အခန်း (၅၂၁)
Vol. 35 Ch. 521
“အောင်မြင်သွားပြီ”
ရှမ့်လန်က ပြောလိုက်သည်။ “စီနီယာ ဓားဘုရင်... ခင်ဗျားရဲ့ မိန်းမ နောက်ထပ် လဝက်လောက်ဆို သတိပြန်ရလာလိမ့်မယ်”
ဓားဘုရင်က ကြမ်းပြင်ပေါ်သို့ အရုပ်ကျိုးပြတ် လဲကျသွားခဲ့၏။ ခန္ဓာကိုယ်တစ်ခုလုံးက အားအင်ဟူ၍ မရှိတော့ချေ။ သို့သော်ငြား သူ၏ မျက်ဝန်းတွင်းတွင် အတိုင်းထက်အလွန်သော ဝမ်းသာပီတိများနှင့် ပြည့်နှက်လျက် ရှိနေပြီး စိတ်လှုပ်ရှားမှုများကလည်း အဆုံးစွန်ထိ ထင်ပေါ်လျက် ရှိနေ၏။
သူ၏မိန်းမက အဆိပ်၏ နှိပ်စက်မှုကို ခံစားခဲ့ရသည်မှာ ဆယ်နှစ်ကျော် ကြာမြင့်ခဲ့ပြီ။ ယခု နောက်ဆုံး အချိန်မှာတော့ ထိုကပ်ဘေးကြီးမှ လွတ်မြောက်သွားခဲ့ပြီ ဖြစ်၏။ သူ့မိန်းမ၏ ရုပ်ရည်က တကယ့်ကို ရုပ်ဆိုးပြီး အကျည်းတန်နေဆဲ ဖြစ်သော်လည်း ဓားဘုရင်က သူမကို ပြိုင်ဘက်ကင်း အလှပဂေး တစ်ယောက်ကဲ့သို့ပင် စူးစိုက်ကာ ကြည့်ရှုနေသည်။
“သွားကြစို့”
ရှမ့်လန်က အရူးကြီးနှင့် ထန်ယင်တို့ကို ခေါ်သွား၏။ ဓားဘုရင်က ကျေးဇူးတင်စကားကို တစ်ခွန်းမှ မဆိုခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူက အလွန် ရိုးသားသော ယောက်ျားတစ်ယောက် ဖြစ်၏။ မည်သို့ပင် ဆိုစေကာမူ နှုတ်မှ ထုတ်ပြောလိမ့်မည် မဟုတ်ချေ။ လုပ်ရပ်များနှင့်သာ သက်သေပြပေမည်။
ရှမ့်လန် ထွက်ခွာသွားပြီးနောက် ဓားဘုရင်က ရေနွေးကို စတင် ကြိုချက်ပြီး ရေနွေးနွေးလေးဖြင့် သူ့မိန်းမ၏ ခန္ဓာကိုယ် တစ်နေရာချင်းစီကို လိုက်လံ ပွတ်တိုက်၍ သန့်ရှင်းပေး၏။ သူ၏ မိန်းမက မကြာခင် ဘဝသစ်တစ်ခုကို ရရှိတော့မည်ဟု သူက ခိုင်မာစွာ ယုံကြည်ထား၏။
.....................
