← Chapters

ကံကြမ္မာသားတော် အနားမှာ ရှိနေရင် သေချာပေါက် ဘေးကင်းလိမ့်မယ်

Vol. 25 Ch. 375

ကံကြမ္မာသားတော် အနားမှာ ရှိနေရင် သေချာပေါက် ဘေးကင်းလိမ့်မယ်

Vol. 25 Ch. 375

အခန်း (၃၇၅) : ကံကြမ္မာသားတော် အနားမှာ ရှိနေရင် သေချာပေါက် ဘေးကင်းလိမ့်မယ်

“ ဂိုဏ်းတူညီလေး မင်းကိုယ်မင်း ဘာလို့ အဲလိုလုပ်ရတာလဲ

ငါက ဂူဗိမာန်တွေကို ဖောက်ထွင်းလို့ အထွတ်အမြတ်မြေကို အရှက်ရအောင် လုပ်ပြီးနေပြီ။

ပြိုင်ဘက်ကင်းပညာရပ်လေးတချို့ ရဖို့အတွက်နဲ့ အဲဒီနှာဘူးလိပ်ကို ဂိုဏ်းတူညီလေးက ဒီလောက်ထိ ကိုယ့်ကိုယ်ကို နှိမ့်ချထားဖို့ မမျှော်လင့်ထားခဲ့ဘူး။ ဂိုဏ်းတူညီလေးက ငါတို့ရဲ့ အထွတ်အမြတ်မြေအတွက် အဲလောက်ထိတောင် လုပ်ပေးတာလား။ ဂိုဏ်းတူညီလေး ငါ အရမ်းခံစားသွားရပြီ”

ရှန်ထျန်းက လျှောက်ပြောနေသော တာအိုကိုယ်တော် ဖက်တီးကို ကြည့်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။

သူက အားပြုပြုံးကာ ပြောလိုက်သည်

“ အစ်ကိုကြီး အထင်လွဲနေပြီ။ ကျွန်တော်က…”

ယွဲ့ယူသဲ့က ညာဘက်လက်ကို မြှောက်ကာ ကတိပေးလိုက်သည်

“ ဂိုဏ်းတူညီလေး စိတ်မပူပါနဲ့။ ငါ လျှို့ဝှက်ချက်ကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ သိပါတယ်။ ဒီကိစ္စကို ကောင်းကင်ဘုံ၊ မင်း၊ ငါနဲ့ အဲဒီလိပ်အပြင် တခြား ဘယ်သူမှ သိမှာ မဟုတ်ဘူး။

တစ်ခြားတစ်ယောက် သိသွားတယ်ဆိုရင်လည်း အဲဒီလိပ်က လျှောက်ပြောလိုက်တာပဲ ဖြစ်လိမ့်မယ်။ အဲလိုမျိုး လျှောက်ပြောတာ လုံးဝ ငါ ဖြစ်လာမှာ မဟုတ်ဘူး။

ငါ တခြားတစ်ယောက်ကို ပြောခဲ့မိတယ်ဆိုရင် မိုးကြိုးနဲ့ ပစ်ချခံရပြီးတော့ ဂူတွေကို ဖောက်ထွင်းတိုင်းလည်း ကံဆိုးပါစေ”

ဂျိန်း…

အနီးနားမှ ရုတ်တရက် မိုးကြိုးနှင့် လျှပ်စီးတို့၏ ရှင်းလင်းသောအသံ ထွက်ပေါ်လာသည်။

သနားစရာကောင်းသည့် အော်သံတစ်ခု ထွက်လာပြီး ကြက်သီးထစရာကောင်းလှသည်။

ဂူဗိမာန်ထဲမှာ တစ်ယောက်ယောက်က အန္တရာယ်နဲ့ ကြုံတွေ့နေတာ သေချာတယ်

ယွဲ့ယူသဲ့နှင့် ရှန်ထျန်းတို့ ဘာလုပ်ရမယ်မှန်းမသိ ဖြစ်သွားကြသည်။

ပြန်လည်အားဖြည့် ဆေးလုံးများကို ထုတ်ကာ စားသုံးလိုက်ပြီး ရှန်ထျန်းက တည်ငြိမ်စွာ ပြောလိုက်သည်

“ ဂိုဏ်းတူအစ်ကိုကြီး ဒီမှာပဲနေခဲ့နော်။ ကျွန်တော် သွားပြီးတော့ ကြည့်လိုက်မယ်”

