← Chapters

ဒီဂူဗိမာန်က အရမ်းဆိုးယုတ်ပြီးတော့ ကံဆိုးစေတယ်

Vol. 25 Ch. 372

ဒီဂူဗိမာန်က အရမ်းဆိုးယုတ်ပြီးတော့ ကံဆိုးစေတယ်

Vol. 25 Ch. 372

အခန်း (၃၇၂) : ဒီဂူဗိမာန်က အရမ်းဆိုးယုတ်ပြီးတော့ ကံဆိုးစေတယ်

ရှန်ထျန်းက တာအိုကိုယ်တော် ဖက်တီး ရှင်းပြတာကို နားထောင်ပြီး သူ့ကို ကယ်တင်ဖို့အတွက် ဆုံးဖြတ်လိုက်သည်။

သူက ဆရာနှင့် ဆရာဦးလေးတို့ အကြောင်းကို စိတ်မဝင်စားသော်လည်း ထိုအချက်အလက်က တာအိုကိုယ်တော်ကြီးက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှ တပည့်တစ်ယောက်ဖြစ်ကြောင်းကို ပြသလိုက်သည်။

သူတော်စင် တစ်ယောက်အနေနဲ့ ငါ့ရဲ့ မိတ်ဆွေ အန္တရာယ်ထဲကျမှာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေနိုင်ဘူး

ရှန်ထျန်းက ရွှေရောင်အလင်းတန်း တစ်ချက်လင်းသွားခိုက်တွင် တာအိုကိုယ်တော် ဖက်တီး ဘေးသို့ ရောက်ရှိသွားသည်။

သူက တာအိုကိုယ်တော်ကြီး၏ လက်ကို ကိုင်ကာ အာကာပြင်ကို ရွှေမိုးကြိုးနှင့် ပေါင်းစပ်ကာ ကိုယ်တော်၏ နောက်သို့ လိုက်နေသော အငြိုးကြီးသရဲဆီမှ ထွက်ပြေးကြသည်။

ဝူး…

ကျယ်လောင်သော အော်သံကြီးတစ်ခု ထွက်ပေါ်လာသည်။

အခန်းတံခါးပွင့်သွားကာ အနက်ရောင် မီးလုံးကြီးတစ်ခုက သူတို့ဆီသို့ ဦးတည်လာနေသည်။

ဂျိန်း…

ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲရှိ နေမီးလျှံအစစ်က အနည်းငယ် တုန်ခါသွားသည်။ မီးတောက်၏ မူလအရင်းအမြစ်က နေမီးလျှံအစစ်နှင့် အတူတူဖြစ်ပြီး စွမ်းရည်အချို့လည်း ပါဝင်နေသည်။

သို့သော် ဂုဏ်ယူထိုက်သော နေမီးလျှံအစစ်နှင့် နှိုင်းယှဉ်လိုက်ပါက ဤအနက်ရောင်မီးတောက်က မကောင်းသော အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။

အငြိုးကြီးဝိညာဉ်အများစုက ထူးခြားမီးတောက်နှင့် မိုးကြိုးကို ကြောက်ကြသည်။

ထိုသို့ ပြောကြသော်လည်း ဤအငြိုးကြီးဝိညာဉ်က နေမီးလျှံအစစ်နှင့်တူသော အရာတစ်ခုကိုပင် ကူးစက်ထားသည့်အတွက် မယုံကြည်နိုင်စရာဖြစ်သည်။

ဒီအနက်ရောင် မီးတောက်က နေမီးလျှံအစစ်နဲ့ လုံးဝ မတူဘူး။ ဒါက မိစ္ဆာမီးတောက်ပဲ

ထိုမီးတောက် အခန်းအပြင်ဘက်သို့ ထွက်လာသည့်အခါ အငြိုးကြီးဝိညာဉ်၏ အရှိန်အဝါက အဆထောင်ပေါင်းများစွာ တိုးမြင့်သွားသည်။

