အခန်း (၅၁၈)
Vol. 35 Ch. 518
ထိုအရာက ကျုံးယောင်၏ စီမံချက်တစ်ခုဖြစ်၏။ ကျုံးမိသားစုနှင့် တော်ဝင်မိသားစုက လက်ထပ်ခြင်းဖြင့် မဟာမိတ်ကဲ့သို့သော အခြေအနေကို တည်ဆောက်ခဲ့ကြသည်။ ထိုအရာနှင့်ပင် သူတို့က ရွှဲ့ပြည်နယ်နှင့် အရှင်မင်းကြီးအပေါ်မှာ သစ္စာစောင့်သိကြောင်း ပြသခဲ့၏။
သို့ပေမည့် နင်ယွမ်ရှန်းက သူ၏လက်အောက်ခံတစ်ယောက်အား အခြားသောအင်ပါယာတစ်ယောက်၏ အထက်တန်းလွှာ နှင့် လက်ထပ်ခြင်းပြီး ပတ်သက်ဆက်နွယ်မှုများ မပြုလုပ်စေချင်ပေ။ တော်ဝင်ရန်နိုင်ငံ၏ မင်းသားများက အခြားသောနိုင်ငံများ၏ ဘုရင်များနှင့် တန်းတူညီသည့် အဆင့်အတန်းရှိ၏။ ထို့ကြောင့် နင်ယန်က မင်းသားလျန်၏သားတော်နှင့် လက်ထပ်ခဲ့ခြင်းဖြစ်၏။ ကျုံးမိသားစု၏သမီးတော်က အင်ပါယာ၏ မင်းသားတစ်ပါးနှင့် မည်သို့လက်ထပ်မည်နည်း။
အိမ်ရှေ့စံမင်းသားစံအိမ်၏ အရာရှိက ပြော၏။ “ဒါဆိုရင် အရှင်မင်းကြီးက ရှမ့်လန်ကို သူ့ရဲ့ အတွေးတွေ ကြိုတင် ပြောပြခဲ့တာလား”
ယန်ဝူကျိက ပြောလိုက်သည်။ “ဘယ်လိုလုပ် ဖြစ်ရမှာလဲ။ ရှမ့်လန်က တကယ့်ကို ဉာဏ်ကောင်းတယ်။ သူက စကားတစ်ခွန်း ဒါမှမဟုတ် အကြည့်တစ်ချက်တောင် မလိုဘဲနဲ့ ဘုရင်မင်းမြတ် ဘာတွေ တွေးနေလဲဆိုတာကို သိနိုင်တယ်။ ဘုရင်မင်းမြတ်က သူ့ကိုမိတ်ဆွေတစ်ယောက်လို သဘောထား ရှုမြင်တယ်။ သူတို့ကြားမှာ သေးငယ်တဲ့ နားလည်မှုတွေ မရှိဘဲနဲ့ ဘယ်လိုလုပ် ဒီလိုနေနိုင်မှာလဲ”
အိမ်ရှေ့စံမင်းသားစံအိမ်၏ အရာရှိက ပြောလိုက်၏။ “ရှမ့်လန်က တကယ့်ကို မကောင်းဆိုးဝါးပဲ”
ယန်ဝူကျိက ဉာဏ်ကောင်း၏။ သူက အမှန်တရားကို စကားလုံး တစ်ကြောင်းတည်းနှင့်ပင် ထုတ်ဖော် ပြသနိုင်၏။ ရှမ့်လန်က ကျုံးရှစ်ရှစ်ကို ဤမျှထိ ထင်တိုင်းကြဲ ရိုက်နှက်ခဲ့သည်ဆိုခြင်းမှာ အားကိုး ရှိသောကြောင့်ပင်။ သူက သူ၏မိန်းမ ကျင်းမူလန်အတွက် လက်စားချေနေခြင်းဖြစ်၏။ သို့ပေမည့် အကျိုးအမြတ် အများဆုံး ရရှိသည့်သူက ဘုရင်မင်းမြတ် နင်ယွမ်ရှန်းသာဖြစ်သည်။
