← Chapters

ထိပ်တန်းအရည်အချင်းနှင့် ထူးခြားသော အမြင်စွမ်းရည် … ရှီထျန်းကျိ

Vol. 25 Ch. 363

ထိပ်တန်းအရည်အချင်းနှင့် ထူးခြားသော အမြင်စွမ်းရည် … ရှီထျန်းကျိ

Vol. 25 Ch. 363

အခန်း (၃၆၃) : ထိပ်တန်းအရည်အချင်းနှင့် ထူးခြားသော အမြင်စွမ်းရည် … ရှီထျန်းကျိ

ရှန်ထျန်း ဖိတ်ခေါ်လိုက်သော ပါရမီရှင်များက သူတို့၏ စီနီယာများနှင့်အတူ ထာဝရဘုံဗိမာန်ကျွန်းသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

သူတို့မှာ ယခင်တုန်းက ရှန်ထျန်း၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။ သူတို့က ထာဝရဘုံဗိမာန်ကျွန်းတစ်ခုလုံးကို လေ့လာနေရင်းမှ ကျောက်ပြား ထွက်ပေါ်လာသည့်အသံကို ကြားပြီး ဤနေရာသို့ အမြန်ပြေးလာခဲ့ကြခြင်း ဖြစ်၏။

ထိုအချိန်တွင် သူတို့က ရှန်ထျန်း ဉာဏ်အလင်းပွင့်ခြင်းကို ရရှိသွားသည့် မြင်ကွင်းကိုသာ မြင်လိုက်ရသည်။

ရှန်ထျန်းက တာအို လက်ဆင့်ကမ်း ကျောက်ပြားပေါ်ရှိ နေမင်းတော်ဝင်ကျမ်းကို အလျင်အမြန် နားလည်သွားခြင်းက သူတို့ကို လုံးဝ ဝေဖန်အကဲဖြတ်လိုက်သလို ခံစားရစေသည်။

“ အရှေ့ပိုင်းလွင်ပြင်၏ အသန်မာဆုံး ပါရမီရှင်ဟောင်း” ဟု ချီးမြှောက်ခံရသည့် ခရမ်းစံအိမ် သူတော်စင်ပင် သူနှင့် ရှန်ထျန်းကြားထဲရှိ ကွာခြားချက်က အနည်းဆုံး ဖန်ချန်း ၁၀ ယောက်စာလောက် ကွာဝေးသည်ဟု ခံစားသွားရစေသည်။ သိပ်မကြာခင်ကမှ ရှန်ထျန်းနှင့်အတူ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းကို သွားခဲ့သော ခွန်မင်၊ အောင်းဝူနှင့် တခြားသူများကိုတော့ ထည့်ပြောစရာပင် မလိုတော့ပေ။

ညီအစ်ကိုရှန်က နတ်ဧကရာဇ်တစ်ယောက်ဖြစ်ဖို့ အလားအလာရှိတဲ့ စစ်မှန်တဲ့သူပဲ

ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းတွင်လည်း ရှန်ထျန်းက အကောင်းဆုံး ကံအပြောင်းအလဲ အခွင့်အရေးများဖြစ်သည့် ဉာဏ်အလင်းပွင့် လက်ဖက်ရည်ကြမ်း၊ နဂါးရင်းမြစ်သစ်သီးနှင့် ခွန်ပန်တာအိုကဲ့သို့သော အရာများကို သေချာ ရယူခဲ့သည်။

တစ်ချိန်တည်းမှာပဲ ရှန်ထျန်းနှင့်အတူ လိုက်သွားသောသူများလည်း များပြားသော အကျိုးအမြတ်များ ရရှိပြီး နေ့ချင်းညချင်း ချမ်းသာသွားကြသည်။