ရှမ့်လန်ကတော့ ရေချိုးခန်းထဲတွင် ပျော့ခွေလျက် ရှိနေ၏။ မူလန်က သူ့ကို ရေချိုးပေးနေခြင်း ဖြစ်၏။ သို့ပေမည့် ရေချိုးပေးရင်း မူလန်က ရေချိုးကန်ထဲသို့ ဆွဲချခံလိုက်ရသည်။
“မလုပ်နဲ့”
ရှမ့်လန်က လှုပ်ရှားမှု တစ်ခုကို စတင် ပြုလုပ်ရန် ပြင်ဆင်လိုက်သည့် အချိန်မှာပင် မူလန်၏ တားမြစ်ခြင်းကို ခံရ၏။
“ဘာလို့လဲ”
ရှမ့်လန်က မေးမြန်းလိုက်သည်။ “မိန်းမ... ငါ ပင်ပန်းနေတယ် ဆိုပေမဲ့ ခန္ဓာကိုယ်ထဲမှာ အားအင်တော့ ကျန်ပါသေးတယ်။ ပြီးတော့ မင်းမှာလည်း အားတွေ အများကြီး ရှိတယ်လေ။”
“မနက်ဖြန်... မနက်ဖြန်ပေါ့” တကယ်တမ်းမှာတော့ မူလန်က ရှမ့်လန်ထက် ပို၍ ခံစားရခက်၏။ သူမ၏ ခင်ပွန်းသည်ကို တစ်ခါတည်း ဝါးစားပစ်ချင်စိတ်ပင် ပေါက်နေပြီ ဖြစ်၏။
“ဘာလို့ မနက်ဖြန်ထိ စောင့်မှာလဲ”
ရှမ့်လန် မနေ့ညကမှ နင်ယန်နဲ့ အတူ နေထိုင်ခဲ့သောကြောင့် အားအင် ပြည့်ဝသေးလိမ့်မည် မဟုတ်ဟု မူလန်က စိုးရိမ်နေသောကြောင့်ပင်။ အကယ်၍ နောက်ထပ် တစ်ရက်လောက် ထပ်နားလိုက်သည် ဆိုပါက မနက်ဖြန်ကျလျင် တစ်ချက်တည်းနှင့် ကျွင်းဝင်ပြီး ကိုယ်ဝန် ရသွားနိုင်သည်ဟု တွက်ဆထားသည်။
ပြီးနောက် မူလန်က စိတ်ကူးယဉ် ကမ္ဘာတစ်ခုကိုပင်လျှင် တည်ဆောက်လျက် ရှိ၏။ သူမက ဤမျှလောက် လှပ၏။ သူမ၏ ခင်ပွန်းကလည်း ချောမော၏။ သူတို့ မွေးဖွားလာမည့် ကလေးက မည်မျှ ချောမော လှပလိုက်မည်နည်း။ ယောက်ျားလေး မွေးရင် ကောင်းမလား၊ မိန်းကလေး မွေးရင် ကောင်းမလား။
သေသေချာချာ စဉ်းစားပြီးနောက် ယောက်ျားလေး မွေးခြင်းက ပိုမိုကောင်းလိမ့်မည်ဟု မူလန်က ခံစားမိ၏။ မိန်းမတစ်ယောက်၏ အလှအပက အကန့်အသတ် ရှိသော်လည်း ယောက်ျားတစ်ယောက်၏ ချောမောခန့်ညားမှုက အကန့်အသတ် မရှိချေ။ သူမက လောကတွင် အချောဆုံး ယောက်ျားလေး တစ်ယောက်ကိုသာ မွေးဖွားပေးလိုက်လျှင် မည်မျှ ဂုဏ်ယူဖို့ ကောင်းလိုက်မည်နည်း။ သို့ပေမည့် ထိုကလေး ကြီးလာသည့်အခါ သူ့အဖေလိုမျိုး လူယုတ်မာ ဖြစ်လျှင် မည်သို့ လုပ်မည်နည်း။
.....................
နောက်ဆက်တွဲ မိနစ်၊ စက္ကန့်တိုင်းမှာတော့ ရှမ့်လန်နှင့် မူလန်တို့က ကိုယ်ခန္ဓာချင်း အမွှာပူးကဲ့သို့ပင် ပူးကပ်လျက် ရှိနေ၏။ ဘာပဲလုပ်လုပ် သူတို့ နှစ်ယောက်က အတူတူပင်။ ရှမ့်လန်က အိမ်သာသွားလျှင်တောင် မူလန်ကို ဆွဲခေါ်သွားချင်၏။ မူလန်က မလိုက်ဘူး ငြင်းသည့်အချိန်တွင် ရှမ့်လန်က ချီပိုးသွားခဲ့၏။
နင်ယန်မှာတော့ အကြီးအကျယ် ဒေါသထွက်နေ၏။ “ရှင် အယုတ်တမာကောင်... ဒီလောက်ထိ လုပ်ပြဖို့ လိုလို့လား။ ငါ အခုမှ အိမ်ထောင်ကျခါစပဲ ရှိသေးတယ်။ ရှင်က နေ့တိုင်း ကျင်းမူလန်နဲ့ပဲ တွဲနေတယ်။ ငါ့ကိုကျတော့ တစ်မိနစ်လောက်တောင် အချိန်မပေးသေးဘူး”
.....................
