← Chapters

ပုန်းကွယ်နေလို့ အလကားပဲ

Vol. 26 Ch. 377

ပုန်းကွယ်နေလို့ အလကားပဲ

Vol. 26 Ch. 377

အခန်း (၃၇၇)  :  ပုန်းကွယ်နေလို့ အလကားပဲ

မည်သို့ပင်ဆိုစေကာမူ နတ်ဧကရာဇ်တစ်ယောက်၏ ဆေးဥယျာဉ်သည် အလွန်အဖိုးတန်လှသည်။

သူတို့ အထက်ဘုံ မတက်လှမ်းခင် အဖိုးတန်ဆေးပင်များကို ယူဆောင်သွားခဲ့ကြသော်လည်း ကျန်ရစ်ခဲ့သော သာမန်ဆေးပင်များက နှစ်ပေါင်းမြောက်များစွာ ကြာမြင့်ပြီးသည့်နောက်တွင် အဖိုးတန်လာသည်။

အများစုက သိပ်ကြာရှည်မခံကြပေ။ သို့သော်လည်း သူတို့ ခြောက်သွေ့သွားပြီးနောက် မြေကြီးအတွက် အာဟာရဓာတ် ဖြစ်လာသည်။

မြေကြီးမှ ထွက်လာသော နောက်ပိုင်းအစေ့များက ကြီးထွားလာဖို့ အာဟာရကောင်းကောင်း ရလာကာ အထွတ်အထိပ်အဆင့် ဆေးပင်များ ဖြစ်လာကြသည်။ တစ်ခါတစ်ရံ ဝိဇ္ဇာအဆင့် ဆေးပင်များပင် ဖြစ်လာတတ်ကြသေး၏။

နတ်ဧကရာဇ်အများစုက ဝိဇ္ဇာဆေးပင်အားလုံးကို ယူဆောင်သွားခြင်းမျိုး မရှိကြပေ။ တချို့ဆေးပင်များက သူတို့စွမ်းအားမြင့်တင်ဖို့အတွက် အသုံးမဝင်တာမျိုး ဖြစ်တတ်သောကြောင့် အခြားလူများအတွက် ကံအပြောင်းအလဲ အခွင့်အရေးအနေနှင့် ချန်ထားခဲ့ကြသည်။ နှစ်တစ်သိန်းလောက် ကြီးထွားလာပြီးနောက် ထိုဆေးပင်များက အင်မတန် အားကောင်းကာ အသုံးဝင်လာကြသည်။

အကယ်၍ နတ်ဧကရာဇ်က ဆေးဥယျာဉ်ထဲ ဆေးပင်များ အသိဉာဏ်ရလာဖို့ ကန့်သတ်ရေးမထားထားခဲ့လျှင် သူတို့က နတ်ဆိုးအပင်များ ဖြစ်လာကြမည်။ ထိုအထွတ်အထိပ်အဆင့် ဆေးပင်များကြား နတ်ဆိုးအသျှင် အဖွဲ့ မွေးဖွားလာဖို့ အလွန်လွယ်ကူလှသည်။

ဝိဇ္ဇာနတ်ဆိုးပင် ဖြစ်လာနိုင်၏။

ထိုအထွတ်အထိပ်အဆင့် ဆေးပင်များက ယခုအခါ ရှန်ထျန်း အပိုင် ဖြစ်သွားလေပြီ။

…………...

ထိုဆေးဥယျာဉ်ကို မြင်ပြီးနောက် ယွဲ့ယူသဲ့၏ မျက်လုံးများ ပြူးကျယ်လာသည်။

သေစမ်း သေစမ်း …

ဒါက ဘာကြီးလဲ … ကံကောင်းတာ ဟုတ်တယ်မလား

သူက ဒီအတိုင်း လျှောက်ပြေးနေရင်းနဲ့ ဆေးဥယျာဉ် ရှာတွေ့သွားတာလား …

ထာဝရဘုံဗိမာန်ကျွန်းက ရွှေကျီး နတ်ဧကရာဇ်၏ လေ့ကျင့်ရေး နေရာ ဖြစ်တာကြောင့် ကံအပြောင်းအလဲ အခွင့်အရေးများစွာ ရှိနေပေသည်။ သူ့ဂူဗိမာန်ထဲ၌ ပိုတောင် များပေဦးမည်။

