← Chapters

နေမင်းမီးစာ … နတ်ဧကရာဇ် ဂူဗိမာန် ပွင့်လာခြင်း

Vol. 25 Ch. 361

နေမင်းမီးစာ … နတ်ဧကရာဇ် ဂူဗိမာန် ပွင့်လာခြင်း

Vol. 25 Ch. 361

အခန်း (၃၆၁) : နေမင်းမီးစာ … နတ်ဧကရာဇ် ဂူဗိမာန် ပွင့်လာခြင်း

စွမ်းအားကြီးသော ဝိဇ္ဇာအရှိန်အဝါက ထိုးဖောက်ထွက်လာကာ အရာအားလုံးကို လွှမ်းခြုံသွားသည်။ ‌

ထိုသို့ဆိုလျှင်ပင် ရှန်ထျန်းက နည်းနည်းလေးမှ ကြောက်ရွံ့သွားပုံ မပေါ်ပေ။ သူ့ကို ကြည့်ရတာ အရမ်းတည်ငြိမ်ပြီး ယုံကြည်မှု ရှိလှသည်။ သူက ဝိဇ္ဇာပိုင်နက်ထဲသို့ ချဉ်းနင်းဝင်ရောက်သွားကာ သူ့ပုံရိပ်က လေထုနှင့် ပေါင်းစပ်သွားသကဲ့သို့ ဖြည်းဖြည်းချင်း သူ့ပုံရိပ်က ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်။

ဝိဇ္ဇာအရှိန်အဝါက သူ့ကို ဖြတ်သန်းသွားသော်လည်း သူ့အပေါ် အကျိုးသက်ရောက်မှုရှိအောင် မလုပ်နိုင်ပေ။ သူက ထိုနေရာတွင် မရှိတော့ပဲ တခြားကမ္ဘာသို့ ရောက်သွားသလိုမျိုး ဖြစ်နေသည်။

လူအုပ်ထဲတွင် ဝမ်ရှန်းယု၏ မျက်လုံးများ ပြူးကျယ်သွားကာ မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်

“ ဒါက ဆန်းကြယ်တဲ့ “ခန္ဓာကိုယ်နဲ့ အာကာပြင် တစ်သားတည်း ပေါင်းစပ်ခြင်း” ပညာရပ်ပဲ။ ညီအစ်ကိုရှန်အနေနဲ့ မဟာလေဟာနယ်ကျမ်းကို ဒီလောက်ထိ မြန်မြန် တိုးတက်အောင် ကျင့်ကြံနိုင်မယ်လို့ ထင်မထားမိဘူး”

မဟာလေဟာနယ်ကျမ်းက အရှေ့ပိုင်းလွင်ပြင်တွင် နံပါတ်တစ်ချိတ်ပြီး တခြားဘယ်ကျမ်းမှ ပိုမသာနိုင်ပေ။

မဟာလေဟာနယ် သူတော်စင်က အင်မတန် ရှားပါးသော မဟာလေဟာနယ် ခန္ဓာတည်ဆောက်ပုံကို ပိုင်ဆိုင်ထားပြီး မဟာလေဟာနယ်ကျမ်းနှင့် တွဲဖက်ညီကာ သဟဇာတဖြစ်သည့်အထိ ပြီးပြည့်စုံလှသည်။ သူက မဟာလေဟာနယ်ကျမ်းကို နားလည်သည့်နေရာတွင် ထိပ်သီးပါရမီရှင် တစ်ယောက် ဖြစ်၏။

ဤသို့ဆိုလျှင်ပင် ဝမ်ရှန်းယုက ရှန်ထျန်း၏ လှုပ်ရှားမှုကို မျက်မြင်တွေ့ပြီးနောက် ထိတ်လန့်ဆွံ့အသွားရသည်။

