ဆရာနှင့် ဆရာဦးလေးတို့၏ ကြမ်းတမ်းသော အတိတ်
Vol. 25 Ch. 371
အခန်း (၃၇၁) : ဆရာနှင့် ဆရာဦးလေးတို့၏ ကြမ်းတမ်းသော အတိတ်
လူတစ်ယောက်၏ စစ်မှန်သော တန်ဖိုးကို နှိုင်းယှဉ်ခြင်းဖြင့်သာ ဆုံးဖြတ်နိုင်သည်။
ပိုင်တိက အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ဖက်တီးနှင့် တွေ့ဆုံခဲ့ပြီး ယနေ့ ရှန်ထျန်းနှင့် တိုက်ခိုက်ခဲ့ရသည်။
အကိုက်ခံရပြီးနောက် သူ့ကို ကျိန်စာတိုက်ပြီး ထွက်ပြေးသည့် ဝတုတ်တုတ် တာအိုကိုယ်တော်နှင့် ယှဉ်လိုက်ပါက ရှန်ထျန်း၏ သဘောထားကြီးသော အပြုအမူက သဘောကျစရာ ကောင်းလှသည်။
သူ့ခေါင်းပေါ်ရှိ နာကျင်မှုက ဖြည်းဖြည်းချင်း လျော့နည်းသွားသလို ခံစားလိုက်ရသည်။
အခု အရိုက်ခံထားရတာနဲ့ ပတ်သက်ပြီးတော့ အဲလောက်ကြီး ဆိုးဆိုးရွားရွား မခံစားရတော့ဘူး
သူက ရှန်ထျန်းကို ကျေနပ်စွာဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်
“ လိမ္မာတဲ့ ကောင်လေး။ ရွှေအလင်းဆီမှာ မင်းလို တပည့်မျိုးဆက်ရှိတာ တကယ်ကို ကံကောင်းတာပဲ။ အနာဂတ်မှာ မင်းသာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို အုပ်ချုပ်မယ်ဆိုရင် အသစ်သစ်သော ဂုဏ်ကျက်သရေကို ယူဆောင်လာပေးမှာ သေချာတယ်။ အဲဒီကလေးက ကောင်းကင်ဘုံကနေ ကြည့်နေမယ်ဆိုရင် သူ အရမ်းကျေနပ်မှာပါ”
ပိုင်တိက တစ်စုံတစ်ခုကို စဉ်းစားမိသွားပုံရပြီး ပြောလိုက်သည်
“ ရွှေအလင်းနဲ့ငါက ဒီလျှပ်စစ်အရိပ်ခြေလှမ်းကို ဖန်တီးခဲ့တာ။ အဲဒါက ကမ္ဘာပေါ်မှာ အမြန်ဆုံးပညာရပ်တွေထဲက တစ်ခုပဲ။
ဒီပညာရပ်ကို အံ့ဖွယ်မိုးကောင်းကင် တပည့်တွေဆီ ငါ့ခွင့်ပြုချက် မပါပဲနဲ့ လက်ဆင့်ကမ်းပေးတာမျိုး မလုပ်ဘူးလို့ ရွှေအလင်းက ငါ့ကို ကတိပေးခဲ့တယ်။ ကြည့်ရတာ သူ ကတိ မချိုးဖောက်ခဲ့ပုံပဲ”
ပိုင်တိက ရွှေအလင်း နတ်ဧကရာဇ်တစ်ပိုင်းအကြောင်း ပြောသည့်အခါ လေသံက ပျော့ပြောင်းနေပုံပေါ်သည်။
သူ၏ မောက်မာသော မျက်နှာတွင် ဝမ်းနည်းမှုတို့ ဖြတ်ပြေးသွားသည့်အတွက် အနည်းငယ် ကို့ရို့ကားရားနိုင်လှသည်။
ပိုင်တိက သက်ပြင်းချရင်း ဆက်ပြောလိုက်သည်
“ ငါတို့ တိုက်ခိုက်နေတုန်း မင်းရဲ့ မြန်နှုန်းကလည်း ငါ့လောက် ကောင်းတာကို သတိထားမိလိုက်တယ်။
ဒါပေမဲ့ မင်းရဲ့ မြန်နှုန်းက ခွန်ပန်တာအိုနဲ့ ငှက်မွေးထာဝရသတ္တုကနေ ဆင်းသက်လာတာ။ အဲဒါက တာဝေးခရီးနဲ့ အာကာပြင်အတွက် ပိုပြီးတော့ သင့်တော်တယ်။ ဒါပေမဲ့ အနီးကပ် ရှောင်တိမ်းဖို့အတွက်တော့ အနည်းငယ် အားနည်းနေတယ်။
ပြဿနာမရှိပါဘူး။ မင်းက ရွှေအလင်းရဲ့ ဆက်ခံသူဆိုတော့လည်း မင်းကို လျှပ်စစ်အရိပ်ခြေလှမ်း ပညာပေးမယ်”
လျှပ်စစ်အရိပ်ခြေလှမ်းကို ရှန်ထျန်းဆီ ပေးမယ်တဲ့လား
