို့မှာ ငါတို့ဆရာရှ်ိတယ် ဆရာဦးလေးခြောက်ယောက်ရှိတယ်”

“အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်မှာ ငါတို့သွားချင်တဲ့နေရာကိုသွားလို့ရတယ် နင်ကသူတို့ကိုအနိုင်ကျင့်ခဲ့ရင်တောင် သူတို့အတွက် ကံကောင်းတာလို့ ပြောလို့ရတယ်”

“အခုတော့ သူတို့ကနင့်ကိုအနိုင်ကျင့်နေတယ်တဲ့လား”

“ဟာသပဲ”

“...ဟုတ်ပါတယ် ညီမလေးသိပါပြီ…”စစ်ထူမင်ယွဲ့ခေါင်းကိုငုံ့ထားကာ အသံတိုးတိုးဖြင့် ပြောလိုက်၏။

သူ့သမီးအဆူခံနေရတာကိုတွေ့သော်လည်း စစ်ထူဟောင်နန်နှင့်သူ့ဇနီးတို့ ဘာမှ၀င်မပြောကြပေ။ ထိုအစား စိတ်ထဲတောင် ကျေနပ်နေခဲ့သေးသည်။

သူသက်ပြင်းချကာ ပြောလိုက်၏။

“ဒီတစ်ခေါက် ငါတို့မိသားစုက မင်ယွဲ့ကိုပြဿနာထဲဆွဲခေါ်ခဲ့မိပြီ”

“လန်ကျားအထွတ်အမြတ်မြေက နောက်တစ်ကွက်ရွှေ့ခဲ့တယ် သူတို့က မင်ယွဲ့ကိုလက်ထပ်ကြီး သူတို့ဂိုဏ်းထဲခေါ်သွင်းချင်တာ ဧကရာဇ်ကိုလည်း ငြင်းရဲရင် တော်၀င်မိသားစုတစ်ခုလုံးကိုရှင်းပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ် တော်၀င်မိသားစုမှာလည်း ရွေးစရာမရှ်ိခဲ့ဘူး အဲ့တာကြောင့်ငါတို့ကိုဖိအားပေးခဲ့ရတာ

စီနီယာချင်ရဲ့အကူအညီနဲ့ဆိုရင်မင်ယွဲ့ကထွက်ပြေးနိုင်ပါတယ် ဒါပေမယ့် မင်ယွဲ့ထွက်ပြေးသွားရင် စစ်ထူမိသားစုတစ်ခုလုံးကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြတယ်

သူကလည်း လန်ကျားအထွတ်အမြတ်မြေကကောင်နဲ့လက်မထပ်ချင်ဘူးလေ အဲ့တာကြောင့်သူ့မှာဒီနေရာမှာဆက်နေဖို့ကလွဲ ရွေးချယ်စရာမရှ်ိခဲ့ဘူး”

ကျန်းယန် အေးစက်စက်နှာခေါင်းရှုံ့လိုက်ကာ စစ်ထူမင်ယွဲ့ကိုစိုက်ကြည့်လိုက်ပြီး

“အဲ့တာကြောင့် နင့်ကိုငတုံးလို့ပြောတာပေါ့”

“နင်ကစီနီယာချင်ရဲ့အကူအညီနဲ့ဒီနေရာကချက်ချင်းထွက်လာခဲ့သင့်တာ တစ်ချိန်တည်းမှာပဲ စစ်ထူမိသားစုကတစ်ယောက်ယောက်ကိုထိရဲရင် တော်၀င်မိသားစုတစ်ခုလုံးကို တစ်ဂိုဏ်းလုံးခေါ်လာပြီး ရှင်းပစ်မှာလို့ ခြိမ်းခြောက်ခဲ့ရမှာ

လက်ရှိ အဇူရာတိမ်ဂိုဏ်းမှာ နတ်ဝိညာဉ်အဆင့် ၆ယောက်နဲ့ တာအိုပေါင်းစည်းခြင်းအဆင့် ၁ ယောက်ရှိတယ်ဆိုတဲ့ ဂုဏ်သတင်းနဲ့ဆိုရင် ယွင်ထန့်အင်ပါယာက မကြောက်ဘူးလို့ နင်ထင်လား”

စစ်ထူမင်ယွဲ့ သူ့ကိုတစ်ချက်ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင်တော့ သူကအစ်ကိုကြီးမှမဟုတ်တာ ဆရာဦးလေးတွေကို ဘယ်အမိန့်ပေးနိုင်မှာလဲဟု ပြောချင်နေခဲ့၏။

သူမအံကိုကြိတ်ကာ ပြောလိုက်သည်။

“လန်ကျားအထွတ်အမြတ်မြေက ဒီတစ်ခေါက်လူတစ်ယောက်လည်းလွှတ်လိုက်တယ် သူ့နာမည်က နန်းကုန်းချီယီ တဲ့ နန်းကုန်းချီယီ!

သူပြောတာတော့ ဆရာကလည်းအဇူရာတိမ်ဂိုဏ်းကထွက်မသွားနိုင်ဘူး အခြားဂိုဏ်းသားတွေကတော့ ထုတ်ပြောဖို့တောင်မတန်ဘူးတဲ့ အဲ့လိုပြောတော့ ညီမလေးဘာလုပ်နိုင်တော့မှာလဲ”

သူမနန်းကုန်းချီယီဟူသောနာမည်ကို နှစ်ခါဖိ၍ ပြောလိုက်ခြင်းမှာ ထိုသူဘယ်လောက်ကြောက်စရာကောင်းမှန်း ကျန်းယန်ကိုသတိပေးလို၍ ဖြစ်သည်။

သို့သော် ကျန်းယန်ကတော့လုံး၀ကြောက်သွားဟန်မရပေ။ သူ့မျက်လုံးများ တောက်ပလာခဲ့ပြီး

“အို့ ဆိုတော့ ငါတို့သစ္စာဖောက်စီနီယာအစ်ကိုလည်း ရောက်နေတာပေါ့ ဒါဆိုရင်တော့ ငါတစ်ခေါက်လောက်သွားလည်ရမယ်”

ထိုအချိန်တွင် ဝိညာဉ်အခြေတည်အဆင့်တစ်ယောက် စစ်ထူစံအိမ်ထဲပျံသန်း၀င်ရောက်လာခဲ့ပြီး လူတိုင်းကိုကြည့်ကာ ကျယ်လောင်စွာ အော်ပြောလိုက်၏။

“အရှင်မင်းကြီးက အဇူရာတိမ်ဂိုဏ်းသားတွေကို နန်းတော်ဆီဆင့်ခေါ်ခိုင်းလိုက်ပါတယ်”

ကျန်းယန်မျက်လုံးများ ထက်ရှသွားကာ

“ဆင့်ခေါ်တယ်တဲ့လား”

သူစန်းစုန့်ဘက်လှည့်ကြည့်လိုက်ပြီး

“လာ ဧကရာဇ်နဲ့သွားတွေ့လိုက်ကြတာပေါ့”

စန်းစုန့်ခပ်ဟဟရယ်မောလိုက်၏။

“သူနဲ့မတွေ့ခင် ငါမင်းကိုလက်ဆောင်တစ်ခုပေးဦးမယ်”

သူရုတ်တရက်လက်ကိုဆန့်တန်းလိုက်ပြီး စစ်ထူမိသားစုဧည့်အကြီးအကဲတစ်ယောက်ကိုဆွဲယူလိုက်ကာ ကျန်းယန်ရှေ့ပစ်ချပေးလိုက်လေသည်။

“ဒါကမင်းအတွက် ငါ့လက်ဆောင်ပဲ”

All Chapters