အမြန်ဆုံးလိပ်
Vol. 25 Ch. 368
အခန်း (၃၆၈) : အမြန်ဆုံးလိပ်
ဒီလိပ်ဖြူက ရွှေအလင်း နတ်ဧကရာဇ်တစ်ပိုင်းကို ပျိုးထောင်ခဲ့တာတဲ့လား
အားလုံး ဆွံ့အသွားကြသည်။
နောက်ဆုံး နတ်ဧကရာဇ်ပေါ်ထွက်လာပြီး နှစ်ပေါင်းတစ်သောင်းအထက် ကြာမြင့်ခဲ့ပြီးပြီဖြစ်သည့်အတွက် နတ်ဧကရာဇ်တစ်ပိုင်းကလည်း ရှားပါးသည်။
ရွှေအလင်းနတ်ဧကရာဇ်တစ်ပိုင်းကို နတ်ဧကရာဇ်တစ်ပိုင်းအားလုံးထဲတွင် ထိပ်သီးတစ်ယောက်ဟု သတ်မှတ်ထားပြီး နတ်ဧကရာဇ်တစ်ပါးဖြစ်လာဖို့ အခွင့်အရေးရှိသည်ဟုပင် ပြောနေကြသည်။
လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းတုန်းက ရှေးဟောင်းတိုက်ပွဲတွင် ရွှေအလင်း နတ်ဧကရာဇ်တစ်ပိုင်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှ ပညာရပ်များကို စုပေါင်းကာ လျှပ်စစ်အရိပ်ခြေလှမ်းဟု ခေါ်သည့် ထူးခြားသော တိုက်ကွက်တစ်ခုကို ပြုလုပ်ခဲ့သည်။
သူ၏ ဓာတ်နှော နတ်မိုးကြိုးခန္ဓာတည်ဆောက်ပုံနှင့် မိုးကြိုးဓားကို အသုံးပြုပါက ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်ပြီးနောက် ပြိုင်ဘက်က အသတ်ခံရမည် ဖြစ်သည်။
ရွှေအလင်း နတ်ဧကရာဇ်တစ်ပိုင်း၏ နာမည်ကို ကြားပြီးသွားပါက အပြင်ဘက်ရှိ မိစ္ဆာများပင် ထွက်ပြေးသွားလိမ့်မည်။
ထိုအချိန်တုန်းက သူသည် အလျင်မြန်ဆုံးသူ တစ်ယောက် ဖြစ်ခဲ့သည်။
သူက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက လေးစားတာကို ခံရတဲ့သူ တစ်ယောက်တဲ့။ ဒီလိပ်ဖြူက မဟုတ်တာတွေ လျှောက်ပြောနေတာလား
ဖန်ချန်းနှင့် ကျန်းယွင်ရှီးက ဒေါသထွက်ပြီး တိုက်ခိုက်ဖို့အတွက် လက်နက်များကို အသင့်ပြင်ထားသည်။
ကျန်းယွင်ထင်ကလည်း လိပ်ဖြူကို မကျေနပ်စွာဖြင့် ကြည့်လိုက်သည်။ သူတို့က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ ကြီးပြင်းလာသည့်အတွက် တစ်ယောက်ယောက်က လှောင်စရာအဖြစ် ပြောတာမျိုးကို လက်မခံနိုင်ပေ။
ဘယ်နေရာကမှန်းမသိတဲ့ လိပ်တစ်ကောင် ရောက်လာပြီးတော့ သူက ငါတို့ရဲ့ ဘိုးဘေးကို ပျိုးထောင်ပေးခဲ့တာလို့ ပြောနေတယ်တဲ့လား။ ဟာသပဲ
ဤလိပ်မှာသာ ထိုကဲ့သို့သော မြင့်သည့် ကျင့်ကြံဆင့် မရှိပါက သူတို့အရင်ဆုံး လှုပ်ရှားလိုက်ပြီဖြစ်သည်။
ရှန်ထျန်းက ပိုင်တိကို စိုက်ကြည့်ကာ စိတ်တည်ငြိမ်စွာ ပြောလိုက်သည်