ဖန်ချန်း၊ ကျန်းယွင်ထင်နှင့် ကျန်းယွင်ရှီးတို့၏ အကြည့်ထဲတွင် အားကျမှုတို့ ဖြတ်ပြေးသွားသည်။
ဒီလိပ်အိုကြီးက အရမ်းမောက်မာတဲ့ပုံပေါ်လို့ စိတ်အနှောင့်အယှက်ဖြစ်ရပေမဲ့ ပိုင်တိဆီမှာလည်း အံ့အားသင့်စရာ တိုက်ကွက်မျိုးကို ပိုင်ဆိုင်ထားတယ်ဆိုတာကိုတော့ သူတို့ ဝန်ခံရလိမ့်မယ်။ သူ့ရဲ့ မြန်နှုန်းကတော့ တကယ်ကို မယုံကြည်နိုင်စရာပဲ
စောနက တိုက်ပွဲမှာတုန်းက ပိုင်တိရဲ့ ကျင့်ကြံဆင့်က ကောင်းကင်အသျှင် ထိပ်သီးအဆင့် ကျင့်ကြံသူပဲဖြစ်သေးပြီးတော့ ဝိဇ္ဇာအဆင့်ကို မရောက်သေးဘူးဆိုတာကို အားလုံး ခံစားမိတယ်
အဲလိုဆိုရင်တောင် သူ့ရဲ့ မြန်နှုန်းနဲ့ တာတိုတိုက်ခိုက်မှု စွမ်းရည်က ဝိဇ္ဇာတစ်ယောက်နဲ့တောင် နှိုင်းယှဉ်လို့ရနေပြီ
ဒါက လျှပ်စစ်အရိပ်ခြေလှမ်းရဲ့ ဆန်းကြယ်တဲ့ ပညာရပ်ပဲ
သူတို့က လျှပ်စစ်အရိပ်ခြေလှမ်းနှင့် ပတ်သက်ပြီး အကျယ်တဝန်းရှင်းပြခြင်းကို ရှေးဟောင်းမှတ်တမ်းများထဲတွင်သာ တွေ့ဖူးသည့်အတွက် သူတို့ ယခင်က ထိုအကြောင်းကို အများကြီး မစဉ်းစားဖူးကြပေ။
သို့သော် ယနေ့တော့ ဘယ်လိုအရာမျိုးကို “ ကမ္ဘာ့အမြန်ဆုံး အလျင်” ဟုခေါ်ဆိုကြောင်းကို မျက်မြင်ကြုံတွေ့လိုက်ရပြီဖြစ်သည်။ မိုးကြိုးအခြေခံပြီး ကျင့်ကြံသူများ သင်ယူနိုင်သည့် အဖိုးတန်ဆုံးသော ပညာရပ်တစ်ခုထဲတွင် အပါအဝင် ဖြစ်သည်။ သူတို့သာ ဤပညာရပ်ကို သင်ယူနိုင်ပါက သူတို့၏ တိုက်ခိုက်စွမ်းရည် ပြိုင်ဘက်ကင်းအဆင့်နီးပါးအထိ မြင့်တက်သွားမည်ဖြစ်သည်။
ဒါက အရမ်းအဖိုးတန်ပြီးတော့ ပြိုင်ဘက်ကင်း ပညာရပ်တစ်ခုလေ။ သူက ရှန်ထျန်းကို ဒီအတိုင်း ပေးလိုက်တော့မလို့လား
သူက ရှန်ထျန်း အပြင်းအထန် ရိုက်နှက်တာကို ခံထားရပေမဲ့ ဒီပညာရပ်ကို သူ့ဆီ ပေးဖို့ ဆန္ဒရှိတယ်တဲ့လား
ပါရမီရှင်အားလုံးက လိပ်ဖြူနှင့် ရှန်ထျန်းကို စိုက်ကြည့်ရင်း မျက်နှာထားများက ထူးဆန်းနေသည်။
ဒါက ကံကြမ္မာသားတော်အစစ်ဖြစ်ရတဲ့ ခံစားချက်မျိုးလား
သူက အဲဒီလူကို ခေါင်းတစ်ခုလုံး ဖူးယောင်လာတဲ့အထိ ရိုက်နှက်ခဲ့တာတောင် အဲဒီလူက သူ့ကို ပြိုင်ဘက်ကင်း ပညာရပ် ပေးဖို့အတွက် အရမ်းကို စိတ်အားထက်သန်နေသေးတယ်
ဒါက ဇာတ်ဆောင်တစ်ယောက်ရဲ့ ဘဝမှာ ကောင်းကင်ဘုံက ကောင်းချီးပေးတဲ့ပုံစံပေါ့။ အရမ်းအားကျတာပဲ
သို့သော် အားကျနေလို့ အသုံးမဝင်ပေ။ ဤလိပ်ဖြူက ညှိနှိုင်းဖို့ လွယ်ကူသောသူ မဟုတ်ပေ။
ရှန်ထျန်းက သူ့ကိုယ်ပိုင် အစွမ်းအစဖြင့် ပိုင်တိကို အနိုင်ရခဲ့ပြီး သူ့ ဂုဏ်သိက္ခာကို အဖတ်ဆယ်နိုင်ဖို့အတွက်ပင် သဘောထားကြီးပေးခဲ့သေးသည်။
ထို့ကြောင့် ပိုင်တိက ရှန်ထျန်းကို အထင်ကြီးသွားကာ လျှပ်စစ်အရိပ်ခြေလှမ်းကို လက်ဆင့်ကမ်းပေးဖို့ ဆန္ဒရှိခြင်း ဖြစ်လိမ့်မည်။
