← Chapters

ရွှေကျီး နတ်ဧကရာဇ်၏ ဆေးဥယျာဉ်

Vol. 26 Ch. 376

ရွှေကျီး နတ်ဧကရာဇ်၏ ဆေးဥယျာဉ်

Vol. 26 Ch. 376

အခန်း (၃၇၆)  :  ရွှေကျီး နတ်ဧကရာဇ်၏ ဆေးဥယျာဉ်

“ သူတော်စင်ကို ယုံပါတယ်။ သူတော်စင်နောက်လိုက်ရင် ဘယ်တော့မှ ဘေးတွေ့ရမှာ မဟုတ်ဘူး ”

“ ဟုတ်တယ် … ငါတို့ အရင်က အန္တရာယ်များတဲ့ အခြေအနေမျိုးကို မကျော်ဖြတ်ဖူးတာမျိုး မဟုတ်ဘူးလေ။ ငါတို့ ကမ္ဘာဦးတိုက်ပွဲနယ်မြေနဲ့ အဆုံးမဲ့ရှေးဟောင်းနယ်မြေထဲမှာ ရှိနေတုန်းက  ငါတို့တွေ လွတ်မြောက်ခဲ့သေးတာပဲ မဟုတ်ဘူးလား။ ဒီတစ်ခါ မြောက်ပင်လယ်၊ အရှေ့ပိုင်းလွင်ပြင်နဲ့ အလယ်ပိုင်းကုန်းမြေက ပါရမီရှင်တွေ စုစည်းနေတာ။ ဒီဂူဗိမာန်မှာ ထူးထူးဆန်းဆန်း ဖြစ်လာတော့ရော ဘာအရေးလဲ။ အရေးမကြီးပါဘူး ”

“ ငါတော့ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းပိုင်နက်ထဲမှာ ညီအစ်ကိုရှန်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကြောင့် အပြည့်အဝကို ယုံကြည်အားကိုးမိသွားတာ။ ညီအစ်ကိုရှန်က ဒီတစ်ခါလည်း သူ့စွမ်းအားကို ထုတ်ပြပြီးတော့ ငါ့သက်တမ်းကို အားပြန်ဖြည့်ပေးနိုင်တဲ့ အသက်ရှည်ဆေးလုံးတချို့ ရှာတွေ့ရင် သိပ်ကောင်းမှာပဲ ”

“ မင်းတို့တွေ ကျောရိုးရောပါရဲ့လား။ ကျင့်ကြံသူတွေအနေနဲ့ သတ္တိကောင်းပြီး ဆုံးဖြတ်ချက်ပြတ်သားရမှာလေ။ တခြားသူအပေါ် မှီခိုဖို့ပဲ ဘယ်လိုလုပ်တွေးနေကြတာလဲ။ ညီအစ်ကိုရှန် မင်းဘေးမှာ အန္တရာယ်ရှိလာရင် ငါ အတူတူတိုက်ပေးမယ် ”

“ ထွက်သွားစမ်း အရူး … ညီလေးရှန်ဘေးနား ရပ်နိုင်တာ ငါပဲ။ မင်းက ငါ့နေရာ လာခိုးနေတာလား ”

…………...

လူအုပ်ကြား မည်သူမှ နောက်မဆုတ်ကြပေ။ ထွက်သွားသည့် တစ်ဦးတည်းသောသူမှာ အဖြူရောင် နတ်ဧကရာဇ်သာ ဖြစ်၏။ သူ ထွက်သွားခဲ့သည်မှာ လူငယ်များကြား ကပ်မနေချင်၍ ဖြစ်သည်။

သူ့စွမ်းအားဖြင့် ရွှေကျီး နတ်ဧကရာဇ်၏ ဂူဗိမာန်ကို အလွယ်တကူ ရှာတွေ့လိမ့်မည်ဟု ယုံကြည်ထားသည်။

