← Chapters

အခန်း (၅၁၆)

Vol. 35 Ch. 516

အခန်း (၅၁၆)

Vol. 35 Ch. 516

သို့ပေမည့် ယုတ်မာသည့် ရှမ့်လန်က ဒုတိယမောင်းသံ ထွက်ပေါ်လာသည်အထိ စောင့်နေမည် မဟုတ်ပေ။ ဒုတိယမောင်းသံ ထွက်ပေါ်လာရန် ငါးစက္ကန့်အလို၊ လေးစက္ကန့်၊ သုံးစက္ကန့်၊ ထိုအခိုက်အတန့်မှာပဲ နွေဦးလေပြည် တစ်ချက်က တိုက်ခတ်ပြီး ဖုန်မှုန်များက လွင့်ပါးလာခဲ့၏။ ထိုအခိုက်အတန့်မှာပင် ရှမ့်လန်က ဓားပေါ်တွင် ရှိနေသည့် ခလုတ်တစ်ခုကို နှိပ်လိုက်၏။

မည်သည့်အသံမှ မထွက်ဘဲ ဓာတ်ငွေ့တစ်ခုက ရုတ်တရက် ပန်းထွက်လာခဲ့၏။ ထိုအရာက အရောင် မရှိဘဲ ကြည်လင်နေ၏။ မြင်လည်း မမြင်နိုင်သလို ထိုအရာကို ခံစား၍လည်း မရနိုင်ချေ။ ထိုအရာက ဘာဖြစ်သနည်း။

ရှမ့်လန်၏ လျှို့ဝှက်လက်နက်က ရွှယ်ရင်ခန္ဓာကိုယ်ထဲမှ အာရုံကြောအဆိပ်ပင် ဖြစ်၏။ ဤသည်က သူ့ကို အနိုင်ပိုင်းနိုင်မည့် နောက်ဆုံးတိုက်ကွက်ပင် ဖြစ်၏။ စေတီတောင်၏ ကူပိုးကောင်များမှ ထုတ်လုပ်သော အာရုံကြောအဆိပ်ပင်။

မဟာပညာရှင်တစ်ယောက်ဖြစ်သည့် ရွှယ်ရင်ပင်လျှင် ထိုအရာကို မခုခံနိုင်ခဲ့ချေ။ ကျုံးရှစ်ရှစ် ဆိုသည်မှာ ပြောနေစရာပင် မလိုတော့ချေ။ အသက်အောင့်ထားရုံနှင့် ရမည်ထင်သည်လား။ သူမ၏ အရေပြားပေါ်မှ တိုက်ရိုက်ထိတွေ့မိသည်ဆိုလျှင်ပင် သို့မဟုတ် နှာခေါင်းပေါက်များဆီမှ တိုးဝင်သွားမိသည် ဆိုလျှင် ကျိန်းသေပေါက် လေဖြတ်သွားရန် လုံလောက်၏။

ရှမ့်လန်က ကူပိုးကောင်ကို ရေမတွက်နိုင်အောင် မွေးမြူထားခဲ့ပြီး ထိုအရာများထဲမှ အနည်းငယ်ကိုသာ ထုတ်ယူလာခဲ့ခြင်း ဖြစ်၏။ ဤအာရုံကြောအဆိပ်က ရွှေပမာဏများစွာထက်ပင် ပိုမိုကာ တန်ဖိုးကြီး၏။ ဤအချိန်မှာတော့ ရှမ့်လန်က ထိုအာရုံကြောအဆိပ်ကို အီသိုင်းဓာတ်ငွေ့နှင့်ထဲတွင် ရောစပ်ခဲ့၏။ ခန့်မှန်းခြေမှာ မီလီမီတာ ဝ.၁ နီးပါးခန့်ပင်။

အီသိုင်းက အငွေ့ပျံလွယ်၏။ ရှမ့်လန်က ထိုအရာကို သူ၏ဓားအကန့်လေးတစ်ခုထဲတွင် ဖိနှိပ်ထားခဲ့ပြီး ချက်ချင်းဆိုသလိုပဲ ခလုတ်နှိပ်ကာ ပစ်လွှတ်ခဲ့၏။

