အဲဒါက အဲဒီလိပ်တော့ မဟုတ်ပါဘူးနော်
Vol. 25 Ch. 374
အခန်း (၃၇၄) : အဲဒါက အဲဒီလိပ်တော့ မဟုတ်ပါဘူးနော်
မီးတောက်ထဲတွင် ကျီးကန်းတစ်ကောင် ပေါ်ထွက်လာပြီး အရောင်က ရွှေနီရောင် ဖြစ်နေသည်။
အားလုံးက ထိုအရာကို ထိပ်တန်းအံ့ဖွယ်သားရဲ ရွှေကျီးအံ့ဖွယ်ငှက် ဖြစ်သည်ဟု မစဉ်းစားဘဲ မနေနိုင်ကြပေ။
ရှန်ထျန်းနှင့် ယွဲ့ယူသဲ့တို့က အချင်းချင်းကြည့်ကာ အနက်ရောင် အရှိန်အဝါဖြင့် လွှမ်းခြုံနေသော ကျီးကန်းကို ထပ်မံစိုက်ကြည့်လိုက်ပြီး သူတို့ အရမ်းထိတ်လန့်သွားပုံ ပေါ်လာသည်။
အငြိုးအတေး အရှိန်အဝါက ဤရွှေကျီးတွင် စွဲကပ်နေသည့်အတွက် အငြိုးကြီးဝိညာဉ်အဖြစ် ပြောင်းလဲသွားရခြင်း ဖြစ်သည်။ တခြားတစ်နေရာတွင် ဒါမျိုးဖြစ်လျှင် ပြဿနာ သိပ်မရှိသော်လည်း ဤနေရာက ရွှေကျီးနတ်ဧကရာဇ်၏ ဂူဗိမာန် ဖြစ်နေသည်။
ဤအဖြစ်အပျက်၏ နောက်ကွယ်မှ အဓိပ္ပာယ်က စိတ်ရှုပ်စေပြီး ထိတ်လန့်စေသည်။
“ ဒါက ရွှေကျီးနတ်ဧကရာဇ် ချန်ထားခဲ့တဲ့ နတ်ဘုရားအသိစိတ်လို့တော့ မပြောနဲ့နော်” ယွဲ့ယူသဲ့က ရေရွတ်ရင်း ခေါင်းကို အသာယမ်းလိုက်မိသည်
“ ရွှေကျီး နတ်ဧကရာဇ်က မသေဘူး။ သူက နတ်ဘုရားလောကကို ရောက်သွားတာ။ သူက ဘယ်လိုလုပ်ပြီးတော့ သူ့ရဲ့ နတ်ဘုရားအသိစိတ်ကို ဒီကမ္ဘာမှာ ထားသွားတာပါလိမ့်။
ဒါက တကယ်ပဲ ရွှေကျီးနတ်ဧကရာဇ်ရဲ့ နတ်ဘုရားအသိစိတ်ဆိုရင် ဝိဇ္ဇာအသစ်တစ်ပါးရဲ့ တိုက်ခိုက်စွမ်းရည်မျိုးကိုပဲ ပိုင်ဆိုင်ထားစရာ အကြောင်းမရှိဘူး။ ဒီဂူဗိမာန်ထဲမှာ ရှိတဲ့သူတွေအားလုံး သေသွားလောက်ပြီ”
ရှန်ထျန်းက ပင်လယ်အံ့ဖွယ်တူကို အသုံးပြုကာ ရွှေကျီးကို ဖိနှိပ်ထားရင်း ငြီးတွားလိုက်သည်
“ အစ်ကိုကြီး မကူညီနိုင်ဘူးလား”
ယွဲ့ယူသဲ့က ခပ်ဖွဖွရယ်ကာ ပြောလိုက်သည်
“ ဂိုဏ်းတူညီလေးက အရမ်းစွမ်းအားကြီးတယ်လေ ငါက ဘယ်လိုအကူအညီများ ပေးနိုင်ပါ့မလဲ။ အလုပ်ကို ကောင်းကောင်းသာ ဆက်လုပ်လိုက်ပါ ဂိုဏ်းတူညီလေး။ မင်းကို စိတ်ထဲကနေ အားပေးနေမယ်နော်”
ရှန်ထျန်း ဘာပြန်ပြောရမယ်မှန်းပင် မသိတော့ပေ။
ဤဝတုတ်က သူ့ဆရာ၏ တပည့်လား သို့မဟုတ် ဆရာဦးလေးကြာပြာ၏ တပည့်လားဆိုတာကို သူ အလေးအနက် သံသယဝင်လာမိသည်။
ကိစ္စမရှိပါဘူး ဘယ်လိုပဲဖြစ်ဖြစ် ဒီရွှေကျီး အပြည့်အဝ ဘဝကူးပြောင်းဖို့က အနှေးနဲ့အမြန်ပဲဆိုတော့
ရှန်ထျန်းက ရွှေကျီးပေါ်တွင် စွဲကပ်နေသော အငြိုးအတေး အရှိန်အဝါကို ချိုးဖျက်ပေးနိုင်ဖို့အတွက် ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားကို ဆက်လက် အသက်သွင်းထားသည်။ တစ်ချိန်တည်းမှာပဲ ရုန်းကန်နေသော ရွှေကျီးကို ထိန်းထားဖို့အတွက် တူကို ဆက်လက် အသုံးပြုထားသည်။
ဝူး….
