← Chapters

ငါက အရင်တုန်းက နတ်ဧကရာဇ်တစ်ပိုင်းကို ပျိုးထောင်ထားတာ

Vol. 25 Ch. 367

ငါက အရင်တုန်းက နတ်ဧကရာဇ်တစ်ပိုင်းကို ပျိုးထောင်ထားတာ

Vol. 25 Ch. 367

အခန်း (၃၆၇) : ငါက အရင်တုန်းက နတ်ဧကရာဇ်တစ်ပိုင်းကို ပျိုးထောင်ထားတာ

ရှန်ထျန်းက ခရမ်းစိမ်းဓားနှစ်သွယ်ကို လက်ဟန်များဖြင့် ထိန်းချုပ်ကာ ရွှေကျီးများကို အလွယ်တကူဖြင့် သတ်နေသည်။

တခြားကျင့်ကြံသူများက အခွင့်အရေးကို ဖမ်းဆုပ်ကာ နေမင်းတော်ဝင်ကျမ်းကို အသုံးပြုပြီး ပတ်ဝန်းကျင်ရှိ စွမ်းအင်များကို သန့်စင်နေသည်။

စင်္ကြန်လမ်းမှာ စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး အားလုံး၏ ကျင့်ကြံဆင့်က အလျင်အမြန် တိုးတက်လာသည်။

ကျောက်ဟောင်၊ ဖန်ချန်း၊ ကျန်းယွင်ရှီးနှင့် ချင်ကောင်းတို့ကလည်း မီးဓာတ်ပညာရပ်များကို ကျင့်ကြံသည့်အတွက် အကျိုးအမြတ် တော်တော်များများ ရရှိလာသည်။ သူတို့ လိမ်လည်ပြီး လုပ်နေသလိုပင် ဖြစ်နေသည်။

နောက်ဆုံးရွှေကျီးက မီးတောက်အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားသည့်အခါ အားလုံးက သက်ပြင်းအရှည်ကြီး ချလိုက်ကြသည်။ သူတို့က ကျီးကန်းများကို ဒီထက်ပိုပြီး ကြာရှည်စွာ ရှိစေချင်ကြသည်။

ရွှေကျီးနတ်ဧကရာဇ်ရဲ့ ဂူဗိမာန်က တကယ်ကို ကောင်းမွန်တဲ့ နေရာတစ်ခုပဲ

ရှန်ထျန်းက သူတို့၏ ရောင်ဝါစက်ဝန်းများကို ကြည့်လိုက်သည့်အခါ အရည်အသွေး ပိုမိုကောင်းမွန်လာသည်ကို တွေ့လိုက်ရသည်။

သူ့ ခန္ဓာကိုယ်လည်း ပိုမိုပေါ့ပါးလာသည်ဟု ခံစားလိုက်ရသည်။ သူက ကြေးမုံကို ထုတ်ပြီး သူ့ ရောင်ဝါစက်ဝန်းကို မကြည့်နိုင်သေးသော်လည်း သူ့ရောင်ဝါစက်ဝန်းထဲရှိ ရွှေရောင်အလင်းက ပိုမိုတောက်ပလာသည်ကို သူ သိနိုင်သည်။

ဒီစွန့်စားခရီးပြီးသွားရင် ငါ့ရဲ့ ရောင်ဝါစက်ဝန်း ဘယ်လောက်ထိ တိုးတက်လာမလဲဆိုတာကို သိချင်လိုက်တာ

“ ရွှေကျီးတွေရဲ့ မီးတောက်က အားလုံးကို ပိုပြီးတော့ သန်မာလာအောင် လုပ်ပေးလိုက်တယ်။ ကျွန်တော်တို့ ဆက်မသွားခင် ဒီနေရာမှာ တစ်နာရီလောက် အနားယူရအောင်”

ရှန်ထျန်း အလျင်မလိုပေ။ အဆင့်မြင့်ဖို့အတွက် အချိန်မှန်က အမြန်နှုန်းထက် ပိုပြီးအရေးကြီးကြောင်း သူ သိသည်။ ကံကြမ္မာကောင်း ပိုင်ဆိုင်ထားသူများနှင့် ခရီးအတူသွားရတာ ပိုပြီး လုံခြုံသည်ဟု ခံစားရသည်။

“ ကျွန်တော်တို့ကို ကာကွယ်ပေးတဲ့အတွက် သူတော်စင်ကို ကျေးဇူးတင်ပါတယ်”