တခြားတစ်ယောက်သာဆိုရင် သူတို့ကို ပိုင်တိကပဲ အနိုင်ယူသွားမှာ။ ဒါဆို သူ့တို့ဆီ အဲဒီပညာရပ်ကို ပေးလာဖို့အတွက် မျှော်လင့်နေလို့ မရတော့ဘူး
အဲဒါက သူ့ရဲ့ လျှို့ဝှက်ပင်မ ပညာရပ်လည်းဖြစ်တယ်ဆိုတော့ လူတိုင်းကို လက်လွတ်စပယ် ပေးစရာအကြောင်းတော့ မရှိဘူး
“ ငါက သန္ဓေပြောင်း အံ့ဖွယ်သားရဲဖြစ်တဲ့ လေဟာနယ်မိုးကြိုး လိပ်ပဲ။ ငါ့ရဲ့ ပညာရပ်တွေက အာကာပြင်နဲ့ လျှပ်စီးကြောင်းတွေအပေါ်မှာ အခြေခံထားတာ။
ဒီလျှပ်စစ်အရိပ်ခြေလှမ်းက ရွှေအလင်းရဲ့ အံ့ဖွယ်မိုးကောင်းကင် တော်ဝင်ကျမ်းနဲ့ ငါ့ရဲ့ ကိုယ်ပိုင် လျှပ်စစ်ပညာရပ်တွေရဲ့ အဓိကပုံစံတွေကို ပေါင်းစပ်ပြီးတော့ ပြီးပြည့်စုံတဲ့ ပြိုင်ဘက်ကင်းပညာရပ်ကို ဖန်တီးနိုင်ခဲ့တာ။
ငါ့ရဲ့ အစောပိုင်း လေ့လာမှုတွေအရ မင်းက အံ့ဖွယ်မိုးကောင်းကင် တော်ဝင်ကျမ်းကို ပြီးဆုံးတဲ့အထိ ကျင့်ကြံပြီးတော့ ဓာတ်နှောနတ်မိုးကြိုးကို ဖွဲ့စည်းနိုင်ခဲ့ပြီပဲ။ ဒါက တကယ်ကို ချီးကျူးထိုက်တယ်။
မင်းရဲ့ လက်ရှိ အုတ်မြစ်ရယ် မင်းရဲ့ ကောင်းမွန်တဲ့ နားလည်နိုင်စွမ်းတွေကို ပေါင်းစပ်လိုက်ရင် မင်းအနေနဲ့ သုံးနှစ်ကနေ ငါးနှစ်ဆိုတဲ့ အချိန်အတွင်း လျှပ်စစ်အရိပ်ခြေလှမ်းကို သင်ယူဖို့ မခက်ခဲလောက်ပါဘူး”
ပိုင်တိက လက်နောက်ပစ်ကာ စီနီယာတစ်ယောက် ပုံစံဖမ်းလိုက်ပြီး ပြောလိုက်သည်
“ ဒါဆိုရင် မင်းရဲ့မြန်နှုန်းက အလျင်အမြန် တိုးတက်လာလိမ့်မယ်”
ပိုင်တိက သူ၏ နတ်ဘုရားအသိစိတ်ကို အသုံးပြုကာ လျှပ်စစ်အရိပ်ခြေလှမ်းကို ရှန်ထျန်းဆီ လွှဲပြောင်းပေးလိုက်သည်။
သူ အရာအားလုံးကို လွှဲပြောင်းပေးပြီးနောက် တင်းတိမ်ရောင့်ရဲ့စွာဖြင့် ပြောလိုက်သည်
“ ဘယ်လိုလဲ။ တကယ်ကို အံ့ဩသွားစေတယ်မလား။ ငါက ဒါကို ဘယ်သူ့ကိုမဆို လက်ဆင့်ကမ်းပေးတာမျိုး မဟုတ်ဘူးနော်။
ကောင်းကောင်း သင်ယူနော်။ မင်း အဲဒီပညာရပ်ရဲ့ ၈၀ ရာခိုင်နှုန်းကို နားလည်ပြီးတော့ မင်းရဲ့ အတွင်းပိုင်း ဓာတ်နှောနတ်မိုးကြိုးနဲ့ ပေါင်းစပ်လိုက်ရင် ခွန်ပန်တာအိုရဲ့ မြန်နှုန်းလောက်ကောင်းတဲ့ မြန်နှုန်းတစ်ခုကို အသက်သွင်းဖို့ လုံလောက်တယ်။
ပြီးတော့ ဒီပညာရပ်ရဲ့ အများစုကို သင်ယူပြီးလို့ မင်းရဲ့ ငှက်မွေးထာဝရသတ္တုနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် နယ်မြေငါးခုလုံးမှာ မင်းရဲ့မြန်နှုန်းကို ဘယ်သူမှ လိုက်လို့မှီမှာ မဟုတ်ဘူး။
ဒီလျှပ်စစ်အရိပ်ခြေလှမ်းက အရမ်းရှုပ်ထွေးပြီးတော့ သိမ်မွေ့နက်နဲတယ်။ အားလုံးကို အရမ်းမြန်မြန် နားလည်နိုင်မှာတော့ မဟုတ်ဘူး။
ဒါပေမဲ့ အရမ်းစိုးရိမ်ဖို့တော့ မလိုဘူး။ မင်း ကြိုးစားပြီးတော့ ကံကောင်းမှုနဲ့ပါ ပေါင်းစပ်လိုက်မယ်ဆိုရင် နှစ်ဝက်လောက်အတွင်း တိုးတက်မှုရှိ….”