ဒုံး…
ဝူး…
ဒုံး…
ဝူး…
ဒုံး…
ပင်လယ်အံ့ဖွယ်တူဖြင့် ရွှေကျီး၏ ဦးခေါင်းကို အကြိမ်ကြိမ်အခါခါ ထုရိုက်ကာ မြေပြင်ပေါ်တွင် ဖိနှိပ်ထားသည်။
ရှန်ထျန်း၏ ဟာရီတီပုတီးစေ့များ ညင်သာစွာ တုန်ခါလာပြီး ပြောသည်
“ ဆရာ ဒီရွှေကျီးရဲ့ အငြိုးအတေး အရှိန်အဝါက ပျော်ဝင်သွားပြီးတော့ တစ်ခေါက် ပြန်လည် ရှင်သန်လာတဲ့ပုံပဲ”
အငြိုးအတေး အရှိန်အဝါက တစ်ခေါက် ပြန်လည် ရှင်သန်လာတယ်တဲ့လား
ရှန်ထျန်း၏ အကြည့်များ ခက်ထန်သွားကာ ငွေရောင်လင်းလက်သွားသည်။ ရွှေကျီးကို ဘဝကူးပြောင်းရန် ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားကို ဆက်လက် အသုံးပြုထားသည့်အတွက် အငြိုးအတေး အရှိန်အဝါ လျော့ကျလာသည်ကိုလည်း သူ ခံစားကြည့်လို့ ရသည်။
သို့သော် အငြိုးအတေးအရှိန်အဝါက တောမီးလိုမျိုး ပြန်လည်လောင်ကျွမ်းလာသည်။
“ ဒီရွှေကျီးက ဘယ်ကများ ရောက်လာတာလဲ” ယွဲ့ယူသဲ့က ရေရွတ်လိုက်သည်
“ ရွှေကျီးနတ်သားရဲတွေက နယ်မြေငါးခုမှာ အရမ်းရှားတယ်။ အဲဒါက ဒီရွှေကျီးနတ်ဧကရာဇ်ရဲ့ ဂူဗိမာန်ထဲမှာ ပေါ်လာတယ်တဲ့။ မဟုတ်လောက်ပါဘူးနော်….”