ရှမ့်လန်တစ်ယောက်တည်းသာ ဤသို့လုပ်ရဲ၏။ အခြားသောလူများဆိုလျှင် ကျုံးမိသားစုကို ရန်ငြိုးဖွဲ့ရမည် ဆိုပါက အနာဂတ်ကို စိုးရိမ်ကြပေလိမ့်မည်။ သို့ပေမည့် ရှမ့်လန်ကတော့ ဂရုမစိုက်ချေ။
ကျုံးမိသားစုက ဩဇာအာဏာကြီးမား၏။ စစ်သည်ပေါင်း တစ်သိန်းရှိ၏။ သို့ပေမည့် ကျင်းမိသားစု၏ အခြေစိုက်စခန်းက သီးခြားကျွန်း တစ်ကျွန်းပေါ်တွင်ရှိ၏။ နုရှောင့်မြို့သို့ လာရောက်တိုက်ခိုက်ဖို့ မိုင်ရာနှင့်ချီပြီး ရေကူးနိုင်စွမ်း ရှိပါ့မည်လား။
ဟုတ်ပေ၏။ မင်းသားဝူကို စိတ်အနှောင့်အယှက် ဖြစ်စေလိမ့်မည်။ သို့ပေမည့် မင်းသားဝူနှင့် မင်းသားလျန်တို့မှာ အဆင်မပြေဘူးဟု ကြားရ၏။ အကယ်၍ မင်းသားဝူကို စိတ်အနှောင့်အယှက်ဖြစ်စေလျှင် မင်းသားလျန်ကို မျက်နှာလုပ်သလိုဖြစ်ပေလိမ့်မည်။
“မင်းသားလျန်.. ခင်ဗျားက မင်းသမီး နင်ယန်၏ ယောက္ခမ မဟုတ်လား။ ဘာလို့ သူမကို လွတ်လပ်ခွင့် မပေးရတာလဲ။ ဒါမှ ကျုပ်ရဲ့အချစ်ဇာတ်လမ်းက ဆက်လို့ရမှာပေါ့”
နင်ဟန်က အမှန်တကယ်ပင် ဩဇာလွှမ်းမိုးမှုရှိ၏။ ယွမ်မင်ကျယ်က နင်ယန်၏ကိစ္စကို ဖြေရှင်းရန် အားကုန်ထုတ် ကြိုးပမ်းမှုများကို ပြုလုပ်ခဲ့၏။ မင်းသားလျန်က သူ၏သားတော်နှင့် နင်ယန်ကို ကွာရှင်းခွင့်ပြုရန် ခွင့်ပြုပေးခဲ့၏။ သို့ပေမည့် မိဖုရားကြီးရင်က ကြားဝင်ခဲ့သောကြောင့် ကွာရှင်းမှုက အဆုံးမသတ်နိုင်ဘဲ ဖြစ်ခဲ့၏။
မင်းသမီးနင်ဟန်က မြို့တော်ဆီသို့ သွားရန်မလိုခဲ့ချေ။ စာတစ်စောင်ကိုသာ ရေးသားခဲ့၏။ စာကို လက်ခံရရှိခဲ့ပြီးနောက် မင်းသားလျန်က သူ၏သားတော်နှင့် နင်ယန်တို့၏ အိမ်ထောင်ရေးကို ချက်ချင်းပဲ ဖျက်သိမ်းလိုက်၏။ လက်ထပ်စာချုပ်နှင့် တင်တောင်းပစ္စည်းများကိုလည်း ပြန်ပို့ခဲ့သည်။
ထို့မျှသာမကသေးချေ။ မင်းသမီးနင်ယန်ဆီသို့ တန်ဖိုးကြီး လက်ဆောင်များကိုလည်း ပေးပို့ခဲ့၏။ ဤအိမ်ထောင်ရေးတွင် အမှားအယွင်း ကျူးလွန်ခဲ့သည်မှာ သူ၏သားတော် ဖြစ်ကြောင်း မင်းသားလျန်က ရှင်းရှင်းလင်းလင်း ပြောပြခဲ့၏။ နင်ယန်က ရေခဲကဲ့သို့စင်ကြယ်ပြီး ကျောက်စိမ်းကဲ့သို့ သန့်စင်သူတစ်ယောက် ဖြစ်၏။ မင်းသမီးနင်ယန်ကို သူ၏သမီးအဖြစ် မွေးစားလိုပြီး နောက်အနာဂတ် သူမ လက်ထပ်ပါက တင်တောင်းပစ္စည်းများ ပေးအပ်လိုကြောင်းပါ ပြောဆိုထား၏။