မင်းသမီးလင်းလုံက ရှန်ထျန်းကို စပ်စုသည့်ပုံစံဖြင့် ကြည့်ကာ သူ့ဘေးမှာ ထိုင်နေသည်။

သို့သော် သူမ လုံးဝ အနားမယူပေ။ သူမ၏ စိတ်ထဲမှာ တွေးနေတာ တစ်ခုသာ ရှိသည်။

ဒီသူတော်စင်က တကယ်ကို လူကြီးလူကောင်းပဲ

ယှဉ်ပြိုင်မှုက ကျင့်ကြံရေး၏ သဘာဝဖြစ်စဉ်တစ်ခု ဖြစ်သည်။

စင်္ကြန်ရှိ ကြီးမားသော မီးစွမ်းအင်က မီးဓာတ်ရှိသော ကျင့်ကြံသူများအတွက် အင်မတန် အသုံးဝင်သောအရာ ဖြစ်သည်။

ရှန်ထျန်းက နေမင်းတော်ဝင်ကျမ်းကို ကျွမ်းကျင်ပြီး ကျင့်ကြံဖို့အတွက် ထိုကဲ့သို့သော စွမ်းအင်ကို မလိုသော်လည်း သူ့ကိုယ်ပိုင်ခွန်အားကို မြှင့်တင်ဖို့အတွက် အသုံးပြုလို့ ရနိုင်သေးသည်။

ဒါပေမဲ့ ရှန်ထျန်းက ဘာလုပ်ခဲ့လဲ

သူက ရွှေကျီးတွေ အားလုံးကို သတ်ဖို့အတွက် အားအင်တွေ အများကြီး စိုက်ထုတ်ပြီးတော့ အဲဒီစွမ်းအင်တွေကို သူ့အဖော်တွေဆီ ပေးပစ်လိုက်တယ်လေ

မင်းသမီးလင်းလုံက အဲဒီနောက်ကွယ်ရှိ အဓိပ္ပာယ်ကိုတော့ နားမလည်နိုင်ပေ။ ရှန်ထျန်းက တကယ်ကို သူတော်စင် တစ်ယောက်ဖြစ်သည်ဟု သူမ ခံစားနေရသည်။

ရှန်ထျန်းလိုမျိုး လူတွေက တခြားကောက်ကျစ်တဲ့ ကျင့်ကြံသူတွေကြောင့် ဆိုးရွားတဲ့ ကံကြမ္မာနဲ့ ကြုံတွေ့သင့်တာ မဟုတ်လား။ သူက ဘယ်လိုလုပ်ပြီးတော့ အရမ်းသန်မာလာရတာလဲ

မင်းသမီးလင်းလုံက ယခု အရမ်းသိချင်စိတ်ပြင်းပြနေလေပြီ။

ကျန်သောသူများတွင်လည်း ထူးဆန်းသော အတွေးကိုယ်စီ ရှိနေကြသည်။

သို့သော် ဘယ်သူမှ မေးခွန်းစပြီး မမေးရဲကြပေ။

သူတို့စွမ်းအားများ ပုံမှန်တိုးမြင့်လာပြီး စင်္ကြန်လမ်းကလည်း ဆိတ်ငြိမ်နေသည်။ သူတို့ နယ်မြေငါးခုသို့ ပြန်သွားသည့်အခါ သူတို့၏ ကျင့်ကြံဖော်များက ထိတ်လန့်အံ့ဩသွားနိုင်သည်။

ရုတ်တရက် ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်

“ ဒီဂူဗိမာန်ထဲမှာရှိတဲ့ လမ်းကြောင်းက အရမ်းကို ရှုပ်ထွေးတယ်။ အခုလို လာပြီးတော့ တွေ့ရတာက ကျွန်တော်တို့ရဲ့ ကံကြမ္မာပါ။ ဘာလို့ ထွက်လာပြီးတော့ ကျွန်တော်နဲ့ စကား လာမပြောရတာလဲ။ အမှောင်ထဲမှာ အခုလိုမျိုး ပုန်းကွယ်နေတာက အရမ်းကို မဖြစ်သင့်ပါဘူး”

“…”

ရှန်ထျန်း၏ စကားလုံးများက သူ့ အပေါင်းအပါများကို အံ့အားသင့် ထိတ်လန့်သွားစေသည်။

ဒီစင်္ကြန်က သေးပါတယ်။ တစ်စုံတစ်ယောက် ပုန်းဖို့အတွက် ခက်ခဲတဲ့ နေရာတစ်ခုဆိုရင်လည်း မမှားဘူး။ တစ်ယောက်ယောက်က ဒီမှာ ပုန်းနေတာတဲ့လား

တခြားတစ်ယောက်က ပြောခဲ့တာဆိုရင်တော့ စိတ်ကူးယဉ်ပြီးပြောတာဆိုပြီးတော့ သူတို့ ရယ်မိမှာပဲ။ ဒါပေမဲ့ ရှန်ထျန်းပြောတာဆိုတော့ အမှန်တွေ ဖြစ်မှာပဲ