အကယ်၍ သူသာ ထိုအဖွဲ့နှင့် တစ်တွဲတွဲလုပ်နေခဲ့လျှင် သူ့အနေနှင့် ကံအပြောင်းအလဲ အခွင့်အရေးများကို ခွဲပေးရလိမ့်မည်။ ဤသည်မှာ အကြံကောင်း မဟုတ်ချေ။

အကယ်၍ ရှန်ထျန်း တစ်ယောက်တည်းဆိုပါက လိပ်အိုကြီးက နေခဲ့ဖို့ သဘောတူမိလောက်၏။ သို့သော် အပိုဝန်ထုပ်များစွာ ပါနေသည် မဟုတ်ပါလော။

ထားလိုက်ပါတော့ …

အဖြူရောင် နတ်ဧကရာဇ် စောစောစီးစီး ထွက်သွားသည်ကလည်း ကောင်းပေသည်။ မဟုတ်လျှင် သတိမေ့နေသည့် ယွဲ့ယူသဲ့ကို မြင်ပြီး တစစီ ဆွဲဖြဲပစ်လောက်၏။

အဖြူရောင် နတ်ဧကရာဇ်က နယ်မြေငါးခုတွင် အချိန်အကြာကြီး နေထိုင်ခဲ့သူ ဖြစ်ပြီး မည်သူ့လက်ထဲမှ မခံစားခဲ့ရပေ။

သို့သော် ထိုယွဲ့ယူသဲ့က အကြီးကြီး လုပ်ချလိုက်လေပြီ။ သူ့အနေနှင့် ခွင့်လွတ်နိုင်စရာအကြောင်း မရှိပေ။

“ အားလုံး ကျွန်တော်နဲ့ အတူတူ ဆက်သွားဖို့ ဆုံးဖြတ်လိုက်ကြပြီလား ”

ရှန်ထျန်းက အဖွဲ့၏ အကြောက်အလန့်မရှိမှုကြောင့် အနည်းငယ် အံ့အားသင့်နေမိသည်။

ဒီပါရမီရှင်တွေက ဒီလောက်တောင် သတ္တိကောင်းကြတယ်လား …

ဆုတ်ယုတ်မှုကို မကြုံတွေ့ဖူးသည့် သူများက အကြောက်တရားမရှိသည်မှာ အမှန်ဖြစ်လောက်မည်။

နှစ်ဆယ်ချီအောင် ကံဆိုးသူများနှင့် မတူပေ။ သတိထားခြင်းက သူတို့အရိုးထဲ စွဲငြိနေလေပြီ။

“ အာ ”

ထိုစဉ် သတိမေ့မြောနေသည့် တာအိုကိုယ်တော် ဖက်တီးက ဖြည်းဖြည်းချင်း နိုးလာသည်။ သူ့မျက်ဝန်းများက ခဏတာ ဝေဝါးနေပြီးနောက် ချက်ချင်း အသိဝင်လာသည်။

“ ငါ ဘယ်ရောက်နေတာလဲ။ မင်းတို့က ဘယ်သူလဲ။ ငါ့ရတနာတွေကို ခိုးလိုက်ကြတာလား ”

ယွဲ့ယူသဲ့က သူ့အိတ်ကပ်များကို အမြန်အဆန် စမ်းကြည့်လိုက်သည်။ သူ ကောင်းကောင်း လျို့ဝှက်ထားသည့် သိုလှောင်လက်စွပ် ရှိနေသေးသည်ကို သိပြီးမှ သက်ပြင်းချလိုက်မိသည်။

ထို့နောက် သူက ပစ္စည်းများ၊ ဆေးလုံးများနှင့် ရတနာများကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူ့မျက်နှာအထက် သတိထားမှုလည်း ပျောက်ကွယ်သွားလေသည်။

“ အစ်ကိုကြီး စိတ်မပူပါနဲ့။ ဘယ်သူမှ အစ်ကိုကြီးရတနာတွေကို မထိထားပါဘူး ”