နင်ယွမ်ရှန်းက စာကိုလက်ခံရရှိ၏။ သူက ပျော်ရွှင်သလို စိတ်လည်း ရှုပ်ထွေးသွားခဲ့၏။ နင်ယန်က လွတ်လပ်ခွင့်ကို ပြန်လည်ရရှိခဲ့ပြီဖြစ်၏။ သို့ပေမည့် သူမက ထပ်မံ လက်ထပ်နိုင်ပါဦးမည်လား။ မဖြစ်နိုင်တော့ပေ။ သူမက ရှမ့်လန်နှင့် တစ်ကြိမ်မက အိပ်စက်ခဲ့ပြီးပြီဖြစ်၏။ ထိုအရာကိုလည်း လူပေါင်းများစွာ တို့က ပက်ပင်းမိခဲ့သည်။
သို့ပေမည့် ရှမ့်လန်က ကျင်းမိသားစု၏သမက်တော်ဖြစ်ရခြင်းကိုသာ စွဲလမ်းနေခဲ့၏။ သူက နင်ယန်ကို လုံးဝ လက်ထပ်လိုစိတ် မရှိချေ။ ရွှဲ့ပြည်နယ်၏ သမက်တစ်ယောက် မဖြစ်ချင်ပေ။ ထို့အပြင် တော်ဝင်မိသားစုနှင့် ကျင်းမိသားစုတို့၏ သမက်တော်အဖြစ် ပြိုင်တူနေထိုင်ခွင့် ရသလားဟုပင် တောင်းဆိုခဲ့သေး၏။
နင်ယွမ်ရှန်းက ဒေါသထွက်လွန်းသောကြောင့် ထကာရိုက်နှက်ချင်စိတ်ပင် ပေါက်ခဲ့၏။ သူ့အနေနှင့် နင်ယန်ကို အပြင်ဘက်သို့ စေလွှတ်လိုက်သည်ဆိုပါက ဘာဖြစ်နိုင်မည်နည်း။ သုံးရက်အတွင်း ဤနှစ်ယောက်တို့က အတူတူ ထပ်မံကာ အိပ်ဦးမှာ သေချာသည်။
သူ၏သမီးက ရှမ့်လန်ကဲ့သို့သော လူတစ်ယောက်နှင့် ပရောပရည်ပြုလုပ်သည်ကို သူ လက်ခံရမည်လား။ ထို့အပြင် သူ၏သမီးက မင်းသမီးတစ်ပါးဖြစ်၏။ တွေးပြီးပြီးနောက် ဘုရင်မင်းမြတ်က ရှမ့်လန်ကို တကယ်ပဲ သင်းကွပ်ချင်စိတ် ပေါက်နေ၏။ ပြီးနောက် နန်းတော်ထဲသို့ခေါ်ကာ မိန်းမစိုး ပြုလုပ်ခိုင်းလျှင် လောကကြီးတစ်ခုလုံး ငြိမ်းချမ်းမှု ရနိုင်၏။
“ဟင်း”
သူက အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်၏။ အဆုံးသတ်မှာတော့ ဘုရင်မင်းမြတ်က နင်ယန်ကို လွှတ်ပေးရန် အမိန့်ကို ထုတ်ပြန်လိုက်၏။ ရှမ့်လန်အနားသို့ သွား၍ ပရောပရည် ပြုလုပ်နေသည်ဆိုလျှင်လည်း သူမ၏သဘောအတိုင်းသာ ဖြစ်ပေလိမ့်မည်။
“ထားလိုက်တော့ ထားလိုက်တော့”
........................