ကျုံးရှစ်ရှစ်၏ ခေါင်းအစခြေအဆုံးကို ပတ်ဖြန်းသွားခဲ့၏။ ကျုံးရှစ်ရှစ်က ချက်ချင်း ချိုအေးသော အနံ့သင်းသင်းတစ်ခုကို ရရှိလိုက်၏။ ချက်ချင်းပဲ အသက် အောင့်လိုက်သည်။

ထိုအချိန်မှာပဲ ဒုတိယမောင်းသံ ထွက်ပေါ်လာ၏။ တိုက်ပွဲက တရားဝင် စတင်ပြီ ဖြစ်၏။ ကျုံးရှစ်ရှစ်က အော်ဟစ်လိုက်၏။ “သေစမ်း။ ရှမ့်လန်… ရှင် သေပေတော့”

ပြီးနောက် သူမ၏ လက်ထဲတွင် ရှိနေသည့် ထက်မြက်သည့်ဓားက လျှပ်စီးကဲ့သို့ လျင်မြန်စွာဖြင့် ရှေ့ဆီသို့ ရောက်ရှိလာသည်။

လူတိုင်းက မျက်လုံးကို အစွမ်းကုန် ပြူးကာ ကြည့်ရှုနေ၏။ ရှမ့်လန် ဇာတ်သိမ်းပြီဖြစ်၏။ လူတိုင်းက ရှမ့်လန် သတ်ဖြတ်ခံရမည့် မြင်ကွင်းကို စောင့်မျှော်နေ၏။ နန်းတွင်းထဲတွင် မိန်းမစိုးတစ်ယောက် ထပ်မံ တိုးလာဖွယ် ရှိ၏။

သို့ပေမည့် ကျုံးရှစ်ရှစ်က နှစ်မီတာပင် မပြေးရသေးချေ။ သူမ၏ တစ်ကိုယ်လုံး ရေခဲရိုက်ခံရသကဲ့သို့ပင်။ နူးညံ့သည့် ခန္ဓာကိုယ်လေးက ရှေ့သို့ ဟပ်ထိုးလဲကာ ပြုတ်ကျသည်။

ထိုအခိုက်အတန့်မှာပဲ ရှမ့်လန်က ရှေ့သို့ ပြေးတက်သွားခဲ့၏။

“သတ်စမ်း” သူက ဟိန်းဟောက်လိုက်၏။ ရှေ့သို့ဟတ်ထိုးလဲပြိုကျလာသည့် ကျုံးရှစ်ရှစ်၏ ရင်ဘတ်ဆီသို့ ချိန်ရွယ်ပြီး အားကုန်သုံးကာ ပစ်ကန်လိုက်၏။ ကျုံးရှစ်ရှစ်၏ ခန္ဓာကိုယ်က နှစ်မီတာနီးပါးခန့် လွင့်စင်သွားခဲ့၏။ ရှမ့်လန်က ရှေ့သို့ တိုးပြီး ကျုံးရှစ်ရှစ်၏ ဆီးခုံနေရာကို ထပ်မံကန်ကျောက်သည်။

ဘုန်း ဘုန်း…

လူတိုင်းက ကြက်သေသေသွားခဲ့၏။ ဤသို့ ယုတ်မာသည့် တိုက်ကွက်၊ ထို့အပြင် ရှမ့်လန် ဆိုသည့်အကောင်က သံဖိနပ်ကိုပင် ဝတ်ဆင်ထားသေး၏။ ကျုံးရှစ်ရှစ်က မြေပြင်ပေါ် လဲကျသွားခဲ့၏။ ရှမ့်လန်က သူမ၏ ရင်ဘတ်ပေါ်သို့ ခွထိုင်ပြီး သူမ၏ လှပသည့် မျက်နှာကို ချိန်ရွယ်ကာ တဘုန်းဘုန်းနှင့် ထိုးနှက်နေ၏။

