← Chapters

ဝိဇ္ဇာဆေးပင်က အမျိုးသမီးနဲ့ တူတယ်

Vol. 26 Ch. 379

ဝိဇ္ဇာဆေးပင်က အမျိုးသမီးနဲ့ တူတယ်

Vol. 26 Ch. 379

အခန်း (၃၇၉)  :  ဝိဇ္ဇာဆေးပင်က အမျိုးသမီးနဲ့ တူတယ်

လူများစွာက ဆေးဥယျာဉ်ထဲ ပြေးလွှားနေကြသည်။

ချီရှောက်ရွမ်၊ ခွန်မင်၊ ခွန်ယုနှင့် ကျန်းယွင်ရှီးတို့က ဝိညာဉ်ဆေးပင်များ ခူးဆွတ်ရင်း အလုပ်များနေကြသည်။ ဝိဇ္ဇာဆေးပင်အများစုက အသက်ရှင်လိုသည့် စိတ်ဆန္ဒဖြင့် ထွက်ပြေးသွားကြလေသည်။

မည်သို့ပင်ဆိုစေကာမူ ဤဆေးဥယျာဉ်အတွင်း အခြားအထွတ်အထိပ်အဆင့် အဖိုးတန် ဆေးပင်များစွာ ရခဲ့ကြသည်။

ထိုဆေးပင်များက ကျင့်ကြံသူများကို ပျော်ရွှင်သွားစေဖို့ လုံလောက်ပေသည်။ ဆေးပင်တစ်ပင်ချင်းစီက အနည်းဆုံး နှစ်ထောင်ချီ သက်တမ်းရှိနေသောကြောင့် လောဘကြီးသည့် ကျင့်ကြံသူများကြား သွေးသံရဲရဲ တိုက်ပွဲပင် ဖြစ်သွားစေနိုင်သည်။

သို့သော်လည်း ဤနေရာတွင် ဆေးပင်များကို မဆိုထားနှင့်၊ ပေါင်းပင်များပင် ဝိညာဉ်ချီများ ကြွယ်ဝနေသည်။

တာအိုကိုယ်တော် ဖက်တီးက နယ်မြေအစီအရင်အလံ သုံးလာကာ မြေကြီးများပင် သိမ်းဆည်းနေလေ၏။ သူက သိုလှောင်လက်စွပ်များကို အပြည့်ဖြည့်ဖို့ ဆုံးဖြတ်ထားပုံရသည်။

ချီရှောက်ရွမ်က သီးသန့် ပညာရပ်တစ်ခုဖြင့် ဆေးပင်များကို စုဆောင်းနေသည်။ သူက ခရမ်းမြစ်တောင်တန်းကို ထုတ်သုံးကာ ပိုက်ကွန်သဖွယ် ပြောင်းလဲလိုက်ပြီး သူ့ပစ်မှတ်များ ထွက်မပြေးနိုင်အောင် တားဆီးထားသည်။ သူ့တွင် ခရမ်းစံအိမ်၏ ကောင်းကင်မျက်လုံး စွမ်းအားလည်း ပိုင်ဆိုင်ထားသေးသည်။ ထို့ကြောင့် အဖိုးတန်ဆေးပင်များ ဘယ်နားရှိကြောင်း ကောင်းကောင်း သိလေသည်။ သူ့နည်းလမ်းက တာအိုကိုယ်တော် ဖက်တီးနှင့် ယှဉ်လိုက်လျှင် ပိုသက်ရောက်မှုရှိသည်။

သူက အထွတ်အထိပ်အဆင့် ဆေးပင်များစွာ စုဆောင်းနိုင်ခဲ့သည်။

ဖန်ချန်း၊ ကျန်းယွင်ထင်နှင့် ဝမ်ရှန်းယုတို့အတွက်မူ သူတို့လည်း သူတို့နည်း သူတို့ဟန်ဖြင့် အကောင်းဆုံး ကြိုးစားနေကြသည်။

အချိန်ကျော်လွန်လာသည်နှင့် ဆေးဥယျာဉ်ထဲ ဆေးပင်မကျန်တော့ပေ။

ကျင့်ကြံသူများက ဆေးပင်များ ထပ်ပေါက်ရောက်စေနိုင်ရန်အတွက် အမြစ်များကို ချန်ထားပေးခဲ့ကြ၏။ အကယ်၍ အားလုံးက လောဘကြီးလွန်းနေလျှင် နောင်အနာဂတ် ကျင့်ကြံသူများအတွက် ဆေးပင်မရှိဘဲ ဖြစ်ပေမည်။

ဤသည်မှာ ကျင့်ကြံရေးလောက၏ တိုးပွားမှုအတွက် မကောင်းချေ။

......................