ညဘက်မှာတော့ ရှမ့်လန်နှင့် မူလန်တို့က ခေါင်မိုးပေါ်သို့ တက်ပြီး လမင်းကြီးကို ကြည့်ရှုလျက် ရှိသည်။
“ချန်ဂီ၊ မုန်လာဥနီနဲ့ ဝူကန်း အကြောင်းတွေ လာမပြောနဲ့တော့နော်” မူလန်က ကြိုတင်ကာ ပိတ်ပင်ထား၏။
ရှမ့်လန်က မေးလိုက်သည်။ “ကောင်းပြီ။ ဒီကိစ္စတွေ မပြောတော့ဘူး။ မိန်းမ ‘ကောင်းကင်ခွေးကြီး လမျိုခြင်း’ ဆိုတဲ့ အကြောင်းကို မင်း သိလား”
သူက မူလန်၏ ပေါင်ပေါ်တွင် အိပ်လျက် ရှိနေပြီး သူမ၏ ကိုယ်သင်းနံ့ကို ရှူရှိုက်နေဆဲပင်။ လက်ချောင်းများက မူလန်၏ ခါးသိမ်သိမ်လေးကို အသာ ဖိညှစ်လျက် ရှိနေ၏။ တကယ့်ကို နူးညံ့လွန်းသည့် အထိအတွေ့ကို သူက ခံစားနေ၏။
မူလန်က ခေါင်းညိတ်လိုက်သည်။ “သိတာပေါ့”
ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် တစ်နှစ်မှာ ကောင်းကင်ခွေး လကို မျိုတာ ဘယ်နှစ်ကြိမ်လောက် ဖြစ်လေ့ရှိလဲ”
မူလန်က ပြောလိုက်သည်။ “မသိဘူး”
ရှမ့်လန်က ဆက်ပြော၏။ “ကောင်းကင်ခွေး လကို မျိုတယ် ဆိုတာက လကြတ်ခြင်းကို ပြောတာ။ တစ်နှစ်ကို နှစ်ကြိမ်လောက် ဖြစ်လေ့ရှိတယ်။ နေကြတ်တဲ့ ကိစ္စဆိုတာလည်း ရှိသေးတယ်။ အဲဒါကလည်း တစ်နှစ်မှာ နှစ်ကြိမ်လောက် ဖြစ်တတ်တယ်”
မူလန်က မေးလိုက်သည်။ “အင်း... ပြီးတော့ရော”
ရှမ့်လန်က ဖြေလိုက်၏။ “ကောင်းကင်ခွေး လကို မျိုတယ် ဆိုတာက မျိုချလိုက်၊ ပြန်ထုတ်လိုက် လုပ်တာပဲ။ အဲဒါက ညဘက်မှာ ဖြစ်တာ။ နေကြတ်တယ် ဆိုတာကတော့ နေ့ဘက်မှာ ဖြစ်တာ။ အဲဒါက ဘာကို ဆိုလိုတာလဲ ဆိုတော့ သူတို့က နေ့နေ့ညည စားနေကြတယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ”
မူလန်၏ ခန္ဓာကိုယ် တစ်ခုလုံးက ထူပူသွားခဲ့သည်။ “ရှင် တော်တော်ကို အမြင်ကပ်ဖို့ ကောင်းတာပဲ။
မူလန်က ခပ်နွဲ့နွဲ့ ဆက်ပြောလိုက်၏။ “ပြီးတော့ ရှင့်လက်တွေက ငြိမ်ငြိမ်နေအုံး”
ပြီးနောက် ရှမ့်လန်က မူလန်၏ နူးညံ့သည့် လက်ကလေးကို ယူပြီး ဆော့ကစားလျက် ရှိနေ၏။ သူက မူလန်၏ လက်ချောင်းများကို ပါးစပ်ထဲ ထိုးထည့်ကာ ခပ်ဖွဖွ ကိုက်ခဲလျက် ရှိနေ၏။ မူလန်က ပျော်စရာ ကောင်းသည်ဟု ခံစားရသောကြောင့် ရှမ့်လန်၏ လက်ကို ပါးစပ်ထဲ ထည့်ကာ ပြန်ကိုက်သည်။