ဘယ်ပြန်ညာပြန်၊ အရိုင်းအစိုင်း လူရိုင်းတစ်ယောက်ကဲ့သို့ ထိုးနှက်နေခြင်းပင်။ သူက အားရပါးရ ထိုးနှက်၏။ ခဏအတွင်းမှာပဲ ကျုံးရှစ်ရှစ်၏ လှပပါသည်ဆိုသော မျက်နှာလေးတစ်ခုလုံးက စုတ်ပြတ်ပြီး ဝက်ခေါင်းကဲ့သို့ပင် ဖူးယောင်သွားခဲ့၏။

ဘုန်း…

နောက်ဆုံး လက်သီးချက် ကျရောက်လာသည့် အချိန်မှာတော့ ကျုံးရှစ်ရှစ်၏ နှာတံမြင့်မြင့်လေးက ကွေးကောက်သွားခဲ့သည်။

“အင်း.. နေလို့ထိုင်လို့ ကောင်းသွားတာပဲ။ မိန်းမ.. ငါ မင်းအတွက် လက်စားချေပြီးပြီ”

ရှမ့်လန်က ရုတ်တရက် မတ်တပ်ထရပ်၏။ ပြီးနောက် ခြေလှမ်းအနည်းငယ်ဖြင့် နောက်သို့ ဆုတ်ခွာလိုက်၏။ သူက တကယ့်ကို ကျော်ကြားလွန်းသည့် သိုင်းပညာရှင်တစ်ဦးကဲ့သို့ ဦးညွှတ်ကာ ဆိုလိုက်၏။ “ကျုပ်က ရှမ့်လန်ပဲ။ ကျုပ်ကို လူတွေက အရှေ့ပိုင်းလောကရဲ့ ပြိုင်ဘက်ကင်းလို့ ခေါ်ကြတယ်။ အခုလို အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ပွဲကြည့်စင်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေပြီး သုဿန်တစပြင်ကဲ့သို့ပင် အေးစက်နေ၏။ လူတိုင်းက မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် တောင့်တောင့်ကြီးဖြစ်လို့နေခဲ့ပြီး သူတို့၏ရှေ့တွင်ရှိနေသည့် မြင်ကွင်းကို မယုံကြည်နိုင်သလို ကြည့်ရှုနေမိသည်။

သူတို့မျက်စိများ မှားယွင်းနေသည်လား။ လောကကြီးတစ်ခုလုံးက ပြောင်းပြန်လည်သွားခဲ့သည်လား။ ရှမ့်လန်က ရှုံးနိမ့်ရမှာ မဟုတ်ပေဘူးလား။ အဘယ့်ကြောင့် ရှမ့်လန်က မရှုံးနိမ့်ဘဲ ရှုံးနိမ့်သွားသူက ကျုံးရှစ်ရှစ် ဖြစ်နေရသနည်း။

“မဟုတ်သေးဘူး။ သူမက ချက်ချင်း ရှုံးနိမ့်သွားတာလည်း မဟုတ်ဘူး။ နေရာမှာတင် ရေခဲရိုက်ခံထားရသလို တောင့်တောင့်ကြီး ဖြစ်သွားတာပဲ။ ပြီးတော့ ရှမ့်လန်က မြေပြင်ပေါ်ကို လဲကျအောင် ကန်လိုက်တယ်။ ပြီးတော့ အားကုန်သုံးပြီး ထိုးနှက်ခဲ့တာပဲ။ ဦးခေါင်းတစ်ခုလုံးကလည်း ဝက်ခေါင်းလိုဖြစ်နေပြီ”

ဤနေရာတွင်ရှိနေသည့် လူပေါင်းများစွာတို့က ရှမ့်လန် သိုင်းပညာမတတ်ဘူး ဆိုသည်ကို တစ်ချက် ကြည့်ရှုလိုက်ရုံနှင့် သိရှိ၏။ သို့ပေမည့် အနိုင်ယူသွားခဲ့၏။ မည်သို့ ပြုလုပ်လိုက်သနည်း။ ကျုံးရှစ်ရှစ်၏ သိုင်းပညာက မြင့်မားလွန်း၏။ အဘယ့်ကြောင့် အသုံးမကျသည့်ရှမ့်လန်က အနိုင်ရရှိ သွားခဲ့သနည်း။