သေချာပေ၏။ နင်ယန်က လွတ်လပ်မှုကို ရရှိသည်နှင့်တစ်ပြိုင်နက် နန်းတော်ထဲဝင်ကာ ဘုရင်မင်းမြတ်အား ကျေးဇူးတင်စကားပင် မပြောဆိုခဲ့ချေ။ ထိုအစား ရှမ့်လန်ဆီသို့သာ တန်းသွား၏။
စိတ်လှုပ်ရှားမှုများ အပြည့်နှင့် ဤနှစ်ယောက်က တိတ်ဆိတ်ငြိမ်သက်နေ၏။ နင်ယန်က ကိုယ်အလေးချိန် အတော်အတန် ကျဆင်းသွားခဲ့၏။ သူမက ဤလေးလအတွင်းတွင် နေအိမ် အကျယ်ချုပ် ကျနေသောကြောင့် အသားအရေဖြူဖွေးလာခဲ့၏။ သူမ၏ပေါင်တံများက ပိုမိုကာ ထူထဲလာခဲ့၏။ သို့ပေမည့် သူမ၏ခြေထောက်များက ပြည့်စုံသည့် အရာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ မည်သို့ပြုလုပ်ခဲ့သနည်း။
“ဘယ်လိုများလုပ်ခဲ့တာလဲ” ရှမ့်လန်က မေးမြန်းလိုက်၏။
မင်းသမီးနင်ယန်က ပြောလိုက်သည်။ “အင်း.. ယွမ်မင်ကျယ်က ငါ လေ့ကျင့်ဖို့ လေ့ကျင့်နည်းတွေ ပေးခဲ့တယ်။ လေ့ကျင့်ပြီးတဲ့နောက်မှာ ငါ့ရဲ့ခန္ဓာကိုယ်က အခုလိုမျိုး ပိုပြီးတော့ အားကောင်းလာခဲ့တာပဲ။ ဟင်း ဟင်း ဟင်း”
ရှမ့်လန်က မင်းသမီးနင်ယန်ကို တစ်ပတ်ပတ်ကာဖြင့် ကြည့်ရှုနေ၏။ မယုံကြည်နိုင်အောင်ပင်။ နင်ယန်က မျက်နှာချေကို မည်သို့လိမ်းရမည် ဆိုသည်ကိုပင် သင်ယူခဲ့၏။ ခန္ဓာကိုယ်တစ်ခုလုံးကလည်း မွှေးကြိုင်နေခဲ့၏။ သူမက တကယ့်ကိုလှပလွန်းသည့် မိန်းကလေးတစ်ယောက် ဖြစ်လို့နေခဲ့ပြီး သာမန်ထက် ပိုကာလှပ၏။
အနည်းငယ် ဝိတ်ကျသွားပြီးနောက် သူမ၏ကောက်ကြောင်းများက ပိုမိုကာ ထင်ရှားလာခဲ့၏။ သူမက ရုတ်တရက် ယောက်ကျားလျာ တစ်ယောက်အဖြစ်မှသည် လှပသော မင်းသမီးလေး တစ်ပါး အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်။ လအနည်းငယ်လောက် နေအိမ်အကျယ်ချုပ် ချခံရပြီးနောက် သူမကို ကြည့်ရသည်မှာ စကားအများကြီး ပြောချင်နေပုံပေါ်၏။
“သောက်ကြရအောင်”
“သောက်ချင်ရင် သောက်ပေါ့”
“ဒါဆိုလည်းသောက်ကြတာပေါ့”
ပြီးနောက် သူတို့နှစ်ယောက် စတင်ကာ သောက်ကြ၏။ သူတို့က အရက်မူးသည်အထိ သောက်ကြ၏။ နင်ယန်က အံကိုကြိတ်ထား၏။ သူမက ခြေကိုဆောင့်ပြီး ရှမ့်လန်ကို ဆွဲဖက်လိုက်၏။ ပြီးနောက် အိပ်ရာထဲသို့ ဆွဲခေါ်သွားခဲ့၏။
“ခင်ဗျား... ခင်ဗျားမူးပြန်ပြီလား” ရှမ့်လန်က မေးမြန်းလိုက်သည်။
“မဟုတ်ဘူး” နင်ယန်က ပြောလိုက်၏။ ပြီးနောက် သူမက ရှမ့်လန်၏အင်္ကျီများကို ချွတ်၏။ ပြီးနောက် နှစ်ယောက်သား လူးလှိမ့်လျက် ရှိနေကြ၏။
..................