အရမ်းစွမ်းအားကြီးသော မိစ္ဆာ၏ လိုက်ဖမ်းခြင်းကို ခံနေရသည်ဟု ရှန်ထျန်း ခံစားမိသည်။

ဒါက သွေးသတ်ဖြတ်ရေး ဂိုဏ်းသခင် ထက်တောင် ပိုပြီးတော့ သန်မာနေသေးတယ်

“ သေစမ်း… အစ်ကိုကြီး ဘာတွေလုပ်ခဲ့တာလဲ”

ရှန်ထျန်း နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။ သူ၏ ညာဖက်လက်ဖြင့် တစ်စုံတစ်ခုကို ထုတ်ကာ အနောက်ဖက်သို့ ပစ်ထုတ်လိုက်သည်။

ဂျိန်း…

ရိုးရှင်းလွယ်ကူသော အံ့ဖွယ်မိုးကောင်းကင် မိုးကြိုး ကာကွယ်ရေးအစီအရင်တစ်ခု ထွက်ပေါ်လာကာ ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲမှ ရွှေရောင် ဓာတ်နှောမိုးကြိုးထွက်လာပြီး ကာကွယ်ရေးအစီအရင်ကို မြှင့်တင်ပေးကာ အနက်ရောင်မီးတောက်ကို ပိတ်ဆို့ထားလိုက်သည်။

ရှန်ထျန်း၏ ဓာတ်နှောနတ်မိုးကြိုးတွင် ထူးခြားအံ့ဖွယ်ပစ္စည်းငါးခု၏ စွမ်းအားများလည်း ပါဝင်နေသည့်အတွက် သာမန်ဓာတ်နှောနတ်မိုးကြိုးထက် ပိုပြီးသန်မာသည်။

ထိုစွမ်းအားက မိုးကြိုး ကာကွယ်ရေးအစီအရင်နှင့် ပေါင်းစပ်လိုက်သည့်အခါ အရမ်းစွမ်းအားကြီးသော ကောင်းကင်အသျှင်တစ်ယောက်၏ တိုက်ခိုက်မှုနှင့် တူညီသည်။

သို့သော် အနက်ရောင်မီးတောက်က မိုးကြိုးကို လုံးဝမဖြုံဘဲ သူတို့နှစ်ယောက်ဆီသို့သာ ဦးတည်လာနေသည်။

မိုးကြိုးနှင့် အနက်ရောင်မီးတောက်တို့ တိုက်မိကြသည့်အခါ အငြိုးကြီးဝိညာဉ်၏ အစိတ်အပိုင်းတချို့သာ ရှင်းလင်းလို့ရသွားသည်။

ကြီးမားသော မီးတောက်နှင့် နှိုင်းယှဉ်လိုက်လျှင် လျစ်လျူရှုလို့ ရနိုင်သည်။

သိပ်မကြာခင်မှာပဲ မိုးကြိုး ကာကွယ်ရေး အစီအရင်က မီးတောက်ကြောင့် လောင်ကျွမ်းသွားကာ မီးတောက်ပေါ်တွင် တောင်ပံတစ်စုံထွက်ပေါ်လာကာ ယခုပိုမိုပြီး မြန်ဆန်လာသည်။

“ ဂိုဏ်းတူညီလေး ငါ့ကို အချိန်နည်းနည်းပေး။ အချိန်ခဏလေးပဲ လိုအပ်တယ်။ ငါတို့ကို ဒီအခြေအနေကနေ လွတ်မြောက်အောင် ငါ လုပ်ပေးနိုင်ပါတယ်”

တာအိုကိုယ်တော်ကြီးက ဆန်းကြယ်သော ပုံစံကွက်များဖြင့် ဖုံးလွှမ်းနေသော ခရမ်းရောင်ဆွဲပြားတစ်ခုကို ထုတ်ယူလိုက်သည်။

သို့သော် ပုံစံကွက်များ၏ အရေးကြီးဆုံးသော အပိုင်းက ပျောက်နေသည်။ ထို့ကြောင့် တစ်ဝက်သာလျှင် အသက်ဝင်သည်။

ပျောက်သွားသောအပိုင်းကိုသာ ရပါက ကျောက်စိမ်းဆွဲပြားက ကြီးမားသော စွမ်းအားများကို လွှတ်ထုတ်ပေးမည် ဖြစ်သည်။