တကယ်တမ်း ဘာတွေဖြစ်ပျက်ခဲ့သနည်း။ ရှမ့်လန်က လိမ်ညာလှည့်စားသွားခြင်းသာ ဖြစ်ပေလိမ့်မည်။ သို့ပေမည့် လျှို့ဝှက်လက်နက်သုံးသည်ကို သူတို့မမြင်ခဲ့ရချေ။

ထို့အပြင် ပိုမို၍ အဓိပ္ပါယ်မရှိသည်မှာ လူတိုင်းက ရှမ့်လန် တစ်ခါတည်း သတ်ဖြတ်ခံရခြင်း သို့မဟုတ် သင်းကွပ်ခံရခြင်းနှင့် ရုပ်ပျက်ဆင်းပျက် လှီးဖြတ်ခံရခြင်းကို စောင့်မျှော်လျက်ရှိနေခြင်းဖြစ်သည်။

သို့ပေမည့် ရှမ့်လန်က ကျုံးရှစ်ရှစ်၏ ရင်ဘတ်ပေါ်တက်ခွထိုင်ပြီး အားရပါးရ ထိုးနှက်လျက်ရှိနေသည့် မြင်ကွင်းကို ကြည့်ရှုရချိန်မှာတော့ အားလုံးသောသူတို့က ဘာမှန်းမသိဘဲ ကျေနပ်သည့်ခံစားချက်များကို ရရှိနေ၏။ လူသားတို့၏ သဘာဝက ကြောက်စရာကောင်းလှချေသည်တကား။

“အင်း.. ဒီလောက် လက်ရာမြောက် လှပတဲ့မျက်နှာလေးကို ရှမ့်လန် ဘယ်လိုတောင် လုပ်ရက်ရတာလဲ”

ထိုအချိန်မှာတော့ ကျုံးရှစ်ရှစ်၏ အခြေအနေက တကယ့်ကို ဆိုးရွားလွန်းနေ၏။ သူမ၏ မျက်နှာတစ်ခုလုံးက သွေးများဖြင့် ဖုံးလွှမ်းလျက် ရှိနေပြီး သူမ၏ နှာတံချွန်ချွန်လေးကလည်း ကျိုးသွားခဲ့၏။

“ရှမ့်... ရှမ့်လန်.. မင်း အရမ်းရက်စက်လွန်းတယ်။ သွေးအလိမ်းလိမ်း ဖြစ်စေရမယ်လို့ ပြောခဲ့တုန်းက နောက်နေတယ်လို့ ထင်ခဲ့တာပဲ။ အခု တကယ် လုပ်ခဲ့တာပဲ”

ရွှယ်ဖန်ကလည်း ကြက်သေ သေနေ၏။ ပထမဦးဆုံး သူက ကျုံးရှစ်ရှစ် ရှုံးနိမ့်သွားခြင်းအတွက် တုန်လှုပ်မိ၏။ သို့ပေမည့် ပိုမို၍ အံ့အားသင့်နေသည်မှာ ရှမ့်လန် ဤမျှ ရက်ရက်စက်စက် ပြုလုပ်လိမ့်မည်ဟု ထင်မထားခဲ့ သောကြောင့်ပင်။

ကျုံးရှစ်ရှစ်က မင်းသမီးတစ်ပါး မဟုတ်သော်လည်း မင်းသမီးထက်ပင် ပိုမို၍ မင်းသမီးဆန်နေသူ တစ်ယောက်ပင်။ သူမက ရွှဲ့ပြည်နယ်၏ အလှပဆုံးသော အမျိုးသမီးတစ်ယောက်ဖြစ်၏။ ထို့အပြင် အလွန် မြင့်မြတ်သည့် ဂုဏ်သိက္ခာကိုလည်း ပိုင်ဆိုင်၏။