ရှန်ထျန်း၏ လှုပ်ရှားမှုက ပြီးပြည့်စုံပြီး ရှင်းလင်းတိကျသည်။

ဝိဇ္ဇာအဆင့်သို့ ရောက်ရှိနေသူအများစုက အာကာပြင်ကို လွတ်လပ်စွာ ဖြတ်သန်းသွာလာနိုင်ကြသော်လည်း သူတို့က “ခန္ဓာကိုယ်နှင့် အာကာပြင် ပေါင်းစပ်ခြင်း” ပညာရပ်ကို အကောင်အထည်မဖော်နိုင် ဖြစ်နေသည်။

ထိုတိုက်ကွက်ကို အကောင်အထည် ဖော်နိုင်ရန်အတွက် ကျင့်ကြံသူ၏ ခန္ဓာကိုယ်က လေဟာနယ်နှင့် တစ်သားတည်း ဖြစ်နေရန် လိုအပ်သည်။

ရန်သူ၏ တိုက်ခိုက်ခြင်းကို ခံရပါက ၉၉ ရာခိုင်နှုန်းသော တိုက်ခိုက်မှုက လေဟာနယ်ထဲသို့ ဝင်သွားပြီး ခန္ဓာကိုယ်ကို မထိခိုက်အောင် ချန်လှပ်ထားပေးသည်။

ထိုအချိန်တွင် ကျင့်ကြံသူ၏ ကိုယ်ပိုင် တိုက်ခိုက်မှုကလည်း လေဟာနယ်ကြောင့် အားနည်းသွားခြင်း မရှိဘဲ လေဟာနယ်၏ စွမ်းအားက တိုက်ခိုက်စွမ်းရည်ကိုပင် မြှင့်တင်ပေးသေးသည်။

“ ငါ့ရဲ့ ကိုယ်ပိုင် ပိုင်နက်ထဲမှာ ညီအစ်ကိုရှန်က ငါ့ကို ကျော်လွန်သွားမယ်လို့တော့ မမျှော်လင့်ထားခဲ့ဘူး။ ငါ ကိုယ့်ကိုယ်ကို ရှက်သင့်တယ်”

ယုံကြည်မှု အနည်းငယ် လျော့ကျသွားသော်လည်း ဝမ်ရှန်းယုက အားကောင်းသော ရည်ရွယ်ချက်နှင့် ယှဉ်ပြိုင်လိုစိတ် များလာမှုတို့ကို အများဆုံး ခံစားလိုက်ရသည်။

လေဟာနယ်က ငါ့ပိုင်နက်ပဲ။ ငါ ရှုံးလို့ မဖြစ်ဘူး

ညီအစ်ကိုရှန်က အရမ်း အရည်အချင်းရှိတယ်။ သူ့ တိုက်ပွဲစွမ်းရည်က ငါ့ရဲ့ ကိုယ်ပိုင်အရည်အချင်းတွေထက် အများကြီး သာလွန်တယ်။ ဒါပေမဲ့ လေဟာနယ်ပညာရပ်မှာတော့ သူ့ကို ငါ့ထက် တော်သွားခွင့် မပေးနိုင်ဘူး

ငါ့အနေနဲ့ ထာဝရအသက်ကျမ်းကို ကျင့်ကြံပြီးတော့ ငါ့ရဲ့ အသက်စွမ်းအားကို အမြင့်ဆုံးအထိ ပြန်လည် ဖြည့်တင်းထားရမယ်။ ဒါမှ ငါ မဟာလေဟာနယ်ကျမ်းကို ဆက်ပြီးတော့ ကျင့်ကြံလို့ရမှာ

တကယ်လို့ ငါ ဒီဘဝမှာ ညီအစ်ကိုရှန်ထက် သာလွန်အောင်လုပ်ဖို့ ဘယ်တော့မှ အခွင့်အရေးမရှိရင် ဘယ်လိုလုပ်မလဲ။ ဒီလောကမှာ နံပါတ်နှစ်နေရာက ငါ့အတွက် ဖြစ်သွားမှာ

ထိုကဲ့သို့ စဉ်းစားနေသည်က ဝမ်ရှန်းယု တစ်ယောက်တည်း မဟုတ်ပေ။

ချီရှောက်ရွှမ်၊ ဖန်ချန်း၊ ကျန်းယွင်ထင်နှင့် ကျန်သူအားလုံးလည်း အနည်းနှင့်အများ တူညီသော အတွေးရှိကြသည်။