“ယောက်ျား... ကျွန်မကို လောကမှာ နံပါတ်တစ် သိုင်းပညာရှင် တစ်ယောက် ဖြစ်လာမယ်လို့ ရှင် ပြောခဲ့တယ်နော်။ အဲဒါက ဖြစ်နိုင်အုံးမှာလား” မူလန်က မေးမြန်းလိုက်၏။
လောက၏ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်ချင်သော သူမ၏ ဆန္ဒက တကယ့်ကို စိတ်ပြင်းပြလွန်း၏။ သူမ၏ စိတ်ကူးထဲတွင် မနက်ဖြန်တွင် လောက၏ နံပါတ်တစ် ဖြစ်လာပြီး သဘက်ခါတွင် နင်ဟန်ကို သွားကာ ဖမ်းဆီးချင်၏။ ရှမ့်လန် ပြောသလိုမျိုး မိလ္လာကန်ထဲသို့ နှစ်ကာ သတ်ပစ်ချင်သည်။
လက်ရှိ ရှမ့်လန် လျှောက်လှမ်းနေသည့် လမ်းစဉ်က တကယ့်ကို တုန်လှုပ် အံ့အားသင့်စရာ ကောင်းသည့် လမ်းစဉ်တစ်ခု ဖြစ်နေ၏။ သွေးမျိုးဆက်ကို နိုးဆွခြင်းနှင့် သွေးမျိုးဆက်ု ပြောင်းလဲခြင်း။ ဤလမ်းစဉ်က လုံးဝ အောင်မြင်သွားခြင်း မရှိသေးချေ။
သူက ဘုရင်မင်းမြတ် ကျန်းလီ၏ လမ်းစဉ်ကို အတုယူကာ လုပ်ဆောင်နေခြင်းကဲ့သို့ပင်။ ပထမအဆင့် အထူးသွေးမျိုးဆက် ပိုင်ရှင်၏ စွမ်းအင်များကို နိုးဆွခြင်း။ ဒုတိယအဆင့် မည်သည့် သွေးမျိုးဆက်မှ မပါသည့် ဗလာနတ္ထိ သွေးမျိုးဆက်များ၏ ပါရမီကို ပြုပြင်ခြင်း။
မူလန်၏ သွေးမျိုးဆက် ပါရမီက နိမ့်ပါးခြင်း မရှိသော်လည်း အရူးကြီး သို့မဟုတ် နာကျည်းမှုတို့ကဲ့သို့ ပါရမီရှင်မျိုး ဖြစ်ရန်တော့ အလှမ်းဝေးကွာနေ၏။ သူမ၏ ခန္ဓာကိုယ်ထဲရှိ သွေးမျိုးဆက်ကို ပြုပြင်ဖို့ ဆိုသည်မှာ လောလောဆယ် မဖြစ်နိုင်သေးချေ။
ဘုရင်မင်းမြတ် ကျန်းလီ၏ အထူးသွေးမျိုးဆက် ပိုင်ရှင်နှင့် ဗလာသွေးမျိုးဆက် ပိုင်ရှင်တို့မှ လွဲ၍ ကျန်သည့် သွေးမျိုးဆက်ပိုင်ရှင်များသည် ကူပိုးကောင်များ ထိုးထည့်ခံလိုက်ရသည်နှင့် ခန္ဓာကိုယ် ပေါက်ကွဲကာ သေဆုံးသွားပေလိမ့်မည်။ ရှမ့်လန်က မူလန်ကို အန္တရာယ်ဟူ၍ အနည်းငယ်မျှပင် အဖြစ်မခံနိုင်ပေ။
“မိန်းမ... မင်းရဲ့ သွေးပုလင်း တစ်ခုလောက် ချန်ထားခဲ့ပေး။ ငါ လေ့လာကြည့်လိုက်အုံးမယ်။ ဘယ်သူမှ မလျှောက်သေးတဲ့ လမ်းကြောင်းတစ်ခု၊ မင်းရဲ့ သွေးမျိုးဆက် ပါရမီကို ပြောင်းလဲနိုင်မယ့် လမ်းကြောင်းတစ်ခုကို ငါ ရှာတွေ့ကောင်း ရှာတွေ့နိုင်မှာပါ”