ကျန်းယွင်ထင်က ပြုံးရယ်ကာ  “ အစ်ကိုကြီးက မကောင်းဆိုးဝါး တိုက်ခိုက်ခံရပြီးတော့ သတိမေ့သွားတာ။ ကံကောင်းတာက အစ်ကိုကြီးကို ဂိုဏ်းတူညီလေးရှန်က အချိန်မီတွေ့ပြီးတော့ ကယ်ပေးလိုက်နိုင်လို့ ”

ငါက မကောင်းဆိုးဝါး တိုက်ခိုက်ခံရပြီးတော့ သတိမေ့သွားတာလား …

အာ … ငါ ဘာလို့ မမှတ်မိပါ့လိမ့်  … ဒါပေမဲ့ ငါ့ဆီ ဒဏ်ရာပြင်းပြင်း မရှိဘူး။ အဖိုးတန်ပစ္စည်းလည်း မပျောက်ဘူးဆိုတော့ ကံကောင်းတာပဲ

ဒါပေမဲ့ ငါ့ခေါင်းက တစ်ယောက်ယောက် အရိုက်ခံထားရသလိုမျိုး မကြည်မလင် ဖြစ်နေသလိုပဲ … ငါ ခေါင်းရိုက်ခံရပြီး မှတ်ဉာဏ်ပျောက်သွားတာလား

ယွဲ့ယူသဲ့က အံ့ဖွယ်မိုးကောင်းကင်၏ ပါရမီရှင် တပည့်သုံးဦး ဖြစ်သည့် ဖန်ချန်း၊ ကျန်းယွင်ထင်နှင့် ကျန်းယွင်ရှီးတို့ကို ကြည့်လိုက်မိသည်။ သူက သူတို့ကို အရင်ကတည်းက သိထား၏။

ထိုသုံးယောက်ကြား  သူ့ဆရာ၏ အဖိုးတန် သားနှင့် သမီးလည်း ပါဝင်နေသည် မဟုတ်ပါလော။

လုံယွမ်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် ရှန်ထျန်းကို ကြည့်ကာ ယွဲ့ယူသဲ့တစ်ယောက် စိတ်ရှုပ်သွားဟန်ပေါ်သည်။

လုံယွမ်ချပ်ဝတ်က ဆရာ ငယ်ငယ်တုန်းက ဝတ်ခဲ့တဲ့ အားအကောင်းဆုံး ချပ်ဝတ်လေ …

ယခင်မျိုးဆက် ကိုးဆက်လုံးမှ သူတော်စင်များသည် ဤလုံယွမ်ချပ်ဝတ် အမွေရဖို့ မထိုက်တန်ခဲ့ကြပေ။

ဤချပ်ဝတ်ကို အမွေရထားသည့်အတွက် ဤလူကို ဆရာက အတော်လေး အလေးပေးထားသည်မှာ သိသာလှသည်။ မမျှော်လင့်ထားသည့်အရာ ဖြစ်မလာသရွေ့ သူသည် သေချာပေါက် နောက်ဂိုဏ်းချုပ် ဖြစ်လာပေမည်။

ချပ်ဝတ် ဝတ်ဆင်ထားသည့် ထူးထူးဆန်းဆန်း အမျိုးသားက ဆရာ သတ်မှတ်ထားသည့် နောက်ဆုံးသူတော်စင် ရှန်ထျန်းသာ ဖြစ်ရမည်။

ပြဿနာက ငါ ဒီလူကို တစ်ခါမှ မတွေ့ဖူးနေမှန်း သိပေမဲ့ ဘာလို့ ရင်းရင်းနှီးနှီး ခံစားမိနေပါလိမ့် … ငါတို့ တော်စပ်မှုများ ရှိနေတာလား …