ရှန်ထျန်း ရှိနေသည့်တစ်လျှောက် သူတို့က ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် ကြိုးစားပါစေ သူနှင့် တန်းတူဖြစ်လာဖို့ ဘယ်တော့မှ မျှော်လင့်နိုင်မည် မဟုတ်ပေ။ ထိုအရာက စိတ်ကူးယဉ်လွန်းနေခြင်းသာ ဖြစ်လိမ့်မည်။

ယခု သူတို့အတွက် ရည်မှန်းချက် အသစ်ရှိလာပြီ… အဲဒါက ဒီလောကရဲ့ နံပါတ်နှစ် နေရာကို ရဖို့ပဲ

ရှန်ထျန်းပြီးရင် နံပါတ်နှစ် …

ဒီနေ့က ရှန်ထျန်း၏ လေဟာနယ် ထိန်းချုပ်ခြင်းစွမ်းရည်ကို လေ့လာဖို့အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။ သူတို့ အရမ်းသိချင်နေကြလေပြီ။

ဒီလိုမျိုး များပြားတဲ့ ဝိဇ္ဇာတွေဆီက ဖိနှိပ်မှုကြောင့် ရှန်ထျန်းက ဘယ်အခြေအနေအထိ ကျောက်ပြားကို နားလည်နိုင်မလဲ

ဂျိန်း…

ရှန်ထျန်း စိတ်မပျက်သွားပေ။ ကျောက်ပြားရှေ့ သူ ရောက်ရှိနေပြီ ဖြစ်သည်။

ကျောက်ပြားရှေ့တွင် များပြားသော ဝိဇ္ဇာများက တင်ပျဉ်ခွေထိုင်နေသည်။ သူတို့တစ်ယောက်ချင်းစီ၏ ဘေးပတ်လည်တွင် သိပ်သည်းသော ဝိဇ္ဇာအရှိန်အဝါများက ဝန်းရံထားသည်။ ထိုအရာက ဝိဇ္ဇာအဆင့်ထက်နိမ့်သော ကျင့်ကြံသူများ၏ စွမ်းအားထက် အများကြီး သာလွန်နေသည်။

ရှန်ထျန်း၏ အာကာပြင် ထိန်းချုပ်ခြင်း ပညာရပ်က အရှိန်အဝါအများစုကို လမ်းကြောင်းပြောင်းပေးခြင်း မရှိပါက သူ၏ မွေးရာပါ ရှုပ်ထွေးပွေလီ ရွှေခန္ဓာဖြင့်ပင် ပြင်းထန်သောဖိအားကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

သို့သော် ထိုစွမ်းအားကြီးသော ဝိဇ္ဇာများက သူ့အတွက် ဘာမှအရေးမပါသည့်ပုံပေါ်သည်။

ယခု ရှန်ထျန်းက ကျောက်ပြားရှေ့တွင်ထိုင်ပြီး အက္ခရာစာနှင့် သင်္ကေတများကို အာရုံစိုက်နေသည်။ သူက တောက်ပသော အလင်းဖြာထွက်နေပြီး မျက်လုံးမှ အံ့ဖွယ်အလင်းတန်းတစ်ခု ထွက်လာသည်။ ထိုအလင်းတန်းက သိမ်မွေ့နက်နဲပြီး စကြဝဠာ၏ အနက်နဲဆုံး လျှို့ဝှက်ချက်များကို ပိုင်ဆိုင်သလိုမျိုး ခံစားနေရသည်။

သူ့မျက်လုံးဆီမှ အံ့ဖွယ်အလင်းတန်း ထွက်လာပြီးနောက် အနီးနားအတွင် မတ်တပ်ရပ်နေသော ချီရှောက်ရွှမ်၏ မျက်ခုံးအလယ်ရှိ တတိယမျက်လုံးတွင် ထိုးဖောက်သွားသော နာကျင်မှုမျိုးဖြစ်သည့် လေးလံသော ဖိအားကို ခံစားလိုက်ရသည်။