ထို့နောက် ရှန်ထျန်းက ရွှေရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာ ယွဲ့ယူသဲ့၏ ရှေ့မှ ပျောက်ကွယ်သွားသည်။

“ ဂိုဏ်းတူညီလေး အမြန်ပြန်လာခဲ့နော်။ မင်း ငါ့ဘေးမှာ မရှိရင် လုံခြုံတယ်လို့ မခံစားရဘူး”

ယွဲ့ယူသဲ့က ရှန်ထျန်း ထွက်ခွာသွားသော ပုံရိပ်ကို စိုက်ကြည့်ကာ စိတ်ပူစွာဖြင့် အော်ခေါ်လိုက်သည်။

ရှန်ထျန်းကတော့ သူ့ကို လျစ်လျူရှုထားသည်။

ရှန်ထျန်း မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားသည့်အခါ ယွဲ့ယူသဲ့၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသောအကြည့်တို့ ဖြစ်ပေါ်လာသည်။

သူ့ဘာသာသူ ရေရွတ်လိုက်မိသည်

“ မလျော်ကန်တဲ့ အရာမျိုးကို လုပ်ပြီးမှ သင်ရမယ်ဆိုရင်တော့ အဲဒီလိပ်ဆီကနေ လျှပ်စစ်အရိပ်ခြေလှမ်းကို သင်ယူဖို့ ဘယ်တော့မှ မမျှော်လင့်ထားနဲ့။ ဒါက လုံးဝ အကျင့်စာရိတ္တ ပျက်ပြားစေတယ်။

ဂိုဏ်းတူညီလေးကို ကြည့်ရတာ ကောင်းကောင်းမွန်မွန် မွေးဖွားလာတဲ့ပုံလည်း ပေါ်ပါတယ်။ ဒါပေမဲ့ သူက အရမ်းကို ပွင့်လင်းတာပဲ။ လူတစ်ယောက်ကို အမြင်နဲ့ ဆုံးဖြတ်လို့ မရနိုင်တာ တကယ်ပဲနော်”

ယွဲ့ယူသဲ့ရေရွတ်နေစဉ် သူ့ပတ်လည်ရှိ အာကာပြင်တွင် အနည်းငယ် လှိုင်းဂယက်ထသွားသည်ကို သူ သတိမထားမိပေ။

သူ ဆက်လက် ရေရွတ်နေမိသည်

“ ဘယ်ပမာဏဆိုရင် လုံလောက်တယ်လို့ သတ်မှတ်လဲဆိုတာကို သိချင်တယ်။

ငါ အခု အဲဒီလိပ်ကို သွားရှာမယ်ဆိုရင် သူ ငါ့ကို သင်ပေးချင်မလားဆိုတာ သိချင်မိတယ် … ဒါမှမဟုတ် ငါ ဆရာကို သတင်းပေးပြီးတော့ အဲဒီလိပ်ကိုဖမ်းပြီး အပြစ်ပေးခိုင်းသင့်လား။

ဆရာက ဂိုဏ်းတူညီလေးကို အရမ်းအထင်ကြီးတာ။ အဲဒီလိပ်က သူ့ကို အဲလိုညစ်ညမ်းအောင် လုပ်လိုက်တယ်ဆိုတာကိုသာ ဆရာ သိရင် သေချာပေါက်…”

ယွဲ့ယူသဲ့က သူ့ဘာသာသူ ဆက်လက်ရေရွတ်နေသည်။

ရုတ်တရက် အသိဝင်လာပြီးနောက် ဆံပင်များ ထောင်မတ်သွားရသည်။

နှစ်ရာပေါင်းများစွာ ဂူဗိမာန်ဖောက်ထွင်းလာသည့်အတွက် အန္တရာယ်နှင့် ကြုံတွေ့သည့်အခါ ပင်ကိုယ်အသိစိတ်က သူ့ကို ဘေးသို့ ရှောင်တိမ်းသွားစေသည်။

ဂျိန်း…

မိုးကြိုးဖြင့် လွှမ်းခြုံထားသော တုတ်ရှည်တစ်ခုက မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ယွဲ့ယူသဲ့၏ ဝမ်းနည်းညှိုးငယ်နေသော မျက်နှာက စိုးရိမ်ထိတ်လန့်သွားသည်။