“ အစ်ကိုကြီး သေချာရဲ့လား”

ဝတုတ်နေသော တာအိုကိုယ်တော်ကြီးက ယုံကြည်ရသည့်ပုံ မပေါ်သည့်အတွက် ရှန်ထျန်း နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။

ဝိဇ္ဇာအဆင့် အငြိုးကြီးသရဲက အားလုံးထဲမှာမှ ဘာလို့ ခင်ဗျားနောက်ကို လိုက်နေရတာလဲ။ ခင်ဗျားဘာတွေ လုပ်ခဲ့တာလဲ

အဲဒီခေါင်းတလားတစ်ခုလုံးကို ခိုးယူခဲ့တာလား

တာအိုကိုယ်တော်ကြီးက ကျောက်စိမ်းဆွဲပြားပေါ်တွင် တစ်စုံတစ်ခုကို အလျင်အမြန်ရေးဆွဲကာ ပြောလိုက်သည်

“ စိတ်အေးအေးထားပါ ဂိုဏ်းတူညီလေး။ ငါ့ဘဝ တစ်လျှောက်လုံး သင်္ချိုင်းဂူတွေကို ဖောက်ထွင်းနေခဲ့တာပါ။ ငါက အတွေ့အကြုံတွေ အများကြီးရှိတယ်။ ဒီလို အငြိုးကြီးဝိညာဉ်လောက်ကတော့ အလွယ်လေးပါ”

ဂျိန်း…

သူ့စကားမဆုံးသေးခင် အနက်ရောင်မီးတောက်က တိုက်ခိုက်မှုကို စတင်လိုက်သည်။

ရှန်ထျန်းက တားဆီးဖို့အတွက် နောက်ထပ် ဓာတ်နှောမိုးကြိုးလက်သီးတစ်ခုကို အလျင်အမြန် အသုံးပြုလိုက်သော်လည်း သူ အရမ်းနှေးသွားခဲ့သည်။

မီးတောက်က ပြိုကွဲသွားကာ တာအိုကိုယ်တော် ဖက်တီး၏ ပေါင်ကြားကို ထိသွားသည်။

“ အား…အား…အား…”

တာအိုကိုယ်တော်ကြီး ခုန်ဆွခုန်ဆွဲလုပ်ကာ ကျောက်စိမ်းဆွဲပြားက လွင့်ထွက်လုနီးပါးဖြစ်သွားကာ ပြောလိုက်သည်

“ ဂိုဏ်းတူညီလေး… မင်း အဲဒီကောင်းတာကို လုပ်နိုင်ပါတယ်။

သေစမ်း…ဒါသာ ရွှေကျီးမီးတောက်ဆိုရင် ငါ ဘာမှမလုပ်နိုင်ဘူး။ အဲဒီအငြိုးကြီးမီးတောက်က ငါ့အတွက် ဘာမှမဟုတ်ဘူး”

“ အား…အား…အား…”

တာအိုကိုယ်တော်ကြီးက အော်ဟစ်ကာ သူ၏ “မှော်အစွမ်း”ကို စတင်လိုက်တော့သည်

“ အပျိုစင်ရဲ့ ကျင်ငယ်ရည်က မိစ္ဆာတွေနဲ့ ရင်ဆိုင်ရင် အကောင်းဆုံးလက်နက်ပဲ။ ငါ့ရဲ့ ဓမ္မရတနာ ကို ကြည့်ထားလိုက်”

ဝှီး…

မီးတောက်က တကယ်ငြိမ်းသွားသည့်အတွက် ရှန်ထျန်း ထိတ်လန့်သွားမိသည်။

သို့သော် တာအိုကိုယ်တော် ဖက်တီး၏ ဝတ်ရုံက မီးလောင်ကျွမ်းသွားသည့်အတွက် အတွင်းခံသာ ကျန်ရှိတော့သည်။

သူ့ရဲ့ အတွင်းခံက သာမန်တော့ မဟုတ်လောက်ဘူး။ ဝိဇ္ဇာမီးတောက်ကတောင် အဲဒါကို လောင်ကျွမ်းအောင် မလုပ်နိုင်ဘူး