“ပြိုင်ဘက်ကင်း မျက်လုံးပဲ။ ဒီမျက်လုံးပညာရပ်က ငါ အသစ်ကျင့်ကြံထားတဲ့ ခရမ်းစံအိမ် အံ့ဖွယ်မျက်လုံးထက်တောင် ပိုပြီးတော့ စွမ်းအားကြီးသေးတယ်”

ချီရှောက်ရွှမ်၏ နှုတ်ခမ်းတို့ တွန့်ချိုးသွားသည်။ သူ၏ ခရမ်းစံအိမ် အံ့ဖွယ်မျက်လုံးက သူ၏ စွမ်းအားအကြီးဆုံး တိုက်ကွက် ဖြစ်၏။ ထိုအရာက အရာအားလုံးကို ထိုးဖောက်နိုင်ရုံသာမက ငရဲ၏ နက်ရှိုင်းသော အပိုင်းများအထိ ရောက်နိုင်ရုံသာမက ရန်သူ၏ အားနည်းချက်ကိုပင် သိရှိစေနိုင်သည်။ ထို့အပြင် ရန်သူကို သတ်ဖို့အတွက် စွမ်းအားကြီးသော အလင်းတန်းကိုပင် ထုတ်လွှတ်ပေးနိုင်သည်။

တော်ဝင်ကျမ်းအားလုံးထဲတွင် ထိုကျမ်းကို အင်မတန် စွမ်းအားကြီးသော ပညာရပ်ဟု သတ်မှတ်ထားသည်။

သို့သော် ရှန်ထျန်း၏ အံ့ဖွယ်မျက်လုံးက သူ၏ ကိုယ်ပိုင် တတိယမျက်လုံးထက်ပင် သာလွန်နေသည်ဟု ချီရှောက်ရွှမ် ခံစားမိသည်။

ဒါက မယုံနိုင်စရာပဲ

သူ့မျက်လုံးက ချီရှောက်ရွှမ်အပေါ် ကြီးမားသည့် အကျိုးသက်ရောက်မှု ဖြစ်နေသည်ကို ရှန်ထျန်းတစ်ယောက် မသိဘဲ ဉာဏ်အလင်းပွင့်စေသည့် လမ်းစဉ်တွင်သာ အပြည့်အဝ နစ်မြောနေသည်။

မွေးရာပါ ခန္ဓာတည်ဆောက်ပုံက အမြဲတမ်း ပြိုင်ဘက်ကင်း ဉာဏ်အလင်းပွင့် ခန္ဓာတည်ဆောက်ပုံ ဖြစ်ခဲ့သည်။ ထိုအရာက ကျင့်ကြံသူတစ်ယောက်အား မည်သည့် ပညာရပ်နှင့် ကျမ်းကိုမဆို နားလည်နိုင်အောင် ကူညီပေးသည်။ နတ်ဘုရားလောကမှာပင် အကောင်းဆုံး ခန္ဓာတည်ဆောက်ပုံထဲမှ တစ်ခုဟု သတ်မှတ်နိုင်သည်။

ရှန်ထျန်းက မွေးရာပါ ကောင်းကင်တာအို မျက်လုံးများဟုခေါ်သည့် မွေးရာပါ ခန္ဓာတည်ဆောက်ပုံ၏ နောက်တစ်ဆင့်ကို လှုပ်နှိုးလိုက်ပြီ ဖြစ်သည်။ ဘယ်ပညာရပ်မှ ထိုမျက်လုံးများဆီမှ မလွတ်မြောက်နိုင်ပေ။

ပညာရပ်အားလုံးက သူ့ရှေ့တွင် ကိုယ်လုံးတီးဖြစ်နေသော အမျိုးသမီးငယ် တစ်ယောက်နှင့်တူပြီး သူ ဘာကိုမဆို မြင်နိုင်သည်။