‘ရှမ့်လန်.. ဒီလိုလုပ်ခဲ့တာက ကျုံးမိသားစုနဲ့ သေတဲ့အထိ ရန်ငြိုးဖွဲ့လိုက်တာနဲ့ တူတူပဲ။ မင်းက ဉာဏ်ကောင်းလွန်းတယ်လို့ သတင်းထွက်နေခဲ့တာ မဟုတ်ဘူးလား။ အကျိုးဆက်ကို ဘာလို့ မစဉ်းစားရတာလဲ’

ခဏလောက်ကြာပြီးနောက် ကျုံးမိသားစုမှ အမျိုးသမီးစစ်သည်တော်နှစ်ဦးက အလျင်အမြန်ဖြင့် ပြေးထွက်လာခဲ့၏။ ပြီးနောက် ကျုံးရှစ်ရှစ်ကို သယ်ပိုးကာဖြင့် ခေါ်ဆောင်သွားခဲ့၏။ ရွှယ်ရွှယ်က ပိုးပဝါကို အသုံးပြုပြီး ကျုံးရှစ်ရှစ်၏ မျက်နှာကို ဖုံးအုပ်လိုက်၏။ သူမ၏ ဤကဲ့သို့မျက်နှာကို မည်သူ့ကိုမှ အမြင်မခံနိုင်ခဲ့ချေ။

“ရှမ့်လန်.. ဘယ်လိုလှည့်စားလိုက်တာလဲ”

လှပသည့် အမျိုးသမီး စစ်သည်တစ်ဦးက ရှမ့်လန်ကို အေးစက်စက် လေသံဖြင့် ပြောလိုက်၏။ “ရှစ်ရှစ် တစ်ခုခုဖြစ်သွားရင် မင်းရဲ့အသက် ဆယ်ခါပြန်ဆပ်မယ်ဆိုရင်တောင် လုံလောက်မှာ မဟုတ်ဘူး။ ရှင်ကတော့ သွားပြီပဲ။ ကျုံးမိသားစုက ရှင့်ကို လက်လွှတ်ပေးမှာ မဟုတ်တော့ဘူး”

“ဒါနဲ့ မင်းနာမည်က ကျုံးမင်။ ကျုံးမိသားစုရဲ့မွေးစားသမီး မဟုတ်လား” ရှမ့်လန်က မေးမြန်းလိုက်သည်။

ကျုံးယောင်ရဲ့မွေးစားသမီး ကျုံးမင်က အေးစက်စက်နှင့်ပြောလိုက်၏။ “သိထားတာ ကောင်းတယ်။ အခု ကြီးမားတဲ့ကပ်ဘေးတစ်ခုကို ရှင်ဖန်တီးလိုက်ပြီ။ အခု ရှင့်ကိုယ်ရှင် ကြိုးတုတ်ပြီး အနောက်ဘက် တပ်စခန်းဆီကို ကိုယ်တိုင်သွား။ ပြီးတော့ ကျွန်မရဲ့မွေးစားအဖေကို တောင်းပန်။ ဒါဆိုရင် အသက်ရှင်ဖို့အတွက် အခွင့်အရေး ရှိသေးတယ်”

ရှမ့်လန်က လက်ကို ဆန့်တန်းလိုက်၏။ နာကျည်းမှုက လက်ဖက်ရည်တစ်ခွက်ကို အသာ လှမ်းပေး၏။ ရှမ့်လန်က တစ်ဝက်ကိုသောက်ပြီး ကျန်တစ်ဝက်ကို ပလုတ်ကျင်းလိုက်၏။ ပြီးနောက် ကျုံးမိသားစု၏ မွေးစားသမီး ခန္ဓာကိုယ်ပေါ်သို့ ပလုတ်ကျင်းထားသည့် ရေများဖြင့် မှုတ်ထုတ်လိုက်သည်။

ကျုံးမင်က အံ့အားသင့်သွား၏။ သူမ၏သိုင်းပညာဖြင့် ဤလိုအရာတစ်ခုကို ရှောင်ရှားနိုင်သော်လည်း ရှမ့်လန် ဤကဲ့သို့ အရှက်မရှိ ပြုလုပ်လိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ တစ်ဖက်လူက သူမ၏ မျက်နှာတည့်တည့်ဆီသို့ အာလုတ်ကျင်းသည့်ရေများဖြင့် မှုတ်ထုတ်ခဲ့၏။