တာအိုကိုယ်တော်ကြီး စကားကို ဆုံးအောင် မပြောရသေးခင် ရှန်ထျန်း၏ မျက်နှာထားတင်းမာသွားကာ ပြောလိုက်သည်
“ အစ်ကိုကြီး ကျွန်တော်တို့ အခု ထွက်သွားမှ ဖြစ်မယ်”
ထို့နောက် ရှန်ထျန်းကို သက်တံအံ့ဖွယ်အလင်းတန်းဖြင့် လွှမ်းခြုံသွားသည်။
ထူးခြားအံ့ဖွယ်ပစ္စည်းရဲ့ စွမ်းအားက သူနှင့် ပေါင်းစပ်သွားကာ အံ့ဖွယ်အလွှာတစ်ခုကို ဖန်တီးလိုက်သည်။
ဝုန်း…
သက်တံအံ့ဖွယ်အလင်းတန်းအလွှာက ရွှေကျီးအပေါ်သို့ ကျရောက်လာကာ ရွှေကျီးကို ပိတ်လှောင်ထားလိုက်သည်။
ထို့နောက် ရှန်ထျန်းက ယွဲ့ယူသဲ့ကို သူနှင့်အတူ ခေါ်သွားကာ ရွှေအလင်းတန်းအဖြစ် ပြောင်းလဲပြီး ဆန့်ကျင်ဖက်အရပ်သို့ ခေါ်ဆောင်သွားသည်။
ရွှေကျီးက သက်တံအံ့ဖွယ်အလင်းတန်း အလွှာထဲတွင် ပြင်းထန်စွာ ရုန်းကန်နေသည်။ သို့သော် အငြိုးအတေး အရှိန်အဝါ တစ်ဝက်လျော့ကျသွားကတည်းက သူ့စွမ်းအားကလည်း သိသိသာသာ လျော့ကျသွားသည်။
သက်တံအံ့ဖွယ်အလင်းတန်း အလွှာက ပြင်းထန်စွာ လှုပ်ခါသွားသော်လည်း မပျက်စီးသွားပေ။ တောက်ပမှုသာ စတင်မှေးမှိန်သွားသည်။
ဝူး…
နောက်ထပ် ကျယ်လောင်စူးရှသော အော်သံတစ်ခု လှိုဏ်ခေါင်းထဲမှ ထွက်လာသည်။
နောက်ထပ် အနက်ရောင်မီးတောက်များက လှိုဏ်ခေါင်းထဲတွင် ပေါ်ထွက်လာပြီး သူတို့၏ စွမ်းအားများက ပထမဆုံးရွှေကျီးထက် ပိုမိုအားကောင်းပြီး ပိုမို ကြောက်စရာကောင်းလှသည်။
ဂျိန်း…
အနက်ရောင် မီးတောက်များဆီမှာ အရမ်းသိပ်သည်းသော မီးလုံးတစ်ခု ရုတ်တရက် ပစ်လွှတ်လိုက်သည်။
မီးလုံးက အဆုံးမဲ့အပူစွမ်းအင်ကို ထုတ်လွှတ်နေပြီး နေလုံးငယ်တစ်လုံးဟုပင် ခံစားရစေသည်။
မီးလုံးက သက်တံအံ့ဖွယ်အလင်းတန်းအလွှာကို ထိတိုက်မိသည့်အခါ ပြင်းထန်စွာ လှုပ်ခါသွားသည်။ ထိုအရာက ကြီးမားသော အကျိုးသက်ရောက်မှုတစ်ခု ဖြစ်သည်။
အလွှာက ဖြည်းဖြည်းချင်း အက်ကြောင်းထပ်ပြီး ပွင့်ဟလာကာ အထဲတွင် ပိတ်မိနေသော ရွှေကျီးလည်း လွတ်လပ်သွားသည်။
ရွှေနီရောင် ခန္ဓာကိုယ်ကို အနက်ရောင် အငြိုးအတေး အရှိန်အဝါဖြင့် ထပ်မံ လွှမ်းခြုံသွားပြန်သည်။ ထိုအရာဆီမှာ ကမ္ဘာတစ်ခုလုံးကို ဖျက်စီးချင်သကဲ့သို့ ထိတ်လန့်စရာကောင်းသော သတ်ဖြတ်ချင်စိတ်က ထိုးဖောက်ထွက်နေသည်။
ရွှေကျီးနှစ်ကောင် အချင်းချင်း နီးကပ်သွားသည့်အခါ သူတို့၏ အရှိန်အဝါများက မယုံကြည်နိုင်စရာ ကောင်းသောနှုန်းသို့ မြင့်တက်သွားသည်။ ကြည့်ရတာ သူတို့အချင်းချင်း မြှင့်တင်ပေးနေပုံပေါ်သည်။