ဝိဇ္ဇာအားလုံး တုန်လှုပ်သွားကြသည်။ ကျောက်ပြားက ပြင်းထန်စွာ လှုပ်နေပြီး အက္ခရာများအားလုံးကို ပြင်းထန်စွာ တုန်ခါအောင် လုပ်နေသည်ကို သူတို့ ခံစားမိသည်။

တာအိုလက်ဆင့်ကမ်း ကျောက်ပြားထဲမှာ အက္ခရာစာများ တစ်ကြောင်းပြီး တစ်ကြောင်း ထွက်လာကာ ရှန်ထျန်းကို မီးတိမ်တိုက် တစ်ခုပုံစံဖြင့် လွှမ်းခြုံထားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရှန်ထျန်းကို ထိုအက္ခရာများက အပြည့်အဝ လွှမ်းခြုံသွားသည်။ ကျမ်း၏ သိပ်သည်းပြင်းထန်မှုက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ထက် ပိုပြီးတော့ သာလွန်နေသည်။

အားလုံး၏ အာရုံက ရှန်ထျန်းအပေါ်တွင်သာ အာရုံစိုက်ထားသည်။ ကျင့်စဉ်ထဲ နစ်မြောနေသော ဝိဇ္ဇာများပင် နိုးထလာကြသည်။

“ ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ။ သူက အဆင့်နိမ့် ကျင့်ကြံသူတစ်ယောက်လေ။ ကျောက်ပြားကနေ ဘယ်လိုလုပ်ပြီးတော့ ဒီလောက်အများကြီး နားလည်နိုင်သွားရတာလဲ”

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ရွှေရောင်ကိုယ်ထည် ကျင့်ကြံသူတစ်ယောက်လို့ ငါ ကြားထားတာလေ။ သူက ကနဦးဝိညာဉ်အဆင့် ဒါမှမဟုတ် နိဗာန နယ်ပယ်အဆင့်ကိုတောင် မရောက်သေးဘူးလေ။ ဒါသာ အမှန်ဆိုရင်…”

“ သေစမ်း…အရမ်း ကြောက်ဖို့ ကောင်းတယ်။ ဒါက ကံကြမ္မာသားတော်အစစ်များလား။ သူနဲ့ယှဉ်လိုက်ရင် ငါ့ရဲ့ နှစ်ပေါင်းထောင်ချီနေတဲ့ အချိန်တွေကို ဘာအဓိပ္ပာယ်မှ မရှိဘဲ ဖြတ်သန်းခဲ့သလို ခံစားနေရတယ်”

“ မြန်မြန်ကြည့်လိုက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင် နေမင်းတစ်စင်းကိုတောင် ဖန်တီးပြီးနေပြီ”

ရှန်ထျန်းက ပုံရိပ်သဏ္ဌာန်ထဲတွင် နေမင်းခြောက်စင်းရှိသော အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ဘေးတွင်ထိုင်နေသည်။

ထိုအခိုက်အတန့်တွင် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါက ပိုမို သိပ်သည်းလာသည်။ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က မိုးကြိုးနှင့် မီးကို ထိန်းချုပ်သည့် အံ့ဖွယ်နတ်ဘုရားတစ်ပါးကဲ့သို့ ကြီးကျယ်လှသည်။

သူ့နောက်တွင် ရွှေနက်ရောင် နေခြောက်စင်းထွက်ပေါ်လာပြီး အရမ်းထူးခြားနေသည်။

ထိုသို့ဆိုလျှင်ပင် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ကြီးကျယ်သော ပုံရိပ်သဏ္ဌာန်ကို ပိုင်ဆိုင်ထားသည့် ရှန်ထျန်းကို မကျော်နိုင်သေးပေ။

ရှန်ထျန်း၏ နောက်တွင် နတ်သားရဲများ ဟိန်းဟောက်လိုက်သည့်အခါ အဆုံးမဲ့ ရွှေရောင်အလင်းတန်းက ထိုးဖောက်ထွက်လာသည်။ နတ်မိုးကြိုးပုံရိပ်သဏ္ဌာန်က အလွန်အမင်း ဖိနှိပ်ထားကာ နေရာတစ်ခုလုံးကို လွှမ်းခြုံထားသည်။