ပိုင်တိက စကားပြောနေရင်း အံ့ဩမှင်သက်သွားသည်။
ရှန်ထျန်း တစ်ကိုယ်လုံး ရွှေရောင်မိုးကြိုးများဖြင့် တောက်ပနေပြီး မိုးကြိုးကလည်း သူ့ကို လွှမ်းခြုံထားသည်ကို သူ သတိထားမိသည်။
ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို ပိုင်တိ ခံစားနေမိသည်။ သူ့ ခန္ဓာကိုယ်ထဲတွင် မိုးကြိုးနှင့် အာကာပြင်တို့ ပေါင်းစပ်သွားကြသည်။
ကြီးမြတ်သော ပညာရပ်များ အားလုံးထဲတွင် မိုးကြိုးပညာရပ်များက မြန်နှုန်းနှင့် ပတ်သက်လျှင် ပိုပြီး အားသာသည်။
ထိုကဲ့သို့ လွန်ကဲသော အရှိန်ကို ထုတ်နိုင်ဖို့အတွက် လျှပ်စစ်အရိပ်ခြေလှမ်းက ကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲတွင် မိုးကြိုးတစ်ဝက်၊ အာကာပြင်တစ်ဝက်အဖြစ် အသွင်ပြောင်းသွားရမည်။
ဤပညာရပ်၏ အခက်ခဲဆုံးအပိုင်းက ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို မိုးကြိုးတစ်ဝက်၊ အာကာပြင်တစ်ဝက်ဖြစ်အောင် ဘယ်လို အသွင်ပြောင်းရမလဲဆိုသည့် ပထမအဆင့်ပင် ဖြစ်သည်။
အသွေးအသားကို မိုးကြိုးနှင့် အာကာပြင်တို့ဖြင့် ပေါင်းစပ်ခြင်းက လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပေ။
ရွှေအလင်း နတ်ဧကရာဇ်တစ်ပိုင်းပင် ဤပညာရပ်ကို ကျင့်ကြံစည်က အားအင်တွေအများကြီး စိုက်ထုတ်ခဲ့ရသည်။ နှစ်ပေါင်းရာချီကြာပြီးမှသာ ပြီးပြည့်စုံစွာ ကျင့်ကြံနိုင်ခဲ့သည်။
ရှန်ထျန်း၏ ခန္ဓာကိုယ်က စတင်ပြောင်းလဲနေပြီဆိုတာကို ပိုင်တိ သေချာ အရှင်းအလင်း ခံစားမိနေပြီ ဖြစ်သည်။
ပြောင်းလဲနှုန်းအရ ရှန်ထျန်း မကြာခင်မှာပဲ လျှပ်စစ်အရိပ်ခြေလှမ်း၏ ပထမအဆင့်ကို လုံးဝ နားလည်နိုင်တော့မည် ဖြစ်သည်။
အဲဒါကို လုပ်နိုင်သွားပြီဆိုရင်တော့ ပညာရပ်တစ်ခုလုံးကို နားလည်သွားဖို့က အနှေးနဲ့အမြန်ပဲ
ဒါ…ဒါက… အရမ်းမြန်လွန်းတယ်
ပိုင်တိ နှုတ်ခမ်းတို့ တွန့်ချိုးသွားသည်။ ရှန်ထျန်းကို မြန်ရုံသာမြန်သည်ဟု ထင်ခဲ့ပြီး ထိုကဲ့သို့သော ကောင်းမွန်သည့် နားလည်နိုင်စွမ်းမျိုး ပိုင်ဆိုင်ထားသည်ဆိုတာကိုတော့ မသိခဲ့ပေ။
ဒါ လုံးဝ မယုံကြည်နိုင်စရာပဲ
နယ်မြေငါးခုတွင် အမြန်ဆုံးသူ တစ်ယောက် ဖြစ်ချင်ပါက နယ်ပယ်အားလုံးတွင် မြန်ဆန်နေဖို့ လိုအပ်တယ်
“ စီနီယာ ပြောတာ မှန်တယ်။ လျှပ်စစ်အရိပ်ခြေလှမ်း တကယ်ကို ကောင်းမွန်တဲ့ အလျင်ပညာရပ်ပဲ။ အလျင်တစ်ခုထဲကို ကြည့်လိုက်မယ်ဆိုရင် ခွန်ပန်တာအိုရဲ့ အထက်ကိုတောင် ရောက်နေသေးတယ်”
ရှန်ထျန်း၏ အကြည့်များထဲတွင် ဖျော့တော့သော ငွေရောင် တောက်ပနေပြီး သူ့ ခန္ဓာကိုယ်လည်း တောက်ပနေသည်။
သူက မွေးရာပါ ခန္ဓာတည်ဆောက်ပုံနှင့် မွေးရာပါ ကောင်းကင်တာအိုမျက်လုံးကို အသက်သွင်းကာ လျှပ်စစ်အရိပ်ခြေလှမ်းကို နားလည်နိုင်ဖို့အတွက် အားအင်အကုန်လုံးကို ထုတ်သုံးနေသည်။