“ ခင်ဗျားက ကျွန်တော်တို့ရဲ့ ဘိုးဘေးဖြစ်တဲ့ ရွှေအလင်းကို ပျိုးထောင်ပေးခဲ့တာပေါ့ ဟုတ်လား”
ပိုင်တိက ဂုဏ်ယူစွာဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်
“ ဟုတ်တယ်…နိဗာနကို တစ်ခါဖြတ်ကျော်ပြီးတော့ အဲဒီကလေးက ငါ့ကို အိမ်ခေါ်သွားပြီး ပစ္စည်းတချို့ပေးတယ်။
ငါလည်း စိတ်ကျေနပ်တာနဲ့ သူ့ကို လိပ်မျိုးနွယ်ရဲ့ အသက်ရှူပညာရပ်တချို့ကို သင်ပေးလိုက်တယ်။ သူက အရမ်းကို အရည်အချင်းရှိတယ်။
တစ်နှစ်မကုန်ခင်အတွင်းမှာတင် သူက အမြုတေ ဖန်တီးခြင်းပြီးသွားပြီးတော့ သူ့ရဲ့ အုတ်မြစ်ကလည်း အရမ်းကို ခိုင်မာတယ်။ အဲဒါကြောင့် ငါ သူနဲ့ စာချုပ် ချုပ်ဖို့အတွက် သဘောတူခဲ့တာ”
ဖန်ချန်းက ခဏတာ ကြောင်အသွားကာ ပြောလိုက်သည်
“ နေပါဦး… ခင်… ခင်ဗျားက ရွှေအလင်းဘိုးဘေးဘီဘင်ဆီမှာ ရှိခဲ့တဲ့ လေဟာနယ်ရောင်ပြန် စီးတော်သားရဲလား”
အံ့ဖွယ်မိုးကောင်းကင်၏ ရှေးဟောင်းစာအုပ်များထဲတွင် ဂိုဏ်းချုပ်များနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို မှတ်တမ်းတင်ထားသည်။ ရွှေအလင်းဂိုဏ်းချုပ်ကလည်း ခြွင်းချက်မဟုတ်ပေ။
ရွှေအလင်းဂိုဏ်းချုပ်ကို အရှေ့ပိုင်းလွင်ပြင် ရွာတစ်ရွာတွင် မွေးဖွားခဲ့သည်။ သူ့ မိသားစုက အရမ်းဆင်းရဲသော်လည်း သူက ကျင့်ကြံရေးမှာ အရမ်း အရည်အချင်းထူးလှသည်။
သူက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေသို့ အသက် ၁၅ နှစ်တွင် ဝင်ရောက်လာခဲ့ပြီး တစ်ခါမှ အနိုင်ယူခြင်း မခံရဖူးပေ။ သူ အတိဒုက္ခလွန် ဖြတ်ကျော်ခြင်းအဆင့် ရောက်သည်အထိ အရာအားလုံးက အဆင်ပြေချောမွေ့နေခဲ့သည်။
ဂိုဏ်းချုပ် ဖြစ်လာပြီးနောက် အံ့ဖွယ်မိုးကောင်းကင် တော်ဝင်ကျမ်းကို ကြိုးစားကျင့်ကြံကာ ဓာတ်ငါးပါး နတ်မိုးကြိုးခန္ဓာတည်ဆောက်ပုံကို အသက်သွင်းနိုင်ခဲ့ပြီး လျှပ်စစ်အရိပ်ခြေလှမ်းကို ဖန်တီးနိုင်ခဲ့သည်။
သူ့ဘဝက ဒဏ္ဍာရီဆန်လှသည်။
သို့သော် ထိုကဲ့သို့သော ဒဏ္ဍာရီဆန်လှသည့် အကြောင်းအရာထဲတွင် အမည်းစက်တစ်ခု ရှိနေသည်။
အားလုံးက သူ၏ စာချုပ် ချုပ်ဆိုထားသော အိမ်မွေးတိရစ္ဆာန် လေဟာနယ်ရောင်ပြန် လိပ်ကြောင့်ဖြစ်သည်။ သူကတော့ သူ့ကိုယ်သူ “အဖြူရောင် နတ်ဧကရာဇ်”ဟု ခေါ်သည်။
ထိုသူဆီမှာ အရမ်းထူးခြားသော မျိုးရိုးရှိပြီး အာကာပြင်ထဲတွင် ပုန်းနေနိုင်သည်။ တစ်ချိန်တည်းမှာပဲ အရှိန်ကလည်း အင်မတန်မြန်ဆန်ပြီး တခြား အထွတ်အမြတ်မြေအများကြီးကို လိမ်ညာခဲ့သည်။