ပုံရိပ်ယောင်လောကကို ရှင်းထုတ်လိုက်သလိုမျိုး ရောင်သွေးစုံလင်လှသော အံ့ဖွယ်အလင်းတန်းက ကောင်းကင်တစ်ခုလုံးထွင် ဖြာထွက်သွားသည်။ ကြက်သီးထစရာကောင်းသော ဓားအရှိန်အဝါကို ပိုင်ဆိုင်ထားသည့် ထောင်ပေါင်းများစွာသော ဓားများက ကောင်းကင်သို့ ညွှန်ပြနေပြီး ထောင်ပေါင်းများစွာသော ဧရာမခွန်များက သမုဒ္ဒရာထဲမှ ထွက်လာပြီး ကြီးမားသည့် ရွှေရောင်ပန်များအဖြစ် ပြောင်းလဲသွားကြသည်။

ပုံရိပ်သဏ္ဌာန်တစ်ခုချင်းစီက ပြိုင်ဘက်ကင်းကျမ်း တစ်ခုကို ကိုယ်စားပြုသည်။

ထိုထဲမှ တစ်ခုကို ကျင့်ကြံပါက သာမန်ကျင့်ကြံသူတစ်ယောက်အနေဖြင့် နယ်မြေငါးခုလုံးတွင် ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်လာနိုင်သည်။

ထိုအခိုက်အတန့်တွင် ရှန်ထျန်း၏ ပုံရိပ်သဏ္ဌာန်များက သူသည် ထိုကျမ်းများအားလုံးကို ကျွမ်းကျင်ပြီး အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြသလိုက်သည်။

သူက မွေးရာပါ မည်မျှအရည်အချင်းရှိကြောင်း ဒီထပ်ပိုပြီး ပြောပြစရာ မလိုတော့ပေ။

ထိုအခိုက်အတန့်တွင် ရွှေနက်ရောင် နေမင်းက ရှန်ထျန်း၏ ပုံရိပ်သဏ္ဌာန်ထဲတွင် ပေါ်လာသည်။

မီးတောက်ငယ်လေးတစ်ခုမှ မျက်စိတစ်မှိတ်အတွင်း ကန်ရေပြင်တစ်ခုလုံးကို ထိန်လင်းသွားစေသည့် အလင်းလုံးအဖြစ်သို့ ပြောင်းလဲသွားသည်။

ပိုပြီးထိတ်လန့်စရာကောင်းသည့်အရာက ပထမဆုံး နေမင်း ပေါ်လာပြီးပြီးချင်း ဒုတိယ၊ တတိယနှင့် စတုတ္ထနေမင်းများလည်း ချက်ချင်း ပေါ်လာသည်။

ရှန်ထျန်းနောက်တွင် တောက်ပသော နေလုံးတစ်ခုချင်းစီ ပေါ်ထွက်လာသည်။ နေလုံးတစ်လုံးချင်းစီက အချင်းအားဖြင့် အနည်းဆုံး ပေတစ်ထောင်ရှိပြီး ကြောက်စရာကောင်းသော အပူနှင့် အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူ၏ နေလုံးပုံရိပ်သဏ္ဌာန် စွမ်းအားတစ်ခုထဲကပင် သူတို့ကို ဖျက်စီးပစ်ဖို့ လုံလောက်သည်။

ပဉ္စမမြောက်၊ ဆဌမမြောက်၊ သတ္တမမြောက်

ရှန်ထျန်း၏ နေလုံးပုံရိပ်သဏ္ဌာန်က ရေသောက်သလိုမျိုး အလွယ်တကူဖြင့် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်။

ရွှေနက်ရောင် နေလုံးအသစ်က မိနစ်အနည်းငယ်တိုင်းမှာ ပေါ်ထွက်လာသည်။ ထိုကဲ့သို့ဖြစ်သွားတိုင်း ဘေးပတ်လည်ရှိ ဝိဇ္ဇာများနှင့် ပါရမီရှင်များ၏ နှုတ်ခမ်းများက တွန့်ချိုးသွားသည်။