သုံးရက်မကြာခင် နင်ယန်နှင့်ရှမ့်လန်တို့ အတူတူအိပ်လိမ့်မည်ဟု နင်ယွမ်ရှန်းက တွေးတောခဲ့၏။ သို့ပေမည့် သူက အတွေးလွန်ခဲ့ခြင်းသာဖြစ်၏။ တစ်နာရီတောင် မကြာခဲ့ချေ။ နှစ်ယောက်သားက အိပ်ရာပေါ် ရောက်နေပြီဖြစ်၏။
တစ်နာရီကျော် ကြာမြင့်ပြီးနောက် ရှမ့်လန်က မောပန်းလျက် ရှိနေ၏။ ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း ဒဏ်ရာ၊ ဒဏ်ချက်များနှင့်ပင်။
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်တို့က ညီအစ်ကိုတွေဖြစ်မယ်လို့ သဘောတူညီထားတာ မဟုတ်ဘူးလား”
နင်ယန်က သူမ၏လှပသည့်မျက်နှာကို ရှမ့်လန်၏ရင်ဘတ်ပေါ်သို့ တင်ထား၏။ ပြီးနောက် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ငါ ညီအစ်ကိုတွေ မလုပ်ချင်တော့ဘူး။ ငါ မင်းရဲ့မိန်းမပဲ လုပ်ချင်တော့တယ်။ ရှမ့်လန်.. ငါ မင်းကိုချစ်တယ်။ ငါမင်းရဲ့မိန်းမပဲ လုပ်ချင်တယ်။ အဆင်ပြေလား”
ရှမ့်လန်က ကြောင်အသွားခဲ့၏။ အတိတ်တုန်းက နင်ယန်က ဤကဲ့သို့ စကားမျိုးကို မပြောခဲ့ချေ။ လအနည်းငယ် ချုပ်နှောင်ခံရပြီးနောက် သူမ၏အမူအကျင့်များက ပြောင်းလဲသွားခဲ့လေသည်လား။
“ဒါပေမဲ့ ကျုပ် ခင်ဗျားကို လက်ထပ်နိုင်လိမ့်မယ်လို့တော့ မထင်ဘူး”
နင်ယန်က မျက်ရည်များ ကျဆင်းလာခဲ့၏။ “သိတယ်။ ဒါပေမဲ့ ဂရုမစိုက်ဘူး။ အတူတူ နေရတယ်ဆိုရင် ပြီးတာပဲ”
ရှမ့်လန်က ပြောလိုက်သည်။ “ဒီလိုလုပ်ရအောင်။ ကျုပ်တို့ နေ့ဘက်မှာ ညီအစ်ကိုလုပ်ပြီး ညဘက်ရောက်ရင် လိင်ဆက်ဆံရအောင်”
“မဟုတ်ဘူး။ မဟုတ်ဘူး”
နင်ယန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “ငါ ညီအစ်ကိုတွေ မဖြစ်ချင်တော့ဘူး။ မင်းရဲ့မိန်းမပဲဖြစ်ချင်တာ။ နေ့စဉ်နေ့တိုင်း မင်းနဲ့အတူတူနေချင်တယ်။ မင်းအတွက် ကလေးတွေ မွေးပေးချင်တယ်”
နင်ယန်က ရုတ်တရက် ခန္ဓာကိုယ်ကို လှည့်ကာဖြင့် ရှမ့်လန်၏ လက်မောင်းပေါ်မှာ အသာလှဲအိပ်လိုက်၏။ သူမ၏ကြီးမားလွန်းလှသည့် မျက်လုံးများဖြင့် ရှမ့်လန်ကို စိုက်ကြည့်နေသည်။ “ငါဒီကို ရွှေ့လာတော့မယ်။ မင်းနဲ့အတူတူပဲ နေတော့မယ်။ ဘဝတစ်သက်တာလုံး မင်းနဲ့မခွဲတော့ဘူး။
သဘောတူညီရမယ်။ မကျေနပ်ရင်လည်း သဘောတူညီရမှာပဲ။ ဒီကိစ္စကို ငါ သေသေချာချာ တွေးခဲ့ပြီးပြီ။ ငါ မင်းကိုချစ်တယ်။ ငါ မင်းကို မထားခဲ့နိုင်ဘူး။ တကယ်လို့ မင်းသဘောမတူဘူးဆိုရင် ငါမင်းရှေ့မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေပစ်မယ်။ ကောင်းပြီ၊ ဒီကိစ္စက အတည်ဖြစ်ပြီ။ မပြောနဲ့တော့။ ပြန်အိပ်ကြရအောင်”
ရှမ့်လန်က တုန်လှုပ်သွားခဲ့၏။ ထပ်အိပ်ဦးမှာလား။ သူထပ်ပြီး သည်းမခံနိုင်တော့ချေ။ သို့ပေမည့် ပါးစပ်မဟရသေးခင်မှာပင် သူ့၏လည်ပင်းကို နင်ယန်က လှမ်းဆွဲလိုက်၏။
“ကူညီပါအုံး။ ကူညီပါအုံး”
...............