ဒါပေမဲ့ သူ့ရဲ့ အဝတ်ကတော့ စိုရွှဲနေတယ်

အနည်းငယ်ကြန့်ကြာပြီးနောက် အငြိုးကြီးဝိညာဉ်က ယခု သူတို့အနားသို့ ပိုပြီးတော့ တိုးကပ်လာသည်။

ရှန်ထျန်း၏ ကျောဘက်မှ ခံစားနေရသည်။ ထို့ကြောင့် သူ၏ တာအိုနှလုံးသားလည်း တုန်ခါနေသည်။

ဟာရီတီပုတီးစေ့များထဲမှ အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်

“ သခင် … ဒီအမုန်းတရားက အရမ်းပြင်းထန်တယ်။ အရမ်းလည်း ကြောက်ဖို့ကောင်းတယ်”

တာအိုကိုယ်တော်ကြီးက ခဏတာ အံ့ဩသွားပြီးနောက် စနောက်လိုက်သည်

“ ဝိုး…ဂိုဏ်းတူညီလေးက သရဲမလေးတစ်ကောင်ကို မွေးထားတာလား”

ရှန်ထျန်း၏ နှုတ်ခမ်းတို့ တွန့်ချိုးသွားကာ ပြောလိုက်သည်

“ အစ်ကိုကြီး…ခဏလေးဆိုတာက အတော်ကြာနေပြီ”

ဂျိန်း…

မီးတောက်က ရုတ်တရက် အရှိန်မြှင့်ကာ ရှန်ထျန်း၏ ရှေ့တွင် ပိတ်ဆို့ထားလိုက်သည်။

ဧရာမလက်သည်းကြီးက မီးတောက်ထဲမှ ထွက်လာကာ တာအိုကိုယ်တော်ကြီးဆီ ဦးတည်သွားနေသည်။

ထိုလက်သည်း၏ စွမ်းအားက ဥပဒေများအားလုံးနှင့် အာကာပြင်ကို လောင်ကျွမ်းပစ်နိုင်သည်။

ဒါက ဝိဇ္ဇာမီးတောက်ရဲ့ စွမ်းအားပဲ

“ အစ်ကိုကြီး လုပ်စရာရှိတာကို ဆက်လုပ်ပါ”

ရှန်ထျန်းက တာအိုကိုယ်တော်ကြီးကို ဘေးသို့ တွန်းထုတ်ကာ လုံယွမ်နတ်ချပ်ဝတ်တန်ဆာကို ချက်ချင်း အသက်သွင်းလိုက်သည်။

ထာဝရတစ်ပိုင်း အသုံးအဆောင်ပစ္စည်းဖြစ်သည့် ပင်လယ်အံ့ဖွယ်တူသည်လည်း အရွယ်အစားကြီးလာပြီး ပေသောင်းကျော်ရှိသော ဧရာမတူကြီး ဖြစ်လာသည်။

ထိုတူ၏မျက်နှာပြင်တွင် ငွေရောင်အရည်လည်းရှိသည်။ ထိုအရာက ရှေးဦးအဆီအနှစ် လေးလံရေစင် ဖြစ်သည်။

“ကောင်းကင်လွင်ပြင် တူ၃၆ ချက်…လဝန်းပင့်တင် တူရိုက်ချက်”

ဒုန်း…

တူက မီးတောက်ကို ထုရိုက်လိုက်ပြိး ကြီးမားသော ပေါက်ကွဲမှုတစ်ခုကို ဖြစ်သွားစေသည်။

သူတို့ကြားရှိ အာကာပြင်က ချေမွခံလိုက်ရပြီး လေပွေငယ်တစ်ခုအဖြစ် ဖန်တီးကာ ဝိညာဉ်ချီအားလုံးကို ထိုထဲသို့ စုပ်ယူနေသည်။

စွမ်းအင်က အရမ်းကောင်းမွန်သည့်အတွက် ပတ်လည်ဝန်းရံနေသော နံရံများပင် စတင်အက်ကြောင်းထင်လာသည်။