အရှင်းဆုံးပြောရလျှင် ဒီပညာရပ်ရဲ့ နာမည်က သူ့ရဲ့ စွမ်းရည်တွေနဲ့ မလိုက်ဖက်ဘူး။ သူ့ နာမည်ပြောင်က ရွှေအလင်းဖြစ်နေလို့ တခြားအရာတွေကို နာမည်ပေးတဲ့အခါ ထူးဆန်းနေတာ ဖြစ်နိုင်တယ်
ဒါပေမဲ့ အလျင်မှာဆိုရင်တော့ ဒီပညာရပ်က တကယ်ကို အံ့အားသင့်ဖွယ်ကောင်းတဲ့ အဆင့်မှာ ရှိတယ်
မိုးကြိုးနှင့် အာကာပြင်ပေါင်းစပ်ထားသော ရှန်ထျန်း၏ ခန္ဓာကိုယ်မျက်နှာပြင်တွင် ထူးခြားသော အက္ခရာစာများ ထွက်ပေါ်လာသည်။
အက္ခရာစာများ ထွက်ပေါ်လာပြီးနောက် ရှန်ထျန်းက အာကာပြင်မိုးကြိုးလုံးအဖြစ် ပြောင်းလဲသွားကာ အားလုံးရှေ့မှ ပျောက်ကွယ်သွားသည်။
ဝှီး…
အံ့ဖွယ်အလင်းတန်းတစ်ခု တောက်ပသွားပြီးနောက် ရှန်ထျန်းက ပေတစ်ရာအကွာအဝေးတွင် ချက်ချင်း ထွက်ပေါ်လာသည်။
အလျင်က အရမ်းမြန်လွန်းသည့်အတွက် နတ်ဆိုးအသျှင်များဖြစ်သည့် ခွန်မင်နှင့် ခွန်ယုပင် အလွန်အမင်း အံ့အားသင့်သွားရသည်။
ဒါက သာမန် လျှပ်စီးကြောင်း လှုပ်ရှားမှု မဟုတ်ဘူး။ လျှပ်စီးကြောင်း ပို့ဆောင်မှုလိုမျိုး ကောင်းမွန်တယ်
မင်း… မင်းက အခုကတည်းက သင်ယူပြီးနေပြီတဲ့လား
ပိုင်တိ၏ ခြေထောက်များပင် ယိမ်းယိုင်ပြီး နောက်သို့ ဆုတ်သွားမိသည်။ သူ မြေပြင်ပေါ် ပက်လက်လှဲရင်း ခြေထောက်များကို အပေါ်ထောင်ထားကာ ဘဝ၏ အဓိပ္ပာယ်ကို စဉ်းစားနေသည်။
ဤလျှို့ဝှက်ပညာရပ်၏ တစ်စိတ်တစ်ပိုင်းက သူ့ဆီမှ အရင်းခံပြီး ဖြစ်တည်လာသည်ဟု ပြောနိုင်သည်။ သူနှင့် ရွှေအလင်းဂိုဏ်းချုပ်ပင် အများကြီး ကြိုးစားပြီးမှ အနည်းငယ်ပဲ တိုးတက်နိုင်ခဲ့သည်။
ဒါပေမဲ့ ရှန်ထျန်းကတော့…
သူ အချိန် ဘယ်လောက်ပဲ ကြာလိုက်လဲ။ တစ်နာရီတောင် မကြာလိုက်ဘူး
သူက လျှပ်စစ်အရိပ်ခြေလှမ်းတစ်ခုလုံးကို အနည်းနှင့် အများ သင်ယူပြီးပြီဖြစ်သည့်အတွက် ယခု သေချာပေါက် အသုံးပြုနိုင်တော့မှာ သေချာသည်။
သူ့ကို နောက်ထပ် အချိန်တစ်နာရီလောက်သာ ပေးလိုက်မယ်ဆိုရင် တကယ်ကို ကျွမ်းကျင်သွားမှာ။ ဒါက ဘယ်လိုမျိုး ထူးခြားဖြစ်စဉ်လဲ
“ မင်း… သတိထားနော်။ အလျင်လိုပြီးတော့ ချီဖောက်ပြန်ပြီးတော့ အဆုံးသတ်မသွားစေနဲ့”
သူက ကိုယ်ကို အတည့်ပြန်လှည့်ကာ ရှန်ထျန်းကို စိတ်ထိခိုက်စွာဖြင့် စိုက်ကြည့်လိုက်သည်။
အရှင်းဆုံးပြောရရင် ဒီလိပ်အိုကြီးတောင် မနာလိုဖြစ်နေပြီ
ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်
“ စီနီယာ စိတ်မပူပါနဲ့။ ကျွန်တော် ဂရုစိုက်ပါ့မယ်။ ဒီပုံစံက ကျွန်တော်ရဲ့ စိတ်ထဲမှာ အသစ်ဖြစ်နေတာကို အခွင့်ကောင်းယူပြီးတော့ ဒီပညာရပ်ကို အသုံးချကြည့်ချင်တယ်။ ကျွန်တော် စွန့်စားခရီးတိုလေး တစ်ခုလောက်သွားပြီးတော့ မကြာခင်မှာပဲ အားလုံးနဲ့တွေ့ဖို့ ပြန်လာခဲ့မယ်နော်”
သူ စကားပြောပြီးနောက် ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