မူလန်က ရှမ့်လန်ကို အံ့အားသင့်စရာများ ပေးချင်၏။ ထို့ကြောင့် သူမက သေသေချာချာ ရေမိုးချိုးခဲ့ပြီးမှ မင်းသားနင်ကျန်း၏ ချန်းဖန်မြို့စားအိမ်တော်ထဲသို့ ဝင်လာခဲ့၏။ လအနည်းငယ်အတွင်း သူမက ရှမ့်လန်ကို တော်တော်ပင် လွမ်းဆွတ်လျက် ရှိနေ၏။ ရူးသွပ်သွားလုမတတ်ပင်။ ထို့ကြောင့် သူမက နန်းမြို့တော်ဆီသို့ လိုက်လာခဲ့ခြင်းပင်။
နုရှောင့်မြို့တိုက်ပွဲပြီးနောက် သူမက ကောင်းကင်ပင်လယ်နန်းဆောင်သို့ သွား၏။ ကောင်းကင်ပင်လယ် နန်းဆောင်တွင် သန္ဓေရအောင် ပြုလုပ်ဆောင်ရွက်ပေးနိုင်သည့် သမားတော်များ ရှိသည်ဟု သူမက ကြားခဲ့ဖူး၏။
အကြောင်းအရာတစ်ခုက သူမ၏နှလုံးသားထဲတွင် အကြိတ်အထုံးကြီးအဖြစ် ရှိ၏။ ချောင်ယောင်းအာက ကိုယ်ဝန်လွယ်ထားခဲ့၏။ ပင်းအာကလည်း ကိုယ်ဝန်လွယ်ထား၏။ သူမ၏ယောက်ျားက ပြဿနာရှိခြင်း မဟုတ်တာ သေချာ၏။ ထိုသို့ဆိုလျှင် သူမ၏ပြဿနာသာ ဖြစ်ပေလိမ့်မည်။
သို့ပေမည့် သူမအနေနှင့် ကလေးလိုချင်၏။ သူမနှင့် သူမ၏ယောက်ျားက ဤမျှလောက် ချစ်မြတ်နိုးကြ၏။ ကျိန်းသေပေါက် ကလေးတစ်ယောက်ယောက် ရှိသင့်၏။ ထို့ကြောင့်ပင်လျှင် သူမက ကျန်းယွီယင်းကို သွားရောက်ကာရှာဖွေခဲ့၏။ ကျန်းယွီယင်းက သူမကို သင်ကြားပြသပေးခဲ့၏။ ထို့အပြင် သန္ဓေသား ဖြစ်လာရန် မည်ကဲ့သို့ ပြုလုပ်ရမည်ဖြစ်ကြောင်းကို သင်ကြားပြသခြင်းပင်။
ဟုတ်ပေ၏။ ဤအမျိုးသမီးက ယခုနှစ်တွင် အသက်ငါးဆယ်ပြည့်မှာဖြစ်၏။ မူလန်၏ခန္ဓာကိုယ်က တကယ့်ကို သန့်စင်လွန်းသည့်အရာဖြစ်ပြီး အစောကြီးတည်းက ကိုယ်ဝန်ဆောင်ခွင့် ရှိနိုင်သည့်အရာမျိုးပင်။ အကြောင်းအရာ တစ်ခုကြောင့်သာ ကိုယ်ဝန်မဆောင်နိုင်ခြင်း ဖြစ်လိမ့်မည်ဟု ပြောဆိုခဲ့၏။
အရာအားလုံးကို ပြုပြင်ပြီးနောက်မှာတော့ ဆရာများနှင့် ကျန်းယွီယင်းတို့က သူမကို ထွက်ခွာသွားနိုင်ပြီဖြစ်ကြောင်း ခွင့်ပြုပေးခဲ့၏။ ထို့မျှသာ မကသေးချေ။ လီချင်းချိုး၏မိန်းမနှင့် သိုင်းရူး ထန်ယင်တို့ကလည်း ကောင်းကင်ပင်လယ်နန်းဆောင်ဆီမှ ထွက်ခွာလာခဲ့ကြသည်။
ကောင်းကင်ပင်လယ်နန်းဆောင်နှင့် ကျင်းမိသားစုတို့၏ကြား ဆက်ဆံရေးက ချက်ချင်းဆိုသလိုပင် အေးစက် သွားခဲ့သကဲ့သို့ပင်။ မူလန်က အကြောင်းရင်းကို မသိရှိချေ။ သို့ပေမည့် သူမက ဂရုမစိုက်ချေ။ သူမက တကယ့်ကို ပျော်ရွှင်လျက် ရှိနေ၏။ ထို့အပြင် စိတ်လှုပ်ရှားလျက်လည်း ရှိ၏။ သူမက နန်းမြို့တော်ဆီသို့ ပျံသန်းသွားဖို့ပင် မစောင့်မျှော်နိုင်ခဲ့ချေ။ သူမက သူမယောက်ျားနှင့် ကလေးတစ်ယောက် လိုချင်၏။