ရှမ့်လန်က ပြောလိုက်၏။ “ပြီးရင် တို့တွေ ခရီးရှည် ထွက်ကြအုံးမှာ။ လောကရဲ့ နံပါတ်တစ် သိုင်းပညာရှင်ရဲ့ အစောင့်ရှောက် မပါရင် ငါ့ကို ပင်လယ်ဓားပြမတွေ ဖမ်းပြီး ကလေးမွေးခိုင်းဖို့ ခေါ်သွားရင် ဘယ်လိုလုပ်မလဲ။ ငါ့ရဲ့ ခန္ဓာကိုယ်က သံနဲ့ လုပ်ထားတယ် ဆိုရင်တောင်မှ ဒီကိစ္စက မဖြစ်နိုင်ဘူး”
မူလန်က ပြောလိုက်သည်။ “ဒါဆိုရင် လောကရဲ့ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်တဲ့ ကျွန်မက ရှင့်ကို အရင်ဆုံး ခြောက်ကပ်သွားအောင် ဆွဲလုပ်ရမယ်”
ပြီးနောက် သူတို့နှစ်ဦးက ခေါင်မိုးပေါ်တွင် လုံးထွေးလျက် ရှိနေပြီး အနမ်းမိုး ရွာကြ၏။
“မဖြစ်ဘူး၊ မဖြစ်ဘူး။ ယောက်ျား မနက်ဖြန်ထိစောင့်အုံး။ မနက်ဖြန်ထိစောင့်ပါအုံး” မူလန်က အောင်အီး သည်းခံလျက် ရှိနေ၏။ ကလေးမွေးဖို့ အရေးထက် တခြား မည်သည့်အရာကမှ အရေးမကြီးချေ။
.....................
နောက်တစ်ရက်မှာတော့ ရှမ့်လန်က မူလန်၏ ရင်ခွင်ထဲတွင် နှစ်ခြိုက်စွာ အိပ်ပျော်လျက် ရှိနေ၏။ ပြီးနောက် သူက ရုတ်တရက် နိုးထလာခဲ့၏။ ဘာဖြစ်သနည်း။ ပုံမှန်ဆိုလျှင် ရှမ့်လန်နှင့် မူလန်တို့ကို နှောင့်ယှက်ရန် မည်သူမှ လာရဲမည် မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် မူလန်က ရက်အနည်းငယ်အတွင်း ရွှမ်ဝူအိမ်တော်ကို ပြန်ရတော့မှာ ဖြစ်၏။ ထိုအရာကို လူတိုင်းက သိရှိထားခဲ့၏။ ယခုအချိန်တွင် နုရှောင့်မြို့နှင့် ရွှမ်ဝူမြို့တို့က အလုပ်များလျက် ရှိနေ၏။ မူလန်မှာမူ ကလေးရရှိရန်အတွက် နန်းမြို့တော်တွင် သုံးရက်သာလျှင် နေနိုင်ပေလိမ့်မည်။
“သခင်လေး... မိန်းမစိုးလီ ရောက်နေပါတယ်”
ရှမ့်လန်က ပြတင်းပေါက် အပြင်ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ မိုးပင် မလင်းသေးချေ။ ဘာဖြစ်လို့ မိန်းမစိုးလီက မိုးမလင်းခင်ကြီး သူ့ကို လာရှာရသနည်း။ ရှမ့်လန်က မြန်မြန်ဆန်ဆန် အိပ်ရာမှ မြန်မြန်ဆန်ဆန်ထတော့ မူလန်ကလည်း လိုက်ပါကာ ထ၏။ ရှမ့်လန်ကို မျက်နှာသစ် ကိုယ်လက်သန့်စင်ရန် ကူညီပြီး အဝတ်အစားလည်း လဲပေး၏။
မူလန်၏ ခန္ဓာကိုယ်က လှပလွန်းသည်။ နှင်းကဲ့သို့ ဖြူဖွေးပြီး ကောက်ကြောင်းများကလည်း လက်ရာမြောက် ပန်းချီကားတစ်ချပ်ကဲ့သို့ပင် ကြည့်ရှု၍ ကောင်းသည်။