သူ အားလုံးရှေ့မှ ပျောက်ကွယ်သွားသည်။ အရမ်းမြန်သည့်အတွက် ဘာတွေဖြစ်သွားလဲဆိုတာကို ဘယ်သူမှ သေချာမမြင်လိုက်ပေ။
ထိုအခိုက်အတန့်တွင် မိန်းကလေးအားလုံး ကြွေကျသွားကြသည်။
အရမ်းမြန်တယ်
ဒါက စောင့်မျှော်နေတဲ့ အရာတစ်ခုပဲ
အမျိုးသားအားလုံးကတော့ စိတ်ဓာတ်ကျနေကြသည်။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နှင့် သူတို့ကြားတွင် ကွာဟချက်က ထပ်မံ ကြီးမားလာပုံပေါ်သည်။
ရှန်ထျန်းက လျှပ်စီးကြောင်းအဖြစ် အသွင်ပြောင်းကာ လှိုဏ်ခေါင်းတစ်ခုလုံးသို့ သွားလာနေသည်။
အစောပိုင်းက ရွှေကျီးမီးတောက် လှိုဏ်ခေါင်းက ရွှေကျီးနတ်ဧကရာဇ် ဂူဗိမာန်ထဲရှိ သာမန်မြင်ကွင်းတစ်ခု ဖြစ်သည်။
မီတာ တစ်ရာကျော်ရောက်တိုင်း ထိုကဲ့သို့သော တူညီသည့် လှိုဏ်ခေါင်းများကို တွေ့ရသည့်အပြင် တွေ့သည့်အကြိမ်တိုင်း ရွှေကျီးအုပ်၏ တိုက်ခိုက်ခြင်းကို ခံရသည်။
သို့သော် ရှန်ထျန်း၏ လက်ရှိအလျင်ကြောင့် ရွှေကျီးများက သူ့ကို ဆံချည်တစ်မျှင်တောင် မထိနိုင်သေးခင် အားလုံးက သူ၏ တူလက်ချက်ကြောင့် သေကုန်ပြီ ဖြစ်သည်။
ယောက်ျားတစ်ယောက်က မြန်ဖို့လိုတယ်
ကမ္ဘာပေါ်မှာ အနိုင်ယူလို့မရတဲ့ ကျင့်စဉ်ဆိုတာ မရှိဘူး … အမြန်ဆုံးတွေက လွဲလို့ပေါ့
ရှန်ထျန်းက မြန်ဆန်သော အလျင်ကြောင့် ဖြစ်ပေါ်လာသည့် စိတ်လှုပ်ရှားမှုကို ခံစားနေသည်။ ရုတ်တရက် သူ့နားများ လှုပ်လာသည်။
သူ့ရှေ့ရှိ ကျောက်နံရံနောက်မှ အော်သံတစ်ခုကို ကြားနေရပုံပေါ်သည်။ ထိုအရာက လျှို့ဝှက်ခန်းတစ်ခု ဖြစ်ပုံပေါ်သည်။
“ သိချင်စိတ်က အသက်ကို သေစေနိုင်တယ်။ အန္တရာယ်နဲ့ ကြုံတွေ့တဲ့အခါ ဝင်ပါဖို့ မကြိုးစားနဲ့။ ဆန့်ကျင်ဘက်ကိုလှည့်ပြီးတော့ ပြေးသာပြေး”
ရှန်ထျန်းက ခေါင်းညိတ်ပြကာ ထွက်သွားဖို့ ပြင်လိုက်သည်။ သူ စွန့်စားရသည့်အရာမျိုးကို မလုပ်နိုင်ပေ။
ဂျိန်း…
ထိုအခိုက်အတန့်တွင် ကျောက်နံရံထဲရှိ တံခါးတစ်ချပ် ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအရာ ထူးခြားသည့် လျှို့ဝှက်လျှောက်လမ်း တစ်ခု ဖြစ်၏။
ထို့နောက် ပြည့်ဝသော ခန္ဓာကိုယ်ရှိသည့် ပုံရိပ်တစ်ခုက ထိုလျှို့ဝှက်ခန်းထဲမှ ထွက်လာသည်။
ထိုသူက ဝဝတုတ်တုတ် တာအိုကိုယ်တော်ကြီးဖြစ်ပြီး သူ့ ဝတ်ရုံလည်း စုတ်ပြဲပြီး တစ်စစီဖြစ်နေသလို ဆံပင်နှင့် မျက်နှာမှာလည်း ဖုန်မှုန့်များဖြင့် ညစ်ပတ်နေသည့်အတွက် သူ့ကို ကြည့်ရတာ အရမ်းသနားဖို့ ကောင်းလှသည်။
“ သေစမ်း…ဂူဗိမာန်ထဲမှာ ဘာလို့ အဲလိုအရာမျိုး ရှိနေရတာလဲ။ ကံဆိုးလိုက်တာ။
နတ်ဧကရာဇ်ပေါ်ထွက်လာပြီးတော့ အမွေအနှစ်တွေနဲ့ ပြည့်နေပြီး သိပ်ပြီး အန္တရာယ်မများတဲ့နေရာကို ချန်ထားခဲ့တယ်ဆိုပြီးတော့ ဝိညာဉ်သတ္တုရိုင်းတုံးကျမ်းမှာ ပြောခဲ့တယ် မဟုတ်လား။