သူမ တစ်ယောက်တည်း ထွက်လာခဲ့ခြင်း မဟုတ်ပေ။ လီချင်းချိုး၏မိန်းမနှင့် သူမ၏တပည့် ထန်ယင်တို့ကလည်း လိုက်ပါလာခဲ့၏။ လီချင်းချိုး၏မိန်းမက ခါးကုန်းကုန်းဖြစ်နေဆဲပင်။ အလင်းရောင်ကို ကြောက်လန့်တတ်ပြီး သူမ၏ အသားအရေကလည်း ဖားပြုတ်ကဲ့သို့ပင် ကြောက်မက်ဖွယ်ရာကောင်း၏။ သူမက ရွံရှာဖွယ်ရာ ကောင်း၏။ သို့ပေမည့် မူလန်က သူမ၏ယောက်ျား၌ ထိုကဲ့သို့သောအရာကို ကုသရန် နည်းလမ်းရှိပြီး ဖြစ်ကြောင်း နားလည်ထားသည်။
ဤတစ်ကြိမ်မှာတော့ သူမက နန်းမြို့တော်ဆီသို့ ကလေးရယူရန် လာခဲ့သည်သာမကချေ။ ဓားဘုရင်၏မိန်းမကို ကုသပေးရန် သူမ ယောက်ျားဆီ ခေါ်လာခဲ့ခြင်းလည်းဖြစ်၏။ မူလန်က တကယ်ပဲ အကြိမ်ပေါင်းများစွာ ရက်ကိုတွက်၏။ ဤရက်သုံးရက်က ကိုယ်ဝန်ဆောင်ရန် အားအကောင်းဆုံးသော ရက်မျိုးပင်။
မူလန်တစ်ယောက် နင်ကျန်း၏ ချန်းဖန်မြို့စားအိမ်တော်သို့ ဝင်ဝင်ချင်းမှာပဲ အားလုံးသောသူတို့က အံ့အားသင့်သွား၏။ ဝူလဲ့က မူလန်ကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။ ဝူလဲ့က အံ့အားသင့်လျက် ရှိနေ၏။
သန့်စင်သည့် အလှအပအရပြောရမည်ဆိုလျှင် မည်သူကမှ ကျုံးရှစ်ရှစ်နှင့် ကျင်းမူလန်တို့ကို ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။ သူမက တကယ့်ကို ပြိုင်ဘက်ကင်းအောင် လှပ၏။ ကျုံးရှစ်ရှစ်က လှပပြီး မောက်မာဝင့်ကြွား တတ်သော အလှမျိုးပင်။ မူလန်မှာတော့ လှပအေးစက်ပြီး သန့်စင်လွန်းသည့်အလှမျိုးဖြစ်သည်။
မူလန် နန်းမြို့တော်ထဲသို့ ဝင်လာစဉ်မှာပဲ ယောက်ျားသည် ကျုံးရှစ်ရှစ်ကို အနိုင်တိုက်ခိုက်ခဲ့ပြီး မျက်နှာ တစ်ခုလုံး ဝက်ခေါင်းဖြစ်အောင် ထိုးနှက်ခဲ့သည်ဟူသော သတင်းကို ကြားပြီးပြီ ဖြစ်၏။
မူလန်က စိုးရိမ်ပူပန်လျက်ရှိသလို အလွန်အမင်းလည်း အံ့အားသင့်လျက် ရှိနေ၏။ သူမ၏ ယောက်ျားက သူမအတွက် လက်စားချေခြင်းသာဖြစ်ပေလိမ့်မည်။ ယခင်ကလည်း ထိုသို့ပြုလုပ်ပေးမည်ဟု ကတိပေးခဲ့၏။ ရုတ်တရက် မူလန်၏နှလုံးသားထဲတွင် ချစ်ခြင်းမေတ္တာနှင့် ပြည့်နှက်သွားခဲ့၏။ သူမက သူ့ကို ရူးရူးမူးမူး လွမ်းဆွတ်နေသည်။
“ယောက်ျားဘယ်မှာလဲ” မူလန်က မေးမြန်းလိုက်၏။