ကျစ်…

အားလုံး ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်းများ ထလာသည်။

ဒီလူက ဒီမှာရှိနေတဲ့ အရည်အချင်းရှိ ကျင့်ကြံသူတွေလည်းဖြစ်သလို အစောပိုင်းအဆင့် ကောင်းကင်အသျှင် ခွန်မင်နဲ့ ခွန်ယုတို့ဆီကနေ ဖုံးကွယ်နေနိုင်တာ။ သူ့ရဲ့ ဖုံးကွယ်ခြင်းစွမ်းရည်က မယုံနိုင်စရာပဲ

ရှန်ထျန်းကလည်း ဒီနေရာမှာ မရှိဘူး ပြီးတော့ အဲဒီလူကလည်း ကောင်းတဲ့သူ မဟုတ်ဘူးဆိုရင် သူတို့ အခု ဒုက္ခအကြီးအကျယ် ရောက်နေလောက်ပြီ

အားလုံးက ဖြစ်လာမည့် တိုက်ပွဲအတွက် အဆင်သင့်ပြင်ထားကြသည်။

အချိန်ကြာသွားသော်လည်း စင်္ကြန်တွင် ဘာမှ ထူးခြားမလာပေ။

ရှန်ထျန်းက ပြုံးနေရင်း ပြောလိုက်သည်

“ ညီအစ်ကိုလိပ် … ပုန်းတာတော်ပေမဲ့လည်း ကျွန်တော်ဆီကနေတော့ ပြေးမလွတ်ပါဘူး။ ညီအစ်ကိုရဲ့ ကျင့်စဉ်က ကျွန်တော်ရဲ့ အံ့ဖွယ်မိုးကောင်းကင် တော်ဝင်ကျမ်းနဲ့ ဆင်တူတယ်။ အဲဒါ ဘာဖြစ်လို့လဲဆိုတာ သိချင်တယ်”

ညီအစ်ကိုလိပ်တဲ့လား

အံ့ဖွယ်မိုးကောင်းကင် တော်ဝင်ကျမ်းနဲ့ ဆင်တူတယ်တဲ့လား

ရှန်ထျန်းက ယခု အရမ်းအသေးစိတ် ပြောနေသည်က အမှောင်ထဲမှာ ပုန်းနေသော တစ်ယောက်ကို ဆိုလိုခြင်းဖြစ်ကြောင်း သိနိုင်သည်။

“ အဟမ်း… ဟမ်း…” အသံတစ်ခုက အာကာပြင်ထဲမှ ပျံ့လွင့်လာသည်။

“ စိတ်ဝင်စားစရာပဲ။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက သူတော်စင်ကို ဒီလောက်ထိ အရည်အချင်းရှိမယ်လို့ မမျှော်လင့်ထားဘူး”

လေထဲတွင် အဖြူရောင်အရိပ်တစ်ခု ပေါ်လာသည်။

ထိုအရာက တစ်မီတာထက် အနည်းငယ် ပိုမြင့်သည့် ထူးဆန်းသော အဖြူရောင်လိပ် ဖြစ်သည်။ မေးစေ့တွင်လည်း ရှည်လျားသော အဖြူရောင်မုတ်ဆိတ်မွေး တစ်ခုရှိသော်လည်း သူ့ကိုယ်ပိုင် မဟုတ်ပေ။ ကြည့်ရတာ တခြားနတ်ဆိုးများ၏ ပိုင်ဆိုင်မှု ဖြစ်ဖို့ များသည်။

လိပ်က ပန်းပွင့်ဘောင်းဘီကို ဝတ်ဆင်ထားပြီး လမ်းလျှောက်တုတ်တစ်ခုကို ကိုင်ဆောင်ထားသည်။

ရှန်ထျန်းသာ သူ့ဆီမှ သက်ဝင်လှုပ်ရှားမှုကို မခံစားမိပဲ နှစ်တစ်ရာအောက် သက်တမ်းရှိသူဟု မစဉ်းစားပဲ ကောက်ချက်ချလိုက်ပါက လိပ်ကို “Dragon Ball” ထဲမှ လိပ်ဟုပင် ထင်မှတ်မိလိမ့်မည်။

ခုံမုန့်က ထိုလိပ်ကို ကြည့်ပြီး အံ့ဩမှင်သက်သွားမိသလို လိပ်ဖြူကို ယခင်က မြင်ဖူးနေသည်ဟုလည်း ခံစားနေရသည်။

