← Chapters

ခရမ်းစိမ်းဓားနှစ်သွယ်ကို ပထမဆုံးအကြိမ် ထုတ်ကြွားခြင်း

Vol. 25 Ch. 365

ခရမ်းစိမ်းဓားနှစ်သွယ်ကို ပထမဆုံးအကြိမ် ထုတ်ကြွားခြင်း

Vol. 25 Ch. 365

အခန်း (၃၆၅) : ခရမ်းစိမ်းဓားနှစ်သွယ်ကို ပထမဆုံးအကြိမ် ထုတ်ကြွားခြင်း

“ အားလုံးပဲ ဒီဂူဗိမာန်ထဲမှာ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတာမလို့ အထူးဂရုစိုက်ကြပါနော်”

မဟူရာအလင်းကြေးမုံက ရှန်ထျန်း၏ ဦးခေါင်းပေါ်တွင် ရှိနေသည်။ ထိုအရာ၏ အံ့ဖွယ်အလင်းတန်းက သူ့ တွဲဖက်များအပေါ် လွှမ်းခြုံထားပြီး ဂူ၏ အတွင်းပိုင်းနေရာများအထိ ဂရုတစိုက် ဝင်သွားကြသည်။

ရှန်ထျန်းက သူ့တွဲဖက်များ၏ ခေါင်းပေါ်တွင် လမ်းပြပေးသည့် မြေပုံရှိနေသကဲ့သို့ လှည့်လှည့်ကြည့်ရတာ အမောဖြစ်သည်။

သိပ်မကြာခင်မှာပဲ ရှန်ထျန်းတို့ အဓိကကျသော လမ်းဆုံသို့ ရောက်ရှိလာသည်။

သူတို့က ရွှေကျီးနတ်ဧကရာဇ် ဂူဗိမာန်၏ အတွင်းဆုံးအပိုင်းများသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်မှာ သေချာသည်။ အပူချိန်ကလည်း သိသိသာသာ မြင့်တက်လာသည်။

ဒီထက်ပိုပြီး အရေးကြီးသည်က လမ်းဆုံက ယခင်တွေ့ဖူးသော လမ်းဆုံများကဲ့သို့ မရိုးရှင်းပဲ လမ်းကွဲကိုးခု ရှိနေသည်။

မင်းသမီးလင်းလုံက ကျောက်နံရံပေါ်တွင် ထွင်ထားသော အက္ခရာစာများကိုကြည့်ကာ အကြည့်တို့ ခက်ထန်သွားရသည်။ သူမ၏ မျက်နှာ တင်းမာစွာဖြင့် ပြောလိုက်သည်

“ ဒီဂူဗိမာန်ထဲမှာ ရှုပ်ထွေးဝင်္ကပါ အစီအရင်တစ်ခု လုပ်ထားပုံပေါ်တယ်”

ဤရှုပ်ထွေးဝင်္ကပါက အရမ်းဆန်းကြယ်သော ကာကွယ်ရေးအစီအရင်ဖြစ်ပြီး လေ့လာသူများကို လုံးဝ လမ်းပျောက်သွားစေသည်။

ယေဘုယျအားဖြင့် ဤကာကွယ်ရေး အစီအရင်စိန်ခေါ်မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သူများသာ ထွက်လမ်းကို တွေ့နိုင်မည်ဖြစ်ပြီး ကျန်သူများကတော့ အထဲတွင် တစ်သက်လုံး ပိတ်မိနေမည်ဖြစ်သည်။

“ မောင်လေး … ငါတို့ ဘယ်လမ်းကို သွားသင့်တယ်လို့ ထင်တယ်” ကျန်းယွင်ရှီးက ရှန်ထျန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်

“ မင်း ပြောတာမှန်သမျှကို အစ်မ နားထောင်ပါမယ်”

ချီရှောက်ရွှမ်နှင့် ဝမ်ရှန်းယုကလည်း အချင်းချင်းကြည့်ကာ ပြောလိုက်သည်

“ ညီအစ်ကိုရှန်ဆီမှာ ကောင်းမွန်တဲ့ ကံကြမ္မာ ရှိတယ်။ မင်းနောက်ကို လိုက်ရင် ငါတို့ သေချာပေါက် လုပ်နိုင်မှာ သေချာတယ်”