ထိုအရာက ဒဏ္ဍာရီလာ တာအိုလက်ဆင့်ကမ်း ကျောက်ပြားဖြစ်ပြီး နေမင်း တော်ဝင်ကျမ်းကို ပိုင်ဆိုင်ထားသည်။

မင်း နေလုံးတော်ဝင်ကျမ်းကို လေးစားမှုလေး ပေးနိုင်မလား။ ကျန်တဲ့ ငါတို့အားလုံးကို အရမ်းအားနည်းတဲ့ပုံ မပေါ်အောင် လုပ်လို့ရမလား

မင်းဉာဏ်အလင်းပွင့်တာက အရမ်းကိုလွယ်ကူတဲ့ပုံ ပေါ်တယ်။ ဒါက ဘယ်သူမဆို အလွယ်တကူ လုပ်နိုင်တဲ့အရာဆိုပြီးတော့ အထင်မှားနိုင်တယ်

အားလုံးက ရုတ်တရက် အလွန်အမင်း စိတ်ပျက်အားလျော့သွားကြသည်။

ပုံမှန်အားဖြင့် တည်ငြိမ်လေ့ရှိသော အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါက အချိန်မရွေး ပေါက်ကွဲထွက်တော့မည့်အတိုင်း ပြင်းထန်စွာ တုန်ခါနေသည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က သူ၏ ပထမဆုံး နေလုံးပုံရိပ်သဏ္ဌာန်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ဖို့အတွက် အချိန်အများအပြားကို အသုံးပြုခဲ့ရသည်။ ရက်ပေါင်းများစွာ ကျော်ဖြတ်ပြီးသွားသော်လည်း နေခြောက်စင်းအဆင့်ကိုသာ ရောက်ရှိသေးသည်။

သို့သော် ရှန်ထျန်းက အချိန်အနည်းငယ်အတွင်းမှာပင် နေခုနစ်စင်းကို ကျင့်ကြံနိုင်ခဲ့သည်။

ကိုယ့်တပည့်က ပြိုင်ဘက်ကင်း တစ်ယောက်ဖြစ်သွားတဲ့အခါ သေချာပေါက် ပျော်ရမဲ့ကိစ္စဖြစ်ပေမဲ့လည်း တပည့်က ကိုယ့်ထက် အဆင့်မြင့်သွားရင်တော့ ဆရာတစ်ယောက် သည်းခံချင်တဲ့အရာ မဟုတ်တော့ဘူးပေါ့

ဒီဆရာက သူ့ကိုယ်သူ “ ခံစားချက်မဲ့တဲ့သူ” လို့ ပြောထားတာတောင်မှပေါ့

ဆရာတစ်ယောက်အနေနဲ့ ဂုဏ်သိက္ခာကိုလည်း ထိန်းရဦးမယ်။ ဟုတ်တယ်

ရှန်ထျန်းက သူ့ဘေးနားတွင် ရှိနေသောသူများ၏ အတွေးများကို ဂရုမစိုက်တော့ပေ။ သူက အဆုံးမဲ့အပူစွမ်းအင်များ ရှိနေသော ကြီးမားနွေးထွေးသည့် မီးလုံးကြီးထဲသို့ ဝင်သွားသလိုမျိုး ခံစားနေရသည်။

ထိုအပူစွမ်းအင်က အရမ်းပြင်းထန်သည့်အတွက် အရာအားလုံးကို ဖျက်စီးပစ်နိုင်သည်။ သို့သော် ထိုအရာက အဆုံးမဲ့ အသက်အရင်းအမြစ်ကို ပိုင်ဆိုင်ရာနေရာလည်း ဖြစ်သည်။ စကြဝဠာထဲရှိ သက်ရှိသတ္တဝါအားလုံးကို ဤစွမ်းအင်အရင်းအမြစ်ဆီမှ မဖယ်ထုတ်နိုင်ပေ။