ဝုန်း …

မြေကြီးက ရုတ်ချည်း အက်ကွဲလာလေ၏။ ထို့နောက် အားလုံးရှေ့ ရွှေရောင်ပုံရိပ်တစ်ခု ပြန်လည် ထွက်ပေါ်လာသည်။

ထိုသူမှာ ရှန်ထျန်း ဖြစ်ပြီး နဂါးဖြူ ဝတ်ရုံကို ဝတ်ဆင်ထားကာ သူ့ခရမ်းစိမ်း ဓားနှစ်လက်ပေါ်တွင် မတ်တတ်ရပ်နေသည်။

“ မောင်လေးရှန် အဆင်ပြေရဲ့လား ”

ကျန်းယွင်ရှီးက အတော်လေး စိတ်ပူနေသည်။

မြေအောက် ထွက်ပြေးသွားသည့် ဆေးပင်အားလုံးက အတော်လေး အားကောင်းကြပြီး အများစုက ဝိညာဉ်အသွင်ပြောင်းအဆင့် ကျင့်ကြံသူစွမ်းအားကို ပိုင်ဆိုင်ထားကြလေသည်။

ဝိဇ္ဇာကျင့်ကြံသူပင် မြေအောက်၌ ထိုဆေးပင်များနှင့် ရင်ဆိုင်ရသည့်အခါ အရေးသာမည် မဟုတ်ပေ။

ကျန်းယွင်ရှီးက ရှန်ထျန်း တစ်ယောက်တည်း မြေအောက်လိုက်သွားသောကြောင့် စိုးရိမ်မိနေသည်။ ကံကောင်းစွာဖြင့် ရှန်ထျန်းက ဘေးကင်းကင်း ပြန်ရောက်လာခဲ့လေပြီ။

ရှန်ထျန်းက ပြုံးကာ ခေါင်းခါလိုက်ပြီး  “ ကျွန်တော် အဆင်ပြေပါတယ်။ အဲဒီဝိဇ္ဇာဆေးပင်တွေနဲ့ ကောင်းကောင်း ပြောခဲ့တယ်။ သူတို့က ကျွန်တော်နဲ့အတူတူ ဂူဗိမာန်ကနေ ထွက်ဖို့ သဘောတူကြတယ်လေ”

စကားပြောခဲ့တာတဲ့လား … အဲဒီဆေးပင်တွေနဲ့လေ

ကျင့်ကြံသူတို့က ကြောင်အမ်းသွားကြသည်။

ဘာတွေပြောနေတာလဲ … မင်းက အဲဒီဆေးပင်တွေနဲ့ စကားပြောနိုင်ခဲ့တာလား

ယွဲ့ယူသဲ့က ပို၍ပင် အံ့ဩနေသေး၏။ သူ့ခန္ဓာကိုယ်က နေမင်းမီးတောက်မြက်ကြောင့် နာကျင်နေဆဲ ဖြစ်သည်။

လာနောက်နေတာလား … မင်းက ရုပ်ချောရုံနဲ့ လိမ်လိုက်နိုင်တာလား

အားလုံးက ရှန်ထျန်း အပိုလျှောက်ပြောနေခြင်းဟု မထင်ကြပေ။ ထိုအရာက ယုံကြည်ဖို့ ခက်ခဲသော်လည်း သူတို့က စိတ်ငြိမ်သွားပြီးနောက် ရှန်ထျန်းအား ယုံကြည်ဖို့ ဆုံးဖြတ်လိုက်ကြသည်။

လူတိုင်းစီမှာ ကွဲပြားချက် ရှိသည် မဟုတ်ပါလော။ ဝိဇ္ဇာဆေးပင်က အတင်းခုခံနေခြင်းမှာ သူတို့က မထိုက်တန်၍လည်း ဖြစ်နေနိုင်သည်။

အမျိုးသမီးများလို ဖြစ်၏။ တခါတရံ၌ အမျိုးသားတစ်ယောက်က မည်မျှကြိုးစားစေကာမူ သူမက လုံးလုံး စိတ်မဝင်စားပေ။ သို့သော်လည်း တချို့အမျိုးသားများက ဆွဲဆောင်မှုရှိလွန်းသောကြောင့် သူမ၏ အရေးပေးမှုရဖို့ ဘာမှလုပ်စရာ မလိုလိုက်ပေ။

အနည်းဆုံးတော့ မင်းသမီးလင်းလုံက သူမသာ ဝိဇ္ဇာဆေးပင် ဖြစ်လျှင် ရှန်ထျန်း မည်မျှချောမောသည်ကို မြင်ပြီး သူ့နောက် ပျော်ပျော်ရွှင်ရွင် လိုက်သွားမိလိမ့်မည်ဟု ခံစားမိလိုက်သည်။

ရှန်ထျန်းက သူမကို စားပစ်လိုလျှင်ပင် သူမအနေနှင့် နောက်ထပ် တွေးနေမည် မဟုတ်ပေ။

…………...