ဂုဏ်သရေရှိ ထာဝရအရှင်များက သူ့ကို အကြိမ်ပေါင်းများစွာ သတ်ဖြတ်ချင်ခဲ့သော်လည်း ရွှေအလင်းဂိုဏ်းချုပ်က သူ့ကို အကြိမ်ပေါင်းများစွာ ကယ်တင်ခဲ့သည်။
အဆုံးသတ်တွင်ရွှေအလင်းဂိုဏ်းချုပ်က မိစ္ဆာဝိညာဉ်ဂိုဏ်းမှ သတ်တာကို ခံလိုက်ရပြီးနောက် လိပ်လည်း ပျောက်ကွယ်သွားရသည်။
ထိုအရာတင် မကသေးပဲ သူက ရွှေအလင်းဂိုဏ်းချုပ်၏ ခန္ဓာကိုယ်ကိုပါ သယ်ဆောင်သွားသည်။ သူက လိပ်ဖြူနှင့် တူသော်လည်း အသက်နှင့် ကျင့်ကြံဆင့်က အတော်လေး ကွာခြားနေသည်။
ဖန်ချန်း၏ ရှင်းပြချက်ကို ကြားပြီးနောက် ပိုင်တိလည်း စော်ကားခံလိုက်ရသလို ခံစားရသည်။
သူက မြေပြင်ပေါ် ခြေဆောင့်ကာ အော်လိုက်သည်
“စီးတော်သားရဲတဲ့လား။ အဓိပ္ပာယ်မရှိတာပဲ။ ငါက အဲဒီကလေးရဲ့ ဆရာပဲ”
ထို့နောက် သူက လိပ်ခွံထဲမှ တစ်ခုခုကို ထုတ်ယူလိုက်သည်။ ထိုအရာက ပေရွက်လိပ်တစ်ခု ဖြစ်၏။
ပိုင်တိက ပေရွက်လိပ်ကို ဖွင့်ကာ မိုးကြိုးများဖြင့် လွှမ်းခြုံနေသော လူငယ်တစ်ယောက်၏ ပန်းချီကို ထုတ်ဖော်ပြသလိုက်သည်။
သူ့ဓားတွင် သွေးများရွှဲနေပြီး ဘေးပတ်လည်တွင်လည်း အလောင်းကောင်များစွာ ရှိနေသည်။ ထိုပန်းချီက လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက တိုက်ပွဲတစ်ခု၏ ပုံရိပ် ဖြစ်သည်။
ထိုသူက အရမ်းသန်မာပုံပေါ်ပြီး သူ့ဓားဖြင့် မကောင်းသောအရာအားလုံးကို သတ်ဖြတ်လိုက်သည်။
သူက မိုးကြိုးနတ်ဘုရားတစ်ပါးအသွင်ကို ဆောင်ပြီး ဘယ်သူမှ သူ့ဓားဆီက မလွတ်မြောက်နိုင်ပေ။
ထိုလူက အရမ်းချောမောသည့်အတွက် များပြားသော သူတော်စင်မများကလည်း သူ့ကို တိတ်တိတ်လေး သဘောကျခဲ့ကြသည်။
သို့သော် လိပ်ဖြူက သူ့ခေါင်းပေါ်တွင် ဦးထုပ်တစ်လုံးကဲ့သို့ ထိုင်နေသည့်အတွက် ထိုချောမောသည့်သူကို ရယ်စရာဖြစ်အောင် လုပ်နေသည်။
ပိုင်တိက ပန်းချီကို ဂုဏ်ယူစွာဖြင့် ညွှန်ပြကာ ပြောလိုက်သည်
“ တွေ့လား ဘယ်သူက စီးနေလဲဆိုတာ။ ရွှေအလင်းက ငါ့ကို အမှုထမ်းတဲ့ ကလေးလေး တစ်ယောက်သက်သက်ပဲ။ သူက စွမ်းအားကြီးပေမဲ့လည်း ငါက သူ့ပေါ်မှာ လိုက်ပြီး တက်စီးလို့ ရသေးတယ်။ မင်းတို့လည်း သူ့ဆီကနေ သင်ယူသင့်တယ်”
ကျန်းယွင်ရှီးက အေးစက်စွာ ပြောလိုက်သည်
“ဒီပန်းချီက ဘာကိုမှ သက်သေ ပြမပေးနိုင်ဘူးလေ။ ရှင်က တကယ်ပဲ အဲဒီလိပ် ဟုတ်တယ်ဆိုရင်တောင် ကျွန်မတို့ကို လာပြီးတော့ ထိန်းချုပ်နေလို့မရဘူး။ ရွှေအလင်းဂိုဏ်းချုပ်၏ ခန္ဓာကိုယ်ကို အရင်ဆုံး ပြန်ပေးရမှာ”