ဆရာဆီက ကြားထားသလောက် ဒီကောင်လေးက နယ်မြေငါးခုမှာ အလျို့ဝှက်ဆုံးနဲ့ အနက်ရှိုင်းဆုံး အလားအလာတွေ ပိုင်ဆိုင်ထားတယ်တဲ့ … သူ ထွက်ပေါ်လာမှုက နဂါးတွေ ကောင်းကင်ယံ ပျံတက်သွားစေပြီး ဟိန်းသံက စကြဝဠာကိုတောင် ပဲ့တင်ရိုက်သွားနိုင်တယ်။ သူ့ကံကြမ္မာနဲ့ ကံတရားက အဆုံးအစမဲ့တယ် …

နောင်ကျရင် သူက နတ်ဧကရာဇ် ဖြစ်လာနိုင်တယ် … သူနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ထားရမယ်။ နောင်ကျရင် ငါ သူ့စွမ်းအားနဲ့ အဆင့်အတန်းကို ကပ်သုံးနိုင်လိမ့်မယ် …

ယွဲ့ယူသဲ့က ထိုအတွေးဖြင့် ပြုံးလိုက်မိသည်။

သူက ပြောလိုက်သည်

“ စွမ်းအားကြီး ညီလေးက ငါ့အသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးပါ။ မင်းကို ဘယ်တော့မှ ပြန်ပေးဆပ်နိုင်မှာ မဟုတ်တော့ဘူး။ နောင်တချိန် အခွင့်အရေးရလာရင် စကားပြောကြတာပေါ့။ မင်းဆီ ငါ့ကျင့်စဉ်နဲ့ ပညာရပ်တွေကို လက်ဆင့်ကမ်းပေးမယ် ”

ကျင့်စဉ်နဲ့ ပညာရပ်တွေတဲ့လား …

ရှန်ထျန်း၏ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားတော့သည်။

ဂူဗိမာန်ထဲက အငြိုးကြီးဝိညာဉ်တွေ လိုက်ဖမ်းတာခံရတဲ့ ပညာရပ်မျိုးလား …

အဲလိုပညာရပ်မျိုးကို ကိုယ့်ဘာသာပဲ သိမ်းထားလိုက်ပါဗျာ … ကျွန်တော် လုံးလုံး စိတ်မဝင်စားပါဘူး .. အဲဒီအစား ဆရာအတင်းပြောရတာက ပိုစိတ်ဝင်စားဖို့ ကောင်းသေးတယ်

လခွမ်း ငါ မေးဖို့ မေ့သွားတယ် … နှမြောစရာပဲ

ထားလိုက်ပါတော့ … ဒီနေရာက ကံအပြောင်းအလဲ အခွင့်အရေးအားလုံးကို ငါ့အဖွဲ့နဲ့ သွားယူပြီးရင် မြန်မြန် ထွက်သွားရမယ်

ရှန်ထျန်းက အချိန်ဆက်မဖြုန်းလိုတော့ပေ။ သူက အားလုံး၏ ခေါင်းအထက်ရှိ ပုံရိပ်များကို တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်လုံးအသာမှိတ်ထားလိုက်သည်။

သူ့အဖြူရောင် ဝတ်ရုံက မှိန်ဖျဖျ တောက်ပနေပြီး လေမတိုက်သော်လည်း တလွှင့်လွှင့် ဖြစ်နေသည်။ သူ့ဆံပင်ရှည်ရှည်များလည်း လွှင့်မျှောနေပြီး သူ့ခပ်ချောချော ရုပ်ရည်အား  ပို၍ ထူးခြားလာစေသည်။

ရှန်ထျန်းနှင့် တွေ့တာ မကြာသေးသည့် မင်းသမီးလင်းလုံပင် ထိုမြင်ကွင်းကို ကြည့်ရင်း နှလုံးခုန်နှုန်းကို ထိန်းလို့မရပေ။

ဒါက … နှလုံးသားကို လှုပ်ကိုင်လိုက်တာမျိုး ဆိုတာလား …

အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားပြီးနောက် ရှန်ထျန်းက မျက်လုံးပြန်ဖွင့်လာသည်။