ယခု သူတို့၏ နာမည်ကို ရှန်ထျန်းက ထပ်မံခေါ်ယူလိုက်သည့်အတွက် သူတို့၏ အကြည့်များ ချက်ချင်းတောက်ပသွားကာ စိတ်မထိန်းနိုင်ဘဲ  စိတ်အားထက်သန်မှု၊ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်သွားသည်။

တကယ်ကို အစ်ကိုရှန်က ငါ့ကို မမေ့ဘူးပဲ။ သူ ငါ့အပေါ် မြင်တဲ့ အမြင်က သိပ်မဆိုးဘူး

မဟုတ်ရင် သူနဲ့ ခရီးအတူတူထပ်သွားဖို့ ဘာကြောင့် ငါ့ကို ထပ်ခေါ်မှာလဲ။ သူက ဘာအကြောင်းမှမရှိပဲနဲ့ ငါ့ကို ကံအပြောင်းအလဲ အခွင့်အရေး ခွဲပေးစရာ မရှိဘူး

ကျစ်… မောင်လေးရှန်က ငါ့ကို ကြိုက်နေတာများလား

ဒါပေါ့ အဲလိုအတွေးမျိုးက သေချာပေါက် အမျိုးသမီးတွေ တွေးတာပဲပေါ့

ဘယ်လိုပဲဖြစ်ဖြစ် အနည်းဆုံးတော့ ရှန်ထျန်း သူတို့ကို ခေါ်လိုက်တော့ အဲဒီပါရမီရှင်တွေအကုန်လုံးက သူ့ဆီကို ပြေးလာကြတယ်

ဒါပေါ့ သူတို့က ရှန်ထျန်းနောက်ကို လိုက်မှာလေ

သူတို့သာ ရှန်ထျန်းနောက်ကို လိုက်သွားမယ်ဆိုရင် ရှားပါးပြီးတော့ ထူးခြားတဲ့ ရတနာတွေ ရနိုင်မှာ သေချာပေါက်ပဲလေ။ သူတို့သာ ရှန်ထျန်းနဲ့အတူ ခရီးထွက်မယ်ဆိုရင် သူတို့ ကောင်းကင်ဘုံရဲ့ ကောင်းချီးပေးခြင်းကို ရရှိမှာ

ဝမ်ရှန်းယုက မဟာလေဟာနယ်ကျမ်းကို ကျွမ်းကျင်ပိုင်နိုင်သူ ဖြစ်သည့်အတွက် အာကာပြင်ကို ဖြတ်သန်းပြီး ရှန်ထျန်းဆီကို ပထမဆုံး ရောက်ရှိလာခဲ့သည်။

သူ ထာဝရအသက်ကျမ်းကို ရရှိကတည်းက သူ့ကိုယ်သူ လွတ်လပ်ခွင့်ပေးကာ “အသက်အရွယ် ကြီးရင့်ကာ သေဆုံးလာခြင်း” နှင့် “မသေခင်ဆုံးခင်အချိန်” ကြားမှာ သွားလိုက်ပြန်လိုက်လုပ်နေသည်။

သူက ယခင်က သက်တမ်းကို ပြန်လည် မဖြည့်တင်းနိုင်ချိန်တုန်းက သူ့ကျန်းမာရေးကို ထိန်းသိမ်းဖို့အတွက် လက်ဖက်ရည်ကြမ်း နေ့တိုင်းသောက်သော ကြည့်ကောင်းသည့် လူငယ်တစ်ယောက် ဖြစ်ခဲ့သည်။

သူက ရုပ်ချောပုံပေါ်သော်လည်း မျက်ကွင်းများ ညိုနေသည်။

ယခု သူက ဘယ်အချိန်မဆို သက်တမ်း ပြန်ဖြည့်လို့ရအောင် ထာဝရအသက်ကျမ်းကို ကျင့်ကြံနိုင်သွားသော်လည်း သူ့မှာ ဆံပင်ဖြူများ ရှိနေပြီး အဖိုးကြီးတစ်ယောက်နှင့် တူနေသည်။