အမှန်တော့ သူတို့ ထုတ်မပြောခဲ့သော တခြားအတွေးတစ်ခုလည်း ရှိနေသည်။

သူတို့သာ ရှန်ထျန်းနောက်သို့ လိုက်သွားပါက ဘေးကင်းစွာဖြင့် အောင်မြင်စွာ လုပ်ဆောင်နိုင်ရုံသာမက များပြားသော ကံအပြောင်းအလဲ အခွင့်အရေးကို ကြုံတွေ့ရမည် ဖြစ်သည်။

ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်

“ ကျွန်တော် ဒီကာကွယ်ရေး အစီအရင်နဲ့ ပတ်သက်လို့ လေ့လာပြီးသွားပြီ။ ဒီကာကွယ်ရေး အစီအရင်က သတ်ဖို့ ရည်ရွယ်ချက် လုံးဝ မရှိဘူး။ ဒါက ကာကွယ်ထားတဲ့ အလွှာတစ်ခုသက်သက်ပဲ။

နတ်ဧကရာဇ်တစ်ပါးအတွက် ကျွန်တော်တို့လိုမျိုး ငယ်ရွယ်တဲ့ ကျင့်ကြံသူတွေက ဘာမှအရေးမပါဘူးလေ။ ဒီဝင်္ကပါက စစ်ဆေးမှုတစ်ခုလို့ ကျွန်တော်ထင်တယ်။ အဆုံးသတ်ကို ရောက်သွားရင် ဆုတွေဘာတွေလည်း ရှိနေနိုင်တယ်”

ဆုတဲ့လား…

နတ်ဧကရာဇ် ချန်သွားတဲ့ ဆုတဲ့လား

ရှန်ထျန်း၏ စကားကြောင့် အားလုံး၏ အကြည့်တို့ တောက်ပသွားရသည်။

ဂူဗိမာန်တွင် တကယ် စစ်ဆေးမှုရှိပြီး အဆုံးသတ်တွင် ဆုရှိနေပါက ဝိဇ္ဇာတစ်ယောက်ကိုပင် ဆွဲဆောင်နိုင်သည့်အရာ ဖြစ်သည်။

ထိုအရာက နတ်ဧကရာဇ်တစ်ပါးဖြစ်ပြီး သူ၏ ပင်မအမွေအနှစ်နှင့် နတ်ဧကရာဇ် အသုံးအဆောင်ပစ္စည်းများကို ရှန်ထျန်းက ပိုင်ဆိုင်ဖို့အတွက် ကံကြမ္မာပါလာသည်။

သို့သော် ကျန်သူများက ကုစားဆေးလုံးများနှင့် အဖိုးတန်ရတနာများကို ရှာတွေ့စုဆောင်းနိုင်ပါက ကောင်းမွန်သော အကျိုးအမြတ် ဖြစ်နေဆဲဖြစ်သည်။

ရှန်ထျန်းက ချီရှောက်ရွှမ်၏ ဦးခေါင်းကို တစ်ချက်စိုက်ကြည့်ကာ သုံးခုမြောက် လမ်းခွဲသို့ ဦးတည်သွားလိုက်သည်။

သူ ထိုလမ်းသို့ ဦးတည်သွားသည်နှင့်တစ်ပြိုင်နက် သူတို့က ကောင်းမွန်သော ကံအပြောင်းအလဲ အခွင့်အရေးတချို့ လွတ်သွားမည်ကို စိုးရိမ်သည့်အတွက် သူ့နောက်မှ အမြန်လိုက်ကြသည်။

သူတို့အုပ်စု သုံးခုမြောက် လမ်းခွဲသို့ ဦးတည်သွားနေစဉ် အပူချိန်က ပိုမို မြင့်တက်သည်ထက် မြင့်တက်လာသည်။ နံရံပေါ်ရှိ အက္ခရာစာများကလည်း ရွှေကျီး၏ ပုံရိပ်နှင့်အတူ တောက်ပနေပုံပေါ်သည်။

ဂျိန်း…

ရုတ်တရက် နံရံပေါ်ရှိ ရွှေကျီးအက္ခရာစာများက သက်ဝင်လှုပ်ရှားလာကာ နံရံများဆီမှ ထိုးဖောက်ထွက်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေနက်ရောင် မီးတောက် အံ့ဖွယ်ငှက်က ရှန်ထျန်းတို့ အုပ်စုဆီသို့ ဦးတည်ပျံသန်းလာသည်။ သူ့တောင်ပံများတွင် အဆုံးမဲ့ ရွှေကျီး မီးတောက်များ ရှိနေသည်။