သူက အရှေ့စူးစူးကို တစ်ချက်ကြည့်လိုက်ပြီးနောက်  “ အဲဒီနေရာမှာ ကံအပြောင်းအလဲ အခွင့်အရေး ရှိနေတယ်လို့ ခံစားမိနေတယ် ”

အရှေ့ဘက်လား … ကံအပြောင်းအလဲ အခွင့်အရေးရှိနေတာတဲ့လား

ယွဲ့ယူသဲ့က ကြောင်အမ်းသွားလေသည်။

ဂိုဏ်းတူညီလေးက ကံအပြောင်းအလဲ အခွင့်အရေးတွေကို ဒီလိုမျိုး လွယ်လွယ်ရှာနိုင်တာလား …

သူ့မျက်လုံးကို မှိတ်လိုက်ပြီးတော့ ကံအပြောင်းအလဲ အခွင့်အရေးကို အလိုလိုသိစိတ်တစ်ခုတည်းနဲ့ ရှာနိုင်တာလား … အဲလိုဆို ငါ နှစ်ရာချီ သင်္ချိုင်းဖောက်လာတာက ဟာသကြီးလား

ယွဲ့ယူသဲ့က ပြန်လည်ချေပတော့မည့်ဆဲဆဲတွင် အားလုံး၏ မျက်နှာပေါ်မှ အမူအယာများကို မြင်တွေ့ပြီးနောက် မျိုသိပ်ထားလိုက်ရ၏။

ထားလိုက်ပါတော့ … ဂိုဏ်းတူညီလေး တကယ်ကောင်းလား ကြည့်ရတာပေါ့။ တကယ်လို့ အမှန်ဆိုရင် ငါ့တစ်ဘဝလုံး သူ့ဆီ ကပ်နေမယ်။ အတုဆိုရင် သူ့ကို ဇာတ်ပို့အဖြစ် အဆင့်လျော့ပစ်မယ်

ဟားဟား ဒီရှေးဟောင်းဂူဗိမာန်ထဲမှာ လိုချင်တာရဖို့ ကံတစ်ခုတည်းပေါ်ပဲ မှီခိုလို့ရတယ်လို့ ငါတော မယုံဘူး … တကယ်ကို ယုတ္တိမရှိဘူး

ဒီဂူဗိမာန်နှင့် ပတ်သတ်ပြီး တစ်ခုခုမှားနေတယ်ဆိုတာကို မပြောနဲ့ဦး … ဂိုဏ်းတူညီလေးက အငြိုးကြီး ရွှေကျီးဝိညာဉ်နဲ့တောင် တွေ့ခဲ့သေးတာဆို

ငါတို့တွေ ကံအပြောင်းအလဲ မဟုတ်ဘဲ အငြိုးကြီး ဝိညာဉ်နဲ့ တွေ့နိုင်ခြေ ရှိနေတာပဲ … အရင်ဆုံး ပို့ဆောင်ဆက်သွယ်ရေး အစီအရင် ခင်းကျင်းထားရမယ် … ဘေးကင်းဖို့က ဦးစားပေးပဲ

....................

အဖွဲ့က ရှန်ထျန်းနောက်လိုက်လာကြသည်။ သူတို့တွေ မှောင်မည်းနေသည့် လှိုဏ်ခေါင်းများစွာကို ဖြတ်ပြီးနောက် နံရံပေါ်ရှိ သင်္ကေတများကို နှိုးဆွမိသလို ဖြစ်သွားကာ မီးတောက်ရွှေကျီးများ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ သို့သော်လည်း အဖွဲ့က ချောချောမွေ့မွေ့ ဖြေရှင်းလိုက်ပြီးနောက် ထိုမီးတောက်ရွှေကျီးများကို သူတို့အကျိုးအတွက် အသုံးချလိုက်ကြသည်။ မည်သူကမှ မထိခိုက်ကြပေ။