သူ့ ရှေ့မှာ ဝမ်ရှန်းယု မတ်တပ်ရပ်နေပါက ရှန်ထျန်းအနေဖြင့် သူ့ ပုခုံးကိုပင် မပုတ်ရဲပေ။ တော်ကြာ ဝမ်ရှန်းယုက မြေပြင်ပေါ် လဲကျကာ အခွင့်ကောင်းယူပြီး နိဗာနတော်ဝင်ရေစင်နှင့် ဉာဏ်အလင်းပွင့် လက်ဖက်ရည်ကြမ်းကို တောင်းဆိုနေမည်ကို စိုးရိမ်မိသည်။

ပုံမှန်အားဖြင့် ဝမ်ရှန်းယုနှင့် နီးနီးကပ်ကပ်နေပြီး အဆင်မပြေသည်က ချီရှောက်ရွှမ်သာ ဖြစ်သည်။ သူတို့နှစ်ယောက်က “ နံပါတ်တစ်” နေရာအတွက် ဆက်ပြီးတော့ တိုက်ခိုက်ချင်နေကြသည်။

ယခုလက်ရှိတွင် ချီရှောက်ရွှမ်၏ အရှိန်အဝါက ယခင်ထက်ပိုပြီး အားကောင်းလာသည်။ သူက အဆင့်မြင့် အံ့ဖွယ် အသုံးအဆောင်ပစ္စည်းများဖြစ်သည့် နဂါးနက်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ကောင်းကင်ပုဆိန်လှံရှည်ကို ကိုင်ဆောင်ထားသည်။

ရှန်ထျန်းအပြင် လူငယ်မျိုးဆက် ပါရမီရှင်များထဲတွင် ချီရှောက်ရွှမ်ထက် အားကောင်းသော အရှိန်အဝါရှိသူက အနည်းငယ်သာ ရှိတော့သည်။

မင်းသမီးလင်းလုံက ချီရှောက်ရွှမ်ကို ကြည့်လိုက်သည့်အခါတွင်ပင် သူမ၏ အကြည့်ထဲတွင် အံ့ဩမှု၊ ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေသည်။

လူသူကင်းမဲ့တဲ့ အရှေ့ပိုင်းလွင်ပြင်လိုနေရာမှာ ၁၀ ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့် ရောက်သွားတဲ့သူက မျှော်လင့်ထားတဲ့အတိုင်းပဲ။ သူ့ရဲ့ အရှိန်အဝါကို ကြည့်လိုက်ရုံနဲ့တင် သေချာပေါက် ရည်မှန်းချက်ကြီးတဲ့ ကျင့်ကြံသူတစ်ယောက်ဆိုတာ သေချာတယ်။ ဒီလူသာ တစ်နေ့ အလယ်ပိုင်းကုန်းမြေကို လာပြီးတော့ စိန်ခေါ်မယ်ဆိုရင် စိတ်ဝင်စားစရာပဲ

ဒါပေါ့ မင်းသမီးလင်းလုံရဲ့ အတွေ့အကြုံအရဆိုရင်ပဲ စိတ်ဝင်စားစရာကောင်းတာ။ ချီရှောက်ရွမ်က သူမအတွက်  ပိုပြီးတော့ ကောင်းမွန်တဲ့အမြင်နဲ့ ကြည့်ဖို့ ထိုက်တန်တယ်။ သူက ရုတ်တရက် ဉာဏ်အလင်းပွင့်တဲ့အဆင့်မှ မဟုတ်တာ။

အနည်းဆုံးတော့ ချီရှောက်ရွှမ် အရင်တုန်းက ပြသခဲ့တဲ့ အရည်အချင်းနဲ့ ခွန်အားအရဆိုရင်တော့ အလယ်ပိုင်းကုန်းမြေမှာ သူ့ကို အနိုင်ယူနိုင်တဲ့သူက တစ်ယောက်ထက် ပိုမှာ သေချာတယ်