“ ရွှေကျီးနတ်ဧကရာဇ်ရဲ့ ဂူဗိမာန်ထဲမှာ ဘာလို့ အဲလိုမျိုးဆိုးရွားတဲ့ အငြိုးကြီးဝိညာဉ်ရှိနေရတာလဲ”

တာအိုကိုယ်တော်ကြီးက ပုံစံကွက်ကို ဆက်လက်ရေးဆွဲရင်း ရေရွတ်လိုက်သည်

“ ဒါက တခြားဝိဇ္ဇာတွေရဲ့ ဂူဗိမာန်ထဲမှာရှိတဲ့ နတ်ဘုရားအသိစိတ်နဲ့ နီးစပ်တယ်”

နယ်မြေငါးခုလုံးတွင် ဝိဇ္ဇာများ၏ ဂူဗိမာန်များကို အန္တရာယ်အများဆုံးနေရာဟု သတ်မှတ်ထားကြသည်။ ထိုနေရာက ဝိဇ္ဇာများ အတိဒုက္ခစမ်းသပ်ချက်မှာ ကျရှုံးပြီး သေဆုံးသွားခဲ့သောနေရာဖြစ်သည်။

ကျရှုံးမှုမှရရှိလာသော အမုန်းတရားဖြင့် အမုန်းတရားဖြင့် ပြည့်နှက်နေသော နတ်ဘုရားအသိစိတ်ကို အလွယ်တကူ ဖန်တီးလို့ရသည်။ ထိုအရာက ဂူဗိမာန်ထဲသို့ ကျူးကျော်သူများအားလုံးကို သတ်ဖြတ်လိုက်နိုင်သည်။

သို့သော် နတ်ဧကရာဇ်များက ကောင်းကင်မိုးကြိုး စမ်းသပ်ချက် ၃၆ ချက် အောင်မြင်ခဲ့သည့်အတွက် သူတို့ကြိုက်သည့်အချိန်တွင် ထာဝရအရှင်များ ဖြစ်လာနိုင်သည်။ သူတို့က နတ်ဘုရားလောက၏ ထိပ်တန်းအရည်အချင်းရှိသူများ ဖြစ်ကြသည်။

သူတို့ ဂူဗိမာန်ကို ထားခဲ့ရသည့် တစ်ခုထဲသော အကြောင်းအရင်းက တခြားသူများ အမွေအနှစ်နှင့် ကံအပြောင်းအလဲ အခွင့်အရေးများ ရရှိရန် ဖြစ်သည်။

ကျူးကျော်သူများ မလေးမစား မပြုမူသ၍ အရမ်းခက်ခဲသော ဒုက္ခများ ကြုံတွေ့ရမည် မဟုတ်ပေ။

သို့သော် ရွှေကျီးနတ်ဧကရာဇ်၏ ဂူဗိမာန်က တာအိုကိုယ်တော်ကြီး၏ အမြင်ကို လုံးဝ ပြောင်းလဲပေးလိုက်သည်။

ဘယ်လိုလုပ်ပြီးတော့ အဲလိုမျိုး ဆိုးရွားတဲ့ အငြိုးကြီးဝိညာဉ်က ထွက်လာရတာလဲ။ ဒါက လုံးဝအဓိပ္ပာယ်မရှိဘူး

ဒါပေါ့ ဒီထက်ပိုပြီး အဓိပ္ပာယ်မရှိတာက သူ့ရဲ့ ဒီဂိုဏ်းတူညီလေးပဲ

သူက အနက်ရောင်မီးတောက်နှင့် တိုက်ခိုက်ပြီး အသာစီးရနေသော ရှန်ထျန်းကို ကြည့်နေသည်။

ဒါက ဝိဇ္ဇာအငြိုးကြီးဝိညာဉ်က ဖန်တီးခဲ့တာလေ။ ဘယ်လိုလုပ်ပြီးတော့ သူက…

ဘယ်လိုလုပ်ပြီးတော့ သူက ဖိနှိပ်နိုင်ရတာလဲ

All Chapters