ရွှေကျီးနှစ်ကောင်က ရှန်ထျန်းကို ဖမ်းရန် နောက်မှ လိုက်လာသည်။ အငြိုးအတေး အရှိန်အဝါနှင့် ထိတွေ့ထားသည့် ဘယ်နေရာမဆို မှေးမှိန်လာသည်။ လှိုဏ်ခေါင်းထဲမှ အက္ခရာစာများလည်း အပါအဝင် ဖြစ်သည်။ ယခင်က ကြီးကျယ်ခမ်းနားခဲ့သော ဂူဗိမာန်သည်လည်း ယခု မှောင်မဲပြီး မကောင်းသည့် အငွေ့အသက်တို့ဖြင့် ထင်ဟပ်နေသည်။
ထိုအခိုက်အတန့်မှစတင်ပြီး မတူညီသော စွမ်းအားကို ပိုင်ဆိုင်ထားသည့် ဝိဇ္ဇာများအားလုံးလည်း စိတ်ထဲ လေးလံလာရသည်။
တစ်ခုခု မကောင်းတာဖြစ်တော့မလိုပဲ
ရှန်ထျန်းက ယွဲ့ယူသဲ့ကို ဆွဲခေါ်ရင်း လျှပ်စစ်အရိပ်ခြေလှမ်းကို အသုံးပြုလိုက်သည်။ တစ်စက္ကန့်အတွင်းမှာပင် ပေတစ်သောင်းကျော်သို့ ရောက်ရှိသွားသည်။
ထို့နောက် အာကာပြင်ပညာရပ်များကို ဆက်လက်အသုံးချကာ သူတို့၏ အရှိန်အဝါများကို လုံးဝ ဖုံးကွယ်ထားပြီး အာကာပြင်ထဲတွင် ပုန်းနေသည်။ အစကတည်းက ဤနေရာမှာ မရှိခဲ့သလိုမျိုး ပျောက်ကွယ်သွားသည်။
ယွဲ့ယူသဲ့က ရှန်ထျန်း၏ နည်းလမ်းများကြောင့် လုံးဝအံ့ဩသွားရသည်။ သူက ပြီးပြည့်စုံသော အနုပညာကို လေးစားသလိုမျိုး သို့မဟုတ် အဖိုးမဖြတ်နိုင်သော ရတနာကို မြင်နေရသလိုမျိုး ရှန်ထျန်းကို တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
ရှန်ထျန်း၏ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားကာ ပြောလိုက်သည်
“ အစ်ကိုကြီး ကျွန်တော်က အဲလိုမျိုး စိတ်မဝင်စားဘူးနော်”
ယွဲ့ယူသဲ့ကလည်း အံ့ဩမှင်သက်သွားကာ ကို့ရို့ကားရားနိုင်စွာ ပြုံးလိုက်ရင်း မေးသည်
“ ဂိုဏ်းတူညီလေး မင်းအထင်လွဲနေပြီ။ ငါလည်း ပုံမှန်ဆိုရင် စိတ်မယိုင်ပါ … အဟမ်း…ငါ ပြောချင်တာက ငါလည်း မင်းကို မကြိုက်ပါဘူး”
ယွဲ့ယူသဲ့၏ မျက်နှာပေါ်တွင် စိတ်အားထက်သန်သော အရိပ်အယောင်တို့ဖြင့် ထင်ဟပ်သွားကာ ပြောလိုက်သည်
“ ဂိုဏ်းတူညီလေး…စောနက မင်း အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ ပျောက်ဆုံးနေတာ ကြာပြီဖြစ်တဲ့ စွမ်းအားကြီးပညာရပ်ကို ပြသခဲ့တယ်လေ။ အဲဒါက လျှပ်စစ်အရိပ်ခြေလှမ်း ဟုတ်တယ်မလား”
ရှန်ထျန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ဟုတ်တယ်လေ ဘာလို့လဲ”
ယွဲ့ယူသဲ့က အလျင်အမြန် ထပ်မံမေးမြန်းလိုက်သည်
“ အဲဒါကို မင်း လိပ်တစ်ကောင်ဆီကနေ သင်ယူထားတာလား”
ယွဲ့ယူသဲ့၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားကာ ပြောလိုက်သည်
“ ငါတို့နှစ်ယောက်လုံးက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်တွေလေ။ အဲဒီလိပ်က ဘာလို့ မင်းကိုပဲ သင်ပေးပြီးတော့ ငါ့ကို မသင်ပေးရတာလဲ။ အရမ်းကို မမျှတဘူး”