သူတို့ မိုင်ထောင်ချီ ဖြတ်သန်းလာပြီးနောက် လမ်းဆုံများကို တွေ့လာရသည်။ သူတို့က ဝင်္ကပါထဲ ရောက်နေသလိုမျိုး ဖြစ်နေသည်။ အကယ်၍ သူတို့သာ ရှန်ထျန်း၏ ကံကြမ္မာအပေါ် ခိုင်ခိုင်မာမာ မယုံကြည်ကြလျှင် အဖွဲ့က လမ်းပျောက်နေပြီလားဟု သံသယဝင်လာမိလောက်၏။

“ ညီလေးရေ ငါတို့ ပြန်သွားသင့်ပြီမလား ”

တာအိုကိုယ်တော် ဖက်တီးက နှုတ်ခမ်းတင်းတင်း စေ့ထားလိုက်သည်။ သူက အခု ထုတ်ပြောနိုင်လေပြီ။ ဒီညီလေးက ကျင့်ကြံရေး ပါရမီထူးချွန်သော်လည်း ရတနာရှာရာ၌ လူသစ်လေးမျှသာ ရှိနေသေး၏။

ရှန်ထျန်းက ပတ်လည်သွားနေသည်မှာ ကြာမြင့်လှလေပြီ။ အလကား အားစိုက်နေရသလို ဖြစ်နေသည်။

သူတို့က ဝင်္ကပါအတွင်း လမ်းပျောက်နေကြလေပြီ။

သူတို့က မိုင်ထောင်ချီ လျှောက်လာခဲ့ရဟန်ပေါ်သော်လည်း တကယ်တော့ ဝိုင်းပတ်ကာ လျှောက်နေခြင်း ဖြစ်၏။

ယွဲ့ယူသဲ့က ထိုအတိုင်း ဆက်မနေနိုင်တော့ပေ။ သူက ရတနာရှာဖို့ ရောက်လာခြင်း ဖြစ်ကာ ဝိတ်လျော့ဖို့အတွက် မဟုတ်ပေ။

ငါစွမ်းရည် ထုတ်ပြရတော့မဲ့အချိန်ပဲ … ကလေးတွေ ကောင်းကောင်းကြည့်ထားကြ …

ရှန်ထျန်းက နောက်ဆုံးလမ်းဆုံရှေ့၌ ရပ်လိုက်သည်။ သူက ပြုံးကာ  “ စိတ်မပူပါနဲ့ … ကျွန်တော်တို့ ရောက်ပြီ ”

ထိုသို့ပြောပြီးနောက် ရှန်ထျန်းက အလယ်လမ်းထဲ ခြေချလိုက်သည်။

လမ်းကြောင်းအားလုံးက ချက်ချင်း လင်းလက်လာကာ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားလေ၏။

အားလုံးရှေ့မှောက် အထွတ်အထိပ်အဆင့် မီးဓာတ်ဝိညာဉ် ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် တံခါးတစ်ချပ် ထွက်ပေါ်လာသည်။ ဤသည်မှာ အရမ်းလှပသည်။

တံခါးဖြည်းဖြည်းချင်း ပွင့်လာပြီးနောက် ဆေးဥယျာဉ်တစ်ခု ပေါ်ထွက်လာသည်။ ဆေးပင်အနံ့သင်းသင်းလေးက လေထဲ ပျံ့နှံ့နေလေ၏။

ဤသည်မှာ ကမ္ဘာငယ်လေးသပ်သပ် ဖြစ်နေကြောင်း သိသာလှသည်။ ထာဝရဘုံဗိမာန်ကျွန်းတစ်ခုလုံး၌ အဖိုးတန်ဆုံး လျို့ဝှက်နေရာတစ်ခုလည်း ဖြစ်သည်။

ဤသည်က ရွှေကျီး နတ်ဧကရာဇ်၏ ကိုယ်ပိုင် ဆေးဥယျာဉ် ဖြစ်၏။

All Chapters