ပင်းအာက ဆွံ့အသွားခဲ့၏။ ကျင်းမူကုန်းကလည်း ဆွံ့အလျက်ရှိသည်။
အချိန်ခဏကြာပြီးနောက် ပင်းအာက ပြောလိုက်၏။ “သခင်မလေး... သမက်တော် အခန်းထဲမှာ နားနေပါတယ်။ ဒီမှာ ခဏလောက် နေပါအုံး။ သွားပြီးတော့ သတင်းပို့လိုက်ပါအုံးမယ်”
မူလန်က ပြောလိုက်သည်။ “မဟုတ်ဘူး။ သူ့ကိုအံ့အားသင့်အောင် လုပ်မလို့။ သူ့ကို ဘာမှမပြောနဲ့။ ဘယ်အခန်းလဲ”
ပင်းအာက ကျောရိုးမကြီးတစ်ခုလုံး စိမ့်တက်သွားခဲ့၏။ သူမက နေရာတစ်ခုဆီသို့ လက်ညှိုးညွှန်လိုက်၏။ မူလန်က ခြေဖျားထောက်ပြီး ရှမ့်လန်၏အခန်းဆီသို့ သွား၏။ သူမ၏နှလုံးသားတွင်လည်း ချစ်ခြင်း မေတ္တာများနှင့် ပြည့်နှက်လျက်ရှိ၏။ သူမက ရှက်ရွံ့လျက်လည်း ရှိနေ၏။ သူမ၏ စိတ်ထဲတွင် တစ်ခုတည်းသော အကြောင်းအရာသာရှိ၏။ ထိုအရာက သူမ၏ယောက်ျားနှင့် ကလေးယူရန်ပင်။
ရှမ့်လန်၏ ခြံဝန်းဆီသို့ ရောက်ရှိသည့်အချိန်မှာတော့ မူလန်က အမျိုးသမီးတစ်ယောက်၏ အသံကို အပြင်မှ ကြားရ၏။ “ရှမ့်လန်.. ငါ နင့်အတွက် ကလေးတစ်ယောက် မွေးပေးချင်တယ်”
ရုတ်တရက် မူလန်၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားခဲ့၏။ သူမက မတ်မတ်ရပ်လျက် ရှိနေ၏။ သို့ပေမည့် မျက်ရည်များကတော့ ကျဆင်းနေသည်။
ပြီးနောက် ရှမ့်လန်၏အသံ ထွက်ပေါ်လာခဲ့၏။ “နင်ယန်.. ကျုပ်တို့နှစ်ယောက်က လှည့်ပတ် ဆော့ကစား နေတယ်ဆိုပေမဲ့ ကျုပ်အချစ်ဆုံးက ကျုပ်မိန်းမပဲလို့ ကျုပ် ပြောခဲ့ပြီးသားပဲ။ ကျုပ်ရဲ့ ခန္ဓာကိုယ်ကသာ လိမ်ညာရင် လိမ်ညာမှာ။ ကျုပ်ရဲ့နှလုံးသားက ဘယ်တော့မှ လိမ်ညာမှာ မဟုတ်ဘူး။ ကျုပ်ရဲ့ နှလုံးသားက သူ့အတွက်ပဲ”
မူလန်သည် အံကိုကြိတ်လိုက်မိ၏။ “အရူး... အရူး.. ရှင် တခြားမိန်းမတစ်ယောက်နှင့် အိပ်ရာတစ်ခုထဲမှာ အိပ်နေပြီး ကျွန်မကို ချစ်ကြောင်းပြောနေတယ်။ ဒါကိုဖောက်ပြန်တယ်လို့ မသတ်မှတ်လို့ ဘယ်ဟာကို သတ်မှတ်ရမှာလဲ။”
သူမက ချက်ချင်းပဲ အပြင်ဘက်သို့ ထွက်ခွာသွားခဲ့၏။ သူမက ရွှမ်ဝူမြို့ဆီသို့ ချက်ချင်းပဲ ပြန်သွားချင်၏။ သို့ပေမည့် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ရှမ့်လန်၏အသံက အတွင်းဘက်မှ ထွက်ပေါ်လာခဲ့၏။ “မိန်းမ.. မင်းလား”
မူလန်က ကြောင်အသွားခဲ့၏။ သူမ မည်သည့်အသံမှ မထွက်ချေ။
ရှမ့်လန်က ပြောလိုက်၏။ “မိန်းမ.. ငါ မင်းရဲ့ကိုယ်နံ့ကို မှတ်မိတယ်။ ငါ မင်းကိုလွမ်းနေတာ ရူးမတတ်ပဲ”