ဤသီးသန့်ဖြစ်နေသော လှိုဏ်ခေါင်းထဲတွင် ထိုမီးတောက်များ၏ စွမ်းအားနှင့် သတ်ဖြတ်နိုင်စွမ်းက အဆမတန် တိုးပွားသွားသည်။

မီးတောက်က သူတို့ဆီ ဦးတည်ပြီးလာနေသည့်အတွက် ရှောင်ရှားဖို့ပင် အရမ်းအခက်တွေ့သည်။ အဘယ်ကြောင့်ဆိုသော် လှိုဏ်ခေါင်းတစ်ခုလုံး မီးတောက်များဖြင့် ပြည့်နှက်နေပြီး ပုန်းခိုစရာနေရာ မရှိသောကြောင့် ဖြစ်သည်။

“ ဒီကာကွယ်ရေးအစီအရင်က တကယ်ကို ပြဿနာပဲ။ အဲဒါက ထာဝရဘုံဗိမာန်ကျွန်းရဲ့ မီးဓာတ်စွမ်းအင်ကို စုပ်ယူပြီးတော့ ကျူးကျော်လာတဲ့သူတွေကို အဲဒါနဲ့ တိုက်ခိုက်နိုင်တယ်”

ချီရှောက်ရွှမ်၏ အကြည့်တို့ တောက်ပသွားသည်။ သူ၏ ခရမ်းစံအိမ် ကောင်းကင်မျက်လုံးက ထိုမီးတောက် အံ့ဖွယ်ငှက်၏ ပျံသန်းမှုပုံစံကို ချက်ချင်း ရင်းနှီးသွားသည်။ တစ်ချိန်ထဲမှာပဲ သူ၏ ကောင်းကင်ပုဆိန်လှံရှည်ကလည်း လက်ထဲတွင် ထွက်ပေါ်လာသည်။

ဂါး…

ကောင်းကင်ပုဆိန်လှံရှည်က ဧရာမခရမ်းရောင်နဂါးအဖြစ်သို့ ပြောင်းလဲသွားကာ ထို အံ့ဖွယ်ငှက်ကို ဝင်တိုက်ပြီး ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲကာ သူကိုယ်တိုင်ကလည်း မြေကြီးထဲသို့ တိုးဝင်သွားသည်။

ထိုအခိုက်အတန့်တွင် စွမ်းအားကြီးသော စွမ်းအင်လှိုင်းများက အပြင်ဘက်တွင် ဖြာထွက်နေပြီး ချီရှောက်ရွှမ်၏ ချပ်ဝတ်တန်ဆာကို အပြင်းအထန် တုန်ခါစေသည်။ သူ့ကို ကြည့်ရတာ ငယ်ရွယ်သော စစ်နတ်ဘုရားတစ်ပါးအသွင်ကို ဆောင်နေသည်။

ထိုအံ့ဖွယ်ငှက်၏ တိုက်ခိုက်မှုက ကနဦးဝိညာဉ်ထိပ်သီးအဆင့် ဖြစ်ပြီး ဝိညာဉ်အသွင်ပြောင်းအဆင့်သို့ ရောက်ခါနီးနေပြီဖြစ်သည်။

သို့သော် ချီရှောက်ရွှမ်က ထိုငှက်ကို တစ်ချက်တည်းဖြင့် ဖျက်စီးနိုင်ခဲ့သည်။

အံ့ဖွယ်ငှက်၏ ခုခံမှုက အားမကောင်းသလို ချီရှောက်ရွှမ်က နေမင်းတော်ဝင်ကျမ်း တစ်စိတ်တစ်ပိုင်းကို သင်ယူထားသည့် ထိုငှက်၏ အားနည်းချက်ကို သိရှိသွားခြင်း ဖြစ်သည်။ ထို့ကြောင့် သူက ထိုငှက်၏ လှုပ်ရှားမှုများအပေါ် သေချာနားလည်သွားခဲ့သည်။ ချီရှောက်ရွှမ်၏ စွမ်းအား ကြီးသည်လည်း ပါသည်။