ဝူလဲ့သည် သူမကို မကြည့်ရဲသလောက်ပင်။ မိန်းမချင်း ဖြစ်သော်လည်း သူမက တကယ်ပင် မနာလို ဖြစ်မိ၏။ သခင်လေးက သူ့မိန်းမကို ဤမျှလောက် ချစ်သည်ဆိုသည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် မူလန်က ရှမ့်လန်ကို တကယ်ပင် အလိုလိုက်လွန်းအားကြီး၏။ သူမက မျက်နှာသစ်ပေး၏၊ သွားတိုက်ပေး၏၊ ကျင်ငယ်ခွက်ကိုပင် သွန်ပေးသေး၏။
ဝူလဲ့က သည်းမခံနိုင်တော့ချေ။ နတ်သမီးကဲ့သို့ လှပသည့် မူလန်က အဘယ်ကြောင့် ဤကဲ့သို့သော ကိစ္စများကို လုပ်ပေးနေရသနည်း။ သို့ပေမည့် မကြာခင်မှာပင် သူမက သဘောပေါက်သွား၏။ ရှမ့်လန် ကလည်း မူလန်အတွက် ထိုနည်းတူ လုပ်ပေးနေသောကြောင့်ပင်။
ဤအရာက သူ့ကဲ့သို့သောလူမျိုးများ သည်းခံကြည့်ရှု၍ ရနိုင်သည့် မြင်ကွင်းမျိုး မဟုတ်တော့ပေ။ “ဟွန်း”
.....................
“မိန်းမစိုးလီ ဘာဖြစ်လို့လဲ” လီစွမ်း၏ အကြည့်များက ဂနာမငြိမ် ဖြစ်လို့နေပြီး မျက်နှာအမူအရာကလည်း စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေ၏။ မျက်လုံးများကလည်း သွေးရောင်လွှမ်းပြီး အသက်ရှူသံပင် မမှန်တော့ပေ။ ကောင်းကင်ကြီး ပြိုလဲလာသကဲ့သို့ပင် ခံစားနေ၏။
ရှမ့်လန်ကို မြင်သည့်အချိန်မှာတော့ ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ပင်။ “ရှမ့်လန်... ငါ့နောက်ကနေ နန်းတော်ထဲ အမြန်လိုက်ခဲ့တော့။ မြန်မြန် မြန်မြန်.... ဒါပေမဲ့ ဘယ်သူ့ကိုမှ အသိမပေးနဲ့”
ရှမ့်လန်က နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။ “နန်းတော်ထဲမှာ ဘယ်သူဒုက္ခရောက်လို့လဲ”
လီစွမ်းက ဖြေလိုက်၏။ “အရှင်မင်းကြီးပဲ။”
ရှမ့်လန်၏ ဦးရေပြားများက ချက်ချင်းပဲ ထုံကျင်သွားခဲ့၏။ ပေါက်ကွဲလုမတတ်ပင်။ သူနှင့် ဘုရင်မင်းမြတ်တို့၏ ဆက်ဆံရေးက တကယ့်ကို ရင်းနှီးသည့် အခြေအနေဆီသို့ ရောက်ရှိနေပြီ ဖြစ်၏။ အဓိကအချက်အားဖြင့် သူ၏လက်ရှိ အခြေအနေအားလုံးက ဘုရင်မင်းမြတ်၏ ပံ့ပိုးမှုကြောင့် ဖြစ်တည်နေခြင်းပင်။
အကယ်၍ ဘုရင်မင်းမြတ်သာ တစ်ခုခု ဖြစ်သွားပါက ရှမ့်လန်က နင်ကျန်း၊ နင်ယန်၊ နာကျည်းမှုနှင့် တခြားသောလူများကိုခေါ်ကာ ထွက်ပြေးခြင်းမှလွဲ၍ တခြားလုပ်စရာ မရှိတော့ချေ။ သူတို့ နုရှောင့်မြို့ဆီသို့ ထွက်ပြေးရမည်ဆိုပါက ယနေ့အထိ လုပ်ခဲ့သမျှ အရာအားလုံးသည် သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။