သေဆုံးသွားသော ဂိုဏ်းချုပ်များအားလုံးကို အံ့ဖွယ်မိုးကောင်းကင် ဂူဗိမာန်ထဲတွင် မြှုပ်နှံထားသည်။
ထိုခေတ်တုန်းကလူအများက ထိုလိပ်က သူတို့၏ ဂိုဏ်းချုပ်နှင့် အရမ်းရင်းနှီးသည်ကို သတိမထားမိခဲ့ပါက ရွှေအလင်းဂိုဏ်းချုပ်၏ ခန္ဓာကိုယ်ကို ယူဆောင်သွားခွင့်ပေးခဲ့မည် မဟုတ်ပေ။
သို့သော် ကျန်းယွင်ရှီးတို့က ထိုကဲ့သို့သော ဆက်နွယ်မှုမျိုးကို နားမလည်နိုင်သေးပေ။
သူတို့အတွက်တော့ စီးတော်သားရဲက သူတို့ဘိုးဘေးဘီလင်၏ ရုပ်အလောင်းကို ခိုးယူသွားခြင်းက ခွင့်လွှတ်နိုင်ဖွယ်ရာ မရှိပေ။
ပိုင်တိက ကျန်းယွင်ရှီးကို စိုက်ကြည့်ကာ ပြောလိုက်သည်
“ မင်းတို့ ငါ့ကို မယုံလည်း ဘာမှမဖြစ်ဘူး။ မင်းက ငယ်ရွယ်ပေမဲ့ လေးစားမှုမရှိဘူး။ အားနည်းပေမဲ့ ဂုဏ်မောက်တယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းတုန်းက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်မကလည်း ငါ့ကို အဲလိုမျိုး ပြောခဲ့တာပဲ။ ဒါပေမဲ့ ငါက သူမကို ရိုက်နှက်ဖို့ ရွှေအလင်းကို တောင်းဆိုလိုက်တော့ နောက်ပိုင်းကျ သူမ ယဉ်ကျေးသွားတယ်”
ထို့နောက် သူက ရှန်ထျန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်
“ မင်း ငါ့ရဲ့ အစေခံ ဖြစ်လာချင်လား။ မင်းက အရမ်းကို အရည်အချင်းရှိတယ်လို့ ငါ မြင်တယ်။ မင်းသာ ဒီအမျိုးသမီးရဲ့ ဖင်ကို ပိတ်ကန်ပေးမယ်ဆိုရင် မင်းကို တကယ်ကောင်းမွန်တဲ့ ပညာရပ်တချို့ကို သင်ပေးမယ်လေ။
မင်းက လျှပ်စစ်အရိပ်ခြေလှမ်းကို သတိထားမိတယ်မဟုတ်လား။ အဲဒီပညာရပ်ကို ရွှေအလင်းက ကိုယ်တိုင် လုပ်ခဲ့တာလို့ ထင်လား။ အဲဒါကို ငါ သင်ပေးခဲ့တာ။ မင်းသာ ငါ့ရဲ့ အစေခံ ဖြစ်လာချင်တယ်ဆိုရင် မင်းကိုလည်း သင်ပေးလို့ရပါတယ်”
ပိုင်တိက ထိုအကြောင်းများကို အရမ်းဂုဏ်ယူစွာ ပြောနေသည်။ ပညာမတတ်သူများကတော့ သူပြောတာကို သေချာပေါက် ယုံချင်ယုံကြလိမ့်မည်။
ကျန်းယွင်ရှီးကတော့ သတ်ဖြတ်ချင်စိတ်တို့ဖြင့် ပြည့်နှက်နေသည်။ သူမက ရွှေဇာမဏီဓားကို ကိုင်မြှောက်ကာ ရှေ့သို့ တိုးလာသည်။
ချွင်…
ဓား၏ အသံက စင်္ကြန်လမ်းတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
ထိုအရာက ကျန်းယွင်ရှီး၏ စွမ်းအားပြင်းသော တိုက်ကွက်တစ်ခု ဖြစ်သည်။