ရှန်ထျန်းက သူတို့ရောင်ဝါများ ပိုတောက်ပလာသည်ကို သတိထားလိုက်မိသည်။ တကယ့်ကို ထိုက်တန်သော ခရီးတစ်ခု ဖြစ်ခဲ့၏။

သူ့အတွက်ကိုတော့ မြေအောက်ထဲ ကြေးမုံထုတ်ကာ စစ်ကြည့်ပြီးသွားလေပြီ။ သူ့ရွှေရောင် ရောင်ဝါစက်ဝန်းက မှိုင်းနေသောကြောင့် ရွှေအရင့်ရောင် ဖြစ်နေလေပြီ။

ရှန်ထျန်းက ဒီလိုသာဆက်ဖြစ်နေလျှင် ခရမ်းရောင် ရောင်ဝါစက်ဝန်းကို ပိုင်ဆိုင်ပြီး ကံကြမ္မာသားတော်အစစ် ဖြစ်လာနိုင်ပေတော့မည်။

ကံကောင်းရတာ ကောင်းလိုက်တာ …

ဆေးဥယျာဉ်ထဲရှိ လေဟာနယ်က ရုတ်ချည်းဆိုသလို မတည်မငြိမ် ဖြစ်လာပြီး ပေါက်ကွဲထွက်သွားကာ ကျင့်ကြံသူများကို တွန်းထုတ်လိုက်သည်။

ယွဲ့ယူသဲ့က ပေါက်ကွဲမှုကြောင့် မြေပေါ် လိမ့်သွားလေသည်။

ဝုန်း ….

ရှန်ထျန်းက သူ့ဆီ ဦးတည်၍ စွမ်းအားတစ်ခု ဝင်ရောက်လာကြောင်း ခံစားမိလိုက်သည်။

ဤသည်မှာ နတ်ဧကရာဇ်တစ်ယောက်၏ စွမ်းအား ဖြစ်သောကြောင့် ရှန်ထျန်းအနေနှင့် ပိတ်ဆို့တားဆီးဖို့ အခက်တွေ့ပေသည်။ ထို့အပြင် နတ်ဧကရာဇ် ဆေးဥယျာဉ်က ဗလာကျင်းနေပြီ ဖြစ်၍ ဆက်နေစရာ မလိုတော့ပေ။

ရှန်ထျန်းက ဆန်းကြယ်ပညာရပ် ထုတ်သုံးကာ ၉၀ ရာခိုင်နှုန်း စွမ်းအားကို တားဆီးလိုက်နိုင်သည်။

ထို့နောက် အားလုံး ဆေးဥယျာဉ်ထဲမှ အတူတူ ပျောက်ကွယ်သွားလေ၏။

ဝှီး

သူတို့က ဂူဗိမာန် လမ်းဆုံသို့ ပြန်ရောက်နေကြလေပြီ။ ဆေးဥယျာဉ် သွားသည့်လမ်းမှာ ပိတ်သွားပြီ ဖြစ်ရာ နောက်နှစ်အနည်းငယ်အထိ ပြန်ဖွင့်လာမည် မဟုတ်ပေ။

………….....

သူတို့အကျိုးမြတ်များကို ကြည့်ကာ ကျင့်ကြံသူများက မနေနိုင်ဘဲ ပြုံးလိုက်ကြသည်။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နောက်လိုက်တာ တကယ်ကို မှန်ကန်တာပဲ …

ဝမ်ရှန်းယုက အထွတ်အထိပ်ဆေးပင်ကို ဝါးစားနေရင်း  “ ညီအစ်ကိုရှန် ဒီတစ်ခါ ဘယ်သွားကြမလဲ ”

ရှန်ထျန်းက သူတို့ရောင်ဝါများကို တစ်ချက်ကြည့်လိုက်ပြီး  “ ဒီမှာပဲ စောင့်နေ”

ချီရှောက်ရွမ်က တွေဝေသွားကာ  “ စောင့်နေရမှာလား။ ဘာကို စောင့်နေတာလဲ ”

သူ့စကားအဆုံးတွင် လမ်းကြောင်းထဲ တံခါးတစ်ချပ် ပွင့်လာကာ အလင်းများ ဖြာထွက်လာလေ၏။

တံခါးပေါ်တွင် ဆန်းကြယ် အံ့ဖွယ်သင်္ကေတများ ရေးထွင်းထားပြီး သတ္တဝါဆယ်ကောင် ပျံသန်းနေကာ တစ်ကောင်ချင်းစီက နေမင်းကြီးသဖွယ် ဖြစ်နေသည်။ အကြီးဆုံးက အလယ်တွင် ရှိပြီး ကျန်အကောင်များက ဝန်းရံထားကြ၏။

တံခါးချပ်၌ လေဟာနယ်လမ်းကြောင်းတစ်ခု ပေါ်ထွက်လာကာ ဂူဗိမာန်၏ အတွင်းပိုင်းသို့ ဦးတည်နေသည်။

လမ်းကြောင်းပေါ်လာသည့်အခါ ဖိအားပြင်းပြင်းလည်း ရုတ်ချည်း ထွက်ပေါ်လာသည်။ ဤသည်မှာ နတ်ဧကရာဇ်တစ်ပါးဆီမှ ဖြစ်၏။

All Chapters