သို့သော်လည်း ဆေးဥယျာဉ်က အကောင်းဆုံး ကံအပြောင်းအလဲ အခွင့်အရေးထဲမှ တစ်ခု ဖြစ်၏။

နယ်မြေငါးခုအတွင်း တွေ့ထားသည့် နတ်ဧကရာဇ်၏ ဂူဗိမာန်အများစုကို စူးစမ်းရှာဖွေဆဲ ဖြစ်၏။ နှစ်တစ်သောင်းကြာမြင့်ပြီးသည့်နာက်မှသာ  ရှာတွေ့နိုင်ဖို့ ရာခိုင်နှုန်းအနည်းငယ်သာ ရှိသည်။

ဆေးဥယျာဉ်၊ ဆေးခန်းမနှင့် ရတနာခန်းတို့လို အရေးပါသည့် နေရာများကား ရှာလို့ပင် မတွေ့ကြပေ။

ရှန်ထျန်းက ရွှေကျီး နတ်ဧကရာဇ်၏ ဂူဗိမာန်ထဲ ဝင်လာတာ တစ်ရက်တာမျှသာ ရှိသေးသော်လည်း ဤဆေးဥယျာဉ်ကို ရှာတွေ့သွားလေပြီ။ သူက တကယ်ကို ကောင်းချီးပေးခံထားရ၏။

ယွဲ့ယူသဲ့၏ တွက်ချက်မှုအရ ထိုပစ္စည်းကောင်းများရရှိဖို့ နှစ်ငါးရာလောက် ဂူဖောက်ဖို့ လိုအပ်ပေမည်။

ခဏ … နှစ် ၈၀၀ တောင် ဖြစ်သွားနိုင်တယ်

မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်မှ လာသော မင်းသမီးလင်းလုံက ရှန်ထျန်းအား တလေးတစား ကြည့်လိုက်မိသည်။

အလယ်ပိုင်းကုန်းမြေများက နယ်မြေငါးခုအနက် ဝိညာဉ်ချီ အသိပ်သည်းဆုံး ဖြစ်ကာ နတ်ဧကရာဇ် အများစု၏ ဂူဗိမာန်များ ရှိပေသည်။

မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည် တစ်ခုတည်းဖြင့် ဂူဗိမာန်သုံးခု ရှာတွေ့ထား၏။ သူတို့က နယ်မြေ ပညာရှင်များ ဖိတ်ခေါ်ကာ ဆောင်ရွက်ခဲ့သော်လည်း ရလဒ်ကား အကန့်အသတ်ရှိနေဆဲ ဖြစ်သည်။ ပြောရလျှင် သာမန်ကျင့်ကြံသူတစ်ဦးအတွက် နတ်ဧကရာဇ်၏ အတွေးများကို နားလည်ဖို့ ခက်ခဲသည် မဟုတ်ပါလော။

အစကတည်းက ကံစပ်သူများသာ နတ်ဧကရာဇ်၏ ဂူဗိမာန်အတွင်း ကံအပြောင်းအလဲ အခွင့်အရေး ကြီးကြီးမားမားကို ရှာတွေ့တတ်ကြသည်။ မဟုတ်ပါက ထိုသူက ကံကြမ္မာသားတော် ဖြစ်လိမ့်မည်။

တကယ်လို့ ငါသာ မမှားရင် သူတော်စင်ရှန်ထျန်းက သူတို့ထဲက တစ်ယောက်ပဲ … အဖေက ငါ ရှန်ထျန်းနဲ့ လက်ထပ်ရမယ်ဆိုရင်တောင် သူနဲ့ ရင်းနှီးခိုင်းနေတာ မဆန်းတော့ဘူး

အဖေ ပြောတာ မှန်နေတာပဲ …

……………

ထိုဆေးဥယျာဉ်ကို မြင်ပြီးနောက် တစ်ယောက်ချင်းစီက အတွေးကိုယ်စီ ရှိနေကြသော်လည်း ရှန်ထျန်းက ပြုံးရုံသာ ပြုံးလိုက်သည်။

သူက အေးအေးဆေးဆေး ပြောလိုက်၏

“ ဒီဆေးဥယျာဉ်ထဲက အပင်အများစုက နှစ်တစ်သိန်းသက်တမ်းလောက် ရှိပြီ။ သူတို့က လူသားအသွင် မပြောင်းနိုင်ကြပေမဲ့ အန္တရာယ်ကို ရှောင်ရှားဖို့ အလိုလိုသိစိတ်တော့ ရှိလာကြပြီ။ အပင်အများစုက လှုပ်ရှားနိုင်တယ်။ ကြမ်းတမ်းတယ်ဆိုတော့ ခူးဆွတ်တဲ့အခါ ဂရုစိုက်ကြပါ ”