ချီရှောက်ရွှမ်က ပြိုင်ဘက်ကင်း ပါရမီရှင် ရှီထျန်းကျိနှင့် ရင်ဆိုင်ရပါက သူ ဘယ်လိုပင် ခုခံပါစေ ရိုက်ချက်တစ်ခုကိုပင် တောင့်ခံနိုင်မည် မဟုတ်ပေ။

တခြားသူတွေက အများကြီး မျှော်လင့်ထားပြီး သူ့ကို မွေးရာပါစံပြ “ထျန်းကျိ”ဟု ခေါ်တွင်ခဲ့သည်။

မွေးရာပါ စံပြဆိုတာ ဘာကိုဆိုလိုတာလဲ

ဆိုလိုသည်က သူ မွေးဖွားသည့် နေ့ကတည်းက ထိပ်တန်းအရည်အချင်းရှိပြီး မျိုးဆက်တစ်ခု၏ စံပြတစ်ယောက်ဖြစ်ဖို့အတွက် ကံကြမ္မာ ပါလာခြင်း ဖြစ်သည်။

ရှီထျန်းကျိ မွေးဖွားလာသည့်နေ့တွင် အံ့ဖွယ်အလင်းတန်းက မိုင်ပေါင်း ၃သောင်းအထိ ပျံ့နှံ့သွားပြီး သေမျိုးလောကသို့ ဆင်းသက်လာသော ထာဝရဘုရင်၏ ပုံရိပ်ယောင်ပင် အချိန်အတော်ကြာ ထင်ဟပ်သွားသည်။ ထိုအရာက နတ်ဧကရာဇ်တစ်ယောက် ပြန်လည်ဝင်စားခြင်းလိုမျိုး ကြီးကျယ်လှသည်။

ဟွမ်ရှစ်၏ စစ်ဆေးခြင်းကို ခံယူပြီးနောက် ရှီထျန်းကျိ၏ ပင်ကိုယ်စွမ်းရည်က အင်မတန် ထူးခြားကြောင်း ထုတ်ဖော်လိုက်သည်။

တစ်ချိန်တည်းမှာပဲ သူက ပညာရပ်အားလုံး၏ အားနည်းချက်ကို ထိုးဖောက်မြင်နိုင်သည့် အဆင့်မြင့် မျက်လုံးများဖြင့် မွေးဖွားလာခဲ့သည်။

ရှီထျန်းကျိက အသက်သုံးနှစ်တွင် စတင်ကျင့်ကြံပြီးနောက် ကျင့်ကြံစဉ်နှင့် ကိုယ်ခံပညာရပ်အားလုံးတွင် အလွယ်တကူ ကျွမ်းကျင်တတ်မြောက်သွားသည်။ သူက ထိုပညာရပ်များကို ပြီးပြည့်စုံဆုံး အဆင့်အထိ ကျင့်ကြံပြီးနောက် ပညာရပ်အသစ်များကိုပင် ဖန်တီးနိုင်သည့်အတွက် ဝိဇ္ဇာများကိုပင် အံ့အားသင့် ထိတ်လန့်သွားစေသည်။

လက်ရှိတွင် ရှီထျန်းကျိက အသက် ၂၁ နှစ်သာ ရှိသေးသော်လည်း ကောင်းကင်အသျှင် တစ်ယောက် ဖြစ်နေပြီဖြစ်သည်။

ဒီထက်ပိုပြီး အရေးကြီးသည်က သူက ဝိဇ္ဇာများနှင့် တိုက်ခိုက်သည့်အခါ မရှုံးနိမ့်ဖူးပေ။

ဒါက ဘာကိုဆိုလိုတာလဲဆိုရင်တော့…

ဝိညာဉ်အသွင်ပြောင်းအဆင့်ကို ရောက်ပြိးတော့ ဝိဇ္ဇာနဲ့ တိုက်ခိုက်တဲ့အခါ မရှုံးတဲ့သူက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းလောက်ကတည်းက နယ်မြေငါးခုမှာ မရှိဘူး။ သူက  ဟွမ်ရှစ်ငယ်ငယ်တုန်းကထက်တောင် ပိုပြီးတော့ ဉာဏ်ကောင်းတယ်