ထိုစွမ်းအားက တက်သစ်စ ကနဦးဝိညာဉ် ကျင့်ကြံသူတစ်ယောက်၏ ခွန်အားနှင့် နည်းနည်းလေးမှ မနီးစပ်ဘဲ ထိပ်သီး အထွတ်အထိပ်ရှင်တစ်ယောက်၏ စွမ်းအားနှင့် ပိုပြီးတူညီသည်။
ခွန်ယု၏ မျက်နှာထားက အရမ်းတည်သွားပြီး ကိုယ့်ကိုယ်ကို စိတ်ထဲမှ ရေရွတ်လိုက်သည်။
သူမက တကယ်ကို သန်မာတာပဲ။ ငါ နိဗာနနယ်ပယ်အဆင့်ကို ရောက်ခဲ့တုန်းကတောင် သူမလောက် မသန်မာခဲ့ဘူး
ချီရှောက်ရွှမ်၏ အကြည့်တို့တွင်လည်း အံ့ဩမှုတို့ဖြင့် ပြည့်နှက်သွားသည်။
သူ ဝန်မခံချင်သော်လည်း ကျန်းယွင်ရှီးက ၁၀ ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့်ကို အောင်မြင်စွာ ရောက်ရှိပြီးနောက် သူ့ကို ဖိအားများစွာ ပေးခဲ့သည်ကတော့ အမှန်ပင် ဖြစ်၏။
သူသာ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းကို စွန့်စားခရီးသွားပြီးနောက် ဒီထက်ပိုပြီး မသန်မာလာခဲ့ပါက သူမကို အနိုင်ယူနိုင်မလားဆိုတာ မသေချာပေ။
တခြားအရာများကို ဘေးထားပြီး ကျန်းယွင်ရှီး၏ ခွန်အားတစ်ခုထဲကပင် ကနဦးဝိညာဉ်အဆင့်ထက် ကျော်လွန်နေသည်။ တချို့အားနည်းသော ကောင်းကင်အသျှင်များက သူမကို အနိုင်ယူနိုင်မည်မဟုတ်ပေ။
“ အမလေး… မင်းက တော်လှချည်လား”
တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်အခါ ပိုင်တိက လုံးဝ ကြောက်လန့်သွားခြင်း မရှိပေ။
သူ့မျက်နှာတွင် အပြုံးများနှင့် ပြည့်နှက်နေပြီး ပြောလိုက်သည်
“ ကံမကောင်းစွာနဲ့ မင်းရဲ့ ကျင့်ကြံဆင့်က အရမ်းနည်းနေတယ်။ မင်းတို့က အနိုင်ရဖို့အတွက် အရမ်းငယ်နေသေးတယ်”
ပိုင်တိက အဖြူရောင် အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားကာ အားလုံး၏ ရှေ့တွင် ပျောက်သွားသည်။
“ ပါရမီရှင်ငယ်တွေ … မင်းတို့က အရမ်းကို အားနည်းနေသေးတယ်။ မင်းတို့ ဘယ်လိုနှိမ့်ချပြီးတော့ လေးစားရမယ်ဆိုတာကို သင်ယူထားသင့်တယ်။
ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ငါက အရင်တုန်းက ကျင့်ကြံဆင့်ကို ပြန်ရောက်ဖို့အတွက် မင်းတို့ရဲ့ ဝိညာဉ်ကျောက်တုံးတွေ အကုန်လုံးကို ငါ့ဆီပေးလိုက်လို့ ရတယ်။
ငါ နတ်ဧကရာဇ်တစ်ပါး ပြန်ဖြစ်သွားရင် မင်းတို့လည်း ငါ့ဆီကနေ ကုသိုလ်တွေ အများကြီး ရလိမ့်မယ်”
ကျန်းယွင်ရှီးက နှုတ်ခမ်းကို တွန့်ချိုးကာ ပြောလိုက်သည်
“ အိပ်မက် ဆက်မက်လိုက်ဦး”
ချွင်…