ရှမ့်လန်က ပြောလိုက်သည်။ “တကယ်တော့ သေးနဲ့ပန်းမလို့ပဲ။ အဲလိုလုပ်ရင် ငါ့ပစ္စည်းကို ထုတ်နေရအုံးမယ်။ လေသလပ်မှာစိုးလို့ အာလုတ်ရေ သုံးလိုက်ရတာ။ အိမ်မက်ကနေ ထတော့။ ကြောင်တောင်တောင်တွေ လာပြောမနေနဲ့။”

“ငါ့ဆီးက ဝါတယ်လေ။ အဲဒါက မင်းကိုနိုးထအောင် လုပ်နိုင်သင့်တယ်။ ဒါပေမဲ့ ငါ့ရဲ့ပစ္စည်းက အရမ်းကိုတန်ဖိုးကြီးတယ်။ ငါ့ရဲ့မိန်းမကိုပဲ ငါ့ပစ္စည်းကို မြင်ခွင့်ပေးတယ်။ မင်းအပေါ်ကို ငါ့ရဲ့ဆီး သုံးလိုက်တယ်ဆိုတာက အခွင့်အရေးပေးသလို ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် နိုးထလာအောင်လို့ ရေနဲ့ မှုတ်ထုတ်လိုက်တာ”

ကျုံးမင်က ရှမ့်လန်ကို မယုံကြည်နိုင်သလို စိုက်ကြည့်နေ၏။ ပြီးနောက် ရွှယ်ဖန်ကို လှမ်းကာကြည့်ရှု၏။ လောကကြီးထဲတွင် ဤကဲ့သို့သော လူစားမျိုး ရှိနေသေးသည်လား။ ထိုသူက နန်းတွင်းမူးမတ်ဆိုသည့် အရာဆိုသည်ကိုလည်း ဂရုမစိုက်ချေ။ ကျုံးမိသားစုနှင့် ရန်ငြိုးဖွဲ့ရမည်ကိုလည်း စိုးရိမ်မှု မရှိသလိုပင်။ အဘယ်ကြောင့် မျက်နှာပြောင်တိုက်ကာဖြင့် ပြုမူဆက်ဆံရဲနေသနည်း။

ရှမ့်လန်က မထီမဲ့မြင်နှင့် မေးမြန်းလိုက်သည်။ “ဘာလဲ၊ ရှုံးတာကို လက်မခံနိုင်ဘူးလား။ တကယ်လို့ ရှုံးတဲ့လူက ကျုပ်သာ ဖြစ်ခဲ့မယ်ဆိုရင် ကျုံးရှစ်ရှစ်က ကျုပ်ကို အလွှတ်ပေးမှာလား။ ကျုပ်ကို သေချာပေါက် သင်းကွပ်လိမ့်မယ်။ ပြီးရင် လက်ကိုဖြတ်ပြီး မျက်နှာနဲ့ တစ်ကိုယ်လုံးကိုလည်း ဓားနဲ့ခြစ်လိမ့်မယ်။ သူ ကျတော့ ကျုပ်ကိုရိုက်လို့ရပြီး ကျုပ်က သူ့ကို ပြန်ရိုက်လို့ မရဘူးလား”

ရွှယ်ဖန်က ပြောလိုက်၏။ “ရှမ့်လန်.. တိုက်ပွဲမှာ လိမ်ညာလှည့်စားပြီး တိုက်ခိုက်တာ မကောင်းဘူး”

ကျုံးမင်က အေးစက်စက် ပြောလိုက်သည်။ “ပြောစမ်း… ရှင်ဘာပရိယာယ်တွေ သုံးလိုက်တာလဲ။ ရှင့်ရဲ့အင်အားနဲ့ဆို ကျုံးရှစ်ရှစ်က ရှင့်ကို လက်သည်းခွံ တစ်ခြမ်းနဲ့တောင် သတ်ပစ်နိုင်တယ်။ ရှင်လိမ်လည်ဖို့ ဘာပရိယာယ်တွေ သုံးလိုက်တာလဲ”