ရှီထျန်းကျိက စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲသို့ ဝင်သွားပါက အဆင့်သတ်မှတ်ချက်များအရ စစ်မှန်သော ကြယ်ခုနစ်ပွင့် ပါရမီရှင်တစ်ယောက်ပင် ဖြစ်သွားနိုင်သည်။

အဲလိုမျိုး မွေးဖွားလာတဲ့ ရှီထျန်းကျိက တကယ်ကို ထူးခြားပြီးတော့ ထာဝရဧကရာဇ်တစ်ပါးဖြစ်ဖို့အတွက် ကံကြမ္မာပါလာတယ်

ချီရှောက်ရွှမ်ကို သူနှင့် နှိုင်းယှဉ်လိုက်ခြင်းက အလယ်ပိုင်းကုန်းမြေ၏ အသန်မာဆုံး ပါရမီရှင်က သေချာပေါက် အရှေ့ပိုင်းလွင်ပြင်ရှိ အသန်မာဆုံး ပါရမီရှင်နှင့် ယှဉ်ပြိုင်ရမည်ဆိုပြီး ချီရှောက်ရွှမ်ကို အနိုင်ကျင့်လိုက်သလို ဖြစ်သွားသည်။

ချီရှောက်ရွှမ်က အရှေ့ပိုင်းလွင်ပြင်၏ အသန်မာဆုံး ပါရမီရှင်မဟုတ်ဘဲ အနည်းနှင့်အများ ကွာခြားမှု ရှိနေသည်။

တကယ်သာ ယှဉ်ပြိုင်ရမယ်ဆိုရင် ရှန်ထျန်းနဲ့ ရှီထျန်းကျိတို့ ပြိုင်သင့်တာ

မင်းသမီးလင်းလုံက ရှန်ထျန်းဆီ လမ်းလျှောက်လာရင်း သူမ၏ စိတ်ထဲတွင် စတင် နှိုင်းယှဉ်ကြည့်နေပြီဖြစ်သည်။

ကျင့်ကြံရေးမှာဆိုရင် ဝမ်းကွဲထျန်းကျိက ဝိညာဉ်အသွင်ပြောင်းအဆင့်ကို ရောက်ရှိနေပြီဆိုပေမဲ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က နည်းနည်းတော့ အားနည်းနေသေးတယ်

တိုက်ပွဲစွမ်းရည်မှာဆိုရင် ဝမ်းကွဲထျန်းကျိက ဝိဇ္ဇာတစ်ယောက်နဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့ဖူးပြီးတော့ အဲဒီဝိဇ္ဇာလည်း ရွေးချယ်စရာမရှိပဲနဲ့ နောက်ဆုတ်သွားခဲ့ရတာ … အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အဲဒါလည်း မလုပ်နိုင်ပြန်ဘူး

ဒါပေမဲ့ အသက်အရွယ်အရဆိုရင်တော့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဒီနှစ် အသက်၁၈ နှစ်ရှိပေမဲ့ ဝမ်းကွဲထျန်းကျိက အသက်၂၁ နှစ် ရှိနေပြီ။ အဲဒါကြောင့် အသက်အရွယ်အရ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က သင့်တော်တဲ့ ဆုံးရှုံးမှုမျိုး ဖြစ်နေတာပါ

အသက်ကြီးတဲ့သူတွေကတော့ သုံးနှစ်၊ ငါးနှစ်မပြောနဲ့ နှစ် ၃၀၊ ၅၀လောက်ရှိသွားရင်တောင် မတိုးတက်တာက ပုံမှန်ပဲ