ရွှေကျီးနတ်ဧကရာဇ် ဂူဗိမာန်ထဲမှာ ဘာလို့ ကြောက်စရာကောင်းတဲ့ အငြိုးကြီးဝိညာဉ် ရှိနေရတာလဲ။ မိုးကြိုးလက်သီး… မိုးကြိုးလက်သီး … မိုးကြိုးလက်သီး … သေစမ်း..။
ငါ့ရဲ့ မိုးကြိုးက အသုံးမဝင်ဘူး။ နောက်ဆုတ်ရမဲ့အချိန်ပဲ”
တာအိုကိုယ်တော် ဖက်တီးက ကြောက်လန့်စွာဖြင့် ထွက်ပြေးရင်း တစ်ချိန်တည်းမှာပဲ မိုးကြိုးဖြင့် တိုက်ခိုက်နေသည်။
ဖက်တီးက ယန်ကောင်းကင်မိုးကြိုးငါးပါးပညာရပ်ကို ထုတ်သုံးနေတာ သေချာသော်လည်း ဘာ အကျိုးသက်ရောက်မှု မရှိပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူ၏ ယန်ကောင်းကင်မိုးကြိုးငါးပါးပညာရပ်က အမဲရောင်ဖြစ်သွားပြီး ညစ်ပတ်သော အရာတစ်ခု၏ စွန်းထင်းခြင်းကို ခံရပုံပေါ်ပြီး စစ်မှန်သော မိုးကြိုးပညာရပ်နှင့် မတူပေ။
ထို ဖက်တီး၏ နောက်တွင် ပြင်းထန်ပြီး ကြောက်စရာကောင်းသော စွမ်းအင်ကို ခံစားလို့ရသည်။ အရာအားလုံးကို မလွှတ်ထုတ်ခင် ထိန်းချုပ်ထားသည့် ထိတ်လန့်စရာကောင်းသည့် တည်ရှိမှုတစ်ခုဖြစ်သည်။
သန့်စင်သောစွမ်းအင်ရှုထောင့်မှ ကြည့်လျှင် ထိုစွမ်းအင်၏ ဖိနှိပ်အားက ဝိဇ္ဇာတစ်ပါးလိုမျိုး ကောင်းမွန်သည်။
အဲဒီဖက်တီးက ဘယ်သူ့ကို စော်ကားခဲ့လို့လဲ
ရှန်ထျန်းက ထိုတာအိုကိုယ်တော် ဖက်တီးကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။ ထို့နောက် သူက လျှပ်စစ်အရိပ်ခြေလှမ်းကို အသုံးပြုကာ ထွက်ပြေးဖို့လည်း ပြင်ဆင်ထားပြီးပြီဖြစ်သည်။
သူက တာအိုကိုယ်တော် ဖက်တီးကို အရည်အချင်း မပြည့်ဝသော အဖိုးကြီးတစ်ယောက်လိုသာ မြင်ထားသည့်အတွက် လုံးဝ မကြောက်ပေ။
အဲဒီ အငြိုးကြီးဝိညာဉ်က သူ့လောက်မြန်မြန် ပြေးနိုင်မှာတော့ မဟုတ်ပါဘူး … တကယ်လို့ ပြေးနိုင်နေရင် ဘယ်လိုလုပ်မလဲ
ရှန်ထျန်းအနေဖြင့် တာအိုကိုယ်တော် ဖက်တီးထက် ပိုပြီးမြန်အောင် ပြေးနိုင်မှ ဖြစ်မည်။
ထို့အပြင် ရှန်ထျန်းက အချိန်မရွေး လေဟာနယ်ထဲသို့ ထွက်ပြေးလို့လည်း ရသည်။ သူက ခွန်ပန်တာအိုနှင့် အံ့ဖွယ်ဝါးမျိုနွယ်ပင်ကို အသုံးပြုကာ လေဟာနယ်ကို ထိန်းချုပ်ပြီး ကိုယ်ပိုင် အရှိန်အဝါကို ထိန်းချုပ်လို့လည်းရသည်။
သူ့ အရှိန်အဝါကို မထုတ်ဖော်သ၍ ဝိဇ္ဇာတစ်ယောက်ပင် ရှန်ထျန်းကို ဖမ်းနိုင်မည် မဟုတ်ပေ။
“ လုံယွမ် နတ်ချပ်ဝတ်တန်ဆာတဲ့လား။ မင်းက ဆရာရဲ့ သူတော်စင်အသစ်တော့ မဟုတ်ပါဘူးနော်။ ငါ့ရဲ့ ဂိုဏ်းတူညီလေးလား”
ရှန်ထျန်း ထွက်သွားမလို့ ပြင်ဆင်နေစဉ် တာအိုကိုယ်တော် ဖက်တီးက ရုတ်တရက်လှည့်လာကာ ရှန်ထျန်းကို ကြည့်ရင်း ဆက်ပြောလိုက်သည်
“ ဂိုဏ်းတူညီလေး ငါက မင်းရဲ့ အစ်ကိုကြီးပါ။ ဆရာရဲ့ ပထမဆုံးတပည့်ပဲ”
အစ်ကိုကြီးတဲ့လား
ရှန်ထျန်းက ထို တာအိုကိုယ်တော် ဖက်တီး၏ စကားများကြောင့် အံ့ဩမှင်သက်သွားရသည်။
ဖန်ချန်းက ငါ့ရဲ့ အစ်ကိုကြီး မဟုတ်ဘူးလား
ဒီဖက်တီးကို ကြည့်ရတာ သနားစရာကောင်းပြီးတော့ ကြည့်လိုက်တာနဲ့ သူက ပိုပြီးတော့ အသက်အများကြီး ပိုကြီးတာပါ