“ သေစမ်း… ဒီလူယုတ်မာက ဘယ်ကနေ ရောက်လာတာလဲ။ သူက ငါ့ကို ချုံခိုတိုက်ခိုက်ရဲတယ်ပေါ့လေ”

ယွဲ့ယူသဲ့က အနက်ရောင် ဝတ်ဆင်ထားပြီး အာကာပြင်နှင့် တစ်ဝက်ပေါင်းစပ်နေသော သူကို ကြည့်ကာ နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။

သူက အော်ပြောလိုက်သည်

“ ငါက နယ်မြေငါးခုလုံးမှာ ထိပ်သီးဂူဗိမာန်ဖောက်ထွင်းသူပဲ။ ငါ့ကို စော်ကားရင်း မင်းရဲ့ ဘိုးဘေးဘီဘင် ဂူဗိမာန်တွေကို လုယက်ဖျက်စီးပစ်မယ်”

ဝှီး…

ယွဲ့ယူသဲ့ စကားမဆုံးသေးခင် အနက်ရောင် ဝတ်ဆင်ထားသူက အရိပ်အဖြစ်သို့ ပြောင်းလဲသွားကာ အာကာပြင်ထဲသို့ ဝင်သွားသည်။

သူ ပြန်လည်ပေါ်ထွက်လာသည့်အခါ ယွဲ့ယူသဲ့၏ နောက်မှာရောက်နေပြီး ခေါင်းကို တုတ်ဖြင့် ချလိုက်သည်။

သူ့တိုက်ခိုက်မှုက သေစေနိုင်လောက်သည်အထိ မရည်ရွယ်သည့်အတွက် ပြင်းထန်သော ဒဏ်ရာများ မဖြစ်စေပေ။

သို့သော် ထိုရိုက်ချက်ကြောင့် ခေါင်းမူးသွားတာမျိုးတော့ ဖြစ်နိုင်သည်။

“ အဲဒီလူက အရမ်းမြန်တယ်။ သူက လေဟာနယ်နဲ့ တစ်သားတည်း ဖြစ်အောင်လည်း ပေါင်းစပ်နိုင်တယ်။ သူက လုပ်ကြံသတ်ဖြတ်သူအဖွဲ့ဝင်တော့ မဟုတ်လောက်ပါဘူးနော်”

ယွဲ့ယူသဲ့က သုတ်သုတ်ပျာပျာ ပြေးရင်း အခြေအနေကို နားလည်ဖို့အတွက် အလျင်အမြန်ကြိုးစားနေသည်။

ဒါပေမဲ့ ငါက အရင်တုန်းက သူတို့ရဲ့ဂူဗိမာန်ကိုမှ မဖောက်ဖူးတာ။ ငါ့ကို ဘာလို့ သေစေချင်နေရတာလဲ

ဒါတော့ မဟုတ်သေးဘူး။ ကြေးစားငှားပြီး ငါ့ကို သတ်ခိုင်းတာတော့ မဟုတ်ပါဘူးနော်

ဒါပေမဲ့ ဒီလူကိုကြည့်ရတာ သတ်ဖြတ်ချင်တဲ့ စိတ်တော့ မရှိဘူး။ သူက ကြွားလုံးထုတ်ချင်ရုံသက်သက်ပဲ

သူ့ရဲ့ တိုက်ကွက်တွေမှာ သတ်ဖြတ်ချင်တဲ့စိတ် မရှိဘူး။ သူက သတ်ဖြတ်သူတစ်ယောက်လိုမျိုး မပြုမူဘူး

အဲလိုမျိုး အခြေခံတိုက်ကွက်လောက်နဲ့ ငါ့ကို ခြိမ်းခြောက်လို့ရမယ်လို့များ သူက ထင်နေတာလား

လူယုတ်မာ မင်းက အရမ်းနုပါသေးတယ်

ယွဲ့ယူသဲ့က သူ၏ ဝဖြိုးသော ခန္ဓာကိုယ်ကို အကြောလျှော့လိုက်သည်။ သူ့ကိုကြည့်ရတာ အရမ်းရှုပ်ထွေးသော်လည်း တိုက်ခိုက်မှုအားလုံးကို ရှောင်ရှားဖို့အတွက် ပြင်ဆင်နေခြင်းဖြစ်သည်။