ဤစွမ်းအင်ထဲတွင် နစ်မြုပ်နေကာ ရှန်ထျန်းက သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို သန့်စင်ပေးလိုက်သလို ခံစားလိုက်ရသည်။ သူက ဤစွမ်းအင်ကို အသည်းအသန် စုပ်ယူနေသည်။ သူ၏ မွေးရာပါ ရှုပ်ထွေးပွေလီ ရွှေရောင်ကိုယ်ထည်က ပိုမို အပြစ်ကင်းစင်လာကာ သူ့ ခန္ဓာကိုယ်က ပိုမိုသန်မာလာသည်။

ထိုအချိန်တွင် သူ့ စိတ်စွမ်းအင်ကိုလည်း တိုးမြင့်သွားစေသည်။ သူ့ရှေ့တွင် ရှိနေသော ကနဦးဝိညာဉ်အလွှာက ဒီထက်ပိုပြီး မရှိတော့ပေ။

ရှန်ထျန်းသာ ဆန္ဒရှိပါက သူ ကြိုက်သည့်အချိန်တွင် ကနဦးဝိညာဉ်အဆင့်သို့ ရောက်အောင် အလွယ်တကူ လုပ်နိုင်နေလေပြီ။

ရှန်ထျန်း၏ နောက်တွင် နဝမမြောက် နေလုံး မြင့်တက်လာသည်။ လေထုထဲတွင် နေလုံးကိုးစင်း ထွက်ပေါ်လာသော်လည်း အမြင့်ဆုံးအထိ မရောက်သေးပုံပေါ်သည်။

လူအုပ်၏ အံ့ဩမှင်သက်သော အကြည့်များအောက်တွင် ရှန်ထျန်း၏ နောက်မှ ဒဿမမြောက် နေလုံးက ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ ထို့အပြင် ယခု ဒဿမမြောက်က  ပထမ နေလုံးကိုးစင်းထက် ပိုမို ကြီးမားသည်။

ဂျိန်း…

တာအိုလက်ဆင့်ကမ်း ကျောက်ပြားက ပြင်းထန်စွာ တုန်ခါပြီး အလယ်တည့်တည့်မှ ကွဲအက်သွားသည်။

ထိုအက်ကွဲကြောင်းထဲမှ လက်သီးစုပ် အရွယ်အစားရှိသော ရွှေနက်ရောင်မီးတောက် ဖြစ်သော နေလုံး အငယ်စားလေးတစ်ခု ရှန်ထျန်းဆီသို့ ဦးတည်သွားသည်။

ဝှီး…

ထိုမီးလုံး ထွက်လာသော အာကာပြင် အစိတ်အပိုင်းတစ်ခုချင်းစီက ရှုံ့တွကာ အစိတ်စိတ်အမြွာမြွာ ဖြစ်သွားသည်။

မီးလုံးက ရှန်ထျန်းဆီ ဦးတည်လာကာ သူ့နောက်ရှိ ဒဿမမြောက် နေလုံးနှင့် ပေါင်းစည်းသွားကာ တစ်သားတည်း ဖြစ်လာသည်။ ထို့နောက် ရှန်ထျန်းနောက်ရှိ ရွှေရောင်နေဆယ်စင်းက အဆုံးမဲ့အလင်းတန်းဖြင့် တောက်ပနေသည်။

ထာဝရဘုံဗိမာန်ကျွန်းတစ်ခုလုံးကို အလင်းတန်းဖြင့် လွှမ်းခြုံထားပြီး မချိုးဖျက်နိုင်သော ထိန်းချုပ်မှုများက နေရောင်၏ စွမ်းအားကြောင့် အရည်ပျော်ကျသွားသည်။

ဝိဇ္ဇာများ၏ မျက်နှာများလည်း ပြောင်းလဲသွားသည်။ ဤကျွန်းပေါ်တွင် အရေးပါသော တစ်စုံတစ်ခု ဖြစ်သွားသည်ကို ခံစားလိုက်ရသည်။

ရွှေကျီး နတ်ဧကရာဇ်ရဲ့ ဂူဗိမာန်က ပွင့်လာပြီ

All Chapters