“ ဟား…ဟား… ဒါက တုံးအနေတဲ့ ငှက်လေးတစ်ကောင်ပါပဲ။ ငါ့ရဲ့ ပြိုင်ဘက်ဖြစ်ဖို့တောင် မထိုက်တန်ဘူး”

ချီရှောက်ရွှမ်က ကောင်းကင်မျက်လုံးကို ပြန်ရုတ်သိမ်းကာ ရှန်ထျန်းကို တစ်ချက်ခိုးကြည့်လိုက်သည်။

ရှန်ထျန်း၏ အကြည့်ထဲတွင် လေးစားသော အကြည့်တချို့ကို တွေ့လိုက်ရသည့်အတွက် ချီရှောက်ရွှမ်၏ မျက်နှာပေါ်တွင် ဂုဏ်မောက်သော အကြည့်တချို့ ဖြတ်ပြေးသွားသည်။

သူက အဖွဲ့၏ အရေးပါသော နေရာတွင် ရပ်ကာ မကောင်းစိတ်ဖြင့် ပီတိဖြစ်ရင်း ပြောလိုက်သည်

“ အားလုံးပဲ မစိုးရိမ်ပါနဲ့။ ကျွန်တော်သာ အနားမှာရှိနေရင် ဘာမတော်တဆမှ ဖြစ်မှာမဟုတ်ပါဘူး”

သူ စကားပြောပြီးနောက် လှိုဏ်ခေါင်း၏ တစ်ဖက်တစ်ချပ်စီရှိ ကျောက်နံရံများပေါ်ရှိ အက္ခရာစာကြောင်းများက တောက်ပလာသည်။

ထိုအက္ခရာစာများက မူလတုန်းက အနီဖျော့ရောင်ဖြစ်ပြီး တချို့ကသာ ရွှေကျီးမီးတောက်ကို ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယခု အားလုံးက ရှင်သန်နိုးထလာပုံပေါ်သည်။

ရုတ်တရက် များပြားသော ရွှေကျီးများက ကျောက်နံရံများမှ ထွက်လာကာ ရှန်ထျန်းတို့ အုပ်စုဆီသို့ ဦးတည်ပျံသန်းလာပြီး လွတ်မြောက်နိုင်သော လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားလိုက်သည်။

ထို့အပြင် ရွှေကျီးတစ်ကောင်ချင်းစီကလည်း အင်မတန်အားကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူတို့က အနည်းဆုံး ပထမတစ်သုတ်က ရွှေကျီးများလောက် စွမ်းအားကြီးပြီး တချို့ရွှေကျီးများက ယခင်တစ်သုတ်ထက် စွမ်းအားပိုကြီးနေသည်ကလည်း ဖြစ်နိုင်သည်။

အထူးသဖြင့် ပထမဆုံး ရွှေကျီးသုံးကောင်က မီးတောက်များဖြင့် ဖန်တီးထားသည်နှင့် မတူလောက်အောင် အရမ်းစွမ်းအားကြီးပြီး ရှေးဟောင်း ရွှေကျီးအစစ်များနှင့်ပင် တူနေသည်။

ထိုငှက်သုံးကောင်တွင် စစ်မှန်သော ကောင်းကင်အသျှင်များနှင့် တူညီသော စွမ်းအားများကို ပိုင်ဆိုင်ထားသည်။

ထိုမီးတောက်ဖြင့် ပြုလုပ်ထားသော ရွှေကျီးများတွင် ဝိညာဉ်များ မရှိပေ။ သူတို့တွင် အခြေခံအသိစိတ်သာရှိပြီး သူတို့ရှေ့ရှိ ကျူးကျော်သူအားလုံးကို တိုက်ခိုက်ခြင်း ဖြစ်၏။

ထို့ကြောင့် အားလုံး၏ ရှေ့တွင် မတ်တပ်ရပ်နေသော ချီရှောက်ရွှမ်က ငှက်များ၏ ပထမဆုံး ပစ်မှတ်တစ်ခု ဖြစ်လာခဲ့သည်။

ထိပ်သီးပါရမီရှင်တစ်ယောက်က မီးတောက်များ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသည့်အတွက် မှင်သက်အံ့ဩနေသည်။

“ မိစ္ဆာသားရဲတွေ…မင်းတို့ အုပ်စုဖွဲ့ပြီး တိုက်ခိုက်တာနဲ့တင် ငါက ကြောက်မယ်များ ထင်နေလား။