ဒါပေမဲ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ ဝမ်းကွဲထျန်းကျိလို ပြိုင်ဘက်ကင်း ပါရမီရှင်တွေကတော့ သုံးနှစ်လောက်အတွင်းမှာ သူတို့ရဲ့ ခွန်အားက နှစ်ဆ ဖြစ်သွားပြီ

ဝမ်းကွဲထျန်းကျိက ဝိညာဉ်အသွင်ပြောင်းအဆင့်ကို ရောက်ဖို့အတွက် အချိန်လေးနှစ်ပဲ သုံးခဲ့တာ

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကတော့ စပြီးကျင့်ကြံတာ တစ်နှစ်ပဲ ရှိသေးတယ်လို့ ငါကြားထားတယ်

နောက်ထပ် သုံးနှစ်ကြာရင် သူ ဘယ်အဆင့်ထိ ကျင့်ကြံနိုင်မလဲဆိုတာကို ဘယ်သူသိနိုင်မှာလဲ

ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ရဲ့ လောကဆိုတာက သာမန်ကျင့်ကြံသူတွေ နားမလည်နိုင်တဲ့အရာပဲ

ဟုတ်တယ်… ကျင့်ကြံဆင့်၊ တိုက်ခိုက်စွမ်းရည်နဲ့ အသက်အရွယ်တွေက အရေးမကြီးပါဘူး … အနည်းဆုံးတော့ ရုပ်ရည်နဲ့တင် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ရှီထျန်းကျိကို သေချာပေါက် အနိုင်ရနေပြီ

မဟုတ်ပါက မင်းသမီးလင်းလုံအနေဖြင့် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ရှီထျန်းကျိကို ရိုက်နှက်နိုင်ဖို့ မျှော်လင့်စရာ အကြောင်းမရှိပေ။

မိန်းကလေးတွေက အဆုံးမှာ  အပြင်လူတွေဘက်က ရပ်တည်လိမ့်မယ်

မင်းသမီးလင်းလုံက လျှောက်တွေးနေစဉ် ခွန်ယုလည်း တူညီသော အလုပ်ကို လုပ်နေသည်။ ကျန်းယွင်ရှီးနှင့် ခုံမုန့်ပင် သူတို့ကိုယ်တိုင်အတွက် စိတ်ကူးယဉ်နေကြသည်။

မည်သို့ပင်ဆိုစေကာမူ ရှန်ထျန်း ပူးပေါင်းထားသည့် ဒီအဖွဲ့ထဲမှာ တစ်ယောက်ချင်းစီက တစ်ကိုယ်ကောင်းဆန်ဆန် ရည်ရွယ်ချက်တွေ ရှိကြ၏။

သူတို့တကယ် ရွှေကျီးနတ်ဧကရာဇ်ရဲ့ ဂူဗိမာန်ထဲ ဝင်သွားရင် ဘာတွေဖြစ်လာမယ်ဆိုတာကို ဘယ်သူက သိမှာလဲ

အဖွဲ့ထဲရှိသူများက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နောက်ကို လိုက်ပါက မှားယွင်းသည့်အရာ  မရှိနိုင်ဘူးဟု ယုံကြည်ထားသည်။

တစ်ချိန်တည်းမှာပဲ ရှန်ထျန်းကိုယ်တိုင်ကလည်း ယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေသည်။

ရှန်ထျန်းက ကံကြမ္မာ၏ သားတော်၊ သမီးတော် ဆယ်ယောက်၏ ကံကောင်းမှုကို မျှယူပြီး ကံအပြောင်းအလဲ အခွင့်အရေး ဆယ်ခု ရှိသောနေရာကို သွားမည်ဆိုတာ သံသယဖြစ်ဖွယ် မရှိပေ။

ဒီတစ်ခါသာ မှားယွင်းခဲ့မယ်ဆိုရင် ငါ စစ်နတ်ဘုရားမျှော်နန်းဆောင်ကိုပါ စားပစ်မယ်

All Chapters