ထို့နောက် သူက ကြေးခေါင်းလောင်းလေး တစ်ခုကို ထုတ်ကာ ပြောလိုက်သည်

“ အဆုံးမဲ့ကောင်းကင်နှင့် မြေကြီး။ စကြဝဠာရဲ့ ဥပဒေများ အသက်သွင်းခြင်း”

များပြားသော စွမ်းအင်များက ခေါင်းလောင်းထဲသို့ ဝင်သွားကာ ရှေးဟောင်း အက္ခရာစာများ ထွက်ပေါ်လာပြီး ထိုအနက်ရောင် ဝတ်ထားသောသူဆီသို့ ဦးတည်သွားနေသည်။

ထိုအက္ခရာများနှင့် ထိတွေ့သော အာကာပြင်က မာကြောလာသည်။

အာကာပြင်ထဲတွင် ငါးတစ်ကောင်လိုမျိုး ကူးခတ်သွားလာနေသော အနက်ရောင် ဝတ်ဆင်ထားသည့်သူလည်း ထွက်လာဖို့အတွက် ဖိအားပေးခံလိုက်ရပြီး ယွဲ့ယူသဲ့၏ ရှေ့သို့ ရောက်ရှိလာသည်။

တစ်ချိန်တည်းမှာပဲ ကြေးခေါင်းလောင်းလေးက ရုတ်တရက် အစိမ်းရောင်အလွှာအဖြစ် ပြောင်းလဲသွားကာ အနက်ရောင် ဝတ်ဆင်ထားသည့်သူကို လုံးဝ ဖမ်းချုပ်ထားလိုက်သည်။

“ မင်း ဒါကို မမျှော်လင့်ထားဘူး မဟုတ်လား။ ငါ့မှာ အထွတ်အထိပ်အဆင့် ဝိဇ္ဇာအသုံးအဆောင်ပစ္စည်း ရှိတယ်။ စကြဝဠာပိတ်လှောင် ခေါင်းလောင်းလို့ ခေါ်တယ်။ အထူးသဖြင့် မင်းရဲ့ အာကာပြင် ပညာရပ်လိုဟာမျိုးကို တန်ပြန်တိုက်ခိုက်ဖို့အတွက် အထူးသင့်တော်တယ်။ ငါ့ရဲ့ ဂိုဏ်းတူညီလေး ပြန်ရောက်လာတဲ့အထိပဲ စောင့်လိုက်။ အဲဒီအခါကျမှ မင်းကို လက်စသတ်မယ်”

ရွှေရောင်အလင်းတန်းက ရုတ်တရက် အလင်းပြန်သွားသည်။

ရှန်ထျန်းက သူ၏ လုံယွမ်နတ်ချပ်ဝတ်တန်ဆာနှင့် ရွှေတောင်ပံဖြင့် ယွဲ့ယူသဲ့၏ ရှေ့တွင် ပေါ်လာသည်။

ယွဲ့ယူသဲ့က အားရပါးရပြုံးရင်း ပြောလိုက်သည်

“ ဂိုဏ်းတူညီလေး နောက်ဆုံးတော့ ပြန်လာပြီပဲ။ ဒီလူယုတ်မာက ငါတို့အပေါ် မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်။ ငါ သူ့ကို ဖမ်းချုပ်ထားပြီးပြီ။ သူ့ကို မင်းရဲ့တူနဲ့ ထုလိုက်လို့ ရပြီ။ ငါတို့ သူ့ကို ဖမ်းပြီးတော့ ဆရာဆီ ခေါ်သွားရအောင်။ ငါတို့ ဆုလာဘ်ကြီးကြီး ရနိုင်မှာပဲ”

သူက အနက်ရောင် ဝတ်ဆင်ထားသောသူကို ကြည့်ပြီးပြောလိုက်သည်

“ မင်း စောင့်နေလိုက်။ မင်းက လူသေကောင် ဖြစ်သွားရမယ်”

ဒုန်း…

ခဏအကြာတွင် သူ့ခေါင်းနောက်မှ ပျော့ပျောင်းသော တုန်ခါမှုကို ရုတ်တရက် ခံစားလိုက်ရပြီး လဲကျသွားသည်။

ရှန်ထျန်းက လဲကျနေသော ယွဲ့ယူသဲ့ကို ကြည့်ကာ ရှန်ထျန်း၏ နှုတ်ခမ်းကို တွန့်ချိုးလိုက်ရင်း ပြောသည်

“ ဂိုဏ်းတူအစ်ကိုကြီး ကျွန်တော်ကို အပြစ်မတင်ပါနဲ့နော်”