ခရမ်းအငွေ့အသက် မြစ်တောင်တန်း

သေစမ်း…ရွှေကျီးမီးတောက်တွေက ငါ့ရဲ့ ခရမ်းအငွေ့အသက် မြစ်တောင်တန်းကိုတောင် ဖြတ်သန်းပြီးတော့ လောင်ကျွမ်းနိုင်တယ်တဲ့လား

ညီအစ်ကိုရှန် ငါ့ကို ကယ်ပါဦး”

ခရမ်းရောင်အရှိန်အဝါနှင့် အံ့ဖွယ်မီးတောက်များက ပွတ်တိုက်မိပြီး လှိုဏ်ခေါင်းတစ်ခုလုံးကို လုံးဝ ပြည့်နှက်နေစေသည်။ သိပ်မကြာခင်မှာပဲ ထိုမီးတောက်မီးလျှံဆီမှ အသားကင်နံ့က လေနှင့်အတူ ပျံ့နှံ့သွားသည်။

ဂျိန်း…

အချိန်တစ်ခု ကြာပြီးနောက် ရွှေကျီးမီးတောက်ထဲမှ မဲတူးနေသော ပုံရိပ်တစ်ခု ထွက်လာသည်။

မျက်နှာက လုံးဝ အနက်ရောင် ဖြစ်နေသည်။

သူ့လက်ထဲမှ ထူးခြားသော ကောင်းကင်ပုဆိန်လှံရှည်ကြောင့်သာ မဟုတ်ပါက ထိုပုံရိပ်သည် ချီရှောက်ရွှမ် ဖြစ်ကြောင်းကို ရှန်ထျန်း မမှတ်မိနိုင်လောက်ပေ။

အဆက်မပြတ် လောင်ကျွမ်းမှုကြောင့် ချီရှောက်ရွှမ်၏ မျက်လုံးများက နီရဲနေပြီး မျက်ရည်များလည်း ကျနေသည်။

ဝမ်ရှန်းယုက ချီရှောက်ရွှမ်၏ သေရေးရှင်ရေး အခြေအနေကို ကြည့်ကာ ဝမ်းသာပီတိဖြစ်စွာ ပြုံးရင်း ပြောလိုက်သည်

“ ညီအစ်ကိုချီ အဲဒီငှက်မွေးသားရဲတွေ ခြိမ်းခြောက်တာကို ခံရလို့ ငိုနေတာလား”

ချီရှောက်ရွှမ်၏ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားကာ ပြောလိုက်သည်

“ ငါ မငိုပါဘူး။ မီးခိုးမွှန်လို့ပါ”

ရှန်ထျန်း ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။

“ စနောက်မနေကြနဲ့တော့။ ကျွန်တော်တို့ ဒီရွှေကျီးတွေကို အရင်ရှင်းထုတ်လိုက်ရအောင်”

ရှန်ထျန်းက လက်ဟန်အချို့ကို ပြုလုပ်လိုက်သည်။

သူ၏ ခရမ်းစိမ်းဓားနှစ်သွယ်က အလင်းတန်းနှစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ ရွှေကျီးအုပ်စုဆီသို့ ဦးတည်သွားနေသည်။

အ…အ…အ…

ကျယ်လောင်စူးရှသော ကျီးအာသံက လှိုဏ်ခေါင်းကို ဖြတ်ကာ ပျံ့နှံ့သွားပြီး တစ်ကောင်ပြီး တစ်ကောင် မြေပြင်ပေါ်သို့ ပြုတ်ကျကာ သန့်စင်သော မီးစွမ်းအင်အဖြစ်သို့ ပြိုကွဲသွားပြီး လေထုထဲသို့ ပျံ့နှံ့သွားသည်။

ထိုကောင်းကင်အသျှင်အဆင့် ငှက်သုံးကောင်က ရှန်ထျန်း၏ ခရမ်းစိမ်းဓားနှစ်သွယ်ကို စက္ကန့်အနည်းငယ်ကြာ တောင့်ခံနိုင်ခဲ့သေးသည်။

ထိုအချိန်တွင် ရှန်ထျန်းက ဓားထာဝရအရှင် တစ်ပါးကဲ့သို့ ဖြစ်နေသည်။

All Chapters