ရှမ့်လန်က ဦးခေါင်းတစ်ခုလုံးပင် မိုက်ကနဲ ဖြစ်သွား၏။ သူက ခေါင်းမူးသွားသကဲ့သို့ပင်။ ခေါင်းကိုခပ်ပြင်းပြင်း ခါပြီး နဖူးကို ပိတ်ရိုက်လိုက်၏။
ထိုမြင်ကွင်းကိုကြည့်ပြီး လီစွမ်း၏ နှလုံးသားတစ်ခုလုံးက နွေးထွေးလာခဲ့၏။ ရှမ့်လန်က အရှင်မင်းကြီးကို ဤမျှအထိ ဂရုစိုက်၏။ အရှင်မင်းကြီးက သူ့ကို ကာကွယ်ပေးသည်မှာ မှားယွင်းခဲ့ခြင်း မရှိချေ။
ရှမ့်လန်က မေးမြန်းလိုက်သည်။ “အရှင်မင်းကြီးရဲ့ အခြေအနေက စိုးရိမ်ရလား”
လီစွမ်းက ခေါင်းညိတ်လိုက်၏။ မျက်လုံးများက နီရဲလျက် ရှိနေပြီး တစ်ကိုယ်လုံး တုန်ယင်နေ၏။ အခြေအနေ ဆိုးရွားလွန်းသည်မှာ သိသာ၏။ “အိမ်ရှေ့စံမင်းသား ဒီကိစ္စကို မသိသေးဘူး။ တတိယမင်းသားလည်း မသိသေးဘူး။ လောလောဆယ် ဘယ်သူမှ မသိသေးဘူး”
လီစွမ်းက ပြောလိုက်သည်။ “မင်းတစ်ယောက်ပဲ သိသေးတာ။ ဘုရင်မင်းမြတ်ကို ကယ်ဖို့ ငါ့နောက်ကနေ လိုက်ခဲ့။ တကယ်လို့ မကယ်နိုင်ရင် မနက်ဖြန် တိုင်းပြည်ပျက်ပြီ။”
အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့က ဘုရင်မင်းမြတ် တည်ရှိနေသေးသည့်တိုင် တိုက်ခိုက်နေကြ၏။ အကယ်၍ ဘုရင်မင်းမြတ်သာ တစ်ခုခု ဖြစ်သွားပါက ဤအရာက ဂိုဏ်းဂဏ စစ်ပွဲတစ်ခု မဟုတ်တော့ဘဲ ပြည်တွင်းစစ်ကြီးပင် ဖြစ်သွားနိုင်၏။ သူတို့၏အင်အားက တော်တော်လေး သမမျှတ၏။ နင်ကျန်းက အားနည်းလွန်းနေသေး၏။ ဘုရင်မင်းမြတ် ဘာမှဖြစ်၍ မဖြစ်ချေ။
ထိုအချိန်မှာပဲ မူလန်က အဝတ်စားဝတ်ပြီး ပြေးထွက်လာခဲ့၏။ “ယောက်ျား ဘာဖြစ်လို့လဲ”
ရှမ့်လန်က ပြောလိုက်သည်။ “မိန်းမ... ငါ့ကို ဝတ်ရုံတစ်ထည်ပေး။ ပြီးတော့ ဆေးသေတ္တာပါ ယူခဲ့ပေး”
မူလန်က ခေါင်းညိတ်ကာဖြင့် အိမ်ထဲသို့ ပြန်လည်ကာ ပြေးဝင်သွား၏။ ရှမ့်လန်က ဝတ်ရုံကို ဝတ်ပြီး ဆေးသေတ္တာကို လွယ်၏။ ပြီးနောက် မြင်းရထားပေါ် အလျင်အမြန် တက်လိုက်၏။ “မိန်းမစိုးလီ.. အရှင်မင်းကြီးရဲ့ ရောဂါလက္ခဏာက ဘယ်လိုတွေလဲ”
လီစွမ်းက ပြောလိုက်၏။ “ငါလည်း မပြောတတ်ဘူး။ ငါ ပြောတာနဲ့ မင်း သိတာနဲ့ လမ်းလွဲသွားမှာ စိုးရတယ်။ မင်းကိုယ်တိုင် မြင်ရင် ပိုသိလိမ့်မယ်။ အရေးကြီးတယ်။ အရေးကြီးတာကတော့ သေချာတယ်”