ဝုန်း …

ရှန်ထျန်း စကားအဆုံးတွင် တစ်ယောက်ယောက် လွှင့်စင်လာသည်။

ယွဲ့ယူသဲ့က နေမင်းမီးတောက်မြက်ပင်ကို ခူးဖို့ ကြိုးစားလိုက်သော်လည်း ထိုအရာက သူ့အား မီးမှုတ်လိုက်လေသည်။ သူ့တစ်ကိုယ်လုံး မီးစွဲသွားလေ၏။

ဤဝိဇ္ဇာဆေးပင်၏ တိုက်ခိုက်စွမ်းက ကောင်းကင်အသျှင်နှင့်ပင် ယှဉ်နိုင်လေသည်။ ဤသို့သော ပတ်ဝန်းကျင်မျိုး၌ ဆေးပင်က ပို၍ အားကောင်းလောက်သည်။

ထိုအရာကား သာမန်ကျင့်ကြံသူများအတွက် သေချာပေါက် မဟုတ်ချေ။

အကယ်၍ သူတို့သာ အသွင်ပြောင်းလဲနိုင်လျှင် နတ်ဆိုးအသျှင် ဖြစ်လာနိုင်သည်။

“ သေစမ်း … မင်း ဘာလုပ်လိုက်လဲဆိုတာ ကြည့်စမ်း ”

ယွဲ့ယူသဲ့က မြေပြင်ပေါ် ဆက်တိုက် လူးလိမ့်နေသည်။ သူက ဝိညာဉ်ရေစင်ဖြင့် မီးများကို ငြိမ်းသတ်လိုက်သော်လည်း နာကျင်မှု ခံစားနေရဆဲ ဖြစ်သည်။ သူ့ဝတ်ရုံမှာ မီးလောင်ကျွမ်းသွားသောကြောင့် အောက်ခံသာ ကျန်ရှိတော့သည်။

ယွဲ့ယူသဲ့က ဒေါသတကြီး ဖြစ်လာကာ သူ့ကြေးနီခေါင်းလောင်းလေးကို ထုတ်ပြီး နေမင်းမီးတောက်မြက်ပင်ဆီ ပစ်လွှတ်လိုက်သည်။

ဝုန်း …

ခေါင်းလောင်း မြည်လာပြီး သံဇဉ်များ ထွက်ပေါ်လာသည်။ သံဇဉ်တို့က ပစ်မှတ်အား နေရာမှာ ပိတ်လှောင်ထားနိုင်စွမ်း ရှိပုံပေါ်သည်။

ရှန်ထျန်းက စိတ်ဝင်တစားဖြင့် ကြည့်လိုက်မိ၏။ အမှန်အတိုင်းပြောရလျှင် ယွဲ့ယူသဲ့၏ ခေါင်းလောင်းလေးက အတော်လေး အားကောင်းလှသည်။ ဤသည်မှာ အထွတ်အထိပ်အဆင့် ဝိဇ္ဇာလက်နက်ထဲမှ တစ်ခု ဖြစ်ပြီး ထာဝရတပိုင်းအဆင့် လက်နက် ဖြစ်သည်။

သံဇဉ်များ ပေါင်းစပ်သွားသည့်အခါ ဆန်းကြယ်အစီအရင်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုအရာက ရှန်ထျန်းကို ကိုယ်ပွား မသုံးနိုင်အောင် ကန့်သတ်ထားနိုင်သည်။

ထိုအရာ၏ အလုပ်လုပ်ပုံကို နားလည်လာလျှင် အတော်လေး အကျိုးထူးပေမည်။

ဝုန်း …

ခေါင်းလောင်းက ကြီးမားလာကာ နေမင်းမီးတောက်မြက်ပင်ဆီ အလင်းတန်းများ ဝိုင်းလာသည်။ ထိုအရာက မြက်ပင်လေးအား ဖြည်းဖြည်းချင်း ဖမ်းယူလိုက်လေ၏။

သို့သော်လည်း နေမင်းမီးတောက်မြက်ပင်က အရှုံးမပေးပေ။

ဆေးဥယျာဉ်၏ သီးသန့်နယ်မြေကြောင့် မြက်ပင်ရှိ မီးတောက်များက  ပိုအားကောင်းလာကာ အစီအရင်အား  အပေါက်ဖြစ်အောင် လောင်ကျွမ်းစေလိုက်ပြီးနောက် ထွက်ပြေးသွားလေသည်။