သူမက ဓားကို ထပ်မံကိုင်မြှောက်ကာ ထိုအဖြူရောင် အလင်းတန်းနောက်သို့ လိုက်သွားသည်။
လိပ်က ဂုဏ်မောက်သော်လည်း အရမ်းမြန်သည်။ သူမ၏ ဓားကပင် သူ့လောက် မမြန်ပေ။
အောင်းဝူက အဖြူရောင်အလင်းတန်းကြောင့် အံ့အားသင့်သွားကာ မေးလိုက်သည်
“ ဒါက တကယ်ရော လိပ်တစ်ကောင် ဟုတ်ရဲ့လား။ သေစမ်း…ဒါက ငါ မြင်ဖူးတဲ့အထဲမှာ အမြန်ဆုံးလိပ်ပဲ”
“ ငါတို့ သူ့ကို အရင်ဆုံး ဖမ်းလိုက်ရအောင်”
ခွန်မင်နှင့် ခွန်ယုက အချင်းချင်းကြည့်ကာ အရှိန်အဝါကို ထုတ်လိုက်သည့်အခါ ဧရာမခွန်ပုံရိပ်သဏ္ဌာန်နှစ်ခု ထွက်ပေါ်လာသည်။
စင်္ကြန်လမ်းရှိ အာကာပြင်က မယုံကြည်နိုင်စရာကောင်းလောက်အောင် လျင်မြန်စွာ ကြီးထွားလာသည်။ သူတို့က ပိုင်တိကို ဖိနှိပ်ဖို့အတွက် ကြိုးစားနေကြသည်။
“ ငါ့ကို ဖိနှိပ်ချင်နေကြတာလား။ ဒါဆိုရင် ခွန်ပန်အစစ် တစ်ကောင် လာမှရမယ်။ မင်းတို့က အဲလောက်လည်း မတော်ကြပါဘူး”
အဖြူရောင်အလင်းတန်းက အာကာပြင်ထဲတွင် ဆက်တိုက် လင်းလက်နေသည်။
ခွန်မင်နှင့် ခွန်ယုတို့၏ ကျောပေါ်တွင် လိပ်လေးတစ်ကောင်က ဗျာများနေသည်ကို သူတို့ သတိပင် မထားမိကြပေ။
ဤလိပ်ဖြူက တကယ်စွမ်းအားကြီးသည်ဟု ခုံမုန့်တွေးလိုက်မိသည်။
ဒီလိပ်ဖြူက ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲမှာ တွေ့ခဲ့တဲ့ လိပ်ဖြူဆိုရင် ဘာလို့ ဒီလောက်ထိ မြန်မြန်စွမ်းအားကြီးသွားရတာလဲ
သူတို့က လိပ်ဖြူနှင့် ခဏတာ တိုက်ခိုက်ခဲ့ကြသော်လည်း သူတို့က သူနှင့် ပတ်သက်ပြီး ဘာမှမလုပ်နိုင်ပေ။
သူ့ ကျင့်ကြံဆင့်က အရမ်းမြင့်တယ် မဟုတ်ရင် ခွန်ပန်ပညာရပ်တွေက သူ့အပေါ်မှာ အကျိုးမသက်ရောက်စရာ အကြောင်းမရှိဘူး
ဒီလိပ်က ပါရမီရှင်တွေကို အရှက်ရအောင် လုပ်နေတာပဲ
နောက်ဆုံးမှာတော့ ရှန်ထျန်းက ဝင်ပြောလိုက်သည်
“ စီနီယာ စနောက်မနေပါနဲ့တော့။ ကျွန်တော်တို့ စကားသေချာပြောရအောင်”
ပိုင်တိက အာကာပြင်ထဲတွင် ရယ်မောနေရင်း ပြောလိုက်သည်
“ မင်း ငါ့ကို ဖမ်းနိုင်ရင် ဖမ်းလိုက်လေ။ မင်းသာ ငါ့ကို ဖမ်းနိုင်မယ်ဆိုရင် မင်း ပြောတာကို နားထောင်ပေးမယ်”
အဖြူရောင်အလင်းတန်းက လျှောက်သွားနေတာကို ကြည့်ပြီး ရှန်ထျန်းက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်
“ ကောင်းပြီလေ … ကျွန်တော်လာပြီနော် စီနီယာ”
ရှန်ထျန်းက ပင်လယ်အံ့ဖွယ်တူကို ထုတ်ယူလိုက်သည့်အခါ သူ့ဘေးပတ်လည်တွင် မိုးကြိုးများ လင်းလက်သွားသည်။