သူ့ဆရာ ပေးထားသော အထွတ်အထိပ်အဆင့် မေ့ပျောက်ဆေးလုံးကို သုံးစရာအကြောင်း ဘယ်တော့မှ ရှိလာမည်မဟုတ်ဟု သူတွေးထားခဲ့သည်။ သို့သော် ပထမဆုံး သုံးဖို့ ဖြစ်လာပြီ ထင်သည်။

ဆေးလုံးကို ထုတ်ယူပြီးနောက် ယွဲ့ယူသဲ့၏ ပါးစပ်ထဲ ထည့်ကာ သက်ပြင်းချလိုက်မိသည်။

ဒါဆိုရင် ငါ့ရဲ့ ဂုဏ်သိက္ခာကို ရှင်းလင်းလို့ ရသွားပြီ

ရှန်ထျန်းက အိပ်မက်ထဲမှာပင် နောက်ထပ် ဘယ်ဂူဗိမာန်ကို ဖောက်ထွင်းရမလဲဟု ရေရွတ်နေသည့် ယွဲ့ယူသဲ့ကို ကြည့်ကာ ရှန်ထျန်း ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။

ဆရာက ဒီလူကို ဘာလို့ သူ့ရဲ့ ပထမဆုံးတပည့်အဖြစ် လက်ခံလိုက်ရတာလဲ

ထို့နောက် ရှန်ထျန်းက အနက်ရောင် ဝတ်ဆင်ထားသောသူကို ကြည့်ပြီး ပြောလိုက်သည်

“ ဂိုဏ်းတူအစ်ကိုကြီးရဲ့ ပြောစကားအရဆိုရင် ဒီရွှေကျီးနတ်ဧကရာဇ်ရဲ့ ဂူဗိမာန်က အဲလောက်ထိ မရိုးရှင်းဘူး။ ထူးခြားတဲ့ ထောင်ချောက်တချို့ ရှိနေနိုင်တယ်”

အနက်ရောင် ဝတ်ဆင်ထားသည့်သူက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်

“ ကောင်းပြီလေ ပုံပြင်တွေ အားလုံးထဲမှာ အဓိကဇာတ်ကောင်က စိန်ခေါ်မှုတွေနဲ့အမြဲတမ်း ကြုံတွေ့နေရတာပဲလေ။ ရွှေကျီးနတ်ဧကရာဇ်ရဲ့ ဂူဗိမာန်နဲ့ ပတ်သက်ပြီးတော့ တစ်ခုခုရှိနေတာ သေချာတယ်”

ရှန်ထျန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ ငါတို့ အားလုံးကို အသိပေးရမယ်”

ရှန်ထျန်းက သူ့ကြောင့်ဖြင့် အံ့ဖွယ်မိုးကောင်းကင် အပေါင်းအပါတွေကို ထိခိုက်တာမျိုး မဖြစ်စေချင်ပေ။

သူတို့က သူ့ရဲ့ ရွှေငန်း … အာ…အပေါင်းအပါတွေလေ

သတိမေ့နေသော ယွဲ့ယူသဲ့ကို သယ်ဆောင်သွားပြီး ရှန်ထျန်းက လျှပ်စစ်အရိပ်ခြေလှမ်းကို အသုံးပြုကာ ဖန်ချန်းတို့ဆီ ပြန်သွားလိုက်သည်။

ရှန်ထျန်း “ပြန်လည် ပြုပြင်ထားသော” စွန့်စားခရီးအကြောင်းကို နားထောင်ပြီးနောက် ချီရှောက်ရွှမ်၊ ဖန်ချန်းနှင့် ကျန်းယွင်ရှီးတို့က ဂူဗိမာန်မှ ပစ္စည်းကို ယူဖို့အတွက် ဆန္ဒမရှိမှုများကို ထုတ်ဖော်ပြသနေသည်။

အကြောင်းအရင်းက ရိုးရှင်းလှသည်။ သူတို့က ရှန်ထျန်းသည် ကံကြမ္မာသားတော် ဖြစ်သည်ကို ယုံကြည်ကြသည်။

စစ်ဆေးမှုကာလအတွင်း ရှန်ထျန်းသာ သူတို့နှင့်အတူ ရှိနေပါက လုံးဝ လုံခြုံသည်ဟု ခံစားရသည်။

All Chapters