ထို့နောက် မြေကြီးထဲ လျိုးဝင်ကာ ပျောက်ကွယ်သွားတော့သည်။

ခေါင်းလောင်းက မြေကြီးပေါ် ရိုက်ခတ်လိုက်သော်လည်း အခြားမြက်ပင်များသာ ဖမ်းဆုပ်မိလိုက်သည်။

နေမင်းမီးတောက်မြက်ပင်လေးက အောင်အောင်မြင်မြင် လွတ်မြောက်သွားပြီး နတ်ဘုရားအသိစိတ်နှင့်ပင် ခြေရာမခံနိုင်တော့ချေ။

“ သေစမ်း … မိတော့မှာကို ” ယွဲ့ယူသဲ့က မြေကြီးပေါ် ဒေါသတကြီး ခြေဆောင့်လိုက်သည်  “ အဲဒါ နှစ်တစ်သိန်း ဝိဇ္ဇာဆေးပင်လေ။ ဒီဟာလေးကိုက တော်တော်တန်နေပြီ။ ငါ ဘယ်လိုများ ထွက်ပြေးစေလိုက်ပါ့လိမ့် ”

ဆုံးရှုံးမှုအကြီးကြီး ဖြစ်၏။

……………....

ယွဲ့ယူသဲ့အား ပို၍ ရူးသွပ်စေသည်မှာ အခြားဆေးပင်များက ထိုအခြေအနေကြောင့် နိုးထလာခြင်း ဖြစ်၏။ သူတို့၏ စွမ်းအားကို ခံစားမိပြီးနောက် အဖိုးတန်ဆေးပင်များစွာက ချက်ချင်း မြေလျိုးကာ ထွက်ပြေးကုန်ကြသည်။

“ အားလုံး ထွက်မပြေးခင် ယူနိုင်သလောက် ယူထားကြ ” မင်းသမီးလင်းလုံက သတိပေးလိုက်သည်  “ ဒီဆေးပင်တွေက အရမ်းဉာဏ်မကောင်းပေမဲ့ သူတို့က မြေလျိုးတာ ကျွမ်းကျင်တယ်။ သူတို့ မြေအောက်ထဲ ရောက်သွားတာနဲ့ ငါတို့ ဘာမှလုပ်မရဘူး ”

ထို့နောက် သူမက ရှန်ထျန်းအား ကြည့်လိုက်သည်။

သူမက ရှန်ထျန်းတစ်ယောက် ဤအခြေအနေကို မည်သို့ကိုင်တွယ်ဖြေရှင်းမည်ကို သိချင်နေမိသည်။

အကယ်၍ သူ့တွင် ကံကြမ္မာကောင်းရှိလျှင်ပင် ထိုဆေးပင်အားလုံးကို ရနိုင်မည့် နည်းလမ်း မရှိလောက်ပေ။ အကယ်၍ သူသာ မြန်မြန် မလှုပ်ရှားလျှင် အဖိုးတန်ဆုံး ဝိဇ္ဇာဆေးပင်များက ထွက်ပြေးကြတော့မည်။

ရှန်ထျန်းက ပြုံးကာ  “ အားလုံး တတ်နိုင်သလောက် ကောင်းကောင်းခူးကြ … ကျွန်တော်က ထွက်ပြေးသွားတာတွေကို ဖြေရှင်းလိုက်မယ် ”

ထို့နောက် ရှန်ထျန်း၏ ခန္ဓာကိုယ်မှ အစိမ်းရောင်အလင်းများ ထွက်လာသည်။ သူ့ဆံပင်လည်း အစိမ်းရောင် ပြောင်းသွားပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်တွင် အံ့ဖွယ်ဝါးမျိုနွယ်ပင်များ ပေါ်ထွက်လာသည်။

ဝှီး …

မြေကြီး တုန်ခါသွားကာ ရှန်ထျန်းက အားလုံးရှေ့မှ ပျောက်ကွယ်သွားလေသည်။

နောက်စက္ကန့်ပိုင်းလေး၌ ဆေးဥယျာဉ်၏ မြေကြီးက တစ်ယောက်ယောက် မြေအောက်တိုက်ပွဲ ဖြစ်နေသည့်အလား ပြင်းပြင်းထန်ထန် တုန်ခါလာသည်။

All Chapters