ရှမ့်လန်၏ နှုတ်ခမ်းထောင့်များက ကွေးညွှတ်သွား၏။ “မင်းရဲ့ဘယ်မျက်လုံးက ငါလိမ်ခဲ့တာကိုမြင်လဲ။ မင်းရဲ့တင်ပါးပေါ်မှာရှိနေတဲ့ မျက်လုံးလား။ ကျုံးရှစ်ရှစ်ကိုအနိုင်ရဖို့ ငါ့ရဲ့ တကယ့်အရည်အချင်းကို ထုတ်သုံးခဲ့ရမယ်ဆိုရင် ငါ့လောက် ညံ့တဲ့သူ ရှိပါတော့မလား။”

ကျုံးမင်က ဒေါသပေါက်ကွဲလုမတတ် ဖြစ်သွားခဲ့၏။ သူမက ဓားကိုဆွဲထုတ်ပြီး ရှမ့်လန်ဆီသို့ ပြေးဝင်ကာဖြင့် အပိုင်းပိုင်းခုတ်သတ်ရန် ကြိုးစားလိုက်သည်။

နာကျည်းမှုက ရှေ့ကိုတစ်လှမ်းတိုးပြီးနောက် ဓားကို ဓားအိမ်ထဲမှ တစ်ဝက် ဆွဲထုတ်လိုက်၏။ သူက ရှမ့်လန်၏ရှေ့တွင် ကာရပ်ကာပြောလိုက်၏။ “ခင်ဗျားတို့ လောင်းကြေး ရှုံးသွားပြီ”

ရှမ့်လန်က လက်သီးဆုပ်ကာ ဂါရဝပြုလိုက်သည်။

ပြီးနောက် မြင်းပေါ်ခုန်တက်ပြီး ရှိရှိသမျှသော ပွဲကြည့်ပရိတ်သတ်အားလုံးတို့အား လက်ခလယ်နှစ်ချောင်း ထောင်ပြကာ ထွက်ခွာသွားခဲ့၏။ သို့ပေမည့် မီတာတစ်ရာ မပြည့်မီမှာပဲ သူက ပြန်လှည့်လာခဲ့၏။

“ဟုတ်သားပဲ၊ လောင်းကြေးအရ ကျုံးရှစ်ရှစ်က ရှုံးသွားပြီ။ ဒါကြောင့် ဒီမြောက်ဘက် အမဲလိုက်ကွင်းက ကျုပ်အပိုင်ဖြစ်သွားပြီ”

ပြီးနောက် ရှမ့်လန်က ပြောလိုက်သည်။ “အခု ခင်ဗျားတို့အားလုံး ကျေးဇူးပြုပြီး ထွက်သွားကြတော့”

ပြီးနောက် ရှမ့်လန်က အသာလှည့်ကာဖြင့် ထွက်ခွာသွားခဲ့ပြီဖြစ်၏။

ကျုံးမိသားစု၏ မွေးစားသမီး ကျုံးမင်က အံကြိတ်ကာ ပြောဆိုလိုက်သည်။ “ဒီအမှိုက်ကောင်က အရင်တုန်း ကလည်း အဲအတိုင်းပဲလား”

ရွှယ်ရွှယ်က ခေါင်းညိတ်လိုက်၏။ “သူက အောက်ခြေစည်းမျဉ်းမရှိတဲ့ မကောင်းဆိုးဝါးပဲ”

ပြီးနောက် ရှမ့်လန်က ပြန်လှည့်လာပြန်၏။ သူက ရွှယ်ရွှယ်ကို တည်ကြည်သည့် မျက်နှာသွင်ပြင်ဖြင့် ကြည့်ရှုလိုက်သည်။ “မင်းက ရွှယ်ရွှယ်လား”

ရွှယ်ရွှယ်က ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ် ရှမ့်သခင်လေး… ဘာများကူညီပေးရမလဲ”

ရှမ့်လန်က ပြောလိုက်သည်။ “ဓားဘုရင် လီချင်းချိုးရဲ့ မွေးစားသမီးလား”