ငါတို့ဂိုဏ်းမှာ ဘယ်တုန်းက အဲလောက်ထိ အသက်ကြီးတဲ့ တပည့် ရှိခဲ့လို့လဲ
သူက ရှန်ထျန်း၏ သံသယဝင်သော မျက်နှာထားကို သတိထားမိပြီး တာအိုကိုယ်တော် ဖက်တီးက အလျင်အမြန် ရှင်းပြလိုက်သည်
“ ဂိုဏ်းတူညီလေး ငါကလည်း အံ့ဖွယ်မိုးကောင်းကင် တပည့်တစ်ယောက်ပဲ။ ငါက အရင် အရင် အရင် အရင် အရင်တုန်းက သူတော်စင်ပဲ
ငါတို့ရဲ့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက နှစ်တစ်ရာကြာတိုင်း သူတော်စင် အသစ်တစ်ယောက် တင်မြှောက်တယ်လေ။ ငါက ဆရာ ဂိုဏ်းချုပ်ဖြစ်လာပြီးတော့ ပထမဆုံး သူတော်စင်က ငါပဲ။ ငါ အမှန်အတိုင်း ပြောနေတာ။
မင်း ငါ့ကို မယုံဘူးဆိုရင် ဒီမှာ ကြည့်လိုက်လေ။ ငါက ယန်ကောင်းကင်မိုးကြိုးငါးပါး ပညာရပ်အမှန်ကို အသုံးပြုနေတယ်လေ။ ငါ့ရဲ့ မိုးကြိုး လက်သီးကိုလည်း ကြည့်လိုက်ဦး။
ဂိုဏ်းတူညီလေး ငါ့ကို ကယ်ပါဦး။ ငါ့နောက်မှာ အရမ်းကြောက်စရာကောင်းတဲ့ အငြိုးကြီးဝိညာဉ် ရှိနေတယ်။ ငါတို့ ပူးပေါင်းရအောင်။
ငါတို့ အသက်ရှင်လျက် လွတ်မြောက်သွားဖို့ တစ်ခုတည်းသော နည်းလမ်းက ငါတို့ ပူးပေါင်းကြဖို့ပဲ”
သူ၏ တည်ရှိမှုကို သက်သေပြဖို့အတွက် တာအိုကိုယ်တော် ဖက်တီးက ရူးကြောင်ကြောင်နိုင်သော အပြုအမူဖြင့် မိုးကြိုးလက်သီးများစွာကို ထုတ်သုံးပြနေသည်။
သို့သော် သူ ပညာရပ်ကို အသုံးချပြလေလေ ရှန်ထျန်းက သူ၏ တည်ရှိမှုကို သံသယဝင်လာလေလေ ဖြစ်သည်။
ဒါက စစ်မှန်တဲ့ ယန်ကောင်းကင်မိုးကြိုးငါးပါး ပညာရပ်ရော ဟုတ်ရဲ့လား
ဆရာက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို အုပ်ချုပ်တုန်းက ဆိုးရွားတဲ့အခြေအနေတွေ ဖြစ်နေတာမလို့ ဒီလူကို သူတော်စင်ဖြစ်လာခွင့် ပေးလိုက်တာများလား
ရှန်ထျန်းက သူ ဘယ်သူဖြစ်ကြောင်းနှင့် ပတ်သက်ပြီး အတော်လေး သံသယဝင်နေမိသည်။
ရှန်ထျန်းက သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်
“ မိတ်ဆွေ… မိတ်ဆွေရဲ့ ယန်ကောင်းကင်မိုးကြိုးငါးပါး ပညာရပ်က မစစ်မှန်ဘူး။ အဲဒါကြောင့် ယုံကြည်ဖို့ အရမ်းခက်ခဲနေတယ်”
တာအိုကိုယ်တော် ဖက်တီး၏ နှုတ်ခမ်းများ တွန့်ချိုးသွားကာ ပြောလိုက်သည်
“ ဒါက… အင်း… စဉ်းစားလိုက်ဦးမယ်… စဉ်းစားလိုက်ဦးမယ်… ။ အော်…ဟုတ်ပြီ…ငါတို့ဆရာအကြောင်း အတင်းပြောတာကို ကြားချင်လား။
ငါတို့ဆရာ၊ ဆရာဒေါ်လေးကြာဖြူနဲ့ ဆရာဦးလေးကြာပြာတို့ ငယ်ငယ်တုန်းကအကြောင်းလေ။ သူက နတ်ဆိုးအသျှင်ချင်းမင်နဲ့ ရဲရဲနီကကြိုး ကောင်းကင်အသျှင်နဲ့ အတူရှိတုန်းက အကြောင်းတွေရောပဲပေါ့။
ငါတို့ အောင်အောင်မြင်မြင်နဲ့ လွတ်မြောက်ပြီးသွားရင် အားလုံး ပြောပြမယ်”
ရှန်ထျန်းက ထွက်ပြေးမလို့ လုပ်နေစဉ် ရပ်တန့်သွားမိသည်။
ဆရာနဲ့ ဆရာဦးလေးတို့ရဲ့ ကြမ်းတမ်းတဲ့ အတိတ်တဲ့လား
ဝိုး…စိတ်ဝင်စားစရာပဲ