အဲဒါမှန်တယ်

ကမ္ဘာဦးတိုက်ပွဲနယ်မြေတုန်းကလည်း သူတို့က လိပ်ဖြူနောက် လိုက်သွားကာ နဂါးနတ်ဘုရားတောင်ကြားသို့ ရောက်ရှိသွားပြီး ရှန်ထျန်းနှင့် တွေ့ခဲ့ခြင်း ဖြစ်သည်။

သို့သော် အဲဒီအချိန်တုန်းက လိပ်က အနည်းငယ် ပုနေခဲ့ပြီး ထိပ်သီး အတိဒုက္ခဖြတ်ကျော်ခြင်း နယ်ပယ်အဆင့်မှာသာ ရှိကြောင်း သူမ မှတ်မိသည်။

သို့သော် ဤလိပ်က ပိုပြီးလည်း ကြီးလာသလို ပိုပြီးလည်း သန်မာလာသည်။ သူ့ကျင့်ကြံဆင့်ကလည်း ဧရာမစွမ်းပကားရှင် နတ်ဆိုးနှင့် နှိုင်းယှဉ်လို့ ရနိုင်သည်။

တစ်နှစ်အတွင်းမှာ ဒီလောက်ထိ ပြောင်းလဲသွားတာတဲ့လား။ ဒါက လုံးဝ မဖြစ်နိုင်ဘူး

ခုံမုန့် လုံးဝ ကြောင်အသွားရသည်။

ရှန်ထျန်းက လိပ်ဖြူ၏ နဖူးကို ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်

“ ညီအစ်ကိုလိပ်… ကျွန်တော်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ သူတော်စင် ရှန်ထျန်းပါ။ ညီအစ်ကို ကျင့်ကြံရေးမှာ အရမ်းအောင်မြင်တဲ့သူ ဖြစ်ပြီးတော့ တောက်ပတဲ့ အနာဂတ်လည်း ရှိတယ်ဆိုတာကို ပြောနိုင်တယ်။ ကျွန်တော်တို့ မိတ်ဆွေတွေ ဖြစ်နိုင်မယ်လို့ ထင်လား”

အောင်မြင်တဲ့သူ…

တောက်ပတဲ့ အနာဂတ်…

သူနဲ့ မိတ်ဆွေလုပ်ချင်လားတဲ့…

အားလုံးက ရုပ်ဆိုးသော လိပ်ကိုကြည့်ကာ ပြောစရာစကားများ ပျောက်ရှသွားသည်။

သူတော်စင်က ပုံရိပ်ယောင်ကျိန်စာမိနေတာလား။ လိပ်မျိုးနွယ်က အဲလိုမျိုး လုပ်နိုင်လို့လား

လိပ်ဖြူက ပီတိဖြစ်ပြီး ပျော်ရွှင်နေသည်။

သူက သူ၏ အဖြူရောင် မုတ်ဆိတ်မွေးကို သပ်ကာ ဆန်းကြယ်စွာ ပြောလိုက်သည်

“ ညီအစ်ကိုလိပ်တဲ့လား။ လူငယ်လေး မင်း ဘယ်သူ့ကို စကားပြောနေမှန်း မသိသေးဘူးထင်တယ်။ သေချာပြောရရင် မင်းရဲ့ ဆရာတောင် ငါ့ကို အဖိုးလို့ ခေါ်ရမယ်ထင်တယ်”

ရှန်ထျန်း၏ နှုတ်ခမ်းတို့ တွန့်ချိုးသွားသည်။

ဒီလိပ်လေးက တကယ်ကို အရှက်မရှိတာပဲ။

ရှန်ထျန်း အနည်းငယ် ပြောင်းလဲသွားသည်ကိုကြည့်ပြီး လိပ်က ထပ်ပြောလိုက်သည်

“ ရပါတယ်။ ငါ ဘယ်သူလဲဆိုတာ မင်းကို ပြောပြမယ်။ မင်း ရွှေအလင်း နတ်ဧကရာဇ်တစ်ပိုင်းဆိုတာကို သိလား”

ဖန်ချန်းက တစ်စုံတစ်ခုကို ပြန်လည် စဉ်းစားမိကာ ပြောလိုက်သည်

“ ကျွန်တော်တို့ မျိုးနွယ်ရဲ့ နောက်ဆုံး နတ်ဧကရာဇ်တစ်ပိုင်းပဲ။ ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲမှာ ရွှေအလင်းဆိုပြီးတော့ သိကြတဲ့သူမလား”

လိပ်ဖြူက ကျေနပ်စွာ ခေါင်းညိတ်ပြရင်း ပြောလိုက်သည်

“ အဟုတ်ပဲ… ငါက ပိုင်တိပဲ။ မင်းတို့ရဲ့ ရွှေအလင်းနတ်ဧကရာဇ်တစ်ပိုင်းကို… ငါက ပျိုးထောင်ပေးခဲ့တာ”

All Chapters