ရှန်ထျန်းက စိတ်တိုနေသော တာအိုကိုယ်တော် ဖက်တီးကို ကြည့်ပြီး ပြုံးရယ်လိုက်မိသည်။
ခင်ဗျားက သူ့ကို အဲဒီလိပ်ကို ခေါ်နေမှာတော့ သူ့ရဲ့ လျှို့ဝှက်ပင်မ ပညာရပ်ကို ခင်ဗျားဆီပေးဖို့ ငြင်းပယ်တာ အဆန်းတော့ မဟုတ်ပါဘူး
အဖြူရောင် နတ်ဧကရာဇ်ဟု ခေါ်သောသူက အလွယ်တကူ ခွင့်လွှတ်ပေးတတ်သည့်သူမျိုး မဟုတ်ဘူးလေ။ ခင်ဗျားရဲ့အပြောတွေအရဆိုရင် သူ ခင်ဗျားကို မကိုက်လိုက်တာပဲ ကံကောင်းလှပြီ
ယွဲ့ယူသဲ့က ရှန်ထျန်းကို ဝမ်းနည်းညှိုးငယ်စွာဖြင့် စိုက်ကြည့်ပြီး ပြောလိုက်သည်
“ ဂိုဏ်းတူညီလေး ငါတို့ အပေးအယူတစ်ခု လုပ်ရအောင်။ ငါ့ကို လျှပ်စစ်အရိပ်ခြေလှမ်း သင်ပေးပါ။ ငါက မင်းရဲ့ ဂိုဏ်းတူ အစ်ကိုပဲလေ”
ခင်ဗျားကို လျှပ်စစ်အရိပ်ခြေလှမ်း သင်ပေးရမယ်တဲ့လား
ရှန်ထျန်း ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။ အမှန်အတိုင်းပြောရလျှင် သူ ဘာကိုမှ ဂရုမစိုက်ပေ။
လျှပ်စစ်အရိပ်ခြေလှမ်းက အရမ်းမြန်တယ်။ တာတိုရှောင်တိမ်းမှုအတွက်ပဲ ကြည့်မယ်ဆိုရင် အဲဒါက ခွန်ပန်ပညာရပ်ထက် ပိုပြီးတော့တောင် စွမ်းအားကြီးနေသေးတယ်
သို့သော် သူ့ဆီမှာ တော်ဝင်ကျမ်းတွေ အများကြီး ရှိနေသည့်အတွက် လျှပ်စစ်အရိပ်ခြေလှမ်းက ဒီလောက်ထိ မထူးခြားပေ။ အဲဒါမရှိဘဲ မနေနိုင်တာမျိုး မဟုတ်ပေ။ အဲဒါကို တခြားသူဆီ လက်ဆင့်ကမ်းပေးပါကလည်း သူ့အတွက် ဆုံးရှုံးစရာမရှိပေ။
ဤပညာရပ်က ပိုင်တိနှင့် ရွှေအလင်းဂိုဏ်းချုပ်တို့ အတူတူ ဖန်တီးထားသည်က ပြဿနာတစ်ခု ဖြစ်သည်။ ရွှေအလင်းဂိုဏ်းချုပ်ပင် ဤပညာရပ်ကို တွေ့ရာလူကို မသင်ကြားပေးပေ။
သူသာ ဤပညာရပ်ကို ယွဲ့ယူသဲ့ကို သင်ကြားပေးလိုက်ပါက ထိုလိပ်က အနာဂတ်မှာ သူ့ကို ကိုက်လိမ့်မည်ဟု ရှန်ထျန်း ခံစားနေရသည်။
ရှန်ထျန်း ပြုံးကာ ပြောလိုက်သည်
“ ကောင်းပြီလေ … အရင်ဆုံး ကျွန်တော်ရဲ့ တာအိုလက်တွဲဖော်နဲ့ ဆွေးနွေးဖို့ လိုသေးတယ်”
တာအိုလက်တွဲဖော်တဲ့လား
ယွဲ့ယူသဲ့က အံ့ဩထိတ်လန့်စွာဖြင့် မေးလိုက်သည်
“ မင်းမှာ တာအိုလက်တွဲဖော် ရှိတယ်လား”
ရှန်ထျန်းက ပြုံးကာ စဉ်းစားလိုက်သည်။
မရှိပါဘူး တစ်ယောက်မှ။ အဲဒါကြောင့် ဒီနေရာမှာ ဘာမှဆွေးနွေးဖို့ မလိုတာပေါ့
ထိုအခိုက်အတန့်တွင် ယွဲ့ယူသဲ့က အရမ်းထိတ်လန့်သွားပုံပေါ်သည်။
“ တာအိုလက်တွဲဖော်က အဲဒီလိပ်တော့ မဟုတ်ပါဘူးနော်
ဂိုဏ်းတူညီလေးက အဲဒီပညာရပ်ကို သင်ယူဖို့အတွက် အဲဒီလိပ်နဲ့ တာအိုလက်တွဲဖော် ဖြစ်လာရတာလား။
အဲဒါက လိပ်ထီး မလား”
ရှန်ထျန်း၏ အပြုံးတို့ အေးစက်သွားရသည်။