ရွှယ်ရွှယ်က ဆို၏။ “ရှမ့်သခင်လေး လူမှားနေပါပြီ။ ကျွန်မ ဓားဘုရင် လီချင်းချိုးဆိုတာ ဘယ်သူမှန်းတောင် မသိပါဘူး”

ရှမ့်လန်က သူမကို လက်မထောင်ပြကာပြောလိုက်၏။ “မင်းတော်တယ်”

ပြီးနောက် သူက မောက်မောက်မာမာဖြင့် ပြန်လည် ထွက်ခွာသွားခဲ့၏။ ဤတစ်ကြိမ်မှာတော့ အမှန်တကယ် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

ရွှယ်ရွှယ်၏ မျက်နှာတစ်ခုလုံးက ဖြူလျော်သွားခဲ့၏။ ရှမ့်လန်၏ နောက်ဆုံးစကားအဓိပ္ပါယ်က တကယ့်ကို ရှင်းလင်း၏။ သူမကို ပစ်မှတ်ထားလိုက်ပြီဖြစ်၏။ အမှန်တိုင်းပြောရမည်ဆိုလျှင် ရှမ့်လန်လိုလူမျိုး၏ ပစ်မှတ်ထားခြင်းကို ခံရသည်မှာ အနည်းငယ် ကြောက်စရာကောင်း၏။

ရွှယ်လီ၏ ပေါင်ကြားတစ်ခုလုံး စုတ်ပြတ်သတ်သွားခဲ့ပြီး သေလောက်သောနာကျင်မှုကို ခံစားခဲ့၏။ ယနေ့ ကျုံးရှစ်ရှစ်၏ လှပလွန်းသော မျက်နှာကို ဝက်ခေါင်းကဲ့သို့ဖြစ်အောင် ထိုးနှက်ခဲ့၏။ ထို့အပြင် သူမ၏ နှာတံချွန်ချွန်လေးကလည်း ကျိုးသွားခဲ့၏။ ဤအမှိုက်ကောင်ရှမ့်လန်က တကယ့်ကို အောက်ခြေစည်းမျဉ်းဟူ၍ မရှိချေ။ ပန်းကလေးများကိုပင် ညှာတာထောက်ထားရမှန်းမသိပေ။

ကျုံးမင်က ပြောလိုက်သည်။ “ကျွန်မတို့ ဘာလုပ်သင့်လဲ။ ဒီတိုင်းကြည့်နေလို့ မဖြစ်ဘူး”

ရွှယ်ဖန်က ပြောလိုက်၏။ “ပြန်ကြစို့။ မိဖုရားကြီးကျုံးနဲ့ သခင်ကြီးကျုံးယောင်ကို သတင်းပို့ရမယ်”

ကျုံးမင်က ပြောလိုက်သည်။ “ဟုတ်တယ်။ မိဖုရားကြီးကျုံးနဲ့ သခင်ကြီးကျုံးယောင်.. သူတို့က ရှမ့်လန်ကို အလွှတ်ပေးမှာ မဟုတ်ဘူး။”

ရှမ့်လန် ကျုံးရှစ်ရှစ်ကို ရိုက်နှက်ခဲ့သည့်ကိစ္စက ကြီးမားသည့် ဂယက်ကြီးတစ်ခုကဲ့သို့ပင်။ ကျုံးယောင်က ဒေါသပေါက်ကွဲလျက် ရှိနေ၏။ မင်းသားနင်ချီကလည်း ဒေါသထွက်လျက်ရှိ၏။

သို့ပေမည့် နှစ်ယောက်လုံးက အဆင့်အတန်း မြင့်မားလှသောကြောင့် တိုင်တန်းခြင်းကို ပြုလုပ်၍မရနိုင်ပေ။ သူတို့က ဘုရင်မင်းမြတ်ထံသွားရောက်ပြီး ဤကဲ့သို့ သေးငယ်သည့်ကိစ္စအတွက် သွားရောက်တိုင်တန်းခြင်း ပြုလုပ်လျှင် အရှက်ရပေမည်။

All Chapters